← Chapters

မာစတာလင်းလို့ ခေါ်ရင်ပိုကောင်းလိမ့်မယ်...

Vol. 47 Ch. 696

မာစတာလင်းလို့ ခေါ်ရင်ပိုကောင်းလိမ့်မယ်...

Vol. 47 Ch. 696

#ဘာသာပြန် = စနိုးဝှိုက်

ဆိုင်ပိုင်ရှင်တွေဟာ..သူတို့ ဆိုင်ရှေ့တွေကို ထွက်ကာ စုဝေးနေကြပြီး..ဂုဏ်သရေရှိခေါင်းဆောင်ကြီးကို ကြည့်နေခဲ့ကြတယ်..။

"သူ့ကြည့်ရတာ.တကယ် ဂုဏ်သရေရှိခေါင်းဆောင်ကြီး တစ်ယောက်လိုပဲ.."

"ငါ သူ့ကို အရင်င်က TV မှာ ကြည့်ဖူးတယ်..."

"သူက..အတော်ပါဝါ ရှိတာနော်..။ချီးပဲ..သူ ဘာလို့ တိမ်ဖြူလမ်းကို လာတာလဲ မသိဘူး.."

"ငါကတော့. သူ မာစတာလင်းကို လာတွေ့တယ်လို့ ထင်တာပဲ.."

"ဒါက..ဖြစ်နိုင်တယ်..."

သူတို့.သူဌေးလေးရဲ့ ဆိုင်နားမှာ..စျေးရောင်းကတည်းက..ထူးဆန်းတဲ့ အခြေအနေတွေနဲ့ ကျင့်သားရနေခဲ့ပါပြီ..။လတ်တလောမှာ..ချမ်းသားတဲ့ လူတွေ..တော်တော်များများက..မာစတာလင်းရဲ့..ပန်းချီကားကို လိုချင်နေကြတာပါ..။သိူ့ပေမယ့့်..သူတို့ အကုန်လုံး..သူဌေးလေးရဲ့ ငြင်းပယ်မူကို ခံကြရတာချည်းပါပဲ..။

ဆိုင်ပိုင်ရှင်တွေဟာ..သူဌေးလေးနဲ့ အတူတူ ဒီလမ်းမှာ ဆိုင်ဖွင့်ခွင့်ရလို့ ပျော်ရွှင်နေခဲ့ကြတယ်..။ဒါက..တကယ်ကို ဂုဏ်ယူစရာပါပဲ..။

ခေါင်းဆောငိ..ရဲ့ အတွင်းရေးမှူး လီဒေါင်ဟာ..ခေါင်းဆောငိ..က မာစတာလင်းဆိီကို တိုက်ရိုက် သွားဖို့ လုပ်နေတာကို တွေ့ပြီး..လှမ်းတို့ကာ..အဲလို မလုပ်ဖို့ အချက်ပြလိုက်တယ်..။

ဖန်းးကျန်းယန်..လီဒေါငိကို..တစ်ချက်လှမ်းကြည့်လိုက်တယ်..။သူ အလျင်လိူနေတော့ သေချာ မတွေးနိုင်ခဲ့ပါဘူး..။တကယ်လို့ သူသာ..မာစတာလင်းရဲ့ ဆိုင်ကို တည့့်တည့့်လျောက်သွားရင်..ပေါ်သွားမှာပါ..။ဒါကြောင့်..သူ အရင်ဆံူး လမ်းအနည်းငယ်လျောက်ပြီး အချိန်ဖြုန်းလိုက်တယ်..။

သူတို့ ဆိုင်တစ်ဆိုင်ကို ဝင်သွားခဲ့ကြတယ်..။

"သူဌေး.စီးပွားရေး အခြေအနေ ဘယ်လိုရှိလဲ..။မင်းရဲ့ လက်ရှိဘဝကိုရော ​ကျေနပ်ရဲ့လား..။အစိုးရရဲ့ ကူညီပေးမူ တစ်ခုခုလိုအပ်တာများ ရှိလား..."

