ဝမ်းနည်းမူ ၊ နာကျင်မူ ၊ ဒေါသတရား
Vol. 23 Ch. 344
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ အပေါ်ဘက်ရဲ့ အစွန်းနားကနေ အဝေးကိုဖြည်းညှင်းစွာ လမ်းလျောက်သွားလိုက်ပြီး နစ်ဖီ နဲ့ ဆန့်ကျင်ဘက် နေရာမှာ ရပ်လိုက်တယ်။
သူ့ရဲ့ အနက်ရောက် မျက်လုံးထဲမှာတော့ အေးစက်မူ တွေသာ ရှိနေခဲ့ပါတယ်။
"ကောင်းပြီ..ဒီအရာကြီးက ဘယ်လိုအဆုံးသတ်မှာလဲ ဆိုတာကို ငါတို့က မသိထားခဲ့ကြတဲ့ သူတွေလည်း မဟုတ်ဘူး..။ဟုတ်တယ်မလား.."
သူမက သူ့အတော်ကြာအောင် ကြည့်နေပြီးကာမှ ခါးသက်စွာ ပြုံးလိုက်တယ်။
"...ငါ တို့ လုပ်ခဲ့ကြတယ်.."
အမှန်တကယ်ပဲ သူတို့ သိထားခဲ့ကြပါတယ်။
ကတ်စီ ရဲ့ အမြင်အာရုံတွေရဲ့အဓိပ္ပါယ်တွေကို ဆန်နီနားလည်သွားခဲ့တဲ့ ဆိုးဝါးတဲ့နေကနေစပြီး...အသက်ရှင်သန်နိုင်ဖို့အတွက်..သူ နစ်ဖီကို သတ်ဖို့ လိုအပ်တဲ့အချိန် ရောက်လာမလားဆိုတာကို အမြဲတမ်း သံသယဖြစ်နေခဲ့မိတယ်။
ဒါက သူ အမြဲတမ်းဖုံးကွယ်ထားမိခဲ့တဲ့ အမှန်တရား တစ်ခုပါပဲ..။ဒါက သူ့ရဲ့ စိတ်ကို ရူးသွပ်သွားစေတယ် ဆိုရင်တောင်မှပါ..။ဒါကြောင့်လည်း သူက အနက်ရောင် မြို့တော်ထဲမှာ တစ်ယောက်တည်းနေခဲ့တာတွေ ၊ မွန်းစတား တွေကို အမဲလိုက်ခဲ့တာတွေကို လုပ်ဆောင်ရင်း သူတို့ထဲက တစ်ယောက်ဖြစ်မှန်း မသိ ဖြစ်လာခဲ့ပါတယ်။
ကိုယ် ဂရုစိုက်ရဆုံးသော သူတစ်ယောက်ကို တစ်နေ့မှာ သတ်ရမယ် ဆိုတဲ့ စိတ်ကို ဘယ်လိုလူက လက်ခံနိုင်မှာလဲ..။
...အသိပညာ ...တကယ်ပဲ..ကမ္ဘာပေါ်မှာ အလေးလံဆုံးသော အရာတစ်ခုပဲ..။
ဒီအရာတွေ အားလုံးရဲ့ အစ ၊ အနက်ရောင် မြို့တော်နဲ့ အဝေးတစ်နေရာမှာ ၊ ကြက်သွေးရောင် ထိပ်ဖျား ရှိနေတာကိုတောင် မသိခင်ကတည်းက ကတ်စီက သူမရဲ့ ဆိိုးဝါးတဲ့ အမြင်အာရုံတွေကို မျှဝေခဲ့ပါတယ်။
သူမ ပြောခဲ့တာက..
