← Chapters

ငါ့စိတ်ထဲက တစ်ခုခု..

Vol. 47 Ch. 692

ငါ့စိတ်ထဲက တစ်ခုခု..

Vol. 47 Ch. 692

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် အဆင်မပြေ ဖြစ်နေခဲ့တယ်..။သို့ပေမယ့့်..သူ ဒီအတွက်တော့ စိတ်မကောင်း မဖြစ်ပါဘူး..။ဘာလို့လဲဆိုတော့..ဒါက သူ တန်ဖိုးရှိတဲ့ လူတစ်ယောကိ ဖြစ်လာလို့ပါ..။

အင်း..အရမ်း အံ့ဩဖို့ကောင်းတာကလည်း..အကုသိုလ် တစ်ခုလိုပါပဲလား...

ဝူယူလန်ဟာ..ဆိုင်သန့့်ရှင်းရေး လုပ်နေရင်းကနေ..လင်းဖန် ရဲ့ အမူအရာကို မြင်ပြီး ရယ်မောလိုက်တယိ..။

"အစ်ကိုလင်း..ဘာတွေ တွေးနေတာလဲ..."

လင်းဖန် ပြုံးလိုက်ပြီး..

"ကြည့်ရတာ..ငါ့ ပန်းချီကားတွေက..ပိုက်ဆံ အတော် တန်ကြေးရှိနေပြီ ထင်တယ်..။ဒါက ငါ့အတွက် အန္တရာယ် ရှိနိုင်တယ်လို့ မင်းထင်လား..."

ဝူယူလန် ပြုံးလိုက်ပြီး..

"အစ်ကိုလင်း အတွက် အန္တရာယ် ရှိလားတော့ မသိဘူး.ဒါပေမဲ့..လူတွေ အများကြီးက..အစ်ကိုလင်းဆီကို ပန်းချီဆွဲခိုင်းဖို့ လာကြမှာတော့..အမှန်ပဲ..."

"ငါ သူတို့ကို ဆွဲပေးမှာ မဟုတ်ဘူး..."

လင်းဖန် ပြောလိုက်တာပါ..။ပန်ချီလက်ရာတွေ..တန်ကြေးမြင့်တယ်ဆိုတာက..အကန့်အသတ်ရှိနေလို့ပါပဲ...။တကယ်လို့ သူ လူတိုင်းကို သာ ဆွဲပေးနေရင် ဘာတန်ကြေးမှ ရှိတော့မှာမဟုတ်ပေ..။

"ဟုတ်သားပဲ..နန်ရှမ်း ဂေဟာကို သွားပြီး..သစ်ပင်..ပန်းပင်လေး..စိုက်ပျိုးကြရအောင်..။အဲတာကို ဘယ်လိုထင်လဲ.."

လင်းဖန် မေးလိုက်တာပါ..။

သူ ၁၆ ခုမြောက် အသိပညာ အခန်း အကြောင်းတွေးမိတဲ့ အချိန်မှာ..အနည်းငယ်..စိတ်လှုပ်ရှား သွားခဲ့တယ်..။ဒါက အနည်းငယ် အဓိပ္ပါယ်ရှိပြီး..တစ်ခြား မစ်ရှင်တွေထက်လည်း အဆင်ပြေပါတယ်..။

"ကောင်းပြီလေ.."

ဝူယူလန် တွေဝေခြင်းမရှိပဲ ပြန်ဖြေလိုက်တယိ..။အစ်ကိုလင်း ..ပါနေသ၍ ဘယ်နေရာကို သွားရမလဲ ဆိုတာက အရေးမကြီးပါဘူး..။အစ်ကိုလင်းနဲ့တင် လုံလောက်နေပါပြီ..။

ယင်းနောက်..ရေမွှေးနံ့ တစ်ခုကို..ရလိုက်ကြတယ်..။လှပတဲ့ အရိပ်တစ်ခု ကို ဝင်ပေါက်မှာ တွေ့လိုက်ရပါတယ်..။

"ဟီးဟီး..အစ်ကိုလင်း..ညီမ ပြန်လာပြီ.."

