← Chapters

ကြက်သွေးရောင် တယ်ရာ

Vol. 23 Ch. 342

ကြက်သွေးရောင် တယ်ရာ

Vol. 23 Ch. 342

#ဘာသာပြန် = စနိုးဝှိုက်

[ ဝိဥာဥ် လမ်းကြောင်း ]

ဒီစွမ်းရည်မှာက ဖော်ပြချက် မရှိသလို..အခိုက်အတန့်က ကြေညာသွားတာလည်း မရှိခဲ့ပါဘူး..။အချက်အလက် ကို စက္ကန့်အနည်းငယ်ကြာအောင် စိူက်ကြည့်ပြီး နောက်မှာတော့ ဆန်နီဟာ သူ့ရဲ့ ဝိဥာဥ် ပင်လယ်က အဖြူရောင် လေဟာနယ် ကို နောက်ဆုံူတစ်ကြိမ်ကြည့်လိုက်ကာ ထွက်လာခဲ့တယ်။

ဒီ အရာရဲ့ ဆန်းကျယ်တဲ့ ဖြစ်စဥ် အတွက် သူ့မှာ ဘာအဖြေမှ မရှိသေးပေမယ့်..သူ့ရဲ့ အလိုလိုသိစိတ်အရတော့ အချက်ပေးသံတွေ ရှိနေခဲ့ပါတယ်။

ဒီထူးဆန်းပြီး နာကျင်ရတဲ့ ဖြစ်စဥ်က..သူ နောက်ဆုံး အရိပ်အပိုင်းအစကို စုပ်ယူပြီးနောက် ကြားဖြတ်ခံရတဲ့ ဖြစ်စဥ် အပြီးမှာ ပေါ်ထွက်လာတယ် ဆိုတာ သေချာပါတယ်။ဝိဥာဥ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အဖြူရောင် အလင်းတန်းက..ပုံမှန်မဟုတ်ပဲ တစ်ခုခု လွဲမှားနေသလို ခံစားနေခဲ့ရတယ်။ဒါက သဘာဝအတိုင်းဖြစ်ပေါ်နေတာထက် အပြင်ကနေ ဝင်ရောက်လာခဲ့သလိုပါပဲ။ဒီဆန်းကျယ်တဲ့..စွမ်းရည်အသစ်က..အရိပ်အမြုတေက နေ ဖြစ်ပေါ်လာရမယ့် အစား..အပြင်ဘက်နဲ့ ဆက်နွယ်ပြီး အတင်းအကြပ်ဝင်ရောက်လာခဲ့တာပါ။

တကယ်တော့ [ ဝိဥာဥ် လမ်းကြောင်း ] က လက်ရှိမှာ အမြုတေကို ဖိနှိပ်ထားတဲ့ အလင်းစွမ်းအားတွေရဲ့ အရင်းအမြစ် ဖြစ်ပုံရပါတယ်။ဒီ စွမ်းရည်က ဝိဥာဥ် စားသုံးသူ ထက် ဝိီဗာသွေးနဲ့တောင် ပိုပြီး ဆင်တူပါသေးတယ်။ဒါက ဆန်နီ အောင်မြင်ပြီး ရရှိထားတဲ့ အရာမဟုတ်ပေ..။ဒါက အခုထိ မသိနိုင်သေးတဲ့ အကြောင်းအရင်းတွေကြောင့်..သူ့အပေါ်ကို အတင်းအကြပ် သက်ရောက်လိုက်တဲ့ အရာတစ်ခုပါ။

ဆန်နီ အံကိုကြိတ်ထားပြီး..လအမြုတေကို ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့ လက်ကို ပြောင်းလိုက်တယ်။ယင်းနောက် သူ သာမန် ကျောက်တုန်းကို ထုတ်လိုက်ပြီး၊ ချက်ချင်းပဲ ပြန်သိမ်းလိုက်ပါတယ်။နောက်ဆုံးတော့ သူ့ရဲ့ အရိပ်ကို ခန္တာကိုယ်မှာ ရစ်ပတ်ခိုင်းလိုက်ပြီး..တစ္ဆေဓားဆီကို တဆင့်သွားခိုင်းလိုက်တယ်။