"အစကတော့..ငါက..အဆုံးမရှိတဲ့ အမှောင်ထုကြီးကို တံဆိပ်တော် ခုနှစ်ခုနဲ့ ပိတ်လှောင်ထားတာကို မြင်ခဲ့ရတယ်..။အဲဒီအမှောင်ထု ထဲမှာ တစ်ခုခုက ရုန်းကန်နေခဲ့တယ်..။ငါသာ အဲ့အရာကို တည့်တည့်မြင်လိုက်ရရင် ငါ့ အသိစိတ်တွေ လွှတ်ထွက်သွား တော့ မလိုပဲ။ငါ ကြည့်နေတုန်းမှာ တံဆိပ်တော်တွေက တစ်ခုပြီစတစ်ခု ကျိုးပျက်ပြီး..တစ်ခုတည်း ကျန်နေခဲ့တယ်။ပြီးတော့..နောက်ဆုံး တံဆိပ်တော်ကလည်း ပျက်ဆီးသွားခဲ့တာပဲ..."
သူမရဲ့ အမြင်အာရုံ ပထမပိုင်းမှာတော့..နေလုံးအတုကြီးရဲ့ ပင်မ သွေးကြောက ရူးသွပ်သွားခဲ့ပြီး..သူရဲကောင်း ခုနှစ်ယောက်က အမှောင်ထုကို ပိတ်လှောင်ထားတဲ့ ကျိန်စာ ကျိုးပျက် သွားတာကို ဖော်ပြထားခဲ့တာပါ။
"ငါ လူသားရဲတိုက်ကို ပြန်မြင်ခဲ့ရတယ်။ဒီတစ်ကြိမ်တော့ ညဘက်မှာပဲ..။အထီးကျန်နေတဲ့ ကြယ်လေးတစ်ပွင့်က အနက်ရောင် ကောင်းကင်တွေအောက်မှာ တောက်ပနေခဲ့တယ်။သူ့ရဲ့ အလင်းရောင် အောက်မှာပဲ ရဲတိုက်ကြီးတစ်ခုလုံး မီးလောင်သွားခဲ့တယ်။မြစ်တစ်စင်းလို စီးဆင်းနေတဲ့ သွေးတွေက ခန်းမထဲမှာ အပြည့်ပဲ..။ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ရွှေရောင် ချပ်ဝတ်နဲ့ အလောင်းတစ်ခုကိုလည်း မြင်ခဲ့ရတယ်။အမျိုးသမီးတစ်ယောက်က..ကြေးလှံတစ်ချောင်းနဲ့ သားရဲအုပ်ကြီးတွေကြားထဲမှာ နစ်မြုပ်နေခဲ့တယ်။လေးသည်တော် တစ်ယောက်က ကောင်းကင်ပေါ်မှာ မြားတွေကို ပစ်ခတ်ဖို့ကြိုးစားနေခဲ့တယ်..."
ကောင်းကင်ပေါ်မှာ တောက်ပနေတဲ့ အထီးကျန်တဲ့ ကြယ်ပွင့်က နစ်ဖီပါ..။သူမက တောက်ပတဲ့ ရဲတိုက်ကြီးတစ်ခုလုံးကို သွေးတွေနဲ့ လွှမ်းမိုးစေခဲ့ပြီး..သူ့ရဲ့ အုပ်ချုပ်သူ ဖြစ်လာခဲ့ပါတယ်။ယင်းနောက်..ရဲတိုက်ကြီး မီးလောင်သွားတာကို ကြည့်ခဲ့ကြရတယ်။
ရွှေရောင် အကာအကွယ်နဲ့ ပလ္လင်ပေါ်မှာ သေဆုံးနေတာက..ဂန်လောင်ဖြစ်ပြီး..သူမရဲ့လက်နဲ့ပဲ သတ်ဖြတ်ခဲ့တာပါ။
ကြေးလှံရှည်ကိုင်ထားတဲ့ အမျိုးသမီး နဲ့ လေးသည်တော် က..ကြက်သွေးရောင် ထိပ်ဖျား တိုက်ပွဲမှာ တိုက်ခိုက်ခဲ့ကြတဲ့ အယ်ဖီ နဲ့ ကိုင် ရဲ့ ပုံရိပ်တွေပါ။
