မသွားနဲ့ဦး..ပြောလို့ မပြီးသေးဘူး..
Vol. 47 Ch. 697
#ဘာသာပြန် = စနိုးဝှိုက်
အကြီးအကဲ ဖန်းး ပြောလိုက်တယ်..။
"လက်ရှိအခြေအနေကို ကျေနပ်ရဲ့လား..."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဟုတ်..ကျေနပ်ပါတယ်..."
ခေါင်းဆောငိ ထပ်ပြောလိုက်တယ်..။
"အစိုးရကို တောင်းဆိုစရာ တစ်ခုခု ရှိလား.။တကယ်လို့..တစ်ခုခု လိုအပ်တယ်လို့ ထင်တဲ့ အရာရှိရင်ပြောနော်..."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဟင့့်အင် မရှိပါဘူး..."
"မာစတာလင်းရဲ့ ပန်းချီကားတွေက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..။ငါတောင် ..ကြည့်လိုက်တဲ့ အချိန်တိုင်း အံ့ဩရတယ်..."
"မ ..မဟုတ်ပါဘူး..။ကျွန်တော်ကို အကြီးအကဲ မြှောက်နေပြန်ပါပြီ.."
…
သူတို့ စကားတစ်ယောက်တစ်ခွန်း ပြောနေပေမယ့်.လေထုဟာ..အနည်းငယ် ..ထူးဆန်းနေခဲ့တယ်..။
အကြီးအကဲ ချီ ကတော့ အနည်းငယ် ကြောက်ရွံ့နေခဲ့ပါတယ်..။သူလင်းဖန်ကို..ကြည့်လိုက်ပေမယ့်.အံ့ဩစွာပဲ..မာစတာလင်းက..မေးခွန်းမေးလာခဲ့တယ်..။
"အကြီးအကဲ ချီ..ဘာလို့ ကျွန်တော်ကို ကြည့့်နေတာလဲ..။တစ်ခုခု ပြောစရာ ရှိလို့လား..။တကယ်လို့..ပြသနာ တစ်ခုခု ရှိရင် ကျွန်တော် ကူညီပေးမယ်လေ..."
ဒါကို ကြားတဲ့ အချိန်မှာ.အကြီးအကဲ ချီ စိတ်ရှုပ်သွားခဲ့တယ်..။သူက အချက်ပြဖို့ ကြိုးစားချင်ပေမယ့့်..မာစတာလင်းက လုံးဝ နားမလည်ခဲ့ပါဘူး..။
ခေါင်းဆောင်က..ဒီမှာ ရပ်နေတာ ဆယ်မိနစ်လောက် ရှိပြီ ဖြစ်ပေမယ့့် သူက အခုထိ ..ထိုင်ဖို့ မပြောသလို..လဖက်ရည်နဲ့လည်း ဧည့်မခံသေးပေ..။ထပ်ပြောရရင်..ခေါင်းဆောင်က သူ့ပန်းချီကားတွေကို ကြိုက်တယ်လို့ ပြောနေခဲ့တာပါ..။ဒါက တင် ပန်းချီကားတစ်ချပ် လက်ဆောင်ပေးဖို့ လုံလောက်နေပါပြီ..။
ဒါဆိုရင် အခု ပြသနာက ပြေလည်သွားမှာပါ..။ဒါက ခေါင်းဆောင်ကို ပျော်ရွှင်စေသလို..လင်းဖန် အပေါ်မှာလည်း.အထင်အမြင်ကောင်းတွေ ရှိသွားမှာ အသေအချာပါပဲ..။သူ နောက်ဆိုရင် .ရှန်ဟိုင်းမှာ ဘာလုပ်လုပ် အဆင်ပြေနေတော့မှာပါ..။
ဖန်ကျန်းယန် လင်းဖန်ကို ကြည့်နေခဲ့ပြီး..လင်းဖန်ကလည်း..သူ့ကို တိတ်ဆိတ်စွာ ပြန်ကြည့်နေခဲ့ပါတယ်..။ရုတ်တရက်..သူတို့..ဘာမှ ပြောစရာ စကား မရှိကြတော့ပါဘူး..။
ဒါက..ရှက်ရွံ့စရာ အခြေအနေ တစ်ခုပါ..။
အကြီးအကဲ ချီ ကို စိတ်ပူစေတာက..မာစတာလင်းရဲ့ ပုံစံက ငတုံးတစ်ယောက်နဲ့ တူနေတာပါ..။ကြည့်ရတာ ဘာတွေဖြစ်နေတာလဲ..သူ နားမလည်တဲ့ ပုံစံပါပဲ..။
* အဟမ်း *
အကြိီးအကဲ.ချီ.လည်ချောင်းရှင်းကာ..ပြုံးလိုက်ပြီး..
