← Chapters

ပိုခက်ခဲ ၊ ပိုကောင်း ၊ ပိုမြန်၊ ပိုသန်မာ

Vol. 23 Ch. 339

ပိုခက်ခဲ ၊ ပိုကောင်း ၊ ပိုမြန်၊ ပိုသန်မာ

Vol. 23 Ch. 339

' မြန်တယ်..အရမ်းမြန်လွန်းတယ်...'

ကတ်စတာက အရမ်းကို လျင်မြန်တဲ့ အရှိန်နဲ့ ရွေ့လျားနေခဲ့တာကြောင့်..သူ့ရဲ့ ပုံရိပ်က ဝေဝါးသွားခဲ့တယ်..။သူ့ရဲ့ အားနည်းချက်က အရမ်းကို ရက်စက်လွန်းပေမယ့်..သူ ပိုင်ဆိုင်ထားတဲ့ ကဏ္ဍစွမ်းရည်ကလည်း မယုံနိုင်စရာ ကောင်းလွန်လှပါတယ်။

တကယ်တော့ ဆန်နီဟာ..သူ နဲ့ နစ်ဖီ ကလွဲလို့..ဒီလောက် သန်မာတဲ့ စွမ်းရည် ရရှိထားတဲ့ သူကို တစ်ခါမှ မတွေးဖူးခဲ့ပေ..။မေ့ပျောက်ကုန်းမြေပေါ်က အသန်မာ ဆုံး စစ်သည်တော်တွေတောင် သူ့ကို အနိုင်ယူနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး..။ဂျန်မာ ၊ အယ်ဖီ ၊ ဆိုင်ရှန် တို့အားလုံးက..အဆုံးသတ်အထိ တိုက်ခိုက်ကြမယ်ဆိုရင် ဟန်လီ ကလန်ရဲ့ ဆက်ခံသူ သတ်ဖြတ်တာကို ခံကြရမှာပါ။

ဖြစ်နိုင်တာက ဟာရု ပဲ သူနဲ့ သရေကျအောင် တိုက်နိုင်ပါလိမ့်မယ်။

သို့ပေမယ့် ဒီီလိုဆိုရင်တောင် ဆန်နီလည်း သေချာမပြောနိုင်ပါဘူး..။ကတ်စတာက ကြောက်မက်ဖွယ်ရာ စွမ်းရည်ကို ပိုင်ဆိုင်ထားယုံမကပဲ..သူ့ရဲ့ မျိုးဆက်အတွင်းမှာ အသန်မာဆုံး ဓားသမားလည်း ဖြစ်နေခဲ့ပြန်ပါတယ်။သူ့ရဲ့ ဝိဥာဥ် ပင်လယ်ထဲမှာလည်း မှတ်သားမူ တွေ အများကြီးရှိပါတယ်။သေချာတာကတော့..သူက..ဘာမှ မမြင်ရရင်တောင် တိုက်ခိုက်ဖို့ နည်းလမ်းရှိနေပါသေးတယ်။

.

.ဒါကြောင့် ဆန်နီဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ပြသပေးနေတဲ့ မှတ်သားမူ မီးအိမ်ကို ဖျက်ဆီးဖို့အတွက် အချိန်ဖြုန်မနေခဲ့ပေ..။အဲဒီအစား..သူက သူ့ရဲ့ဓားကို ယုံကြည်ထားပြီး ကတ်စတာ ရဲ့ တိုက်ခိုက်မူကို ရင်ဆိုင်လိုက်ပါတယ်။

ဓားနှစ်ချောင်းက လေထဲမှာ ထိတွေ့သွားခဲ့ပြီး...ခနအကြာမှာ ကတ်စတာက..ဆန်နီီကိုဖြတ်သန်းကာ ရပ်တန့်သွားခဲ့တယ်။သူ့ရဲ့ ဓားသွားပေါ်ကို သွေးစက် တစ်စက်က ကျဆင်းသွားခဲ့ပါတယ်။

ဆန်နီ တုန်လှုပ်သွားခဲ့တယ်။

' ချီးပဲ...မင်း..."