အကြီးအကဲ ဖန်..ပြုံးပြီး ယဥ်ကျေးစွာ မေးလိုက်တာပါ..။သူ့ကြည့်ရတာ မြို့သားတွေ အတွက် အမှန်တကယ် ဂရုစိုက်ပေးတဲ့ လူတစ်ယောက်လိုပါပဲ..။

အကြီးအကဲ ချန်းက..အစက ရောဂါနဲ့ ဆေးရုံတက်နေရပြီး..သူ့ရဲ့ တစ်ဦးတည်းသော သားကလည်း ကျောငိးမှာ အနိုင်ကျင့်ခံခဲ့ရပါတယ်..။သူတို့ မိသားစု အကုန်လုံး သေကြတော့မလို့ပါပဲ..။သိူ့ျပိယ့်..သူဌေးလေး ရှိနေတာကြောင့် ဘာမှ မဖြစ်ခဲ့ပေ..။သူ့ဘဝက အခုဆို အတော် တိုးတက်နေခဲ့ပါပြီ..။သူ့ရှေ့က လူက ဘယ်သူမှန်း မသိပေမယ့့်..ရာထူးမြင့်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် သူ ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ကျွန်တော် ကျေနပ်ပါတယ်..။ကျွန်တော် အစိူးူးရရဲ့ ကူညီပေးမူ အထိတော့ မလိုသေးပါဘူး..။မာစတာလင်းက တိမ်ဖြူလမ်းရဲ့ လူတွေကို ကြည့်ရူ စောင့်ရှောက်ပေးထားတယ်လေ..။စီးပွားရေးတွေလည်း အတော်အဆင်ပြေတယ်..။ဒါတွေ အကုန်လုံးက..သူဌေးလေးရဲ့ ကျေးဇူးတွေကြောင့်ပါပဲဲ.."

အကြီးအကဲ ချန်းဟာ..လင်းဖန်ကို အတော် ကျေးဇူးတင်နေခဲ့တာပါ..။သူရှေ့က..လူက အကောင်ကြီးဖြစ်တာကြောင့်..အခွင့်သင့့်တုန်း မာစတာလင်း ဂုဏ်တက်အောင် သူ ချီးကျူးပေးလိုက်ပါတယ်..။

သူဌေးလေးက..ဒီလို လုပ်ပေးဖို့ မလိူဘူး ဆိုပေမယ့့်လည်း ဒီလိုလုပ်တာက..ဘာမှ အကျိုးမယူတ်နိုင်ပါဘူး..။

ဖန်ကျန်းယန်..ပြုံးပြီး နားထောင်နေခဲ့တယ်..။သူ့ရဲ့ ပုံရိပ်ကို ကောင်းကောင်း သရုပ်ဆောင်ထားနိုင်ခဲ့ပါတယ်..။

"ဒါတွေ အကုန်လုံးက..ခေါင်းဆောင်ကြီးရဲ့ စီမံခန့့်ခွဲတာ ကောင်းမွန်မူတွေ ကြောင့်ပဲလေ.."

အကြီးအကဲ ချီ..လျင်မြန်စွာပဲ..ဝင်ချီးမြောက်လိုကိပါတယ်..။

သူတွေးလိုက်တယ်..။

"ဒီဆိုငိပိုင်ရှင်တွေက..သူတို့ ဘာလုပ်နေလဲ ဆိုတာရော သိကြရဲ့လား..။သူတို့က..ခေါင်းဆောင်ကြီးကို ရှေ့မှာထားပြီး..ဘယ်သူ့ကို လာချီးကျူးပြနေတာလဲ..။မာစတာလင်း..က ပိုတော်နေတယ် ဆိုရင်တောင်..ဒီလိုမျိုး ရှေ့မှာတော့..မပြောသင့့်ဘူးလေ..."

