← Chapters

အခန်း (၇၀၈)

Vol. 48 Ch. 708

အခန်း (၇၀၈)

Vol. 48 Ch. 708

ဘာသာပြန် = စနိုးဝှိုက်

ယန်ဂျင်ကတော့..လုံးဝကို အကန့်အသတ် ရောက်နေခဲ့ပါပြီ..။သူမက..ဂီတလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး..သူမ .ကို လေးစားနေတဲ့ လူတွေ သူမ လက်အောက်မှာ အများကြီး ရှိပါတယ်..။သူမမှာ..တစ်ခြားလူတွေရဲ့ လမ်းကြောင်း ကို ဖျက်ဆီးနိုင်တဲ့ အင်အားရှိပါတယ်..။

သိူ့ပေမယ့်..ပြသနာကြီးတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့တယ်..။

တစ်ခြားလူတွေ..အနာဂတ်မှာ သူမနာမည်ကို ပြောရင် ဘယ်လိုလုပ်ကြမလဲ..။

ယန်ဂျင်လား..။လမ်းဘေးမှာ မာစတာလင်စ ရိုက်နှက်တာကို ခံလိုက်ရတဲ့ တစ်ယောက်လေ..။

သူမ ရဲ့ လက်ရှိအခြေအနေကို ကြည့်ပြီး..သူမတော့ အဆုံးသတ်ပြီဆိုတာကို ယန်ဂျင် နားလည်လိုက်ပါတယ်..။

"ငါ နင့်ကိုပါ..ဆွဲခေါ်သွားမှာ.."

သူမ ဒေါသတကြီး ပြောလိုက်ပြီး..အထင်ကရ ဆယ်လီ တစ်ယောက်နဲ့ မတူတော့ပဲ..သူမရဲ့ လက်သည်းတွေနဲ့..လင်းဖန်ကို..ကုတ်ဆွဲဖို့ လုပ်လိုက်ပါတယ်..။

"လစ်လိုက်.."

လင်းဖန် ပြောလိုက်ပြီး..သူမကို ဘေးဘက် စောင့်တွန်းလိုက်တဲ့ အချိန်မှာ..သူမ မြေကြီးပေါ် ပြန်လဲကျသွားခဲ့တယ်..။

ယန်ဂျင် နဲ့ အတူ..ညစာစားနေတဲ့လူတွေကတော့ ကြောင်အနေခဲ့ကြပါပြီ..။

ဒုတိယ ဥက္ကဌဟာ အံ့ဩသင့်နေခဲ့တယ်..။မာစတာလင်း ယန်ဂျင်ကို ဘာလိူ့ ဒီလောက်အထိ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေတာလဲ သူ နားမလည်တော့ပါဘူး..။သူတို့နှစ်ယောက်လုံးက..လူသိများတဲ့လူတွေဖြစ်တာကြောင့်..ဒါက သူတို့နှစ်ယောက်လုံးရဲ့ ဂုဏ်သိက္ခာကို ကျိန်းသေပေါက် ထိခိုက်စေမှာပါ..။

ယန်ဂျင်က သာမန်လူတစ်ယောက် မဟုတ်ပါဘူး..။သူမ က လူသိများပြီး သူမရဲ့ လွမ်းမိုးနိုင်စွမ်းကလည်း တကယ် ကောင်းမွန်ပါတယ်..။သူမမှာ ထောက်ခံသူတွေ အများကြီးဖြစ်ပြီး..လူအများစုက သူမကို မျက်နှာသာ ပေးလေ့ရှိကြပါတယ်..။

ယန်ဂျင်က..လင်းဖန်ကို ..ဘာမှ လုပ်လို့ မရပေမယ့်..ဝူရွှန်းယွဲ့ အပေါ်မှာတော့ အများကြီး သက်ရောက်မူ ရှိနေတဲ့လူတစ်ယောက်ပါ..။သူမ ရဲ့ လမ်းကြောင်းကို တကယ် အဆုံးသတ်သွားစေချင်တာလား..။

ကျန်တဲ့လးတွေက..တော့..ဘာမှ မပြောရဲသလို..ဝင်လည်း မဆွဲရဲကြပေ..။သူတို့ ဘယ်ဘက်ကိုမှ..စိတ်ဆိုးအောင် မလုပ်ရဲကြပါဘူး.။

ဝူရွှန်းယွဲ့ဟာ ထောင့်တစ်နေရာမှာ ရပ်နေပြီး..သူမ ရဲ့ အကြည့်က ယန်ဂျင် ဆီကို ကြည့်နေကာ..ကြောက်လန့်မူကြာင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့တယ်..။

လင်းဖန် ဝူရွှန်းယွဲ့ ဘက်ကို လှည့်လိုက်ပြီး..