ရုပ်သေးဆရာရှုံ ဝတ်ရုံတော်က တွန့်ကြေသွားပြီး သူ့ရဲ့ပုခုံးမှာ ပြတ်ရှရာ တစ်ခုဖြစ်ပေါ်လာခဲ့တယ်။သူ့ရဲ့ နှလုံးတည့်တည့်ကို ဝင်ရောက်လာတဲ့ ဓားကို ဖယ်ရှားနိုင်ခဲ့ပေမယ့်..ဒဏ်ရာမရအောင် လှုပ်ရှားဖို့အထိတော့ မမြန်ဆန်ခဲ့ပါဘူး..။

ကတ်စတာ ရဲ့ မျက်နှာပေါ်မှာတော့ နက်မှောင်တဲ့ အမူအရာ ပေါ်လာခဲ့တယ်။အသက်ရှင်နေသေးတဲ့ ဆန်နီကို ကြည့်ရင်း..သူ မျက်နှာပျက်ကာ ပြောလိုက်တယ်။

"မဆိုးဘူး..။ဒါက အနည်းဆုံးတော့ ဖျော်ဖြေမူတစ်ခု ပေးနိုင်တော့မယ်..'

မျက်နှာဖုံးရဲ့ နောက်မှာ ပုန်းကွယ်နေရင်း ဆန်နီ ပြုံးလိုက်တယ်။

"အိုး..ဟုတ်သားပဲ..။ငါလည်း ပျော်စရာလေးတွေ ရသွားတာပေါ့..ကျေးဇူးပါ.."

ဒါပေါ့ ဒါက အလိမ်အညာတစ်ခုပါ။

အကယ်ဒမီမှာတုန်းက ကတ်စတာ ဟာ နစ်ဖီကို အနိုင်ယူနိုင်တဲ့ တစ်ယောက်တည်းသော သူပါပဲ..။သူတို့အားလုံးက အဲဒီတုန်းက အတော်လေးကို အားနည်းခဲ့ကြတာပါ။အဲတုန်းက နစ်ဖီက သူမရဲ့ ကဏ္ဍစွမ်းရည်ကို အသုံးမပြုခဲ့ပေမယ့်..ဆန်နီကတော့ သူ့ကိုယ်သူ အားဖြည့်ဖို့အတွက် အသုံးပြုနေရပါပြီ..။

ဒါအတွက်ကြောင့်ပဲ..သူတို့နှစ်ယောက်ကြားက အမြန်နှုန်းက လုံးဝကို ပြတ်ထွက်နေတာမျိုး မဟုတ်ပေ..။ဒါတောင်မှ သူက သိသိသာသာ နှေးကွေးနေပါသေးတယ်။စစ်မှန်တဲ့ ခန္တာကိုယ် စွမ်းဆောင်ရည်ချင်း နှိုင်းယှဥ်မယ် ဆိုရင် ဆန်နီအတွက် ဒီတိုက်ပွဲမှာ ရှင်သန်နိုင်ဖို့ အခွင့်အရေး မရှိပေ..။

...သို့ပေမယ့် ကတ်စတာကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတဲ့ လျိုဝှကိချကိကို သိထားပြီးသားပါ။အဲဒီ တိုတောင်းပြီး ..ကံကြမ္မာကို ပြောင်းလဲစေတဲ့ လေ့ရည်ချင်းယှဥ် ခဲ့တုန်းက သူက ပြောင်းလဲနေတဲ့ကြယ်ပွင့် ဆီကနေ သင်ယူခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက နစ်ဖီ လည်း တူညီတဲ့ အခြေအနေမှာ ကြုံတွေ့ခဲ့ရပြီး..ရန်သူကို အနိုင်ယူနိုင်လု နီးပါးဖြစ်ခဲ့ပါသေးတယ်။သူမက ကတ်စတာရဲ့ လှုပ်ရှားမူတွေကို တုန့်ပြန်မယ့်အစား ကြိုတင်ခန့်မှန်းထားခဲ့တယ်။ဒါကြောင့် ကတ်စတာရဲ့ အမြန်နှုန်း အားသာမူက..လျော့ကျသွားခဲ့ပါတယ်။ဒါက ဆန်နီ အခု လုပ်မယ့် အရာပါပဲ။

ဒါပေါ့..ဒီလိုလုပ်နိုင်ဖို့ဆိုရင် တစ်စုံတစ်ယောက်က တိုက်ပွဲရဲ့ အခြေခံ နိယာမတွေကို နားလည်ဖို့ လိုအပ်ပြီး..၊ ခန္တာကိုယ်နဲ့ စိတ်ကို သေချာ ထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်။

