← Chapters

ဝိဥာဥ် လမ်းကြောင်း

Vol. 23 Ch. 343

ဝိဥာဥ် လမ်းကြောင်း

Vol. 23 Ch. 343

#ဘာသာပြန် = စနိုးဝှိုက်

သူ ခနလောက်တွေဝေနေခဲ့ပြီး ..ဘယ်လိုပြန်ဖြေရမလဲ ဆိုတာကို မသိခဲ့ပေ..။စက္ကန့်အနည်းငယ် ကုန်လွန်လာခဲ့တာနဲ့ အမျှ ၊ သူတို့ နှစ်ယောက် ကြားထဲမှာ ပြောမပြတတ်တဲ့ အဓိပ္ပါယ်တွေ ပြည့်နှက်လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ နစ်ဖီဟာ မျက်တောင်ခတ်လိုက်ပြီး အကြည့်ကို လွှဲကာ..ကြက်သွေးရောင် တယ်ရာကို ပြန်ကြည့်လိုက်တယ်။သူမ ရဲ့ ဓားကိုင်ထားတဲ့ လက်က အနည်းငယ် တုန်ရီသွာခဲ့ပါတယ်။

"...သူ့ကို သတ်တာလား..။အင်း..ငါ သတ်ခဲ့တယ်..။ကံကောင်းသွားတာ...အဲလိုထင်တာပဲ..."

အတော်ကြာပြီးကာမှ တိတ်ဆိတ်တဲ့ အသံနဲ့ သူမ ထပ်ပြောလိုက်တယ်။

"အဆုံးမှာတော့ ဒါက အတုအယောင် ကြယ်တစ်ပွင့်ပဲလေ.."

"ကံကောင်းတာလား..။နစ်..ကံကောင်းမူ နဲ့ ပတ်သက်ပြီး နည်းနည်းတော့ သိထားသေးတယ်။ဒါပေမဲ့ ဒီလို သတ္တဝါ တစ်ကောင်က ကံဆိုးယုံနဲ့ သေနိုင်တဲ့ အရာ မဟုတ်ဘူးလေ.."

သူမ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချပြီး အောက်ကို ကြည့်လိုက်တယ်။

"ဒါက ဆင့်ကဲ ဖြစ်နေတာ..။တိုက်တန် တစ်ကောင်ဖြစ်ဖို့ ကြိုးစားနေတာလေ..။ဒီလို ပြောင်းလဲမူ ပြုလုပ်ဖို့အတွက် ကြုံတွေ့ရတဲ့ အခက်အခဲက သူ့ကို အားနည်းစေတယ်လေ..။ငါက တယ်ရာ ရဲ့ အားအနည်းဆုံးအခချိန်မှာ တိုက်ခိုက်ခဲ့ရတာ..။ဒါကြောင့် သူက သေသွားရတာပဲ..."

"ဆင့်ကဲဖြစ်စဥ်...တိုက်တန် တစ်ကောင် အဖြစ် '

သူ့ မျက်နှာပေါ်က အံ့ဩတဲ့ အမူအရာကို သတိထားမိတဲ့ နစ်ဖီက..နေလုံးအတုကို လက်ညိုးထိုးပြလိုက်ပြီး..

"ငါ တို့ ဘာလုပ်ခဲ့ကြလဲ ဆိုတာကို နင် မစဥ်းစားမိဘူးလား..."

ဆန်နီဟာ တောက်ပနေတဲ့ အလင်းဂြိုလ်ကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်။

ဒီအရှုပ်အထွေးတွေ ကြားထဲမှာ သူက တကယ်ပဲ..တိုက်ပွဲရဲ့ အကြောင်းပြချက် နဲ့ နောက်ဆက်တွဲဖြစ်လာနိုင်ချေ တွေကို မေ့နေခဲ့တာပါ။

သေချာတွေးကြည့်မယ် ဆိုရင်..နေလုံး အတု ရဲ့ အလင်းရောင်က ဘာလို့ ထိမိတဲ့ သတ္တဝါတိုင်းရဲ့ ဝိဥာဥ် တွေကို ဖျက်ဆီးပစ်နေရတာလဲ..။ရှေးဟောင်း နေထိုင်သူတွေ လက်ထက်တုန်းက ဒါမျိုး မရှိခဲ့ဖူးပါဘူး..။အနည်းဆုံးတော့ မျိုးဆက်အနည်းငယ်ကြာတဲ့ အထိပါ။