"ရွှန်းယွဲ့..မင်းမှတ်ထားရမှာက..မင်းထက် အားနည်းတဲ့လူကို ဘယ်တော့မှ အနိုင်မကျင့်ရဘူး ဆိုတာပဲ..။တကယ်လ်ို့ တစ်စုံတစ်ယောက်က မင်းကို လာအနိုင်ကျင့်ရင်လည်း ပြန်တုန့်ပြနိနိုင်ဖို့ အတွက် သတ္တိရှိရမယ်.."

ဝူရွှန်းယွဲ့..မတ်တတ်ရပ်ပြီး ကြောင်အနေခဲ့တယ်..။လင်းဖန် ရဲ့ စကားတွေက..သူမအပေါ်မှာ အကြီးကြီး သက်ရောက်စေပါတယ်..။ယင်းနောက် ဝူရွှန်းယွဲ့ဟာ..ယန်ဂျင် ဆီကို ချက်ချင်း လျောက်သွားလိုက်ပြီး သူမရဲ့ ဘယ်ဘက်လက်နဲ့ ယန်ဂျင်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တယ်..။

"နင်က စီနီယာ တစ်ယောက်ဖြစ်ပေမယ့်လည်း..နင်ဘယ်တော့မှ မလေးစားခဲ့တဲ့လူတစ်ယောက် ဆီကနေ လေးစားမူ ခံရဖို့ မမျှော်လင့်သင့်ဘူး..။ငါအခု..နင့်ရဲ့ ရိုက်ချက်ကို ပြန်ပေးလိုက်ပြီ..."

…

အံ့ဩမူ....

"ချီးပဲ သူမက ..ဂီတလောကမှာ အခုမှ နာမည်ကြီးလာတဲ့ ဝူရွှန်းယွဲ့ မဟုတ်ဘူးလား..။သူမက..သီးချင်းကောင်းတွေ အများကြီး ထွက်ထားတာလေ..။ဒါပေမဲ့..သူမ အခုလို ယန်ဂျင်ကို ရိုက်လိမ့်မယ့်လို့ မထင်ထားဘူး.."

"သူမ အခု ပြောတာ..မကြာလိုက်ဘူးလား..။ကြည့်ရတာ..အရင်က သူမ ယန်ဂျင် ရိုက်တာ ခံထားရလို့..အခု လက်စားပြန်ချေတာထင်တယ်...

"ဒါက ဖြစ်နိုင်ချေ ရှိတယ်..."

ယန်ဂျင် နဲ့ စားသောက်နေကြတဲ့လူတွေဟာ..ဝူရွှန်းယွဲ့ကို အံ့ဩစွာ ကြည့်နေခဲ့ကြတယ်.။ဒီ တက်သစ်စ ကြယ်ပွင့်လေးက ယန်ဂျင်ကို ရိုက်နှက်ရဲလိမ့််မယ်လို့ မထင်ထားခဲ့ပါဘူး..။

ဒါ..ဒါက...

တကယ်လို့ တစ်ခြား တက်သစ်စ ကြယ်ပွင့်လေးတွေ ဆိုရင်..ပိုက်ဆံ ပုံအောပေးရင်တောင်..လုပ်ရဲလိမ့်မှာ မဟုတ်ပေ..။

လင်းဖန် သက်ပြင်းချလိုက်တယ်..။ကြည့်ရတာ..ဒီကိစ္စက ဝူရွှန်းယွဲ့ကို အတော်သက်ရောက်သွားပြီး သူမကို ရဲရင့်လာစေတဲ့ ပုံပါပဲ..။

ဂီတလောကမှာ ရပ်တည်နိုင်ဖို့ဆိုရင်..တစ်စုံတစ်ယောက်က..လုံလောက်အောင်..သန်မာနေဖို့လိုအပ်ပါတယိ...။

မဟုတ်ရင်..အနိုင်ကျင့်ရ လွယ်ကူတဲ့ လူတစ်ယောက်ဖြစ်သွားမှာပါ..။

ဝူရွှန်းယွဲ့ သူမကိုယ်သူမ ဒီလို လုပ်လိုက်တာကို ယုံတောင် မယုံနိုင်တော့ပါဘူး..။ယင်းနောက် သူမ လင်းဖန်ဘက် လှည့်လိုက်ပြီး..

