← Chapters

ပေါက်ကွဲထွက်လာတဲ့ သတင်း..

Vol. 47 Ch. 698

ပေါက်ကွဲထွက်လာတဲ့ သတင်း..

Vol. 47 Ch. 698

#ဘာသာပြန် = စနိုးဝှိုက်

စစ်ဆေးမူက ပြီးဆုံးသွားခဲ့တယ်..။

အမှန်တကယ်တော့ ဒီလို လာစစ်ဆေးခြင်းရတဲ့ အဓိက အကြောင်းအရင်းက ခေါင်းဆောင်ဟာ...မာစတာလင်းရဲ့ ပန်းချီကားကို ရဖို့ပါ..။သို့ပေမယ့်.ဘယ်သူမှ လှည့်ကွက်ကို..သတိမထားမိခဲ့ပါဘူး..။

လီဒေါင် ဘေးနားမှာ ကြောက်လန့့်တကြား ရပ်နေခဲ့ပြီး..

"ဒါ ကျွန်တော့်အမှားပါ..။ကျွန်တော့်ကြောင့် ခေါင်းဆောင် ပြသနာ ဖြစ်တော့မလို့..."

ဒီနေ့ ကိစ္စကို သာ ကောင်းကောင်း မကိုင်တွယ်ိုင်တွယ် နိုင်ရင် ခေါင်းဆောင်ရဲ့..အမြင်မှာ..မကောင်းတဲ့..အထင်အမြင်တစ်ခု ကျန်ရစ်ခဲ့တော့မှာပါ..။ဖန်ကျန်းယန်က..မာစတာလင်းကို..ပန်းချီကားပေးဖို့ တွန်းအား မပေးဘူးဆိုရင်တောငိ..ဒီကိစ္စက ကျန်းကျောင်ရှန်း ဆီကို ရောက်သွားရင်..မလွယ်ကူပါဘူး..။

ယင်းနောက် ဖန်ကျန်းယန် အတွေးနက်နေရင်းကနေ..ပြုံးလိုက်ပြီး...

"ငါ..ဒီနေ့ လူငယ်လေးတစ်ယောက် ဆီမှာ ရှုံးနိမ့်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။လီဒေါင်..ငါ ဒီကိစ္စကို မင်းအပေါ် အပြစ်မတင်ပါဘူး..။ဒီကိစ္စကို အများကြီး တွေးမနေနဲ့..။မာစတာလင်းက..ရှန်ဟိုင်းမှာ ရှိနေပြီး ငါတို့အတွက်အဖိူးူး မဖြတ်နိုင်တဲ့ ရတနာပဲ..။သူ ပန်းချီကား မပေးတာနဲ့ ငါတို့ သူ့အပေါ်မှာ မကောင်းတဲ့ စိတ်တွေ မွေးလို့မဖြစ်ဘူးလေ..."

လီဒေါင် ခေါင်းညိမ့်လိုက်တယ်..။

"အကြီးအကဲ..စိတ်မပူပါနဲ့..ကျွန်တော့်မှာ ဒီလို အတွေးတွေ လုံဝ မရှ်ိပါဘူး..."

ဆိုင်ထဲမှာ ရှိနေတုန်းက..သွေးပူနေတော့ ဖန်ကျန်းယန် အခြေအနေကို သိပ်နားမလည်ခဲ့ပါဘူး..။သို့ပေမယ့့် သေချာ ပြန်စဥ်းစားလိုက်တဲ့ အချိန်မှာ နားလည်သွားခဲ့တယ်..။ဘယ်လိူလုပ်ပြီး မာစတာလင်းက..အကြီးအကဲ ကျန်းရဲ့ အဆင့့်အတန်းကို မသိပဲ နေမှာလဲ..။သူ ..အခုလို..ပြောနေတာတွေက..သူ့ရဲ့ တောငိးဆိုမူကို ငြင်းပယ်ချင်လို့ပါ..။

တကယ်လို့..ဒီလောက်ကိုတောင် မစဥ်းစားနိုင်ရင် ဖန်ကျန်းယန် သူ့နေရာကနေ အစောကြီးကတည်းက မောင်းထုတ်ခံရလောက်ပါပြီ..။

