← Chapters

စိုက်ပျိူးခြင်း...

Vol. 47 Ch. 701

စိုက်ပျိူးခြင်း...

Vol. 47 Ch. 701

#ဘာသာပြန် = စနိုးဝှိုက်

ယန်ဂျင်၏ ဝိုက်ဘို အကောင့်တွင်..။

"အားလုံးပဲ..သူမ ပြောတဲ့ အတိုင်းလိုက်မလုပ်ကြနဲ့..။ဒီမိန်းမက..ငါတို့ မာစတာလင်းကို နာကျင်စေချင်နေတာ..။ငါတို့..သူမကို တိုက်ခိုက်ရမယ်..."

"တိုကိခိုက်ရမယ်..."

"တိုက်ခိုက်လိုက်ကြစို့..."

"ထွက်သွားကြ..ငါတို့ ယန်ဂျင်က..အမှန်အတိုင်းပြောနေတာပဲ..။နင်တို့ မခံနိုင်ရင် ဒီမှာလာ မနေနဲ့.."

"ငါတို့ ရဲ့ စျေးအပေါဆုံး တိုက်ခိုက်ပေးတဲ့..ဝန်ဆောင်မူက..ဒေါ်လာ ၅၀ ရှိတယ်..။သူမ က ဒေါ်လာ ၅၀ တောင်မတန်လို့..ငါတို့ လုပ်မှာ မဟုတ်ဘူး.."

မှတ်ချက်တွေကို ဖတ်နေရင်း ယန်းဂျင် ဒေါသထွက်နေခဲ့တယ်..။သူမ ရဲ့ ခန္တာကိုယ်ဟာ ဒေါသကြောင့် တုန်ရီနေပြီး..

"ဒီ..လူလိမ်တွေက..ရူးသွားကြပြီလား.."

ယင်းနောက် သူမရဲ့ မန်နေဂျာကို ကြည့်လိုက်ပါတယိ..။

"ငါ..တစ်ခုခု အမှားလုပ်ထားလို့လား..ပြောစမ်းပါဦး..။ဒီအမှိုက်တွေက..ဘာလို့ ငါ့ဘက်ကို လှည့်လာရတာလဲ..."

သူမရဲ့..မန်နေဂျာဟာ..တိတ်ဆိတ်နေခဲ့တယိ..။သူမလည်း ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး..။

လင်းဖန် အင်တာနက်က အခြေအနေကို ကြည့်လိုက်တယိ..။ဒီကိစ္စက လွယ်လွယ်​ဖြေရှင်းနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။တစ်ကယ်လို့..တစ်စုံတစ်ယောက်က..သူ့ကို အပြစ်တင်ရင်တောင်..ဘယ်ကမှန်းမသိတဲ့ သူ့ကို ကူညီတဲ့ အကောင့်တွေ အများကြီးရှိနေပါတယိ..။သူ့ရဲ့ အထင်ကတော့..ဒါက ဆောင်းဦးဓားတို့ အဖွဲ့တွေပဲ..ဖြစ်လောက်မှာပါ..။

ဒါက..ကျန်တဲ့လူတွေ အကူညီမဲ့စေတဲ့ အရာပါပဲ..။

အခု ဒီအခြေအနေကို ရောက်လာပြီ ဆိုမှတော့..သူ့ဘက်က နည်းနည်း တုန့်ပြန်သင့့်ပြီလို့ လင်းဖန် ခံစားလိုက်ရပါတယိ..။အချိန်အတော်ကြာ တွေးပြီးတဲ့ နောက်မှာ လင်းဖန် သူ ဘာပြောသင့့်လဲ ဆိုတာကို သဘောပေါက်သွားခဲ့တယိ..။

"ကျေးဇူးပါ..ထောက်ခံပေးတဲ့ အတွက် အားလုံးကို ကျေးဇူးပါ..။ကျွန်တော်က သန့့်ရှင်းတဲ့ လူတစ်ယောက် ဖြစ်ပြီး..လူသားမဆန်တာကို ဘာမှ မလုပ်ပါဘူး..။အိုး..ဟုတ်သားပဲ..တစ်ခုခု ပြောရဦးမယ်..။ယန်ဂျင် နင်က အတော်ရုပ်ဆိုးတာပဲ..။ဒါပေမဲ့ နှာခေါင်းနှိုက်နေရင်တော့..ကြည့်လို့ လှတယ်နော်..။အားလုံးပဲ..ဒီပို့စ်ကို ပြန်ရှဲလို့ရပါတယ်..။ယန်ဂျင်လည်း သလောကျလောက်မှာပါ.."

