← Chapters

မွေးစားမယ့် အချိန်

Vol. 47 Ch. 702

မွေးစားမယ့် အချိန်

Vol. 47 Ch. 702

#ဘာသာပြန် = စနိုးဝှိုက်

"ငါ တူးနေပြီ..တူးနေပြီ..."

လီဖက်တီးဟာ..သူ့လက်ထဲက..ပလတ်စတစ်ဓားကို ဝေ့ယမ်းပြီး သီချင်းဆိုနေခဲ့တယ်..။သူ ခြေထောက်နားမှာ..အပေါက်တစ်ပေါက် တူးထားပြီး အတော် မောပန်းနေခဲ့ပါပြီ..။အဲ့အချိန်မှာပဲ..သူ လင်းဖန်..ရဲ့ အနားကို ပြေးသွားပြီး လက်ကို ကိုင်လိုက်တယ်..။

"အန်ကယ်လင်း..ကြည့်လိုက်ဦး..။အပေါက်က ဘယ်လိုနေလဲ ဆိုတာကို..."

လင်းဖန် ရယ်မောလိုက်တယ်..။လီဖက်တီးကို ကြည့်လိုက်ရင် ..ခွန်အားတွေ အပြည့်နဲ့ အမြဲ တက်ကြွနေတာပါပဲ..။လင်းဖန်..အပေါက်ကို ကြည့်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။

"လီဖက်တီး..သား..က သစ်ပင်တစ်ပင်ကို ..စိုက်မလို့လား.."

"အာ..သား TV အစီစဥ် တစ်ခုမှာ တွေ့တာကတော့..တွင်းကြီးကြီး တူးဖိူ့ လိုအပ်တယ်တဲ့.."

လင်းဖန် လီဖက်တီးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..

"အန်ကယ်တို့..သစ်ပင်စိုက်နေတာ မဟုတ်ဘူးလေ..။တို့က..ပန်းပင် လေးတွေကိုပဲ..စိူက်ပျိူးကြမှာ..။အပေါက်က အရမ်းကြီးဖို့ မလိုဘူး..ဒါပေမဲ့ သား တူးတာတော့ တော်တော် ကောင်းတယ်..။အခု.သား လုပ်ရမယ့် ဟာက ပြီးသွားပြီ ဆိုတော့ တစ်ခြား သူငယ်ချင်းတွေကို ကူညီလိုက်ဦး..."

အန်ကယ်လင်းရဲ့..ချီကျူးမူကို ကြားတဲ့ အချိန်မှာ..လီဖက်တီးရဲ့..မျက်နှာဟာ..ကျေနပ်သွားခဲ့တယ်..။

"အာ..သား အခုပဲ..သူတို့ကို သွားကူညီလိုက်မယ်.."

တွေဝေခြင်းမရှိပဲ..လီဖက်တီး..မိန်းမလှလေး တစ်ယောက်ရဲ့ ဘေးကို ပြေးသွားလိုက်တယ်..။

"လာ..ငါ ကူညီပေးမယ်..။ငါ့မှာက..ခွန်အားတွေ အများကြီးပဲ..။အခုပဲ..အန်ကယ်လင်း..ငါ့ကို ချီးကျူးလိုက်တာ..."

"အာ..အစ်ကို ဖက်တီးက..အရမ်းတော်တာပဲ.."

"သေချာတာပေါ့..။မင်းက..ငါ့ရဲ့ အထူး ပုဂ္ဂိုလ်ပဲ.."

