← Chapters

ဒါက မပြီးသေးဘူး...

Vol. 47 Ch. 704

ဒါက မပြီးသေးဘူး...

Vol. 47 Ch. 704

#ဘာသာပြန် = စနိုးဝှိုက်

လမ်းတွင်..။

ဝမ်ချန်ရှန်း ကျယ်လောင်စွာ ပြောဆိုလိုက်တယ်..။

"ငါတို့က ဝမ်ယန်ယန် ရဲ ဆွေမျိူးတွေပဲ..။သူက ဘာကောင်မို့လို့ တားဆီးထားတာလဲ..။သူ ခန့်မှန်းယုံနဲ့ လုံလောက်ပြီလို့ ထင်နေတာလား..."

သူ့ အသက်နဲ့ သက်ဆိုင်နေတာ ဆိုတော့..ဝမ်ချန်ရှန်း ရပ်တန့့်မှာ မဟုတ်ပါဘူး..။သ်ို့ပေမယ့့် နန်ရှမ်း ဂေဟာ မှာတုန်းက..လင်းဖန်က တားဆီးနေရင်တောင်..အစက သူ လီဖက်တီးကို အတင်းခေါ်သွားဖို့ လုပ်နေခဲ့တာပါ..။

အဲ့အချိန်မှာပဲ..သူ့ရဲ့ အတွေးက ပြောင်းသွားခဲ့တယ်..။

အရပ်မြင့်မြင့်နဲ့ လူတစ်ယောက်က..သူတို့ဘေးနားမှာ တိတ်တဆိတ်ရပ်နေခဲ့ပါတယ်..။အဲ့အချိန်မှာပဲ..သူ့ရဲ့ အပေါ်အင်္ကျီကိုဆွဲဖြဲလိုက်တဲ့ အချိန်မှာ လူတိုင်းကြောက်ရွံ့စေလောက်တဲ့ ကြွက်သားတွေ ထွက်ပေါ်လာခဲ့တယ်..။သူက..စိုက်ကြည့်နေခဲ့ပြီး ရည်ရွယ်ချက်က တော့ ရှင်းလင်းပါတယ်..။တကယ်လို့ သူတို့ ထွက်မသွားဖူးဆိုရင်..နေ့ဘက်ကြီးမှာ ရိုက်နှက်မူ ဖြစ်ပွားတော့မှာပါ..။

MMA ဖိုက်တာ တစ်ယောက်အနေနဲ့ ဟန်လုရဲ့ ခန္တာကိုယ် အချိုးအစားဟာ အတော်ကြောက်စရာ ကောင်းပါတယ်..။သူ့ကို မြင်တဲ့ ဘယ်သူမဆို အနည်းနဲ့ အများတော့ တွန့်ဆုတ်သွားမှာ အမှန်ပါပဲ..။

သို့ပေမယ့်.ဟန်လုကတော့ မာစတာလင်းက သူ့ထက် ပိုကြမ်းတယ် ဆိုတာကို သိထားပြီးသားပါ..။မာစတာလင်းရဲ့ ပုံစံက..သေးငယ်ပြီး ပိန်ပါးပေမယ့်..တိုက်ခိုက်ရင် ခွန်အားတွေက ဘယ်ကရောက်လာမှန်း မသိပါဘူး..။

လက်သီးတစ်ချက်ကို တစ်ယောက်ပါပဲ..။

ချီယန်လန်ဟာလည်း ဒေါသထွက်နေခဲ့တယ်..။

"ရှင်က သူ့ရဲ့ အန်ကယ်လေ..။အခု ရှင်နေမကောင်းတော့ သူ့ရဲ့ အကူညီလိုနေတယ်..။တူ တစ်ယောက်အနေနဲ့ ဥိီးလေးကို ကူညီသင့်တယ် မဟုတ်ဘူးလား..။အဲ့ ရဲအရာရှိကလည်း ဘာမှ စောက်သုံးမကျဘူး..။တစ်ချက်ကြည့်တာနဲ့ သူတို့နှစ်ယောက်က တစ်ဖွဲ့တည်းဆိုတာကို ပြောလို့ရတယ်..။မဟုတ်ဘူး..ဒီလိုဖြစ်လို့ မရဘူး..ကျွန်မသူတို့ကို ဖော်ထုတ်ရမယ်..."