"မာစတာလင်း..ထိုင်ပြီး စကားပြောကြရအောင်.."
"ဟင်.."
လင်းဖန် နောက်တစ်ခါ ငတုံးတစ်ယောက်လိုဟန်ဆောင်လိုက်တယ်။
"ခေါင်းဆောင်က..ဒီကို..စစ်ဆေးဖို့လာခဲ့တာ ဟုတ်ဘူးလား...။တစ်ခြား နေရာတွေကို မသွားတော့ဘူးလား..."
ယင်းနောက်..အကြီးအကဲ ချီ သူ့ကိုယ်သူ သတ်သေ ချင်စိတ် ပေါက်သွားခဲ့ပါတယ်..။မာစတာ လင်းက..ငတုံးလား..။တစ်ကယ်လို့..တစ်စုံတစ်ယောက်ရဲ့ အိမ်ကိုသာ..ဂုဏ်သရေ ရှိ ခေါင်းဆောင်ကြီး လာရင်..သူတို့ ဘိုးဘေးတွေကိုတောင် ကျေးဇူးတင်ကြမှာပါ..။
အပြင်ဘက်က ဆိုင်ပိုင်ရှင် တွေဟာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်..။
"ချီးပဲ..မာစတာလင်းက..ရူးနေပြီ.။သူ ချက်ချင်း..ခေါင်းဆောင်ကို ငြင်းပယ်ပြီး.ရေတောင် မတိုက်ပါလား..."
"သူဌေးလေးက .လွဲလို့ ဘယ်သူက ဒါမျိုး လုပ်ရဲမှာလဲ.."
"ဒါက ရှက်ရွံ့စရာပဲ.."
အတွင်း ရေးမှူး လီဒေါင်ဟာတစ်ခုခု လုပ်ရတော့မယ် ဆိုတာကို သိလိုက်တယ်..။သူတို့ ဒီနေ့လာရတဲ့ ရည်ရွယ်ချက်ကို သူ အသိဆုံးပါ..။
အစကတော့..သူတို့ အစီအစဥ်က အေးဆေး အောင်မြင်မယ်လို့ ထင်ထားပေမယ့့်..မာစတာလင်းက..အချက်ပြစကားလုံးတွေကို နားမလည်ပဲ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူက ဥာဏ်ရည်ထိုင်းတဲ့ လူတစိယောက်တောင်မှ ဖြစ်နိုငိပါတယိ..။
ဒါကြောင့်.ခေါင်းဆောင်အစား သူကိုယ်တိုင် တည့့်တည့် တောငိးဖို့သာ တတ်နိုင်ပါတော့တယ်..။
"မာစတာလင်း..ကျွန်ေတာ်တို့ အစိုးရရုံးမှာ မာစတာလင်းလို့ ပညာရှင်အဆင့့် ဆွဲထားတဲ့ ပန်းချီကားက တစ်ချပ်တောင် မရှ်ိဘူးလေ..။ခေါင်းဆောငိလည်း ဒီရောက်နေပြီ ဆိုတော့..ကျွန်တော် နိမ့်ချစွာ တောင်းဆိုပါရစေ..။မာစတာလင်း ကျွန်တော် တို့ ရုံးခန်းမှာှာ ချိတ်ဆွဲဖို့ ပန်းချီကား တစ်ချပ်လောက်များ ဆွဲပေးနိုင်မလား.."