ဖန်ကျန်းယန် ပြုံးပြီး အကြီးအကဲ ချီကို ကြည့့်လိုက်တယ်..။အကြီးအကဲ ချီက.သူ့ အထက်လူကြီးရဲ့ သဘောကျမူကို ဘယ်လို ယူရမလဲ ဆိုတာ တကယ်သိတဲ့လူပါ..။သူ ဖန်ကျန်းယန် ရဲ့ ဘေးနားမှာ..ရပ်နေပြီး..သူ့အလုပ်ကို ကောင်းစွာ လုပ်နေခဲ့တယ်..။

ဒီလို ရာထူးကို ရောက်လာပြီ ဆိုရင် လူတစ်ယောက်က ဥာဏ်ကောင်းနေဖို့လိုပါတယ်..။အကြီးအကဲ ချီ..ခေါင်းဆောင်ကြီး လာရတဲ့ ရည်ရွယ်ချက်ကို ထုတ်မပြောရဲပေမယ့် သူ..ခန့်မှန်းမိပါတယ်..။

ခေါင်းဆောင်ကြီးကတော့..အမှန်ကို ပြောမှာ မဟုတ်ပါဘူး.။သူက..ဥာဏ်ကောင်းတဲ့ လူတစ်ယောက် အနေနဲ့ အလိုက်သိတတ်ဖို့ လိုအပ်ပါတယ်..။

"ခေါင်းဆောငိ..မာစတာလင်းရဲ့ ဆိုင်က ဒီနားလေးမှာတင်လေ..။သွားပြီး ကြည့်ကြရအောင်..။မာစတာလင်းက..တရုတ်အနုပညာ အဖွဲ့အစည်း မာစတာတစ်ယောက်ပဲ..။သူ့ရဲ့ ပန်းချီကားတွေကို..နိုင်ငံရဲ့ပြတိုက်ထဲမှာတောင် ထိန်းသိမ်းထားရတယ်..။ဒါက ရှန် ဟိုင်းကို ဂုဏ်တက်စေတယ်လေ.."

အကြီးအကဲ ဖန်း.ပြုံးပြီး ခေါင်းညိမ့်လိုကိတယိ..။

"ကောငိးပြီလေ..ငါတို့ အချိန်ပေးပြီး..မာစတာလင်းဆီ သွားလည်ကြတာပေါ့.."

အကြီးအကဲ ချန်း ပြောလိုက်တယ်..။

"ကျွန်တော် လိုက်ပို့ပေးပါ့မယ် ခေါင်းဆောင်တို့.."

တစ်ခြား ဆိုင်ပိုင်ရှင်တွေဟာ ပြုံးလိုက်ကြတယ်..။

"အကြီးအကဲ ချန်းက..ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ ကောင်းကောင်းသိတာပဲ.."

"သူ မာစတာလင်းကို ကူညီလိုက်ပြန်ပြီ.."

"လာ..သွားကြည့်ရအောင်..။ဒီလို ခေါငိးဆောငိကြီး ဆိုတာက မြင်ရခဲတယ်.."

…

မာစတာလင်း ဆိုင် ဝင်ပေါက်တွင်..။

လူလိမ် ထျန် ပြောလိုက်တယ်..။

"ဒါက ထူးဆန်းတယ်လို့ မင်းမထင်ဘူးလား..။ငါ ဒီလူကို TV မှာ အရင်က မြင်ဖူးတယ်..။သူက ရှန် ဟိုင်းက..ခေါင်းဆောင်ကြီးပဲ..။သူက ဘာလို့.. တိမ်ဖြူလမ်းကို လာစစ်ဆေးတာလဲ..။ငါထင်တာတော့..မင်းကြောင့်ရောက်လာတာပဲ ဖြစ်ရမယ်.."

လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တယ်..။

"ကျုပ် ပန်းချီကားကို လာတောင်းတာ မဟုတ်ဖို့ မျှော်လင့့်ရတာပဲ..."

လူလိမ် ထျန် ခေါင်းညိမ့်လိုက်ပြီး...

"ဒါက..ဖြစ်နိုင်ချေပိုများတယ်..။တကယ်လို့..သူ အဲအတွက်လာတယ် ဆိုရင် မင်းဘာလုပ်မှာလဲ.."

"ဟင်း..."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်သာ..မျက်နှာထောက်တတ်တဲ့လူဆိုရင် ဘေဂျင်းကနေ တောင် ဒီီကို ပြန်မရောက်လာလောက်သေးဘူး...။ဒါပေမဲ့ အရမ်းကြီးလည်း ပြောလို့မရနိုင်ဘူး..။သူ တကယ်..လာပြီး စစ်ဆေးတာ ဆိုရင်ဘယ်လိုလုပ်မလဲ..။စောင့်ကြည့်ကြရအောင်..."

