← Chapters

ဒါက ပြသနာ ကြီးပဲ..

Vol. 48 Ch. 707

ဒါက ပြသနာ ကြီးပဲ..

Vol. 48 Ch. 707

#ဘာသာပြန် = စနိုးဝှိုက်

ဒါက သီးသန့်ခန်းထဲမှာတော့..ပြသနာ အကြီးကြီး ပါပဲ..။

အနီးအနားမှာ ရှိနေတဲ့..သီးသန့်ခန်းထဲက လူတွေဟာ အသံတွေ ထွက်လာတာကြောင့် ကြောင်အသွားခဲ့တယ်..။

"ဝိတ်တာ..ဘာတွေဖြစ်နေတာလဲ..။ဘာလို့..အသံတွေ ဆူညံနေတာလဲ.."

ကာစတန်မာ တစ်ယောက်ဟာ..မကျေမနပ်နဲ့ ပြောလိုက်တာပါ..။သူ ဒီကို ..ညစာလာစားတာဖြစ်ပြီး..တိတ်တိတ်ဆိတ်ဆိတ်နေချင်လို့..သီးသန့်ခန်းကို ယူထားခဲ့တာပါ..။ဒီလိုတွေ ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။တစ်ဖက်အခန်းက..ဝက် တွေကို ဝိုင်းသတ်နေတာထက်တောင် ပိုဆူညံနေပြီး..သူများတွေ ငြိမ်းငြိမ်းချမ်းချမ်း..စားသောက်နေတာကို အနှောက်အယှက် ဖြစ်စေပါတယ်..။

"ကျွန်တော် တောင်းပန်ပါတယ် မစ္စတာ..။အဲ့အခန်းထဲမှာ.. တစ်ခုခု လေးနက်တာ ဖြစ်နေလို့ပါ.."

လူတွေက..ရန်ဖြစ်တာတွေ..တိုက်ခိုက်တာတွေ ဆိုရင် အရမ်းကြည့်ချင်ကြပါတယ်..။သူတို့ တစ်ခုခု လေးနက်တာ ဖြစ်နေတယ်လိူ့ ကြားတဲ့ အချိန်မှာ ခန ညိမ်သွားပြီး..သိချင်သွားခဲ့ကြတယ်..။

"ဘာဖြစ်တာလဲ..။သူတို့ တိုက်ခိုက်နေကြတာလား.."

ဝိတ်တာဟာ..လူကြီးကို ကြည့်လိုက်ပြီး..သူ့စိတ်ဟာ..ရှုတ်ထွေးသွားခဲ့တယ်..။

"မဟုတ်ဘူး..ဒါက လေးနက်တယ်..ဒါပေမဲ့ သူတို့က အခုထိ မတိုက်ခိုက်ကြသေးဘူး..။မစ္စတာတို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့...အခန်းထဲကို အရင်ပြန်လိုက်ကြပါလား..."

"အဲလောက်တောင် လေးနက်လို့လား.."

ကာစတန်မာတွေ အကုန်လုံး ကြောင်အသွားခဲ့ကြပါတယ်..။

…

"အထဲမှာ ဘာဖြစ်တာလဲ.."

မိန်နေဂျာဟာ အလျင်အမြန်ရောက်လာပြီး မေးလိုက်တာပါ..။

"မန်နေဂျာ..အထဲမှာ တိုက်ခိုက်နေကြတာ.."

ဝိတ်တာ တစ်ယောက်က ပြောလိုက်တာပါ..။

"ဘာ..တိုက်ခိုက်နေတာလား..။မင်းတို့ ဘာကို စောင့်နေတာလ​ဲ..။အထဲကို ဝင်ပြီး ဖြန်ဖြေကြလေ.."

မန်နေဂျာ စိုးရိမ်စွာနဲ့ ပြောလိုက်တာပါ..။တကယ်လို့ သူတို့ ဒီကိစ္စကို ကောင်းကောင်း မဖြေရှင်းနိုင်ရင် ဒါက ပြသနာကြီး ဖြစ်သွားမှာပါ..။

"ဟင့်အင်..ဒီလူက. ကျော်ကြားတဲ့ ဆယ်လီ ယန်ဂျင်ကို ရိုက်နှက်ထားတာ..။သူမကို ရိုက်တာက..မာစတာလင်းလေ..။မာစတာလင်း..က သူ့အနားမှာ မလာကြတာကောင်းမယ်လို့..ပြောတယ်.."

