ဒါက အတော်ကို နည်းလမ်းမကျဘူး..
Vol. 47 Ch. 700
#ဘာသာပြန် = စနိုးဝှိုက်
မြို့သားတွေက..သတင်းကြီးတွေ ဘာတွေ မသိပါဘူး..။ဒါက ထိုက်သင့့်လျော်ညီတယ် ဆိုရင် သူတို့ စိတ်ဝင်စားကြတာပါပဲ..။
ဝူရွှန်းယွဲ့ ဂီတလောကထဲမှာ ရောက်နေတာက..လအနည်းငယ် လောက်ရှိနေပါပြီ..။သူမ..အကြောင်းက အများကြီး မရှိပေမယ့့်..အခုတော့..သတင်းဆိုးတစ်ခု ထွက်လာခဲ့တာပါ..။
တကယ်လို့ သူမ ဒီကိစ္စကို..သေချာ မကိုင်တွယ်ိုင်တွယ်နိုင်ရင် သူမရဲ့..ဆယ်လီ အဖြစ်လမ်းကြောင်းကတော့ လုံးဝကို အဆုံးသတ်ပါပြီ..။
ဝမ်မင်ယန် ရဲ့ ပြင်ပဆက်ဆံရေး အဖွဲ့ဟာ..ဒီကိစ္စကို အဖြေထုတ်ဖို့..အစွမ်းကုန်ကြိုးစားနေကြပေမယ့့်လည်း..အဖြေရှာလို့မတွေ့ကြသေးပေ..။
တစ်စုံတစ်ယောက်က..မြို့သားတွေရဲ့ ဥာဏ်ကောင်းမူကို ဘယ်တော့မှ လျော့မတွက်သင့့်ပါဘူး..။မင်းပြောတဲ့ အရာအားလုံးက..မှန်နေရင်တောင် သူတို့က.ဂရုစိုက်ကြမှာ မဟုတ်ပေ..။
ယင်းနောက် လင်းဖန် ရဲ့ဝိုက်ဘိုပိုစ့်တင်လာခဲ့ပြီး အကုန် ပွတ်လောရိုက်သွားခဲ့ပါတယ်..။
ရှန်ဟိုင်း အရှေ့ဘက် ဟန် အုပ်စု..။
"ဟေး..ညီအစ်ကို မင်းဘာတွေ လုပ်နေတာလဲ..။မင်းက ကိစ္စတွေကို ပိုရှုပ်ထွေးအောင် လုပ်နေတာလား..."
ဝမ်မင်ယန် လင်းဖန်ရဲ့ ဝိုက်ဘို ပို့စ်ကို မြင်ပြီး အံ့ဩသွားခဲ့ကြတယ်..။ဒီကိစ္စက ရှင်းပြဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ..။ဘယ်သူက သူ့ကို ယုံကြည်မှာလဲ..။
သူက မိန်းကလေး နှစ်ယောက်ကို အိမ်ခေါ်ပြီး တစ်ညအိပ်ခဲ့တာပါ.။ထပ်ပြောရရင်..သူတိုရဲ့ အောက်ခံဘောင်းဘီ တွေကို..လေသာဆောင်မှာ..လှမ်းထားတဲ့ ဓာတ်ပုံလမ်း ပါဝင်နေပါသေးတယ်..။ဘာမှ မဖြစ်ခဲ့ဘူးဆိုတာ..ဘယ်သူက ယုံကြည်မှာလဲ..။
ဝူရွှန်းယွဲ့ ပြောလိုက်တယ်..။
"တကယ်လို့ ဒီကိစ္စက ဖြေရှင်းလို့ မရရင် ညီမပဲ တာဝန်ယူလိုက်လို့ရတယ်..။အခု..အစ်ကိုလင်းက ဝန်ခံလိုက်ပြီဆိုတော့ သူပါ အပြစ်တင်ခံရတော့မှာ မဟုတ်ဘူးလား.."
ဝမ်မင်ယန် လက်ဝေ့ယမ်းလိုက်ပြီး..
