တစ်ထောင်
Vol. 23 Ch. 341
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီဟာ ကတ်စတာ ရဲ့ အလောင်းပေါ်မှာရပ်နေရင်း..စိတ်ဝင်စားစွာ ကြည့်နေခဲ့တယိ။
သူမျှော်လင့်ထားခဲ့သလိုပဲ..သူ့ရဲ့ ရင်ထဲမှာ ပျော်ရွှင်မူတွေ အများကြီးရှိမနေခဲ့ပါဘူး..။အဲဒီအစား..စစ်မှန်တဲ့ ဆက်ခံသူ ကလန်ရဲ့ အင်အားကြီးတဲ့ မျိုးဆက်ကို အနိုင်ယူရတာက..သူကို အနည်းငယ် ဝမ်းနည်းပြီး ၊ ခါးသက်မူကို ဖြစ်စေပါတယ်။
သို့ပေမယ်..သူ့နှလုံးသားထဲမှာ..အကြောင်းကျိုးမဆီလျော်ရင်တောင်..အနည်းဆုံးတော့..တရားမျှတမူတစ်ခု ရရှိခဲ့သလို ခံစားနေခဲ့ရပါတယ်။ဒါက သူ့ရဲ့ ဝိဥာဥ် အတွင်းမှာရှိနေတဲ့ လိုအပ်ချက်အချို့က နောက်ဆုံးမှာ ပြည့်မြောက်သွားပြီး..ပိုမိုခိုင်မာလာခဲ့တဲ့ပုံပါပဲ။
တည်ငြိမ်မူ။
ဆန်နီ နာကျင်စွာ ညဥ်းညူရင်း နောက်ကို ခြေတစ်လှမ်း ဆုတ်ကာ..ဝီဗာရဲ့ မျက်နှာဖုံးကို ဖယ်ရှားလိုက်တယ်။
သူက ထင်ထားတာထက် ပိုပြီး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။သူ့ ခန္တာကိုယ်ပေါ်က မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေက နာကျင်တယ် ဆိုပေမယ့်..အန္တရာယ် မရှိပါဘူး..။ဝီဗာသွေးက..သူ့ရဲပ့ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နေပြီး ..သူ့ကို သွေးတွေ အများကြီး ဆုံးရှုံးရမယ့် အရေးကနေ ကာကွယ်ပေးထားပါတယ်။သူ့ရဲ့ ဒဏ်ရာတွေက အနာဖေး တက်ပြီး..ပြန်ပိတ်သွားနေခဲ့ပါပြီ..။
အပြင်းထန်ဆုံး ဒဏ်ရာက သူ့ရဲ့ ဘေးဘက်မှာ ရှိနေတဲ့ တစ်ခုဖြစ်ပြီး..ဒါကလည်း အခုဆိုရင် သွေးမထွက်တော့ပေ..။မကြာခင်မှာ ဒါကလည်း ပြန်လည် ကောင်းမွန်သွားတော့မှာပါ..။အခုချိန်အထိ သူ့ရဲ့ လှုပ်ရှားမူတွေကို အများကြီး နှေးကွေးအောင်လုပ်နိုငိတဲ့ အရာ မရှိခဲ့ပါဘူး..။ဆန်နီ အနေနဲ့ နာကျင်မူကို တောင့်ခံနိုငိဖို့ပဲ လိုအပ်တာပါ။
မေ့ပျောက်ကုန်းမြေပေါ်မှာ တစ်နှစ်ကြာအောက် နေပြီးတဲ့ နောက်မှာတော့..နာကျင်မူတွေနဲ့ ရင်ဆိုင်ရတာက သူ့ရဲ့ အကောင်းဆုံး လေးကျင့်နည်းတစ်မျိုးပါ။
'...ငါက ဆိုးဝါးတာတွေတောင် ဖြတ်ကျော်ခဲ့တာပဲ..။ပ်ိုပြီး ဆိုးဝါးတာတွေ..။ဒါက ဘာမှမဟုတ်ဘူး..'
ယင်းနောက် နောက်ထပ်အတွေးတစ်ခုက သူ့စိတ်ထဲကို ဝင်လာခဲ့တယ်။
'အရိပ် အပိုင်းအစ...ဒါက ငါ့ဆီမှာ တစ်ထောင်ပြည့်သွားပြီ မလား...'
