အဲ့လူက ငါပဲ...
Vol. 47 Ch. 699
#ဘာသာပြန် = စနိုးဝှိုက်
တစ်ခြား ဝက်ဆိုဒ်တစ်ခုတွင်..။
"ချီးပဲ..ဒါအမှန်ပဲလား..။သတင်းက အတူ မဖြစ်နိုင်ဘူးလား..."
"ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ..။ဒီမှာ ဓာတ်ပုံတွေ ရှိနေတယ်လေ..။သူမ ဘာထပ်ပြောနိုင်မှာ မို့လို့လဲ.."
"ဝူရွှန်းယွဲ့က ငါ အကြိုက်ဆုံး အဆိုတော့လေ..။သူမ..က..အပြစ်ကင်းပြီး..မိန်းကလေး အဆိုတော်ထဲမှာ ဆိုရင် ငါ အကြိုက်ဆုံးပဲ..။ဒီလို ဖြစ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး..။ထပ်ပြောရရင်..ဒီမှာနောက်ထပ် ယောက်ျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက်တောင် ပါနေသေးတယ်လေ..။ဒါက..မကျေနပ်စရာပဲ.."
"ငါ ပြောမှာ မဟုတ်ဘူး..။စာအုပ်တစ်အုပ်ကို အဖုံးကြည့်ရုံ နဲ့ ခန့့်မှန်းလို့မရဘူးလေ..။ သူမက အပြစ်ကင်းတဲ့့ ပုံစံ ပေါက်နေပေမယ့့်..ညစ်ပတ်တဲ့ စိတ်ထားတွေနဲ့ ပြည့်နှက်နေတာပဲ..."
"ဒီလူက ဘယ်သူလဲ..။သူ တော်တော် ပျော်ခဲ့တဲ့ ပုံရမယ်..။မနေ့ညက ဘာတွေ ဖြစ်ခဲလဲတောင် ငါသိချင်လာပြီ..."
"ထပ်မပြောနဲ့တော့..ငါ့နှလုံးသားက..နာကျင်ရတယ်..။ငါ သူမရဲ့ သီချင်းတွေ အကုန်လုံးကို ဖျက်ပစ်လိုက်တော့မယ်..။သူမရဲ့ အသံကိုတောင် ငါ မကြားချင်တော့ဘူး..။
"မသာမ..ဝူရွှန်းယွဲ့...။နင်..မာစတာလင်းကိုတောင် အားမနာာမိဘူးလား..။မာစတာလင်းက နင့့်အတွက် သီချင်းတွေ အများကြီး ရေးပေးထားတာတောင် နင်က ဒါမျိုး လုပ်ပစ်တယ်..။ချီပဲ..ညီအစ်ကိုတို့..သူမရဲ့ ဝိုက်ဘိုကို သွားပြီး အပြစ်တင်ရအောင်..."
"ငါ..မာစတာ လင်းအစား စိတ်မကောင်းဖြစ်ရတယ်.."
"ငါရောပဲ.."
"ဒီလောကမှာက..သန့့်ရှင်းပါတယ် ဆိုတဲ့..မိန်းကလေးတောငိ..အခု အညစ်အကြေးတွေ ရှိနေပြီလေ..။သူမ ဘယ်လောက်တောင် အသားယူခံရပြီးပြီလဲ မသိဘူး..."
…
ဝူရွှန်းယွဲ့ရဲ့..အမာခံ ပရိတ်သတ်များ ဂရု..။
"ညီအစ်ကိုတို့ ငါတော့ ထွက်ပြီ..။ငါ ထပ်ပြီးတော့ ဝူရွှန်းယွဲ့ရဲ့ ပရိတ်သတ် မဟုတ်တော့ဘူး..။ဒါက..မထိုက်တန်ဘူးလေ..."
"ငါရောပဲ....ဒါက မကျေနပ်ဖို့ကောင်းတယ်..."
"သူမ ဒီလိုလူမျိုးလို့ မထင်ထားခဲ့ဘူး..။သူမ ပရိတ်သတ်ဖြစ်ရတာတောငိ..နောင်တရမိတယ်..."
သူမရဲ့ အေဂျင့်ကတော့ တားဆီးပေးနေခဲ့တယ်..။
"ထွက်မသွားနဲ့ဦး..ဒါအမှန်မဖြစ်နိုင်ဘူး..။အားလုံးပဲ..ဒီကိစ္စကြောင့်..စိတ်မလှုပ်ရှားုပ်ရှားကြပါနဲ့.."