"ငါတို့ အဆိုးဆုံးကို ကြိုတွေးထားရမယိ..။သူတို့..ယုံယုံ မယုံယုံ အမှန်တရားက ဒီလိူပဲလေ.."
"ဒါပေမဲ့.."
ဝူရွှန်းယွဲ့..တစ်ခုခု ထပ်ပြောချင်ပေမယ့့်..ဝမ်မင်ယန် လက်ဝေ့ယမ်းပြီး ဖြတ်ပြောလိုက်ပါတယ်..။
"ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့..။ငါတို့ အခုချိန် ဘာမှ ဝင်မပြောသင့့်သေးဘူး..။ဒါက..ပိုပြီးပဲ..ရှင်းပြရ ခက်လာလိမ့်မယ်.."
ယန်ဂျင် လင်းဖန် ရဲ့ ဝိုက်ဘိုပိုစ့်ကို မြင်ပြီးဘပြုံးလိုက်တယ်..။ဒီငနဲက..သူ့နာမည်ကို ဖွင့်ပြောပြီး ရှင်းလင်းရလောက်အောင် တုံးအလိမ့်မယ်လို့ သူမမထင်ထားခဲ့ပါဘူး..။သူက..သူ့ကိုယ်သူ စွမ်းဆောင်နိုင်စွမ်းရှိတယ်လို့ ထင်နေတဲ့ပုံပါပဲ..။
ဂီတလောကရဲ့..လေးစားရတဲ့ စီနီယာတစ်ယောက် အနည်းနဲ့..သူမမှာ ပါဝါနဲ့ လုပ်ပိုင်ခွင့်ရှိပါသေးတယ်..။သို့ပေမယ့့်..ပရိတ်သတ်တွေ မျက်စိနောက်အောင်တော့ လုပ်လို့မရပါဘူး..။ရှင်းရှင်းပြောရင် အနုပညာရှင်တွေက..ပရိတ်သတ်ဆီက ပိုက်ဆံတွေနဲ့ ရပ်တည်နေရတာပါ..။ပရိတ်သတ်တွေက..မကြိုက်တော့ဘူးဆိုရင် သူတို့ရဲ့..ဆက်ဆံရေးတွေကို ထိခိုက်မှာ အသေအချာပါပဲ..။
ဒါကြောင့်..သူမတောင်မှ..ပရိတ်သတ်တွေ..စိတ်ရှုတ်ရလောက်အောင်..အတင်းဝင်ပြီး မတိုက်ခိုက်ရဲပေ..။
"အစ်မယန်..ဒီငနဲက..အစကတည်း အစ်မကို ဆန့့်ကျင်နေတာလေ..။အခု သူဒီလို ဖြစ်လာပြီ ဆိုတော့..ဒါက ထိုက်တန်တယိ.."
သူမရဲ့ မန်နေဂျာက ပြောလိုက်တာပါ..။
ယန်ဂျင် နှာခေါင်းရှုတ်လိုက်တယ်..။
"ဒါက သူ့အပြစ်နဲ့ သူပဲ..ငါနဲ့ မဆိုင်ဘူး.."