"အစ်ကိုလင်း..ညီမ...."

လင်းဖန် ရဲ့ ဒေါသ တွေကတော့.အစောကတည်းက မရှိတော့ပါဘူး..။သူမ ဝူရွှန်းယွဲ့ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..

"အာ..ဒါက မဆိုးဘူး..။မင်းတောင် အတော် ရဲရင့်လာပြီပဲ..."

ယင်းနောက် သူ ယန်ဂျင်ဘက်ကို လှည့်လိုက်ပြီး..

"ခင်ဗျားက..သူများတွေထက် လုပ်သက်ပိုရင့်တာနဲ့ အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်လို့ မထင်ထားနဲ့..။ဒီနေ့ သင်ခန်းစာကို ခင်ဗျား မှတ်မိနေမယ်လို့ မျှော်လင့်တယ်..."

ယန်ဂျင်ကတော့..ကြမ်းပြင်ပေါ်လဲနေပြီး သူမရဲ့ ဆံပင်က ရှုပ်ပွကာ..သူမရဲ့..ခန္တာကိုယ်ကတော့ အစားအသောက် တွေနဲ့ ပေနေခဲ့တယ်..။သူမ အတင်းပြန်ထပြီး လင်းဖန်ကို တစ်ခုခု ပြန်လုပ်ချင်ပေမယ့် ဒုတိယ ဥက္ကဌ နဲ့ ကျန်တဲ့လူတွေက ဝိုင်းဆွဲထားခဲ့ပါတယ်..။

"ရပ်လိုက်တော့..ရပ်လိုက်တော့.."

ဒုတိယ ဥက္ကဌ ပြောလိုက်တာပါ..။လက်ရှိမှာ ရပ်တန့်လိုက်တာက..အကောင်းဆုံးပါပဲ..။တကယ်လို့ ဒီကိစ္စကို လူတွေ အများကြီး ပိုသိသွားရင် ထိန်းချုပ်ရခက်ခဲ သွားတော့မှာပါ..။

တစ်ချိန်တည်းမှာပဲ သူသိထားတာက..ဒီကိစ္စက..ကြီးနေပြီးပြီ ဆိုတာပါပဲ..။

မနက်ဖြန် သတင်းခေါင်းကြီးတွေကိုပဲ စောင့်ဖတ်ရတော့မှာပါ..။

"ငါ့ကိုလွတ်..."

ယန်ဂျင် အတင်းရုန်းနေပေမယ့် အကုန်လုံးက တားထားတာကြောင့်..မလွတ်မြောက်နိုင်ခဲ့ပေ..။ယင်းနောက် သူမ..ကားတစ်စီးပေါ်ကို ဆွဲခေါ်သွားခံရပြီး..မြင်ကွင်းက ပျောက်ကွယ်သွားခဲ့ပါတယ်..။

"ရွန်းယွဲ့ သွားကြရအောင်..။ညစာလည်း စားပြီးပြီ ဆိုတော့ ရုပ်ရှင်သွားကြည့်ကြတာပေါ့.."

လင်းဖန် ပြောလိုက်တာပါ..။

ဒီလို ဖြစ်ပြီးတာ​ေတာင်... သူဝူရွှန်းယွဲ့ နဲ့ အတူ ရုပ်ရှင်သွားကြည့်ချင်နေတုန်းပါပဲ..။

ဝူရွှန်းယွဲ့ ဒီကိစ္စတွေကြောင့် အနည်းငယ် တုန်လှုပ်ပြီး..လူတွေက..သူမတို့ အဖြစ်အပျက်တွေကို ဖော်ထုတ်ကြတော့မယ် ဆိုတာကို သိပေမယ့်လည်း..အစ်ကိုလင်းနဲ့ ဒိတ်တာကိုတော့..ဒီလိုအဆုံးသတ်မခံနိုင်ပေ..။ဒါကြောင့် သူမ ခေါင်းညိမ့်လိုက်တယ်..။

"အင်း..."

သူတို့ မြင်ကွင်းကနေ တည်ငြိမ်စွာ..ထွက်ခွာသွားခဲ့တယ်..။

အကုန်လုံးက ဘာမှ မဖြစ်ခဲ့သလိုပါပဲ..။

သို့ပေမယ့် တစ်ချို့ ဗီဒီယို ဖိုင်တွေကတော့..အ်ငတာနက်ပေါ်တောင် ရောက်နေခဲ့ပါပြီ..။

"ယန်ဂျင် လမ်းဘေးမှာ ရိုက်နှက်ခံခဲ့ရတယ်..။အမြန် ကြည့်လိုက်ကြဦး.."