ကံကောင်းချင်တော့ ဆန်နီက ဒီလို လူတစ်ယောက်ပါ။သူက ရှင်းလင်းပြတ်သားမူ မျိုးကို အရင်ကတည်းက ရရှိခဲ့ပြီး..အချိန်ရတိုင်း သူ့ရဲ့ ကျွမ်းကျင်မူ ၊ အလိုလျောက် သိစိတ်ကို ထက်မြက်အောင် လေ့ကျင့်ခဲ့ပါတယ်။သူ့ရဲ့ စိတ်က စီးဆင်းတဲ့ အခြေအနေကို ရောက်ရှိသွားပြီး..သူ့ရဲ့ အမြင်အာရုံ နဲ့ အတွေးတွေပို ပိုမိုလျှင်မြန်လာစေခဲ့တယ်။သူ့ရဲ့ အလိုလို သိစိတ်က..တိုက်ပွဲ့ရဲ့ အနှစ်သာရကို သိရှိမူကြောင့် ပိုတိုးတက်လာခဲ့ပါတယ်။

...ဒါက သူ့ကို အနိုင်ယူနိုင်ဖို့ အခွင့်အရေး ပေးနေခဲ့တာပါ။

ခနအကြာမှာတော့ ကတ်စတာက နောက်တစ်ကြိမ် တိုကိခိုက်လာခဲ့ပြီး..ဆန်နီဟာ သန်းခေါင်းယံ အမြုတေကို ဘေးကို လွှဲကာ..အစိမ်းရောင် ဓားကို နောက်ဆုံးအချိန်ရောက်မှာ ကာကွယ်ထားနိုင်ခဲ့တယ်။

' ..အပေါ်ကို ..'

သူတို့ဓားချင်း မထိမှီကတည်းက သူက နောက်ထပ် တိုက်ခိုက်မူ အတွက် ပြင်ဆင်ထားပြီးခဲ့ပါပြီ..။စက္ကန့်ဝက်လောက် အကြာမှာပဲ ဆက်ခံသူက သူ့ရဲ့ ဓားကို အောက်ချပြီး.ဆန်နီရဲ့ ခေါင်းကို ချိန်ရွယ်လာခဲ့တယ်။သို့ပေမယ့် ဒါက တားဆီးခံလိုက်ရပါတယ်။

' လည်ပင်းကို ..'

နောက်တစ်ကြိမ်ဆိုသလိုပဲ ဓားဦးက ချော်ထွက်သွားခဲ့ပြီး..ဆန်နီ ရဲ့ ပုခုံးမှာ ဒဏ်ရာရသွားခဲ့ပြန်တယ်။ဒီတစ်ကြိမ်မှာတော့ လည်သာ အကာအကွယ်က တားဆီးနိုင်လိုက်ပေမယ့်..ဆိုယုံမျှလေးသာပါပဲ။

ချက်ချင်းဆိုသလိုပဲ ကတ်စတာက ဓားကို နောက်ပြန်ဆွဲလိုက်ပြီး ..ရန်သူရဲ့ လည်ပင်းကို ချိန်ရွယ်ကာ ချက်ချင်း ထပ်ထိုးလိုက်ပါတယ်။သန်းခေါင်းယံ အမြုတေက တောက်ပနေတဲ့ ဓားသွားကို တွန်းထုတ်လိုက်တယ်။သို့ပေမယ့် အရမ်းမမြန်ခဲ့တာကြောင့်..သူ့ ရဲ့ လည်ပင်းမှာ သွေးထွက်တဲ့ ပြတ်ရှရာ တစ်ခု ပေါ်လာခဲ့ပြန်တယ်။

' ချီးပဲ...'