သူတို့နှစ်ယောက် ခေါင်းခါယမ်းပြီး ဆိုင်ထဲပြန်ဝင်လိုက်ကြတယ်..။

လူလိမ် ထျန်က ..လူကောင်းတစ်ယောက် မဟုတ်ပေမဲ့..သူက အထက်လူကြီးတွေကို ဖားယားတတ်တဲ့ လူမျိုး​ေတာ့ မဟုတ်ပါဘူး..။

သိူ့ပေ့မယ့့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် သူသာ ဖားယားတတ်ရင် အရေးပါတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။

သူ ဘာမှ သေချာ မလုပ်တတ်ဘူးဆိုရင်တောင် သူက ကိုယ်ခံပညာ မာစတာ တစ်ယောကိပါ..။သူသာ..အကောင်းကြီးကြီး တစ်ယောက်ကို..သွားဖားလိုက်ရင်..အလုပ်ခန့့်ခံရဖို့ဆိုတာက..မခဲယဥ်းပါဘူး..။

ဝူယူလန် မေးလိုက်တယ်..

"အစ်ကိုလင်း..အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ဘာမှ မဟုတ်ပါဘူး..။ခေါင်းဆောင်တစ်ယောက်က..လာစစ်ဆေးတာ..။သူ ဒီကို လာတာလားတော့ မသိဘူး..."

လူတန်ဟီ တံခါးနားကို သွားပြီး ကြည့်လိုက်တယ်..။

"ဖန်ကျန်းယန်လား..။သူ ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး..။

လင်းဖန် မေးလိုက်တယ်..။

"သူ့ကို သိလို့လား..."

"သူ အရင်က လိန်ကျုံးမှာ တာဝန်ကျခဲ့တာလေ..။သူ အဲမှာ ၁၀နှစ်လောက် ရှိခဲ့တယ်..။သူ ရှန်ဟိုင်းမှာ ခေါင်းဆောင် တစ်ယောက်လာဖြစ်မယ်လို့ မထင်ထားခဲ့ဘူး..။သူက အတော် ပါဝါ ရှိတယ်နော်.."

ဝူတန်ဟီ ပြန်ဖြေလိုက်တာပါ..။

သူက နိုင်ငံရဲ့ အင်အားကြီး ခေါင်းဆောင်တွေထဲမှာ တစ်ယောကိ အပါအဝင်ပါ..။ထပ်ပြောရရင်..ဖန်ကျန်းယန်က..အသက် ၅၀ လောက်သာရှိပြီး ငယ်ရွယ်သေးတဲ့ အတွက်..တောက်ပတဲ့အနာဂတ်ရှိနေတယ်လို့ ပြောလို့ရပါတယ်..။

"သူက..အစိုးရပိုင်းမှာ..အင်အားရှိတဲ့ လူတစ်ယောက်ပဲ.."

ဝူတန်ဟီ ပြောလိုက်တာပါ..။

လင်းဖန် ဒီလိူလူက တိမ်ဖြူလမ်းကို ဘာလို့လာတာလဲ မတွေးတတ်တော့ပေ..။တကယ်လို့ သူက ပန်းချီကားအတွက်လာတာ ဆိုရင် မျက်နှာသာ ပေးသင့့်လား..။

ဟင်း...

ဒါက..အဆင့့်မြင့် အရာရှိတစ်ယောက် ဖြစ်နေတယ် ဆိုရင်တောင် သူ ပန်းချီဆွဲချင်စိတ် မရှိသေးတဲ့ အတွက် အတတ်နိုင်ပဲ ငြင်းပယ်ရဦးမှာပါ..။

သိူ့ပေမယ့့်..အခုချိန်အထိ..ဘာမှ ဖြစ်မလာသေးတာကြောင့်..အခြေအနေကို အရင်င်ဆုံး စောင့်ကြည့်ရဦးမှာပါ..။

အမှန်တကယ်ပဲ..။

"အကြီးအကဲ ..ဒါက မာစတာ လင်းလေ.."

