အခန်း (၇၀၃)
Vol. 47 Ch. 703
#ဘာသာပြန် = စနိုးဝှိုက်
ဒါက..မိဘမဲ့ ကလေးတွေ အကုန်လုံး စောင့်ဆိုင်းနေကြတဲ့..အချိန်ပါပဲ..။ဒါရိုက်တာ ဟောင် ဟာ ကလေးတွေ နဲ့. အတော်ကို နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိပြီး ကလေးတစ်ယောက် ထွက်သွားတိုင်း သူမ တွန့်ဆုတ်မိတာတော့ အမှန်ပါပဲ..။အခု..ဆွေမျိုးတွေက..ဒီရောက်နေကြပြီ ဆိုတော့..သူမ လုပ်နိုင်တာ ဆိုလို ဘာမှ မရှိပေ..။
သူတိူ့ကို ဆန့့်ကျင်ဖို့က ဖြစ်နိုင်လို့လား..။
ကလေးနဲ့ ဆွေမျိုးတွေ အတွက်ကတော့ ဒါက မမျှတျှတပါဘူး..။ဒီ ဂေဟာ မှာက ကလေးတွေ အများကြီး ရှိနေတာကြောင့်..ကလေးတစ်ယောက် ချင်းစီတိုင်းကို တုန်နေအောင် ချစ်ဖို့ ဆိုတာက မဖြစ်နိုင်ပေ..။တကယ်လိူ့ သူတို့ ဆွေမျိုးတွေနဲ့ ပြန်လိုက်သွားရင်..မိသာစုရဲ့ ချစ်ခြင်းမေတ္တာကို ရရှိမှာ ဖြစ်ပြီး..ဒီမှာနေတာထက် ပိုပြီးကောင်းမွန်မှာပါ..။ထပ်ပြောရရင် ကလေးက..အပြင်မှာ..ပိုကောင်းတဲ့ ပညာရေးကို သင်ကြားခွင့်ရမှာ အမှန်ပါပဲ..။
"လီဖက်တီး..ဒီကို လာဦး.."
ဒါရိုက်တာ ဟောင်..လှမ်းခေါ်လိုက်တယ်..။
မိန်းကလေး တစ်ယောက်ကို ကူညီနေတဲ့ လီဖက်တိီး..ဟာဘာတွေဖြစ်နေမှန်း မသိပေ..။သူ့နာမည် အခေါ်ခံရတာကို ကြားတဲ့ အချိန်မှာ..သူ ချက်ချင်း ပြေးလာခဲ့ပါတယ်..။သူ..ဒါရိုက်တာဟောင် နဲ့ အတူ မတ်တတ်ရပ်နေတဲ့..လူနှစ်ယောက်ကို မြင်ပြီး..ခေါင်းထဲမှာ ပဟေဠိဖြစ်သွားခဲ့တယိ..။
ဒီလူတွေက..ဘယ်လိုလူတွေလဲ...
"တကယ် တစ်ပုံစံတည်းပဲ..။ငါတို့ မတွေ့ရတာ အတော်ကြာပေမယ့့်..သူက ငယ်ငယ်ကနဲ့ တစ်ပုံစံတည်းပဲ.."
ချီယန်လန် လီဖက်တီးကို ကြည့်ပြီး ပြောလိုက်တာပါ..။ယင်းနောက်..သူ လက်ဆန့့်တန်းပြီး လက်ဖက်တီး ရဲ့ ခေါင်းကို ပုတ်ဖို့ လုပ်လိုက်တယ်..။
အဲ့အချိန်မှာပဲ..လီဖက်တီးဟာ ရှောင်လိုက်ပြီး ဒါရိုက်တာ ဟောင် ရဲ့ နောက်မှာ သွားပုန်းနေလိုက်တယ်..။
ချီယန်လန် သူမ ရဲ့ လက်ကို ရှက်ရွံ့စွာ ပြန်ရုတ်ကာ ရယ်မောလိုက်ပြီး...
"ယန်ယန်..အန်တီက မင်းရဲ့ အန်တီပါ..။ဒါက မင်းရဲ့ ဦးလေးလေ..။အန်တီတို့က မင်းကို ခေါ်ဖို့ အတွက် ဒီကို ရောက်လာကြတာ.."
