← Chapters

ကျန်တဲ့ ခွေးတွေ..

Vol. 23 Ch. 338

ကျန်တဲ့ ခွေးတွေ..

Vol. 23 Ch. 338

ကတ်စတာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ဒေါသတကြီး ထွက်ပေါ်နေတဲ့ ကြက်သွေးရောင် တယ်ရာ ရဲ့ အလင်းတန်းတွေကို တည်ငြိမ်စွာကြည့်လိုက်တယ်။နောက်ဆုံးတော့..သူ ခေါင်းကို ပြန်နိမ့်လိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်ပါတယ်။

" ငါ့ ရှေ့ကနေ ဖယ် ..ဆန်နီ.."

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးမှ..လှောင်ပြောင်မူ မရှိတဲ့ အသံနဲ့ ပြောလိုက်တယ်။

" မဖယ်ရင်ရော..."

ဆက်ခံသူဟာ မျက်နှာပျက်သွားခဲ့ပြီး..မကျေနပ်မူ အပြည့်နဲ့ နက်မှောင်စွာကြည့်လိုက်တယ်။

"မင်း နဲ့ မင်းရဲ့ ရိုင်းစိုင်းမူ တွေကို ငါတကယ် စိတ်ကုန်နေပြီ..။မင်းက ဘာလို့ အရာရာတိုင်းကို ဖျက်ဆီးနေရတာလဲ..။မင်းက ဘာလို့ ကိုယ့်နေရာကို မသိနိုင်ရတာလဲ..."

လှပတဲ့ ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ကတ်စတာ ခေါင်းခါယမ်းလိုက်တယ်။

"မင်းရဲ့အသက်ကို တန်ဖိုးထားရင် ဒီဟာနဲ့ အဝေးမှာ နေလိုက်..။ဒီဟာက ငါမင်းကို ပေးတဲ့ နောက်ဆုံးအခွင့်အရေးပဲ..."

ဆန်နီ မလှုပ်ရှားပဲ..လူငယ်လေးကိုသာ တိတ်တဆိတ်ကြည့်နေခဲ့တယ်။အနက်ရောင်မျက်နှာဖုံးရဲ့ မျက်လုံးတွေထဲမှာတော့ ဘာမှမရှိပဲ အမှောင်ထု တွေသာ ရှိနေခဲ့ပါတယ်။ခနအကြာမှာတော့ သူ့ရဲ့ အသံက မျက်နှာဖုံး နောက်ဘက်ကနေ အက်ကွဲစွာ ထွက်ပေါ်လာခဲ့တယ်။

"ငါ့နေရာကို သိရမှာလား..။မင်း မျက်လုံးတွေထဲမှာ ငါ့နေရာက ဘယ်မှာထင်လို့လဲ..။ဟင်..ကတ်စတာ.."

ဆက်ခံသူဟာ အနည်းငယ်ပြုံးလိုက်ပြီးမှ .အမှန်တရားကို ပြောနေသလို..ပုံမှန် အတိုင်းပဲ...

"မင်းထက်သာ တဲ့လူတွေရဲ့ အမြင်မှာတော့..၊ မင်းက တစ်ခြား ခွေးတွေနဲ့ အတူတူပဲပေါ့..။ဘာထပ်ရှိရဦးမှာလဲ..."

ဆန်နီ အနည်းငယ် လှုပ်သွားခဲ့တယ်။သူ့စကားပြောတဲ့ အချိန်မှာ သူ့ လေသံက မထင်မှတ်ထားလောက်အောင် လွတ်လပ်ပြီး ရင်းနှီးနေခဲ့ပါတယ်။

"အာ...ငါ မမျှော်လင့်ထားတဲ့ စကားတော့ မဟုတ်ပါဘူး..။ကောင်းပြီလေ..စိတ်မရှိပါနဲ့..။ငါ တို့ ဒါကို မလုပ်ခင်မှာ တစ်ခုလောက် မေးလို့ရမလား.."

ကတ်စတာ နှာခေါင်းရှုတ်လိုက်တယ်။

"သေချာတာပေါ့..."

ဒီအရာက ဆန်နီရဲ့ စိတ်ထဲမှာ အချိန်အတော်ကြာအောင် ဝင်ရောက်နေတဲ့ အရာတစ်ခုပါ။

"မင်းကဘာလို့ နစ်ဖီီကို သတ်ချင်နေရတာလဲ..။မင်းရဲ့ ဘဝ နဲ့ ရင်းရလောက်အောင် ဘာတွေက အရေးကြီး နေလို့လဲ.."

