သည်းခံ..သည်းခံ...
Vol. 47 Ch. 705
ဘာသာပြန် = စနိုးဝှိုက်
တိတ်ဆိတ်သည့် စားသောက်ဆိုင်တစ်ခုတွင်.။
လင်းဖန် နဲ့ ဝူယူလန်တို့ဟာ ထောင့်တစ်နေရာမှာ တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြတယ်..။
ဝူရွှန်းယွဲ့က အခုဆိုရင် ဆယ်လီ တစ်ယောက် ဖြစ်နေပါပြီ..။သူမက တစ်ခြား ဆယ်လီကြီးတွေ လိုမဟုတ်သေးပေမယ့် သူမ ဘယ်သွားသွား..တစ်ခြားလူတွေ မှတ်မိကြပါတယ်..။ဒီည အတွက် အနှောက်အယှက် မဖြစ်ရအောင် .သူတို့ ထောင့်ကျတဲ့ နေရာမှာသာ ထိုင်လိုက်ကြတယ်..။
အဲ့အချိန်မှာတော့..ဝူရွှန်းယွဲ့ဟာ စိတ်ပူသလို..စိတ်လည်း လှုပ်ရှားနေခဲ့တယ်..။သူမ ရဲ့ ဖြူဖွေးတဲ့ အသားအရည်က မီးရောင်အောက်မှာ.တောက်ပနေပြီး.လက်ေချာင်းတွေကို လှုပ်နေခဲ့ပါတယ်..။
"အစ်ကိုလင်း..ညီမတို့ သိလာတာ အတော်တောင်ကြာပြီနော်..."
"ဟုတ်တယ်.အချိန်က တကယ်မြန်တယ်..။အဲ့တုန်းက မင်းက ရှက်နေတဲ့ ကလေးမလေးပဲ..။ဝမ်မင်ယန် ကြောင့်သာ မဟုတ်ရင် ငါတို့ တွေ့ကြရမှာ မဟုတ်ဘူး.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။
"အစ်ကိုလင်း..ညီမက အစ်ကို့ကို အမြဲတမ်း ကျေးဇူးတင်ချင်ခဲ့တာ..။ဒါပေမဲ့ အခွင့်အရေး မရခဲ့ဘူးလေ..."
ဝူရွှန်းယွဲ့ ပြောလိုက်တာပါ..။
"အာ..ဒါက ဘာမှ မဟုတ်တဲ့ဟာကို..။အသေအဖွဲလေးတွေပါ..။မင်း ဒီနေ့ ဒီလိုဖြစ်လာတာက မင်းရဲ့ ကြိုးစား အားထုတ်မူကြောင့်ပဲ..."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။ဒါပေါ့..သူ နိမ်ချပြီး နေနေခဲ့တာပါ..။သူ ရေးခဲ့တဲ့ သီချင်းတွေကြောင့်သာ..မဟုတ်ရင်..ဝူရွှန်းယွဲ့..ကြိုးစားရတာက အများကြီး ခက်ခဲမှာပါ..။
ဒါပေါ့..ဝူရွှန်းယွဲ့ က ဆုံးဖြတ်ချက် ..ပြတ်သားတဲ့ လူတစ်ယောက် ဆိုတာကိုလည်း သူသိထားပါသေးတယ်..။ဘယ်လောက်ပဲ..လေ့ကျင့်တဲ့ အချိန်တွေ ကြာကြာ..သူမ အသက်ရူဖို့တောင် မရပ်နားခဲ့ပေ..။
အဲ့အချိန်မှာပဲ..ဝိတ်တာလေးဟာ..သူတို့..မှာထားတာတွေကို လာချပေးခဲ့တယ်..။
"ကျေနပ်ကြပါဦး.."
သူတို့နှစ်ယောက်လုံး ခေါင်းညိမ့်လိုက်ကြပါတယ်..။ပြီးတာနဲ့..ဝိတ်တာဟာ ပြန်ထွက်သွားခဲ့တယ်..။
"ဟီးဟီး..."