ပြီးတဲ့နောက်မှာ လင်းဖန် စာနဲ့ အတူ.ဓာတ်ပုံတစ်ပုံ တွဲတင်ပေးလိုက်တယ်..။ဒါက..ယန်ဂျင် လှုပ်ရှာမူတစ်ခုမှာ ပါဝင်နေတဲ့ ပုံဖြစ်ပြီး.ပုံထဲမှာ သူမရဲ့ လက်ချောငိးတွေနဲ့ နှာခေါင်းနှိုက်နေခဲ့ပါတယ်..။သူမ ရဲ့ မျက်လုံးတွေက..ပြူးနေပြီး တစ်ခုခုကို စိတ်ရှုတ်နေသလိုပါပဲ..။က

ဒီပုံတက်လာတဲ့ အချိန်မှာ အကုန်ရယ်မောလိုက်ကြတယ်..။

"ဟားဟား..အံ့ဩစရာပဲ ..။မာစတာလင်း ဒီပုံကို ဘယ်ကရလာတာလဲ..။ဒါက အင်တာနက်ကနေ ဖယ်ရှားခံထားရတာ မဟုတ်ဘူးလား.."

"လွန်ခဲ့တဲ့ လေးနှစ်ကပုံ ပြန်ပေါ်လာပြန်ပြီ...။ဒါက ထပ်ပြီး ပျံ့နှံ့ပြန်တော့မယ်..."

"သူမက တော်တော်ဆိုးတာပဲ..။ငါ အဲ့တုန်းက ညစာစားနေရင်းတောင် အန်ရတယိ.."

"ငါ ဘာမှ မပြောတော့ဘူး..။ဒီပုံကတော့ တော်တော် ဆိုးတယိ.."

"အမြန် ဒါကို ယန်ဂျင်ရဲ့ ဝိုက်ဘိုအကောင်းမှာ သွားပြရအောင်..."

"ပြန်တင်လိုက်တယ်..!

ယန်ဂျင် ဒီပို့စ်ကို မြင်တဲ့အချိန်မှာ..သူမ ဒေါသထွက်သွားခဲ့ပါတယ်..။သူမ ဘေးနားမှာ ရှိနေတဲ့ ဟာတွေကို ပစ်ပေါက်လိုက်တယ်..။

"သည်းမခံနိုင်စရာပဲ..သူက ဘယ်လိိုများ ဒီလိုလုပ်ရဲတာလဲ..."

ယန်ဂျင် ဒေါသထွက်သွားခဲ့တယ်..။ဒါက သူမ​ အကြောက်ဆုံး အရာပါပဲ..။ဒီ ဓာတ်ပုံ သူ့မရဲ့ တည်ရှိမူအတွက် အမဲစက်ကြီးပါ..။ဒီ ဓာတ်ပုံ စတက်လာတုန်းက ဆိုရင် သူမ ဖယ်ရှားနိုင်ဖို့ အတွက် ပိုက်ဆံတွေ အများကြီး သုံးခဲ့ရပါတယ်..။ဒါကို အခု တစ်စုံတစ်ယောက်က တင်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

ထပ်ပြောရရင် ဒါကို ဒီငနဲက တင်ထားတာပါ..။သူ့ပရိတ်သတ်တွေက..ပြန်တင်ကြမှာ အသေအချာပါပဲ..။

သူမရဲ့ မန်နေဂျာ ဟာလည်း ဘေးနားမှာ ဒေါသထွက်ပြီး တုန်ရီနေခဲ့တယိ..။ယန်ဂျင်အနေနဲ့ ဒီငနဲ ထပ်ပြီး ရှုပ်နေမယ် ဆိုရင် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး ဆိုတာကို သူမ နားလည်လိုက်ပါပြီ..။