သူမ ဘယ်လောက်ပဲ..အခြေအနေကို ရှင်းပြဖို့ ကြိုးစား ကြိုးစား ဒါက အသုံးမဝင်ပါဘူး..။
"ဘယ်လိုဖြစ်နိုင်မှာလဲ..။ဒီမှာ ဓာတ်ပုံ သက်သေတွေတောင် ရှိနေတယ်လေ..."
"ဟုတ်တယ်..ငါ မာစတာလင်းရော..ဝူရွှန်းယွဲ့ရော ရဲ့ ပရိတ်သတ်ပဲ..။သူမ မာစတာလင်းအပေါ် ဘာလိူ့ ဒီလိုလုပ်နိုင်တာလဲ..။မာစတာလင်းက..သူမ အတွက် ..သီချင်းတွေ အများကြီးရေးပေးခဲ့တာတောင် သူမက တစ်ခြားလူတွေနဲ့ သရီးးဆမ်း လုပ်ပြီး အောင်မြင်မူကို ဖျက်ဆိီပစ်တယ်..."
"ဒါက..စိတ်ပျက်စရာပဲ..။ငါတို့ သူမကို ရပ်တန့့်ရမယ်.."
လူတွေ အများကြီးဟာ..ဂရုထဲက ထွက်သွားခဲ့ကြပါတယ်..။
…
အစတုန်းက လူ နှစ်ထောင်လောက် ရှိတဲ့ ဂရုက အခုဆိုရင် ရာဂဏန်းလောက်ပဲ..ကျန်တော့တာပါ..။တစ်ခြား လူတွေလည်း စတင်ပြီး ထွက်ခွာသွားခဲ့ကြတယ်..။ကျန်နေတဲ့လူတွေက မနိုးိုးသေးတဲ့ လူတွေ ဖြစ်နိုင်ပါတယ်..။ဘာတွေ ဖြစ်နေလဲ ဆိုတာကို သူတို့ မသိလောက်ကြသေးပါဘူး..။
…
ရှန်ဟိုင်း အရှေ့ဘက်ဟန် ဂရု..။
ဝမ်မင်ယန် အင်တာနက်က..သတင်းတွေကို ကြည့်ပြီး..ကြောင်အသွားခဲ့တယ်..။သူ ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး..။ယင်းနောက် သူ ဝူရွှန်းယွဲ့ရဲ့ ဓာတ်ပုံကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
တကယ်လို့..တစ်ခြား ဆယ်လီတစ်ယောက်ဆိုငရင် သူ ချက်ချင်း ကျိန်ဆဲပြီး ဆူပူမိမှာပါ..။သိုပေ့မယ် ဝူရွှန်းယွဲ့ကိုတော့ ဒါမျိူး သွားလုပ်ဖို့ မဖြစ်နိုင်ပါဘူး..။ထပ်ပြောရရင်..ဓာတ်ပုံထဲက..လူက..ဘယ်သူလဲ ဆိုတာကို သူသိထားပြီးသားပါ..။ဒါက သူ့ရဲ့ ညီအစ်ကိုပါပဲ..။
သူ အကူမဲ့သွားခဲ့တယ်..။ညီအစ်ကို မင်းက သရီးးဆမ်း လုပ်ခဲ့တာလား..။မင်း ငါ့ကို ပြောမယ်ဆိုရင် ငါ မင်းအတွက် နေရာကောင်းလေး ရှာပေးလို့ရတယ်လေကွာ..။ဘယ်လိုဖြစ်ပြီး မင်းအိမ်ကို ခေါ်သွားရတာလဲ..။ဒါက ဒေါသထွက်စရာပါပဲ..။
ရွှန်းယွဲ့လည်း ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ပေ..။သူမ ရဲ့ လမ်းကြောင်းပျက်ဆီးသွားလို့ သူမ ကြေကွဲနေခဲ့ပါတယ်..။ဘာလို့လဲ..ဆိုတော့..ဒီကိစ္စက အင်တာနက်က သာမန်သတင်းတွေနဲ့ မတူပါဘူး..။
သူမ ..မုန်းတီးတဲ့ မက်ဆေ့တွေကို သည်းမခံနိုင်ခဲ့ပေ..။
"ဒီလို ဖြစ်ခဲ့တာ မဟုတ်ဘူး.."