ဝူရွှန်းဟွဲ့..သဘောကျ စွာ ရယ်မောလိုက်တယ်..။
"ဘာဖြစ်တာလဲ.."
လင်းဖန် ပဟေဠိဖြစ်စွာ မေးလိုက်တာပါ..။
"ဘာမှ မဟုတ်ပါဘူး..။နတ်သမီးတွေနဲ့ ကံကောင်းတဲ့လူ တစ်ယောက်က..ညီမနဲ့ တစ်ချိန်တည်း ရှိနေတာ တွေးမိတော့..သဘောကျလို့ပါ.."
"ဒါကတော့ လက်မခံနိုင်စရာပဲ..။မင်းကို ဂရုစိုက်ပေးနေတာက..နတ်သမီးတွေနဲ့ ကံကောင်းတဲ့လူ မဟုတ်ဘူး အစ်ကိုလင်းပဲ.."
လင်းဖန် အရေထူစွာ ပြောလိုက်တာပါ..။
ဝူရွှန်းယွဲ့..ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်တယ်..။
"ရိုးရိုးသားသား ပြောရရင်တော့..အစ်ကိုလင်းက..ညီမအတွက် ကံကောင်းစေတဲ့ ယောက်ျားလေး နတ်ဘုရား..တစ်ယောက်ပဲ..."
"ယောက်ျားလေး နတ်ဘုရား.."
လင်းဖန် သဘောကျစွာ ရေရွတ်လိုက်တယ်..။
"မင်းက..ငါ့ကို မြောက်နေတာပဲ..ဒါပေမဲ့ မင်း ဆက်ပြီး ကြိုးစားမှ ရမယ်..။အစ်ကိုလင်း..က တစ်ချိန်ချိန်မှာ ကောင်းကင်ဘုံရဲ့ အင်ပါယာ ဖြစ်လာလို့ရှိရင်..အရှက်ရစေလို့ မဖြစ်ဘူး.."
"ညီမ ဘယ်တုန်းက အဲလိုနေလို့လဲ..။ညီမက အမြဲတမ်း အစ်ကိုလင်း အရှပ်မရအောင် ကြိုးစားနေတာပဲကို.."
ဝူရွှန်းယွဲ့ လက်မထောင်ပြီး ပြောလိုက်တာပါ..။
သူတို့ နှစ်ယောက်လုံး ဆက်တိုက် စားလိုက် သောက်လိုက် လုပ်နေခဲ့တယ်..။
ဝူရွှန်းယွဲ့ အတွက် ကတော့..လင်းဖန် နဲ့ နှစ်ယောက်တည်း အတူတူ ညစာစားတာက ဒါပထမဆုံး အကြိမ်ဖြစ်ပြီး..သူမ တိမ်ကိုးဆင့်ပေါ် ရောက်နေသလိုတောင် ခံစားနေရပါတယ်..။
အဲ့အချိန်မှာပဲ..လင်းဖန်ဟာ ဝူရွှန်းယွဲ့ သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်..။
"ဘာဖြစ်လို့လဲ..ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ.."
"အစ်ကိုလင်း..မလှုပ်နဲ့..."