ဒီတစ်ကြိမ်လည်း..သူမ နိုင်မယ်လို့ ထင်ထားပေမယ့့် ရှုံးနိမ့်ပြီးသား အဆုံးသတ်ခဲ့ရပါတယ်..။သူမ နည်းလမ်းမကျပဲ..နဲ့ကို ရှုံးနိမ့်ခဲ့တာပါ..။

"ငါ တရားဆွဲမယ်..။ငါ့ဂုဏ်သိက္ခာကို ထိခိုက်စေမူ နဲ့ တရားဆွဲမယ်.."

ယန်ှဂျင် ဒေါသတကြီး အော်ဟစ်လိုက်တာပါ..။သိူ့ပေမယ့့်..သူမရဲ့ မန်နေဂျာ အပြင် ဘယ်သူကမှ မကြားနိုင်ပါဘူး..။

တိမ်ဖြူလမ်းတွင်..။

လင်းဖန် ရယ်မောလိုက်တယ်..။သူ..ယန်ဂျင်ကို တကယ် ဂရုမစိုက်ိုက်ပါဘူး..။ဒါက..သူမရဲ့ လုပ်ရပ်တွေကို သတိပေးသလောက်ပဲ ရှိပါသေးတယ်..။

ယင်းနောက် ဖုန်းဝင်လာခဲ့တယ်..။

ဝမ်မင်ယန် ပြောလိုက်တယ်.။

"မင်းဘယ်လိုများ လုပ်လိုက်တာလဲ..."

လင်းဖန် စိတ်ရှုပ်ထွေးသွားပြီး..

"ခင်ဗျား ဘာပြောတာလဲ..။ကျုပ်လဲ မသိဘူးလေ..။ကျုပ်က..အရမ်း ပေါ်ပြူလာ ဖြစ်နေလို့နေမှာပေါ့.."

"ဘာတွေဖြစ်လာနိုင်လဲ ဆိုတာရော မင်းသိရဲ့လား..."

ဝမ်မင်ယန် ဒီဖြစ်ရပ်ကြောင့်..အံ့ဩနေခဲ့ရပါတယ်..။ဘယ်သူမှ..လင်းဖန်လို ဝန်ခံရဲမှာ မဟုတ်ပါဘူး..။

လင်းဖန်ပြုံးလိုက်ပြီး..

"ဒါက ရိုးသားမူရဲ့ ရလာဒ်ပဲ..။အိုး..ဝူရွှန်းယွဲ့ကို ပြောလိုက်ဦး..ဝမ်းနည်းမနေနဲ့လို့..။ဒီကိစ္စက ပြီးသွားပြီ..ဘာမှ ထပ်စိတ်ပူနေစရာ မရှိတော့ဘူး.."

"အင်း..ငါ ပြောပြီးသွားပြီ..။သူမ အဆင်ပြေတယ်.."

အချိန်အတော်ကြာအောင် စကားပြောပြီး နောက်မှာ သူတို့ ဖုန်းချလိုက်ကြပါတယ်..။

နောက်တစ်ရက်..။

နောက်ထပ် သတင်းတစ်ပုဒ်ဟာ တက်လာခဲ့တယိ..။

မီဒီယာတွေဟာ..ဆက်ပြီးလိုက်ကြည့်လိုက်တဲ့ အချိန်မှာ ဒါက..ယန်ဂျင်နဲ့ ပတ်သက်တဲ့ သတင်းပါ..။

ရှန်ဟိုင်းက..သတင်းထောက်တွေက. မာစတာလင်းရဲ့ ပရိတ်သတ်တွေ ဖြစ်တာကြောင့်..ဒီကိစ္စကို ထပ်ပြီး မဖော်ပြချင်ကြတော့ပါဘူး..။ဒါကြောင့်..သူတို့..တစ်ခြားအရာကိုသာ..အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..။

လင်းဖန်ကတော့.ပန်ကိတ်တွေ ရောင်းချအပြီးမှာ..နမ်ရှမ်းဂေဟာကို ထွက်လာခဲ့တယိ..။

နန်ရှမ်းဂေဟာတွင်..။

လင်းဖန် ပြောလိုက်တယ်..။

"ဒါရိုက်တာ ဟောင်..ပညာရေးအဆောက်အဦးီးတွေကိုက ဘယ်တော့လောက် ဖန်တီးလို့ ပြီးမှာလဲ.."

