← Chapters

ဂုဏ်သိက္ခာ

Vol. 23 Ch. 340

ဂုဏ်သိက္ခာ

Vol. 23 Ch. 340

#ဘာသာပြန် = စနိုးဝှိုက်

စက္ကန့် အနည်းငယ်ကြာအောင်..သူတို့နှစ်ယောက် ခံစားချက်မဲ့စွာ ကြည့်နေခဲ့တယ်။ကတ်စတာရဲ့ မျက်နှာပေါ်မှာတော့..အံ့ဩမူ ၊ မယုံကြည်နိုင်မူ တွေဟာ...ဒေါသတရား ၊ မကျေနပ်မူ ၊ ကြောက်ရွံ့မူတွေ နဲ့ ရောနှောနေခဲ့ပါတယ်။

သူက ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့ပြီး..ဆန်နီကို ထိုးဖောက်မတတ် အမုန်းတရားတွေနဲ့ စိုက်ကြည့်လာခဲ့တယ်။

"မင်း..အလကားကောင်..."

သူ့ အသံက တုန်ရီနေပြီး ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

'ကောင်းတယ်..ဒေါသ က ကောငိးတယ်..။သူ့ကို ထိန်းချုပ်မူ ကင်းမဲ့စေတဲ့ အရာတိုင်းက ကောင်း...."

ခနအကြာမှာတော့..ဆန်နီ ရဲ့ ရင်ဘတ်ကို ပြင်းထန်တဲ့ တိုက်ခိုက်မူတစ်ခု ထိမှန်သွားခဲ့ပြီး နောက်ကို အော်ဟစ်ကာ လွင့်စင်သွားခဲ့တယ်။သူက ဓားဦးကို တစ်နည်းအားဖြင့် ရှောင်တိမ်းနိုင်ခဲ့ပေမယ့်..

ဆက်ခံသူ က သူ့ကို ရထားတစ်စင်းလို အရှိန်နဲ့ ဝင်တိုက်နိုင်ခဲ့တာပါ..။သူ့ရဲ့ ဓားသွားက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို နောက်တစ်ကြိမ် ထပ်မံဖောက်ဝင်သွားခဲ့ပြီး..သူ့ရဲ့ လက်ဖောင်းကို ဖြတ်တောက်သွားခဲ့တယ်။

'' ချီးတဲ့မှပဲ...'

ဒါက မမျှတဘူး..။ဝတ်ရုံတော်က နိုးထမူအဆင့်..ငါးမှတ်သားမူ ပါ..။ဒီလို အကာအကွယ်ကို အလွယ်တကူ ဖြတ်တောက်နိုင်တဲ့အရာကို ဒီခွေးသားက ဘယ်ကနေ သွားရှာလာတာလဲ..။

ကောင်းပြီ..ဘယ်ကလဲဆိုတာကို ဆန်နီက အနည်းအကျင်း သိထားပြီးသားပါ..။အစိမ်းရောင် ဓားရှည်က ဘယ်အဆင့်မှာ ရှိတာလဲ ဆိုတာကို ဘယ်သူပြောနိုင်မှာလဲ..။ဆက်ခံသူ ကလန်တွေမှာ..အင်အားကောင်းတဲ့ မှတ်သားမူ တွေ အများကြီးရှိကြပါတယ်။

သူ နဲ့ မတူတဲ့ အချက်ပေါ့..။

မြေပေါ်ကို လှိမ့်သွားတဲ့ ဆန်နီဟာ ဘေးဘက်ကို ရွေ့လျားပြီး..သန်းခေါင်းယံ အမြုတေရဲ့ လက်ကိုင်နဲ့ ကတ်စတာ ရဲ့လက်ကို ဘေးကို တွန်းပို့လိုက်ပါတယ်။ဒီလို နဲ့ သူက ခေါင်းဖြတ်ခံရမယ့် အရေးကနေ လွတ်မြောက်သွားခဲ့တယ်။

တုန်လှုပ်စွာပဲ ဆန်နီဟာ လက်နဲ့ အပြည့် သန္တာကျောက်မှုန့်တွေကို လေထဲကို ပစ်ပြီး နောက်ကို ဆုတ်ပြေးသွားခဲ့တယ်။ခနအကြာမှာတော့ သူ့ရန်သူက ရက်စက်ကြမ်းကြုပ်တဲ့ နတ်ဆိုးတစ်ကောင်လို အမှုန့်တွေထဲကနေ ထွက်လာခဲ့ပါတယ်။ဓားဥိီးကတော့.သူ့ရဲ့ နှလုံးကို ဦးတည်လာခဲ့ပြန်ပါပြီ...။

ဒါပေမဲ့...