ဝူရွှန်းယွဲ့ အားငယ်စွာ ပြောလိုက်တာပါ..။
ဝမ်မင်ယန် ပြောလိုက်တယ်..။
"ငါလည်း ဒီလိုဖြစ်ခဲ့တာ မဟုတ်မှန်း သိပါတယ်..။ဒါပေမဲ့ ဒါက အင်တာနက်ထဲမှာလေ..။သူတို့ ပြောချင်တာ ပြောနေကြတာကို ရပ်တန့့်လို့မရဘူး..။ငါတို့ ပြောမယ် ဆိုရင်တောင်..ဘယ်သူက ယုံကြည်မှာလဲ..။ငါ ဒီကစ္စကိုို ဖြေရှင်းဖို့ နည်းလမ်း စဥ်းးကြည့်လိုက်ဦးမယ်..။ဒီတစ်ကြိမ် ငါတို့ တရားဝင်စာထုတ်ပြန်လို့ မရဘူးထင်တယ်..။ဒါက မလုံလောက်နိုင်ဘူး.."
တကယ်လို့ ဆယ်လီ တစ်ယောက်က သူမရဲ့ ကောင်လေးနဲ့ အိပ်တယ် ဆိုရင် ဒါက သိပ်မဆိုးသေးပါဘူး..။ဘာပဲဖြစ်ဖြစ် သူတို့က လက်ထပ်လိုက်လို့ရပါတယ်..။
သို့ပေမယ့့် လက်ရှိအခြေအနေက သရီးးဆမ်း ပါ..။ဆယ်လီတစ်ယောက် အတွက်တော့ ဒါက သတ်သေလိုက်သလိုပါပဲ..။
ထပ်ပြောရရင်..တစ်ခြားဆယ်လီတွေကပါ..မီးလောင်ရာလေပင့်င့်နေတာကြောင့် အခြေအနေက ပိုဆိုးလာခဲ့ပါတယ်..။အထူးသဖြင့်ကတော့ ယန်ဂျင်ပါပဲ..။
ဝမ်မင်ယန် မှတ်ချက်တွေကို ဖတ်နေရင်းကနေ ခေါင်းကိုက်လာခဲ့တယ်..။
ဝူရွှန်းယွဲ့ ခေါင်းကို ငုံ့ထားခံ့ပြီး..
"ညီမ ဒိီလောကကနေ ..ထွက်လိုက်ရင်ရော..."
ဝမ်မင်ယန် လက်ဝေ့ယမ်းလိုက်တယ်..
"အရမ်း အလျင်မလိုနဲ့..ငါ စဥ်းစားလိုက်ဦးမယ်..။မင်းက..အရမ်းလျင်လျင်မြန်မြန် အောင်မြင်လာလို့ မနာလိုာလိုတဲ့လူတွေများနေတာလေ..။သန်မာတဲ့ ဆယ်လီတစ်ယောက်ဖြစ်ချင်ရင်..ဒါတွေကို သည်းခံနိုင်ရမှာပဲ.."
ဝူရွှန်းယွဲ့..ခေါင်းညိမ့်လိုက်ပေမယ့့် သက်သောင့်သက်သာ မရှိဖြစ်နေခဲ့တယ်..။သူမ ဝိုက်ဘိုပို့စ် တစ်ချို့ကို ကြည့့်လိုက်ပါတယ်..။သူမကို မုန်းတီးတဲ့ စကားလုံးတွေကတော့..အများကြီးပါပဲ..။ဒါက သူမ လွယ်ကူစွာ..သည်းခံနိုင်မယ့့် အရာတွေ မဟုတ်ပေ..။
"ဟုတ်သားပဲ..မင်းရဲ့ အမာခံ ပရိတ်သတ်တွေရော."
ဝမ်မင်ယန် မေးလိုက်တာပါ..။
ဝူရွှန်းယွဲ့..ဝမ်းနည်းစွာ ပြောလိုက်တယ်..။
"အများစုက ထွက်သွားကြပြီ..."
"ဒီလိုလား....."
ဝမ်မင်ယန် သူ့ဖုန်းကို ခနလောက် ကိုင်ထားရင်းက တွေးလိုက်တယ်...