..အနည်းဆုံးတော့ စွမ်းရည်အသစ်က သူ့ကို တိုက်ရိုက် ထိခိုက်စေမယ့် ပုံ မပေါ်သေးပါဘူး..။ဆန်နီက သူ့ရဲ့ စိတ်နဲ့ ခန္တာကိုယ်ကို လိုသလို ထိန်းချုပ်လို့ဘရနေပါသေးတယ်။အလားတူစွာပဲ..မှတ်သားမူ တွေနံါ အရိပ်ထိန်းချုပ်မူတွေကိုရောပါပဲ။ဒီအရာက အရိပ်အမြုတေ အပေါ်မှာပဲ သက်ရောက်ထားတာ ဖြစ်ပြီး ..သူ ကြိုးစားနေတဲ့ ဘယ်အရာကို မဆို ကျရှုံးနေစေခဲ့ပါတယ်။

အနည်းဆုံးတော့..လတ်တလော လုံခြုံမှာပါ။ဒါပေမဲ့ ဒီလုံခြုံမူက ဘယ်လောက်ကြာမှာ မို့လို့လဲ...။

ဆန်နီ ခေါင်းကို မော့လိုက်ပြီး..ကြက်သွေးရောင် မျှော်စင် ရဲ့ အပေါ်ပိုင်းကိုကြည့်လိုက်တယ်။ဒီလို ထူးဆန်းတဲ့ ပြောင်းလဲမူတွေ ဖြစ်ဖို့အတွက် မရှင်းပြနိုင်တဲ့ အရာတစ်ခုခု ဖြစ်ပျက်သွားတဲ့ ပုံပါပဲ။

ဒီ အတွက် အဖြေတွေ အကုန်လုံးက အပေါ်မှာ ရှိနေတယ် ဆိုရင် သူက ဘာလို့ ခန့်မှန်းပြီး အချိန်ကုန်ခံနေဦးမှာလဲ...။

သူ့ ဘက်ခြမ်းမှာတော့ ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခုက သန္တာကျောက် ပင်စည် နှစ်ခုကြားထဲမှာညှပ်နေခဲ့တယ်။ဒီအပေါ်မှာ ကျောက်တုံးတွေ ပုံနေပြီးဟနေရောင်ခြည်ကို ဆက်သွယ်ထားတဲ့ လမ်းတစ်ခုလိုတောင် ဖြစ်ပေါ်နေခဲ့ပါတယ်။

သူ့ကိုယ်သူ နံရံဘက်ကို ကပ်လိုက်ပြီး..ဆန်နီ ရှေ့ဘက်ကို ခုန်ကုန် ကျောကိတုံး မျက်နှာပြင်ပေါ်ကို တက်လိုက်တယ်။ယင်းနောက် သူ ခနလောက် စဥ်းစားလိုက်ပြီး ..စတင် တက်ပါတော့တယ်။

သူပိုပြီး တက်လေလေ..နေရောင်ခြည်က သူ့ဘေးနားမှာ ပိုပြီး ဝန်းရံလာလေလေပါပဲ။နောကိဆုံးမှာတော့ တာဝါကြီး တစ်ခုလုံးမှာ ဘာမှ မရှိတော့ပဲ..အလင်းတန်းတွေ နဲ့ အနက်ရောင် အရိပ်တွေသာ ရှိနေပါတော့တယ်။ကမ္ဘာကြီးတစ်ခု လုံးမှာ အမဲရောင် နဲ့ အဖြူရောက်သာ ရှိနေပြီး တစ်ခြား အရောင်တွေ ဝင်ရောက်လာဖို့ ခွင့်မပြုထားတဲ့ ပုံပါပဲ။

အတော်ကြာပြီးနောက်မှာတော့..ဆန်နီဟာ ကြက်သွေးရောင် ထိပ်ဖျားရဲ့ ပျက်ဆီးနေတဲ့ အမိုးနားကို နီးကပ်လာခဲ့တယ်။

ဒီနေရာမှာတော့ အမှောင်ထုထဲမှာ ကျယ်ပြန့်တဲ့ ခန်းမကြီးတစ်ခု ရှိနေခဲ့ပါတယ်။သူ့ရဲ့ ကြမ်းပြင် နဲ့ ခေါင်မိုးနှစ်ခုစလုံးက အခုဆိုရင် ပျက်စီးနေခဲ့ပြီး နေရောက်ခြည်ကို ဝငိရောက်ခွင့်ပေးထားခဲ့တယ်။