ဒါရိုက်တာဟောင်ဟာ..နန်ရှမ်းဂေဟာ ရဲ့ ပြောင်းလဲ မူတွေကို .ကိုယ်တိုင်မြင်နေရပြီး..ဘယ်တုန်းကမှ ဒီလောက်အထိ မပျော်ဖူးပါဘူး..။

"မကြာခင်မှာပဲ..။သူတို့ကတော့..တစ်လလောက်ကြာဦးမယ်လို့ ပြောတာပဲ.."

လင်းခေါင်းညိမ့်လိုက်ပြီး..

"ကောင်းပြီလေ..အဆောက်အဦးီးတွေ ပြီးသွားပြီဆိုရင်တော့ ကလေးတွေရဲ့ ပညာရေးကို စလို့ရပြီ..။ဒီနေ့ ကျွန်တော်လာတာ..က..ကလေးတွေကို..ဖြတ်လတ်တက်ကြွ စေတဲ့ သင်ခန်းစာလေးတွေ ပေးချင်လို့.."

ဒါရိုက်တာဟောင်ဟာ..မာစတာလင်းက.စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ လူတစ်ယောက် ဆိုတာကို သိထားပြီးသားပါ..။

"မာစတာလင်း..အိတ်ထဲက ဘာတွေလဲ..."

လင်းဖန် အိတ်ကို ဖွင့်ပြလိုက်တဲ့အချိန်မှာ..အပင်စိုက်ဖို့ အတွက် အညှာတံတွေ တွေ့လိုက်ရပါတယ်..။

"ဒီဂေဟာ.ရဲ့ ပတ်ဝန်းကျင်က..အတော်ကို ခြောက်ကပ်နေတာလေ..။ဒါကြောင့် ကလေးတွေ..ကို.. နံရံတွေ ပတ်ဝန်းကျင်မှာ..အလှဆင်ခိုင်းမလို့..။ကလေးတွေကို တစ်ယောက် တစ်ပင် စိုက်ပျိုးခိုင်းပြီး..သူတို့လက်နဲ့..ရှင်သန်အောင် ပျိုးထောင်ခိုင်းမှာလေ.."

ဒါရိုက်တာဟောင် ခေါင်းညိမ့်လိုက်တယ်..။

"ဒါက အကြံကောင်းပဲ..။ဒါက ကလေးတွေကို ရင့်ကျတ်စေပြီး..တာဝန်ယူမူ ရှိစေလိမ့်မယ်..။ကလေးတွေကို သင်ကြားပေးတဲ့နေရာမှာ မာစတာလင်းက ကျွန်မထက်တောင် ပိုကျွမ်းကျင်သလိုပဲနော်..."

လင်းဖန် နိမ့်ချစွာလက်ဝေ့ယမ််လိုက်ပြီး..

"ကျွန်တော်က ဒီတိုင်း စိတ်ထဲရှိတာ လုပ်နေတာပါ..။အိုး ဟုတ်သားပဲ..ကလေးတွေ ဘယ်ရောက်သွားကြတာလဲ.."

"ဒီနေ့ ရာသီဥတုက အေးနေတယ်လေ..။ဟန်လုက..ကလေးတွေကို ပြေးဖို့ ခေါ်သွားတယ်..။ဟန်လုက တကယ်လူကောင်းလေး တစ်ယောက်ပဲ..။ဒီရက်တွေမှာ..သူ..သာမရှိရင် အတော် ဒုက္ခရောက်မှာ..."