လီဒေါင်..နည်းနည်း စဥ်းစားပြီး ပြောလိုက်တယ်..။မာစတာလင်းက..အချက်ပြတာကို နားမလည်ဘူးဆိုတော့..တည့့်တည့့်ပဲ..ရှင်းလင်းအောင် ပြောရမှာပါ..။
အမှန်တကယ်ပဲ..သူဒီလို ပြောလိုက်တာကြောင့် ဖန်ကျန်းယန် ကျေနပ်သွားခဲ့တယ်..။သူ အခုလို တည့့်တည့့်ပြောလိုက်တော့ လင်းဖန် နားမလည်စရာ အကြောင်းမရှိတော့ပါဘူး.။သိူ့ပေမယ့်..ဖန်ကျန်းမင် ဝင်သရုပ်ဆောင်လိုက်တယိ..။
" ကောငိလေး..လီဒေါင်.မင်းက ဘယ်လိုလုပ်ပြီး မာစတာလင်းကို ပန်းချီကားကို တည့့်တည့့်ကြီးသွားတောင်းရတာလဲ..။မာစတာလင်း ရဲ့ ပန်းချီကားတွေက နိုင်ငံရဲ့ ပြတိုက်မှာတောငိ ထားထားရတာလေ..။စျေးနှုန်း ဆိုတာကလည်း သေးတာ မဟုတ်ဘူး..။တကယ်လို့ တစ်ခြားလူတွေ ဒါကိုကြားရင် ငါတို့ကို ဘယ်လို ထင်သွားကြမလဲ..."
လီဒေါင် ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်တယိိ..။
"ဟုတ် ..ဟုတ်ကဲ့ပါ..ကျွန်တော် မှားသွားပါတယ်
.။မာစတာလင်း ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့..။မာစတာ လင်းရဲ့ ပန်းချီကားတွေက.အရမ်း အံ့ဩဖို့ ကောင်းလို့ပါ..."
သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းလင်းပါတယ်..။လင်းဖန် စိတ်ထဲကနေ ကျိတ်ရယ်လိုက်ပြီးလက်ဝေ့ယမ်းလိုက်တယ်..။
"ဒါအဆင်ပြေပါတယ်..။ခေါင်းဆောင်ရဲ့ ရုံးခန်းထဲမှာ..ကျွန်တော် ပန်းချီကား ချိတ်ခွင့်ရတာက ဂုဏ်ယူစရာပါပဲ.."
လင်းဖန် သာ ဒီလို ပြောလိုက်ရင်..ဒီကိစ္စက ပြီးဆုံးသွားပါပြီ...။
သို့ပေမယ့့် လင်းဖန် ပြောလိုက်တဲ့.စကားကြောင့်..အကုန်လုံးအံ့ဩသင့်သွားခဲ့တယ်..။
"အိုး..ဒီလိုလား..။ဒါက ကိစ္စသေးသေးလေးပါ..။ကျွန်တော်..အကြီးအကဲကျန်း လိူ့ခေါ်တဲ့ ကျန်းကျောင်ရှန်းကို ခေါ်လိုက်မယ်..။ပြီးတော့ တရုတ်အနုပညာ အဖွဲ့အစည်းက..ယွဲ့ချီးဂျုရှီနဲ့ တာအို ရှီဂန် ရောပဲ..။သူတို့မှာ..ခေါင်းဆောင် အတွက် ..ပန်းချီကား ရှိသေးလား မေးလိုက်မယ်..။သူတို့ရဲ့ လက်ရာတွေက..ကျွန်တော်ထက်သာတယ် ဆိုတော့လေ..။ခေါင်းဆောင် အဲလိုဆို အဆင်ပြေရဲ့မလား.."
"ခေါင်းဆောင်ကတော့..အကြီးအကဲကျန်းရဲ့ ပန်းချီကားက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲ ဆိုတာကို သိမှာ မဟုတ်ဘူး..။တကယ်လို့ ခေါင်းဆောင် ပန်းချီကား..လိုချင်တယ်လို့ ပြောရင် သူချက်ချင်းးပို့ပေးမှာပဲ..။ဒါက သူ့အတွက်တော့ ဂုဏ်ယူစရာပဲလေ..."