ဝမ်ချန်ရှန်း..မျှော်လင့့်ချက်တွေ ပြည့်နေခဲ့တယ်..။သူ ပြန် ကုသနိုင်ိုင်ဖို့ အတွက်ဆို ဒီကလေးက သူ့ရဲ့ နောက်ဆုံး မျှော်လင့့်ချက်ပါပဲ..။သူသာ..ရိုးတွင်းခြင်ဆီ အစားထိုးဖို့ ဒီကလေးကို ဆေးရုံ ခေါ်သွားနိုင်ရင် သူ့ရဲ့ ကင်ဆာ ရောဂါကို ကုသနိုင်ိုင်မှာ အသေအချာပါပဲ..။
သူ့ရင်ထဲမှာတော့ သူ့ တူလေး အတွက် နေရာမရှိပါဘူး..။သူ ဂရုစိုက်တာက..သူ့ရဲ့..ကျန်းမာရေး..အတွက်ပါပဲ..။
လီဖက်တီးဟာ ဒီလူတွေ ဘယ်သူမှန်းှန်း မသိပေမယ့့်..သူ ဒီဂေဟာကနေ ထွက်သွားရတော့မယ် ဆိုတာကို သိတဲ့ အချိန်မှာ..မျက်ရည်တွေ ကျလာခဲ့တယိ..။
"ဒီနေရာက သားရဲ့ အိမ်ပဲ..။သား ဒီနေရာကနေ ထွက်မသွားချင်ဘူး..။အဘွားဟောင်..သား ဒီနေရာကနေ ထွက်မသွားချင်ဘူး..
ဒီဖက်တီး ဒါရိုက်တာဟောင်ရဲ့ လက်က်ိုဆွဲပြီး ပြောနေခဲ့တာပါ..။
ဒါရိုက်တာ ဟောင် လီဖက်တီးရဲ့ ခေါင်းကို ကိုင်ပြီး နှစ်သိမ့်လိုက်တယ်..။
"လီဖက်တီးလေး..မင်းရဲ့ အန်တီ နဲ့ အန်ကယ်က..မင်းကို ခေါ်ဖို့..ဒီကိုရောက်နေတာလေ..။မင်းအခုကနေစပြီး..ပိုကောင်းတဲ့ အိမ်တစ်ခုကို ရတော့မှာ..။မင်း အဖွားဟောင် တို့ကို လွမ်းတယ်ယ် ဆိုရင်..မင်းကြီးလာတဲ့..အချိန်ကျရင်.လာလည်လို့ရတာပဲလေ.."
သူမလည်း လီဖက်တီးလေးကို ထွက်ခွာ မသွားစေချင်ပေမယ့်..သူကောင်ဖို့ အတွက်ဆိုရင် လုပ်မှ ရမှာပါ..။
သူမ အမြင်မှာတော့ ဒီနှစ်ယောက်ထဲမှာ တစ်ယောက်က အန်တီ ဖြစ်ပြီး တစ်ယောက်က..အန်ကယ်ပါ..။လီဖက်တီးလေးက..သူ့ ညီအစ်ကို ရဲ့သား ဖြစ်တာကြောင့်..သေချာ စောင့်ရှောင့်မှာပါပဲ..။
ဝမ်ချန်ရှန်း မှာ ရည်ရွယ်ချက် တစ်ခုတည်းရှိပြီး အဲတာက လီဖက်တီးကို ခေါ်သွားဖို့ပါ..။ဘယ်လိုလုပ်ပြီး သူ ..လီဖက်တီး..ကို..ဂေဟာ..မှာ..နေခိုင်းနိုင်မှာလဲ..။
"ယန်ယန်..အန်ကယ်က မင်းရဲ့ ဦးလေးပဲ..။အန်ကယ်တို့ နဲ့ အတူ အိမ်ပြန်လိုက်ခဲ့..။အန်ကယ်က မင်းအတွက် အရုပ်တွေနဲ့ စားစရာတွေကို ကြိုက်သလောက် ဝယ်ပေးမယ်..။အခုက စပြီး မင်းက ငါ့ရဲ့သားပဲ..။ဘာပဲဖြစ်ဖြစ် ငါတို့သွေးက ရင်းနှီးပြီးသားလေ.."