သူ ဒီနေရာကို ရောက်ဖို့ ပြိုင်ဆိုင်တုန်းက..ဆိုရင် ပြိုင်ဘက်တွေရဲ့ မရေမတွက်နိုင်တဲ့

ခြိမ်းခြောက်မူ တွေနဲ့ ကြုံတွေ ခဲ့ရပါတယ်..။သူ လေးနှစ်လောက်အထိတောင် ကြိုးစားခဲ့ရတာ ဖြစ်ပြီး ..ဒါက ခက်ခဲခဲ့တဲ့ အချိန်ကာလတွေပါပဲ..။သူ့ နေရာကို ရောက်လာပြီးကာမှ..သူ.အမှားအယွင်း မဖြစ်ချင်တော့ပေ..။

မာစတာ လင်းရဲ့ ပန်းချီကား အတွက်ကတော့..သူများတွေ လိုချင်သလိုပဲ..သူလည်း လိုချင်ခဲ့တာပါ..။အခု..မာစတာလင်းက..သူ့ကို ငြင်းပယ်လိုက်ပြီ ဆိုတော့..သူ အများကြီး တွေးမနေတော့ပါဘူး..။

ဖန်ကျန်းယန် နဲ့..အတွင်းရေးမှူး တစ်ယောက် အနေနဲ့..လီဒေါင် သူ့အတွက် ကိစ္စတွေ အများကြီးကို စဥ်းစားပေးရလေ့ ရှိပါတယ်..။ဒါက..ဒီပြသနာ ကို သူ ရိုးရိုးရှင်းရှင်း စဥ်းစားမိခဲ့လို့ပါ..။မာစတာလင်းကို သာမန်လူတစ်ယောက်လို သဘောထားလိုက်မိတာက..သူ့ရဲ့ အမှားပါပဲ..။

သာမန် မာစတာလင်းတွေဆိုရင်..လေးစားရတဲ့ ခေါင်းဆောင်အတွက် ..ပန်းချီကား တစ်ချပ်လက်ဆောင်ပေးမှာ ဆိုပေမယ့့်..မာစတာလင်းက..တော့ ဒီထဲမှာ မပါဝင်ပါဘူး..။

…

တိမ်ဖြူလမ်း..။

အကြီးအကဲ ချီ..ဆိုင်ကို ပြန်လာခဲ့ပြီး..အကူညီမဲ့စွာ ပြောလိုက်တယ်..။

"မာစတာလင်း..ခေါင်းဆောင် ပြောချင်တဲ့ ရည်ရွယ်ချက်က ဒီလောက် သိသာနေတာကို ဘာလို့ နားမလည်နိုင်ရတာလဲ.."

လင်းဖန် ပြုံးလိုက်ပြီး..

"အကြီးအကဲ ချီ ..ဘာကို ဆိုလိုတာလဲ..။သူက ပန်ချီကား လိုချင်တယ် ဆိုလို့..ကျွန်တော့်ထက် တော်တဲ့ မိတ်ဆွေ တွေ ဆီကနေ တောင်းပေးမလို့လေ..။ခေါင်းဆောင်က လိုမှ မလိုချင်တော့တာ.."

"မင်း..."

အကြီးအကဲ ချိီ ဆွံ့အသွားခဲ့တယ်..။လင်းဖန်က တကယ် ငတုံး တစ်ယောက်လား..။

သို့ပေမယ့့် ခေါင်းဆောင်ကြီးရတာ..ဒေါသမထွက်တဲ့ ပုံပါပဲ..။ဒါကြောင့် ဒီကိစ္စကို ထပ်မပြောတော့ပေ..။

လင်းဖန် ​ပြုံးလိုက်ပြီး..

"အကြီးအကဲ ချီက ဒါကိုတောင် နားမလည်နိုင်ဘူးလား..။ကျုပ်ရဲ့ ပန်းချီကားက လွယ်လွယ်နဲ့ ရနိုင်မယ်လို့ ထင်နေတာလား..။ကျုပ်ရဲ့ ပန်းချီကားက..ဒေါ်လာ သန်းချီပြီး ရှာပေးနိုင်တယ်..။တကယ်လို့..သူသာ ကျုပ် ပန်းချီကားကို ယူလိုက်ရင် အနာဂတ်မှာ လူတွေက သူ့အပေါ် ဖိနိပ်ပြောဆို ကြတော့မှာပဲ..။ဒါကြောင့် ကျွန်တော် တုံးအချင်င်ယောင် ဆောင်ပြီး သူ့ကို ကာကွယ်ပေးလိုက်တာလေ..။အခုလောက် ဆိုရင် အစောက အဖြစ်အပျက်ကို သေချာ ပြန်တွေးပြီး သူ ကျုပ်အပေါ်ကို ကျေးဇူးတင်နေလောက်ပြီ..."

