ဒီလိုဖြစ်ပြန်ပြီ...
Vol. 47 Ch. 695
#ဘာသာပြန် = စနိုးဝှိုက်
အခန်းထဲတွင်..။
မိန်းကလေး နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။ဒါက သူတို့ တစ်ယောက် ခန္တာကိုယ်ကို တစ်ယောက် ပထမဆုံးအကြိမ် မြင်ဖူးတာပါ..။
ဝူရွှန်းယွဲ့..ဝူယူလန်ကို ကြည့်ပြီး တွေးလိုက်တယ်..။
အတော်ကြီးတာပဲ...ဒါက..ငါ့ထက်ပိုကြီးတာပဲ...
ဝူယူလန်လည်း တွေးနေခဲ့တယ်..။
"သူမ တင်ပါးက..အတော်ကောက်တာပဲ..။သူမက..ငါ့ထက်တောင် ပိုကောင်သေးတယ်..။ဒါပေမဲ့..အဆင်ပြေပါတယ်..အနည်းဆုံး..အဲ့နေရာကတော့..ငါ့ထက်ပိုသေးတာပဲ.."
သူတို့ တစ်ယောက် ခန္တာကိုယ် တစ်ယောက်ကြည့်ပြီး နှိုင်းယှဥ် နေခဲ့တယ်..။
သို့ပေမယ့့် အဆုံးမှာတော့ သူတို့ တူတူလောက်ပါပဲ..။
ဒါပေါ့..သူမတို့..လင်းဖန် ရှေ့မှာတော့..အကုန်းးလုံးကို ဖော်ပြနေမှာ မဟုတ်ကြပေ..။
ဒီအဆင့့်ကို ရောက်ဖို့တောင်..သူမတို့ အတော် အားတင်းပြီး ကြိုးစားထားကြရတာပါ..။သူတို့ နောက်တစ်ဆင့့်ကို ထပ်တက်ကြမှာမဟုတ်ပါဘူး..။သူမတို့ အဲလောက်အထိ အရေထူကြမှာ မဟုတ်ပေ..။
သူတို့ အနည်းငယ်..ယှဥ်ပြိုင်ပြီးနောက်မှာ..အိမ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်. ။
ဒါပေါ့..သူတို့ အိပ်ယာထဲမှာလည်း တစ်ယောက်နဲ့ တစ်ယောက် စကားပြောကြပါသေးတယ်..။သူတို့ နှစ်ယောက်က..လူတစ်ယောက်တည်းကို ကြိုက်နေကြပေမယ့့်..ရန်သူတွေ မဟုတ်ပါဘူး..။ဝူရွှန်းယွဲ့က ဖျော်ဖြေရေး လောက.မှာ..ဖြစ်ပျက်တဲ့ ထူးဆန်းတဲ့အကြောင်းတွေကို ပြောပြတဲ့ အချိန်မှာ..ဝူယူလန်ကတော့ အစ်ကိုလင်း အကြောင်းကို ပြောပြနေခဲ့ပါတယ်..။
သူတို့ ၁ နာရီလောက်အထိ..စကားပြောပြီးကြမှ အိပ်ပျော်သွားခဲ့တယ်..။
လင်းဖန်ကတော့..အိပ်ယာပေါ်မှာ လှဲနေပေမယ့့် တော်တော်နဲ့ အိပ်မပျော်ခဲ့ပါဘူး..။သူ ၂ နာရီလောက်မှသာ..အိပ်ပျော်သွားခဲ့ပါတယ်..။
ဒါက ငြိမ်းချမ်းတဲ့ ညတစ်ည ဖြစ်ပြီး..ဘာမှ မဖြစ်ခဲ့ကြပေ..။
…
နောက်တစ်ရက်..။
ရှန်းဟိုင်းရဲ့ ခေါင်းဆောင်ဟာ..တရုတ်အနုပညာ အဖွဲ့အစည်း တရားဝင်ဝက်ဆိုဒ်က ပန်းချီကားတွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
"ဒီ မာစတာလင်းရဲ့..ပန်းချီကားက တကယ်ကို မယုံနိုင်စရာပဲ..။ငါ ..တကယ် သဘောကျတယ်.။တကယ်လို့ ငါ သူ့ဆီက..ပန်းချီကား တစ်ချပိလောက် ရနိုင်ရင် ဘယ်လောက်ကောင်းမလဲ.."
