ထွက်သွား..ငါ..ပန်းချီဆွဲပေးမှာမဟုတ်ဘူး..
Vol. 47 Ch. 693
#ဘာသာပြန် = စနိုးဝှိုက်
နေ့လယ်ဘက်တွင်
ဝူယူလန်နဲ့ ဝူရွှန်းယွဲ့ တို့ဟာ..လင်းဖန် အနားမှာ ကပ်နေကြပြီး..စိတ်လှုပ်ရှားစရာတွေ..ဆွေးနွေးနေခဲ့ကြတယ်..။
ကျောက်ကျန်းယန် လူလိမ်ထျိိန် အနားကို တိတ်တဆိတ်ကပ်လာခဲ့ပြီး..
"လူလိမ်..ခင်ဗျားလည်း ဒိီလိုပဲ ခံစားမိမလားတော့ မသိဘူး..။ဆိုင်က ဒီနေ့ နည်းနည်း ထူးဆန်းနေတယ်လို့ မထင်မိဘူးလား.."
လူလိမ် ကြည့်လိုက်ပြီး..
"မင်းက ငတုံးလား..။ဒါလေးကိုတောင် မပြောနိုင်ဘူးလား..."
ကျောက်ကျန်းယန် သူ့ရှေ့နားမှာ ရှိနေတဲ့ မိန်းမလှလေး နှစ်ယောက်ကို ကြည့်ကာ ခေါင်းညိမ့်လိုက်တယ်..။
"ကျွန်တော် နားလည်ပြီ..ဒါကြောင့်ပဲ ဖြစ်မယ်.."
ယင်းနောက် သူ မနာလိူစွာ ပြောလိုက်တယ်..။
"ဟင်း..အစ်ကိုလင်းကို မိန်းမလှလေး နှစ်ယောက်စိတ်ဝင်စားတဲ့ အချိန်မှာ..ကျွန်တော်ကျတော့..တစ်ယောက်တည်းပဲ..ရှိနေသေးတယ်..။ဒါက ဒေါသထွက်စရာပဲ.."
လူလိမ် ထျန် ပြန်ပြောလိုက်တယ်..။
"ဟားဟား မနာလို ဖြစ်မနေနဲ့..။ငါ့ရဲ့ ကိုယ်ခံပညာက တကယ်ကောင်းမွန်တာတောငိ..အခုထိ တစ်ဟောက်တည်းပဲ..ဖြစ်နေသေးတယ်လေ...။အရမ်း အလျင်လိုဖို့ မလိုဘူး..။ငါတို့ အနားဂတ်မှာ တစ်ယောက်ကို တစ်ယောက် ထောက်ပံ့ပေးရင် ဖြစ်နိုင်မှာပါ..."
"အာ...ဘယ်သူက..ခင်ဗျားကို ထောက်ပံ့မယ် ပြောလို့လည်း..အဲ့အစား.ကျုပ်တစ်ယောက်တည်းပဲ..နေလိုက်တော့မယ်..."
ကျောက်ကျန်းယန် လူလိမ်ထျန် မျက်လံူးထဲက..ဆိုးရွားတဲ့ အတွေးတွေကို မြင်ပြီး အမြန်ငြင်းလိုက်တာပါ..။လူလိမ်ထျန်က..အသက်ကြီး လာရင် သူ့ကို စောင့်ရှောက်မယ့့်လူ မရှိမှာကို စိုးရိမ်နေပုံပါပဲ..။
…
"မာစတာလင်း ဒီမှာရှိလား ကျွန်တော်တို့ သိပါရစေ.."
ဧည့်သည်နှစ်ယောက်ဟာ..ဆိုင်ရှေ့ကိုလာပြီး ပြောလိုက်တာပါ..။
လူလိမ် ထျန် ပြန်ပြောလိုက်တယ်..။
"ရှိပါတယ်..ဘယ်သူတွေလဲ သိလို့ရမလား.."
"အိုး..ကျုပ်တို့က ကျောင်းနင်ကပါ..။ကျွန်တော်တို့ မာစတာလင်းနဲ့ တွေ့ချင်လို့.."
တစ်ယောကိဟာ..ပြောလိုက်တယ်..။တစ်ခြား သက်လတ်ပိုင်းအရွယ်လူကြီးကတော့.. ဘာမှ မပြောခဲ့ပါဘူး..။ဒီလူက..စကားပြောတဲ့ လူကြီးရဲ့ သူဌေးဆိုတာကို မြင်တာနဲ့ သိနိုင်ပါတယ်..။
လူလိမ် ထျန် ဆိုင်ထဲကို လှည့်ပြီး ပြောလိုက်တယ်..။
"မင်းကို တစိယောက်ယောက် လာရှာနေတယ်..."