ဆန်နီ သက်ပြင်းတစ်ချက် ချလိုက်ပြီး..ဆန်နီ လက်ကို မြှောက်ကာ..သူ့ကိုယ်သူ ခန်းမထဲကို ဆွဲတင်လိုက်ပါတယ်။သူက အခုဆိုရင် ကြက်သွေးရောင် မျှော်စင်ကြီးရဲ့ ထိပ်ဖျားကို ရောက်နေခဲ့ပါပြီ။

မေ့ပျောက်ကုန်းမြေပေါ်က တယ်ရာ ရဲ့ ခိုးအောင်းရာ နေရာတစ်ခုမှာ...။

***

ရှေးဟောင်းတာဝါကြီးရဲ့ ထိပ်ပိုင်းမှာတော့...တစ်ချိန်က ကျယ်ပြန့်ပြီး လှပခဲ့တဲ့ အခန်းတစ်ခုရှိနေခဲ့တယ်။သူ့ရဲ့ အလယ်တည့်တည့်မှာ ကြီးမားတဲ့ အဝိုင်းပုံစံ အပေါက်ကြီးတစ်ခု ရှိနေပြီး နေ့လည်ခင်းမှာ နေရောင်ခြည်ကို အလွယ်တကူ ခွင့်ပြုထားခဲ့ပါတယ်။

သို့ပေမယ့် ဒီအပေါ်မှာ သန္တာကျောက်တွေ များပြားစွာ ဖြစ်ပေါ်လာခဲ့တယ်။အခုဆိုရင် ဒီနေရာက ပိတ်သွားခဲ့ပါပြီ..။

ပြောင်းလဲနေတဲ့ကြယ်ပွင့် နဲ့ တယ်ရာ ရဲ့ တိုက်ပွဲမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာကြောင့် အခန်းရဲ့ ကြမ်းပြင်က ပျက်ဆီးနေခဲ့တယ်။ဒီကနေ တဆင့် သန္တာကျောက်တွေ ပြုတ်ကျနေခဲ့တာပါ။မျက်နှာကျတ်မှာလည်း ထိခိုက်မူတွေ ရှိနေပါသေးတယ်။

မျှော်စင်ရဲ့ ခေါင်မ်ိုး အပေါ်ကနေ တဆင့် ၊ ဆန်နီဟာ ကျယ်ပြန့်တဲ့ အဖြူရောင် ကောင်းကင်ကြီး နဲ့ တောက်ပစွာ လောင်ကျွမ်းနေတဲ့ နေလုံး အတုကြီးကို မြင်နေခဲ့ရတယိ။

ခနလောက် တွေဝေနေပြီးကာမှ သူ ခေါင်းကို ငုံ့ပြီး အခန်းထဲကိုကြည့်လိုက်ပါတယ်။

သူ ပထမဆုံးမြင်လိုက်တာက ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး အဝေးကို စိုက်ကြည့်နေတဲ့ နစ်ဖီကိုပါပဲ။

သူမရဲ့ အခြေအနေက..ပင်လယ်သတ္တဝါကြီးက ရေအောက်ထဲကို ဆွဲခေါ်သွားတဲ့ နေ့ကလောက် အခြေအနေ မဆိုးဝါးပေမယ့်..သူမက သိပ်တော့ မကောင်းလှပေ..။

ကြယ်အလင်း စစ်တပ် အကာအကွဟ်က ပျက်ဆီးနေခဲ့ပြီး..သူမရဲ့ ဆင်စွယ်ရောင် အသားအရေ ပေါ်က ဒဏ်ရာ တွေကို ဖော်ပြထားခဲ့ပါတယ်။အရင်တုန်းကလိုပဲ..ဒီဒဏ်ရာတွေထဲကနေ သွေးထွက်ရမယ့်အစား..အဖြူရောင် မီးတောက်တွေသာ ထွက်ပေါ်နေခဲ့တယ်။