"အဆုံးမှာတော့ ငါက ဧရာမကြီးမားပြီး ကြောက်ဖို့ကောင်းတဲ့ မျှော်စင်ကြီးကို မြင်ခဲ့ရတယ်။သူ့ရဲ့ အောက်ဘက်မှာတော့ ဦးခေါင်းခုနှစ်လုံးက သော့ ခုနှစ်ခုကို စောင့်ကြပ်နေကြတယ်။ပြီးတော့..ထိပ်ဖျားမှာ..သေ..သေအံ့ဆဲဆဲဖြစ်နေတဲ့ နတ်သမီးက..ဆာလောင်နေတဲ့ အမှောင်ထုရဲ့ ဝါးမြိုခြင်းကို ခံနေရတယ်..။နတ်သမီး သွေးထွက်တာကို မြင်ရတဲ့ အချိန်တိုင်းမှာ..ငါ ရုတ်တရက်...စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရတဲ့ အဖိုးတန်တဲ့ အရာတစ်ခုကို ငါ့ဆီကနေ ယူသွားခံနေရသလို ခံစားခဲ့ရတယ်"
သော့ခလောက် တွေကို စောင့်ကြပ်နေတဲ့ ဦးခေါင်းခုနှစ်လုံးဆိုတာက..ဆန်နီ အမှောင်ထုကို ပိတ်လှောင်တဲ့ အချိန်မှာ အသုံးပြုတဲ့ ကြယ်ပွင့်လေးတွေကို စိုက်ကြည့်နေကြတဲ့ ဦးခေါငိးတွေပါ။
ပြီးတော့..နိမိတ်အာရုံရဲ့..နောက်ဆုံးအပိုင်းကတော့..နားလည်ဖို့အတွက် သိပ်ပြီး မခက်ခဲတော့ပါဘူး..။
နစ်ဖီ က..သေအံ့ဆဲဆဲ နတ်သမီးဖြစ်ပြီး..ကတ်စီ ဆီကနေ ယူဆောင်သွားခြင်းခံနေရတဲ့ အဖိုးတန်တဲ့ အရာတစ်ခုပါ။သူမကို ဝါးမြိုနေတဲ့ ဆာလောင်နေတဲ့ အရိပ်တွေက တော့ ဆန်နီ ကိုယ်တိုင် ဖြစ်နေခဲ့ပါတယ်။
ဒါက သူတို့ရဲ့ ကံကြမ္မာပါပဲ။
"ပြီးတော့ ..ငါက အရမ်းကို ဝမ်းနည်း ၊ နာကျင် ၊ ဒေါသ ထွက်ခဲ့ရပြီး..ငါ့မှာ ကျန်ရှိနေတဲ့ အသိစိတ်နည်းနည်းလေးတောင် ပျောက်ကွယ်သွားမတတ်ဖြစ်ခဲ့ရတယ်။ပြီးတော့ ငါ နိုးထလာခဲ့တယ်..လို့ ထင်တာပဲ.."
ဒါက ကတ်စီ သူတို့ကို နောက်ဆုံးပြောကြားခဲ့တဲ့ အရာပါ..။
..နစ်ဖီကို ကြည့်နေရင်း ဆန်နီ သက်ပြင်းချကာ တစ်ဖက်ကို လှည့်လိုက်တယ်။
"ငါ နင့်ကို သတ်ိပေးခဲ့တယ်လေ..မဟုတ်ဘူးလား..။ဒီ ပုံပြင်က အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးလို့ ငါ မပြောခဲ့ဘူးလား..။အဲဲဒီမှာ ..ဝမ်းနည်းမူ ၊ နာကျင်မူ နဲ့ ဒေါသထွက်မူ တွေပဲ ရှိနေလိမ့်မယ်..။နင် ငါ့ကို ဘာပြန်ဖြေခဲ့လဲ ဆ်ိုတာကိုရော မှတ်မိလား.."