ဆက်ခံသူဟာ သူ့ကို သရော်မူ မရှိတဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်။ခနကြာပြီးကာမှ..ထူးဆန်းတဲ့လေသံနဲ့ သူ ပြန်ဖြေလိုက်ပါတယ်။

"ဒါက မင်းတို့လို လူလိမ် တွေ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူး..။မင်းတို့လို သတ္တဝါတွေက အသက်ရှင်ဖို့လောက်ပဲ ဂရုစိုက်ကြတာလေ..။တာဝန် ၊ သစ္စာတရား ၊ ဂုဏ်သိက္ခာ..။ဒါက မင်းတို့တွေ ဘာမှ မသိထားတဲ့ စကားလုံးတွေပဲ..။ဒီတော့ မင်းနားလည်ရလွယ်ကူသွားအောင်..ငါ ပြောပေးမယ်.."

သူက ဆန်နီကို စူးရှတဲ့ အကြည့်နေတွေနဲ့ကြည့်ပြီး တစ်လုံးချင်းစီ ပြောလာခဲ့ပါတယ်။

"အင်မော်တယ် မီးတောက် ကလန် က ကျိန်းသေ ဖျက်ဆီးခံရမှာပဲ..."

ယင်းနောက်..သူ့အသံက မလွဲမရှောင်နိုင်မူတွေ အပြည့်နဲ့ ကတ်စတာ ထပ်ပြောလိုက်တယ်။

"...ဒါက မြင့်မြတ်သူတွေရဲ့ အလိုတော် အရပဲ.."

ဆန်နီ သူ့ကို အနည်းငယ် စိုက်ကြည့်ပြီး ဒီကြေညာချက် ရဲ့ ခမ်းနားတဲ့ လေထုထဲမှာ နစ်မြုပ်နေခဲ့ပါတယ်။

စက္ကန့်အနည်းငယ် အကြာမှာတော့ ရိုးသားတဲ့ စိတ်ရှုပ်ထွေးမူနဲ့ အတူ သူ မေးလိုက်တယ်။

"အာ..ဘယ်သူ? "

ကတ်စတာရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။သူက ဆန်နီကို သံသယဖြစ်တဲ့ အမူအရာနဲ့ကြည့်ပြီး မယုံကြည်နိုင်စွာ ခေါင်းခါယမ်းလိုက်ပါတယ်။

"ခနလေး..မင်း...မင်း တကယ် မသိဘူးလား..။သူမက မင်းကို ဘာမှ မပြောဘူးလား.."

ဆန်နီ ခေါင်းကို ကုတ်လိုက်ပြီး..

"...ဒါပေါ့ သူမ ပြောတာပေါ့..။တကယ်တော့..မင်း ဘာပြောနေလဲ ဆိုတာကို ငါ နားမလည်တာ..။ငါ့ကို အကုန်ပြောပြထားတယ်..။တကယ်တော့ ဒီကိစ္စကို ငါ့ထက် နားလည်တဲ့သူ ဘယ်သူမှ မရှိဘူး.."

ဆက်ခံသူဟာ သူ့ကို အတော်ကြာအောင်ကြည့်နေပြှးကာမှ ..အသံထွက်ပြီး အားရပါးရ ရယ်မောပါတော့တယ်။

"သနားစရာ ခွေးလေးပဲ...မင်း ခစားနေတဲ့ သူက ဘယ်သူမှန်းတောင် သိပုံ မရဘုး..။မင်းနေတဲ့ ကမ္ဘာကြီးကို ဘယ်သူတွေက အုပ်ချုပ်နေလဲဆိုတာတောင် မင်းမသိဘူးပဲ..။ငါက မင်းလို ပိုးကောင် နဲ့ ဘာလို့ အချိန် ဖြုန်းနေမိတာလဲ..."

ဆန်နီ တွေဝေသွားပြီးကာမှ ပြစ်တင်တဲ့ လေသံတဲ့ ပြောလိုက်တယ်။

"အိုး..ဒါက နာကျင်ရတာပဲ.."