ယင်းနောက် သူမ ဖုန်းကနေ တဆင့် ဝိုက်ဘိုကနေ ပို့စ်တင်လိုက်တယ်..။သူမ ဒီငနဲရဲ့..အောင်မြင်မူကို ဖျက်ဆီးပြီး..လုံးဝကို ဖယ်ရှားပစ်ချင်ခဲ့တာပါ..။
တစ်စုံတစ်ယောက်က..မြို့သားတွေကို ဘယ်တော့မှ လျော့မတွက်သင့့်ပါဘူး..။ဒီလိူ သတင်းမျိုးက သူတို့ရဲ့..ဘဝလမ်းကြောင်းကို ပျက်ဆီးသွားစေနိုင်ပါတယ်..။
ဒါဂျန်မင် ကြောင်အသွားခဲ့တယိ..။လင်းဖန် သူ့ကိုသူ ဖော်ထုတ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒါက သူမကို အကူညီမဲ့စေပါတယ်..။
အဲ့အချိန်မှာတော့..ဒါက ဘယ်သူလဲ ဆိုတာကို သူသိထားပြီးသားပါ..။ဒါက လက်ရှိကျော်ကြားနေတဲ့..မာစတာ လင်း ပါပဲ..။
သတင်းထောက် တစ်ယောက် အနေနဲ့..သတင်းတွေကို ဘယ်လို လူတွေ စိတ်ဝင်စားအောင် လုပ်ရမလဲ ဆိုတာကို သူသိထားပြီးသားပါ..။ဒါက သူ လင်းဖန် ရဲ့ မျက်နှာကို ဝေဝါးအောင် လုပ်ထားတဲ့ အချက်ပါပဲ..။မာစတာလင်းက လည်း..အောင်မြင်နေတဲ့လူဖြစ်တာကြောင့် တစ်ချိန်တည်း ဖော်ထုတ်လိုက်ရင်..ဖြုန်းတီးရာ ကျသွားမှာ စိုးရိမ်လို့ပါ..။သူတို့ကို နှစ်ခါခွဲပြီး ဖော်ပြတာက..ပိုကောင်းတဲ့ သက်ရောက်မူရှိမှာ အမှန်ပါပဲ..။
သို့ပေမယ့့် ဒီလူက သူ့ကိုသူ ဖော်ထုတ်လိုက်မယ့့်လို့ မထင်ထားခဲ့ပေ..။
ဒါက လုံးဝ နည်းလမ်း မကျျပါဘူး..။
ဒါဂျန်မင် အနည်းငယ် မပျော်ရွင်ဖြစ်သွားပေမယ့့် သူလည်း ဘာမှ မတတ်နိုင်တော့ပေ..။ဒီမာစတာလင်းက..သူ့လည်ပင်းသူ ကြိူးကွင်းစွတ်ချင်တယ် ဆိုမှတော့ သူ့သဘောအတိုင်းပါပဲ..။
တိမ်ဖြူလမ်းတွင်..။
လူလိမ်ထျန် ကြောင်အသွားခဲ့ပြီး..
"ဟေး..မင်းဘာလို့ ဝန်ခံလိုက်တာလဲ..။တစ်ခုခု ဖြစ်သွားလို့လား..."
လင်းဖန် အပြစ်ကင်းစွာ ကြည့်လိုက်ပြီး..
"ဘာဖြစ်လို့လဲ..။ဘာမမှှ မဖြစ်ခဲ့တာ..။ကျုပ်က ဘာလို့ ဝန်မခံရဲရမှာလဲ..."
ကျောက်ကျန်းယန် ပြောလိုက်တယ်..။
"အစ်ကိုလင်း..မြို့သားတွေ ရူးသွပ်ကုန်ပြီး..။သူတို့..ဒီတစ်ကြိမ်တော့ ကျိန်ဆဲကြတော့မယ် ထင််တယ်နော်.."
လင်းဖန် ပုခုံးကို တွန့်လိုက်ပြီး..
"ဒါဆိုလည်း သူတို့ ကျိန်ဆဲကြပစေပေါ့..။ဘာပဲဖြစ်ဖြစ် ငါ ဘာမှ ဆုံးရှုံးတာမှ မဟုတ်တာ..။ဝူရွှန်းယွဲ့ ဒီလို ခံစားနေရတာကို ..ထိုင်ကြည့်နေရင် ငါယေက်ျားတစ်ယောက် မဟုတ်တော့ဘူး.."
ယင်းနောက် လင်းဖန် သူ့ရဲ့ ဝိုက်ဘိုကို ကြည့်လိုက်ပြီး..
"ဒီယန်ဂျင်က တကယ့့်ပြသနာ ပါလား..။ငါ သူမနဲ့လည်း လတ်တလော..ဘာမှ မရှုတ်ထားပါဘူး..။ဒီသတင်းတွေတက်လာ ကတည်းက သူမက တိုက်ခိုက်နေတာ မရပ်တော့ဘူး..။သူမက ငါနဲ့ လာရှုပ်ချင်နေတာပဲ.."