ဝူရွှန်းယွဲ့..တံခါးဝမှာ ရပ်နေခဲ့ပြီး ပြုံးလိုက်ပါတယ်..။သူမ ကြည့်ရတာ နတ်သမီးလေး တစ်ပါးလိုပါပဲ..။သူမ ဖျော်ဖြေရေး လောကကို ဝင်သွားကတည်းက..သူမရဲ့ ပုံရိပ်က ပြောင်းလဲသွားခဲ့တာပါ..။တစ်ချက်ကြည့်လိုက်တာနဲ့..သူမက ဆယ်လီတစိယောက် ဆိုတာကို သိသာစေပါတယ်..။

"ဟင်..ရွှန်းယွဲ့..ဘယ်လ်ိုဖြစ်ပြီး ပြန်လာတာလဲ.."

လင်းဖန် အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..

"မင်းက အတော် အလူပ်ရှုပ်နေတာမလား..။မင်းကို တစ်လနေလို့ တစ်ခါတောင် မြင်ရတာ မဟုတ်ဘူး..."

ဝူရွှန်းယွဲ့ လျာလေးကို ထုတ်ပြလိုက်ပြီး..

"ညီမက ခွင့်တင်ထားပြီး..အားတာနဲ့ အစ်ကိုလင်း ဆီလာခဲ့တာလေ.."

ယင်းနောကိ..သူမ ဝူယူလန်ကို ကြည့်လိုက်ပြီး..

"အစ်မ ယူလန်ရော..ညီမကို လွမ်းနေတာလား.."

သူတို့ နှစ်ယောက် ဆက်ဆံရေးက..ကောင်းတယ် ဆိုပေမယ့့် လင်းဖန် ပါလာရင်တော့ သူတို့က ပြိုင်ဘက်တွေပါ..။လင်းဖန်ရဲ့နှလုံးသားကို ရတဲ့လူက ပိုပြီး..စွမ်းဆောင်နိုင်တဲ့ လူပါပဲ..။ဒါကြောင့်..သူတို့..သာမန်အားဖြင့့်..ညီအစ်မတွေလို ပေါင်းသင်းကြပေမယ့့်..လင်းဖန်ပါလာရင်တော့..ခြားနားသွားခဲ့ပါပြီ..။

ဝူယူလန် အကူညီမဲ့သွားခဲ့တယ်..။ဒီကလေးမက..ဘာလို့ ပြန်လာတာလဲ..။သူမက ဆယ်လီ ဖြစ်ပြီး အလုပ်တွေ ပိုများလာတယ်လိူ့ ပြောခဲ့တာ မဟုတ်ဘူးလား..။ကြည့်ရတာတော့ ဒီလို မဟုတ်တဲ့ ပုံပါပဲ..။

ယင်းနောက် ဝူယူလန်ဟာ..လင်းဖန် ရဲ့ ပုခုံးပေါ်ကို လက်နှစ်ဖက်တင်ကာ..နိုပ်ပေးလိုက်ပြီး..

"ဒါပေါ့..သတိရတာပေါ့..."

အမှန်တကယ်ပဲ..ဝူရွှန်းယွဲ့ဟာ သူမရဲ့ အပြုအမူကြောင့် မနာလိုာလိုဖြစ်သွားခဲ့တယ်..။

သို့ပေမယ့်..သူမ အစ်ကိုလင်းကို လက်််လျော့နိုင်ပါဘူး..။

ဖျော်ဖြေရေး လောကကို ရောက်ပြီးကတည်းက..သူမ ကောင်လေး ချောချောလေးတွေ အများကြီးကို မြင်ဖူးပေမယ့့်..သူတို့တွေ ဘယ်သူမှ အစ်ကိုလင်းကို မယှဥ်နိုင်ကြပေ..။

