ဒီနေ့ ငါနင်နဲ့ ဖြေရှင်းရမယ်..
Vol. 48 Ch. 706
#ဘာသာပြန် = စနိုးဝှိုက်
သီးသန့်ခန်းတွင်..။
သက်လတ်ပိုင်း အရွယ် ဗိုက်ရွဲရွဲနဲ့ လူကြီးဟာ ထိုင်နေခဲ့တယ်..။သူ့ခေါင်းမှာတော့ ဆံပင်တွေ မရှိပါဘူး..။
"ဆရာမ..ယန်..အမူအရာက..ဘယ်လိုဖြစ်တာလဲ..။စိတ်ရှုတ်စရာ တွေ့ခဲ့လို့လား.."
ရုပ်သံ ဌာနက လူတွေ သာ မြင်ရင် သူတို့ အံ့ဩသင့်သွားခဲ့ကြမှာပါ..။ဒါက ရှန်ဟိုင်း ဂြိုလ်တု TV က ..ဒုတိယ ဥက္ကဌ ပါပဲ..။
တစ်ချိန်တည်းမှာပဲ..ဒီမှာ ဂုဏ်သရေ ရှိလူတစ်ချို့လည်း ထိုင်နေခဲ့ကြတယ်..။
"ကျွန်မ ..ဂျူနီယာ တစ်ယောက်ကို သင်ခန်းစာ ပေးခဲ့တာ..။ဒါမှ..သူမ..စီနီယာတွေကို ဘယ်လို လေးစားရမလဲ ဆိုတာကို သိမှာလေ.."
ယန်ဂျင် တည်ငြိမ်စွာ ပြောလိုက်တာပါ..။
ဂျုနီယာ တွေ အကြောင်း ပြောလိုက်တဲ့အချိန်မှာ အခန်းထဲက ..လူတွေ အကုန်လုံး အတူတူ ဝင်ပြီး ဆွေးနွေးလိုက်ကြပါတယ်..။
"ဒီ လူငယ် မျိုးဆက် တွေက တကယ်ပဲ..သင်ခန်းစာပေးဖို့ လိုအပ်တယ်..။အခူ လူငယ်တွေက..တစ်ကမ္ဘာလုံး သူတို့နဲ့ ပါဝင်ပတ်သက် သလို ထင်နေကြတာလေ..။ကျုပ်အရင်တုန်းကလည်း ..လူငယ် တစ်ယောက်ကို TV ..ရှိုးတစ်ခုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ဖူးတယ်လေ..။သူ က ကျုပ်ကို စဥ်နောက်ဘက်မှာ မြင်တာတောင်..မနှုတ်ဆက်နိုင်ဘူး..။ဒါကြောင့်..သူ့ကို ဆူဆဲ ကျိန်းမောင်းပြီး ချက်ချင်း အိမ်ပြန်ခိုင်းလိုက်တယ်..."
"ဟုတ်တယ်..ငါတို့..သူတို့ကို သင်ခန်းစာ ပေးနေရတယ်။ကြည့်ရတာ လူငယ်မျိုးဆက်တွေက..တကယ် လေးစားမူ မရှိကြတာပဲ.."
ဟားဟား. ငါတို့..ဘယ်လိုလုပ်ပြီး လူငယ်တွေ အကြောင်းကို ရောက်သွားရတာလဲ..။လာ..သောက်ကြရအောင်...။
"ဟုတ်တယ်..သောက်ကြရအောင်..."
ယန်ဂျင် အေးစက်စွာ ရယ်မောလိုက်တယ်..။ဝူရွှန်းယွဲ့ကို သင်ခန်းစာ ပေးပြီးနောက်မှာ သူမ အတော် ခံစားလို့ကောင်းနေခဲ့ပါတယ်..။
သူမ ..ဒီလိုလုပ်ပြီးပြီ ဆိုမှတော့..နောက်ဆိုရင်..ကိုယ့်ကိုကို အထင်ကြီးပြီး ဘဝင်မြင့်နေတဲ့ ဂျူနီယာတွေကို.. သူတို့ရဲ့ လေးစားမူ ပြန်ရအောင် ဒီလိုပဲ..သင်ခန်းစာ ပေးတော့မှာပါ..။
အပြင်ဘက်..။
"ရွှန်းယွဲ့..ဒါပြီးရင် ဘယ်ကို သွားချင်သေးလဲ.."