ဒီ မီးတောက်တွေက ပျောက်ကွယ်သွားတော့မယ့် အတိုင်း ထူးဆန်းစွာပဲ..အားနည်းနေခဲ့တာပါ။သူတို့က အသွေးအသားတွေကို ကောင်းမွန်အောင် ပြန်လုပ်ဖို့ကျရှုံးနေခဲ့တယ်။နစ်ဖီ ရဲ့ ဒဏ်ရာတွေက သက်သာလာနေခဲ့ပေမယိ့ အရမ်းကို နှေးကွေးပါတယ်။ဒါက ဆန်နီ အရင်တုန်းက အကြိမ်များစွာ မြင်တွေ့ခဲ့ရတဲ့ ဆန်းကြယ်တဲ့ ကုသမူနှုန်းနဲ့ မတူတော့ပါဘူး။

သူမရဲ့ ဝိဥာဥ် ထဲမှာ အမြဲတမ်း ဒေါသတကြီးလောင်ကျွမ်းနေတဲ့ စွမ်းအင်က နောက်ဆုံးတော့ ပျောက်ကွယ်မတတ်ဖြစ်နေခဲ့တယ်။လုနီးပါးပဲ....

သူမ ရဲ့ အကြည့်ကို လိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့ ဆန်နီဟာ တယ်ရာကို မြင်ပြီး တုန်လှုပ်သွားခဲ့တယ်။

မေ့ပျောက်ကုန်းမြေကို ဖန်တီးခဲ့တဲ့ သတ္တဝါက တစ်ချိန်တုန်းကတော့ လူသားတစ်ယောက်နဲ့ တူလောက်ပါတယ်။သို့ပေမယ့် အခုတော့ အိပ်မက်ဆိုး တစ်ခုလိုဖြစ်နေခဲ့တယ်။

အကြောင်းပြချက်တစ်ချို့ကြောင့်..ဆန်နီက အမည်မသိ နတ်သမီး ရုပ်ထုနဲ့ ဆင်တူတဲ့ အရာတစ်ခုကို မျှော်လင့်ထားခဲ့တာပါ။သူမက နေလုံး အတုကို ဖန်တီး ဖို့အတွက် ကိုယ့်ကိုကို သွေးကြောအဖြစ် အသုံးချခဲ့တာ မို့လို့ပါ။

အဲဒီအစား သူတွေ့လိုက်ရတာက..သန္တာကျောက် နဲ့ လူသားတွေရဲ့ အသွေးအသားတွေ ပုံပျက်စွာ ပေါင်းစပ်ထားတဲ့ ကြောက်မက်ဖွယ်ရာ ဧရာမ သတ္တဝါကြီးပါပဲ။ဒါက မျှော်စင် အောက်ဖက်မှာ သူ တိုက်ခိုက်ခဲ့ရတဲ့ ဂိုလမ်တွေနဲ့တောင် ဆင်တူနေပါသေးတယ်။ဒါက သက်ရှိတစ်ယောက်ရဲ့ ပုံပျက်နေတဲ့ အနေအထားနဲ့ ဆင်တူပြီး..ကြောက်မက်ဖွယ်ရာ ရူးသွပ်မူ ၊ မှားယွင်းမူ ၊ ဆုံးရှုံးမူ တွေကို ဖော်ပြနေခဲ့ပါတယ်။

လူသားတစ်ယောက်ရဲ့ မျက်နှာဖြစ်ရမဲ့ အစား..

တယ်ရာ မှာ နာကျင်မူတွေ ၊ ခံစားရမူ တွေ ပြည့်နှက်နေတဲ့ မျက်နှာတွေ ရာနဲ့ချီပြီး ရှိနေခဲ့တယိ။သူတို့ရဲ့ ပါးစပ်တွေက ပွင့်နေပြီး အော်ဟစ်ဖို့ကြိုးစားနေကြပါတယ်။သူတို့ရဲ့ မျက်လုံးတွေ ထဲမှာ ဘာမှမရှိပဲ သန့်စင်တဲ့ အမှောင်ထုတွေသာ ရှိနေခဲ့ပါတယ်။

အနည်းဆုံးတော့ သူတို့က အခု အဲလိုမျိုးပါ..။

တယ်ရာ အသက်ရှင်နေတုန်းကတော့ သူတို့က မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေ နဲ့ တောက်ပနေခဲ့မှာပါ။