သူမက ဝမ်မင်ယန်ရဲ့ ကုမ္ပဏီကဖြစ်ပြီး..အစ်ကိုလင်းနဲ့လည်း ဆက်ဆံရေး ကောင်းပါတယ်..။အကျိုးဆက်အနေနဲ့ကတော့..ဝမ်မင်ယန် ရဲ့ ဂရုစိုက်ပေးမူ ကို ရထားပြီး အစွမ်းကုန် ကာကွယ်ပေးထားတာပါပဲ..။

အလုပ်မှာဆိုရင် ကောင်လေးတွေ အများကြီးက သူမရဲ့ နှလုံးသားကို ရဖို့ ဆွဲဆောင်ကြပေမယ့့်..ဘယ်သူမှ..မအောင်မြင်ကြပေ..။ဝူရွှန်းယွဲ့ဟာ အလုပ်ကို ကောင်းကောင်း လုပ်ပြီး ပိတ်ရက်မှာ..အစ်ကိုလင်း နဲ့ပဲ တွေ့ချင်ခဲ့တာပါ..။

သိူ့ပေမယ့့် သူမ အစ်ကိုလင်းနဲ့.မတွေ့တာ ကြာသွားရင် အစ်ကိုလင်းကို..ဝူယူလန် ပိုင်ဆိုင်သွားမှာလည်း စိုးရိမ်မိပါတယ်..။

ဘာပဲဖြစ်ဖြစ် သူတိိုနှစ်ယောက်က..ရက်စက်တဲ့ လူသတ်သမားတွေလိုပါပဲ..။

ထပ်ပြောရရင်..သူမတို့က..လက်ရှိ မျှမျှတတပြိုင်နေကြတာပါပဲ..။သူတို့ အစ်ကိုလင်းရ့ နှလုံးသားကို ရဖို့ တစ်ခုခု လုပ်ကြရပါမယ်..။ကျေးဇူးတင်စွာပဲ..အစ်ကိုလင်းအနားမှာ နောက်ထပ် မိန်းကလေး တော့ ရှိမနေခဲ့ပါဘူး..။

"ရွှန်းယွဲ့..ငါ့အတွက် ဒီမှာ အမြန်လက်မှတ်ထိုးပေးပါဦး.."

လူလိမ် ထျန် သူမရဲ့ စာရွက်နဲ့ ဘောပင်ပေးပြီး ပြောလိုက်တယ်..။

"နင်က ဆယ်လီ ဖြစ်နေပြီ ဆိုတော့..တွေ့ဖို့က အတော်ခဲယဥ်းတယ်လေ..."

ဝူရွှန်းယွဲ့ ချိုသာစွာ ပြုံးပြီး လက်မှတ်ထိုးပေးလိုက်တယ်..။လက်မှတ်က အတော်လှပပြီး..ဒါကို တစ်ယောက်ယောက်က ..ဒီဇိုက်းဖော်ပေးထားမှန်း သိသာပါတယ်..။

လူလိမ် ထျန် သူမ ရဲ့ အဝတ်အိတ်ကို အမြန်သယ်ပေးလိုက်ပြီး..

"အမြန်အထဲကိုဝင်..နင်က အခုဆို ဆယ်လီဖြစ်နေပြီလေ..။တစ်ကယ်လို တစ်ခြားလူတွေ မြင်သွားရင် လူတွေ ဝိုင်းလာလိမ့်မယ်..."

ကျောက်ကျန်းယန်..ဖုန်းကို ထုတ်ပြီး..ဝူရွှန်းယွဲ့နဲ့ ဓာတ်ပုံတွဲရိုက်လိုက်တယ်..။သူမ ဝိုက်ဘိုမှာ မျက်နှာရအောင် လုပ်ချင်လို့ပါ..။

လင်းဖန် ပြောလိုက်တယ်..။

"ရွှန်းယွဲ့ အလုပ် အခြေအနေ ဘယ်လိုရှိလဲ..အဲတာက ပင်ပန်းလား.."