ကတ်စတာ နက်မှောင်စွာ ပြုံးလိုက်ပြီး ဓားကို မြှောက်လိုက်တယ်။

"တော်လောက်ပြီ..။ငါ မင်းကို အကြောင်းပြချက်တွေ ပေးပြီးပြီ အရူး..။မင်းကို အရိပ်တွေထဲမှာ ပုန်းခွင့်ပေးထားတာ..၊ မင်းရဲ့ အရူးဂိမ်းတွေကို ကစားခွင့်ပေးထားတာ အတော်ကြာနေပြီ..။ငါ မင်းကို အသက်ရှင်ခွင့်ပေးထားတယ် ဆိုတာက..မင်းကို သတ်ဖို့ ဘာအကြောင်းပြချက်မှ ရှိမနေလို့ပဲ..။မင်းကို မင်း ဘာထင်နေလို့ လဲ..။မင်း..မင်းက ငါ့ကို နိုင်မယ် ထင်နေတာလား..။မင်းရဲ့ သေးငယ်တဲ့ တွက်ချက်မူ တွေ ၊ လျိုဝှက်ချက်တွေက..စစ်မှန်တဲ့ ဆက်ခံသူရှေ့မှာ အသုံးဝင်မယ် ထင်နေတာလား..။စိတ်ပျက်စေမိလို့ စိတ် မကောင်းပါဘူး..ငါ အစောကတည်းက..သိထားပြီးပြီ..."

ဆန်နီ တိတ်ဆိတ်နေပြီးကာမှ ..ပုံမှန်လေသံနဲ့မေးလို၇်တယ်။

"အိုး..ဟုတ်လား..။ပြောစမ်းပါဦး..။ငါ့ရဲ့ လျိုဝှက်ချက် တွေက ဘာတွေလဲဆိုတာကို.."

ဆက်ခံသူဟာ မျက်နှာရှုံ့မဲ့သွားပြီး..

"မင်းက ခွန်အားကို ဖုံးကွယ်ထားပြီး..အားနည်းချင်ယောင် ဆောင်တယ်။မင်းက ပတ်ဝန်းကျင်မှာ ရယ်စရာ ပုံပြင်တွေပြောပြီး..လူတိုင်းက မင်းကို အရူးလို့ ထင်အောင် လုပ်နေတယ်..။အစကတော့ ငါလည်းမင်းကို စိတ်လွတ်နေတဲ့ သူ လို့ ထင်ထားခဲ့တာ..။ဒါပေမဲ့ ငါ အာရုံစိုက်လိုက်တဲ့ အချိန်မှာ ဒါက အရမ်းကို သိသာနေတယ်..။လမ်းကြောင်းလွှဲတဲ့ စကားတွေ ၊ တစ်ခြားလူတွေ မယုံကြည်နိုင်တဲ့ ကြွားဝါမူတွေ ၊ ရူးသွပ်တဲ့ အပြုအမူတွေ ..ဒါက မင်းရဲ့ အားနည်းချက်ပဲ..ဟုတ်တယ်မလား.."

ဆန်နီ ငြိမ်နေတာကြောင့် ကတ်စတာဟာ ပြုံးလိုက်ပြီး..

"...မင်းက မင်းရဲ့ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး လိမ်ညာနေရတယ်..။ဒီ ပုံစံကွက်ကို ဘယ်သူမှ မမြင်နိုင်ဘူးလို့ မင်းက ထင်နေတာလား..။မင်းက မင်းရဲ့ အိုင်ဒေါ သူငယ်ချင်းကို လာဘ်ထိုးပြီးတောင် လူတိုင်းကို လိမ်ညာဖို့ ကြိုးစားခဲ့သေးတယ်။သနားစရာ ကြိုးစားမူပဲ..။လူတိုင်းက ဒါကို ယုံကြည်မယ်လို့ မင်းက ထင်နေတာလား.."

ဆန်နီ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ..ရယ်မောလိုက်တယ်။

"အာ..ဂဏန်းကောငိ..။မင်း ငါ့ကို မိသွားပြီ..။မင်းပြောတာ မှန်တယ်..။ဒါက ငါ့ရဲ့ အားနည်းချက်ပဲ..။ဘယ်လို အရူးက..ဒီလို အရေးမပါတဲ့ အလိမ်အညာတွေကို လိုက်ပြီး ပြောနေမှာလဲ.."

ယင်းနောက် သူ ကတ်စတာကို သတ်ဖြတ်လိုတဲ့ အကြည့်တွေနဲ့ကြည့်လိုက်ပြီး..