လင်းဖန် ခေါင်းမော့လိုက်ပြီး..
"ကျွန်တော်က မာစတာလင်းပါ..။ဘာလို့ လာရှာတာလဲ သိလို့ရမလား..."
ယင်းနောက် စကားမပြောတဲ့ သက်လတ်ပိူင်းအရွယ် လူကြီးဟာ..ကျေနပ်သွားခဲ့တယ်..။သူ ပြုံးကာ..ရှေ့ကို တက်လာခဲ့ပြီး..
"ဟိုင်း..မာစတာ လင်း..ကျွန်တော်က ကျောင်းနင်ကပါ..။ဒါက ကျွန်တော်ရဲ့ နာမည်ကတ်ပါ..။ဒီတစ်ကြိမ်ကျွန်တော် လာတယ် ဆိုတာက မာစတာလင်း ဆီက ပန်းချီကားတစ်ချပ်ကို တောင်းဆိုချင်လို့ပါ..။ဒါပေါ့..စျေးနှုန်းကိုတော့ ကျေနပ်အောင် ဆောင်ရွက်ပေးပါ့မယ်..."
လင်းဖန် နာမည်ကတ်ကို ယူပြီး..ကြည့့်လိုက်တယိ..။
"ကျောင်းနငိ..လောင်တန် အိမ်ယာမြေ ဖွံ့ဖြိုးရေး..ကော်ပိုရေးရှငိး..ဒါရိုက်တာ လီဂျင်မင်..."
လီဂျင်မင် ပြုံးလိုက်ပြီး..
"ဟုတ်ပါတယ်..ကျွန်တော်ပါ..."
မာစတာလင်းရဲ့..ပန်းချီကားတွေ..နိုင်ငံရဲ့ ပြတိုက်ထဲကို ရောက်သွားကတည်းက..သူ့ရဲ့ နာမည်က ထိုးတက်သွားခဲ့တာပါ..။သာမန် မြို့သားတွေဟာ..ဒီသတင်းကြောင့် အတော်အံ့ဩသင့်ခဲ့ကြရပါတယ်..။သို့ပေမယ့့် ချမ်းသာတဲ့ လူတွေကတော့..မျက်နှာရဖို့အတွက်..သူတို့ရဲ့ ရုံးခန်းမှာ မာစတာလင်းရဲ့..ပန်းချီကားကို ချိတ်ဆွဲနိုင်မယ့့် နည်းလမ်းကိုပဲ..စဥ်းစားနေခဲ့ကြပါတယ်..။
ထပ်ပြောရရင်..ဒီလို..မာစတာရဲ့..ပန်းချီကားကိုရဖို့ဆို လုံလောက်တဲ့ ပိုက်ဆံနဲ့ ကမ်းလှမ်မှ ရမှာပါ..။ပိုက်ဆံနဲ့ဆိုရင်..ဘယ်သူက.များ တောင့်ခံနိုင်မှာလဲ..။အထူးသဖြင့်..မာစတာလင်း က လူငယ်လေးဆိုတာ သိတဲ့အချိန်မှာ..သူ ပန်းချီကားရဖို့ ပိုတောငိ ယုံကြည်မူ ရှိပါသေးတယ်..။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံကို မကြိုက်တဲ့ လူငယ်မရှိပါဘူး..။
ယင်းနောက် လင်းဖန် ..နာမည်ကတ်ကို ပြန်ပေးလိုက်ပြီး..
"ကျွန်တော် ပန်းချီဆွဲပေးမှာ မဟုတ်ပါဘူး..။ပြန်လို့ရပါပြီ..."
လီဂျန်မင်..ကြောင်အသွားခဲ့တယ်..။သူ ဒိီလိိုမျိုးတော့ မမျှော်လင့့်ထားပါဘူး..။
"ငါ..ကျောင်းနင်ကတောငိ လာခဲ့ရတာလေ..။ဒီလိုပဲ..ငြင်းလိုက်တော့မှာလား..."
လင်းဖန် လက်ကို မြောက်လိုက်ပြီး..
"ဒါဆို ခင်ဗျားက ဘာထပ်လိုချင် သေးလို့ပဲ.."