အကြီးအကဲ ချီ..လင်းဖန်က်ို သံသယဖြစ်စွာ ကြည့်လိုက်ပြီး..

"ဒါမှန်ပဲလား..."

သူ ဒါကို ယုံကြည်ပါတယ်..။ဘာပဲဖြစ်ဖြစ် မာစတာလင်းက သာမန်လူ မဟုတ်ပါဘူး..။သူ့ရဲ့ ပန်းချီကား ဆယ်ချပ်လုံးက နိုင်ငံရဲ့ ပြတိုက်မှာ ထားထားတာပါ..။တန်ကြေးမြင့်မားမူက ​ပြောနေစရာတောင် မလိုပါဘူး..။ထပ်ပြောရရင်..လက်ရှိမှာ ဝယ်ချင်ရင်တောင် စျေးကွက်ထဲမှာ ရှိမနေသေးပေ..။

ဒါကြောင့် သူ့ရဲ့ ပန်းချီကားတစ်ချပ် ဆိုတာက ရဖို့ ခက်ခဲလှပါတယ်..။တကယ်လို့ ခေါင်းဆောင်ကသာ..ပန်းချီကား..ရသွားွားရင် လူတွေက..မာစတာလင်း တံတားထိုး လိုက်တယ်လို့ ထင်သွားကြမှာပါ..။

သူသာ ..သာမန် ခေါင်းဆောင် တစ်ယောက်ရဲ့ တောင်းဆိုမူကို လက်ခံလိုက်ရင်..သူ့ ပန်ချီကားတွေက..တန်ကြေးရှိတော့မှာ မဟုတ်ပါဘူး..။

ထပ်ပြောရရင်..သူက ဘယ်သူလဲ..။သူက မာစတာလင်းပါ..။သူ့ကို..တစ်စုံတစ်ယောက်က..လာပြီး ခြိမ်းခြောက်လို့ မရပါဘူး..။

အကြီးအကဲ ချီ ထွက်ခွာသွားခဲ့တယ်..။ဒါကဟအမှန် ဟုတ်ဟုတ် မဟုတ်ဟုတ် ခေါင်းဆောငိ..စိတ်မဆိုးဘူး ဆိုရင် သူ့အတွက် အဆင်ပြေပါတယ်..။သိူ့ပေမယ့့် မာစတာလင်းက သူ့ရဲ့ စီရင်စုထဲမှာ ဖြစ်နေလို့တော့ သူ ကျေနပ်မိပါတယ်..။

ဒါက တစ်ခြားလူတွေ အတွက်ကတော့..မနာလိုာလိုစရာပါပဲ..။

နောက်တစ်ရက်..။

လူအများစုဟာ မနိုးိုးကြသေးပေမယ့့်..အင်တာနက်ကတော့ ပေါက်ကွဲထွက်နေခဲ့ပါပြီ..။

'ဝူရွှန်းယွဲ့ဟာ..ဆန်းကျယ်တဲ့လူနဲ့ တစ်ညတာ ကုန်ဆုံးခဲ့..."

'ဂီတ စတား..တစ်ယောကိဟာ..တစ်ခြား မိန်းကလေး တစ်ယောက် ယောက်ကျားလေး တစ်ယောက် နဲ့ အတူ ..တစ်ခန်းတည်း အိပ်ခြင်း..။သူမ မနက်မှ ထွက်သွားခဲ့သည်.."

"လေသာဆောငိ မှာ..လှမ်းထားတဲ့..အောက်ခံဘောင်းဘီ နှစ်ထည်..။အမှန်တကယ်ပဲ..ဘာဖြစ်ခဲ့တာလဲ.."