လီဖက်တီးကတော့ ဆက်တိုက် ခေါင်ိးခါယမ်းပြီး ငိုနေခဲ့တယ်..
"သား သွားမှာ မဟုတ်ဘူး..သားမသွားချင်ဘူး.။သား ဒီမှာ အဖွားဟောင်..အန်ကယ်လင်း.အန်ကယ် ဟန်လု တို့နဲ့ ပဲ နေချင်တယ်..။သား ထွက်သွားမှာ မဟုတ်ဘူး..။အဖွားဟောင် လည်း သားကို ထွက်မသွားစေချင်ဘူးမလား.ဟုတ်တယ်မလား..။ဒီနေ့က စပြီး သား မညစ်ပတ်ဖို့ ကတိပေးပါတယ်..။အဖွား ဟောင် ပြောသမျှကို သား နားထောင်ပါ့မယ်..."
လီဖက်တီးလေးရဲ့ စကားကို ကြားပြီး..ဒါရိုက်တာဟောင် မျက်ရည်တွေ ဝဲလာခဲ့တယိ။
"လီဖက်တီးလေး..အဖွားဟောင် ပြောတာကို နားထောင်..။ဒါက သားရဲ့ အမျိုးတွေလေ..။တကယ်လို့ သား အဖွားဟောင် အန်ကယ်လင်း အန်ကယ် ဟန်လု နဲ့ သူငယ်ချင်းတွေကို လွမ်းတယ်ယ် ဆိုရင် သားကြီးလာတဲ့ အချိန်ကြ ပြန်လာလို့ရတယ်လေ.."
ချီယန်လန်..စာနာတဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။
"ယန်ယန်..မင်းသူတို့ကို လွမ်းတယ်ယ် ဆိုရင်..အန်တီ..မကြာခန လာလည်လိူ့ ရအောင် စီစဥ်ပေးမယ်လေ..."
လီဖက်တီး ခေါင်းခါယမ်းလိုက်ပြီး..လင်းဖန် ရဲ့ အနားကို ပြေးသွားကာ ပေါင်ကို ဖက်ထားခဲ့တယ်..။
"အန်ကယ်လင်း..သား ဒီနေရာကနေ ထွက်မသွားချင်ဘူး..။ကျေးဇူးပြုပြီး သားကို ကူညီပေးပါဦး..။သား ဒီမှာပဲ..နေချင်တယ်..။သား နောက်တစ်ခါ အစားတွေလည်း အများကြီး မစားားတော့ဘူး တစ်ခြားလူတွေကိုလည်း အနိုင်မကျျင့်တော့ပါဘူး..။သားကို ဒီနေရာမှာပဲ..နေခွင့်ပေးပါ..."
လီဖက်တီးလေး ဒီလိုဖြစ်နေတာကို မြင်ပြီး လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။
လက်ရှိအခြေအနေကို ကြည့်ရတာတော့ သူ တစ်ခုခု ပြောမှ ဖြစ်တော့မှာပါ..။သူလည်း လီဖက်တီးလေးကို ထွက်မသွားစေချင်ပါဘူး..သို့ပေမယ့့် တစ်ဖက်လူက တကယ်ရိုးသားတယ် ဆိုရင်တော့ လီဖက်တီးလေးရဲ့ ကောင်းကျိုး အတွပ် လက်လွှတ်ပေးရမှာပါ..။သူ သက်လတ်ပိုင်း အရွယ်စုံတွဲကို ကြည့်လိုက်တယ်..သူတို့ရဲ့ တော်စပ်မူက..မှန်ပန်ပေမယ့့်..သူတို့ဆီက ကောင်းမွန်တဲ့ ခံစားချက်တွေ ရမနေခဲ့ပါဘူး..။
လင်းဖန် တိတ်ဆိတ်နေပြီး အနည်းငယ် တွက်ချက်နေခဲ့တယ်..။
"ခင်ဗျားတို့က လီဖက်တီးရဲ့ အန်တီနဲ့ အန်ကယ် ဟုတ်တယ်နော်.."
လင်းဖန် မေးလိုက်တာပါ..။
ချီယန်လန် ခေါင်းညိမ့်လိုက်ပြီး....