ဒီအရာက..နစ်ဖီ သူ့ကို စွန့်စားခန်းမှာ ပူးပေါင်းဖို့ တောင်းဆိုတုန်းက သူ ပြောခဲ့တဲ့ အရာတွေပါ။
အဲ့အချိန်တုန်းက သူတို့နှစ်ယောက်က အဆုံးသတ်မှာ ရန်သူတွေ ဖြစ်လာနိုင်တယ် ဆိုတာကို သေချာသလောက် နီးပါး ရှိနေခဲ့ပြီးပါပြီ။
လုနီးပါး....အဲဲဒီ ကျိန်စာသင့်နေတဲ့ စကားလုံး..။ဒီစကားလုံးက ဘယ်လောက်ပဲ သေးငယ်နေပါစေ..သူ့ကို မျှော်လင့်ချက်ပေးထားခဲ့တဲ့ အရာပါပဲ။သူ မှားနေခဲ့လိမ့်မယ် လိုပဲ မျှော်လင့်ထားခဲ့တာပါ။
သို့ပေမယ့်..အဲဲဒီမျှော်လင့်ချက်အပြင်..ဆန်နီက ဒီအခိုက်အတန့် အတွက် အချိန်အကြာကြီးကတည်းက ပြင်ဆင်ထားခဲ့ပါသေးတယ်။
သူက နစ်ဖီ နဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ် ဆိုတာကို သိနေခဲ့တာကြောင့်..သူတော်စင်ရဲ့ သေသပ်မူရှိတဲ့ ဟန်ပန် တွေကို သူ့ရဲ့ နည်းစနစ်ထဲကို ပေါင်းထည့်ခဲ့ပါတယ်။ဒါကြောင့်လည်း သူက နေ့ရော ညရော မနားမနေ လေ့ကျင့်ခဲ့ပြီး..နာကျင်မူ တွေ ပင်ပန်းမူ တွေကို တောင့်ခံခဲ့တာပါ။တကယ်လို့ သူ့ ရဲ့ ကျွမ်းကျင်မူ တွေက သူမ သင်ကြားပေးခဲ့တဲ့ နည်းစနစ် တွေမှာပဲ မှီခို နေမယ်ဆိုရင်..သူမကို အနိုင်ယူဖို့ သူ့မှာ ဘယ်လို အခွင့်အရေး ရှိတော့မှာလဲ..။
ဒါကြောင့်လည်း သူက မုဆိုးရုပ်ထုရဲ့ အမြင့်ဆုံးနေရာကို တစ်ယောက်တည်း တက်သွားပြီး..တစ်ညလုံးကုန်ဆုံးနေခဲ့တာပါ။မလွဲမသွေဖြစ်လာမယ့် သူ့ရဲ့ အနာဂတ်အတွက်ပြင်ဆင်နေခဲ့တယ်။မကြာခင်မှာ သူ နစ်ဖီကို သတ်ရတော့မယ် ဆိုတဲ့ ဆိုးဝါးတဲ့ အမှန်တရားကို လက်ခံဖို့ သူ့ကိုယ်သူ ဖိအားပေးနေခဲ့တယ်။
ဒါကြောင့်လည်း ပြောင်းလဲနေတဲ့ကြယ်ပွင့် သူ့ကို ကုသပေးမှာကို ငြင်းဆန်ခဲ့တာပါ။အနာဂတ်မှာ သူမကို သတ်မယ့်လူဆိုတာကို သိနေရက်နဲ့..ဒီလူအတွက် အဖြူရောင် မီးတောက်တွေရဲ့ နိုပ်စက်တဲ့ ဒဏ်ကို တောင့်ခံစေဖို့ သူဘယ်လိုလုပ် ခွင့်ပြုပေးနိုင်မှာလဲ..။
ဒါကြောင့်ပဲ..သူက နစ်ဖီရဲ့ လျိုဝှက်အစီအစဥ်တွေကို သိရှိဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး..သူ့ရဲ့ အခန်းဂဏ္ဍ ကို အပြင်လူတစ်ယောက် အဖြစ်သာ လုပ်ဆောင်နေခဲ့တာပါ။သူ ဒါကို သိနေခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်..ဒီလို အခြေအနေရောက်တဲ့ အချိန်မှာ..သူတို့အချင်ချင်း တိုကိခိုက်ဖို့အတွက် တွန်းအားပေးခြင်း ခံရမယ် ဆိုတာကိုပါ..။