သို့ပေမယ့်..သွေကြောက ​ပျက်ဆီးသွားခဲ့ပြီး အိပ်မက်ဆိုး သတ္တဝါ တစ်ကောင် ဖြစ်လာခဲ့ပါတယ်။

တယ်ရာ....။ပြီးတော့ တစ်ချိန်တည်းမှာပဲ ကျိန်စာသင့် အမှောင်ထုကို ပိတ်လှောင်ထားတဲ့ ..သော့တွေက ပျက်ဆီးကာ..အမှောင်ထုကို လွတ်မြောက်သွားစေခဲ့ပါသေးတယ်။

..ဒီတော့ ..အချက်အလက်အရဆိုရင် ပျက်ဆီးသွားတဲ့ နေလုံးက အနက်ရောင် ပင်လယ်ရဲ့ ပူးပေါင်းမူ မပါဝင်ပဲ ဘယ်တော့မှ မတည်ရှိနိုင်ခဲ့ပါဘူး။

ဒီနေ့ မတိုင်ခင် အထိ...။

ဆန်နီ အမြဲတမ်းတွေနေမိတာက..နေလုံးကြီးက အနက်ရောင် ပင်လယ်ကို ထိန်းချုပ်ထားခဲ့တယ် ဆိုတဲ့အချက်ပဲ..။ဖြစ်နိုင်တာက..နေလုံးက အမှောင်ထုရဲ့ ထိမ်းချုပ်မူအောက်မှာ အမြဲတမ်းရှိနေခဲ့တာလား...။

ပြီးတော့..သူက ရှေးဟောင်းကျိန်စာကို ချေဖျက်ပြီးး အမှောက်ထုကို မြေအောက်မှာ ပိတ်လှောင်လိုက်တဲ့ အချိန်မှာ နေလုံးက နောက်ဆုံးတော့ အချုပ်အနှောင်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ဒါကြောင့်လည်း သူ့ရဲ့ အလငိးရောင်က ရုတ်တရက် ပြောင်းလဲပြီး..ဖျက်စီးနိုင်တဲ့ အဖြူရောင် အလင်းတန်းတွေ ထွက်ပေါ်လာခဲ့တာပါ။

သူက လုပ်ချင်တာကို လွတ်လပ်စွာ လုပ်ခွင့်ရသွားခဲ့ပါပြီ..။

ဒါပေမယ့် တစ်ခုခု ထပ်ပြီး ရှိနေသေးတယ်...

သူ့ မျက်လုံး ပြူးကျယ်သွားတဲ့ အချိန်မှာတော့ နစ်ဖီပ ခေါင်းညိမ့်လိုက်တယ်။

"ဟုတ်တယ်..။နေလုံးအတု က ကြက်သွေးရောင် မျှော်စင်ရဲ့ ပတ်ဝန်းကျင် တစ်ဝိုက်ကိုပဲ အလင်းပေးထားတာ မဟုတ်ဘူး..။သူက မေ့ပျောက်ကုန်းမြေ တစ်ခုလုံးကို အလင်းပေးထားတာ..။သူ့ရဲ့ အလင်းက နေရာတိုင်းကို ရောက်တာ..။ဒီတော့..ငါတို့က မျှော်စင်အတွင်းမှာ တိုက်ခိုက်နေတဲ့အချိန်မှာတင် မေ့ပျောက်ကုန်းမြေပေါ်က သတ္တဝါတွေ အများစုက သေဆုံးသွားခဲ့ကြတယ်။သေဆုံးမူတွေရဲ့နောက်မှာ မရေမတွက်နိုင်တဲ့ ဝိဥာဥ် တွေက..ဝင်္ကပါတွေရဲ့ လမ်းညွှန်မူကနေ တဆင့် ကြက်သွေးရောင် ထိပ်ဖျားအထဲကို စီးဝင်လာကြပြီး ..တယ်ရာ အဆင့်တက်ဖို့ အတွက် အရင်းအမြစ်တွေ ဖြစ်လာခဲ့ကြတာ..."