လင်းဖန် ဂေဟာ အနောက်ဘက်က ကွင်းပြင်ကိုရောက်တဲ့ အချိန်မှာတော့..ဟန်လုဟာ ကလေးတွေနဲ့ လေ့ကျင့်ခန်း လုပ်နေခဲ့ပါတယ်..။

သူ မတ်တတ်ရပ်နေရင်းကနေ လင်းဖန်ကို မြင်တဲ့အချိန်မှာ ပြုံးပြလိုက်တယ်..။

ဟန်လု ပြောလိုက်တယ်..။

"မာစတာလင်း..ရောက်နေပြီလား..."

"အင်း.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ ဟန်လုရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"မဆိုးဘူး..."

ယန်လု ပြုံးလိုက်ပြီး..

"ကျွန်တော်မှာက တစ်ခြား ကျွမ်းကျင်တာ မရှိဘူးလေ..။ကျွန်တော် သူတို့ရဲ့..ခန္ဓာကိုယ်ကိုပဲ.လေ့ကျင့်ပေးနိုင်တယ်..။ဒါကြောင့် ဒီကို ခေါ်လာတာ..."

လင်းဖန် ပြောလိုက်တယ်..။

"ဒါအဆင်ပြေတယ်..။ငါ ကလေးတွေ စိုက်ပျိုးဖို့အတွက်..အပင်အညွှန့်လေးတွေ..ဝယ်လာခဲ့တယိလေ..။ဒါက သူတို့ရဲ့ ဘဝကို..ပိုပြီး အသက်ဝင်စေလိမ့်မယ်..။မင်းလည်း တို့ကို ကူညီပေးပေါ့.."

"အိုကေ.."

ဟန်လု ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ လူစုလိုက်ပြီး..

"လူစုကြမယ်..

ကလေးတွေဟာ..လင်းဖန်ကို မြင်တဲ့ အချိန်မှာ ပျော်ရွှင်သွားခဲ့ကြပါတယ်..။

"အန်ကယ်လင်း.."

လင်းဖန် ပြုံးလိုက်တယ်..။ဒီလို ကြိုဆိုခံရတာက တကယ်ကို ခံစားလို့ကောင်းတာပါ..။

"ကောင်းပြီ အားလုံးတန်းစီကြ..။ဒီနေ့..အန်ကယ် မင်းတို့ အတွက် အပင်လေးတွေ ယူလာခဲ့တယ်..။အတူတူ စိုက်ကြရအောင်..စိုက်မယ်မလား.."

လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။

"သိပါပြီ..."

…

ဒီအပင်တွေက စျေးမကြီးပါဘူး..။သူတို့က စွယ်စုံကျမ်း စတိုး ကနေ အမှတ်တွေနဲ့ လဲလှယ်လာခဲ့တာပါ..။ထပ်ပြောရရင်.သူတို့က အပြင်က အပင်တွေနဲ့ မတူပါဘူး..။ဒါတွေက..ဘာမှ..အပြစ်ပြောစရာ မရှိပဲ..ဂရုစိုက်ဖို့လည်း အရမ်းလွယ်ကူပါတယ်..။

သူ ကလေးတွေကို စိုက်ပျိူးခိုင်းပြီး..တစ်ချိန်တည်းမှာပဲ..စွယ်စုံအမှတ်တွေကိုပါ လိုချင်ခဲ့တာပါ..။

တကယ်လို့ တစ်ချို့ကလေးတွေသာ..အခုလို စိုက်ပျိုးတာမှာ..ပါရမီပါလာရင်တော့..ပန်းစိုက်ပျိုး တဲ့ ပညာရှင်တွေ အတွက် အကောင်းဆုံးပါပဲ..။

မဟုတ်ဘူး..သူတို့က..အနာဂတ်မှာ ကျိန်းသေ အတော်ဆုံး စိုက်ပျိုးသူတွေ ဖြစ်လာကြမှာပါ..။

သူ့လို ဆရာ မျိုး..ရှိနေမှတော့..ဘယ်လို ပြသနာ မျိုးနဲ့ များ..တွေ့နိုင်ဦးမှာလဲ...

All Chapters