ဆန်နီ ဒေါသထွက်သွားပြီး တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားလိုက်တယ်။သို့ပေမယ့် စက္ကန့်နဲ့ အမျှ ကျရောက်နေတဲ့ ဓားချက်တွေကို ခုခံရင်းနဲ့သာ အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ကြက်သွေးရောင် ထိပ်ဖျားပေါ်မှာတော့ သံမဏိချင်း ထိမှန်တဲ့ အသံတွေက ပဲ့တင်ထပ်နေခဲ့တယ်။သူ့ ခန္တာကိုယ်ပေါ်မှာ ပြတ်ရှ ရာတွေ ပိုပိုပြီး ပေါ်ထွက်လာခဲ့ပေမယ့် ဘယ်တစ်ခုကမှ နက်ရှိုင်းပြီး အန္တရာယ် မရှိခဲ့ပေ..။

ဘယ်လောက်ပဲ တွက်ချက်တတ်ပြီး..ဆန်နီ ရဲ့ လှုပ်ရှားမူ တွေက ဘယ်လောက် ပြီးပြည့်စုံနေပါစေ..အမြန်နှုန်း ကွာဟချက်ကို သူ မဖြည့်ဆည်းနိုင်ခဲ့ပေ..။လပေါင်များစွာ လေ့ကျင့်မူ ၊ ရာနဲ့ချီတဲ့ တိုက်ပွဲတွေ ..၊ ဓားရေးမှာ နာရီပေါင်းများ စွာ လေ့ကျင့်ပြီး အတွေးအမြင် အသစ် ရရှိတာတွေ....ကတ်စတာလည်း ဒီလိုအရာတွေ အားလုံးကို လုပ်ခဲ့ပါတယ်။ပြီးတော့ သူက ပိုပြီး မြန်ဆန်နေခဲ့တာပါ။

သို့ပေမယ့် တစ်နည်းအားဖြင့် ဆန်နီက အသက်ရှင်နေဆဲပါပဲ..။သူက အသက်ရှင်နေယုံတင်မကပဲ..ဒဏ်ရာလည်း တစ်ခုမှ မရခဲ့ပေ..။

တစ်နေရာအရောက်မှာတော့..သူက ကတ်စတာရဲ့ ဓားကို တားဆီးပြီး ရှောင်တိမ်းကာ..သူ့ရဲ့ ခေါင်းကို ရှေ့ဘက်ကို တိုးလိုက်ပါတယ်။ယင်းနောက် သူ့ရဲ့လက်သီးနဲ့ ဆက်ခံသူရဲ့ ဦးခေါင်းကို ထိုးဖို့ဟန် လုပ်လိုက်တယ်။

သို့ပေမယ့် နောကိဆုံးအခိုက်အတန့်လေးမှာပဲ တစ္ဆေဓားက သူ့ရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါတယ်။

...သို့ပေမယ့် အစိမ်းရောင် ဓားရဲ့ ဖယ်ထုတ်မူကို ခံလိုက်ရပါတယ်။ဆန်နီဟာ သူ့ရဲ့ လက်ကောက်ဝတ်အဖြတ်မခံရအောင် မနည်း ရှောင်တိမ်းလိုက်ရတယ်။

သူ့ကို အထင်သေးတဲ့ အကြည့်နဲ့ကြည့်ပြီး ကတ်စီ အော်ပြောလိုက်တယ်။

"အရူး..ပြောင်းလဲနေတဲ့ကြယ်ပွင့် မင်းကို ဒီ မှတ်သားမူ ပေးခဲ့တုန်းက ငါ ရှိနေခဲ့တယ် ဆိုတာကို မေ့နေတာလား..."

ဆန်နီဟာ အံကိုကြိတ်ပြီး..ဓားပြားနဲ့ ရိုက်ကာ..သူ့အတွက် တစ်ခနလောက် အချိန်ရအောင် လုပ်နိုင်ခဲ့ပါတယ်။

" ငါ ခန မေ့သွားတာ..."

ဒီလိုပြောပြီးတာနဲ့ ..သူက လအမြုတေကို ဆက်ခံသူ ဆီကို ပစ်ပေါက်လိုက်ပြီး ..သူ့ရဲ့ ဓားနဲ့ နောက်ကနေ လိုက်သွားခဲ့ပါတယ်။ကတ်စတာက ဓားမြောင်ကို အလွယ်တကူ ရှောင်တိမ်းပြီး..နောက်က ဝင်လာတဲ့ ဓားကို ကာကွယ်လိုက်ကာ..ဆန်နီ ဝမ်းဗိုက်ကို ကန်ပြီး အပြင်းအထန် နာကျင်သွားစေခဲ့တယ်။