"သူတို့ကို ဖော်ထုတ်မှာလား.."

ဝမ်ချန်ရှန်း အဲလောက်အထိ မတွေးမိခဲ့ပေ..။သူ တွေးနေတာက လီဖက်တီးကို ဘယ်လိူ ရအောင်လုပ်ရမလဲ သာဖြစ်ပြီး..သူ့မိန်းမ ပြောသလိုတော့ မတွေးမိခဲ့ပါဘူး..။

"ဟုတ်တယ်..သူ့ကို ဖော်ထုတ်မှာ..။ဒါကို သတင်းထောက်တွေကို ပြောပြပြီး နန်ရှမ်းဂေဟာ က ကလေးတွေကို ဆွေမျိုးတွေဆီကိုတောင် ပြန်မပေးဘူးလို့ ပြောရမယ်..။သူက ဘာအတွက် ..ကျွန်မတ်ို့တ်ို့ကို ငြင်းဆန်တာလဲ..။သူတိူ့ လျိုဝှက်ထားတဲ့ လျို့ဝှက်ချက် တစ်ခုခု ရှိနေတာ ကျိန်းသေတယ်..."

ဝမ်ချန်ရှန်း ဒါကို ကြားတဲ့ အချိန်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။

"မဆိုးဘူး..။ဖိအား ဆိုတာက အမြဲတမ်း ပါဝါ ရှိတယိ..။ကလေးတွေ ရဲ့ ဆွေမျိူးတွေ ဆီကို ပြန်မပေးတဲ့ အတွက် ငါတို့ သူ့ကို ဖော်ထုတ်ရမယ်..။ဒါက ဥပဒေကို ဆန့့်ကျင်တာပဲ.."

သူတို့ရဲ့ ပလန်ကို စီစဥ်ပြီးတဲ့ နောက်မှာ သူတို့ နှစ်ယောက်စလုံး..သတင်း အေဂျင်စီကို. ဆက်သွယ်ွယ်လိုက်ကြတယ်..။

သူတို့ ဒီသတင်းကို အမြန်ဆုံးတင်ချင်နေခဲ့ပါပြီ..။နန်ရှမ်းဂေဟာက သူတို့ကို တောင်းပန်ပြီး နစ်နာကြေးပါ ပေးစေချင်ခဲ့တာပါ..။

…

နန်ရှမ်းဂေဟာ တွင်..။

လင်းဖန် လုံးဝ မပျော်ရွှင်နေခဲ့ပေ..။ဒီလို ဆွေမျိုးတွေ အမှန်တကယ် တည်ရှိနေလိမ့်မယ့့်လို့ သူ မထင်ထားခဲ့ပါဘူး..။တစ်ခြား တစ်ဖက်က ဝန်မခံပေမဲ့..သူ့ရဲ့ ဗေဒင်ပညာ နဲ့ ဆေးပညာကို သေချာ ယုံကြည်ပါတယ်..။

လင်းဖန် ဝမ်ချန်ရှန်းမှာ..သွေးကင်ဆာ ရှိနေတာကို သိထားပြီး..ဗေဒင်ပညာ ကျွမ်းကျင်မူအရ ဒီလူမှာ ကောင်းမွန်တဲ့ စိတ်ထားမရှိတာကို..မြင်နေခဲ့ပါတယ်..။သူ လီဖက်တီး ရဲ့ ကံကြမ္မာကို ..တွက်ချက်ကြည့်လိုက်တဲ့ အချိန်မှာ ဖြစ်လာနိုင်ချေ ရှိတဲ့ မကောင်းတဲ့အရာတွေမှ အများကြီးပါပဲ..။

ဖြစ်လာနိုင်ချေ တစ်ခုဆိုရင်.. အတော်ကို ကြောက်ဖို့ကောင်းပါတယ်..။လီဖက်တီးက..သူတို့နဲ့ လိုက်သွားပြီး အတော်ကို ဆိုးဆိုးဝါးဝါး ခံစားရမှာပါ..။