သူ့ရဲ့ အတွင်းရေးမှူးဟာ ပြုံးလိုက်ပြီး..
"ဆာ..တကယ်လို့ မာစတာလင်းသာ..ဆာ..သူ့ရဲ့..ပန်းချီကားတွေကို..ကြိုက်နေတာ သိရင်..ကျေကျေနပ်နပ်နဲ့ကို ဆွဲပေးမယ် ကျိန်းသေတယ်..."
ခေါင်းဆောင်ပြုံးလိုက်ပြီး...
"ဒီလိုဖြစ်လာမှာ မဟုတ်ဘူး..။သူ့ရဲ့ ပန်းချီကားတွေ လက်ရှ်ိပေါက်စျေးက ဒေါ်လာ သန်း ၄၀ လောက် ရှိတယ်လေ..။ဒါက..နိုင်ငံရဲ့..ပြတိုက်ထဲမှာတောငိ ရောက်နေတာ ဆိုတော့..စျေးနှုန်းက မြင့်တက်နေမှာပဲ..."
အတွင်းရေးမှုးဟာ ပြုံးလိုက်ပြီး..
"ဆာ..မာစတာလင်းက..ရှန်းဟိုင်းက အရည်အချင်းရှိ လူငယ်တစ်ယောက်လေ..။ဆာ..သူ့ကိုတွေ့တယ် ဆိုတာက ပုံမှန်အားဖြင့် ဖြစ်သင့့်တယ်မလား..။တွေ့ခွင့်ရတာနဲ့..ကျွန်တော်သူ့ကို..စကားနဲ့ မြင်သာအောင် အချက်ပြလိုက်မယ်..။ဒီလိုဆို မာစတာလင်း..ငြင်းပယ်နိုင်မှာ မဟုတ်တာ..ကျွန်တော် သေချာတယ်..."
ခေါင်းဆောင် အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူ ပြုံးကာ လီဒေါင် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"မဆိုးဘူး.. လီဒေါင်..မင်းရဲ့ အကြ့ဥာဏ်က တကယ်ကောင်းတွ..။ဒါဆိုလည်း တိမ်ဖြူလမ်းက မာစတာလင်းဆီကို သွားကြရအောင်..."
လီဒေါင် ပြုံးလိုက်ပြီး..
"ခေါင်းဆောင်ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရဖို့က ကျွန်တော်ရဲ့ တာတန်ပါ..."
ခေါင်းဆောင် တိမ်ဖြူလမ်းကို သွားဖို့က..အကြောင်းပြချက်လိုအပ်ပြီး..ဒီအတွက် သင့့်တော်တဲ့ အကြောင်းပြချက်ကတော့..တိမ်ဖြူလမ်းကို စစ်ဆေးတာပါပဲ..။
ယင်းနောက် အတွင်းရေးမှုး လီဒေါင်ဟာ..စီစဥ်မူတွေ လုပ်ဖို့ ချက်ချင်း ထွက်ခွာသွားခဲ့တယ်..။
…
အဆောက်အဦး အောက်ထပ်တွင်..။
ဒါဂျန်မင်..မနေ့ညက ဆက်ပြီး မစောင့်နိုင်ပဲ ဟိုတယ်ကို သွားအိပ်ခဲ့ရပါတယ်..။သူ နိုးလာတဲ့ အချိန်မှာ..ချက်ချင်း အဆောက်အဦးီးအောက်ကို ပြန်ရောက်လာခဲ့တယိ..။
သူ လိုရာနေရာကို ရောက်တဲ့ အချိန်မှာ..မြင်ကွင်းကို ရူးသွပ်စွာ ကြည့်လိုက်ပါတယ်..။မနေ့က..ဘာမှ..မရှိတဲ့ လေသာဆောင်က..အခုဆိုရင် အောက်ခံဘောင်းဘီ နှစ်ထည်လှမ်းထားခဲ့ပါတယ်..။
ဒါ..ဒါက..