ပြီးတော့ ..နစ်ဖီက တယ်ရာ ရဲ့ ကြောက်မက်ဖွယ်ရာ ပြောင်းလဲမူ အတွင်းမှာ တိုက်ခိုက်ခဲ့တာပါ။ကောင်းပြီ..ဒါက တိုက်ဆိုင်မူ တစ်ခု နဲ့ မတူတော့ပေ..။အိပ်စက်သူ စစ်တပ်ကို စတင်တိုက်ခိုက်ဖို့ အမိန့်မပေးခင် အချိန်တုန်းက..နစ်ဖီရဲ့ မျှော်စင် ဂိတ်ပေါက်ကို ကြည့်ပြီး..အတွေးနက်နေတဲ့ မျက်နှာကို ဆန်နီ မမေ့ခဲ့ပါဘူး။

အိပ်မက်ကမ္ဘာထဲက သက်ရှိအားလုံးနီးပါး သေဆုံးသွားကြပြီ ဆ်ိုတာကို နားလည်လိုက်တဲ့ အချိန်မှာ သူ ကြက်သီးမွှေးညှင်း ထ သွားခဲ့တယ်။အိပ်မက်ဆိုးသားရဲ အနည်းငယ်ကသာ ရှင်သန်နိုင်ကြမှာပါ။ဒါကတော့ အကာအကွယ်ကို အလျင်အမြန်ရှာဖွေနိုင်တဲ့ကံကောင်းသူတွေ နဲ့ ဒီဟာကို တောင့်ခံနိုင်လောက်အောင် အားကောင်းတဲ့ သတ္တဝါတွေပါပဲ။

ဒီလောက်ကို များပြားတဲ့ ဝိဥာဥ် စီးကြောင်းတွေက ကြက်သွေးရောင် တယ်ရာကိုတောင် ဆင့်ကဲဖြစ်ပေါ်ဖို့အတွက် လုံလောက်ခဲ့တယ်။ဒါက ဘာကြီးပဲဖြစ်ဖြစ် အိပ်မက်ဆိုးသားရဲတွေကို ပိုပြီး သန်မာလာစေ တော့မှာပါ။ ဆန်နီ ဒီအကြောင်းကို သိပ်ပြီး မသိထားပေမယ့်..တကယ်လို့ ဒီလိုစွမ်းရည်မျိုးကို ပေးစွမ်းနိုင်တယ် ဆိုရင်..အိပ်မက်ကမ္ဘာထဲက သားရဲ တွေ အားလုံးရဲ့ သေဆုံးမူက..ကျိန်းသေ အလုပ်ဖြစ်ပါတယ်။

သို့ပေမယ့် အခုတော့ တယ်ရာက သေဆုံးသွားခဲ့ပါပြီ..။ပြီးတော့ သူရဲ့ ပျက်ဆီးနိုင်တဲ့ လွှမ်းမိုးမူက ​ပျောက်ကွယ်သွားပြီဖြစ်တာကြောင့်..နေလုံး အတုကြီးက နဂို မူလအတိုင်း ပြန်ဖြစ်သွားခဲ့တယ်။

ဒါက ဒီလောက်တော့ မလွယ်ကူနိုင်ဘူး...

သူ့ရဲ့ အတွေးတွေကို ပြန်ဖြေလိုက်တဲ့ အလား..။မျှော်စင်ကြီးက နောက်တစ်ကြိမ် လှုပ်ခါသွားခဲ့တယ်။နောက်ထပ် ကျောက်တုံးတစ်ခုက..အခန်းရဲ့ ကြမ်းပြင်ကနေ အောက်ကို ပြုတ်ကျသွားခဲ့တာပါ။ရုတ်တရက် နေရဲ့ အလင်းရောင်က အနည်းငယ် မှိန်သွားခဲ့တယ်။

အပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာတော့ နေလုံးအတုက အစောကလောက် မတောက်ပတာကို ဆန်နီတွေ့လိုက်ရတယ်။ဒါက ဖြည်းဖြည်းချင်း သေဆုံးကာ နီးနေတဲ့ ပုံစံပါပဲ။