ဝုရွှန်းယွဲ့ဟာ..အစ်ကိုလင်းရဲ့ ဂရုစိူက်တဲ့ မေးခွန်းကြောင့် ရင်ထဲအေးသလို ခံစားလိုက်ရပါတယ်..။

"ပင်ပန်းတယ်..အတော်ကို ပင်ပန်းတာ..။ဒါပေမဲ့..အခု အစ်ကိုလင်းဆီ ရောက်လာတော့..မပင်ပန်းတော့ဘူး.."

ဝူရွှန်းယွဲ့ပြုံးပြီး ပြောလိုက်တာပါ..။

လင်းဖန် ပြုံးပြီး ခေါင်းခါယမ်းလိုက်တယ်..။

"မင်းက ..မတွေ့တာကြာတော့ အတော်စကားတတ်လာတာပဲ..."

ဝူရွှန်းယွဲ့ ဆိုဖာပေါ် ထိုင်ပြီး ခြေထောက်ဆန့့်တန်းထားခဲ့တယ်..။

"အဲ့မှာ စီနီယာတွေ အများကြီး ရှိတာ အစ်ကိုလင်း သိမှာ မဟုတ်ဘူး..။ညီမ စကားတောင် မှားပြောလို့ မရဘူးလေ..။အဲတာကြောင့် ပြောမယ့့် စကားကိုဆို ရေးမှတ်ထားရတယ်.."

"အစ်ကိုကို ပြောင်းလဲ မပစ်နဲ့..။စကားမှားပြောတာများ ဘာအရေးကြီး တာ မို့လို့လဲ..။ငါတို့ မင်းဘက်မှာ ရှိတယ်..ဟုတ်ပြီလား.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။ဒီလောကက ဘယ်လောက် ခက်ခဲလဲ ဆိုတာကို သူသိထားပါတယ်..။အဲ့မှာက..ချနင်း ချင်တဲ့လူတွေမှ အများကြီးပါပဲ..။ဝူရွှန်းယွဲ့က အောင်မြင်နေပြီ ဆိုပေမယ့့် စီနီယာတွေ ရှေ့မှာတော့..သူက..ဆယ်လီ ပေါက်စ အဆင့့်ပဲ ရှိသေးတာပါ..။

ဥပမာ အနေနဲ့ ပြောရင် ယန်ဂျင် ရှေ့မှာပါ..။

ဝူရွှန်းယွဲ့ သူမကို မြင်တိုင်း လေးလေးစားစား ဆက်ဆံရမှာ အသေအချာပါပဲ..။

"ရွှန်းယွဲ့.ငါ သတင်းတစ်ခု ဖတ်မိတယ်..။မင်း ဆုပေးပွဲတက်ခုကို တက်တော့ ဘာလို့ ယန်ဂျင်ကို နှုတ်မဆက်တာလဲ..။အင်တာနက်မှာ လူတွေက..မင်း စီနီယာတွေ အပေါ် မလေးစားဘူးလို့ ပြောနေကြတယ်.."

လင်းဖန် မေးလိုက်တာပါ..။

ဝူရွှန်းယွဲ့ ရဲ့ မျက်နှာဟာ..ဒေါသထွက်သွားခဲ့ပြီး..

"အစ်ကိုလင်း..က သူမနဲ့ ပြသနာ တက်ထားတာလေ..။ညီမ သူနဲ့. မပတ်သက်ချက်ဘူး..။တစ်ခြားလူတွေ ဘာပြောပြော ညီမကတော့ ဂရုမစိုက်ိုက်ဘူး.."

"ဟားဟား.."

လင်းဖန် ရယ်မောလိုက်တယ်..။

"ဟုတ်တယ် ဟုတ်တယ်...သူနဲ့ တွေ့ရင် ဘာမျက်နှာသာမှပေးနေစရာ မလိုဘူး..။သူမ ပြသနာ ရှာရင် ငါ့ကိုသာ လာရှာလိုက်..."

