အရိပ်များနှင့် အလင်းရောင်
Vol. 23 Ch. 345
# ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ နဲ့ နစ်ဖီ တို့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့ကြတယ်။သူတို့ရဲ့ အကြည့်တွေဆုံ မိတဲ့နေရာက တင်းမာလွန်းနေတာကြောင့်..လေထုတောင် အသံတွေ မြည်လာခဲ့ပါတယ်။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဒဏ်ရာတွေထဲကနေ ထွက်ပေါ်နေတဲ့ အဖြူရောင် မီးတောက်တွေက..ရုတ်တရက်..ဒေါသတကြီးတောက်ပလာခဲ့ပြီး သူမ ရဲ့ ဒဏ်ရာတွေကို ပိတ်သွားစေခဲ့တယ်။သို့ပေမယ့် ပြီးတဲ့နောက်မှာတော့ ဒါက အားနည်းပြီး ပျောက်ကွယ်သွားကာ..သူမရဲ့ ဝိဥာဥ်ပင်လယ်ထဲကို ပြန်ဝင်သွားခဲ့ပါတယ်။ငယ်ရွယ်တဲ့ မိန်းကလေးရဲ့ မျက်နှာက နာကျင်မူကြောင့် ရှုံ့မဲ့သွားတဲ့ အချိန်မှာတော့..မှိန်ပြတဲ့ အလင်းရောင်တွေက သူမရဲ့ ဆင်စွယ်ရောင် အရည်ပြားထဲကနေ ထွက်ပေါ်လာခဲ့တယ်။
တစ်ချိန်တည်းမှာပဲ..အရိပ်က စီးဆင်းလာခဲ့ပြီး ဆန်နီရဲ့ ခန္တာကိုယ်မှာ ရစ်ပတ်လိုက်ကာ..သူ့ရဲ့ ခွန်အား နဲ့ ဖြတ်လတ်မူ တွေကို မြင့်တက်လာစေခဲ့တယ်။သူက အသက်ကို ဝအောင် ရူလိုက်ပြီး..အနည်းငယ်လှုပ်ရှားကာ..သူ့ရဲ့ အလေးချိန်ကို ခြေထောက်တစ်ဖက်ကနေ တစ်ခြား တစ်ဖက်ဆီကို ပြောင်းလိုက်တယ်။
'ဒါ...ဒါက ဘယ်လို အဆုံးသတ်နိုင်မလဲ..'
သူ့ရဲ့ အတွေးတွေ အပြည့်အဝ ဖြစ်ပေါ်မလာခင်မှာပဲ ဆန်နီဟာ..ဒါကို ရက်စက်စွာ ဖျက်ဆီးလိုက်ပြီး..သူ့စိတ်ထဲကနေ ဖယ်ထုတ်လိုက်ပါတယ်။
ဒီဟာက သူ့ရဲ့ အစစ်အမှန် ကမ္ဘာဆီကို ပြန်မယ့် လမ်းကြောင်းအတွက် ..နောကိဆုံးသော အဟန့်အတား ဖြစ်တယ်။သေဆုံးသွားစေနိုင်တဲ့ အတားအဆီး ဆိုရင်လည်း မမှားပါဘူး။ဆန်နီဟာ မေ့ပျောက်ကုန်းမြေပေါ်မှာ ကြောက်မက်ဖွယ်ရာ သတ္တဝါတွေ အများကြီးနဲ့ တိုက်ခိုက်ခဲ့ပေမယ့်..ဘယ်တစ်ခုကမှ ပြောင်းလဲနေတဲ့ကြယ်ပွင့် လောက် ကြောက်မက်ဖွယ်ကောင်းပြီး..အန္တရာယ် မများခဲ့ပေ..။ဒါက သူ့ရဲ့ အခက်ခဲဆုံး တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာပါ။
အနိုင်ရဖို့ အတွက် ဆိုရင် သူက လုံးဝကို ရှင်းလင်းပြီး အပြည့်အဝ အာရုံစိုက်ထားဖို့ လိုအပ်တယ်။သူက တစ်ခုခုကို ခံစားမိတာ...တစ်ခုခုကြောင့် အနှောက်အယှက်ဖြစ်စေတာ မျိုးတွေကို ခွင့်မပြုထားသင့်ပါဘူး.။