ဝူရွှန်းယွဲ့ ပြောလိုက်တာပါ..။ယင်းနောက်..သူမ မတ်တတ်ရပ်ပြီး..လက်ကိုင်ပုဝါကို ကိုင်ကာ..ခန္တာကိုယ် ရှေ့ကို ကိုင်းလာခဲ့တယ်..။
စားပွဲက ပုံမှန်ထက်ကြီးနေတာကြောင့်..ဝူရွှန်းယွဲ့ ရှေ့ကို မနည်းမှီအောင် လှမ်းပြီး ခန္တာကိုယ်ကို ကိုင်းထားရပါတယ်..။
လင်းဖန် နဲ မျက်နှာခြင်းဆိုင် အနေအထားထိအောင်..ကိုင်းလိုက်တဲ့ အချိန်မှာ..သူမ ရဲ့ အင်္ကျီကော်လံ ဝိတ်ကြောင့်..အောက်ကို အနည်းငယ် ကျနေပြီး..အထဲက မြင်ကွင်းကို မြင်နေခဲ့ရပါတယ်..။
ဖြူဖွေးနေတဲ့ အသားအရည်...။
လင်းဖန် ရှက်သွားခဲ့တယ်..။သူ မကြည့်မိအောင် ကြိုးစားပေမယ့်လည်း..မြင်ကွင်းကနေ အကြည့်လွှဲဖို့က မဖြစ်နိုင်ခဲ့ပါဘူး..။တစ်ချိန်တည်းမှာပဲ..သူမရဲ့ ဆံပင်းအစွန်းက အောက်ဘက်ကို ကျနေပြီး..မွှေးရနံ့တွေဟာ..ထွက်ပေါ်လာနေခဲ့တယ်..။ဒီမြင်ကွင်းက ယောက်ျားလေးတစ်ယောက်ကို တော့ ကျိန်းသေ လှုပ်ခတ်စေပါတယ်..။
"အစ်ကိုလင်း ပါးစပ်မှာ..အဖတ်ကြီး ကပ်နေတယ်.."
ဝူရွှန်းယွဲ့ ပြောလိုက်ပြီး..လင်းဖန် ရဲ့ မျက်နှာကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးလိုက်တယ်..။ယင်းနောက် သူမ ပြန်ထိုင်လိုက်တဲ့ အချိန််မှာ သူမ ရဲ့ မျက်နှာ အမူအရာကလည်း လင်းဖန် နဲ့ အတူတူဖြစ်သွားခဲ့ပါတယ်..။အစ်ကို လင်း..က တစ်ခုခုကို မြင်သွားတာ အသေအချာပါပဲ..။
သူမက အနုပညာ အလုပ်တွေ လုပ်နေတဲ့..လူတစ်ယောက် ဆိုတော့..ဘယ်လို ခန္တာကိုယ် အနေအထားက..ဘယ်လို ဖြစ်စေတယ် ဆိုတာကို ကောင်းကောင်းသိထားပါတယ်..။သူမ..မဖုံးကွယ်ခဲ့ဘူးဆိုတာက..သူမကိုယ်တိုင် လဲ..အစ်ကိုလင်းကို မြင်စေချင်လို့ပါ..။
အစ်ကိုလင်း..မြင်တာက..သူမ အတွက်..ဘာမှ ရှက်နေစရာ အကြောင်းမရှိပေ..။
လင်းဖန် ဒီလောက်အထိ ရှက်နေတာကိုတော့ သူမ ပထမဆုံး မြင်ဖူးတာပါပဲ..။
သူမ မျက်လုံးနဲ့..မမြင်ရရင် ဒီလို..အရာမျိုးကို ပုံဖော်နိုင်မှာတောင် မဟုတ်ပေ..။
လင်းဖန် ချောင်းဆိုးလိုက်တယ်..။သူ့ အကြည့်ကို တစ်ဖက်မှာ လွှဲထားပြီး ဘာမှ မသိချင်ယောင် ဆောင်နေခဲ့ပါတယ်..။
"ရွှန်းယွဲ့..နောက်တစ်ခါကျရင်..အရမ်းကြီး ပေါ်နေတာတွေ မဝတ်နဲ့..ဒါက မကောင်းဘူး.."
"ကောင်းပါပြီ..အစ်ကိုလင်း..မကြိုက်ဘူးဆိုရင်..မဝတ်တော့ပါဘူး.."
ဝူရွှန်းယွဲ့ ပြုံးပြီး ပြန်ပြောလိုက်တာပါ..။ဇ
လင်းဖန် ဒါက မဟုတ်သေးဘူးလို့..ခံစားလိုက်ရတယ်..။သူက ဝူရွှန်းယွဲ့ကို..ဒီလို ဝတ်တာကြိုက်တယ်..မကြိုက်ဘူး သွားပြောနေရအောင် သူ့ကောင်လေး မဟုတ်ပါဘူး..။ဒါက မမှန်ကန်သေးပေ.။
"နိုး..မဟုတ်သေးဘူး..ဒါက..ထင်မြင်ချက်ကို ပြောတာပါ..။မင်းကြိုက်တယ် ဆိုရင်လည်း နောက်တစ်ခါ ဝတ်လို့ရပါတယ်..။နောက်တစ်ခါတွေမှာ အရမ်းကြီး ပေါ်မနေဖို့ကိုပဲ ဂရုစိုက်ပါ.."