လီဂျင်မင်..ဒီလို တည့့်တည့့်ကြီး..ငြင်းပယ်ခံရလိမ့်မယ်လို့ မမျှော်လင့့်ထားပါဘူး..။
"စျေးနှုန်း..တစ်ခုခု..ပြောလိုက်..။လက်ရှိစျေးနှုန်းအရဆိုရင် မင်းရဲ့..ပန်းချီကား..ဒေါ်လာ..သန်း ၃၀ လောက်တော့..တန်တယ်..။ငါ ပန်းချီကား အကြီးကြီးတွေ မလိုချင်ပါဘူး..။ဒီတိုင်း..တိုင် တောင်တန်း ရဲ့ ပန်းချီကားပဲ လိုချင်တာ..."
လင်းဖန် ချက်ချင်း လက်ဝေ့ယမ်းလိုက်တယ်..။သူ လုံးဝ မဆွဲချင်ပါဘူး..။လူတွေ အများကြီးကလာတောင်းဆို ကြလိမ့့်မယ််် ဆိုတာကို သူသိထားပြီးသားပါ..။သို့ပေမယ့့်..ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
"ကျုပ်အခု..အနုပညာ လက်ရာ..တွေ..မရောင်းသေးဘူး..။လူလိမ် ကျေးဇူးပြုပြီး သူတို့ကို လိုက်ပို့လိုက်ပါဥိီး..."
လူလိမ် ထျန် သူတို့နှစ်ယောက် ဆီကို လျောက်သွားလိုက်ပြီး...
"ကျေးဇူးပြုပြီး ထွက်သွားပေးကြပါ..။တကယ်လို့ ပန်ကိတ်ဝယ် ချင်တယ် ဆိုရင်တော့..မနက်ဖြန် ပြန်လာခဲ့ကြပါ..။တကယ်လို့..ဗေဒင်ဟောချင်တယ် ဆိုရင်တော့..အခုဟောလို့ရပါတယ်..။ပန်းချီကားကတော့..ကျွန်တော်တို့..မရောင်းပါဘူး..."
အဆုံးမှာတော့..သူတို့နှစ်ယောက်..ထွက်ခွာသွားခဲ့ကြတယ်..။
လင်းဖန် အကူညီမဲ့စွာ ပြုံးလိုက်ပြီး..
"ကြည့်ရတာတော့..ကိစ္စတွေက မြန်မြန်ဖြစ်ပျက်လာခဲ့တာပဲ..."
လူလိမ်ထျန် အံ့ဩနေခဲ့ပြီး..
"ညီကို..သူက ဒေါ်လာ သန်း ၃၀ တောင်းတာနော်..။မင်း ပန်းချီ တစ်ချပ်ဆွဲတာနဲ့..ဒေါ်လာ သန်း ၃၀ ရမှာနော်..."
"ဟားဟား..ချမ်းသာတဲ့ လူတွေက..နေရာတိုင်းမှာ အများကြီးပဲ..။တကယ်လို့ ကျုပ်တစ်ယောက်..ကို ဆွဲပေးမိရင်..နောက်လူတွေ..ကျရင် ဘယ်လိုဖြေရှင်းမှာလဲ..."
လင်းဖန် ပြောလိုက်တာပါ..။
ယင်းနောက် လူလမ်ထျန်..နားလည်သွားခဲ့တယ်..။
"ငါ မြင်ပါပြီ..ငါ နားလည်ပါပြီ..။မင်းက..အရေအတွက်ကို..ရှားပါးအောင်လုပ်ပြီး..တစ်ချက်တည်းနဲ့..အချီကြီး လိုချင်နေတာပဲ..."
လင်းဖန် လူလိမ်ထျန်ကို ကြည့်လိုက်ပြီး..ဒီလူ..အတွေးလွန်နေတယ်လို့ ခံစားလိုက်ရပါတယ်..။သူ မဆွဲပေးတဲ့ အဓိက အကြောင်းအရင်းကတော့..ဆွဲဖို့ ပျင်းနေလို့ပါပဲ..။
ညနေ ၆ နာရီတွင်..။
"ဆိုင်ပိတ်ဖို့ အချိန်ရောက်ပြီ.."
လင်းဖန် ခန္တာကိုယ်ကို အကျောဆန့့်ပြီး ပြောလိုက်တာပါ..။သူ တစ်နေ့လုံးဘာမှ သိပ်မလုပ်ရပေမယ့့်..ပင်ပန်းနေသလိုပါပဲဲ..။
ဝူရွှန်းယွဲ့ ပြောလိုက်တယ်..။
"အစ်ကိုလင်း..အစ်ကိုလင်း နေတဲ့ အိမ်ကိုသွားပြီး ချက်ပြုတ်ကြမလား.."