မန်နေဂျာ ကြောင်အသွားခဲ့တယ်..။ဘာတွေဖြစ်နေတာလဲ..။မာစတာလင်းက..ရှန်ဟိုင်းရဲ့ ဂုဏ်သရေဆောင် ဆိုတာကို သူသိထားပေမယ့်..သူက တစ်ယောက်ယောက်ကို ရိုက်နှက်နေလိမ့်မယ့်လို့ မထင်ထားခဲ့ပါဘူး..။

ဒါ..ဒါက...

ဝူရွှန်းယွဲ့ အချိန်အတော်ကြာအောင် စောင့်နေပေမယ့် အစ်ကိုလင်းက အခုထိ ပြန်မလာ..ခဲ့သေးပေ..။သူမ စိတ်ပူ.သွားပြီး.. ဝိတ်တာ တစ်ယောက် ကို..သွားမေးလိုက်တယ်..။

"အစ်မ နဲ့ ထိုင်နေတဲ့ အစောက တစ်ယောက်ကို တွေ့မိသေးလား..."

ဝိတ်တာဟာ သူမကို ကြည့်လိုက်ပြီး..

"မဒမ်..မဒမ်နဲ့အတူ ပါလာတဲ့..တစ်ယောက်က..အခု သီးသန့်ခန်းထဲမှာ..လူကို ရိုက်နှက်နေတယိ.."

ဝူရွှန်းယွဲ့..ဝိတ်တာ ပြောတာကို..ကြားပြီးတဲ့ နောက်မှာ..​လုံးဝကို ကြောင်အသွားခဲ့တယ်..။သူမ ချက်ချင်းပဲ..သီးသန့်ခန်းထဲကို သွားလိုက်တယ်..။

သီးသန့်ခန်းထဲတွင်..။

ယန်ဂျင် ရဲ့ မျက်နှာဟာ မှောင်မိုက်နေပြီး..နှာခေါင်းက.မူမမှန်ကာ..သူမရဲ့ အမူအရာက ကြောက်ဖို့ ကောင်းနေခဲ့ပါတယ်..။

"ခွေးသား လင်း..ငါနင့်ကို သေစေချင်တယ်.."

"နင်က အတော်ခေါင်းမာတာပဲ..။နင့်ကို ဘယ်သူက ဒီလို သတ္တိတွေ ပေးလိုက်တာလဲ.."

လင်းဖန် ကြမ်းပြင်မှာလဲနေတဲ့ ယန်ဂျင်ကို ပြောလိုက်တာပါ..။

"ကျုပ်ထပ်ပြောလိုက်မယ်..။ခင်ဗျား ဝူရွှန်းယွဲ့ကို နောက်တစ်ကြိမ် ထိရဲမယ် ဆိုရင် ဝက်တစ်ကောင်လိုဖြစ်အောင် ရိုက်ပြမယ်..ယုံလားတော့မသိဘူး.."

"မာစတာလင်း..ကျေးဇူးပြုပြီး သူမကို မရိုက်ပါနဲ့..။အပြင်မှာ လူတွေ အများကြီးက ကြည့်နေကြတယ်လေ..။တကယ်လို့ တစ်ခုခု ပြောစရာ ရှိတယ် ဆိုရင်..အပြင်ကို ရောက်မှ ပြောပါလား..။ကျွန်တော်တို့က ဘယ်သူ့ကိုမှ မနစ်နာစေချင်တာပါ.."

ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့က ဒုတိယ ဥက္ကဌက ပြောလိုက်တာပါ..။

"ကျုပ်ဘယ်သူလဲ..သိလို့လား.."

လင်းဖန် ဒုတိယ ဥက္ကဌ..ဘက်ကို လှည့်ပြီး ပြောလိုက်တာပါ..။

ဒုတိယ ဥက္ကဌ အလျင်အမြန်ပဲ..ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်..ရှန်ဟိုင်းမှာက..မာစတာလင်းဆိုရင် ..မသိတဲ့လူ မရှိပါဘူး.."

"ခင်ဗျား ..ကျွန်တော်ကို သိတယ် ဆိုရင် ကျွန်တော့်ရဲ့ အကျင့်စရိုက်ကိုလည်း သိလောက်မှာပါ..။ဒီ ပြသနာက..ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး..ဒါကြောင့် ဝင်မပါပါနဲ့..။ဒါက ကျွန်တော် နဲ့ သူမ ကြားက ကိစ္စပဲ.."