တစ်စက္ကန့်လောက် ..သူက အကာအကွယ်မဲ့သွားခဲ့ပါတယ်။

သူ့ရန်သူက ဒီအခွင့်အရေးကို အလွှတ်မပေးခဲ့ပေ..။သူက ဝေဝါးသွားခဲ့ပြီး ရှေ့ကို တိုးဝင်လာခဲ့တယ်။တောက်ပတဲ့ ဓားက လေထဲမှာ အရောင်လက်သွားတာနဲ့ ဆန်နီ ရုတ်တရက် ခန္တာကိုယ်ကို လှည့်ကာ ရှောင်တိမ်းလိုက်တယ်။

ကတ်စတာ ဖြတ်သွားတဲ့ အချိန်မှာတော့ သူတို့က အရမ်းကို နီးကပ်သွားကြပြီး..ဝင်တိုက်လု နီးပါးပါပဲ။

ခနအကြာမှာတော့ ဆန်နီ တုန်လှုပ်သွားခဲ့ပြီး..ရှေ့ကို ညွှတ်ကာ..သူ့ရဲ့ ဘေးဘက်ဒဏ်ရာကနေ သွေးတွေ စီးကျလာခဲ့ပါပြီ။

ဆက်ခံသူဟာ ပြန်လှည့်လာခဲ့ပြီး ရက်စက်စွာ ပြုံးလိုက်တယ်။ကျေနပ်တဲ့ အရိပ်အယောင်တွေက သူ့ မျက်လုံးထဲမှာ ပေါ်လာခဲ့ပြီး..

"...အခုတော့ မပျော်နိုင်တော့ဘူးပေါ့..။ဟုတ်တယ်မလား..ပိုးကောင်လေး..'

ဆန်နီ ညဥ်းတွားလိုက်ပြီး ဖြည်းညှင်းစွာပဲ မတ်တတ်ရပ်လာခဲ့တယ်။သူ့ရဲ့လက်တစ်ဖက်က ဒဏ်ရာကို ဖိအားခဲ့ပြီး..သူ့အသံက အားစိုက်ပြောရပေမယ့် တည်ငြိမ်နေခဲ့ပါတယ်။

"အာ..အင်း..။ဒါ..ဒါက အစီအစဥ် အတိုင်း အတိအကျ မဖြစ်သွားခဲ့ဘူးလေ...."

ယင်းနောက် သူ ခေါင်းကို မော့ပြီး လက်ကို မြှောက်ကာ..သူ့ရဲ့လက်ထဲကနေ တွဲလောင်းကျဆင်းနေတဲ့ အရာဝတ္တုလေးကို ကြည့်နေခဲ့တယ်။

ရုတ်တရက် ကတ်စတာရဲ့ လက်က သူ့ လည်ပင်းဆီကို ရောက်သွားခဲ့ပါတယ်။

"မင်း..."

ဆန်နီ ပြုံးလိုက်ပြီး ..သဲနာရီ အဆောင်ကို လေထဲမှာ မြှောက်ပြလိုက်တယ်။

"ခနလေး..ဝိုး..။ဒီဟာက ငါ့ဆီကို ဘယ်လိုရောက်လာတာလဲ..."

ကတ်စတာ အံကို ကြိတ်ထားခဲ့ပြီး..ခိုးယူသွားတဲ့ မှတ်သားမူက အဖြူရောင် အလင်းတန်းလေးတွေ တောက်ပလာခဲ့ပါတယ်။သူက ဒီအဆောင်ကို သူ့ရဲ့ ဝိဥာဥ် ပင်လယ်ထဲကို ပြန်သိမ်းဖို့ ကြိုးစားနေခဲ့တာပါ။

...သို့ပေမယ့် ဒီီလိုမဖြစ်ခင်မှာပဲ..ဆန်နီဟာ ဒီဟာကို ဖမ်းပြီး..လက်နဲ့ ခြေမွပစ်လိုက်တယ်။ရက်စက်တဲ့ သက်ရောက်မူကြောင့် သလင်း​ကျောက် သဲနာရီ လေးက တစ်စစီ ကွဲကြေသွားခဲ့ပါတယ်။

ကတ်စတာ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

"ခွေးသား.."

သူ့ရဲ့ အသံက အမှောင်ထုထဲမှာ ပဲ့တင်ထပ်နေတုန်း..အဖိုးတန်တဲ့ မှတ်သားမူ အပိုင်းအစတွေက..အောက်ကိုကျဆင်းသွားပြီး..အလင်းစက်ကလေးတွေ အဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ပါတယ်။

All Chapters