ကတ်စတာ ဟာ ကွဲပြားနေခဲ့တယ်။

ဂုဏ်ယူရတဲ့ ဆက်ခံသူရဲ့ အားနည်းချက် ၊ ဆန်းကျယ် တဲ့ အဆောင် နဲ့ ပတ်သက်ပြီး ဆန်နီ ခန့်မှန်းထားတဲ့ အရာတွေက မှန်ကန်နေတဲ့ ပုံပါပဲ။အရင်က ကတ်စတာ ရဲ့ အသွင်အပြင်က အဖွဲ့ထဲမှာ အသက်အကြီးဆုံး ပုံစံ ပေါက်နေလို့ ထူးဆန်းနေခဲ့တာပါ။အမှန်ဆို ကိုင် နဲ့ အယ်ဖီ တို့က အသက်အကြီးဆုံး ဖြစ်တာကြောင့်..သူ့ထက် ပိုကြီးတဲ့ပုံပေါက်နေသင့်ပါတယ် ။ဒီအခြေအနေက ဆန်နီကို ပထမဆုံးအာရုံစိုက်မိစေခဲ့တယ်..။အကယ်ဒမီမှာ ရှိနေတုန်းက သူတို့ကြားထဲမှာ ကွာဟမူ သိပ်မရှိကြပါဘူး..။

သို့ပေမယ့် အခု သဲနာရီ က မရှိတော့တာကြောင့်အချိန်က ဆက်ခံသူကို..အမိအရ လိုက်ဖမ်းနေတဲ့ ပုံပါပဲ..။တကယ်လို့ တစ်ယောက်ယောက်က အခုချိန်မှာ သူ့ကို မြင်မယ်ဆိုရင် ..အသက် ၂၀ နှောင်းပိုင်း ၊ ၃၀ ဝန်းကျင်လောက်လို့ ထင်ကြမှာပါ။

သူက လွန်ခဲ့တဲ့ တစ်နှစ်က ဆန်နီမြင်ခဲ့ရတဲ့ နုပျိုမူနဲ့ ဆင်တူနေတုန်းဆိုပေမယ့်..ဆိုယုံမျှပါပဲ။အဲဒီအစား

ခန့်ညား ၊ ရင့်ကျတ် ပြီး သန်မာတဲ့ လူတစ်ယောက်က သူ့ကို တိုက်ခိုက်နေခဲ့တယ်။သူရဲ့ အသားအရေက ချောမွေ့နေတုန်းဆိုပေမယ့်..သူ့ရဲ့ မျက်လုံးနဲ့ ပါးစပ်နားတွေမှာ အနာဂတ်အတွက် အရေးအကြောင်းတွေ ပေါ်လာနေပါပြီ..။သူ့ရဲ့ မုတ်ဆိတ်မှာလညိး ငွေရောင် အမွှေးအမျှင်တစ်ချို့ ရှိနေခဲ့သေးတယ်။

ခန္တာကိုယ်မှာရှိနေတဲ့ ကြွက်သားအားလုံးကို စုစည်းပြီး ဆန်နီ ထရပ်လိုက်ကာ..၊ သေစေနိုင်တဲ့ တိုက်ခိုက်မူကို တုန့်ပြန်ရင်း ဘေးဘက်ကို ရုန်းထွက်လိုက်ပါတယ်။

နောက်တစ်ကြိမ်ဆိုသလိုပဲ ..သူက စက္ကန့်ဝက် အပိုင်းအခြားလောက် နောက်ကျသွားကာ .သူ့ခန္တာကိုယ်ပေါ်မှာ ပြတ်ရှရာတစ်ခု ပေါ်လာခဲ့ပြန်တယ်။

' ချီးပဲ...'

နာကျင်မူတွေအပြည့်နဲဲ့ ဆန်နီဟာ ရှောင်တိမ်းမူ ၊ ဖယ်ရှားမူ ၊ တုန့်ပြန်မူ နဲ့ တားဆီးမူတွေကို ပြုလုပ်ကာနောက်ကို ဆက်တိုက်ဆုတ်ရင်း..သူ နဲ့ ကတ်စတာ ကြားထဲမှာ နေရာလွတ်တစ်ခုရအောင် ဖန်တီးနေခဲ့ပါတယ်။တစ်နေရာ အရောက်မှာတော့..နားကွဲမတတ် ဒေါသတကြီး အော်သံက ထွက်ပေါ်လာခဲ့တယိ။

"ဒီကို ပြန်လာခဲ့ ကြွက်လေး..။မင်းက ဘာလို့ သွေးကြောင်တဲ့ကောင်လို ပြေးနေရတာလဲ..."