သံသယ မရှိ ၊ ကြောက်ရွံ့မူ မရှိ ၊ နောင်တ မရှိ ၊ သနားညှာတာမူ မရှိ။
ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ..။ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ပဲ..။
အနိုင်ရဖို့ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေ ။
ရှေးဟောင်း အခန်းရဲ့ ခေါင်းမိုးပေါ်ကနေ ကျဆင်းလာတဲ့ နေရောင်မှာ..ဖုန်မှုန့်တွေ တောက်ပနေစဥ်မှာ..၊ ထူးခြားတဲ့ အရိပ်တွေက မျှော်လင့်ချက်တွေ နဲ့ ပြည့်နှက် နေစဥ်မှာ...နစ်ဖီဟာ သူမရဲ့ ဓားကို ပုခုံး အပေါ်အထိ မြောက်လိုက်တယ်။
အဖြူရောင် မီးတောက် တွေက..သူမရဲ့ မျက်လုံးတွေထဲမှာ..တောက်ပနေခဲ့တယ်။
ယင်းနောက် သူမက ရုတ်တရက် ရှေ့ကို တက်လာခဲ့ပါတယ်။
' လျင်မြန်တယ် '
သို့ပေမယ့် ဆန်နီ လှုပ်ရှားလို့ မရလောက်အောင် အထိတော့ မြန်ဆန်မနေခဲ့ပါဘူး..။သူ သန်းခေါင်ယံ အမြုတေကို မြှောက်လိုက်ပြီး သူမရဲ့ ဒေါသတကြီး တိုက်ခိုက်လာမူကို တားဆီးထားလိုက်တယ်။
သက်ရောက်လာတဲ့ အားက..သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးကိုတောင်..အံ့ဩသင့်စွာ တုန်ရီ သွားစေခဲ့ပါတယ်။
ဒါက သူ့ရဲ့ ဓားက..တောင်ကြီး တစ်တောင်နဲ့ ထိတွေ့သွားခဲ့သလို ခံစားလိုက်ရတာပါ။
သူတို့ရဲ့ ဓားက အချိန်ခနလောက် ထိတွေ့နေပြီးကာမှ ပြန်ကွဲထွက်သွားခဲ့တယ်။ချက်ချင်း ဆိုသလိုပဲ ငွေရောင် ဓားရှည်က အရောင်လက်လာခဲ့ပြီး မထင်မှတ်ထားတဲ့ နေရာကနေ တိုးဝင်လာခဲ့ပါတယ်။.ပြီးတော့..နောက်တစ်ကြိမ်...နောက်ထပ်...နောက်ထပ်။
ဆန်နီဟာ ပျာယာခတ်စွာ ခုခံကာကွယ်နေရပြီး..လျှင်မြန်တဲ့ လှုပိရှားမူတွေနဲ့ တားဆီးတာတွေ ၊ လွှဲခုတ်တွေကို လုပ်နေခဲ့ရပါတယ်။သူ အကာင်းဆုံးကြိုးစားနေခဲ့တာတောင်မှ တစ်ချက်ချင်းစီ တိုင်းမှာ သူက အနည်းငယ် ယိုင်နဲ့ နေခဲ့ပါသေးတယ်။အပြည့်အဝ အင်အားပြင်းတဲ့ ဟာရီကိန်းရဲ့ ရိုက်ချက်ကို ခံလိုက်ရတဲ့ လူတစ်ယောက်လိုမျိုး..တစ်ချက်ချင်းစီတိုင်းက သူ့ရဲ့ အရိုးတွေကို တုန်ခါပြီး နာကျင်စေပါတယ်။
'ဘယ်လို...ဘယ်လိုဖြစ်ပြီး..သူမက ဒီလောက် သန်မာနေတာလဲ...'