ဝူရွှန်းယွဲ့ အသက်ကို ပြင်းပြင်းရူလိုက်တယ်..။ယင်းနောက် သူမ အားတင်းပြုံးလိုက်ပြီး..
"!ရုပ်ရှင် သွားကြည့်ကြရင်ရော ဘယ်လိုလဲ..။အခု အသစ်ရုံတင်နေတဲ့..ဇာတ်ကားက တကယ်ကောင်းတယ်လို့..ညီမ ကြားမိတယ်..."
လငိးဖန် ခေါင်းညိမ့်လိုက်တယိ..။
"ကောင်းပြီ..ဒါဆို ငါတို့ အဲကို သွားကြရအောင်.."
ရုတ်တရက် လင်းဖန် ..ဝူရွှန်းယွဲ့..ရဲ့ အမူအရာက..ပုံမှန်မဟုတ်တာ သတိထားမိလိုက်တယ်..။
"တစ်ခုခု ဖြစ်လို့လား.."
လင်းဖန် သံသယဖြစ်စွာ မေးလိုက်တာပါ..။
ဝူရွှန်းယွဲ့ ခေါင်းကို ခါယမ်းလိုက်တယ်..။
"ဘာမှ မဖြစ်ပါဘူး..။ညီမ သန့်စင်ခန်းထဲမှာတုန်းက ချော်လဲခဲ့တာလေ..။ဒါက နာနေတုန်းပဲ.."
"ဘယ်လောက် ဂရုစိုက်မဲ့လိုက်လဲ..။နောက်တစ်ခါ ဆိုရင် သေချာ ဂရုစိုက်ဦးနော်.."
လင်းဖန် ပြောလိုက်တာပါ..။
"အင်း.."
ဝူရွှန်းယွဲ့ ခေါင်းညိမ့်ပြီး ပြန်ပြောလိုက်တယ်..။ဘာပဲဖြစ်ဖြစ်..သူမ အမှန်ကို ပြောပြမှာ မဟုတ်ပါဘူး..။
ဒီနေ့ညက..သူမ အစ်ကိုလင်းနဲ့ အတူတူ စားသောက်ပြီး ရုပ်ရှင်ကြည့်ရမှာပါ..။ဒါက ရှားပါးပြီး ကြုံတောင့် ကြုံခဲ..အခြေအနေဖြစ်တာကြောင့်..သူမ လွယ်လွယ် လက်လွတ်မခံချင်ပါဘူး..။
"အစ်ကို သန့်စင်ခန်းကို အရင်သွားလိုက်ဦးမယ်.."
လင်းဖန် ထိုင်ခုံက နေထပြီး ပြောလိုက်တာပါ..။သူ ရေသောက်တာ နည်းနည်း များသွားတာကြောင့်..အပေါ့သွားဖို့ လိုအပ်နေခဲ့ပါပြီ..။
သန့်စင်ခန်းတွင်..။
အပေါ့သွားပြီးတဲ့ နောက်မှာ..လင်းဖန် သူ့ခန္တာကိုယ်က ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်..။
"မစ္စတာ ..ခနလေး နေပါဦး.."
လင်းဖန် ..သန့်စင်ခန်းထဲကနေ ထွက်လာပြီး နေရာကို ပြန်သွားဖို့..လုပ်လိုက်တဲ့ အချိန်မှာပဲ..ဝိတ်တာ ကောင်မလေး တစ်ယောက်ဟာ..ရောက်လာခဲ့ပါတယ်..။
"ဘာဖြစ်လို့လဲ.."
