← Chapters

အခန်း (၆၉၄)

Vol. 47 Ch. 694

အခန်း (၆၉၄)

Vol. 47 Ch. 694

#ဘာသာပြန် = စနိုးဝှိုက်

မီးဖိုခန်းထဲမှာ..အလုပ်ရှုပ်နေကြတဲ့..မိန်းကလေး..နှစ်ယောက်ကို ကြည့်ပြီး လင်းဖန် ပြုံးလိုက်တယ်..။သူတို့ ဘာတွေးမလဲ ဆိုတာကို..သိပေမယ့့်..အခြေအနေကတော့..နည်းနည်း ရှုပ်ထွေးပါတယ်..။

ဟင်း...

သူ သက်ပြင်းချလိုက်ပြီး..ဘာမှ ထပ်မတွေးချင်တော့ပါဘူး..။

ဒါက ..သူ တစ်ကိုယ်ကောင်း ဆန်နေသလိုပါပဲ..။

…

မီဖိုခန်းထဲမှာတော့..ဝူရွှန်းယွဲ့ သန့့်စင်ခန်းထဲဝင်နေတဲ့ အချိန်မှာ..ဝူယူလန်.ကတောပ ပန်းကန်တွေ ​ေဆးနေခဲ့တယ်..။

"ယူလန်..မင်း စိတ်ထဲမှာ ဒီနေ့ တစ်ခုခု ရှိနေတဲ့ ပုံပဲ..။ဘာဖြစ်နေတာလဲ.."

လင်းဖန် မေးလိုက်တာပါ..။လင်းဖန် သိပ်သတိ မထားမိပေမယ့့်..ညစားစားပွဲမှာ ဝူရွှန်းယွဲ့ရဲ့. အောင်မြင်မူ အကြောင်းကို ပြောတော့..ဝူယူလန် ဝမ်းနည်းနေတာ..အနည်းငယ် သတိထားမိခဲ့ပါတယ်..။

"ဘာမှ မဟုတ်ပါဘူး.."

ဝူယူလန် ဘာမှ ပြန်မပြောတော့ပဲ..ဆက်တိုက် ပန်းကန် ဆေးနေခဲ့တယ်..။

လင်းဖန် ပြုံးလိုက်ပြီး..

"မင်း အမှန်တရားကို ဖုံးကွယ်ထားချင်နေတာပဲ..။အစ်ကိုလင်းက..ဒါကို မမြင်နိုင်ဘူးလို့ ထင်နေတာလား..။မင်းမျက်နှာပေါ်မှာ အကုန်မြင်နေရတယ်.."

ဝူယူလန် ပြန်ပြောလိုက်တယ်..။

"ဟုတ်လို့လား..။မဖြစ်နိုင်တာ..."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ဘာဖြစ်တာလဲ..အစ်ကိုလင်းကို အမြန်ပြောပြ..."

ဝူလန် ခနလောက် တွေးပြီးမှ ပြောလိုက်တယ်..။

"အစ်ကိုလင်း..အောင်မြင်တဲ့..မိန်းကလေးတွေက..ပိုပြီး ဆွဲဆောင်မူရှ်ိတယ် ဆိုတဲ့ စကားကို ကြားဖူးတယ်မလား..။ရွှန်းယွဲ့က အောင်မြင်နေပေမယ့့်..ညီမကကျတော့ ဆိုင်ထဲမှာပဲ..လုပ်နေရပြီး တစ်ခြားဘာမှလည်း မလုပ်ဘူးလေ..။ဒါကြောင့့် ညီမ တစ်ခုခု လုပ်သင့့်တယ်လို့ ခံစားရလို့..။မဟုတ်ရင်..ခံစားလို့ကောင်းမှာ မဟုတ်ဘူး.."

လင်းဖန် အံ့ဩသွားခဲ့တယ်..။ဝူယူလန် ဒီအကြောင်းကို တွေးနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ယင်းနောက် သူ ပြုံးလိုက်ပြီး..