နစ်ဖီက ဘယ်လိုဖြစ်ပြီး အရမ်းသန်မာနေတာလဲ..။သူမက ဘာလို့ ဒီလောက်မြန်နေတာလဲ..။သူမက ဘာလို့ ဒီလောက် ခံနိုင်ရည်ရှိတာလဲ...။
ဒါက အဓိပ္ပါယ် မရှိပေ..။
အခုချိန်မှာ ဆန်နီရဲ့ အမြုတေက ပြည့်နှက်နေခဲ့ပြီး..ရုပ်ပိုင်းဆိုင်ရာမှာ လူသားတစ်ယောက် ရောက်နိုင်တဲ့ အကန့်အသတ်ရဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့တာပါ။သူ့ ရဲ့ ခွန်အားတွေကို အရိပ်ရဲ့ အားဖြည့်မူနဲ့ နှစ်ဆလောက် မြင့်တင်ထားတာကြောင့်..သူက သာမန် အိပ်စက်သူ တစ်ယောက်ထက်..နိုးထသူ တစ်ယောက်နဲ့တောင် တူနေပါသေးတယ်။သူ့ရဲ့ ခွန်အား တွေကို အသွင်ပြောင်း လူသားတစ်ယောက်က တောင့်ခံနိုင်မှာ မဟုတ်ပေ..။
ဒါတောင်မှ ပြောင်းလဲနေတဲ့ကြယ်ပွင့်က ဒီလို လုပ်နေနိုင်ပါသေးတယ်။ထပ်ပြောရရင် သူမက သူ့ထက် ပိုပြီး သန်မာနေခဲ့တာပါ။သူမက လူသားတစ်ယောက်ထက် စာရင် အိပ်မက်ဆိုး သတ္တဝါ နဲ့တောင် ပိုပြီး တူနေခဲ့တယိ။သူမရဲ့ လှုပ်ရှားမူတွေက လျှပ်စီးလို မြန်ဆန်တယ်...သူမရဲ့ ခွန်အားက ကြောက်မက်ဖွယ်ကောင်းတယ်။ပြီးတော့..သူမ နည်းစနစ်တွေက အပြစ်အနာအဆာ ကင်းတယ်။ဒါက သူ့အတွက် အမှားသေးသေးလေးတောင် ရှာဖွေလို့ မရစေပါဘူး။
...အိပ်စက်သူတွေက ဒီလောက်အထိ သန်မာနေဖို့ ဆိုတာ မဖြစ်နိုင်ပေ..။ဒါက ရိုးရှင်းစွာပဲ မဖြစ်နိုင်တာပါ။
ဒါတောင်မှ..တစ်နည်းအားဖြင့်..လွဲမှားနေပါသေးတယ်။
' မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး..'
နောက်ထပ် တိုက်ခိုက်မူ တစ်ခုကို ခုခံရင်း ဆန်နီ အံကိုကြိတ်ထားကာ ဘေးဘက်ကို တိုးလိုက်တယ်။ရန်သူရဲ့ အကာအကွယ်မှာ ဖြစ်ပေါ်လာတဲ့ လစ်ဟာမူတွေကို တိုက်ခိုက်ဖို့ သူက မျှော်လင့်ခဲ့တာပါ။သို့ပေမယ့် သူက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ရက်စက်တဲ့ ဓားနဲ့သာ မိတ်ဆက်သွားခဲ့ရတယ်။သူမ ရဲ့ လျစ်ဟာမူက ဟန်ပြသာဖြစ်ပြီး...ဒါက သူ့လက်တစ်ဖက်ကို ဆုံးရှုံးရလု မတတ်ဖြစ်စေပါတယ်။
' တစ်ခုခုကတော့ အတော်လေးကို မှားနေပြီ..'