လင်းဖန် သက်ပြင်းချလိုက်တယ်..။လီဖက်တီး ကြီးလာပြီဆိုရင်..သူ့ပြသနာ သူ ရှာမိမှာ အမှန်ပါပဲ..။သို့ပေမယ့့်..ပိုပြီးအရေးကြီးတာက..သူက ရင့့်ကျတ်တဲ့..နှလုံးသားနဲ့ ကြီးပြင်းလာဖို့ပါ..။

ကလေးတွေဟာ..အယောက် ၃၆၅ ယောက် ရှိပြီး သူတို့ တစ်ယောက်ချင်းစီတိုင်းက သေချာ စိုက်ပျိုးနေခဲ့ကြတယ်..။ကလေးတွေ အခက်အခဲတွေ့တဲ့ အချိန်တိုင်း လင်းဖန် အသေးစိတ်အချက်အလက် တွေက အစ သေချာ ရှင်းပြနေခဲ့ပါတယ်..။

သူ ပြောတာကို ကလေး ဆယ်ယောက်က..နားလည်သ၍ ..သူ့ရဲ့ အလုပ်က ပြီးဆုံးသွားပါပြီ..။

တစ်ရက်တည်းမှာပဲ..ရှန်ဟိုင်း အမြန်နှုန်း မိီးရထား ဘူတာတွင်..။

သက်လတ်ပိုင်း အရွယ် စုံတွဲတစ်တွဲဟာ..ရှန်ဟိုင်းကို ရောက်လာခဲ့တယ်...။

"ယောက်ျား..ရှင့် ညီအစ်ကို ရဲ့ ကလေးတွေက..ရှန်ဟိုင်းမှာလား..."

ချီယန်လန် မေးလိုက်တာပါ..။

သက်လတ်ပိုင်း အရွယ်လူကြီးဟာ ခေါင်းညိမ့်လိုက်တယ်..။သူ့ မျက်နှာက..ဖြူဖျော့နေပြီး..လေးနက်တဲ့..ရောဂါကို ခံစားနေခဲ့ရပါတယ်..။

"အင်း..ရှန်ဟိုင်းရဲ့ နန်ရှမ်းဂေဟာမှာ..။ငါတို့ လိုက်စုံစမ်းတော့ ရဲဌာနက အဲလိုပြောခဲ့တာပဲလေ.."

ရဲဌာနက ပြောတာတော့..သူ့ညီအစ်ကို ရဲ့..ကလေးက အရင်င်တုန်းက..လူကုန်ကူးသမားတွေ..ရဲ့..ပြန်ပေးဆွဲမူကို ခံလိုက်ရပါတယ်..။သူ့ ညီအစ်ကိုကတော့..လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကားမတော်တဆ မူကြောင့် ဆုံးသွားခဲ့ပါပြီ..။သူ့..မိန်းမကတော့..နောက်အိမ်ထောင်ပြုခဲ့ပြီး..ကလေးကို..ပြန်မွေးဖို့ စိတ်ဝင်စားလားလို့ အကြောင်းပြန်လာတဲ့ အချိန်မှာ..ငြင်းပယ်ခဲ့ပါတယ်..။

သူတို့ ဘာလို့ ဒီတောငိးဆိုမူကိုဘသဘောတူရမှာလဲ..။သူတို့တွေက ဘဝအသစ်မှာ စနေတဲ့ အတွက် ဒီကလေးကိုလည်း မမွေးချင်တော့ပါဘူး..။သူတို့ ရဲ့ ဆုံးဖြတ်ချက်က ရှင်းလင်းပါတယ်..။

သို့ပေမယ့့်..ကံတရားက..ရာသီဥတုလောက် မသာယာ ပါဘူး..။သက်လတ်ပိုင်း အရွယ်လူကြိီး..ကျန်းမာရေး စစ်ဆေးကြည့်လိုက်တဲ့..အချိန်မှာ..သွေးကင်ဆာ ပထမအဆင့်ဖြစ်နေပြီး..ရိုးတွင်းချင်ဆီ..ထည့့်သွင်းဖို့ လိုအပ်နေပါတယ်..။

သူ့အတွက် ကံဆိုးစွာပဲ...သူနဲ့ မျိုးရိုးတူတဲ့..လူဟာ မရှိတော့ပေ..။ဆွေမျိုးထဲမှာ အရင်းနှီးဆုံးဖြစ်တဲ့ သူ့ညီအစ်ကိုက သေသွားပြီး ဖြစ်တာကြောင့်..သူ့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး..။

သူ ..ရိုးတွင်းခြင်ဆီ အလှူ ရှင်ကို..တစ်လလောက်..စောင့်တာတောငိ..သတင်းမကြားတဲ့ အချိန်မှာ..စတင်ပြီး စိုးရိမ်လာခဲ့တယ်..။