ဒါဂျန်မင် ချက်ချင်း ဓာတ်ပုံရိုက်လိုက်တယ်..။ဒီ အောက်ခံဘောင်းဘီ နှစ်ထည့်က သူ့ကို အတွေးတွေ အများကြီး ဖြစ်ပေါ်စေပါတယ်..။
မနေ့ညက..တစ်ခုခု ဖြစ်ကို ဖြစ်ရမှာပါ..။တိုက်ပွဲကလည်း အတော်ကို ကြမ်းတမ်းလောက်ပါတယ်..။ထပ်ပြောရရင်..အောက်ခံဘောင်းဘီ နှစ်ထည်ကို မြင်ရတာက ပုံဖော်စရာတွေ အများကြီးပါပဲ..။
"ဟမ့်..သူက..အရမ်း အပြစ်ကင်းတဲ့ပုံစံနဲ့..ဒါမျိုးတွေ လုပ်လိမ့်မယ်လိူ့ မထင်ထားဘူး..။ဒီသတင်းသာ..တက်သွားရင် ဂီတ လောကတစ်ခုလုံး အံ့ဩသင့်သွားကြမှာ..။မဟုတ်ဘူး..ဖျော်ဖြေရေး လောကတစ်ခုလုံးပဲ.."
ယင်းနောက် ဒါဂျန်မင် ထွက်ခွာဖို့ လုပ်လိုက်တယ်..။သိူ့ပေမယ့့်..အဆောက်အဦးီးကနေ..လူသုံးယောက် ဆင်းလာတာ တွေ့လိုက်ပါတယ်..။mask တပ်ထားတဲ့ တစ်ယောက်က..ကျိန်းသေ..ဝူရွှန်းယွဲ့ ပါ..။
ယင်းနောက်..သူ တိတ်တဆိတ် ဓာတ်ပုံရိုက်လိုက်ပါတယ်..။
"ဟားဟား.."
ဒါဂျန်မင် ကျေနပ်သွားခဲ့တယ်..။သူတို့သုံးယောကိ ညတုန်းက ပျော်ပါးပြီး အတူတူ ပြန်ထွက်သွားတဲ့ ပုံကို ရလိုက်တာက အရေးကြီးဆုံးပါပဲ..။
ယင်းနောက် သူ ဝိုက်ဘိုကို ချက်ချင်းဖွင့်လိုက်တယ်..။
"ဒီနေ့ ၁၂ နာရီမှာ..ကျွနိတော် အံ့ဩစရာ သတင်းတစ်ပုဒ်ကို ဖော်ပြပါ့မယ်..။ကျေးဇူးပြုပြီး စောင့်ပေးကြပါ..။
ဒါဂျန်မင်ဟာလည်း သူ့ပရိတ်သတ်တွေ ရှိပြီး ဒီပိုစ့်တက်သွားတဲ့ အချိန်မှာ အံ့ဩသွားခဲ့ကြပါနယ်..။သူတို့ နောက်ထပ် စပရိုက် သတင်းတစ်ပုဒ်ကို ဖတ်ရတော့မှာပါ..။တစ်ချို့ ဆယ်လီတွေဟာ..အံ့ဩနေခဲကြတယ်..။ဒါဂျန်မင် တစ်ခုခု ဖော်ထုတ်တော့မယ် ဆိုရင် ဆယ်လီ အများစုက သူတို့ဖြစ်နေမလားလို့ ကြောက်ရွံ့ကြရပါတယ်..။ဘာပဲဖြစ်ဖြစ် သူ ဘယ်သူ့ကို ဖော်ထုတ်မှာလဲ ဆိုတာ ဘယ်သူမှ မသိပေ..။
သိူ့ပေမယ့့် ဒါဂျန်မင် နဲ့ အဆက်အသွယ် ရှိတဲ့ ဆယ်လီတွေကတော့ မကြောက်ကြပါဘူး..။တကယ်လို့ သူ တစ်ခုခု ရထားရင် သူတို့ ပြန်ဝယ်လို့ ရကြပါတယ်..။ဒါကြောင့်.. ဘယ်သူက..ကံဆိုးတဲ့လူဖြစ်မလဲ ဆိုတာ သူတို့ ထိုင်ကြည့်နေရုံပါပဲ..။
တိမ်ဖြူလမ်း..။
ဝူရွှန်းယွဲ့ ဝမ်မင်ယန် ရဲ့ နေရာဆီကို ပြန်သွားခဲ့တယိ..။သူမ အနားယူနေတယ် ဆိုပေမယ့့်..တင်ပြစရာ ရှိတာကိုတော့ တင်ပြရဦးမှာပါ..။ဝူရွှန်းယွဲ့ဟာ..လက်ရှိမှာ..အရာရာ ချောချောမွေ့မွေ့ ဖြစ်နေပြီး..ဂီတလောကမှာ အတော်အောင်မြင်နေတယ်လို့ ပြောလို့ရပါတယ်..။သိူ့ပေမယ့့်..သူမ တကယ့့် စံပြ ပုဂ္ဂိုလ်ဖြစ်ဖို့..ကတော့ အချိန်လိုအပ်ပါတယ်..။လင်းဖန်က သီချင်းတွေ ဆကိရေးပေးရင်တောင်..ချက်ချင်းကြီး ဖြစ်လာမယ့့် အရာမဟုတ်ပါဘူး..။
"ဂွတ် မောနင်း သူဌေးလေး..."