မျက်နှာဖုံးရဲ့ နောက်မှာ ပုန်းကွယ်ရင်း အသက်ကို အမောတကော ရူနေရတဲ့ ဆန်နီဟာ အံကိုကြိတ်ထားပြီး ပြန်ပြောလိုက်တယ်။

"ဘာ...အကြောင်းပြချက် ...မှ မရှိဘူး.."

နောက်တစ်ကြိမ်ပဲ သူ နဲ့ ကတ်စတာ ထိတွေ့သွားခဲ့တယ်။ဆက်ခံသူက သူ့ရဲ့ အသက်သုံးဆယ် နှောင်းပိုင်းကို ရောက်နေခဲ့ပါပြီ။အခုဆိုရင် သူက..လူတစ်ယောက် သက်တမ်းရဲ့ အထွတ်အထိပ် အခြေအနေကို ရောက်နေခဲ့တာပါ။သူ့ရဲ့ ခန္တာကိုယ်က ပိုအားကောင်းလာခဲ့ပြီး..သူ့ရဲ့ ပုခုံးတွေကြောင့် အကာအကွယ်ကို ပိုတင်းကြပ်လာစေခဲ့ပါတယ်။သူ့ရဲ့ နားသယ် အမွှေးတွေက မီးခိုးရောင်ဖြစ်နေပြီး..မုတ်ဆိတ်တွေက အဖြူရောင် ပြောင်းလာခဲ့တယ်။သူက မိန်းမပျိုလေးတွေ သဘောကျကြတဲ့..အသက်ကြီးတဲ့ လူတစ်ယောက် နဲ့ တူနေခဲ့တာပါ။

ဆန်နီရဲ့ ကိုယ်ပေါ်မှာ နောက်ထပ်ဒဏ်ရာ တစ်ခုပေါ်လာတာကြောငိ့ ညဥ်းညးလိုက်ရပြီး..ကတ်စတာကို တွန်းကာ နောက်ကို ဆုတ်လိုက်ပါတယ်။သန်းခေါင်းယံ အမြုတေကတော့..တစ်ဖက်ကနေ တစ်ဖက်၊ အမြင့်ကနေ အနိမ့်.. ပျံသန်းနေခဲ့ပြီး..တစ်စက္ကန့်တောင် မရပ်နားခဲ့ပေ။

တစ်ခနတာ လှစ်ဟာမူက သူ့ရဲ့ အသက်ကို ပေးဆပ်လိုက်ရမှာပါ..။

' လုပ်စမ်းပါ...ဒါက...ဒါက သူတော်စင်ကို ရင်ဆိုင်ရတာလောက်တောင် မဆိုးဝါး သေးပါဘူး..'

သို့ပေမယ့် ဒါက ဆိုးဝါးပါတယ်။အများကြီး ပိုဆိုးဝါးတယ်။

အရိပ်ရဲ့ အားဖြည့်ပေးမူ ရှိနေတာတောင်မှပဲ ဆန်နီကကတ်စတာရဲ့ ဒေါသတကြီး တိုက်ခိုက်မူ တွေကို တောင့်မခံနိုင်ခဲ့ပေ..။သူက ပိုသန်မာပြီး ပိုခံနိုင်ရည် ရှိတယ် ဆိုပေမယ့်လည်း..ထက်ရှတဲ့ လက်နက်တွေဆိုတာက..ရန်သူကို အင်အားအများကြီး သုံးစရာ မလိုပဲ ထိတွေ့မူ တစ်ချက်တည်းနဲ့ သတ်နိုင်အောင် ဖန်တီးထားခဲ့တာပါ။

အမြန်နှုန်းကို မှီခိုနေတဲ့ ကျွမ်းကျင်တဲ့ ဓားသမား တစ်ယောက်က..ရန်သူကို တစ်ချက်တည်းနဲ့ ဇီဝိန်ခြွေပေးနိုင်ပါတယ်။

ဆန်နီလို လူမျိုးအတွက်တော့ ကတ်စတာက တကယ်ကို အိပ်မက်ဆိုးပါပဲ။ဝီဗာရဲ့သွေးကြောင့် သာ မဟုတ်ရင်..သူကအားနည်းပြီး..သွေးဆုံးရှုံးမူကြောင့် အစောကတည်းက နှေးကွေးနေလောက်ပါပြီ..။သူ့ ခန္တာကိုယ်ပေါ်မှာ ဒဏ်ရာတွေက အများကြီးပါ။