ရုတ်တရက်..သူ့ အစ်ကိုရဲ့ ကလေးက မိဘမဲ့ ကျောင်းမှာ ရှိနေတာကို..သူ သတိရလိုက်ပါတယ်..။ဒါကြောင့် သူ့မိန်းမနဲ့ တိုင်ပင်အပြီးမှာ..ဒီကလေးကို မွေးစားပြီး..ရိုးတွင်းခြင်ဆီ လွှဲပြောင်းယူဖို့ ဆုံးဖြတ်လိုက်တယ်..။

ချီယန်လန် စိုးရိမ်နေခဲ့ပြီး..

"တစ်ခြားလူတွေက ဒါကို သဘောတူနိုင်ကြပါ့မလား..။တကယ်လို့ သူတို့သာ..ကျွန်မတို့ ကျန်းမာရေး အတွက် ဒီလိူ ဆုံးဖြတ်ချက်ချမှန်းသိသွားရင်...."

သက်လတ်ပိုင်း အရွယ်လူကြီးဟာ..သူ့ မိန်းမကို ကြည့်လိုက်ပြီး..

"မင်းလည်း ဘာမှမပြောဘူး..ငါလည်း ဘာမှ မပြောဘူးဆိုရင် ဘယ်သူက သိမှာလဲ..။ထပ်ပြောရရင် ငါက သူ့ ဦးလေးလေ..သူ့ညီအစား ကလေးကို စောင့်ရှောက်တာ ဘာပြသနာ ရှိလို့လဲ.."

"ဒါအမှန်ပဲ.."

ချီယန်လန် ခေါင်းညိမ့်လိုက်တယ်..။

"အဓိက အရေးကြီးတာက..ရှင့်ရဲ့ ကျန်းမာျရး ပြန်ကောင်းဖို့ပဲ.."

ဝမ်ချန်းရှန် ခေါင်းညိမ့်လိုက်တယ်..။

"ငါတို့ ရဲဌာနကို အရင်င်သွားပြီး အရာရှိတွေကို..ဂေဟာ ဆီခေါ်သွားခိုင်းရမယ်..။ငါတို့ နောက်ကျနေလို့ မရဘူး..။စောစော စစ်ဆေးနိုင်ရင် စိတ်ပူနေစရာ မလိုတော့ဘူးလေ.."

ဒီ စုံတွဲဟာ..ရထားဘူတာကနေ လျောက်ထွက်သွားပြီး..ရဲဌာနကို ဦးတည်သွားလိုက်ကြပါတယ်..။

…

နန်ရှမ်းဂေဟာတွင်..။

"အစ်ကို ဖက်တီး..ကူညီပေးပါဦး..။ကျွန်တော် တူးနေတာ ..မပြီးတော့ဘူး..!

လီဖက်တီထက် ငယ်တဲ့ ကောင်လေးတစ်ယောက်က အကူညီတောငိးလိုက်တာပါ..။

လီဖက်တီးဟာ..ကောင်လေးကို ကြည့်ပြီး မလိုလားတဲ့ အမူအရာဖြစ်သွားခဲ့တယ်...။ယင်းနောက် သူ့မျက်နှာက..တက်ကြွတဲ့ ပုံစံ ပြန်ဖြစ်သွားပြီး..

"မင်းက ယောက်ျား တစ်ယောက်ပဲ..။ယောက်ျား တစ်ယောက်က..ပိုပြီး ကြိုးစားသင့့်တယ်လေ..။ဆက်ပြီး ကြိုးစားလိုက်ပါဦး.."