ဝူရျွန်းယွဲ့..ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ..ညီမနောက်တစ်ခါ ကြိုးစားပါ့မယ်..."

အချိန်အတော်ကြာစကား ပြောပြီး နောက်မှာ..ဝူယူလန် သိပ်မပျော်တာကို လင်းဖန် သတိထားမိလိုက်ပါတယ်..။သို့ပေမယ့့် ဘာမှတော့ ဖြစ်မလာခဲ့ပေ..။ဘာလို့..ယူလန်က ဒီလိုဖြစ်နေတာလဲ..။

ဝူယာလန်ဟာ ဘေးနားမှာ ရပ်နေရင်းက ဝူရွှန်းယွဲ့ရဲ့ အောင်မြင်မူကြောင့့် စိတ်မကောင်း ဖြစ်နေခဲ့တယ်..။ဝူရွှန်းယွဲ့က အခုဆို အောင်မြင်တဲ့ ဆယ်လိီ တစ်ယောက်ဖြစ်နေခဲ့ပါပြီ..။

အစ်တာနက် မှာ ပြောနေကြစကားကတော့..အောင်မြင်တဲ့ မိန်းကလေးက ဆွဲဆောင်မူ အရှိဆုံးပါပဲ...။သိူ့ပေမယ့့် သူမကတော့ ဘာအောင်မြင်မူမှ မရှိပဲ ဆိုင်ထဲမှာပဲ..နေနေရပါတယ်..။သူမ အစ်ကိုလင်းနဲ့ အတူနေရပေမယ့့်..ဝူရွှန်းယွဲ့လောက်တော့ ဆွဲဆောင်မူ မရှိပေ..။

"ယူလန် ဘာဖြစ်လို့လဲ..

လင်းဖန် မေးလိုက်တာပါ..။

ဝူယူလန် ခေါင်းခါယမ်းလိုက်တယ်...။

"ဘာမှ မဟုတ်ပါဘူး..."

သူ အချိန်ကို ကြည့့်လိုက်တော့လည်း အတော်ကို နောက်ကျနေခဲ့ပါပြီ..။

ယင်းနောက် လင်းဖန် မတ်တပ်ရပ်လိုက်ပြီး..။

"ကောငိးပြီ..အားလုံးပဲ..ဝူရွှန်းယွဲ့ကို ကြိုဆိုတဲ့ဘအနေနဲ့ ညစာသွားစားကြရအောင်..."

သူတို့ အနီးနားက စားသောက်ဆိုင်တစ်ခုမှာ စားသောက်ဖို့ စုဝေးကြလိုက်ပါတယ်..။

ဆိုင်ထဲတွင်..။

လင်းဖန် သန့်စင်ခန်းထဲက ထွက်လာတဲ့ အချိန်မှာ ဝူယူလန် ကြောင်တောင်တောင် ရပ်နေတာမြင်ပြီး မေးလိုက်တယ်..။

"ယူလန် ..ဘာလို့..ကြောင်တောင်တောင်ကြီး ရပ်နေတာလဲ.."

"ဘာမှမဟုတ်ပါဘူး..တစ်ခုခုကို တွေးမိသွားလို့ပါ.."

ဝူယူလန် ပြောလိုက်တာပါ..။

လင်းဖန် အများကြီး တွေးမနေတော့ပဲ ပြန်ပြောလိုက်တယ်..။

"ကောငိးပြီ အမြန်ပြန်သွားရအောင်..အကုန်လုံးက စောင့်နေကြတယ်..."

"အင်း..."

ဝူယူလန် ခေါင်းညိမ့်လိုက်ပါတယ်..။သူမ လင်းဖန်ကို တစ်ခုခု မေးချင်ပေမယ့့်လည်း မမေးဖို့သာ ဆုံးဖြတ်လိုက်တယ်..။

All Chapters