← Chapters

ဘယ်သူမှ မဟုတ်ဘူး

Vol. 23 Ch. 337

ဘယ်သူမှ မဟုတ်ဘူး

Vol. 23 Ch. 337

အနက်ရောင် တောင်ပံ နဲ့ သုံးမြှောင့်ဆူးချွန်ကို ထုတ်ယူပြီး..ဆန်နီဟာ လေသာဆောင်ရဲ့ အစွန်းကနေ ခုန်ချလိုက်တယ်။ခနအကြာမှာတော့..သူ့ရဲ့ သုံးမြောင့် ဆူးချွန်က အမှောင်ထဲကို ထိုးထွက်သွားပြီး ပိုမြင့်တဲ့ နေရာက သန္တာကျောက်ကို ထိမှန်သွားခဲ့ပါတယ်။ကြိုးက တင်းသွားတာနဲ့ ဆန်နီ ရဲ့နောက်မှာရှိနေတဲ့ ကြည်လင်တဲ့ ဝတ်ရုံ ဟာ ဝေဝါးသွားပြီး အပေါ်ကို ပျံတက်လာခဲ့တယ်။

သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့..နှစ်ပေါင်းထောင်ချီအောင် မပြောင်းလဲပဲ ရှိနေတဲ့ ကြက်သွေးရောင် ထိပ်ဖျားက..အခုဆိုရင် လှုပ်ယမ်းလျက် ရှိနေခဲ့တယ်။ရှေးဟောင်း တာဝါကြီးက ပြောင်းလဲနေတဲ့ကြယ်ပွင့်နဲ့ နေလုံး အတု ရဲ့ အသက်သွေးကြော တို့တိုက်ခိုက်မူရဲ့ နောက်ဆက်တွဲကို ခံစားနေရသလိုမျိုး တုန်လှုပ်နေခဲ့တာပါ။

ကြီးမားတဲ့ သန္တာကျောကိပင်စည်ကြီးတွေက အက်ကွဲ ကာ ပြုတ်ကျလာနေခဲ့ပြီး..မျှော်စင်အတွင်းက လေဟာနယ်ကို အသံတွေနဲ့ ဖုံးလွှမ်းနေစေခဲ့ပါတယ်။ကြီးမားတဲ့ သန္တာကျောက်တုံးကြီးတွေက အ

နိမ့်ပိုင်းမှာ ရှိတဲ့ အကိုင်းအဖျားတွေကို ထိမှန်သွားတဲ့ အချိန်မှာ..သေးငယ်တဲ့ အပိုင်းအစတွေ အဖြစ်ပြောင်းလဲသွားခဲ့ကြတယ်။

ဆန်နီကတော့ ဒီီလို အပျက်အစီးတွေ ကြားထဲမှာ ရွေ့လျားရင်း အသက်ရှင်အောင် နေထိုင်နေခဲ့ကြရပါတယ်။

သူ ချိန်ရွယ်ထားတဲ့ သန္တာကျောက် အမြစ်ကိုမရောက်မီ မှာပဲ..အပေါ်က ကျဆင်းလာတဲ့ အရာတွေကြောင့် ဖျက်ဆီးခံလိုက်ရပါတယ်။သန္တာကျောက်တွေ အများအပြားဟာ အပေါ်ကနေ ဆက်တိုက်ကျဆင်းလာပြီး သူတို့ရဲ့ အလေးချိန်နဲ့ ဆန်နီကို မြုပ်နှံဖို့အတွက် ခြိမ်းခြောက်နေခဲ့ကြတယ်။ချိန်သားကိုက် ဆိုသလိုပဲ..ဆန်နီဟာ ခန္တာကိုယ်ကို လှည့်လိုက်ပြီး သုံးမြောင့်ဆူးချွန်ကို ဘေးဘက် နံရံကို ပစ်လိုက်ကာ..အပျက်အဆီးတွေကြားထဲကနေ ပျံသန်းလာနိုင်ခဲ့ပါတယ်။ခနအကြာမှာတော့ ဆန်နီဟာ မပျက်စီးသေးတဲ့ သန္တာကျောက်အကိုင်းအခတ် တစ်ခုပေါ်ကို တွန်းအားယူက ..ဆက်ပြီး တက်နေခဲ့တယ်။