အကြီးအကဲ ချန်း ဆိုင်ထဲဝင်လာပြီး လင်းဖန်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..။

ခေါင်းဆောင်ကြီးနောက်က..လိုက်လာတဲ့ အကြီးအကဲ ချီ ဖိအားကို ခံစားလိုက်ရတယ်..။သူက ဖန်ကျန်းယန် နဲ့ယှဥ်ရင် ဘာကောင်မှ မဟုတ်ပါဘူး..။သူ့ အနီးအနားကို အခုလို လိုက်ဖို့ဆိုတာက ရှားပါးတဲ့ အခွင့်အရေးပါ..။

အတွင်းရေးမှူး လီဒေါင်ဟာ..မာစတာလင်းကို ကြည့်လိုက်တယ်..။သူက အတော်ကို ငယ်ရွယ်ပြီး စွမ်းဆောင်နိုင်စွမ်းရှိပါတယ်..။ဒီလို ငယ်ရွယ်ပြီး..စွမ်းဆောင်နိုင်စွမ်းရှိတဲ့ လူငယ်တွေကို ဂျီးနီးယပ် ဆိုတဲ့ စကားလုံးနဲ့ သုံးတာက အသင့့်တော်ဆုံးပါပဲ..။

ဖန်ကျန်းယန် ပြုံးပြီး ဂုဏ်ပြုလိုက်တယ်..။

"လူငယ် သူရဲကောင်းလေး..။တွေ့ရတာ ဝမ်းသာပါတယ်.. သွေးသောက်ရဲဘော်လေး လင်း..."

"ချီးကျူးပေးလို့ ကျေးဇူးပါတယ်..အကြီးအကဲ ..။ဒါပေမဲ့..ရဲဘော်ရဲဘက် လင်းဆိုတာက..နည်းနည်း ထူးဆန်းတယိလေ..။ကျွန်တော့်ကို မာစတာလင်းလို့ ခေါ်တာက ပို ခံစားရကောင်းပါတယ်.."

မာစတာလင်းက..ရာထူးမြင့်တဲ့ လူနဲ့ တွေ့လို့ရင်ခုန်တဲ့ အထဲမှာ မပါပါဘူး..။ကျန်းကျောင်ရှန်းက လာရှိတာဝန် မထမ်းဆောင်တော့ပေမယ့့် ဖန်ကျန်းယန် ထက်စာရင်..အဆင့့်ပိုမြင့်တဲ့ အရာရှိတစ်ယောက်လို့ ပြောလို့ရပါတယ်..။တကယ်လို့ ကျန်းကျောင်ရှန်းသာ..သူ့ညီအစ်ကိုကို..ဒီလို ကောင်လေးတစ်ယောက်လို ဆက်ဆံတာ တွေ့ရင် ..စိတ်ဆိုးမှာ အမှန်ပါပဲ..။

ဖန်ကျန်းယန် အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..

"ကောင်းပြီ ကောင်းပြီ..ငါ မှားပြောမိလိုက်တာ တောင်းပန်ပါတယ်..။မာစတာလင်းရဲ့..အရည်အချင်းက တကယ်ကို ထူးခြားတာပဲ..။မင်းရဲ့ လက်ရာတွေကလည်း နိုင်ငံတကာကတောင် အသိအမှတ်ပြုရတယ်..။ဒါက နိုင်ငံကို ဂုဏ်တက်စေတဲ့ အရာတွေပဲ..။ငါ မင်းကိုအမှန်တကယ်ပဲ.. မာစတာလင်းလို့ ခေါ်သင့့်တာပါ.."

အကြီးအကဲ ချီ..နှာဖူးက ချွေးတွေကို သုတ်လိုက်တယ်..။မာစတာလင်းက..တကယ်ကို တည့့်တိုးသမားပါ..။ဒါက.ကြောက်စရာပါပဲ..။ကျေးဇူးတင်ဖို့ကောင်းစွာပဲ..ခေါင်းဆောင်က စိတ်မဆိုးခဲ့ပေ..။တကယ်လို့ ခေါင်းဆောင်သာ..စိတ်ဆိုးသွားရင်..သူ့အနာဂတ်အပေါ်မှာ အကျိုးသက်ရောက်သွားနိုင်ပါတယ်..။

All Chapters