"မင်း ဘာလို့ အဲလိုတွေးနေတာလဲ..။ထပ်ပြောရရင်..မင်းရဲ့ အလုပ်က ဘယ်လိုလုပ် အကျိုးမရှိပဲ နေမှာလဲ..။ဆိုင်ထဲမှာ လုပ်နေတဲ့ အလုပ်က..မင်းရဲ့..ဘဝလမ်းကြောင်းပဲလေ..."

"ညီမက..ဘာတွေ အကျိုးပြုလို့လဲ.."

ဝူယူလန်ဟာ..ပြောပြီးပြီ ဆိုမှတော့ ဘာမှ ဖုံးကွယ်မထားတော့ပေ..။

"ဘယ်လိုလုပ် အကျိုးမရှိပဲ နေမှာလဲ..."

လင်းဖန် ဝူယူလန်ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..

"မင်း..တစ်ခြားအလုပ်ကို သွားလုပ်ရင် အနာဂတ်မှာ ငါ့ကို ဘယ်သူက တိုင်ပင်ပေးတော့မှာလဲ..။ကာစတန်မာတွေကို..ဘယ်သူက လဖက်ရည်နဲ့ဧည့်ခံမှာလဲ..။ဒါကြောင့်..ဆိုင်ထဲက အလုပ်က မင်းရဲ့ ဘဝလမ်းကြောင်းပဲလေ..။ဒါပေါ့..မင်းတစ်ခြား မှာ လုပ်ချင်ရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..။ငါက..စိတ်မကောင်းဖြစ်ပြီး .တစ်ခြား တစ်ယောက်ကို အစားထိုးရမှာပေါ့.."

"မဖြစ်နိုင်တာ..."

ဝူယူလန် ချက်ချင်းပြန်ပြောလိုက်တယ်..။ယင်းနောက် သူမ သွားကို ကြိတ်လိုက်ပြီး..

"ဒါက ညီမအလုပ်ပဲ..။တစ်ခြားဘယ်သူမှ လုယူသွားလို့ မရဘူး..."

လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်..။

"အင်း..ဒါဆိုလည်း ကောင်းပြီလေ..။ဒါကြောင့် နောက်တစ်ခါ ဒါမျိုး မပြောနဲ့..။မင်းသာ မရှိရင် ငါ့ရဲ့ ဘဝက..အတော်ကို..ပျင်းစရာ ကောင်းသွားမှာ..."

ဝူယူလန် ခေါင်းငုံ့ပြီး ပြောလိုက်တယ်..။

"အစ်ကိုလင်း စိတ်မပူပါနဲ့..။ညီမ ကိုယ့်အလုပ်ကို ကျိန်းသေ ကောင်းကောင်း လုပ်မှာပါ.."

"အကောင်းဆုံးကြိုးစား..။အစ်ကိုလင်းက..မင်းအပေါ် အများကြီး မျှော်လင့့်ထားတာ."

လင်းဖန် သူမ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်တာပါ..။

"ကောင်းပြီလေ.."

ဝုယူလန် ခေါင်းညိမ့်လိုက်တယ်..။

ယူလန် ဒီလိုတွေးနေမယ်လို့ လင်းဖန် မထင်ထားခဲ့ပါဘူး..။ဝူရွှန်းယွဲ့က ဆယ်လီ ဖြစ်နေလို့..သူမ ခံစားနေရတာ များလား..။

ဒါက ဖြစ်နိုင်တယ်လို့ လင်းဖန် ခံစားလိုက်ရပါတယ်..။

ယင်းနောက်..ဝူရွှန်းယွဲ့..မီးဖိုခန်း ဝင်ပေါက်မှာ ရပ်နေပြီး..တီးတိုးမေးလိုက်တယ်..။

"ဘာ လျို့ဝှက်ချက်တွေကို တိုးတိုးတိုးတိုး ပြောနေကြတာလဲ.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဘာ လျို့ဝှက်ချက် ရှ်ိနိုင်မှာ မို့လို့လဲ..။ငါတို့ သန့့်ရှင်းရေး လည်း လုပ်ပြီးပြီ ဆိုတော့..အိမ်ပြန်လိုက်ပို့ပေးမယ်လေ..."