သူ အကြီးအကဲ ကျန်း နာမည်ကို ခနခန သုံးနေပေမယ့့် တစ်ခြားလူတွေကတော့ နားမလည်ခဲ့ပါဘူး..။
အကြီးအကဲ ကျန်းက ဘယ်သူလဲ..။သူက ဘာလို့ မာစတာလင်းရဲ့ လက်ရာနဲ့တောင် နှိုင်းယှဥ်နိုင်ရတာလဲ..။ခေါင်းဆောင်က မာစတာလင်းရဲ့ ပန်းချီကားကိုပဲ..လိုချင်တာပါ..။အဲဒီ အကြီးအကဲကျန်းနဲ့ ယွဲ့ချီဂျုရှိီတို့ မဟုတ်ပါဘူး..။
သိူ့ပေမယ့့် ဖန်ကျန်းယန် ကျန်းကျောင်ရှန်းရဲ့ နာမည်ကို ကြားတဲ့ အချိန်မှာ ထိပ်လန့့်သွားခဲ့တယိ..။သူ စိတ်ပူစွာနဲ့...
"မာစတာလင်းက..အကြီးအကဲ ကျန်းနဲ့ သိတယ်လား..."
"အကြီးအကဲ ကျန်းလား...။အကြီးအကဲ ကျန်းဆိုတာ ကျန်းကျောင်ရှန်းကို ပြောတာလား"
ဖန်ကျန်းယန် လင်းဖန် ကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။
"ဟုတ်တယ် အဲဲဒီ..အကြီးအကဲ ကျန်းပဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဒါအမှန်ပဲ..။အကြီးအကဲ..ကျန်းက အနုပညာ အဖွဲ့အစည်းရဲ့ ဥက္ကဌလေ..။သူက တကယ် မယုံနိုင်စရာ ကောင်းတယ်..။ခေါငိးဆောင်က ပန်းချီကားလိုချင်တာ ဆိုတော့ ကျွန်တော် သူ့ဆီကို ဖုန်းဆက်ပြီး တောင်းလိုက်မယ်လေ..။သူ မပေးချင်ဘူးဆိုရငိ. ခေါင်းဆောငိရဲ့ ..နာမည်ကို ပြောလိုက်မယ်..။ဒါဆို သူမပေးပဲ နေရဲတော့မှာ မဟုတ်ဘူး..."
ဖန်ကျန်းယန် ကြောင်အသွားခဲ့တယ်..။သူ့ နှာဖူးမှာတော့..ချွေးတွေ စိုရွဲလို့ပါ..။ဒီကိစ္စက ဒီလောက်အထိကြီးမယ် ဆိုရင်တော့..မေ့လိုက်တာက အကောင်းဆုံးပါပဲ..။
ထပ်ပြောရရင်..သူ့ရဲ့ ရာထူးကို ကော်မတီ အဖွဲ့ဝင်အဖြစ် ရာထူးတိုးချင်ပါသေးတယ်..။သူက အဖွဲ့ဝင် ကိုးယောက်ထဲက တစ်ယောက်ဖြစ်ချင်ခဲ့တာပါ..။သူ..နောက်ထပ် လေးနှစ်လောက် လိုသေးတာကြောင့်..ဒီကိစ္စနဲ့ သူ့အနာဂတ်အပေါ် မထိခိုက်ချင်ပါဘူး..။
ထပ်ပြောရရင်..မာစတာလင်းက..ကျန်းကျောင်ရှန်း ရဲ့ နောက်ခံကို မသိသေးလောက်တဲ့ ပုံပါပဲ..။သူသာ သိရင် ဒီလိူတွေ ပြောနေမှာ မဟုတ်ပေ..။
အကြီးအကဲ ကျန်းရဲ့ လုပ်နိုင်စွမ်းနဲ့ ဆိုရင် သူသာ..ဖန်ကျန်းမင် ရဲ့ တက်လမ်းကို ပိတ်ထားချင်ရင်..တကယ်လုပ်လို့ ရပါတယ်..။
ဒါကြောင့်..ဖန်ကျန်းယန် ထပ်တောင် မတွေးရဲတော့ပါဘူး..။
"မာစတာလင်း ထားလိုက်ပါတော့..။အလုပ်ရှုပ်စေမိပြီ..။ကျွန်တော်တို့က အစိုးရဝန်ထမ်းတွေ ဆိုတော့..မြို့သားတွေ အဆငိပြေအောင် ဆောင်ရွက်ပေးရမှာလေ..။ရာထူး အဆင့့်အတန်းကို သုံးပြီး..ပန်းချီကားတောင်းလို့ ဘယ်သင့့်တော်ပါ့မလဲ..။အခုက..အခြေအနေကို လာပြီး စစ်ဆေးတာဆိုတော့..မာစတာလင်းကို ထပ်မနှောကိယှက်တော့ပါဘူး..."