...ဒါက သေအံ့ဆဲဆဲ ဖြစ်နေတာလား..။ဘာပဲဖြစ်ဖြစ် သူ့ရဲ့အထဲကို ဝိဥာဥ် အဆီအနှစ်တွေ သွင်းပေးဖို့ အတွက် သွေးကြောက မရှိတော့ပေ..။

သူ့အတွေးတွေကို ဖြတ်တောက်ပြီး ..နစ််ဖီက ရုတ်တရက် အက်ကွဲ ၊ ပင်ပန်းတဲ့ အသံနဲ့ မေးလာခဲ့တယ်။

"တစ်ခြားသူတွေရော ဘာဖြစ်သွားပြီလဲ.."

ဆန်နီ လှည့်လိုက်ပြီး..အောက်ဘက်နားက လေသာဆောင် ကြမ်းပြင်ကို ကြည့်လိုက်တယ်။

အောက်ဘက်မှာတော့ ကျယ်ပြန့်တဲ့လေသာဆောင်ပေါ်မှာ..တောကိပတဲ့ သံကွင်း နဲ့ ထွက်ပေါ်ရှိနေတာကို သူ မြင်နေခဲ့ရပါတယ်။သူ့ရဲ့ တောက်ပမူက တစ်နည်းအားဖြင့် အားနည်းလာနေခဲ့တယ်။သို့ပေမယ့် လေသာဆောင်မှာ ဘာမှ မရှိတော့ပါဘူး..။အဲဒီမှာ လူသားတွေ မရှိတော့ပဲ..သန္တာကျောက်ဂိုလမ်တွေတောင် မလှုပ်မယှက် လဲကျနေခဲ့ကြပါတယ်။တယ်ရာ သေဆုံးသွားတာကြောင့် သူတို့လည်း ပျက်ဆီးသွားတဲ့ ပုံပါပဲ။

"လူတိုင်း လွတ်မြောက်သွားပြိီ.."

နစ်ဖီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။အတော်ကြာအောင် တိတ်ဆိတ်ပြီးကာမှ သူမ အနည်းငယ် လှုပ်လာပြီး မေးလိုက်တယ်။

"ကတ်စတာ ကရော..."

ဆန်နီ သူမကိုကြည့်ပြီး ပုခုံးတွန့်လိုက်တယ်။သူ စကားပြောတဲ့ အချိန်မှာတော့ သူ့အသံက အေးစက်ပြီး ပုံမှန်ပါပဲ။

"..ငါ သူ့ကို သတ်လိုက်ပြီ "

ပြောင်းလဲနေတဲ့ကြယ်ပွင်က အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်။ယင်းနောက် သူမက ဘယ်သူ့ကိုမှ မရည်ရွယ်ပဲ တီးတိုးရေရွတ်လိုက်ပါတယ်။

" ဒါကြောင့် ကိုး..."

ရုတ်တရက် သူမရဲ့ နှုတ်ခမ်းကနေ ခါးသက်တဲ့ ရယ်သံတစ်ခု ထွက်လာခဲ့တယ်။

နစ်ဖီ လက်ကို မြှောက်လိုက်ပြီး သူမရဲ့ မျက်နှာကို အုပ်ကာ..နက်ရှိုင်း ပြီး ခါးသက် တဲ့ ခံစားချက်တွေကို တုန့်ပြန်နေလိုက်ပါတယ်။စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ ..သူမရဲ့ တိုးလျှ တဲ့အသံက သူ့နားထဲကို ဝင်လာခဲ့တယ်။

"နင် သူ့ကို မသတ်ခဲ့သင့်ဘူး ဆန်နီ..."

ဆန်နီ ပြောလိုက်တယ်။

"ဟုတ်လား..။ဘာဖြစ်လို့လဲ..."

သူမ စက္ကန့်အနည်းငယ်ကြာအောင် ခံစားချက်မဲ့စွာနေပြီးကာမှ..သူမ ရဲ့လက်ကို ဖြည်းညှင်းစွာ ချပြီး ဒူးထောက်နေခဲ့တယ်။သူမရဲ့ မျက်နှာက ဖြူဖျော့ နေခဲ့ပါတယ်။

"နင့်ရဲ့ စွမ်းရည်တွေကို စစ်ဆေးပြီးပြီလား.."