သူက ခန္တာကိုယ်ကို လှည့်ပြီး သုံးမြောင့်ဆူးချွန်ကို အသုံးပြုကာ..ကျဆင်းလာတဲ့ သန္တာကျောက်တွေကို တတ်နိုင်သလောက် ရှောင်တိမ်းနေခဲ့ပါတယ်။ပျံသန်းနေတဲ့ သန္တာကျောက်တွေရဲ့ ဖြတ်တောက်ခံရမယ့် အရေးကနေ ရှောင်တိမ်းရင် အပေါ်ကို ရောက်ရောက်လာနေခဲ့တယ်။

သူ ဒီလို လုပ်နေတုန်းမှာတော့ သူ့ရဲ့ အရိပ်က တစ်နေရာက နေ တစ်နေရာ ခုန်ရင်း ကတ်စတာကို ရှာဖွေနေခဲ့တာပါ။

ဆက်ဆံသူက ဆန်နီ ထက်မြန်ဆန်တယ် ဆိုပေမယ့်မြေပြင်နဲ့ ဆက်နွယ်နေရတာကြောင့်..အမှောင်ထဲမှာ မြင်နိုင်တဲ့ အားသာချက် သူ့မှာ မရှိပါဘူး။မကြာခင်မှာ ကတ်စတာကို သူ မှီသွားမယ်ဆိုတာကို ဆန်နီ သေချာ သိပါတယ်။

ပြီးတော့ ဆိုးဝါးလှတဲ့ မိနစ်အနည်းငယ် အပြီးမှာ သူ တကယ်ပဲ ရှာတွေ့ခဲ့တယ်။

သန္တာကျောက်မှုန်တွေ ထဲကနေ ထိုးထွက်လာပြီး

ဆန်နီ လေပေါ်ကို ခုန်လိုက်ကာ..ကျယ်ပြန့်တဲ့ သန္တာကျောက် ..ပင်စည် တစ်ခုပေါ်ကို ခြေချလိုက်ပါတယ်။ခနအကြာမှာတော့..သူက အမှောင်ထဲမှာ ရပ်နေရင်း..ကတ်စတာ ရောက်လာတော့မှာကို အမှောင်ထဲကနေ စောင့်နေခဲ့တယ်။

မျှော်စင်ရဲ့ ထိပ်ပိုင်း..ဒီနေရာတွေမှာတော့ အပျက်အဆီး တွေက သိပ်ပြီး မပြောပလောက်ပါဘူး။ကွဲအက် နေတဲ့ သန္တာကျောက်တွေက အစောကတည်းက ပြုတ်ကျသွားခဲ့ပြီဖြစ်ပြီး..ကျန်ရှိနေသေးတဲ့ အရာတွေကလည်း အတော်လေး ခိုင်မာပါတယ်။ဒီအရာက ဆက်ခံသူ ဘယ်လမ်း​ကြောင်းကနေ လာမှာလဲ ဆိုတာကို ဆန်နီ အတွက် တွက်ချက်ရတာ လွယ်ကူစေခဲ့တယ်။

အေးစက်ပြီး ပြောင်လက်တဲ့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ဝီဗာ ရဲ့ မျက်နှာဖုံးက..သူ့ မျက်နှာပေါ်မှာ သက်သောင့်သက်သာ ရှိနေပြီး..သူ့ရဲ့ သွင်ပြင်တွေကို ဖုန်းကွယ်ပေးထားပါတယ်။

ဟန်လီကလန်က ဘယ်လို အရင်းအမြစ်တွေ ၊ အဆက်အသွယ်တွေ ရှိနေလဲ ဆိုတာကို သူမသိ တာကြောင့် သေချာဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ကတ်စတာရဲ့ စေဆုံးမူကို..ဆန်းကျယ်တဲ့ ကဏ္ဍစွမ်းရည် သို့မဟုတ် .အင်အားကြီးတဲ့ မှတ်သားမူ တွေနဲ့ တစ်စုံတစ်ယောက်က ခြေရာခံနေနိုင်မှာကို သူ စိုးရိမ်နေခဲ့ပါတယ်။အပြင်ကမ္ဘာကို ပြန်ရောက်တဲ့အချိန်ကြရင် ဆက်ခံသူ မျိုးနွယ်စု ကလန်တွေက သူ မကိုင်တွယ်ချင်တဲ့ အရာတွေပါပဲ။

သို့ပေမယ့် အခုတော့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဒီကျိန်စာသင့်နယ်မြေမှာ သေရတော့မယ် ဆိုတာ သေချာနေပါပြီ။