"...ဝမ်းနည်းစရာက..ကြည့်ရတာက ငါက ဒီနေရာမှာ အားနည်းနေတယ် ထင်တယ်..။မင်းရဲ့ အားနည်းချက်က ဘာလဲဆိုတာ ကို မသိတာက ရှက်စရာပဲ..ဟင်..။ငါ အတော်ကြာအောင် မထုတ်ဖော်နိုင်ခဲ့တဲ့ အရာပဲပေါ့..."

ကတ်စတာက သူ့ကို ကြည့်နေရင်း နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့တယ်။မှတ်သားမူ မီးအိမ်ရဲ့ အလင်းရောင် ရောက်မှာ သူက ခန့်ညားပြီး ယုံကြည်မူ ရှိနေခဲ့ပါတယ်။

....ရင့်ကျတ်မူ ။

သူ့မျက်နှာပေါ်မှာ မုဆိတ်တွေ ရှိနေခဲ့ပြီး သူ့ရဲ့ ဆံပင်တွေထဲက အချို့က မီးခိုးရောင် သန်းနေခဲ့တယ်။

မျက်နှာဖုံးနောက်ကနေ ဆန်နီ ပြုံးလိုက်ပြီး..

"မင်းရဲ့ သန်မာပြီး မယုံနိုင်စရာကောင်းတဲ့ ကဏ္ဍစွမ်းရည်ကို သုံးရင် မင်းရဲ့ သက်တမ်းကို တိုတောငိး သွားစေတာကို ငါ မသိတာက ဝမ်းနည်းစရာပဲ..။ပြီးတော့ မင်းက ဒီရဲ့ သက်ရောက်မူကို ..သဲဖန်ပုလင်း ပုံစံ မှတ်သားမူ အဆောင်နဲ့ ထိန်းထားခဲ့တာပဲ..။အာ..ငါသာ သတိထားမိခဲ့ရင် ကောင်းမှာပဲ.."

ဆက်ခံသူဟာ နက်မှောင်တဲ့ အမူအရာနဲ့ကြည့်နေရင်း မျက်နှာ ဖြူဖျော့သွားခဲ့တယ်။အတော်ကြာပြီးကာမှ..

"ဒါက ကိစ္စမရှိဘူး..။ငါ့ရဲ့ တာဝန်တွေပြီးသွားလို့ အစစ်အမှန်ကမ္ဘာကို ပြန်တဲ့အချိန်ကြရင်..နိုးထခြင်းကနေ တဆင့် ..ငါ့ဆီက ခိုးယူသွားတဲ့ သက်တမ်းတွေကို ပြန်ပေးလိမ့်မယ်..။မင်းလို..ကြွက်လေးကတော့..ဒီ ကျိန်စာသင့် ကုန်းမြေ မှာ...."

သူစကားမဆုံးသေးခင်မှာပဲ လေးလံတဲ့ သုံးမြောင့်ဓားသွားဟာ..သူ့ မျက်နှာဆီကို ရုတ်တရက် ပျံသန်းလာခဲ့တယ်။ကတ်စတာရဲ့ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင် တစ်ချို့ ထွက်ပေါ်လာခဲ့ပြီး ကူနယ်ကို အလွယ်တကူ ရှောင်လိုက်ပါတယ်။ယင်းနောက် သူ့ရဲ့ ခန္တာကိုယ်က ဝေဝါးသွားခဲ့ပြီး ဆန်နီ ဆီကို မယုံနိုင်စရာ အမြန်နှုန်းနဲ့ တိုးဝင်လာခဲ့တယ်။

လူသားတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်ရတဲ့..သုံးမြောင့်ဆူးချွန်ရဲ့ ကြိုးက..သန္တာကျောက် နှစ်ခုကို ရစ်ပတ်ထားခဲ့တယ်။ပြီးတော့..ဂုဏ်ယူရတဲ့ ဆက်ခံသူက...

အစိမ်းရောင် အလင်းတန်းပေါ်ထွက်လာတဲ့ အချိန်မှာတော့ ဆန်နီဟာ သူ့ရဲ့ လက်ကောက်ဝတ်ကို နောက်ကို ပြန်ဆွဲလိုက်ရတာကြောင့် ကြိုးရဲ့ တင်းအားက ရုတ်တရက် ​ပျောက်ကွယ်သွားခဲ့တယ်။

' ခရက်..'

စက္ကန့်ဝက်လောက် အကြာမှာပဲ ကတ်စတာက သူ့အပေါ်မှာ ရောက်နေခဲ့ပါပြီ။

All Chapters