ဒီလူက ..သူ့ရဲ့..သွေးကင်ဆာကို ကုသချင်ပြီး သူ့အတွက် နည်းလမ်းကတော့..လီဖက်တီးရဲ့ ရိုးတွင်းခြင်ဆီ နဲ့ အစားထိုးတာပါပဲ..။သိူ့ပေမယ့့် လင်းဖန် မြင်နေတာကတော့..လီဖက်တီးရဲ့..ရိုးတွင်းခြင်ဆီက..သူ့ဦးလေး နဲ့ သဟဇာတ မဖြစ်တာပါပဲ..။သိူ့ပေမယ့့် သူ့ဦးလေးဟာ လီဖက်တီးကို ဂေဟာ ဆီပြန်မပို့ခဲ့ပေ..။ဒါဆိုရင် လီဖက်တီး ..ရဲ့ ဘဝက ကြမ်းတမ်းပြီး..နေ့ရက်တိုင်းကဆိုးရွားတော့မှာ ပြောစရာတောင်မလိုပါဘူး..။

သာမန်လူတွေ ဆိုရင် လီဖက်တီးကို ဆေးရုံခေါ်သွားလိုက်ပြီး..မျိုးရိုး ဗီဇ သဟဇာတ မဖြစ်တာကို အမှန်အတိုင်း ရှင်းပြပြီး..သူတို့ဟာ သူတို့ ရှင်သန် ခိုင်းလိုက်မှာပါ..။

ဒါက ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုပါပဲဲ..။

ဒါပေမဲ့..လင်းဖန်က သာမန်လူတစ်ယောက်လား..

သူ့ရဲ့ စိတ်က တစ်ခြားလူတွေနဲ့ လုံးဝ ကွာခြားပါတယ်..။

ဘာလ်ို့ သူတို့က သွားရမှာလဲ..။သူတို့သာ သွာရင် ..ဒီစုံတွဲ ရဲ့ မျှော်လင့့်ချက်တွေဟာ..မြင့်တက်လာပြီးမှ ပျက်ဆီးသွားမှာပါ..။မျှော်လင့့်ချက် ရှိနေပြီး မရတာက အကောင်းဆုံးပါပဲ..။

ဒါရိုက်တာ ဟောင် အနည်းငယ် စိတ်မကောင်းဖြစ်နေခဲ့ပြီး..

"မာစတာလင်း..အစောက ပြောတာက အမှန်ပဲလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကျိန်းသေပဲ..။လီဖက်တီး သူတို့နဲ့ လိုက်သွားရင် ဆိုးရွားတဲ့ ဘဝကို ခံစားရလိမ့်မယ်..."

"ဒါဆိုရင်တော့..လီဖက်တီးကို ထည့့်ပေးလို့ လုံးဝ မဖြစ်ဘူး..။သူ့ကို ဒီမှာပဲ ထားရမယ််.."

ယန်လု စိတ်တိုသွားခဲ့ပြီး...

"မာစတာလင်း ပြောတာသာ အမှန်ဆိုရင် သူတို့ကို ..သေအောင် ရိုက်နှက်ရမယ်..."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ကောင်းပြီ ပြသနာလည်း မရှိတော့ဘူးလေ..။တိုက်တာ ခိုက်တာတွေက..ဘယ်သူမှ အကျိုးမဖြစ်ဘူး..။ဒီ စုံတွဲက ကျိန်းသေပြန်လာလိမ့်မယ် ဒါပေမဲ့ သူတိူ့ကို ဧည့်ခံနေစရာ အကြောင်းမရှိဘူး..။မင်းနဲ့ငါ ရှိနေသ၍ ကျန်တာက ပြသနာ မရှိဘူး..."

လီဖက်တီရဲ့ မျက်နှာဟာ..ငိုထားလို့..ရောင်နေခဲ့တယိ..။ရှောင်ဟွန်ဟွန် နဲ့ ရှောင်ဟွာဟွာ တို့နှစ်ယောက်ဟာ..လီဖက်တီးကို နှစ်သိမ့်နေခဲ့ပါတယ်..။

"အစ်ကို ဖက်တီး မငိုပါနဲ့..."

"ဟုတ်တယ်..အစ်ကို ဖက်တီး သန်မာရမယ်လေ..."

…

လင်းဖန် လီဖက်တီးရဲ့ ခေါင်းကို ပုတ်လိုက်တယ်..။

"လီဖက်တီး ဘာဖြစ်ခဲ့လဲ ဆိုတာကို မြင်တယ်မလား..။အန်ကယ်လင်းက သူတို့ကို မောင်းထုတ်လိုက်တာ..။နောက်တစ်ခါဆို မင်း ရိုးရိုးသားသား နေပြီး တစ်ခြားလူတွေကို ကူညီရမယ်နော်..ဟုတ်ပြီလား..."