လင်းဖန် လှည့်ကြည့်ပြီး မေးလိုက်တယ်..။
"မစ္စတာ အစောက..မစ္စတာရဲ့ ကောင်မလေးကို သန့်စင်ခန်းထဲမှာ ရိုက်ခံရတာကို တွေ့လိုက်ရတယ်..။အဲတာ..ညီမ..မစ္စတာကို ပြောသင့်တယ် ထင်လို့.."
ဝိတ်တာမလေးက ပြောလိုက်တာပါ..။
လင်းဖန် အစက ပြုံးရွှင်နေပေမယ့်..ဒီစကားကို ကြားတဲ့ အချိန်မှာ..လုံးဝကို..မှောင်မဲသွားခဲ့တယ်..။
"သူမကို ဘယ်သူ..ရိုက်လိုက်တာလဲ.."
လင်းဖန် ရဲ့ လေသံက လေးနက်သွားပြီး..ဒေါသသံ ပါလာခဲ့တယ်..။
"ညီမ မမှားလို့ရှိရင်တော့..ဒါက ဆယ်လီ ယန်ဂျင် ဖြစ်မယ် ထင်တယ်..."
ဝိတ်တာမလေးက ပြောလိုက်တာပါ..။
"သူမ ဒီမှာရှိသေးလား.."
လင်းဖန် မေးလိုက်တယ်..။
"အခု သူမ ဘယ်မှာလဲ.."
ဝိတ်တာမလေးဟာ..သီးသန့်ခန်းတစ်ခုကို လက်ညိုးထိုးပြလိုက်ပြီး..
"တကယ်လို့ ပြောစရာ မရှိတော့ဘူးဆိုရင် ညီမ သွားတော့မယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..အိပ်ကတ်ထဲက အကြွေ အနည်းငယ်ကို ယူကာ..လှမ်းပေးလိုက်တယ်..။
"ဒီမှာ..ကူညီပေးလို့ ကျေးဇူးတင်ပါတယ်..."
ဝိတ်တာမလေး ဟာ. ပိုက်ဆံကို .ငြင်းပယ်လိုက်တယ်..။
"မစ္စတာ..က မာစတာလင်းမှန်း ညီမ သိပါတယ်..။လက်ရှိက အလုပ်ထဲမှာ ဆိုတော့ နာမည်တပ်ခေါ်လို့ မရလို့လေ."
"ကောင်းတယ်..ယူလိုက်ပါ.."
လင်းဖန် ပြောပြီး ပိုက်ဆံ အတင်းပေးလိုက်ပါတယ်..။သူမကို ပေးပြီးနောက်ပိုင်း သီးသန့်ခန်းကို ဦးတည်ပြီး လျောက်သွားလိုက်တယ်..။
ချီးပဲ..။လင်းဖန် သူတို့ရဲ့ သေငယ်တဲ့ ငြင်းခုန်မူလေးက.. အွန်လိုင်းပေါ်မှာတင် ပြီးပြီ ထင်နေခဲ့တာပါ..။သူမက..အပြင်မှာပါ..ခန္တာကိုယ်ကို အသုံးပြုပြီး ရိုက်နှက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
အခန်းအပြင်ကနေပြီး..အတွင်းက ရယ်မောပြီး စကားပြောနေကြတဲ့ အသံတွေကို ကြားနေခဲ့ရပါတယ်..။
လင်းဖန် တံခါးကို တွန်းဖွင့်လိုက်တယ်.။
သီးသန့်ခန်းထဲတွင်..။
အခန်းထဲက လူတွေဟာ..လူစိမ်းတစိယောက်ဝင်လာတာကြောင့် သူတို့စကားတွေကို ရပ်တန့်လိုက်ကြပါတယ်..။
"ဘယ်သူလဲ.."