ဒီ ရင်ဆိုင်မူက အစောကတည်းက ဖြစ်လာသင့်တဲ့ အရာပါ။

သူက ကတ်စတာကိုလည်း သတိထားမိပါတယ်။သူက အရာများစွာ ဖြစ်နိုင်ပေမယ့် အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။သူက ဆန်နီရဲ့ အားနည်းချက်ကို အစောကတည်းက ခန့်မှန်းမိပြီးလောက်ပါပြီ။

ဒီ မျက်နှာဖုံးကို အဲလိုအခြေအနေဖြစ်လာမှာကနေ ကာကွယ်ဖို့အတွက် အာမခံလုပ်ထားတာပါ။

'ငါတို့ထဲက ဘယ်သူက ပိုတော်လဲ...ကြည့်ရအောင်။ငါတို့ထဲက ဘယ်သူက ပိုပြီး ထိုက်တန်မူရှိလဲ ကြည့်ကြတာပေါ့..'

ဆန်နီ အတွက်တော့ ဒီတိုက်ပွဲက ကတ်စတာကို အနိုင်ယူဖို့တင် မကပဲ..နစ် ကို ကာကွယ်ဖို့ အတွက်လည်း ပါဝင်ပါတယ်။

အရင်တုန်းက ..ကတ်စတာ နဲ့သူ အကယ်ဒမီ မှာစတွေ့တဲ့ အချိန်မှာ သူတို့နှစ်ယောက်က လူ့အဖွဲ့အစည်းရဲ့ ဆန့်ကျင်ဖက် နှစ်ခုမှာ ရှိနေတဲ့ သူတွေပါ။

တစ်ယောက် ထိပ်ပိုင်းမှာ ရှိနေပြီး..တစ်ယောက်က အောက်ဆုံးမှာ ရှိနေတဲ့သူ။

တစ်ယောက်က သန်မာပြီး..လေးစားအားကျသူတွေ ဝန်းရံနေတဲ့ အချိန်မှာ ..တစ်ယောက်က အားနည်းပြီး တစ်ယောက်တည်း ရှိနေတယ်။တစ်ယောက်မှာက အကောင်းဆုံး ပညာရေး ၊ အကောင်းဆုံး ဆရာတွေ ၊ သန်မာတဲ့ မိသားစုရဲ့ ကြီးမားတဲ့ အရင်းအမြစ် ၊ မှတ်သားမူ အမွေအနှစ်တွေ နဲ့ အနာဂတ်အောင်မြင်ဖို့ အတွက် များပြားတဲ့ ဝိဥာဥ် အမြုတေ တွေ ရှိနေခဲ့ပါတယ်။

တစ်ခြားတစ်ယောက်မှာတော့ ဘာမှ မရှိပေ..။

ဆန်နီ မှာ အမြဲတမ်း ဘာမှ မရှိခဲ့ပါဘူး..။မိသားစု ၊အိမ် ၊ ကိုယ်ပိုင်လို့ ပြောရလောက်တဲ့ နေရာ ၊ သူ သေတာ ရှင်တာ ဂရုစိုက်ပေးမယ့်သူ ၊ အခွင့်အရေး ၊ အနာဂတ် ..ဘာတစ်ခုမှ မရှိခဲ့ပေ။

ကတ်စတာ နဲ့ အတူ တူညီတဲ့ ငရဲကို ရောက်လာတဲ့ အချိန်မှာတော့..သူ လက်ဗလာနဲ့ တိုက်ခိုက်ခဲ့ရတယ်။ခံစားရတယ် ၊ တောင့်ခံရတယ် ၊ ရှင်သန်ဖို့ကြိုးစားရပါတယ်။သူ့ရဲ့ စိတ်ဓာတ် ၊ ဥာဏ်ရည် နဲ့ မရေတွက်နိုင်တဲ့ သေခြင်းတရားတွေကို ကျော်ဖြတ်ပြီး ကိုယ့်ကိုကို ကောင်းမွန်အောင် တည်ဆောက်ခဲ့ရတာပါ။အခု တစ်နှစ်ကြာပြီးသွားတဲ့ အချိန်မှာတော့ သူက မှန်ကန်တဲ့နေရာကို ရယူဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