"ယောက်ျားတစ်ယောက်နဲ့..မိန်းမ နှစ်ယောက်ရဲ့ အံ့ဩစရာ အခြေအနေ..."

…

ဒီသတင်းတွေ..တက်လာတဲ့ အချိန်မှာ လူတိုင်းကြောင်အသွားခဲ့တယ်..။အစကတော့..ပရိတ်သတ်တွေဟာ..မယုံကြည်ကြပေမယ့့်..ဓာတ်ပုံတွေ တက်လာတဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြပါတယ်..။

မိန်းကလေး တစ်ယောက်ဟာ..ယောက်ျားလေးတစ်ယောက်ရဲ့ လက်မောင်းနှစ်ဖက်မှာ တစ်ဖက်စီ မှီနေခဲ့ကြတာပါ..။ယောက်ျားလေးနဲ့..မိန်းကလေး..ရဲ့ မျက်နှာကိုတော့ ဝေဝါးထားပြီး..ဝူရွှန်းယွဲ့ရဲ့ မျက်နှာကတော့..ရှင်းလင်း နေခဲ့တယ်..။သူမရဲ့ အပြုံးကတော့ ပရိတ်သတ်တွေကို အရည်ပျော်ကျစေနိုင်လောက် ပါတယ်..။

သူတို့ရဲ့ အိုင်ဒေါက ဘာဖြစ်တာလဲ..။ဘာလို့ ဒီလို အရာတွေကို လုပ်နေတာလဲ..။

အင်တာနက် ဆယ်လီ တွေ အများစုဟာ..ဒီသတင်းကို ပြန်တင်နေခဲ့ကြပါတယ်..။တစ်ခြား ဆယ်လီတွေလဲ..မျှဝေနေခဲ့ကြတယ်..။

တစ်စုံတစ်ယောက်က..ပြသနာဖြစ်နေရင်..ကူညီမဲ့လူက အများကြီး မရှိပါဘူး..။သို့ပေမယ့့် ထိုးချမယ့့်လူတွေကိုတော့ အဲ့အချိန်မှာ..အများျားကြီး တွေ့နိုင်ပါတယ်..။

ဝူရွှန်းယွဲ့ အောင်မြင်လာတာက..အတော်ကို မြန်ဆန်ပါတယ်..။သူမ သီချင်း စဆိုကတည်းက သူမရဲ့ ..ရိုးရိုးရှင်းရှင်း သီချင်းတွေဟာ..အတော်ကျော်ကြားသွားပြီး..ဂီတ လောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့တာပါ..။

သူမ ပေါက်ရောက်တဲ့ သီချင်းတွေက အများကြီးပါပဲ..။

သူမရဲ့ အောင်မြင်မူတွေကြောင့် တစ်ခြား အချိုတော်တွေဟာ..စိတ်ပူလာပြီး..သီချင်း အသစ်တွေဆိုဖို့..တေးရေးတွေကို အပ်နှံလာကြပါတယ်..။သို့ပေမယ့့် တေးရေးဆရာတွေဟာ..စျေးနှုန်းတွေကို နှစ်ဆအထိ မြင့်တင်သွားခဲ့ကြတယ်..။ဒီကိစ္စကြောင့် အထိနာတဲ့..အေဂျင်စီ တွေ အများကြီးပါပဲ..။

အဆိုတော့ အသစ်တစ်ယောက်ဟာ ဒီသတင်းကို မြင်ပြီး ရယ်မောလိုက်တယ်..။

"ဟားဟား..ဝူရွှန်းယွဲ့ရဲ့ သတင်းကတော့ တက်လာပြီ..။သူမ အမှန်တရားကို တော့ ဆန့့်ကျင်နိုင်မှာ မဟုတ်ဘူး..။သက်သေတွေက..အတော်ပြည့်စုံတယ်.."

သူမ ရဲ့ အေးဂျင့်ဟာလည်း ပြုံးလိုက်ပြီး...

"မင်းရဲ့ အခွင့်အရေး ရောက်လာပြီ..။ဒိီ ဝူရွှန်းယွဲ့က မင်းအပေါ် သက်ရောက်နေခဲ့တာလေ..။အခု ဒီလိုဖြစ်လာပြီ ဆိုတော့ သူမထိုးကျ သွားတော့မှာ အသေအချာပဲ..။ဒါဆိုရင် ဘယ်သူမှ မင်းရဲ့တိုးတက်မူကို မနှောက်ယှက်နိုင်တော့ဘူး..."