ယန်ဓျင်၏ ဝိုက်ဘိုတွင်..။
"လူလိမ်..လူသားမဆန်တဲ့ တိရစ္ဆာန်..။ငါ့အထင်တော့ သူက ကမ္ဘာ့အတော်ဆုံး လူလိမ်ကောင်ပဲ..။သူက..ထူးချွန်ပြီး စွမ်းဆောင်နိုင်စွမ်းရှိပေမယ့့်..မိန်းမလှလေးတွေကို..ဖျက်ဆီး..ဖို့ပဲ တတ်တယ်..။မြို့သားတွေ အကုန်လုံးက သူ့ကို အပြစ်ပေးကြလိမ့်မယ်လိူ့ ငါမျှော်လင့့်မိတယ်.."
သူမ ဒီပိူ့စ်တင်ပြီး ကျေနပ်သွားခဲ့ပါတယ်..။ဒါက..မြို့သားတွေရဲ့ ဒေါသတွေ ပိုပြီး မြင့်တက်လာမှာ အသေအချာပါပဲ..။
သို့ပေမယ့် ပို့စ်က မှတ်ချက်တွေကို မြင်တဲ့ အချိန်မှာ သူမ ကြောင်အသွားခဲတယ်..။ဝိုက်ဘို မှာ မှတ်ချက်ပေးနေတဲ့ လူတွေက..အကောင့့်တု တွေလားလို့တောင် သူမသံသယ ဖြစ်မိပါတယ်..။
"ချီးပဲ..ဒါမှ မာစတာလင်းကွ.."
"6666..လေးစားပါတယ် မာစတာလင်းရေ.."
"ချီးပဲ..ငါတောင် သူမကို ကျိန်ဆဲခဲ့မိတယ်..။ဒါဆို ဝူရွှန်းယွဲ့က မာစတာလင်းကို သစ္စာမဖောက်ဘူးပေါ့..။ငါတော့ သူတို့ကို သဘောတူတယ်..။သူတို့ကို တသက်က်လုံး အားပေးမယ်ကွာ.."
"ချီးပဲ..ဝူရွှန်းယွဲ့ နဲ့ မာစတာလင်းက ဒီီလိုဆက်ဆံရေး ရှိနေတာပဲ..။ငါ မာစတာလင်းကို လေးစားလွန်းလို့..အခုပဲ..ဆယ်ဘမ်လ် ၁၀ ခုသွားဝယ်တော့မယ်.."
"ငါတို့ သူတို့ကို ထောက်ခံပေးရမယ်..။ဒါပေမဲ့ မာစတာလင်း ဘာပြောချင်တာလဲ..။သန့့်ရှင်းတယ်လား..။ဘာမှ မလုပ်ဘူးတဲ့လား..။သူ့လို လူမျိုးက တစ်ခုခုတော့ ဖြစ်မှာပဲ..။ငါတို့ မာစတာလင်းကို ထောက်ခံပေးရမယ်.."
"ချင်ကျိုး မြို့သားတွေက..မာစတာလင်းကို ဂုဏ်ပြုပါတယ်..။
"ငါက မိန်းကလေးပဲ..ငါ ဒါမျိုးကို မကြိုက်ပေမယ့့် မာစတာလင်းကို တော့ ယုံကြည်တယ်..။သူက မိတ်ဆွေ အနေနဲ့ နေခိုင်းတာပဲ ဖြစ်ရမယ်..။ဒါက ဘာမှ အံ့ဩစရာ မရှိဘူး.."
"သူက ဘာမှ လူသားမဆန်တဲ့ လူမဟုတ်ဘူး..။တစ်ခုခု ဖြစ်ခဲ့ရင်တောင် ငါတော့ သူ့ကိုလေးစားသွားပြီ..။ဒါပေမဲ့ ဒီလိူ စိတ်ပျက်ရမယ်လိူ့တော့ မထင်ထားဘူး.."