ဝူရွှန်းယွဲ့ ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။ပြီးတာနဲ့ သူမ ဘာမှ ထပ်ပြီး မပြောတော့ပါဘူး..။သူမ လင်းဖန် နဲ့ လာတာသာ မဟုတ်ဘူးဆိုရင် ဒီလို ဖော်ထားတဲ့ အဝတ်အစားတွေကို လုံးဝ ဝတ်မှာ မဟုတ်ပေ..။သူမ ဒီနေ့ လင်းဖန် နဲ့ ထွက်လာပြီ ဆိုမှတော့..လှပပြီး ဆွဲဆောင်မူရှိတဲ့ မိန်ကလေးဖြစ်အောင် ဝတ်လာခဲ့တာပါ..။
"အစ်ကိုလင်း..ညီမ သန့်စင်ခန်းကို ခနသွားလိုက်ဦးမယ်.."
ဝူရွှန်းယွဲ့ ထိုင်ခုံကနေ ထပြီး ပြောလိုက်တာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
သန့်စင်ခန်းတွင်..။
ဝူရွှန်းယွဲ့. လက်ဆေးနေရင်းကနေ..မှန်ကိုကြည့်နေခဲ့တယိ..။
"လာထား..ငါ လုပ်နိုင်တယ်..။ဒါက ကောင်းမွန်တဲ့ အစပျိုးခြင်းပဲ.."
အဲ့အချိန်မှာပဲ..မယုံနိုင်စရာ အခြေအနေတစ်ခု ဖြစ်သွားခဲ့တယ်..။
ယန်ဂျင်..။
ဝူရွှန်းယွဲ့ ကြောင်အသွားခဲ့ပါတယ်..။လူတွေ အကုန်လုံးထဲမှာမှ..ယန်ဂျင်ကိုရှန်ဟိုင်းမှာ တွေ့ရလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။
ယန်ဂျင်က မြို့တော်မှာ ရှိနေရမှာ မဟုတ်ဘူးလား..။ရုတ်တရက်..ရှန်ဟိုင်း ဂြိုလ်တု TV က ကျင်းပဖို့ ရှိတဲ့ သီချင်းဆိုပြိုင်ပွဲမှာ ယန်ဂျင်ကို ဒိုင်တစ်ယောက် အနေနဲ့ ဖိတ်ခေါ်ထားတာ သူမ မှတ်မိလိုက်ပါတယ်..။
ပေးတဲ့ နှုန်းက အတော်မြင့်ပါတယ်..။
ဒါက ဒေါ်လာ သန်း ၃၀ နီးပါးပါပဲ..။
ယန်ဂျင် ဝူရွှန်းယွဲ့ကို မြင်တဲ့ အချိန်မှာ..သူမ ရဲ့ မျက်နှာ ပြောင်းလဲသွားပြီး လေးနက်သွားခဲ့တယ်..။
သူမ ဝူရွှန်းယွဲ့နဲ့..ဘာ ရန်ငြိုးမှ မရှိပေမယ့်..ဟို ငနဲ က သူမရဲ့ ပုံနဲ့ အင်တာနက်မှာ တိုက်ခိုက်ခဲ့ပါသေးတယ်..။
သူမ ဒီပုံကြောင့် သတင်းခေါင်းကြီးပိုင်းတွေမှာ ပါလာခဲ့တယ် ဆိုပေမယ့် ဒါက သူမလိုချင်တာ မဟုတ်ပါဘူး..။
"ဟမျ့..."