လင်းဖန် ပြောလိုက်တယ်..။
"ငါ့အိမ်က ကြီးတာ မဟုတ်ဘူး.."
ဝူရွှန်းယွဲ့..ပြုံးလိုက်ပြီး..
"မကြီးမှ..အိမ်နဲ့ ပိုတူပြီး စည်းစည်းလုံးလုံးရှိမှာပေါ့...။အကုန်လုံး အဲလို မထင်ကြဘူးလား..."
လူလိမ် ထျန် ေခါငးညိမ့်လိုက်တယ်..။
"ဟုတ်တယ်..ဒါအမှန်တွေချည်းပဲ..."
ကျောက်ကျန်းယန်လည်း အဲလိုဖြစ်ပါစေလို့ မျှော်လင့့်နေခဲ့တယ်..။သူ..အစ်ကိုလင်းရဲ့ အစားအသောက်တွေကို မစားားရတာ အတော်ကြာနေပါပြီ..။
ဝူတန်ဟီ ..ပြုံးလိုက်ပြီး..
"ငါလည်း မာစတာလင်းရဲ့ အစားအသောက်ကို မစားရတာ အတော်ကြာနေပြီ..။အခု ဝူရွှန်းယွဲ့ ပြန်ရောက်လာတာက ကံကောင်းတာပဲ..."
သူတို့ လင်းဖန် ရဲ့ အချက်အပြုတ်စကေးကို တကယ် သဘောကျနေခဲ့ပါပြီ..။သူရဲ့ အစားအသောက်တွေက..ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ..။
သိသာစွာပဲ..လင်းဖန် သူတို့ရဲ့ အကြံဥာဏ်ကို သိနေခဲ့တယ်..။
"ကောင်းပြီလေ..။အကုန်လုံးကို ကျုပ်ရဲ့ အချက်အပြုတ်စွမ်းရည် ပြရတာပေါ့..။ရွှန်းယွှဲ့နဲ့..ယူလန် တို့ ပါဝင်ပစ္စည်းတွေ..သွားဝယ်လိုက်ကြလေ..."
ဝူရွှန်းယွဲ့ ကြောင်အသွားခဲ့ပြီး..
"အစ်ကိုလင်း..ကျန်တဲ့ လူတွေပါ အကုန်သွားကြရင်ရော..."
လင်းဖန် ပြုံးလိုက်ပြီး..
"ငါတို့က အိမ်က နေပဲ စောင့်နေလိုက်တောမြယ်လေ..။မင်းတို့ မိန်းကလေး နှစ်ယောက်သွားကြပေါ့..။ဒီမှာ အသက်ကြီးတဲ့ လူတွေလည်းပါတယ်လေ..."
"ကောင်းပြီလေ.."
ဝူရွှန်းယွဲ့ အကူညိီစွာ ပြောလိုက်တာပါ..။
"သွားကြရအောင်..."
လင်းဖန် လက်ဝေ့ယမ်း ပြီး ပြောလိုက်တယ်..။ယင်းနောက် အကုန်လုံးကားပေါ်သွားပြီး ထွက်ခွာသွားခဲ့ကြပါတယ်..။
ည ၇ နာရီခွဲ..။
လင်းဖန် ချက်ပြုတ်ရင်း အလုပ်ရှုပ်နေခဲ့တယ်..။
လူတိုင်းက အပြင်ဘက်မှာ TV ကြည့်နေကြပြီး သူတစ်ယောက်တည်း..ချက်ပြုတ်နေရတာပါ..။
စွယ်စုံကျမ်း ရဲ့ အသိပညာက ဟာသမဟုတ်ပါဘူး..။သူ ပြင်ဆင်ထားတဲ့ ..ဟင်းပွဲတွေက မယုံနိုင်စရာ ကောင်းလှပါတယ်..။ဘယ်သူကမှ သူ့ဟင်းပွဲကနေ..မျက်လုံးဖယ်နိုင်မှာ မဟုတ်ပါဘူး..။
"ဟင်းပွဲတွေ အဆင်သင့့်ဖြစ်နေပြီ..အကုန်စားလို့ရပြီ..."