သူမရဲ့ အဖြူရောင်မီးတောက် အားဖြည့်မူက ..သူ့ရဲ့ အရိပ်ထက်ပိုပြီး သန်မာတယ်လို့ ထင်ရနိုင်ချေ ရှိနေခဲ့တယ်။သို့ပေမယ့် နစ်ဖီ ရဲ့ အလင်းတန်းတွေက သူ့ရဲ့ ရုပ်ပိုင်းဆိုင် တိုးမြင့်မူထက် ပိုသန်မာတယ် ဆိုတာကို ဆန်နီ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး..။သူမနဲ့ ဂန်လောင်တို့ရဲ့ တိုက်ပွဲကနေ လေ့လာမူအရ..ဒီအခြေအနေက အကြမ်းအားဖြင့် တူညီနေခဲ့တယ်။ဒါမှမဟုတ်..ဒါက အနည်းငယ်ပိုပြီး တွန်းအားဖြစ်စေပါတယ်။သူက မောပန်းနေတဲ့ အချိန်မှာ နစ်ဖီကို ဘယ်တော့မှ မခွင့်အရေး မပေးသင့်ပါဘူး..။
တစ်နည်းအားမြင့်..နစ်ဖီက တစ်စ တစ်စ ပိုသန်မာလာနေခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်လိုမျိုးလဲ..။
...အနည်းဆုံးတော့ ငွေရောင် ဓားက..ဖျက်ဆီးလိုတဲ့ အလင်းတန်း တွေ နဲ့ တောက်လောင်မနေခဲ့ပေ။တကယ်လို့သာ ဒီလိုဖြစ်နေမယ် ဆိုရင် သန်းခေါင်းယံ အမြုတေက ကျ်ိုးပဲ့သွားတာ ဒါမှ မဟုတ် ထိခိုက်သွားတာ ဖြစ်နိုင်ပါတယ်။ဒီအချက်အရဆိုရင်တော့ ကံတရားက ဆန်နီ ဘက်မှာ ရှိနေပါသေးတယ်။
သူတို့သည် ဓားချက်ပေါင်းများစွာ ဖလှယ်လိုက်ကြပြီး..ခနလောက် ရပ်နားကာ..ပြန်လည် တိုက်ခိုက်နေကြပြန်တယ်။ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဓားက ရှေ့ကို တိုးထွက်လာပြီး ဆန်နီ ရဲ့ မျက်နှာနဲ့ မီလီမီတာ အနည်းငယ် အကွာလောက်ကနေ လွဲချော်သွားခဲ့တယ်။ဆန်နီကတော့ သူ့ပါးပြင်ပေါ်မှာ နွေးထွေးတဲ့ ခံစားချက်ကို ရလိုက်ပါတယ်။သေးငယ်တဲ့ ပြတ်ရှရာလေး ပေါ်လာခဲ့ပြီး သွေးထွက်လာခဲ့တာပါ။
တကယ်လို့ ညာဘက်ကိုသာ နည်းနည်းရောက်ခဲ့ရင် သူ့ရဲ့ မျက်လုံးတစ်ဖက် ဆုံးရှုံးသွားပါလိမ့်မယ်။
တုန်လှုပ်သွားတဲ့ ဆန်နီဟာ ဓားကို ဘေးကိုလွှဲပြီး နစ်ဖီရဲ့ သူ့လည်ပင်းကို တိုက်ခိုက်မူကို ကာကွယ်လိုက်တယ်။ပြီးတာနဲ့ ရှေ့ကို တိုးပြီး သူမကို သူ့ရဲ့ ပုခုံးနဲ့ ဝင်တိုက်ဖို့ ကြိုးစားလိုက်ပါတယ်။
ပြောင်းလဲနေတဲ့ကြယ်ပွင့်က...ဘေးဘက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး သူမရဲ့ ဓားကို အောက်ကို နိမ့်ချလိုက်တယ်။ဒါက ဆန်နီကို ကြပ်တည်းတဲ့ အနေအထားကနေ ခုခံရအောင် တွန်းအားပေးခဲ့ပါတယ်။
" ချီးပဲ..."