လူငယ်လေး.. သက်ပျင်းချလိုက်ပြီး..သူ့မျက်နှာက ပင်ပန်းတဲ့ ပုံစံ ဖြစ်နေခဲ့ပါတယ်..။ယင်းနောက် သူ့ရဲ့ မူလနေရာကို ပြန်သွားပြီး ဆက်တူးနေခဲ့တယ်..။

အဲ့အချိန်မှာပဲ..ကလေးမလေးတစ်ယောကိဟာ..လီဖက်တီး ဆိုကို ရောက်လာခဲ့တယ်..။

"အစ်ကို ဖက်တီး ညီမလည်း မတူးနိုင်တော့ဘူး..။

လီဖက်တီး အမူအရာက အစောကနဲ့ လုံးဝကို ကွာခြားသွားခဲ့တယိ..။သူ ရင်ဘတ်ကို ပုတ်လိုက်ပြီး..

"ပြသနာ မရှိဘူး..အစ်ကို ကူညီပေးမယ်..."

တွေဝေခြင်းမရှိပဲ..သူ့ရဲ့ လက်နက်ကို ယူကာ..မြေဆီလွှာဆီသွားပြီး..စတင်တူးပေးလိုက်ပါတယ်..။

အဲ့အချိန်မှာတော့..လီဖက်တီးရဲ့..ယောက်ျားလေးနဲ့ မိန်းကလေး အပေါ်..ခွဲခြားမူက..သိသာနေခဲ့ပါတယိ..။

လင်းဖန် အကုန်မြင်နေပေမယ့့် ဘာမှ မပြောခဲ့ပေ..။လီဖက်တီးသာ..ကြီးလာလို့ ဒီအကျင့့်ကို မပြင်ရင်..သူ့အတွက် အကောင်းနိုင်ပါဘူး..။

ဒါရိုက်တာ ဟောင်ကတော့ ဟန်လုနဲ့ အတူ ရပ်နေပြီး..ကြိတ်ရယ်နေခဲ့တယ်..။ဒါရိုက်တာဟောင်ရဲ့ တစ်ခုတည်းသောဘဆန္ဒက..ဂေဟာက ကလေးတွေ..တစ်ယောက်နဲ့ တစ်ယောက် စည်းလုံးပြီး ချစ်ခင်နေကြဖို့ပါ..။

ကလေးတွေရဲ့ ပျော်ရွင်တဲ့ အပြုံးတွေကို မြင်ပြီး..ဒါရိုက်တာဟောင်..သလောကျနေခဲ့တယ်..။ဒီ နန်ရှမ်းဂေဟာ..မှာ အလုပ်လုပ်နေရတာက..သူမရဲ့ အင်အားတွေ မယုတ်လျော့သွားပဲ..ပိုပြီးတောငိ..တိုးတိုး လာသလိုပါပဲ..။သူမ ဂေဟာက ကလေးတွေ..လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ လူတွေ ဖြစ်သွားတိုင်း..သူမ ရဲ့ နှလုံးသားထဲမှာ ကျေနပ်ရပါတယ်..။

သူမ ဒီကလေးတွေ ကြီးလာရင်..ဒီဂေဟာ. ကို ပြန်ကြည့်ဖို့ မတောင်းဆို ဖူးပါဘူး..။သူမ တောင်းဆိုတာ ဆိုလို့..သူမတွေ ကျန်းမာပြီး ပျော်ရွှင်နေဖို့ပါပဲ..။

သူမ မတ်တပ်ရပ်နေပြီး ကလေးတွေကို ယုံကြည်မူ ရှိစွာ ကြည့်နေခဲ့တယ်..။သူမ..ဒီမှာ လုပ်နေရင်း အသက်ကြီးလာလို့ မလုပ်နိုင်တော့ရင်တောင်..တစ်ခြား နှလုံးသား ကြင်နာ တဲ့..လူတွေ က ဆက်ပြီး လုပ်ကြဦးမှာပါ..။

သူမရဲ့ မိတ်ဆွေတွေက တုံးအတယ်လို့ ပြောပေမယ့့်..သူမ ဒီလို မတွေးမိပါဘူး..။ဘဝက တိုတောငိးလှပါတယ်..။တစ်ချို့လူတွေက..အဓိပ္ပါယ်ရှိတဲ့ အလုပ်တွေကို သိကြပေမယ့့်..နောက်မျိုးဆက်ကို..စောင့်ရှောက်တာက..အဓိပ္ပါယ်အရှိဆုံးလို့ သူမ ယုံကြည်ပါတယ်..။နန်ရှမ်းဂေဟာ..မှာ..ရှင်သန်လာတဲ့ ကလေးတွေက..သူတို့ ကြီးပျင်းလာလို့ တစ်ခေါက်မှ ပြန်မလာဘူးဆိုရင်တောင် သူမ အပြစ်တင် ဆန့့်ကျင်စရာ ဘာမှ မရှိပါဘူး..။