"ဟုတ်.."

လီဖက်တီး ခေါင်းညိမ့်လိုက်ပြီး..ရဲ့ရင့်စွာ မျက်ရည်တွေကို သုတ်လိုက်တယ်..။

"အန်ကယ်လေး..သားကို ထွက်သွားခိုင်းမှာမဟုတ်ဘူးမလား..ဟုတ်တယ်မလား..."

"ဟင့်အင် ဘယ်လက်လွတ်ခံပါ့မလဲ..."

လင်းဖန် ပြောလိုက်တယ်..။သူ နန်ရှမ်းဂေဟာ ကို ဂရုစိုက်ရတာကို အတော်ဂုဏ်ယူမိပါတယ်..။ကလေးတွေဆောငိ..ဒီကနေ မထွက်သွားချင်ကြတော့ပါဘူး..။

လင်းဖန် နန်ရှမ်းဂေဟာကို တာဝန်ယူပြီး ကတည်းက တာဝန်ယူပြီး ကတည်းက..တာဝန်ယူမူ တာဝန်ခံမူ အပြည့်နဲ့..ဆောင်ရွက်ခဲ့တာပါ..။တကယ်လို့ ကလေးတွေရဲ့ မိဘတွေက ပြန်လာခေါ်မယ် ဆိုရင်တောင် ကောင်းမွန်တဲ့ မိဘတွေ မဟုတ်ရင်..သူ ပြန်ထည့့်ပေးမှာ မဟုတ်ပါဘူး..။

လူတွေက သူ့ကို ကျိန်ဆဲပြီး တိုက်ခိုက်ကြမယ် ဆိုရင်တောင်..လင်းဖန်..ကြောက်ရွံ့ နေမှာ မဟုတ်ပေ..။

ဝိုင်းပြီး ကျိန်ဆဲကြတာ..ခန္တာကိုယ် နာကျင်ရတာ မဟုတ်ပါဘူး..။

လင်းဖန် လက်ခုတ်တီးလိုက်ပြီး..

"ကောင်းပြီ ကောင်းပြီ ကလေးတို့ ပန်းပင်တွေ ဆကိပြီး စိုက်လိုက်ကြရအောင်..။အကောင်းဆုံးစိုက်နိုင်တဲ့ ဘယ်သူမဆို..ဥယာဥ်ကို ဦးဆောင်တဲ့ခေါင်းဆောင် အဖြစ်ခန့့်အပ်မယ်..."

အကောင်းဆုံး စိုက်နိုင်တဲ့ ဘယ်သူမဆို ခေါင်းဆောင်ဖြစ်မယ် .ဆိုတာကြားတဲ့ အချိန်မှာ..ကလေးတွေ အကုန်လုံး စိတ်လှုပ်ရှားသွားခဲ့တယိ..။

"ငါ စိုက်တဲ့ ပန်းပင်က အလှဆုံးပဲ..."

"ငါ့ဟာက အလှဆုံးပဲ..."

"အာ.တကယ်လို့ မင်းမယုံရင် ငါ့ ဟာကို ကြည့်လိုက်.."

"မင်းတို့ ငြင်းမနေကြနဲ့တော့..ငါစိုက်တာက အလှဆုံးပဲ.."

"ဟားဟား..မင်း ခုနက ငိုနေတာ အတော် ရုပ်ဆိုးတာပဲ.."

"ချီးပဲ..ငါ ဘယ်တုန်းက ငိုလို့လဲ.."