သူတို့ရဲ့ ကြမ်းတမ်းတဲ့ ထိတွေမူ တွေက..ဒေါသတကြီးပြီး..လှပနေလောက်မှာပါ..။သူတို့နှစ်ယောက်စလုံးက မယုံနိုင်စရာ အမြန်နှုန်း နဲ့ ရွေ့လျားနေကြပြီး ကြောက်မက်ဖွယ်ရာ ခွန်အားတွေကို ပိုင်ဆိုင်ထားခဲ့ကြတယ်။သူတို့နှစ်ယောက်လုံးက တိုက်ပွဲပေါင်းရာနဲ့ချီပြီး ဖြတ်သန်းခဲ့ရတဲ့ ကျွမ်းကျင်ပြီး ၊ အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမား တွေပါ။
တစ်ယောက်က အမှောင်ထု နဲ့ အရိပ်တွေ ၊ တစ်ခြားတစ်ယောက်က..တောက်ပမူ နဲ့ အလင်းရောင်။
သို့ပေမယ့် စစ်မှန်တဲ့ တိုက်ခိုက်မူက တစ်ခြားတစ်နေရာမှာ ဖြစ်ပေါ်နေခဲ့တယိ။ဒါက မျက်လုံးနဲ့ မမြင်ရတဲ့ နေရာမှာပါ..။ဒီတိုကိခိုက်မူက..ခန္တာကိုယ် ခွန်အားနဲ့ နည်းစနစ် ထက်စာရင်..ဗျူဟာ နဲ့ အမြှော်အမြင်လို့ ပြောရမှာပါ။
ဘာပဲဖြစ်ဖြစ်..တိုက်ခိုက်ရေးသမားတစ်ယောက် အနေနဲ့ ကျွမ်းကျင်ဖို့လိုအပ်တဲ့ အရာက သူတို့ရဲ့ စိတ်နဲ့ ခန္တာကိုယ် နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ဖို့ပါ။
နစ်ဖီက..ပုံမှန်မဟုတ်လောက်အောင် မြန်ဆန်ပြီး သန်မာပေမယ့်..သူမကို သေလောက်အောင် ဖျက်ဆီးအား ပြင်းစေတဲ့ အရာက သူမရဲ့ တိုက်ပွဲ ဥာဏ်ရည် ၊ တိုက်ပွဲတစ်ခုရဲ့ ဥပဒေသ တွေနဲ့ နည်းစနစ်တွေကို နားလည်နိုင်စွမ်းတွေကြောင့်ပါ။
ဒီလို ပိုင်ဆိုင်ထားမူကြောင့်..သူမက သူမရဲ့ ရန်သူက နောက်ထပ် ဘယ်လိုတိုက်ခိုက်မူမျိုး ပြုလုပ်တော့မယ် ဆိုတာကို ခန့်မှန်းနိုင်နေပါတယ်။ဒါက သူတို့တောင် မသိသေးခင် အချိန်မှာပါ။သို့ပေမယ့် ဒါတင် အကုန် မဟုတ်သေးပါဘူး..။နစ်ဖီ ရဲ့ ကြောက်စရာ အကောင်းဆုံးအချက်က..သူမက ဒီနားလည်မးကနေ တဆင့် ရန်သူရဲ့ တိုက်ခိုက်မူ ပုံစံကို ခြယ်လှယ်ပြီး ရုပ်သေးရုပ် တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိတာပါ။သူမက တိုက်ပွဲရဲ့ စီးဆင်းမူကို လုံးဝကို ထိန်းချုပ်ထားနိုင်ပါတယ်။
အရိပ်တွေက သူ့ရဲ့ နယ်ပယ်ဖြစ်သလို မျိုး တိုက်ပွဲက သူမရဲ့ ကိုယ်ပိုင်နယ်မြေပါ။
သို့ပေမယ့် ဆန်နီကလည်း..သူငယ်နှပ်စား တစ်ယောက် မဟုတ်ပေ..။သူကလည်း လှည်စားတဲ့ နေရာမှာ ကျွမ်းကျင်အဆင့် တစ်ယောက်ပါ။