"အမှန်ပဲ..ကျွန်မတို့က ယန်ယန် ရဲ့ အန်ကယ်နဲ့ အန်တီပါ..။ကျွန်မတို့ သူ့ကို မိသားစု စာရင်းထဲထည့့်ဖို့ တကယ် စိတ်လှုပ်ရှားမိတယ်..။သားလေးကို. အခုချိန်ထိ .စောငိ့ရှောက်ပေးထားလို့ အကုန်လုံးကို ကျေးဇူးတင်ပါတယ်.."
လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"ကျုပ်တို့ကို ကျေးဇူးတင်ဖို့မလိုပါဘူး..။လီဖက်တီးက တကယ်သဘောကျဖို့ ကလေးဖြစ်ပြီး ကျွန်တော်တို့ထဲက တစ်ယောက်ပဲ..။လွန်ခဲ့တဲ့ လအနည်းငယ်က..လီဖက်တီးလေးကို လူကုန်ကူးသမားတွေ လက်ထဲက ပြန်တွေ့ပြီလို့ မိသားစုကို အကြောင်းကြားခဲ့တယ်လေ..။အကြီးအကဲ လီ ပြောကြားချက်အရတော့..သူ့အဖေက ကားမတော်တဆ မူနဲ့ ဆုံးသွားပြီး..သူ့ အမေက နောက်အိမ်ထောင်ပြုနေတယ်တဲ့..။အဲ့တုန်းက ကျတော့ သူ့ရဲ့..ဦးလေးတွေ အနေနဲ့ဘာလို့ လာမခေါ်တာလဲ..။ဘာလို့ အခုမှလဲ..။ကျုပ်ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ရင်တော့ ကလေးကို ခေါ်သွားခွင့်ပေးမှာ မဟုတ်ဘူး.."
ချီယန်လန် ကြောင်အသွားပြီ ဘာပြန်ပြောရမလဲ မသိတော့ပါဘူး..။
သူတို့ လီဖက်တီးလေးကို..ဘယ်တုန်းကမှ မမွေးစားချင်ခဲ့ပဲ..အခုလာခေါ်တာကလဲ..သွေးကင်ဆာ ရောဂါအတွက်..ရိုးတွင်းခြင်ဆီ ခွဲစိတ်ဖို့ လိုလို့လို့ ပြောရမှာလား..။သူမ ယောက်ျားက အလှူရှင်လိုနေတာ ဖြစ်ပြီး လီဖက်တီးက တစ်ယောက် တည်းသော ဆွေမျိုးပါပဲ..။
တကယ်လို့ သူမသာ ဒါကို ပြောလိုက်ရင်..လီဖက်တီးလေးကို ..ခေါ်သွားနိုင်မယ့့် အခွင့်အရေးက ပိုနည်းသွားပါလိမ့်မယ်..။
ဝမ်ချန်ရှန်း ရှေ့တစ်လှမ်းတက်လိုက်ပြီး..
"ဘယ်သူလဲ..ဆိုတာ သိလို့ရမလား.."
"ကျုပ်က ဒီနေရာကတာဝန်ရှ်ိသူပဲ..။ကျုပ် ဒီကလေးတွေကို လူကုန်ကူးတဲ့ လူတွေလက်ထဲကနေ ကိုယ်တိုင် ကယ်တင်လာခဲ့တာ..။ခင်ဗျားတိူ့ကို ရဲဌာနက စစ်ဆေးခဲ့တယ် ဆိုပေမာ့်လည်း ကျုပ်ကို ကျော်ဖြတ်ဖို့ လိုသေးတယ်..။ဘာမှ မမေးပဲနဲ့..ကလေးကို ခေါ်သွားလို့ ရမယ်လို့ စိတ်တောင် မကူးူးနဲ့."
"ငါတို့က သူ့ အန်ကယ်နဲ့..အန်တီပဲ..။မင်း ဘာတွေများ စိုးရိမ်စရာ ရှိနေလို့လဲ.."
ဝမ်ချန်ရှန်း မေးလိုက်တာပါ..။
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"အဖေ နဲ့ အမေ ကိုယ်တိုင်လာရင်တောင် ယုံကြည်မှာ မဟုတ်ဘူး..။သူတို့က မိသားစုကောင်းကလား ဆိုတာ သေချာအောင် လုပ်ရမှာပဲ.."
"မင်း.."