"သူဌေးလေး..ဒီနေ့ မရွင်လန်းပါလား..။မနေ့ညက..အတော်ခက်ခဲခဲ့တယ် ထင်တယ်..."
လင်းဖန် ဆိုင်ပိုင်ရှင်တွေကို နှုတ်ဆက်ရင်း ရှုပ်ထွေးနေခဲ့တယ်..။သိသားစွာပဲ..မနေ့ညက သူကောင်းကောင်း မအိပ်ခဲ့ရလို့ပါ..။သူသာကောင်းကောင်း နားရမယ်ဆိုရင် ဒီလိုဖြစ်နေမှာ မဟုတ်ပါဘူး..။
ဆိုင်ထဲတွင်..။
လူလိမ်ထျန် လင်းဖန်ကို ကြည့်ပြီး ပြုံးနေခဲ့တယ်..။
"လူလိမ် ဘာလို့ကျုပ်ကို ကြည့်ပြီး ပြုံးနေတာလဲ..။ခင်ဗျား အပြုံးက မူမမှန်ှန်ဘူးနော်.."
လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တာပါ..။ဒါက သူ့ရဲ့ ပုံမှန် အနေအထားမဟုတ်ပါဘူး..။သိူ့ပေမယ့့် လူလိမ်ထျန်ရဲ့ အပြုံးက အနည်းငယ် သံသယဖြစ်နေခဲ့တယ်...။
လူလိမ် ထျန် ဖြည်းဖြည်းချင်း ရွေ့သွားပြီး..
"မင်းမနေ့က..လုပ်ခဲ့လား..."
ယင်းနောက်..သူ လက်ချောင်းထောင်ပြပြီး..
"ဘယ်နှစ်ယောက်လဲ..."
"သွားစမ်းပါ..။ခင်ဗျား ဘာလို့ အခုချိန်ထိ တစ်ယောက်တည်း ဖြစ်နေတာလဲ ကျုပ်သိလိုက်ပြီ..။ခင်ဗျားရဲ့ အတွေးတွေက..အတော် မှားယွင်းနေတာပဲ.."
လင်းဖန် ပြောလိုက်တာပါ..။
ဝူယူလန်ကတော့..လူလိမ်ထျန်ကို စိုက်ကြည့်နေခဲ့တယ်..။
လူလိမ် ထျန် ခါးသက်စွာ ပြုံးလိုက်ပြီး...
"ကောင်းပြီ..ငါ ဆက်မပြောတော့ဘူး..။ဆေးလိပ်ပဲ သွားသောက်တော့မယ်..."
ယင်းနောက် သူ ဆိုင်ပေါက်ဝကို သွားပြီး..ဆေးလိပ်မီးညှိလိုက်တယ်..။သိူ့ပေမယ့့် သူ လင်းဖန်ကို တစ်ချက် တစ်ချက် လှည့်ကြည့် နေခဲ့ပါတယ်..။
ယင်းနောက်..လူလိမ်ထျန် မတ်တပ်ရပ်နေရင်းက..
"ဟင်..ဘာဖြစ်နေတာလဲ..."
"ဘာဖြစ်လို့လဲ.."
လင်းဖန် လူလိမ်ထျန်ကို လှမ်းကြည့်ပြီးမေးလိုက်တယ်..။ယင်းနောက် သူ ဝင်ပေါက်ကို လမ်းလျောက်သွားလိုက်ပါတယ်..။
"တိမ်ဖြူလမ်းကို ခေါင်းဆောင်တစ်ယောက် လာစစ်ဆေးတာထင်တယ်..."