ဝူရွှန်းယွဒ့ ပြန်ပြောလိုက်တယ်...

"အစ်ကိုလင်း..ညီမက သွားစရာ နေရာ မရှိဘူးလေ..။ဒီမှာ ပဲ အိပ်လို့ မရဘူးလာူ..။ဘာပဲဖြစ်ဖြစ်..ဒီမှာက အခန်း ၂ ခန်းရှ်ိတယ်လေ..။အဲတော့..အစ်မ ယူလန် ကိုပဲ..ပြန်ပို့ပေးလိုက်ပါ..။ညီမက ဒီမှာပဲ..အိပ်လိုက်မယ်..."

ဝူယူလန် ဒါကိုကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..။တကယ်လို့..မီးတွေပျက်သွားပြီး..ဝူရွှန်းယွဲ့က..ဆွဲဆောင်ရင် အစ်ကိုလင်းလည်း တတ်နိုင်မှာ မဟုတ်ပါဘူး..။ယောက်ျားလေး တစ်ယောက်နဲ့..မိန်းကလေးတစ်ယောက် တစ်ခန်းထဲမှာ နေရင် အခြေအနေတွေ ဆိုးရွား ကုန်ပါလိမ့်မယ်...။

ယင်းနောက် ဝူယူလန် တစ်ခုတည်းသာ တွေးမိလိုက်တယ်..။အဲတာက..သူမပါ အတူနေဖို့ပါ..။

"ဒါဆို ညီမလည်း မပြန်တော့ဘူး..။ရွှန်းယွဲ့က..အချိန်အတော်ကြာမှ လာတာ ဆိုတော့..သူမကို အဖော်ပြုပေးဖို့လိုတယ်လေ..."

ဝူယူလန် လင်းဖန်ရဲ့ လက်မောင်းကို ဖက်လိုက်ပြီး..ငြုတုတု ပြောလိုက်တယ်..။

လင်းဖန် ဘာတွေ ဖြစ်နေလဲ..တွေးမိပြီး တစ်ခုခုမှားနေတယ်လို့..ခံစားလိုက်ရပါတယ်..။

သို့ပေမယ့့် သူတို့ရဲ့ မျက်လုံးတွေကို မြင်ပြီး ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ..နောက်လည်း နောက်ကျနေပြီဆိုတော့..။မင်းတို့နှစ်ယောက် တစ်ခန်းသုံးကြပေါ့..."

“Brother Lin is awesome.” Wu You Lan kissed Lin Fan’s face.

"အစ်ကိုလင်းက အကောင်းဆုံးပဲ.."

ဝူယူလန် လင်းဖန်ရဲ့ မျက်နှာက်ို နမ်းပြီး ပြောလိုက်တာပါ..။

ဒါက...

လင်းဖန် သူ့မျက်နှာသူထိလိုက်တယ်.။ဒါက နည်းနည်းတော့ စည်းကျော်နေပါပြီ..။ဒါက..ခံစားလို့ကောင်းပေမယ့့်လည်း ဘေးနားမှာက..နောက်တစ်ယောက် ရှိနေပါသေးတယ်..။

ဝူရွှန်းယွဲ့ဒေါသ ထွက်သွားခဲ့တယ်..။သူမ ဝူယူလန်ထက် နှေးနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

အမှောင်ထု စိုးမိုးနေသည့့် ညထဲတွင်..။

ချုံကွယ် တစ်ခု၌..။

ထုးဆန်းသည့့် အရိပ်တစ်ခု..။

"ဟားဟား..ငါနောက်ဆုံးတော့ မိပြီ..။ဝူရွှန်းယွဲ့ မင်းက အရမ်းကျော်ကြားနေတာပဲ..။ငါ မင်းနောက် တောက်လျောက်လိုက်နေတာ..နောက်ဆုံးတော့ လိုချင်တာ ရပြီပေါ့..."