လင်းဖန် ပြောလိုက်တာပါ..။

ဒုတိယ ဥက္ကဌဟာ ဘာပြန်ပြောရမှန်း မသိပဲကြောင်အသွားခဲ့တယ်..။ရှန်းဟိုင်း မြို့သား တစိယောက် အနေနဲ့..သူမာစတာလင်း အကြောင်းကို ကောင်းကောင်း သိထားပါတယ်..။

လူတွေ သူ့ရဲ့ ကောင်းမွန်တဲ့..ဘက်ခြမ်းကို ရောက်ရင်..အရမ်း ရင်းနှီးပြီး..ကြင်နာတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့်..သူ့ရဲ့ စိတ်ဆိုးတဲ့..ဘက်ခြမ်းကို ရောက်သွားပြီ ဆိုရင်..သရဲတစ်ကောင်သူ့အနားကပ်ရင်တောင် ..စိတ်ရှုပ်မှာ အမှန်ပါပဲ..။

အပြင်မှာ လူတွေ စုလာခဲ့ပြီး အကုန်လုံး အံ့ဩသွားခဲ့ကြတယ်..။

"ချီးပဲ..ဒါက အတော်အံဩဖို့ကောင်းတာပဲ..။အထဲမှာ ရှိနေတာ ယန်ဂျင် မဟုတ်ဘူးလား.."

"ချီးပဲ..ယန်ဂျင်က ဘာဖြစ်နေတာလဲ..။သူ့ကို ဘယ်သူရိုက်တာလဲ မြင်လိုက်ကြလား..။ဟိုတစ်ယောက်က မာစတာလင်း မဟုတ်ဘူးလား..."

"ချီးပဲ..ဒါက သတင်းကြီးပဲ..မာစတာလင်း ယန်ဂျင်ကို ရိုက်လိုက်တာ..။ဒါက မနက်ဖြန် သတင်းခေါင်းစဥ်ကြီးတွေမှာတောင် ပါလာနိုင်တယ်.."

"ဘယ်လ််ို သာမန်လူက ဒီလို လုပ်ရဲမှာလဲ.."

ဝူရွှန်းယွဲ့ လူအုပ်ကြားထဲကို တိုးဝင်လာခဲ့ပြီး အထဲမှာ ဖြစ်နေတာတွေကို မြင်ကာ ကြောင်အသွားခဲ့တယ်..။

"အစ်ကိုလင်း..ကျေးဇူးပြုပြီး သူမကို မရိုက်ပါနဲ့တော့.."

ဝူရွှန်းယွဲ့ လင်းဖန် ရဲ့ ခါးကို တင်းတင်းကြပ်ကြပ် ဆွဲပြီး အဝေးကို ခေါ်သွားဖို့ လုပ်နေခဲ့တာပါ..။သိူ့ပေမယ့် သူမရဲ့ ခွန်အားက လင်းဖန်ကို မယှဥ်နိုင်တာကြောင့် သူမ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား လင်းဖန်က ရွေ့တောင် မရွေ့ပေ..။

"အစ်ကိုလင်း ကျေးဇူးပြုပြီး သူမကို မရိုက်ပါနဲ့တော့..လူတိုင်းမြင်နေရတယ်လေ.."

ဝူရွှန်းယွဲ့ မျက်ရည်တွေ ကျလာပြီး ပြောလိုက်တာပါ..။သူမ ယန်ဂျင်ကို မုန်းပေမယ့် ပေါ်တင် မဆန့်ကျင်ရဲပါဘူး..။သူမက ဆယ်လီအကြီးစား တစိယောက်ဖြစ်ပြီး..အခု သူမကို တစ်စုံတစ်ယောက်က ရိုက်နှက်ခဲ့တာကြောင့်..သူမ အဲဒီလူကို အေးအေးဆေးဆေး ထောင်ထဲ ပို့ပစ်လို့ရပါတယ်..။

"ရွှန်းယွဲ့ ငါ့ကို လာမတားနဲ့..။ဒါက ပြသနာ မဟုတ်ဘူး..။စီနီယာ ဆိုတာနဲ့ သူလုပ်ချင်တိုင်း လုပ်လို့ မရဘူးဆိုတာကို သူမကို ပြရမယ်..။သူမ ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့.."