ဝမ်ချန်ရှန်း အနည်းငယ် ဒေါသထွက်သွားခဲ့ပေမယ့်..သည်းခံထားခဲ့တယိ..။ယင်းနောက်.သူ ရဲအရာရှိဘက်ကို ကြည့်လိုက်ပြီး..
"အရာရှိရော ဘယ်လိုထင်လဲ.."
"ကျွန်တော်အလုပ်က မှန်ကန်ကြောင်းစစ်ဆေးဖို့ပဲ..။ကျန်တာကိုတော့..မာစတာလင်းပဲ..တာဝန်ယူပေးရမှာပါ.."
ရဲအရာရှိ ပြောလိုက်တာပါ.။
သူ မာစတာလင်း ဘယ်သူလဲ ဆိုတာကို သိထားပြီးသားပါ..။လက်ရှိအခြေအနေကို ကြည့်ရတာ..မာစတာလင်းမှာ တစ်ခုခု စဥ်းစားစရာ ရှိနေတဲ့ ပုံပါပဲ..။
ဒါကြောင့် သူဝင်မပါပဲ..မာစတာလင်း..ဆောင်ရွတ်တာကိုပဲ ကြည့်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
"ဆာ.ကျွန်မတို့က ယန်ယန် ရဲ့ ဆွေမျိုးတွေလေ..။သူ့အဖေက..သေသွားပြီ သူ့အမေက ပြောင်းရွေ့သွားပြီ..။ဆွေးမျိုးတွေအနေနဲ့ ကျွန်မကို သူ့ကို ကောင်းကောင်းပျိုးထောင်ပေးချင်တယ်..ပညာရေး ကောင်းစေချင်တယ်..ဒါကြောင့် ကျွန်မတို့နဲ့ ယန်ယန်ကို ပြန်ထည့့်ပေးမယ်လို့ မျှော်လင့့်ပါတယ်..။
လင်းဖန်..ချီယန်လန်ကို ဂရုမစိုက်ိုက်ပဲ..ဝမ်ချန်ရှန်းကိုသာ ကြည့်ပြီး ဆက်ပြောလိုက်တယ်..။
"ကျုပ် မြင်သလောက် ဆိုရင် ခင်ဗျားမှာ ရောဂါရနေပြီး အဲတာကလည်း သွေးကင်ဆာနော်..။ဒါက အစောပိုင်း အဆင့့်ဆိုပေမယ့့်လည်း မကြာခင်မှာ ခင်ဗျား အလှူရှင်ကို ရှာမတွေ့ရင် သေဖို့ကိုပဲ စောင့်နေရလိမ့်မယ်..။ကျုပ် ခန့့်မှန်းတာသာ မမှားှားဖူးဆိုရင် လွန်ခဲ့တဲ့ လအနည်းငယ်က..လီဖက်တီးအကြောင်း ..စာရောက်လာပေမယ့့် ခင်ဗျားတို့ သူ့ကို မမွေးချင်တာကြောင့် လျစ်လျူရူထားခဲ့ကြတယ်လေ..။အခု ခင်ဗျားတို့ ဒီရောက်လာတာက သွေးကင်ဆာ ရောဂါဖြစ်နေတာကို သိသွားပြီး.. စစ်မှန်တဲ့ ရိုးတွင်းခြင်ဆီ အတွက်..တစ်ခုတည်းသော မျှော်လင့့်ချက်က..ခင်ဗျား ညီအစ်ကို ရဲ့သား ဖြစ်နေလို့ပဲ..။ခင်ဗျား သူ့ဆီက ရိုးတွင်း ခြင်ဆိီလိုချင်နေတာမလား..ဟုတ်တယ် ဟုတ်..."
လင်းဖန် ဒါကို ပြောလိုက်တဲ့ အချိန်မှာ အကုန်အံ့ဩသွားခဲ့တယိ..။
ရဲအရာရှိဟာ.. သက်လတ်ပိုင်းအရွယ် စုံတွဲကို ကြည့်လိုက်ပါတယ်..။
ဟန်လုကတော့ ယုံတောင် မယုံကြည်ရဲတော့ပါဘူး..။
ဒါရိုက်တာဟောင် ကြောင်အနေခဲ့တယ်..။သူမရဲ့ စိတ်ထဲမှာတော့ ကြောက်လန့့် မူတွေ အပြည့်ပါပဲ..။သူမ မာစတာလင်း ပြောတာကို သံသယမဖြစ်ပေမယ့်..ဒီလူတွေမှာ ဒီလို ရည်ရွယ်ချက်ရှိနေမယ်လို့ သူမ မထင်ထားခဲ့ပေ..။
ဘယ်လိုဖြစ်ပြီး..ဒီလို ဆွေမျိုးတွေ ရှိနေရတာလဲ..