ခနအကြာမှာတော့..သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက တစ်နည်းအားဖြင့် ထူးဆန်းလာတာကို ခံစားလိုက်ရတယ်။ဒါက သူ့ရဲ့ ရင်ထဲမှာ ပူလောင်လာခဲ့ပြီး..ဖြည်းဖြည်းချင်း ပိုပို တိုးလာသလို ခံစားနေခဲ့ရပါတယ်။ဒီခံစားမူက ရုပ်ပိုင်းဆိုင်ရာ သဘောမျိုးမဟုတ်ပဲ..စိတ်ပိုင်းဆိုင်ရာနဲ့ ပိုပြီး သက်ဆိုင်နေသလိုပါပဲ..။ဒါက သူ့ရဲ့ ဝိဥာဥ် အမြုတေက ပြင်းထန်တဲ့ ပြောင်းလဲမူတွေကို လုပ်ဆောင်နေသလိုမျိုးပါ..။
ဆန်နီဟာ မျှော်လင့်ချက်နဲ့ကြောက်ရွံ့မူတွေ ရောထွေးနေတဲ့ စိတ်နဲ့ ဒီခံစားချက်ကို အာရုံစိုက်ထားခဲ့တယ်။
' စလာပြီ...'
သူက ဘာတွေ ဖြစ်လာမှာလဲ...။
ရုတ်တရက် သူ အခိုက်အတန့်ရဲ့ အသံကို ပြန်ပြီး ကြားလိုက်ရတယ်။ကြက်သီးထစရာ ကြက်သွေးရောင် မျှော်စင် ထဲမှာတော့..သူ့ရဲ့ အသံက တည်ကြည်ပြီး ..အောင်နိုင်သူ တစ်ယောက်လို ဖြစ်နေခဲ့ပါတယ်။
[ သင့်ရဲ့ အရိပ်တွင် စွမ်းအားများဖြင့် ပြည့်နှက်နေပါသည်...]
ဆန်နီ ဂရုစိုက်စွာ နားထောင်နေခဲ့ပြီး..နောက်ထပ်ဘာဆက်ပြောမလဲဆိုတာကို ခန့်မှန်းဖို့ကြိုးစားနေခဲ့တယ်။
[ သင့်ရဲ့ အရိပ်က ပုံဖော်နေပါပြီ ]
ခနအကြာမှာတော့ သူ ယိမ်းယိုင်ကာ ဒူးထောက်လျက်သား ကျသွားခဲ့တယ်။သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး အာရုံစိုက်မူ လျော့ကျသွားခဲ့ပါတယ်။
ဆန်နီ ရဲ့ ဝိဥာဥ် ထဲမှာ တည်ဆောနေတဲ့ အပူချိန်က အမြင့်တစ်ခု အထိရောက်လာခဲ့ပြီး..သူ့ရဲ့ အမြုတေကို တစ်စစီ ဖြစ်သွားစေသလို ပေါက်ကွဲထွက်သွားပြီး မဖော်ပြနိုင်လောက်တဲ့ နာကျင်မူကို ဖြစ်ပေါ်စေပါတယ်။မထိန်းချုပ်နိုင်မူ ၊ ကြောက်ရွံ့မူတွေနဲ့ သူ အော်ဟစ်ဖို့ ကြိုးစားလိုက်ပေမယ့်..သူ့ ပါးစပ်ကနေ စကားလုံးတွေ ထွက်မလာခဲ့ပေ။
တစ်စုံတစ်ခုက..သူ့ရဲ့ ဝိဥာဥ် ထဲကနေ ထွက်ပေါ်လာခဲ့ပြီး..တစ်စစီ ဆုပ်ဖြဲ နေသလိုမျိုးပါပဲ။ဆန်နီ ဟာ ဒီဖြစ်စဥ် ကြီးကို သူရပ်တန့်လို့ မရဘူးဆိုတာကို သိနေတာကြောင့်..သည်းခံနေဖို့သာ တတ်နိုင်ပါတယ်။
ဆန်န်ီ မြေပြင်ပေါ်မှာ တုန်လှုပ်နေတုန်းမှာပဲ..အခိုက်အတန့်ရဲ့ အသံကို တီးတိုးကြားလိုက်ရတယ်။
[ သင့်ရဲ့ အရိပ်က ပြီးပြည့်စုံသွား ပါပြီ..]