"လူမူဆက်ဆံရေး အဖွဲ့ဆီကရော..သူတို့အခုထိ တစ်ခုခု မစဥ်းစားမိသေးဘူးလား.."
…
ကျွမ်းကျင်တဲ့ သတင်းထောက်တစ်ယောက် အနေနဲ့ ဒါဂျန်မင်ဟာ ရယ်မောလိုက်တယ်။သူထပ်ပြီး နာမည်ကြီးပြန်ပါပြီ..။
ဝိုက်ဘိုမှာ ပိုစ့်တွေကတော့..အများကြီးပါပဲ..။
"ကျန်တဲ့ နှစ်ယောက်ရဲ့ ပုံကို..မဖျက်ထားလို့ မရဘူးလား..။ဒါဆို ငါတို့လည်း မြင်ရတာပေါ့..."
"ဟုတ်တယ် ငါတို့ စောင့်နေတယ်.."
"မင်းတစ်ခြား တစ်ခုခု ရိုက်မိခဲ့သေးလား..။အိပ်ယာပေါ်က..အနေအထားတို့ ဘာတို့လေ..."
"ဝူရွှန်းယွဲ့က..လှပပြီး..အောင်မြင်နေတဲ့ လူတစ်ယောက်ပဲ..။မင်း ဒီလို မလုပ်သင့့်ဘူးလေ..."
ဒါဂျန်မင် ပိုစ့်မတင်ခင်. ရယိမောလိုက်တယ်..။
"ဒီည ၁၂ နာရီမှာ ကျန်တဲ့ လူနှစ်ယောက်ရဲ့ မျက်နှာကို ဖော်ပြပေးမယ်..."
လူတွေ အများကြီးဟာ..ဒီပိုစ့်ကြောင့် ထပ်ပြီး ရင်ခုန်သွားခဲ့ပါတယ်..။ဇ
တိမ်ဖြူလမ်း..။
လင်းဖန် ဆိုင်ကို ရောက်တဲ့..အချိန်မှာ..ဝူယူလန် ရဲ့ မျက်နှာဟာ ဖြူဖျော့နေတာကို သတိထားမိလိုက်တယ်..။
"ယူလန် ဘာဖြစ်လို့လဲ..။ဘာလို့ မျက်နှာက ဒီလိုပုံဖြစ်နေတာလဲ.."
လင်းဖန်ကတော့ အခုထိ အင်တာနက်မှာ ဘာတွေဖြစ်နေလဲ မသိသေးပါဘူး..။သူ ဆိုင်ကိုလာတုန်းဘာသတင်းမှ မဖတ်ခဲ့ပေ..။
ဝူယူလန် စိုးရိမ်စွာ ပြောလိုက်တယ်..။
"အစ်ကိုလင်း ..ရျွှန်းယွဲ့တော့ ပြသနာ တက်နေပြီ..။ညီမတို့ မနေ့က..အစ်ကိုလင်း အိမ်မှာ နေခဲ့တာလေ..။လူတစ်ယောက်က.ညီမတို့ပုံကို ဓာတ်ပုံရိုက်ပြီး.. အင်တာနက်ပေါ်တင်လိုက်တယ်..။အခုတော့ အင်တာနက်မှာ ဝူရွှန်းယွဲ့ ကျိန်ဆဲ ခံနေရပြီ.."
"အာ.."
လင်းဖန် ကြောင်အပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့တယ်..။
"ဘာဖြစ်တာလဲ.."
ယင်းနောက်..သူ ဖုန်းကို ဖွင့်ပြီး.. ဝိုက်ဘိုကို ဖွင့်လိုက်ပါတယ်..။ဝူရွှန်းယွဲ့ရဲ့ သတင်းကတော့ ထိပ်ဆုံးလစ် ထဲမှာပါ..။
သို့ပေမယ့့်..လေးခုမြောက် ရှာဖွေမူက ဘာလဲ...
"မာစတာလင်း ဖောက်ပြန်ခံလိုက်ရသလား..."
မအိမ်လုံးတွေ..ငါ့မှာကောင်မလေးတောငိ မရှိသေးဘူး.ဘာလို့ ဖောက်ပြန်ခံရမှာလဲယယ.