မာစတာလင်း ပြောတာ အမှန်ဆိုရင် ဒီနှစ်ယောက်က အတော် ရက်စက်တဲ့ လူတွေပါ..။
ဝမ်ချန်ရှန်း အံ့ဩနေခဲ့တယ်..။လင်းဖန် သူ့အကြောင်း ဘယ်လို သိသွားလည်း ဆိုတာ သူတကယ် နားမလည်တော့ပါဘူး..။သို့ပေမယ့့် သူဝန်ခံမှာ မဟုတ်ပေ..။
အဲ့အချိန်မှာပဲ..သူ့အသံကို မြင့်လိုက်ပြီး..
"မင်း ဘာစကားပြောတာလဲ..။ငါက သူ့ရဲ့ ဦးလေးပဲ..။သူ့ရဲ့ သွေးသားတော်စပ်တဲ့ ဆွေမျိုး..။ဘယ်လိုလုပ် သူ့အပေါ်မှာ ဒီလို လုပ်မှာလဲ..။ငါပြောလိုက်မယ်..ငါတို့ ယန်ယန်ကို ပြန်ခေါ်သွားမှာ..။မင်းသာ ငါတို့ကို တားမယ် ဆိုရင် ငါ တရားစွဲပစ်မယ်..."
"အဆင်ပြေမယ် ထင်သလို ဆက်လုပ်ပါ.."
လင်းဖန် ပြောလိုက်ပြီး ရဲအရာရှိ ဘက်ကို လှည့်လိုက်တယ်..။
"အရာရှိ ကျုပ်တို့ ဒီကိစ္စကို စစ်ဆေးသင့့်တယ်လို့ ထင်မိတယ် ..။ကလေးကိုတော့ ဒီတိုင်း ထည့့်ပေးလိုက်လို့ မဖြစ်တော့ဘူး..."
ရဲအရာရှိဟာ ဒီ စုံတွဲအပေါ်မှာ သံသယတွေ ပိုများလာခဲ့ပြီး..ပြောလိုက်တယ်..။
"ကောင်းပြီလေ..ဒါက ကိစ္စအကြီးကြီးပဲ..။ကျုပ်တို့ သေချာကိုင်တွယ်မှ ရမယ်.."
"မဖြစ်နိုင်တာ ငါက သူ့ဦးလေးလေ..မင်းတို့ ငါ့ကိုလုံးဝ တားလို့ မရဘူး.."
ဝမ်ချန်ရှန်း ပြောလိုက်တာပါ..။သူ့မျက်နှာက ဒေါသကြောင့် နီရဲနေခဲ့တယ်..။အခြေအနေက ဒီလိုဖြစ်လာမယ်လို့ သူ မထင်ထားခဲ့ပါဘူး..။တစ်ဖက်လူက သူ့အကြောင်းကို သိနေခဲ့တာပါ..။
ငါ့ရောဂါကို သူက ဘယ်လို သိနေရတာလဲ...
လင်းဖန်က သူ့ရဲ့ နောက်ကြောင်းကို အစောကတည်းက..စုံစမ်းထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။
ဒါလည်း မဟုတ်သေးဘူး..။သူ့ တစ်ဘဝလုံး ဒီငနဲကို တစ်ခါမှ မြင်ဖူးတာ မဟုတ်ပေ..။
သို့ပေမယ့်..သူ မသိတာက သူ့ရှေ့မှာ ရပ်နေတာက..အနာဂတ် ဟောပြောသူ ဖြစ်သလို..နတ်ဆေးဆရာလေးလည်း ဖြစ်နေခဲ့တာပါ..။
လင်းဖန် တစ်ချက် အာရုံစိုက်ပြီး ကြည့်လိုက်တာနဲ့..အသေးစိတ် အချက်အလက်တွေကို အကုန်မြင်နေရပါတယ်..။