"ငါ ဝူရွှန်းယွဲ့ကို ကြိုက်ပေမယ့့် မာစတာလင်းရဲ့ အမာခံ ပရိတ်သတ်ပဲ..။အခု သူတို့ရဲ့ ဆက်ဆံရေးကြောင့် ငါ ဝူရျွန်းယွဲ့ကို ဖော်လိုပြီး ထပ်အားပေးတော့မယ်.."
"ညီအစ်ကိုတို့ ရပ်လိုက်တော့..။ငါတို့က တစ်ဖွဲ့တည်းပဲ..။ဒီ မိန်းကလေးတွေက မာစတာလင်းရဲ့ ကောင်မလေးတွေ..။ငါတို့ မာစတာလင်း မဟုတ်ပဲ တစ်ခြားလူထင်လို့ မှားသွားတာ.."
"ချီးပဲ..မအိမ်လုံး သတင်းထောက်..။တင်မယ့့် ဟာကို..တစ်ခါတည်း အပြည့်အစုံတင်ပါလား..။***မို့လို့ ပုံတွေကို ဖျက်ထားတာလား...။ငါ လူမှားပြီး ဆဲမိကုန်ပြီ..#$%&*.."
…
ရုတ်တရက်..လင်းဖန် ဝန်ခံအပြီးမှာ ဝိုက်ဘိုပေါ်က အခြေအနေက ပြောင်းလဲသွားခဲ့တယ်..။
ဒိီမှတ်ချက်တွေကြောင့် လူတိုင်းကြောင်အသွားခဲ့ပါတယ်..။
အရှေ့ဘက်ဟန် အုပ်စု..။
ဝမ်မင်ယန်..ပြင်ပ ဆက်ဆံရေး အဖွဲ့ကို စိုက်ကြည့်နေခဲ့ပြီး..
"ဘာတွေဖြစ်နေတာလဲ..ရှင်းပြစမ်းပါဦး.."
အစကတော့..သူ ဒီကိစ္စကို ကြောက်ရွံ့နေပေမယ့့်..။အခုတော့ မြို့သားတွေရဲ့ အတွေးအခေါ်က ပြောင်းလဲသွားပြန်ပါပြီ..။သူတို့က..ဒါက ကောင်းတဲ့ အရာပဲလို့ ပြောနေခဲ့ပြီး..အစောက ပြောမိတာတွေ အတွက်လည်း နောင်တရနေကြပြန်ပါပြီ..။
အမျိုးမျိုးပဲ...
သူ အရင်က ဒီလို အဖြစ်အပျက်တွေကို ကြုံဖူးပေမယ့့်..ဒီလိုတော့ မမြင်ခဲ့ဖူးပေ..။အရင်တုန်းက ဒီလို အခြေအနေ ဖြစ်ရင် ဆယ်လီက ချက်ချင်း ဒီလောကက ရပ်နားလိုက်ရတာပါ..။
သိူ့ပေမယ့့် သူ့ညီအစ်ကိုက ကျိန်ဆဲ မခံရပါဘူး..။ဒီလို ဓာတ်ပုံမျိုးရိုက်ခံရတာတောင် လူထုရဲ့ ချီကျူးမူကို ခံနေရပါတယ်..။သူ နဲ့ တစ်ခြားလူတွေရဲ့ ခြားနားချက်က ဘာလို့ ဒီလောက်အထိ ကွာခြားနေရတာလဲ..။
ဝူရွှန်းယွဲ့ဟာလည်း မှတ်ချက်တွေကို မြင်ပြီး အံ့ဩနေခဲ့တယ်...။သူမ အမြင်များ မှားနေတာလား..။
ဒါက တကယ်ကို ကြောက်လန့့်စရာပါ..။ဇ
အစက ကျေနပ်နေတဲ့ ယန်ဂျင်ဟာ..အခုလို ရုတ်တရက် ပြောင်းလဲ..သွားတဲ့..အခြေအနေတွေကို ကြည့်နေရင်း ကြောင်အနေခဲ့ပါတယ်..။
ဒါက လုံးဝ နည်းလမ်း မကျဘူးလေ...