ဝူရွှန်းယွဲ့..ရနံ့ကို ခံလိုက်ပြီး..စားဖို့ကို မစောင့်နိုင်တော့ပါဘူး..။
"အစ်ကိုလင်း..ညီမ ကျန်တဲ့ ဘဝတစ်လျောက်လုံး ဒီလိုဟင်းတွေ စားရရင် သိပ်ကောင်းမှာပဲ..."
ဝူယူလန် ဝူရွှန်းယွဲ့ကို ကြည့်လိုက်ပြီး..သူမကိုယ်သူမ တွေးလိုက်တယ်..။
သူမက ဘာလို့ တည့့်တိုးကြီးတွေ ပြောနေတာလဲ..မုန်းဖို့ကောင်းလိုက်တာ....
လင်းဖန် ချက်ချင်း ငြင်းပယ်လိုက်တယ်..။
"ဒါက မဖြစ်နိုင်ဘူး..။ဒီဟင်းပွဲတွေက ချက်ပြုတ်ဖို့ ဘယ်လောက်တောင် ခက်ခဲလဲ..ဆိုတာကို သိရဲ့လား..။အနာဂတ်မှာ မင်းတို့ ချက်ကျွေးတာကိုပဲ ငါက စောင့်နေမှာ..."
ရုတ်တရက် ဝူရွှန်းယွဲ့ ပြုံးလိုက်ပြီး..
"ကောငိးပြီလေ..နောက်တစ်ခါ ညီမ အစ်ကိုလင်းကို ချက်ကျွေးမယ်..."
လင်းဖန် ပြုံးလိုက်ပြီး..
"စားကြရအောင်..."
တကယ်လို့ တစ်ခြားတစ်ယောက်ယောက် ချက်တာ ဆိုရင် သူတို့စားနေရင်း စကားပြောကြမှာပါ..။သို့ပေမယ့့်..လင်းဖန်ရဲ့..ဟင်းပွဲတွေ ဖြစ်တာကြောင့် တစ်လုပ်စားပြီးတာနဲ့ ဘယ်သူမှ မရပ်ကြတော့ပါဘူး..။
သူတို့ တိတ်တဆိတ်သောက်စား နေကြပြီး..တူတွေကတော့ လုံးဝ မရပ်တန့့်ခဲ့ကြပေ..။
ည ၁၀ နာရီတွင်..။
အကုန်ပြီးဆုံးသွားခဲ့တယ်..။
လူလိမ် ထျန် နဲ့ ကျန်တဲ့ လူတွေကတော့..ထွက်ခွာဖို့ လုပ်နေကြပါပြီ..။
သို့ပေမယ့့် ဝူရွှန်းယွဲ့နဲ့ ဝူယူလန်ကတော့..ပြန်မယ့် အစီအစဥ် ရှိပုံမရသေးပါဘူး..။
"အဖေ..အရင်င်ပြန်နှင်လိုက်ဦး..။သမီး အစ်ကိုလင်း..ကို ကူညီပြီး သန့့်ရှင်းရေး လုပ်ပေးလိုက်ဦးမယ်..."
ဝူရွှန်းယွဲ့လည်း သူမနောက်မှာ ရှိနေပြီး ပြန်မယ့့်ပုံမရှိပါဘူး..။
လူလိမ်ထျန် အံ့ဩသွားပြီး..
"ဝိုး ငါတောင်မနာလို ဖြစ်လာပြီ..။ထားလိုက်တော့..ဒီမှာ မနေပဲ နေကြရအောင်..။အကြီးအကဲ ဝူ ဘာတွေ ကြည့်နေတာလဲ..။ခင်ဗျားသမီးက ကျွန်တော်တို့ကို ထွက်သွားခိုင်းနေပြီ..."
ကျောက်ကျန်းယန်ကတော့ အများကြီးတွေးမနေတော့ပါဘူး..။ဒီနေ့ ဟင်းပွဲတွေက အရသာ ရှိလွန်းလှပါတယ်..။
သို့ပေမယ့်..သူတို့ ပြန်သွားပြီနောက်မှာတော့..။
ဝူယူလန်..နဲ့ ဝူရွှန်းယွဲ့တို့ သန့့်ရှင်းရေး လုပ်နေကြတဲ့ အချိန်မှာတော့..လင်းဖန်ဟာ..ဆိုဖာပေါ်မှာ..ထိုင်ပြီး အနားယူနေခဲ့တယ်..။
ဒီနေ့က တကယ်ကို ပင်ပန်းတဲ့ နေ့လေးတစ်နေ့ပါပဲဲ..။