သူခေါင်းညိမ့်ပြီး သိချင်တဲ့ အမူအရာနဲ့ သူမကိုကြည့်လိုက်တယ်။

"စစ်ကြည့်ပြီးပြီ...။အသစ်တစ်ခု ရှိနေခဲ့တယ်။ဝိဥာဥ် လမ်းကြောင်း..."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က အဝေးကိုကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်။

"အင်း..ငါ့မှာရောပဲ..."

ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..တည်ငြိမ် လေးနက်တဲ့ အသံနဲ့ မေးလိုက်တယ်။

"အဲတာ ဘာကို ဆိုလိုတာလဲ ဆိုတာ နင်သိထားသေးလား.."

သူမ အတော်ကြာအောင် ဘာမှ မပြောခဲ့ပဲ..သူ့ဘက်ကို လှည့်ကာ ကြည့်လိုက်တယ်။

"နင် ဒါကို အခုထိ မသိသေးဘူးလား.."

သူ ပုခုံးတွန့်လိုက်ပြီး..

"ငါ သိပ်ပြီး အာရုံမစိုက်မိဘူး..။ဘာလို့လဲ..။အဲတာဘာလဲ..."

နစ်ဖီ သက်ပြင်းချလိုက်ပြီး အခန်းရဲ့ နံရံတွေကိုကြည့်လိုက်တယိ။နောက်ဆုံးမှာတော့ သူမ ပြောလာခဲ့ပါတယ်။

"ဒီ တာဝါ တစ်ခုလုံးက ကြီးမားတဲ့ ဝိဥာဥ် ယန္တရား ကြီးတစ်ခုပဲ..။ဒီအရာက ဝိဥာဥ် အဆီအနှစ်တွေကို စုစည်းပြီး နေလုံးအတုထဲကို ထည့်သွင်းဖို့ ဖန်တီးထားတာ..။ဒါပေမဲ့ ဒါက...ဒါက သေးငယ် တဲ့ ဂီယာ အစိတ်အပိုင်း လေး မရှိပဲ အလုပ်လုပ်မှာ မဟုတ်ဘူးလေ..။ဒီစွမ်းအားတွေကို ထိန်းချုပ်ထားဖို့ လူသားတစ်ယောက်လိုအပ်တယ်..။ဒီ ဝိဥာဥ် တွေအားလုံးအတွက် လမ်းကြောင်း တစ်ခု..."

ယင်းနောက် သူမက တီးတိုး ထပ်ပြောလိုက်ပါတယ်။

"...သွေးကြော တစ်ခုပေါ့..."

ဆန်နီ တုန်လှုပ်သွားပြီး ရွံ့စရာ သတ္တဝါကြီးရဲ့ အလောင်းကိုကြည့်လိုက်တယ်။နေလုံးအတု ရဲ့ ပထမ သွေးကြော...။

နစ်ဖီက ဒီသတ္တဝါကို သတ်လိုက်တယ် ဆိုတာ ကြက်သွေးရောင် ယန္တရား ကြီးရဲ့အရေးပါတဲ့ ဂီယာ ကို ဖျက်ဆီးလိုက်တာ နဲ့ အတူတူပါပဲ။ပြီးတော့ မျှော်စင်က အစားထိုးဖို့ အတွက် ရှာတွေ့ ထား ပြီးခဲ့ပါပြီ..။

သူတို့ နှစ်ယောက်ပါ..။

မေ့ပျောက်ကုန်းမြေပေါ်မှာ အသက်ရှင်ကျန်ရစ်နေတဲ့ လူသားနှစ်ယောက်..။နေလုံးရဲ့ အလင်းရောင်ကို ကြောက်ရွံ့ပြီး ရှေးဟောင်းတာဝါထဲမှာ လာခိုလှုံခဲ့ကြသူတွေ..။

ဒါက ကံကြမ္မာလိုပဲ..ဆိုရမှာလား...