...ပြီးတော့ ဒါက မမှားယွင်းနိုင်စွာပဲ သေနေခဲ့ပါပြီ။

ကြောက်စရာ သတ္တဝါကြီးဟာ..ကြမ်းပြင်ပေါ်မှာရှိနေပြီး ခြေလက်တွေက မလှုပ်တော့ကာ ၊ ခန္တာကိုယ်တစ်ဝက်နီးပါးက ပြတ်ခု မတတ်ဖြစ်နေခဲ့ပါတယ်။သူ့ရဲ့ ဆိုးဝါးတဲ့ ဒဏ်ရာကြီးရဲ့ အစွန်းတွေက..လောင်ကျွမ်းကာ အရည်ပျော်ကျနေပြီး..ဒါက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ငွေရောင်ဓားကြောင့် ဖြစ်တယ် ဆိုတာ သံသဟ ဖြစ်စရာ မရှိပါဘူး။

'ဘယ်လို..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...'

ဆန်နီဟာ ရှုံ့နိမ့်သွားတဲ့ တယ်ရာ ကို အံ့ဩသင့်စွာကြည့်နေရင်း နားလည်ဖို့ ခက်ခဲနေခဲ့တယ်။

ဘယ်လိုလုပ် နစ်ဖီက ကျရှုံးမူအဆင့် တယ်ရာ ကို သတ်လိုက်နိုင်ရတာလဲ..။သူမ ဘယ်လောက်ပဲ သန်မာပါစေ..သူမက အိပ်စက်သူ တစ်ယောက်သာပါ။အရုဏ်ဦး အမြုတေ ရဲ့ အားဖြညိ့မူနဲ့ဆိုရင်တောင် သူမက ဒီလောက် သန်မာတဲ့ သတ္တဝါကို သတ်နိုင်လောက်အောင် မသန်မာနိုင်ပါဘူး..။

ဒီနေရာမှာ တစ်ခုခုတော့ မှားနေပါပြီ။

' ဒါက ဘယ်လိုမှ အဓိပ္ပါယ်မရှိပေ..။

..ဒီလိုဆိုရင်တောင် ဒါက နစ်ဖီ ပထမဆုံးသတ်ဖူးတဲ့ တယ်ရာ မဟုတ်ပေ..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က ပထမ အိပ်မက်ဆိုးမှာလည်း..တယ်ရာ တစ်ကောင်ကို သတ်ပြီး အစစ်အမှန်နာမည် ရရှိခဲ့တာပါ။ဒါတောင်မှ အသွင်ပြောင်းလူသားတစ်ယောက်က နိုးထမူအဆင့် တယ်ရာ နဲ့ ကျရှုံးမူအဆင် တယ်ရာ ကို သတ်တယ် ဆိုတဲ့ နှစ်ခုကြားမှာ ကွာဟချက်အများကြီး ရှိပါသေးတယ်။

တစ်ခုက မဖြစ်နိုင်တဲ့ အရာ..။နောက်ထပ်..နောက်ထပ် တစ်ခုက တွေးတောင် မတွေးကြည့်နိုင်လောက်တဲ့ အရာပါ။

ဆန်နီ သူမ ဘက်ကို လှည့်လိုက်ပြီး အနည်းငယ် တွေဝေကာ မယုံကြည်နိင်မူတွေနဲ့ မေးလိုက်တယ်။

"နင်..နင် တကယ်သတ်လိုက်တာလား.."

နစ်ဖီဟာ သူ ရောက်လာတာကို ပထမဆုံး သတိထားမိတဲ့ အလား လှုပ်လာခဲ့တယ်။ယင်းနောက် ဖြည်းညှင်းစွာပဲ သူ့ဘက်ကို လှည့်လာခဲ့ပြီး..သူ့ကို ဘာမှမရှိပဲ ပျောက်ဆုံးနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာခဲ့ပါတယိ။စက္ကန့်အတော်ကြာပြီးကာမှ အသိအမှတ်ပြုမူ တစ်ချို့ ပေါ်လာခဲ့တယ်။

သူမ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..အက်ကွဲနေတဲ့ အသံနဲ့ ​...

"....ဆန်နီ...။နင် နောက်ဆုံးတော့ ရောက်လာပြီပေါ့ "

All Chapters