သူ တစ်ခြား ထိပ်ဆုံးရှာဖွေမူတွေကို လိုက်ကြည့်လိုက်ပါတယ်..။
"ယန်ဂျင်..ဝူရွှန်းယွဲ့ကို ဂီတလောက..မှ ဖယ်ထုတ်ဖို့ အကြံပြုခဲ့..."
ယင်းနောက် လင်းဖန် ဘာတွေဖြစ်နေလဲ နားလည်သွားခဲ့တယိ..။ဒီကိစ္စက ယန်ဂျင်နဲ့လည်းပတ်သက်နေလောက်ပါတယ်..။
လင်းဖန် မှတ်ချက်တွေကို ထပ်ကြည့်လိုက်တဲ့ အချိန်မှာ တော့ ဒေါသထွက်သွားခဲ့ပါပြီ..။ဒီလူတွေ ဘာလုပ်နေကြတာလဲ..။မှတ်ချက်တွေက..တကယ်ကို ဆိုးဆိုးရွားရွားပါပဲ..။
"မာစတာလင်း အတွက် ခနလောက် ငြိမ်သက်လိုက်ကြရအောင်..."
"မာစတာလင်း မငိုပါနဲ့.."
"ဒီလို မိန်းမမျိုး အတွက်နဲ့ မထိုက်တန်ဘူးလေ..."
"ဖောက်ပြန်ခံရမယ့် ပြစ်ဒဏ်က မိုးကောင်းကင်က ချမှတ်ထားပြီသား..ရှောင်လွဲလို့မရဘူး.."
"အားလုံးပဲ..မာစတာလင်းအတွက် တရားမျှတမူရှာဖို့..ဝူရွှန်းယွဲ့ ရဲ့ ဝိုက်ဘို ပေ့မှာ ကျိန်ဆဲလိုက်ကြရအောင်.."
"မာစတာလင်း က လူကောင်းတစ်ယောက်လေ..။ငါတို့ သူ့အတွက် စိတ်မကောင်းဖြစ်ရတယ်..."
"ချီးပဲ..ငါတို့ မာစတာလင်းအတွက် လက်စားချေရမယ်..."
…
လင်းဖန် ပို့စ်တစ်ချို့ကို ဖတ်ပြီးတဲ့နောက်မှာ ကြောင်အနေခဲ့တယ်..။သူတို့ ဘာတွေပြောနေတာလဲ..။
ယင်းနောက် သူ ထိပ်တန်း ရှာဖွေမူတစ်ချို့ကို ဆက်ကြည့်လိုက်တယ်..။
ဘာ သရီးးဆမ်း လဲ...
ဘယ်သူက..ဓာတ်ပုံကို ဖျက်ပေးထားတာလဲ..။ဓာတ်ပုံထဲက လူက ငါမဟုတ်ဘူးလား..။ဇ
အခြေအနေက ပုံမှန် မဟုတ်ပါဘူး..။ဘာလို့..သူ့မျက်နှာကို ဖျက်ထားတာလဲ..။ဒါက သတင်းအမှားတွေကို ဖြစ်လာစေပါတယ်..။
လင်းဖန် ဒီလူဘာလို့ သူ့မျက်နှာကို ဖျက်ထားလဲ မသိတာကြောင့် ရှင်းလင်းအောင် လုပ်ဖို့ လုပ်လိုက်ပါတယ်..။ဒီလူက သူ့ကို ကာကွယ်ပေးဖို့လည်း ဖြစ်နိုင်ပါတယ်..။သို့ပေမယ့့် အမှန်တရား ဖန် အနေနဲ့ သူတစ်ခုခုတော့ လုပ်ရမှာပါ..။ဒီလူတွေ မိန်းကလေးတစ်ယောက်အပေါ်ကျိန်ဆဲ နေတာကို သူမကြည့်နိုင်ပါဘူး..။
"ဓာတ်ပုံထဲက လူက ငါပဲ..။ငါတို့ မိတ်ဆွေတွေ အနေနဲ့..တိုက်ခန်းကို မျှသုံးခဲ့ကြတာလေ..။ငါတို့က သန့့်ရှင်းတယ်..။မင်းတို့က ဘာတွေ တွေးနေကြတာလဲ..."
ဒီပို့စ်တက်လာတဲ့ အချိန်မှာတော့..အင်တာနက်ဟာ ပိုဆိုးလာခဲ့ပါတယ်..။