လူလိမ်ထျန် မေးစေ့ကို ပွတ်လိုက်ပြီး..
"ဒါက ထူးဆန်းတယ်..။ခေါင်းဆောင်လာမယ် ဆိုတာ ကြိုလည်း အကြောင်းမကြားပါလား..။မဟုတ်ရင် ငါတို့ လမ်းကို သန့့်ရှင်းရေး လုပ်ထားမှာပေါ့..။ကြည့်လိုက် စီရင်စုခေါင်းဆောငိတောင် ပါလာတယ်..။ဒီခေါင်းဆောင်က..တကယ် မယုံနိုင်စရာ အဆင့့်ဖြစ်လိမ့်မယ်..."
လင်းဖန် သဘောတူစွာ ခေါင်းညိမ့်လိုက်ပါတယ်..။
လင်းဖန် အရင်င်တုန်းက..သူ့ဆီက ပန်ကိတ်စားဖို့ လာတန်းစီဖူးတဲ့ ခေါင်းဆောင်ကိုတောင် ပြန်သတိရမိပါသေးတယ်..။သို့ပေမယ့့်..အခု ဒီခေါင်းဆောင်က..အဲ့တစ်ယောက်လားတော့ မသိပါဘူး..။
အဲ့အချိန်မှာတော့..။
စီရင်စု ခေါင်းဆောင်ရဲ့ နှာဖူးမှာ ချွေးပျံနေခဲ့တယ်..။ခေါင်းဆောင်က ဘာလို့ ရုတ်တရက်ကြီးလာစစ်ဆေးတာလဲ သူ နားမလည်တော့ပါဘူး..။သူက ဘာမှ အကြောင်းမကြားပဲ..အမှတ်မထင်ကြီး ရောက်လာခဲ့တာပါ..။
"အကြီးအကဲ ချီ..တိမ်ဖြူလမ်းက တကယ်မဆိုးဘူး..။ခင်ဗျားဒီနေရာကို သေချာ ဂရုစိုက်ရမယ်..."
ခေါင်းဆောင် ပြောလိုက်တာပါ..။
အကြီးအကဲ ချီ ပြန်ပြောလိုက်တယ်..။
"ဟုတ်ပါတယ်..ဟုတ်ပါတယ်..တိမ်ဖြူလမ်းက..လမ်းတွေထဲမှာ အစည်ကားည်ကားဆုံးပါ..။ထပ်ပြောရရင် မာစတာလင်းရဲ့ ဆိုင်က ဒီမှာလေ..။ဒါကြောင့် ဒီစီရင်စုက ဂရုအစိုက်က်သင့့် ဆုံးပါပဲ.."
ခေါင်းဆောင် ခေါင်းညိမ့်လိုက်တယ်..။
"မာစတာလင်းက..ရှန်ဟိုင်းကို မျက်နှာရအောင် ကူညီပေးခဲ့တာပဲ..။သူ့ရဲ့ ပန်ချီကားဆယ်ချပ်ဆို နိုင်ငံရဲ့..ပြတိုက်မှာတောင် ထားထားရတယ်..။သူ့ ဆီကို သွားလည်ကြရအောင်..."
အကြီးအကဲ ဟီ..က ငတုံးတစ်ယောက် မဟုတ်ပါဘူး..။တစ်ခုခု မှားနေတာ သူသတိထားမိပါတယ်.။ခေါင်းဆောင်ရဲ.ရည်ရွယ်ချက်က စစ်ဆေးဖို့.မဖြစ်နိုင်တော့ပေ..။ဘာပဲဖြစ်ဖြစ်..သူ့ရဲ့ ရာထူးနဲ့ ဆိုရင် ဒါကြီးက..နည်းလမ်း မကျျပါဘူး.။
ယငးနောက် . သူ မာစတာလင်းကို တွေးမိလိုက်တဲ့အချိန်မှာတော့..နားလည်သွားခဲ့ပါတယ်..။
ခေါင်းဆောင်က..မာစတာလင်းဆီက ပန်းချီကားတစ်ချပ် တောင်းချင်ခဲ့တာပါ..။မဟုတ်ရင် သူ ဒီကို လာစရာ အကြောင်းမရှိပါဘူး..။