ကလေးတွေ ငြင်းခုန်နေတာ မြင်ပြီး လင်းဖန် အကူညီမဲ့စွာ ပြုံးလိုက်တယ်..။သူ မပြန်ခင်မှာ ဒီလူတွေ..လီဖက်တီးကို လာပြီး ပြန်ပေးဆွဲမှာကြောင့် ဟန်လုကို လမ်းညွှန်မူ တစ်ချို့ လုပ်ပေးခဲ့ပါတယ်..။

ဟန်လု သဘောတူစွာ ခေါင်းညိမ့်လိုက်တယ်..။သိူ့ပေမယ့့် နန်ရှန်းဂေဟာ..ကို ဒီလို လာလုပ်ဖို့က သိပ်လွယ်ကူမှာ မဟုတ်ပါဘူး..အထူးသဖြင့်..သူ စောင့်ကြည့်နေတဲ့ အချိန်မှာပါ..။

တကယ်လို့ ဒီလူတွေ ကျုးကျော်လာရင် သူ သေအောင် ရိုက်နှက်ပစ်မှာပါ..။

တိမ်ဖြူလမ်း..။

လင်းဖန် ပြန်ရောက်တဲ့ အချိန်မှာ..ဂေဟာ မှာ ဖြစ်ပျက်ခဲ့တာတွေကို..မတွေးတော့ပဲ..ပျော်ပျော်ရွှင်ရွှင်သာ ပြန်လာခဲ့တယ်..။

အဲ့အချိန်မှာတော့ ဝူရွှန်းယွဲ့တော့ ဆိုင်ထဲမှာရောက်နေခဲ့တာပါ..။သူမ ..အစ်ကိုလင်း ပြန်လာတာ မြင်တဲ့ အချိန်မှာ..ပျော်ရွှင်စွာ ကြိုဆိုခဲ့တယ်..။

"ရွှန်းယွဲ့ ဘာတွေ ပျော်စရာ ရှိလို့လဲ. "

လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။

ဝူရွှန်းယွဲ့ ရယ်မောလိုက်တယ်..။

"ညီမက နှလုံးသား ကြီးတယ်..။နောက်တစ်ကြိမ် ဒီလို အခြေအနေနဲ့ တွေ့ရင် စိတ်မပျက်တော့ဘူး..။ဒါပေါ့..ဘယ်လိုပဲ..ဖော်ထုတ်ခံရ ခံရ ရင်ဆိုင်လိုက်တော့မယ်..."

လင်းဖန် ကြောင်အသွားပြီး အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်တယ်..။သူမက ဖြစ်ပျက်ခဲ့တာတွေကို ပြန်ထပ်ဖြစ်ချင်နေတာလား..။

"မင်းဘာတွေ ပြောနေတာလဲ..။ကြယ်တစ်ပွင့်ဖြစ်လာဖို့ ဆိုတာက အရမ်းခက်ခဲ ရှည်လျားပြီး လူတွေ အများကြီးက စိတ်ကူးယဥ်နေကြတာလေ..။မင်းက ဒါကို ပေါ့ပျက်ပျက် သဘောထားနေတာလား.."

ဝူရွှန်းယွဲ့ လျာထုတ်ပြပြီး ချစ်စရာ အမူအရာလုပ်လိုက်တယ်..။

"အစ်ကိုလင်း..ဒီည ညစာကို ညီမကျွေးမယ်..."

"တစိယောက်တည်းလား.."

လင်းဖန် ပြောလိုက်တာပါ..။

"အာ..ငါတို့က ဒီနေ့ မလိုက်တော့ဘူးလေ.."

လူလိမ်ထျန် ပြောလိုက်တာပါ..။

"ငါလည်း မလိုက်တော့ဘူး..။ဒီနေ့ ငါ အနားယူဦးမယ်.."

ဝူယူလန် ပြောလိုက်တယ်..။

ဝူရွှန်းယွဲ့ သူမ ​ကြားရတာကိုတောင် မယုံနိင်ပဲ..ကြောင်အသွားခဲ့တယ်..။ဝူယူလန် နေခဲ့လိမ့်မယ်လို့ သူမ မထင်ခဲ့ပါဘူး..။သူမ ဝူယူလန်ကို ကြည့်ပြီး ခံစားသွားခဲ့ရတယ်..။

ဒါက အစ်မယူလန်က သူမလို ခံစားဖူးလို့..သူမ စိတ်ကျေနပ်ရအောင်..ဒီတိုင်း လွတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်.. ။

တစ်ခြားလူတွေ..မလိုက်ချင်တာကို ကြည့်ပြီး လင်းဖန် ပြန်ဖြေလိုက်တယ်..။

"ကောင်းပြီလေ..ဒါဆိုလည်း..နှစ်ယောက်တည်းသွားကြတာပေါ့.."

All Chapters