ဒါတောင်မှ သူက ခုခံရင်း နောက်ကို ဆက်တိုကိဆုတ်နေခဲ့ရတယ်။

..ခနအကြာမှာတော့ သူ ဂုဏ်ယူရတဲ့ ဆက်ခံသူကို အနီးကပ်ကြည့်မိလိုက်တဲ့ အချိန်မှာ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်း ထသွားခဲ့တယ်။

သူ့ကို တိုက်ခိုက်နေတာက အဖိုးကြီးတစ်ယောက်ပါ..။သူ့ရဲ့ မျက်နှာက..ပင့်ကူမျှင်လို ..အရည်ပြားတွေ တွန့်လာပြီး..သူ့ရဲ့ ဆံပင်နဲ့ မုတ်ဆိတ်မွှေးတွေက လုံးဝဖြူနေခဲ့တယ်။သူသိခဲ့တဲ့ ခန့်ညားပြီး ငယ်ရွယ်တဲ့ ဆက်ခံသူ နဲ့လုံးဝကို မတူတော့ပါဘူး..။

ကတ်စတာကတော့ ခွန်အားတွေ ကြမ်းတမ်းမူတွေ နဲ့ ပြည့်နှက်နေခဲ့တယ်။သူ့ရဲ့ ဒေါသက ပုံမှန်အတိုင်း သတ်ဖြတ်မူတွေနဲ့ ပြည့်နှက်နေတုန်းပါပဲ..။သို့ပေမယ့် သူ့ရဲ့ အမြန်နှုန်းကတော့ အနည်းငယ် ကျဆင်းသွားခဲ့ပါပြီ..။

"သေလိုက်တော့..မျိုးမစစ်.."

ဒေါသတကြီး အော်ဟစ်သံနဲ့အတူပဲ ကတ်စတာက အစောကတိုက်ခိုက်ခဲ့တဲ့ ကိုယ်နေဟန်အတိုင်းရှိနေသေးတဲ့ ဆန်နီကို ဓားနဲ့ ထိုးစိုက်လိုက်တယ်။မျှော်လင့်ချက် ကင်းမဲ့စွာပဲ..ဆန်နီဟာ ခုခံကာကွယ်ဖို့အတွက် သူ့ရဲ့ ဓားကို ရှက်ဖွယ်အမူအရာနဲ့ မြှောက်လိုက်ပါတယ်။သူတို့ရဲ့ ဓားချင်းထိသွားတဲ့ အချိန်မှာ သန်းခေါင်ယံ အမြုတေက အဝေးကို လွင့်စင်သွားခဲ့ပြီး သူ့ရဲ့ လက်က ပြတ်လုနီးပါးဖြစ်သွားခဲ့တယ်။

.ပိုပြီး ဆိုးဝါးတာက ဆန်နီ ဟန်ချက်ပျက်သွားပြီး မြေကြီးပေါ်ကို နောက်ပြန်လဲသွားခဲ့တာပါ။

လူအိုကြီးရဲ့ မျက်နှာပေါ်မှာ ရက်စက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။သူက ရှေ့ကို တိုးလာပြီး ရက်စက်တဲ့ အမူအရာ နဲ့ ရန်သူကို အဆုံးသတ်ဖို့ လုပ်လိုက်တယ်။

..သို့ပေမယ့် နောက်ဆုံးစက္ကန့်လေးမှာပဲ တည်ငြိမ်တဲ့ အသံတစ်ခုက သူ့ရဲ့ နောက်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။

သူ မုန်းတီးတဲ့ အသံတစ်ခု ၊ ဒါပေမဲ့ အရမ်းကို ရင်းနှီးတယ်..။

သူ့ရဲ့ အနောက်ဘက် တစ်နေရာမှာတော့..နစ်ဖီဟာ

မငြင်းဆန်နိုင်လောက်တဲ့..အသံနဲ့ အမိန့်ပေးလိုက်တယ်။

"အနောက်မှာ..."