"တကယ်ကို မထင်ထားဘူး..။သူမက ရိုးသားချင်ယောင် ဆောင်နေတာပဲ..။အခု သူမကို ဒါဂျင်မင်က ဖော်ထုတ်လိုက်ပြီ ဆိုတော့..သူမ ဘယ်လိုရုန်းထွက်မလဲ စောင့်ကြည့်ရမယ်..."

"ဒါဂျန်မင်က စိတ်ရှုတ်စရာကောင်းပေမယ့့်..ဒီကိစ္စအတွက်တော့ တကယ်ကျေနပ်မိတယ်..."

ယန်ဂျင်ရဲ့ ရုံးခန်းတွင်..။

သူမ ..ဝူရွှန်းယွဲ့နဲ့..ဘာပြသနာမှ မရှိပေမယ့့်..လင်းဖန် နဲ့တော့..အစိုင်အခဲလေးတွေ ရှ်ိပါတယ်..။ဝူရွှန်းယွဲ့က လင်းဖန်နဲ့ ရင်းနှီးနေမှတော့..သူ့ကို အပြစ်တင်လို့ မရတော့ပါဘူး..။

ဂီတလောကရဲ့ စီနီယာတစ်ယောက် အနေနဲ့ သူမ ဝူရွှန်းယွဲ့ရဲ့ နေရာကို ကိုင်လှုပ်နိုင်စွမ်း ရှိပါတယ်..။အရင်တုန်းက..ဝူရွှန်းယွဲ့ရဲ့ အောင်မြင်တဲ့..သီချင်း အရေအတွက်..အရမ်းများနေတာကြောင့် သူမလုပ်နိုင်စွမ်းဟာ..အကန့်အသတ်ရှိပေမယ့့်..အခုတော့..အခြေအနေက ပြောင်းလဲသွားပါပြီ..။ဝူရွှန်းယွဲ့..ဒီလိူ ကိစ္စနဲ့ ကြုံပြီးသွားရင် လုံးဝကို အဆုံးသတ်ပါပြီ..။

ယင်းနောက် ယန်ဂျင် အခြေအနေကို စတင် စုံစမ်းလိုက်တယ်..။သူမ ဒီအခွင့်အရေးကို လက်မလွှတ်နိုင်ပါဘူး..။သူမ ဆယ်လီတစ်ချို့ကိုပါ..ဖုန်းဆက်ပြီး..ဒီကိစ္စအပေါ် မီးစာ လောင်းဖို့ ညွှန်ကြားလိုက်တယ်..။

အဲ့အချိန်မှာပဲ..သူမ ဝိုက်ဘိုပေါ်မှာ ပို့စ်တင်လိုက်ပါတယ်..။

"ဂီတလောကမှာ ရပ်တည်ခြင်းရင် မင်းဟာ သန့့်ရှင်းနေဖို့ လိုတယ်..။မဟုတ်ရင်တော့ ကျိန်းသေ ဒဏ်ခတ်ခံရမှာပဲ..."

လူတွေဟာ..အလျင်စလို မပြောကြသေးပေမယ့့် ယန်ဂျင်ရဲ့..ပိုစ့်ကို မြင်တဲ့ အချိန်မှာ..ပေါက်ကွဲထွက်ကုန်ကြပါတော့တယ်..။

ဂီတလောကက..စီနီယာတွေ အများကြီးဟာလည်း ဝိုက်ဘို ပိုစ့်ကို ပြန်တင်လိုက်ကြတယ်..။

ဂီတလောက..ရဲ့..တိုက်ပွဲကြီးကတော့.ယန်ဂျင်ကနေပြီး .တရားဝင်ပဲ..စတင်လိုက်ပါပြီ..။

"ကြည့်ရတာ...ဒါက သိပ်ပြီး မလုံလောက်သေးဘူးထင်တယ်..။နည်းနည်းလေး..ထပ်ပြင်းထန်အောင် ဖန်တီးလိုက်ကြတာပေါ့.."

ယန်ဂျင် တွေးလိုက်တာပါ..။

All Chapters