ယင်းနောက် တစ်ခုခု ထူးဆန်းတာ ဖြစ်သွားခဲ့တယ်။
အခိုက်အတန့်က တစ်ခုခု ထပ်ပြောဖို လုပ်နေခဲ့ပေမယ့်..ကြက်သွေးရောင် ရဲတိုက်ကြီးတစ်ခုလုံး ရုတ်တရက် လှုပ်ခါသွားခဲ့ပါတယ်။တုန်လှုပ်မူက အရင်ကထက်တောကိ ပိုပြီး ကြမ်းတမ်းတာကြောင့်..ကြီးမားတဲ့ အဆောက်အဦးကြီးက ပြိုလဲကျတော့မယ်လို့ တောင်ခံစားနေခဲ့ရတယ်။ဆန်နီဟူ ကျောက်တုံးတွေရဲ့ ခုခံထားရတဲ့ အသံတွေကိုတောင်ကြားနေခဲ့ရပါတယ်။
အဲ့အချနိန်မှာပဲ..သူ့ကို ရုတ်တရက် အမှောင်ထုက ဖုံးလွှမ်းသွားခဲ့ပြီး...ရှေးဟောင်း တာဝါကြီးရဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အလင်းတွေအားလုံးပျောက်ကွယ်သွားခဲ့ပါတယ်။
....ပြီးတော့ အခိုက်အတန့်က ..တိတ်ဆိတ်သွားခဲ့ပြီး သူ့ရဲ့ ကျန်ရှိနေသေးတဲ့ စကားလုံးတွေကို မပြောပဲ ထားခဲ့တယ်။
သူ့ရဲ့ ဝိဥာဥ် မှာဖြစ်ပေါ်နေတဲ့ နာကျင်မူတွေက မရှိတော့ပါဘူး..။ဒီဖြစ်စဥ်က မပြီးမြောက်ပဲ ရှိနေသေးတယ်လို့တောက် မခံစားခဲ့ပေ..။ဒီဖြစ်စဥ်က ကြားဖြတ်ခြင်းကို ခံစားလိုက်ရတာပါ..။
'ဘာ..ဘာတွေဖြစ်နေတာလဲ '
ရှုပ်ထွေးပြီး နားမလည်နိုင်စွာပဲ ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
ဘာလို့ အရမ်း မှောင်နေတာလဲ..။
စိတ်လေးလံမူနဲ့အတူ ပဲ သူ ခေါင်းကိုမော့ကာ အပေါ်ကို ကြည့်လိုက်တယ်။
"...ဘာလဲ..."
ကြက်သွေးရောင် တယ်ရာ ရဲ့ ဒေါသတကြီး အလင်းရောင်တွေက ပျောက်ကွယ်သွားခဲ့ပါပြီ။
ဆန်နီ ဒီဖြစ်စဥ်ကို နားလည်ဖို့ ကြိုးစားနေတုန်းမှာပဲ..အရာနှစ်ခုက သူ့ခေါင်းထဲကို ဝင်လာခဲ့တယ်။
ပထမတစ်ခုကတော့ အရမ်းကို ထူးဆန်းပါတယ်။သူ့ရဲ့ ရင်ဘတ်မှာ အဆုံးမရှိတဲ့ အပူလှိုင်းတွေ ရှိနေဆဲဖြစ်ပေမယ့် နောက်ထပ် တစ်ခုခုလည်း ရှိနေခဲ့တယ်။အနှောက်အယှက် ပုံစံမျိုးလား..။သူက ဒီခံစားချက်ကို စကားလုံးနဲ့ဖော်ပြဖို့ခက်ခဲနေပေမယ့်..သူ့ကို နာကျင်စေတာမျိုးတော့ မရှိပါဘူး..။အနည်းဆုံးတော့ အခုချက်ချင်းမရှိသေးပေ..။
ဒုတိယ တစ်ခုကတော့..