ယန်ဂျင် ဝူရွှန်းယွဲ့ ဘေးနားက ဘေစင်မှာ..လက်ဆေးနေရင်း..ကနေ..နှာခေါင်းရှုတ်လိုက်တယ်..။
"တစ်စုံတစ်ယောက်က..နိမ့်ချတတ်ရတယ်..။မင်းရဲ့ သီချင်းတွေ..က ဒီမှာ ကျင်လည် နေနိုင်လို့..အောင်မြင်နေပြီလို့ မတွေးလိုက်နဲ့.."
ယန်ဂျင် သူမကိုယ်သူမ ပြောသလိုနဲ့ ပြောလိုက်တယ်..။သို့ပေမယ့် ဒီစကားတွေက သူမ အတွက် လာနေမှန်း ဝူရွှန်းယွဲ့ သိထားပါတယ်..။
ပုံမှန်အတိုင်း ဆိုရင် ဝူရွှန်းယွဲ့့က ယန်ဂျင်ကို ဆရာမ လို့ခေါ်သင့်ပေမယ့် သူမက လင်းဖန် ရဲ့ ဖက်မှာ ရှိနေပြီး..လင်းဖန်က သူမနဲ့ မကြေလည်မူ ရှိပါတယ်..။သူမသာ ယန်ဂျင်ကို ဆရာမလို့ ခေါ်ရင်..ဒါက လင်းဖန်အပေါ် မလေးမစား လုပ်တာပါပဲ..။
ဝူရွှန်းယွဲ့ ဘာမှ ပြန်မပြောခဲ့ပေ..။လက်ဆေးပြီးတဲ့ နောက်မှာတော့..သူမ လှည့်ထွက်သွားဖို့ လုပ်လိုက်တယ်..။
"အဲ့မှာ ရပ်နေလိုက်..ဘယ်လောက် ရိုင်းစိုင်းလိုက်လဲ..။ဆရာ တစ်ယောက်ကို နှုတ်ဆက်ရမှန်း မသိဘူးလား.."
ယန်ဂျင် ပြောလိုက်တာပါ..။
ဝူရွှန်းယွဲ့..အိုး ..လို့သာ ပြောပြီး ပြန်လှည့်လိုက်တယ်..။
ယန်ဂျင်..ဝူရွှန်းယွဲ့ ရဲ့ တုန့်ပြန်မူကြောင့် ဒေါသထွက်သွားခဲ့တယ်..။သူမ ဝူရွှန်းယွဲ့ရဲ့ လက်ကို..လက်တစ်ဖက်နဲ့ လှမ်းဆွဲပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့..သူမကို ရိုက်လိုက်ပါတယ်..။
"ဒါက..နင် စီနီယာတွေအပေါ် ဘယ်လို လေးစားရမလဲ ဆိုတာကို သင်ပေးတာပဲ..။နင် နည်းနည်း လောက် အောင်မြင်တာနဲ့ စီနီယာတွေကို..မထီမဲ့မြင် ပြုလို့ရမယ် မထင်လိုက်နဲ့..။နင်က သေချင်နေတာလား.."
"ဟမျ့..."
ယန်ဂျင် ဝူရွှန်းယွဲ့ကို ပညာပေးပြီးနောက်မှာ ထွက်ခွာသွားခဲ့ပါတယ်..။
ဝူရွှန်းယွဲ့..ကတော့..မတ်တတ်ရပ်နေဆဲဖြစ်ပြီး.မျက်လုံးက ကျလာတော့မယ့် မျက်ရည်တွေကို ထိန်းချုပ်ကာအစောက အဖြစ်အပျက်ကို..သည်းခံနိုင်ဖို့ ကြိုးစားနေခဲ့တယ်..။
"ဝူရွှန်းယွဲ့..နင်သန်မာ မှ ရမယ်..။ဒါက နင် အစ်ကိုလင်းနဲ့ ပထမဆုံး အကြိမ် ဒိတ်တာ ဆိုတော့ ပျက်ဆီး စေလို့ မဖြစ်ဘူး.."
အသက်ကို ပြင်းပြင်းရူပြီးတဲ့နောက်မှာ ဝူရွှန်းယွဲ့လည်း..သန့်စင်ခန်းထဲက ထွက်သွားခဲ့ပါတယ်..။