ကံတရား...ကံတရား က ကြောက်စရာ အကောင်းဆုံးရန်သူ တစ်ယောက်ပါပဲ..။သူက တစ်ခြားသူတွေထက် ကောင်းကောင်း သိထားပါတယ်။
အဆုံးမှာ ကံတရားကပဲ အမြဲတမ်း အနိုင်ယူသွားမှာပါ။
သူ့ကို အနိုင်ယူဖို့ဆိုတာက မဖြစ်နိုင်လုနီးပါး ပါပဲ။
..နစ်ဖီဟာ အနည်းငယ်လှုပ်ရှားပြီး သူ့ကိုကြည့်ကာ..ပြန်ဖြေလိုက်တယ်။သူမရဲ့ အသံက ထူးဆန်းွာပဲ ကြေကွဲနေခဲ့ပါတယ်။
"...ဘဝက ပုံပြင်တစ်ပုဒ် မဟုတ်ဘူး..။ဒါက နင် သေဆုံးသွားတဲ့ အချိန်မှပဲ အဆုံးသတ် လိမ့်မယ်.."
ဆန်နီ ပြုံးလိုက်ပြီး..
"ဒီတော့....နင် သေဖို့အတွက် အဆင်သင့်ဖြစ်ပြီလား.."
အဖြူရောင် အလင်းစက်ကလေးတွေက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ မျက်လုံးထဲမှာ တောက်လောင်လာခဲ့ပြီး ပြန်ဖြေလိုက်တယ်။
" နင် ရော..အသင့်ပဲလား.."
ပြန်ဖြေရမယ့်အစား ၊ ဆန်နီဟာ သန်းခေါင်ယံအမြုတေကို ထုတ်ယူလိုက်ပြီး အပေါ်ကို မြှောက်ကာ တိုက်ခိုက်ဖို့ အသင့်အနေအထားလုပ်လိုက်ပါတယ်။
သူ့ရှေ့မှာတော့ နစ်ဖီလည်း အသင့်အနေအထား လုပ်လိုက်တယ်။သူမရဲ့ ငွေရောင်ဓားက မျက်စိကျိန်းမတတ် အလင်းရောင်တွေ ထွက်ပေါ်နေခဲ့ပါတယ်။
ဒါပေါ့..သူတို့နှစ်ယောက်လုံးက တစ်ဖက်လူကို သတ်ဖို့ စီစဥ်ထားခြင်း မရှိကြပါဘူး..။အနည်းဆုံးတော့ အနိုင်ရသူ က ထွက်ပေါက်ကို ဖြတ်သွားတဲ့ အချိန်အထိ ..တစ်ဖက်လူကို အသက်ရှင်နေစေဖို့ လိုအပ်ပါသေးတယ်။ပြီးတဲ့နောက်မှာ ရှုံးနိမ့်သူက ဘယ်လောက်ကြာအောင် ရှင်သန်နိုင်မှာ မို့လို့လဲ..။အထူးသဖြင့်..သူတို့က ပြန်ပြီး ခုခံနိုင်စွမ်း မရှိတဲ့အထိ ရိုက်နှက်ခံထားရတဲ့ အချိန်မှာပေါ့..။
ဒီနေရာမှာ ကျန်ရစ်ခဲ့ရတာက သေခြင်းတရားပဲ စောင့်ကြိုနေပါလိမ့်မယ်..။
...ဧရာမကြီးမားတဲ့ ရှေးဟောင်း တာဝါကြီးက သူတို့ပတ်ဝန်းကျင်မှာ တုန်ခါနေတုန်းမှာပဲ..
အပျက်အစီးတွေကြားထဲမှာ ဟန်ချက်ထိန်းရင်း..
အလင်းမှပျောက်ဆုံးသူ နဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်
တို့က ..တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ ဓားတွေကို ပြင်ဆင်နေကြပါပြီ...။