သူက ရူးသွပ်တဲ့ သတငိးထောက် တစ်ယောကိပ့..။သူက နိုင်ငံမှာ ကျော်ကြားပြီး..ဆယ်လီ တွေ အများကြီးရဲ့ သတင်းကို ဖော်လေ့ရှိပါတယ်..။

သူ ..ဆယ်လီတွေရဲ့ သတင်းတွေကို စုံစမ်းနေရင်း..လတ်တလော နာမည်ရလာတဲ့..ဝူရွှန်းယွဲ့ကို သတိထားမိသွားခဲ့တယ်..။

တိမ်ဖြူလမ်းမှာလည်း..ဝူရွှန်းယွဲ့နဲ့ ကောင်လေးတစ်ယောက်ရဲ့ ဓာတ်ပုံကို ရိုက်ထားပြီးပါပြီ..။သူတစ်ချက်ကြည့်တာနဲ့ သူတို့ မူမမှန်ှန်ဘူးဆိုတာကို သိထားပြီးသားပါ..။ဒါကြောင့် သူ ဆက်တိုက်လိုက်လာတဲ့ အချိန်မှာ ဝူရွှန်းယွဲ့နဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်ဟာ..ဒီလူငယ်လေးရဲ့ အိမ်မှာ ကျန်ခဲတာကို သိလိုက်ရတယ်..။သူကိုယ်တိုက်လည်း စိတ်လှုပ်ရှားနေခဲ့ပါတယ်...။

သူတို့ သုံးယောက်က...ဘယ်လိုဆက်ဆံရေးလဲ..။ပေါ်ပြူလာ ဖြစ်နေတဲ့ ဆယ်လီက..မိန်းမလှလေးတစ်ယောက်နဲ့ လူငယ်လေးတစ်ယောက်နဲ့..အတူတူ အိပ်တာက..ကြီးမားတဲ့ သတင်းတစ်ခု ဖြစ်သွားတော့မှာပါ..။

ပြီးတော့..ဒီလူက..မာစတာ လင်းဖြစ်နေတော့..သူပိုတောင် စိတ်လှုပ်ရှားပါသေးတယ်..။

မာစတာလင်းကလည်း ဝိုက်ဘိုမှာ ကျော်ကြားတဲ့ လူပါပဲ..။

ဒါဂျန်မင် ရဲ့ လက်တွေဟာ ကင်မရာကိုင်ပြီး တုန်ရီနေခဲ့တယ်...။ညအချိန်က..အပြင်မှာ အရမ်းအေးတယ် ဆိုပေမယ့့်..သူလုံးဝ ဂရုမစိုက်ိုက်ပါဘူး..။

…

အိမ်ထဲတွင်..။

လင်းဖန် အခန်းထဲမှာ နေရင်း ဖုန်းသုံးနေခဲ့တယ်..။ယင်းနောက် ဝူယူလန် တံခါးကို ဖွင့်လာခဲ့ပါတယ်..။

"ဘာဖြစ်လို့လဲ.."

လင်းဖန် မေးလိုက်တာပါ..။

ဝူယူလန် ပြောလိုက်တယ်...

"အစ်ကိုလင်း..ညီမ ညဝတ်အကျီမပါလို့ ..ရှပ်အင်္ကျီလေး တစ်ထည်လောက် ငှားပါလား..."

လင်းဖန် ပြောလိုက်တယ်..။

"ငါ မင်းအတွက် အသစ်တစ်ထည်ပေးလိုက်မယ်.."

ဝူယူလန်က ဝူရွှန်းယွဲ့လောက် အရပ်မရှည်ကါဘူး..။သူမက..1.65 cm လောက်ရှ်ိပြီး ဝူရွှန်းယွဲ့က..1.75 cmလောက် ရှိပါတယ်..။ဇ

သူတို့က အရပ်မတူကြပေမယ့့်..ကိုယ်ခန္တာ အချိုးအစားက လုံးဝကို ပြီးပြည့်စုံပါတယ်..။

လင်းဖန် သူတို့ အခန်းထဲဝင်ပြီး နောက်မှာ..ရေချိုးဖို့ ပြင်လိုက်တယ်..။ဘာပဲဖြစ်ဖြစ် သူ့အိမ်ကို ဘယ်မိန်းကလေးမှ လာဖူးတာ မဟုတ်ပါဘူး..။