ဖန်ကျန်းယန် စိတ်ပူစွာ ပြောလိုက်တာပါ..။တကယ်လို့ ဒီကိစ္စသာ အကြီးအကဲကျန်း ရဲ့ နားထဲ ရောက်သွားရင်..ဘယ်လိုဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ပါဘူး..။
"ဒါက ပြသနာ မရှိပါဘူး..။ကျွန်တော် အခု ဖုန်းခေါ်လိုကိမယ်..။အကြီးအကဲ မသွားနဲ့ ဦး..။လိုချင်တဲ့ ပန်းချီကား အမျိုးအစားကို ပြီးမှ ဆွေးနွေးကြမယ်လေ..."
လင်းဖန် ဖန်ကျန်းယန် ပြန်ဖို့ လုပ်နေတာကို မြင်ပြီး အလျင်အမြန်ပြောလိုက်တာပါ..။
ဖန်ကျန်းယန် နာရီကို ကြည့်လိုက်ပြီး..
"မာစတာ.လင်း..စစ်ဆေးရမယ့် အချိန်က ပြီးတော့မယ်..။ကျုပ်လည်း တစ်ခြားဆိုင်တွေကို ကြည့်ပေးဖို့ ရှိသေးတယ်လေ..။အနာဂတ်မှာ အခွင့်အရေးရှိရင်တော့ အနုပညာ အကြောင်းဆွေးနွေးရအောင်.။တကယ်လို့ တစ်ခုခု လိုအပ်တာ ရှိရင်လည်း အကြီးအကဲ ချီကိုသာ ပြောလိုက်..."
အကြီးအကဲ ချီကြောင်အနေခဲ့တယ်..။ဒီကိစ္စက သိပ်တော့ နည်းလမ်း မကျျပါဘူး.။ဘာလို့ ခေါင်းဆောင်က အတင်းတွေ ပြန်ချင်နေရတာလဲ.။
အဲ့အချိန်မှာတော့ အတွင်းရေးမှူး လီဒေါင်ဟာ ပါးစပ်ပိတ်နေခဲ့တယ်.။သိသာစွာပဲ.အကြီးအကဲ ကျန်း ဘယ်သူလဲ ဆိုတာကို သူသိနေတဲ့ ပုံပါပဲ..။
တကယ်လို့ ဒီကိစ္စကို အကြီးအကဲ ကျန်း သိသွားရင် ပိုဆိုးကုန်တော့မှာပါ.။
လင်းဖန် သူ့ကိုယ်သူ တွေးလိုက်တယ်..။
"သူက..ဘာလို့ အလျင်လိုနေတာလဲ..။ငါက သရုပ်ဆောင်လို့တောင် မပြီးသေးဘူး..."
လူလိမ် ထျန် လင်းဖန်ကို လက်မထောင်ပြလိုက်တယ်..။
"မယုံနိုင်စရာပဲ.."
လင်းဖန် တည်ငြိမ်စွာ ပြုံးလိုက်တယ်..။သူ ပန်းချီကားကို ပေးရတော့မလို့ပါ..။
တကယ်လို့ သူ ခေါင်းဆောင်ကို ပန်းချီကားပေးလိုက်ရရင် တစ်ခြားလူတွေ ဘယ်လိုထင်မှာလဲ..။
ဒါက မာစတာလင်းက..ရာထူးကြီးတဲ့လူကိုကျတော့ ဖားယားပြီး ပန်းချီကား လက်ဆောင်ပေးလိုက်တယ်လို့ မြင်ကြတော့မှာပါ..။
ဒါက..မာစတာ လင်း ဘယ်တော့မှ မလုပ်မယ့့် အရာတစ်ခုပါပဲဲ..။
အခုချိန်မှာတော့..ဘယ်လိုလူမျိုးပဲ..လာလာ သူ့ရဲ့ ပန်းချီကားကို ရဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ပါဘူး..။