' ခရက် '
သူ သတိထားမိတဲ့နောက်ထပ်တစ်ခုကတော့ လတ်တလောမှာ ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခုပ က သူ့ ခေါင်းပေါ်ကို ပြုတ်ကျလာနေခဲ့တာပါ။
ဆန်နီ မြေပြင်ပေါ်ကနေ ထရပ်လိုက်ပြီး ..ကျယ်ပြန့်တဲ့ ပင်စည်ရဲ့ အစွန်းကို သွားကာ ခုန်ချလိုက်တယ်။တစ်စက္ကန့်လောက် အကြာမှာတော့ ကျောက်တုံးက သန္တာကျောက် ပေါ်ကို ကျသွားပြီး တစ်စစီ ကွဲကြေသွားစေခဲ့ပါတယ်။သူ့နောက်ဘက်ကနေ ကြမ်းတမ်းတဲ့ တုန်လှုပ်မူကြီးပေါ်လာခဲ့တယ်။
သုံးမြှောင့်ဆူးချွန်က လတ်တလောမှာ ဝိဥာဥ် ပင်လယ်ထဲမှာ ပြင်ဆင်နေခဲ့ရပါတယ်။သူ့ရဲ့ မမြင်ရတဲ့ ကြိုးကို ကတ်စတာက ဖြတ်တောက်လိုက်တာ ကြောင့်ပါ..။တစ်ခနလောက် ဆန်နီက..ဒီတိုင်း ပြုတ်ကျသလိုဖြစ်နေခဲ့တယ်။ယင်းနောက် အနက်ရောင် တောင်ပံက နောက်ဆုံးမှာ အလင်းစက်တွေနဲ့ အတူ ပေါ်လာခဲ့ပါတယ်။ဒါက သူ့ကို ရှေ့ကို တိုးသွားစေပြီး..ခုန်ချလိုက်တဲ့ အရှိန်ကို ထိန်းညှိပေးခဲ့တာပါ။
သူ မျှော်စင်ရဲ့ နံရံဆီကို ရောက်တဲ့ အချိန်မှာနောက်ဖထပ် ဆူညံတဲ့ အသံတစ်ခုက ထပ်မံမြည်လာခဲ့ပါတယ်။ဆန်နီဟာ..သန်းခေါင်ယံ အမြုတေကို ထုတ်ယူပြီး နံရံကို ထိုးဖောက်လိုက်ပါတယ်။မှတ်သားမူ ရဲ့ ထိပ်ဖျားက ရှေးဟောင်းနံရံကြီးကို အလွယ်တကူ ထိုးဖောက်ဝင်သွားပြီး..သူ့ကို အချိန်တစ်ခုပေးခဲ့တယ်။
မျှော်စင်ရဲ့ နံရံမှာ ချိတ်ဆွဲရင်း..သူ အေးစက်တဲ့ ကျောက်တုံးတွေ နားမှာ ကပ်ကာ အံကို ကြိတ်ထားခဲ့တယ်။သူက အပျက်အစီးတွေ သူ့ကို ဖြတ်ကျော်သွားတာကို စောင့်ဆိုင်းရင်း သူ့အပေါ်ကို မပြုတ်ကျလာဖို့ ဆုတောင်းနေခဲ့တာပါ။ခနအကြာမှာတော့ တာဝါကြီးက နောက်တစ်ကြိမ် လှုပ်ခါလာခဲ့ပြန်ပါတယ်။
အောက်ဘက်နေရာတွေမှာတော့ ထိပ်ဖျားက အပျက်အဆီးတွေက မိုးရွာသွန်းသလို ဆက်တိုက်ကျဆင်းနေပေမယ့်..အမြင့်မှာကတော့ ငြိမ်သက်နေပါသေးတယ်။
ဆန်နီ မျက်လုံးကို ဖွင့်လိုက်တယ်။
သူက အသက်ရှင်နေဆဲပါ။
ကြက်သွေးရောင် ထိပ်ဖျားရဲ့ အမိုးက ကျိုးပျက်သွားပုံရပြီး လှပတဲ့ အလင်းရောင်ကို ဝင်ခွင့်ပြုလိုက်တယ်။အခုဆို အမှောင်ထုကြီးပဲ ရှိနေတာ မဟူတ်တော့ပါဘူး..။ဖုန်မှုန့်တွေက..လေထဲမှာ လွင့်ပျံနေပြီး စိန်ပွင့်တွေကို တောက်ပနေခဲ့တယ်။
' နေရောင်...နေရောင်...'
ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်လ်ိုက်ပြီး..အကာအကွယ်ရှိတဲ့ နေရာကို ရှာလိုက်တယ်။သို့ပေမယ့် သူ့ရဲ့ အရိပ်က တည်ငြိမ်နေတာကို တွေ့လိုင်ရပါတယ်။အရင်တစ်ခေါက် သူ့ရဲ့ဝိဥာဥ်ကို နေအတုက ဖျက်ဆီးခံရတာနဲ့ မတူစွာပဲ..ဒါက ဘာမှမလုပ်ခဲ့ပေ..။
....ဒါက နည်းနည်းတဲ့ စိတ်ရှုပ်ထွေးစရာ ဖြစ်စေပါတယ်။
'ဘယ်လို သောက်ကျိုးနဲတွေ ဖြစ်နေတာလဲ..'
နေရောင်မှာ ရှိနေတဲ့ တယ်ရာရဲ့ ဖျက်ဆီးနိုင်တဲ့ စွမ်းရည် ပျောက်ကွယ်သွားတာ သေချာစေဖို့အတွက် ဆန်နီဟာ ဝိဥာဥ် ပင်လယ်ထဲကို ဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
သူ မြင်လိုက်တဲ့အရာက အရမ်းအံ့ဩဖို့ကောင်းတာကြောင့်..သန်းခေါင်းယံအမြုတေကို လွှတ်ချပြီး လဲကျမတတ်တောင်ဖြစ်သွားခဲ့တယ်။
ပင်လယ်ရေပြင် ထဲ့ ရူခင်းတစ်ခုလုံးက ပြောင်းလဲသွားခဲ့ပါပြီ..။အရင်တုန်းက ဘာမှမရှိပဲ မဲမှောင်နေခဲ့တာ ဖြစ်ပေမယ့် အခုဆိုရင် မျက်စိကျိန်းလောက်တဲ့ အဖြူရောင် အလင်းရောင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။အလင်းရောင် က ဆန်နီ ရဲ့ ဝိဥာဥ်ကို ဖြတ်သန်းပြီး တိတ်ဆိတ်နေတဲ့ ရေတွေကို လှိုင်းဖြစ်ပေါ်စေခဲ့ပါတယ်။
အပေါ်မှာတော့ အရိပ်အမြုတေရဲ့ အနက်ရောင် ဂြိုလ်လုံးက..ဒေါသတကြီး လောင်ကျွမ်းနေခဲ့တယ်။ဒါက တုန်ခါ နေပြီး ..စွမ်းအားတွေနဲ့ လွှမ်းမိုးဖို့ကြိုးစားနေသလိုပါပဲ။သို့ပေမယ့် လတ်တလောဖြစ်ပေါ်နေတဲ့ အလင်းရောင်ရဲ့ ဖိနိုပ်မူက သူ့ရဲ့ ကြိုးစားမူကို တားဆီးထားခဲ့တယ်။
အောက်ဘက်မှာတော့ ကြီးမားတဲ့ ရေဝဲတစ်ခု ဖြစ်ပေါ်နေခဲ့ပါတယ်။
ဆန်နီဟာ သူ့ရဲ့ မမှတ်မိနိုင်လောက်တဲ့ ဝိဥာဥ်ပင်လယ်ကို ကြည့်ပြီး ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။
'ဒါက ဘယ်လို ငရဲမျိုးလဲ...'
မသက်မသာဖြစ်စေတဲ့ အတွေးတွေနဲ့ သူက တွေဝေနေပြီးကာမှ အချက်အလက်ဇယားကို ထုတ်ကြည့်လိုက်တယ်။
တစ်နေရာကလွဲပြီး ကျန်တာတွေက သူ အရင်က မြင်ထားခဲ့တဲ့ အတိုင်းပါပဲ။
အရိပ်အပိုင်းအစ : [ 1000 / 1000 ]
...မဟုတ်ဘူး..အကုန်မဟုတ်ဘူး...။
သူ့ရဲ့ စွမ်းရည်တွေကို ဖော်ပြတဲ့နေရာမှာ နောက်ထပ် အသစ်တစ်ခု ရှိနေခဲ့ပါသေးတယ်။
စွမ်းရည် : [ ဝိဥာဥ် လမ်းကြောင်း ]