"ဒါက ငါတို့အတွက် ဘယ်လို ဆိုလိုတာလဲ..။ငါက တစ်ခုခုလို ပြောင်းလဲသွားမှာလား...ဒီသတ္တဝါကြီးလိုမျိုး..."

နစ်ဖီ ခေါင်းခါယမ်းလိုက်တယ်။

"..မဟုတ်သေးဘူး..။အတော်ကြာအောက်ဖြစ်လာမှာ မဟုတ်ဘုး..။တယ်ရာက တိုက်ပွဲပြီးသွားတဲ့ အချိန်မှာ ဝိဥာဥ်တွေအများကြီးကို စုပ်ယူခဲ့တာကြောင့် နေလုံး အတွက် စတေးပေးမယ့်အရာ ဘယ်သူမှ မရှိတော့ဘူး..။ဝင်္ကပါကြီး ကိုယ်တိုင်လည်း သေဆုံးသွားခဲ့ပြီ..."

သူမရဲ့ စကားတွေကို ပဲ့တင်ထပ်ရင်း မျှော်စင်ကြီးက နောက်တစ်ကြိမ် တုန်လှုပ်လာခဲ့တယ်။အောက်ဘက်မှာတော့ ကျောက်တုံးချင်းထိတဲ့ နားကျိန်းမတတ် ဆူညံသံတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဆန်နီ စဥ်းစားလိုက်ပြီး..

"ဒီတော့ ပြသနာက ဘာလဲ..။ငါ တို့ ဒီတိုင်း ထွက်သွားကြပြီး ဘယ်တော့မှ ပြန်မလာလို့ မရဘူးလား.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို အေးစက်ပြီး ခါးသက်တဲ့ မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။

"နင် နားမလည်သေးဘူးလား..ဟင်..."

ပြီးတဲ့နောက်မှာ သူမ အံကိုကြိတ်ပြီး ပြောလိုကိတယ်။

"ကြက်သွေးရောင် မျှော်စင်ကြီးက ယန္တရားကြီးပဲ..။ပြီးတော့ ထွက်ပေါက်ဆိုတာက ယန္တရားရဲ့ အစိတ်အပိုင်း တစ်ခု..။မျှော်စင်က..ဝိဥာဥ်လမ်းကြောင်း ရှိတဲ့ လူသားတစ်ယောက် မရှိနေပဲ အလုပ်လုပ်မှာ မဟုတ်သလို ၊ ထွက်ပေါက်ကလည်း အလုပ်လုပ်မှာ မဟုတ်ဘူး..။ထွက်ပေါက် အလုပ်လုပ်ဖို့အတွက် တာဝါအတွင်းမှာ သွေးကြော ရှိမနေတဲ့ အတွက်ကြောင့်လေ..."

သူမ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီးတော့..နောက်ဆုံးမှာ သူ့ကို နက်မှောင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်တယ်။

"ဆိုလိုတာက..ငါတို့ထဲက တစ်ယောက်ကပဲ.. အပြင်ကမ္ဘာကို လွတ်မြောက် နိုင်မယ် ဆိုတာပဲ..."

ဆန်နီ သူမကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးကာမှ အောက်မှာ ရှိနေတဲ့ ထွက်ပေါ်ကို ကြည့်လိုက်တယ်။

နောက်ဆုံးတော့ သူ နစ်ဖီဘက်ကို ပြန်လှည့်လာခဲ့ပြီး...ပြောလိုက်ပါတယ်။

"နင် ဒီမှာနေခဲ့ပြီး..ငါ့ကို ပြန်ခွင့်ပေးမယ်လို့တော့ ငါ

မထင်ဘူး..."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို စိုက်ကြည့်နေခဲ့တယ်။သူမရဲ့ အညိုရောင် မျက်လုံးတွေက..ဆုံးဖြတ်ချက် ပြတ်သားမူ နဲ့ အဖြူရောင် မီးတောက်တွေ စတင်လောက်ကျွမ်း လာခဲ့ပါတယ်။

"...ငါ လည်း နင့်ကို ဒီလို မေးတော့ မလို့ပဲ..."

ဆန်နီ ခနလောက် တွေဝေသွားပြီးကာမှ ပြုံးလိုက်တယ်..။

" မဖြစ်နိင်တာ...."

All Chapters