ဒီမှာရေကျသံ တွေထွက်နေခဲ့တယ်..။ဇ

လင်းဖန်ရဲ့ အကြားအာရုံက ကောင်းမွန်ပါတယ်..။သူ တစ်ယောက်ယောက် ရေချိုးနေတာကို ချက်ချင်းသတိထားမိလိုက်တယ်..။

အဲ့အချိန်မှာပဲ..ဝူယူလန်ရဲ့ အသံက်ို ကြားလိုက်ရပါတယ်..။

"အစ်ကိုလင်း..ဒီဘက် မလာနဲ့ဦးနော်..။ညီမ..ရှပ် အင်္ကျီပဲ..ဝတ်ထားတာ..."

ဒါကို ကြားပြီး လင်းဖန် လည်ချောင်းတွေ ခြောက်ကပ် သွားခဲ့တယ်..။ယူလန်က..သူ့ကို ဆွဲဆောင်ဖို့ လုပ်နေတာ ကျိန်းသေပါတယ်..။

သူ တည်ငြိမ်မှ ဖြစ်မယ်..။

ဝူရွှန်းယွဲ့ကတော့..အခြေအနေကို ကြည့်နေခဲ့တယ်..။ဝူယူလန် ဒီလောက်အထိ ပွင့်လင်းလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။

သူမ လုံးဝ ရှုံးနိမ့်လို့ မဖြစ်ပေ..။

ဝူရွှန်းယွဲ့..သူမရဲ့အကောင်းဆုံး ရိုက်ချက်ကို သုံးဖို့ ရေချိုးခန်းထဲက ထွက်လိုက်တယ်....။

သူမ တို့ နှစ်ယောက်ကြားက..တိုက်ပွဲက စပါပြီ..။သူမ လင်းဖန် အခန်းကို သွားပြီး တီရှပ်တောင်းလိုက်တယ်..။

"အစ်ကိုလင်း ညီမကိုလည်း ရှပ် အင်္ကျီပေးဦး.."

…

"အစ်ကိုလင်း ..ဒီကို မလာနဲ့ဦးနော်..ညီမ ဘာမှ မဝတ်ရသေးဘူး.."

…

လင်းဖန်..ဧည့်ခန်းထဲမှာ ညိမ်ညိမ်လေး ထိုင်နေခဲ့တယ်..။ချီးပဲ..သူတို့ ဘာလုပ်နေကြတာလဲ..။ဒါတွေ မလုပ်လို့ မရဘူးလား..။

လင်းဖန် ..ရေချိုးခန်းကို သွားလိုက်တဲ့..အချိန်မှာ..ချိတ်နဲ့ လှမ်းထားတဲ့..အောက်ခံဘောင်းဘီ နှစ်ထည်ကို မြင်ပြီး တစ်ခုခုကို တွေးမိသွားခဲ့တယိ..။

သူ့စိတ်ကူးထဲမှာတော့.ဝူယူလန် နဲ့ ဝူရွှန်းယွဲ့တို့ဟာ..ရှပ်အင်္ကျီသာ ဝတ်ထားပြီး..သွယ်လျတဲ့ ခြေထောက်လေးတွေနဲ့..လမ်းလျောက်နေကြကာ..သူ့ကို ..ဆွဲဆောင်နေကြတာပါ..။

အစ်ကိုလင်း..ဒီကိုလာလေ...

အစ်ကိုလင်း..အတူတူ ပျံသန်းလိုက်ရအောင်...

လင်းဖန် ရုတ်တရက် အသိစိတ်ပြန်ဝင်လာခဲ့တယ်..။ချီးပဲ..ငါ ဘာတွေတွေးနေမိတာလဲ..။ဒါက အတော်ကို ထိန်းချုပ်ရ ခက်တာပါ...။

All Chapters