သို့ပေမယ့် ပိုပြီးအရေးကြီးတာက..သူ့မှာ လုံလောက်တဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပြီး နစ်ဖီီကိုလည်း ကောင်းကောင်း သိထားပါတယ်။ဒါက နစ်ဖီီကို ပြန်လှည့်စားဖို့ မစွမ်းဆောင်နိင်ရင်တောင်..အနည်းဆုံး သူ့ကိုယ်သူ ထောင်ခြောက်ထဲ ရောက်မသွားအောင် ကာကွယ်ထားနိုင်ခဲ့တယ်။
ဒါကြောင့်လည်း စက္ကန့်ပေါင်းများစွာကြာပြီးတာတောင် သူတို့နှစ်ယောက်စလုံးက ပြင်းထန်တဲ့ ဒဏ်ရာ မရှိပဲ ဖြစ်နေခဲ့တာပါ။ဆန်နီဟာ ခုခံကာကွယ်မူ တစ်ခုတည်းမှာ ပိတ်မိနေပြီး..အရာရာတိုင်းမှာ အောက်ဘက်ရောက်နေပေမယ့်..ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ကြောက်မက်ဖွယ်တိုက်ခိုက်မူတွေကို ထိန်းထားနိင်ပါသေးတယိ။
အနည်းဆုံးတော့ အခုထိပေါ့..။
နောက်ဆုံးတော့ သူတို့နှစ်ယောက် လူကွဲသွားကြပြီး နောက်ကို ဆုတ်ကာ ခနလောက် ရပ်နေခဲ့ကြတယ်။
ဆန်နီက အသက်ကို အမောတကော ရူနေပြီး သူ့ရဲ့ သွေးစွန်းတဲ့ မျက်နှာက ခါတိုင်းထက်တောင် ဖြူဖျော့နေခဲ့တယ်။နစ်ဖီက သူ့ကို ပြုံးကာ ကြည့်နေခဲ့ပါတယ်။သူမရဲ့ အသက်ရူမူကလည်းမြန်ဆန်ပြီး နာကျင်နေပုံပါပဲ။
တကယ်လို့ ဒီဟာသာ ဒရမ်မာတစ်ခု ဆိုရင် အခုလိုအချိန်မှာ စကားတွေပြောပြီး ..သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမူကို ဖော်ပြကြမှာပါ။သူတို့ရဲ့ ရန်သူကို ချီးကျူးတာ ဖြစ်ဖြစ်..စော်ကားပြောဆိုတာ ဖြစ်ဖြစ်။ဒါမှမဟုတ် စိုးရိမ်မူတွေ ရှိမနေကြောင်းကို ဟာသလုပ်ပြီး ပြောဆိုကြဦးမှာပါ။
သို့ပေမယ့် အခုက မဟုတ်ပါဘူး..။ဒါက ဒရမ်မာ ဇာတ်ကားထဲ ရောက်နေတာ မဟုတ်ပေ..။သူတို့ ပြောဖို့ လိုအပ်တဲ့ အရာတိုင်းက ပြောပြီးသွားကြပါပြီ။အခုတော့ နောက်ပြန်ဆုတ်မယ့် လမ်းဆိုတာ မရှိတော့ပါဘူး။
ကျန်ရှိနေတာ ဆိုလို့ ကြမ်းတမ်းမူတွေပါပဲ။
နစ်ဖီကိုကြည့်ပြီး..ဆန်နီဟာ လှည့်ဖြားတဲ့ အပြုံးတစ်ခုကို ဖိနိပ်ထားခဲ့ရတယ်။
ဂုဏ်ယူရတဲ့ အင်မော်တယ် မီးတောက်ကလန်ရဲ့ သမီးတော် မှာ တစ်ခုခု ပြောင်းလဲသွားခဲ့ပါပြီ။ဒီ ရက်စက်တဲ့ တိုက်ပွဲ စတင်ကတည်းက သူ စောင့်ဆိုင်းနေခဲ့ရတဲ့ အရာပါ။
အဖြူရောင် မီးတောက်တွေနဲ့ ပိတ်ထားခဲ့တဲ့ သူမရဲ့ ဒဏ်ရာတွေကနေ သွေးတွေ ပြန်ပြီး စိမ့်ထွက်လာနေခဲ့တယ်။
ဒီလို သွေးထွက်လာတာနဲ့ သူ့ရဲ့လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ သွေးပန်းပွင့် အဆောင်က နောက်ဆုံးမှာ ပွင့်လန်း လာခဲ့ပြီး..သန်းခေါင်ယံ အမြုတေကို အဆုံးမရှိတဲ့ သွေးဆာမူတွေ ဖြည့်ဆည်း ပေးလာခဲ့ပါပြီ။