နေ့လည်ဘက်..။

လင်းဖန် ဆိုင်ကို ပြန်မသွားပဲ..ဂေဟာမှာပဲ..ကလေးတွေနဲ့ စားသောက်နေခဲ့တယ်..။ပြီးတဲ့ နောက်မှာ သူ အလုပ်ဆက်လုပ်နေပြီး အပင်တွေ ဆက်စိုက်ပျိုးနေခဲ့ပါတယ်..။

ကလေးတွေဟာ..ကြိုးစားနေကြပြီး..တစ်ခါမှ သူတို့ ဒီလောက်အထိ စိတ်အား မထက်သန်ကြဖူးပါဘူး..။

"ဒါရိုက်တာဟောင်..တံခါးလေး..ဖွင့်ပေးလို့ ရမလား..."

အဲ့အချိန်မှာပဲ..ရဲအရာရှ်ိတစ်ယောက်ဟာ..အပြင်ကနေ လှမ်းပြောလိုက်ပါတယ်..။

ဒါရိုက်တာဟောင် ပြတင်းပေါက်ကနေ သံသယ ဖြစ်စွာ ကြည့်လိုက်ပေမယ့့်..တံခါးက်ုတော့ သွားဖွင့်ပေးလိုက်ပါသေးတယ်..။

"ဟုတ်..ဘာများ ကူညီပေးရမလဲ..."

လင်းဖန် လည်း..ဘာတွေဖြစ်နေလည်း မြင်ပေမယ့့် ဒီ မဖိတ်ထားတဲ့ ဧည့်သည်သုံးယောက်က..ဘာလာလုပ်လဲ မသိပါဘူး..။

ရဲအရာရှိ ရှင်းပြတဲ့ အချိန်မှာတော့ သူသေချာ ဂရုစိုက် နားထောင်နေခဲ့တယ်..။

"ဒါရိုက်တာ ဟောင် သူတို့နှစ်ယောက်က..ချင်းဟီကလေ..ပြီးတော့..ဝမ်ယန်ယန် အဖေ ရဲ့ အစ်ကိုပဲ..။သူတို့ကရဲဲဌာနကို လာပြီး ဝမ်ယန်ယန် ကို မွေးစားချင်ကြောင်း ပြောလို့ ဒီကို ခေါ်လာပေးတာ..."

"သူတို့ သေချာတာ စစ်ဆေးပြီးပြီလား.."

ဒါရိုက်တာဟောင် ရဲအရာရှိကို မေးလိုက်ပြီး စုံတွဲကို သေချာ အကဲခတ်လိုက်တယ်..။

ဒါက ဒါရိုက်တာဟောင် မယုံလို့ မဟုတ်ပါဘူး..။သိူ့ပေမယ့်..ခက်ခက်ခဲခဲ ကယ်ထားပြီးမှ ဂေဟာကို ရောက်လာတဲ့ ကလေးတွေကို ဆိုးရွားတာတွေ ထပ်မခံစားစေချင်လို့ပါ..။

ရဲအရာရှိ ခေါင်းညိမ့်လိုက်တယ်..။

"အင်း..ကျွန်တော်တို့ အချက်အလက်တွေကို စစ်ဆေးပြီးပြီ ဘာပြသနာ မှ မရှိဘူး...။သူတို့နှစ်ယောက်စလုံးက..တည်မြဲတဲ့ အလုပ်အကိုင်ရှိကြပြီး..သူတို့က အမှန်တကယ်ပဲ..ဝမ်ယန်ယန် ရဲ့ ဆွေမျိုးတွေပဲ..."

All Chapters