လူတစ်ယောက်ဟာ..မေးလိုက်တယ်..။
လင်းဖန် ရဲ့ မျက်လုံးတွေဟာ..အခန်းထဲကို ဝေ့ကြည့်လိုက်ပြီး ယန်ဂျင် ဆီကို ရောက်သွားခဲ့တယ်..။
ယန်ဂျင် သူ့ကို ကြည့်ပြီး ကြောင်အသွားခဲ့ပါတယ်..။ဒီငနဲက..သူမ နေတဲ့ နေရာမှာ ရောက်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
"ခင်ဗျား သူမကို ရိုက်ခဲ့တာလား.."
လင်းဖန် ယန်ဂျင်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်..။
ယန်ဂျင်ကတော့ တိတိဆိတ်နေပြီး..စားစရာ ရှိတာကို တည်ငြိမ်စွာ ဆက်စားနေခဲ့ပါတယ်..။
လင်းဖန် စားပွဲကို ကြမ်းတမ်းစွာ ပိတ်ရိုက်လိုက်တယ်..။
"စားနေတာ ရပ်ပြီး ကျုပ်မေးတာ ပြန်ဖြေ..။ခင်ဗျား သူမကို..ရိုက်ခဲ့တာလား..."
ကြီးမားတဲ့ စားပွဲကြီးဟာ..တုန်လှုပ်သွားပြီး တစ်ချို့ ပန်းကန်ပြားတွေဟာ..အောက်ကို ပြုတ်ကျသွားခဲ့တယ်..။ဘေးနားမှာ ထိုင်နေတဲ့ လူတွေဟာ..ချက်ချင်း နောက်ဆုတ်လိုက်ပြီး သူတို့ထဲက တစ်ချို့ကတော့..စိတ်ရှုတ်သွားခဲ့ကြပါတယ်..။
"မင်းက..ဘယ်သူမလို့ ..ဒီမှာ ပြသနာ လာရှာနေတာလဲ.."
"ဝိတ်တာ..ဝိတ်တာ..."
"ကောင်လေး..မင်းဘာလိုချင်တာလဲ.."
"အကုန် စောက်ပါးစပ်တွေ ပိတ်ထားကြ..။ခင်ဗျား တို့ မသေချင်ဘူးဆိုရင် ထောင့်မှာသွားနေနေလိုက်.."
လင်းဖန် ..ကြမ်းတမ်းစွာ ပြောလိုက်တာပါ..။
စားပွဲမှာ ထိုင်နေတဲ့ လူတွေထဲက..တစ်ယောက်ဟာ..ရုတ်တရက် ရေရွတ်လိုက်တယ်..။
"မင်းက အဲဲဒီမာစတာလင်း မလား..။ဘာလို့ ဒီကို ရောက်လာတာလဲ..ဒါက.."
လင်းဖန်..ဒီလူကို ဂရုမစိုက်ပဲ..ယန်ဂျင်ကို သာ စိုက်ကြည့်နေခဲ့တယ်..။
"ကျုပ် နောက်ဆုံးတစ်ကြိမ်မေးမယ်..။ခင်ဗျား သူ့ကို ရိုက်ခဲ့တာလား.."