လင်းဖန် အကြောက်လန့် ကင်းစွာ ပြောလိုက်တာပါ..။

ယန်ဂျင်လား...။

သူတို့ အင်တာနက် မှာ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ပြီး..တိုက်ခိုက်နေတယ် ဆိုတာက တကယ်ကို ပျော်စရာကောင်းတဲ့ ကစားပွဲလေး တစ်ခုပါ..။သို့ပေမယ့်..အခုလို..အပြင်လောက မှာ ဖြစ်လာတာကတော့ တကယ်ကို ကွာခြားသွားခဲ့ပါပြီ..။

ယန်ဂျင်က ဆယ်လီ တစ်ယောက်ဖြစ်ပြီး..ဂီတလောက မှာ ဆိုရင်..အထင်ကရ လူတစ်ယောက် အဖြစ် သတ်မှတ်လို့ရပါတယ်..။ပုံမှန်ဆိုရင် လူတွေက..သူ့ကို မြင်ရင် ရိုသေလေးစားမူ ပေးကြရပေမယ့်..အခုလို တစ်စုံတစ်ယောက်ရဲ့ အပြစ်ပေးမူကို ခံရတဲ့ အချိန်မှာတော့..လုံဝကို သည်း

သူမ ဒီကိစ္စကို လုံးဝ လက်လွတ်လိုက်မှာမဟုတ်ပေ..။သူမ လက်စားပြန်ချေပြီး လင်းဖန်ကို ခံစားရအောင် လုပ်မှာပါ..။

"နင် ငါ့ကို ရိုက်လို့ရတယ် ..ဒါပေမဲ့ ငါ့စကားကို မှတ်ထားလိုက်..။မနက်ဖြန်အထိ အဲ့ခွေးမ ..ဂီတလောကမှာ ရပ်တည်နေနိုင်သေးလို့ရှိရင် ငါ့နာမည်က ယန်ဂျင် မဟုတ်တော့ဘူး.."

ယန်ဂျင်..မုန်းတီမူ အပြည့်နဲ့ ပြောလိုက်တာပါ..။

ဒါက..ဂီတလောက အထင်ကရ ပုဂ္ဂိုလ်တစ်ယောက် ဒေါသထွက်လာလို့ ခြိမ်းခြောက်လိုက်တဲ့ စကားလုံးပါပဲ..။ဘေးနားမှာ ရပ်နေတဲ့ လူတွေတောငိ ကျောချမ်းသွားခဲ့တယ်..။

သိူ့ပေမယ့် တစ်ခြားလူတွေ ကြောက်နေမယ် ဆိုရင်တောင် လင်းဖန်ကတော့ မကြောက်ပါဘူး..။

"ဒါက..ဘယ်လို..စောက်ကျိုးနဲလဲ..။ကောင်းပြီ..မင်းက ဂီတလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက် ဟုတ်တယ်မလား..။ကျုပ်အခု ခင်ဗျားကို အပြင်ဆွဲထုတ်ပြီး လူလိမ် တစ်ယောက်နဲ့ ဘယ်လို ဖြေရှင်းလဲ ဆိုတာကို အကုန်သိအောင် လုပ်ပြမယ်.."

လင်းဖန် ပြောပြီး ယန်ဂျင်ကို အပြင်ဆွဲခေါ်သွားခဲ့ပါတယ်..။

ယန်ဂျင်လုံးဝ ကို ဆွံ့အနေခဲ့တယ်..။ဒီ မာစတာလင်းက..သူ့ရဲ့ တည်ရှိမူတွေ ..ဂုဏ်သိက္ခာတွေကို လုံးဝ ဂရုမစိုက်ပါဘူး..။

တကယ်လို့ သူတို့သာ..အပြင်ကို ရောက်သွားရင် လူတိုင်းက သူတို့ကို..မြင်သွားတော့မှာပါ..။သူတို့နှစ်ယောက်စလုံး အရှက်ကွဲမှာ အသေအချာပါပဲ. ။

"ငါ့ကို လွတ်ပေးစမ်း.."