ကတ်စတာကို အနိုင်ယူလိုက်တာက သူက ဘယ်သူ့ထက်မှ မညံ့ခဲ့ကြောင်း သက်သေပြနိုင်ပါလိမ့်မယ်။ သူက စွန့်ပစ်ဖို့ ၊ မေ့ပစ်ဖို့ ၊ သမိုင်းစာမျက်နှာ ပေါ်ကနေ ပျောက်ကွယ်သွားဖို့ လွယ်ကူတဲ့ အရေးမပါတဲ့သူ တစ်ယောက် မဟုတ်​ဘူးဆိုတာကို ပြသနိုင်မှာပါ။သူက အဲဒီ စစ်မှန်တဲ့ လူသားတွေလိုပဲ အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ် ဆိုတာကိုရောပါပဲ။

သူက ချမ်းသာကြွယ်ဝမူ နဲ့ အရင်းအမြစ်ပေါများမူ တွေကြားထဲမှာ မွေးဖွားလာခဲ့တာ မဟုတ်ပေမယ့် အကောင်းဆုံးတွေက တစ်ယောက်ဖြစ်တယ် ဆိုတာ။

...ထပ်ပြီးတော့ အများကြီးပါပဲ။

ဆန်နီ အမှောင်ထဲမှာ စောင့်နေတုနိးမှာပဲ..မှတ်သားမူ မီးအိမ်လေးတစ်ခုက..အောက်ဘက်ကနေ နီးကပ်လာခဲ့ပါတယ်။

***

ကတ်စတာက သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး မျှော်စင်ရဲ့ထိပ်ပိုင်းကို အလျင်စလို သွားနေခဲ့ကာ..၊ တစ်ချိန်တည်းမှာပဲ ကျောက်တုန်းအပိုင်းအစ တွေကို ရှောင်တိမ်းနေခဲ့ပါတယ်။သူ ရောက်ဖို့ နီးကပ်လာတဲ့ အချိန်မှာပဲ သူ့ရဲ့ မီးအိမ်က ကျယ်ပြန့်တဲ့သန္တာကျောက်ပင်စည် ရဲ့ အလယ်ဗဟို မှာ ခံစားချက်မဲ့စွာ ရပ်နေတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်ကို ပြသလာခဲ့တယ်။

ပိုးချည်နဲ့လုပ်ထားတဲ့ အနက်ရောင်အကာအကွယ် နဲ့အတူ အနက်ရောင် လည်သာက အရေးပါတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ပေးထားတယ်။ရိုးရှင်းတဲ့ ဓားတစ်ချောင်းကို ပေါ့ပါးစွာ ဆူပ်ကိုင်ထားရင်း မြေပြင်ပေါ်ကို ချိန်ရွယ်ထားခဲ့တယိ။အကြောက်အလန့် ကင်းတဲ့ နတ်ဘီလူး ရဲ့ မျက်နှာနဲ့ ဆင်တူတဲ့ မျက်နှာဖုံးက သူ့အတွက် အသစ်ဖြစ်နေပေမယ့်သူ့ရှေ့က လူ ဘယ်သူလဲ ဆိုတာကို သိနိုင်ဖို့ သူ့အတွက် ပြသနာ မရှိခဲ့ပါဘူး။

ကတ်စတာ အရှိန်ကို လျော့လိုက်ပြီး ..မုန်းစရာ အိမ်ခြေမဲ့လေးနဲ့ မီတာ အနည်းငယ်မှာ ရပ်လိုက်ကာ ၊ အံကိုကြိတ်ပြီး ပြောလိုက်တယ်။

" မင်း ပဲ..."

မျက်နှာဖုံးရဲ့ နောက်မှာရှိနေတဲ့ ဆန်နီက ပြုံးလိုက်ပြီး..

"မဟုတ်ဘူး ..မဟုတ်ဘူး..မင်းမှားနေပြီ..။တကယ်တော့ ငါ မဟုတ်ဘူး.."

ယင်းနောက် သူ ဂုဏ်ယူရတဲ့ ဆက်ခံသူကို စိုက်ကြည့်ကာ အံ့ဩသင့်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

"အိုး..ဟေး..ကတ်စတာ ။ဒီလောက်နေရာတွေ အများကြီးမှာမှ မင်းနဲ့လာတွေ့တာ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..။တကယ်ကို မထင်မှတ်ထားဘူး..။အာ...ဒါက ကံတရားပဲဖြစ်ရမယ်..."

All Chapters