ယန်ဂျင် ကတော့ တိတ်ဆိတ်နေပြီး..သူမရဲ့ အမူအရာက တည်ငြိမ်နေခဲ့တယ်..။သူမ..အပြင်မှာ တည်ငြိမ်တဲ့ပုံ..ပေါက်နေပေမယ့်..အတွင်းမှာတော့ တုန်ရီနေခဲ့ပါတယ်..။
သူမ မာစတာလင်းကို အင်တာနက်မှာ..ပြင်းပြင်းထန်ထန် ဝေဖန်ထားပေမယ့်..ဒါက အပြင်မှာ တွေ့ရတာနဲ့ မတူပါဘူး..။မာစတာလင်း..တိရစ္ဆာန်ရုံမှာ..ကျားတွေနဲ့ တိုက်ခိုက်တာ..တစ်ခြား အကြောင်းအရာတွေရဲ့ သတင်းတွေကို သူမ ပြန်တွေးလိုက်မိပြီး ကြောက်ရွံ့သွားခဲ့ပါတယ်..။
ဝူရွှန်းယွဲ့..ဒီငနဲနဲ့ ရှိနေမယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။
တကယ်လို့..ဒါက တစ်ခြားတစ်ယောက်ယောက် ဆိုရင် သူမ ကြောက်ရွံ့နေမှာ မဟုတ်ပေ..။တစ်ခြားလူတွေက သူမကို ဘာများဆိုးဆိုးရွားရွား လုပ်နိုင်မှာလဲ..။
ဒီစားပွဲမှာ ရှ်ိတဲ့ တစ်ယောက်ချင်းစီတိုင်းက တားဆီးနိုင်ပါတယ်..။
သိို့ပေမယ့် အခု သူတို့ရှေ့မှာ ရပ်နေတာက ..မာစတာလင်းပါ..။တစ်ကယ်လို့ တစ်ယောက်ယောက်က..အင်အားသုံးပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်ရင်တော့..ဒါက နောင်တရလာမှာ အသေအချာပါပဲ..။
သူမတောင်မှ အရိုက်ခံရနိုင်တဲ့ အခြေအနေပါ..။
အဲ့အချိန်မှာပဲ..ယန်ဂျင် မတ်တပ်ရပ်ပြီး..လင်းဖန်ရှေ့မှာ သန်မာချင်ယောင် ဆောင်လိုက်တယ်..။
"ဟုတ်တယ်..ငါရိုက်ခဲ့တယ်..။ဒါပေမဲ့ ငါ သူမကို ..စိီနီယာ တွေ အပေါ် လေးစားမူ..ရှိဖို့.အတွက် သင်ခန်းစာပေးလိုက်တာပဲ..။ဒီတော့..."
သူမ နောက်ဆုံးစကားကို မပြီးဆုံးသေးခင်မှာပဲ..လက်ဝါးရိုက်ချက် တစ်ခုဟာ..လေထုကို ဝေ့ယမ်းလာပြီး..သူမ ပါးပေါ် ရောက်သွားခဲ့တယ်..။သူမ ချက်ချင်းပဲ ကြမ်းပြင်ပေါ်ကျနေတဲ့..ဟင်းတွေပေါ်ကို..လဲကျသွားခဲ့ပါတယ်..။
"နင့်ကို..ဘယ်သူက အဲလို လုပ်ခိုင်းလို့လဲ.."
လင်းဖန် ရက်စက်စွာရိုက်လိုက်ပြီး ပြောလိုက်တာပါ..။
ဘေးနားမှာ ရပ်ကြည့်နေတဲ့လူတွေ ကြောက်လန့်သွားခဲ့တယိ..။
"မာစတာလင်း အလျင်မလိုပါနဲ့..။ဒါက..အများမြင်ကွင်းမှာဆိုတော့..ပြသနာ ရှာလို့ မဖြစ်ဘူးလေ.."
ဘေးနားမှာ လူတွေ ရှိနေပေမယ့် ဘယ်သူမှ ယန်ဂျင်ကို သွားမထူရဲကြပါဘူး..။
ယန်ဂျင် ကြောင်အသွားခဲ့တယ်..။သူမ ဒီလို ရန်သူမျိုးကို..ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး..။သူမ ဒေါသကြောင့်..တဆတ်ဆတ် တုန်ရီလာခဲ့တယ်..။
"ငါ ဘယ်သူလဲ နင်မသိဘူးလား..။ဘယ်လိုလုပ်ပြီး ငါ့ကို ရိုက်နှက်ရဲတာလဲ.."
သူမ ..ဒေါသထွက်ကာ..အံ့ကြိတ်ပြီး ပြောလိုက်တာပါ..။
"ကျုပ်..ခင်ဗျားကို ဒီနေ့ သင်ခန်းစာပေးရမယ်..ဘယ်သူမှ လာတားလို့ မရစေရဘူး..."
လင်းဖန်.. ယန်ဂျင်ကို လက်ညိုးထိုးပြီး ပြောလိုက်တာပါ..။