ယန်ဂျင် လင်းဖန် လက်ကနေ လွတ်အောင် ရုန်းနေခဲ့တာပါ..။

သို့ပေမယ့်..လင်းဖန်က စိတ်ပိုင်းဖြတ်ပြီးသွားပါပြီ..။သူ ယန်ဂျင်ကို ဆုံးမလို့ မပြီးသ၍ မနက်ဖြန် နေက ထွက်လာမှာ မဟုတ်ပါဘူး..။

ဒုတိယ ဥက္ကဌ နဲ့ သူ့အဖွဲ့တွေဟာလည်း ဘာလုပ်ကြရမလဲ မသိတော့ပေ..။ဘယ်လို ဖြစ်ပြီး ဒီလောက်အထိ တောင် ဖြစ်ကုန်တာလဲ..။

သူတို့ ဒီနေ့ ညစာစားပွဲကို ကျင်းပတယ် ဆိုတာက..ယန်ဂျင် သူတို့ရဲ့ သီချင်းဆို ပြိုင်ပွဲမှာ ဒိုင်အဖြစ် လာလုပ်တာကို ကြိုဆိုတဲ့ အနေနဲ့ပါ..။ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ..။

ယန်ဂျင် က..ဒိုင်တစ်ယေယက် အဖြစ်ဆက်ရှိနိုင်ဦးမှာလား...

သူတို့လည်း မသိတော့ပါဘူး..။

လမ်းမပေါ်တွင်..။

"အားလုံးပဲ..ဒီကိုလာကြ..။ဆယ်လီ ယန်ဂျင်က ဒီမှာပဲ.."

လင်းဖန် ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေရဲ့ အာရုံစိုက်မူကို ရဖို့. အော်ဟစ်လိုက်တယ်..။

ယန်းဂျင် ရှက်ရွံ့သွားပေမယ့်..ဒီမာစတာလင်းက အရည်ထူလွန်းပါတယ်..။

ဘာဖြစ်ဆက်နိုက်မှာလဲ..

သူ ဒါကို တွေးတောင် တွေးမိတဲ့ ပုံမရှိပါဘူး..။

သူ နောက်တစ်ခါ ထောင်ထဲကို သွားရမှာလဲ ဖြစ်နိုင်ပါတယိ..။အထဲမှာ ရှိတဲ့ ပစ္စည်းတွေက သိပ်မဆိုးပဲ. သူ. အရင်က သုံးခဲ့တဲ့ အရာတွေကို ပြန်သုံးလိုက်ရုံပါပဲ..။

လူတွေဟာ..ယန်ဂျင်ရဲ့ နာမည်ကို ကြားတဲ့ အချိန်မှာ ရေထဲက..ဘဲ တွေလိုပဲ..တစ်ခါတည်း စုဝေးလာခဲ့ကြတယ်။

သို့ပေမယ့် လူတွေဟာ..ယန်ဂျင်ရဲ့ ခန္တာကိုယ်မှာ အစားအသောက်တွေနဲ့ ပေကျံနေတာ တွေ့ပြီး ကြောင်အသွားခဲ့တယ်..။

"ချီးပဲ ဒါတကယ်ပဲ..ယန်ဂျင် ဟ.."

"စောက်ကျိုးနဲ ငါအမြင်မှားနေတာလား..။ယန်ဂျင်က ဘယ်လိုဖြစ်လို့ အဲ့အခြေအနေ ရောက်နေတာလဲ.."

"ဒီလူက မာစတာလင်းပဲ..."

"ဘာ..အဲ့ တစ်ယောက်.က မာစတာလင်းလား.။တိတ်ဖြူလမ်းရဲ့ မာစတာလင်းက..ယန်ဂျင်ကို သင်ခန်းစာပေးနေတာလား..."

လူအုပ်ကြီး သူမနား စုဝေးလာပြီး ဗီဒီယိုတွေ ရိုက်နေကြတာကို မြင်ပြီး ယန်ဂျင် ကြောက်လန့်သွားခဲ့တယ်..။

"မရိုက်နဲ့.. မရိုက်ကြနဲ့.."

ယန်ဂျင် တားဆီးလိုက်တယ်..။သို့ပေမယ့် သူမရဲ့..တားဆီးမူက အရာမထင်ပါဘူး..။ရုတ်တရက်ပဲ သူမ လင်းဖန် ဘက်ကိုလှည့်လိုက်ပြီး..

"ငါ နင့်ကိုပါ ဆွဲချသွားမှာ..."

"လစ်လိုက်.."

လင်းဖန် ပြောပြီး..ရွယ်တောင် မရွယ်ပဲ ..ယန်းဂျင်ရဲ့ မျက်နှာကို ထပ်ရိုက်လိုက်တယ်..။

"ချီးပဲ..အံ့ဩစရာပါလား.."

"မာစတာလင်းတော့..မြွေကိုက်ပြီ..."

"ဒါက သတင်းကြီးပဲ..။တကယ် မထင်ထားခဲ့ဘူး..။

All Chapters