ကတ်စတာရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။အလွန်အမင်း ကြောက်ရွံ့သွားတဲ့ အမူအရာနဲ့ ၊ သူ တစ်ဖက်ကိုလှည့်လိုက်ပြီး ဓားကို မြှောက်လိုက်တယ်။နောက်ဆုံးမှာတော့ သူ အချိန်အတော်ကြာအထိ သတ်ချင်နေခဲ့တဲ့ သူနဲ့ ရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

သို့ပေမယ့် သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ဘာကိုမှ မမြင်တွေ့ခဲ့ရပါဘူး။

သူ့နောက်မှာ ဘာတစ်ခုမှ ရှိမနေခဲ့ပေ..။မြေပြင်ပေါ်မှာရှိနေတဲ့ ရိုးရှင်းတဲ့ ကျောက်တုံးလေးတစ်ခုကိုသာ တွေ့ရပါတယ်။

ကတ်စတာ စိတ်ရှုပ်ထွေးစွာကြည့်နေစဥ်မှာ သူ့အတွေးတွေက..အသက်အရွယ်ကြောင့် နှောင့်နှေးနေခဲ့တယ်။ကျောက်တုံးက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အသံနဲ့ ထပ်မံပြောလာခဲ့ပြန်ပါတယ်။

" အရိပ်တွေထဲမှာ ပုန်းနေလိုက်..."

ချက်ချင်းဆိုသလိုပဲ ဂုဏ်ယူရတဲ့ ဆက်ခံသူဟာ မျက်လုံးကျဥ်းမြောင်းသွားခဲ့တယ်။ယင်းနောက် သူ မျက်နှာပျက်သွားကာ ချက်ချင်း နောက်ပြန်လှည့်ပြီး ခုခံဖို့ လုပ်လိုက်ပါတယ်။

..သို့ပေမယ့် သူက စက္ကန့်ဝက်လောက် နောက်ကျသွားခဲ့ပါပြီ..။

ဘာအသံတစ်ခုမှ မပေးပဲ..သန်းခေါင်းယံ အမြုတေရဲ့ ထိပ်ဖျားက..သူ့ရဲ့ အကာအကွယ်ကို ဖောက်ကာအသွေးအသားထဲကို တိုးဝင်သွားခဲ့တယ်။

ပြီးတော့ နှလုံးသား ထဲကိုပါ။

သူ့ရှေ့မှာရှိနေတဲ့ အိုမင်းရင့်ရော်ပြီး အံ့ဩသင့်နေတဲ့ မျက်နှာကိုကြည့်ရင်း ဆန်နီ သက်ပြင်းချလိုက်ပါတယ်။

ကတ်စတာဟာ သူ့ရဲ့ ရင်ဘတ်ထဲကို ဖောက်ဝင်ပြီး သွေးတွေ စီးကျနေတဲ့ ဒဏ်ရာကို ငုံ့ကြည့်ကာ ဓားကို ကိုင်ထားလိုက်တယ်။နာကျင်မူ နဲ့ မကျေနပ်မူတွေက သူ့ရဲ့အရေးအကြောင်းတွေနဲ့ ပြည့်နေတဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်။

သူ ခေါင်းကို မော့လိုက်ပြီး ဆန်နီရဲ့ မျက်လုံးထဲကို ကြည့်ကာ တီးတိုးပြောလာခဲ့တယ်။

"မင်း...မင်း မှာ..ဂုဏ်သိက္ခာ မရှိ ဘူး..."

ဆန်နီဟာ သေအံ့ဆဲဆဲဖြစ်နေတဲ့ လူအိုကြီးကို စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်ပြီး..

" ဂုဏ်သိက္ခာဆိုတာ တကယ် ရှိတယ်..။ဂုဏ်သိက္ခာ ဆိုတာက..မင်းတို့လို အရူးတွေကို သူတို့အတွက် အသေခံပေးဖို့ ဖန်တီးထားတဲ့ အကြီးမားဆုံး အလိမ်အညာကြီး တစ်ခုပဲ..။ပြီးတော့ သူတို့အတွက် သတ်ခိုင်းမယ်..။အဲတာက သူတို့ရဲ့ ကျွန် တစ်ယောက်ဖြစ်စေဖို့ မင်းတို့ရဲ့ လည်ပင်းမှာ ပတ်ပေးထားတဲ့ အရာတစ်ခု လို့ မထင်ဘူးလား..."

ကတ်စတာဟာ သူ့ကို ခနတာလောက် ကြည့်နေပြီး တစ်ခုခုပြောဖို့ ကြိုးစားပေမယ့် ဖြည်းညှင်းစွာ ဒူးထောက်လျက်သား ကျသွားခဲ့တယ်။

ရုတ်တရက် တိတ်ဆိတ်မူ အောက်မှာပဲ အခိုက်အတန့်ရဲ့ အသံက တီးတိုးထွက်ပေါ်လာခဲ့ပါတယ်။

[ သင်က အသွင်ပြောင်း လူသား , ဟန်လီ ကတ်စတာကို သတ်လိုက်ပါပြီ ]

[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]

All Chapters