အစကတော့ လူတွေဟာ ဒီဗီဲဒီယိုကို မယုံကြည်ကြပါဘူး..။သို့ပေမယ့်..သေချာ လေ့လာပြီးတဲ့ နောက်မှာ ဒါက အစစ်အမှန်ဆိုတာ..နားလည်သွားခဲ့ကြပါတယ်..။

ညဘက်..။

၁၂ နာရီတွင်..။

လင်းဖန် နဲ့ ဝူရွှန်းတို့ ကြည့်နေတဲ့..ဇာတ်ကားက ပြီးကာနီးနေပြီဖြစ်ပြီး ဒါကတော့..ဒရမ်မာကားပါ..။လင်းဖန် အတွက်ကတော့..ဒီ ဇာတ်ကားက ပျင်းဖို့ကောင်းပြီး..အိပ်တောင် အိပ်ပျော်ကာနီးပါပဲ..။

ဝူရွှန်းယွဲ့ အတွက်ကတော့..အတော်ကို ပျော်စရာကောင်းတဲ့ အချိန်ဖြစ်ခဲ့ပါတယ်..။

အောက်ဘက်၈တွင်..။

လင်းဖန် ရယ်မောလိုက်ပြီး..

"ကောင်းကောင်းအနားယူလိုက်ဦး.အများကြီး မတွေးနဲ့..။တကယ်လို့..ပြသနာ တစ်ခုခု ရှိရင် အစ်ကိုလင်းက ကာကွယ်ပေးမယ်..."

ဝူရွှန်းယွဲ့..သူမရဲ့..အဝတ်အစားကို..တွန့်ချေပြီး နှလုံးခုန်မြန်နေခဲ့တယ်..။သူမ အားတင်းပြီး ပြောလိုက်ပါတယ်..။

"အစ်ကိုလင်း..အပေါ်ကို မလိုက်ခဲ့တော့ဘူးလား.."

"အခုက အတော်နောက်ကျနေပြီလေ..အစ်ကိုလင်း အိမ်ကို ပြန်လိုက်တော့မယ်..။ဒီနေ့ ကိစ္စကြောင့် မင်းရဲ့ နှလုံးသားကို အစ်ကိုလင်းဆီ ပေးဖို့ မစဥ်းစားနဲ့ဦး..။ဖြည်းဖြည်းပေါ့.."

ဒါကို ကြားတဲ့ နောက်မှာ ဝူရွှန်းယွဲရဲ့ ပါးတွေဟာ နီရဲ သွားခဲ့တယ်..။

"အစ်ကိုလင်းက..အတွေးလွန်နေတာပဲ..။ညီမက အစ်ကိုလင်းနဲ့ အတူတူ အချိန်ပိုကုန်ချင်တာပါ.ဒီလောက်ပါပဲ..."

"အာ..အခုတော့..မဟုတ်သေးဘူးလေ..။အစ်ကိုလင်း အိမ်ပြန်ပြီးပဲ အနားယူလိုက်တော့မယ်..."

လင်းဖန် ဝူရွှန်းယွဲ့ကို ကြည့်ပြီး ထပ်ပြောလိုက်ပါတယ်..။

"သွားပြီး..အနားယူတော့လေ..။မနက်ဖြန် လန်းဆန်းနေဖို့ လိုတယ် မလား..."

လင်းဖန် အရူးတစ်ယောက် မဟုတ်ပါဘူး..။သူသာ အပေါ်ကို လိုက်သွားမယ်ဆိုရင်..ဒီနေ့ အိမ် ပြန်နိုင်မှာ မဟုတ်တော့ပေ။

ရိုးရိုးသားသား ပြောရရင် သူ..တကယ်ပဲ ဒီလို မဖြစ်ချင်ပါဘူး..။

ဒါက ဝူယူလန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်..။

တကယ်လို့ သူတိုဘတစ်ခုခု ဖြစ်သွားရင် ဒါက ဝူယူလန်အတွက် မမျှတတော့ပေ..။

တကယ်လို့ သူ ဝူယူလန် အပေါ် ခံစားချက် မရှိဘူးလိူ့ ပြောရင် ဒါက လိမ်ညာရာ ကျသွားမှာပါ..သို့ပေမယ့်...

မေ့လိုက်တော့..မေ့လိုက်တော့..အများကြီးတွေးနေတာ မကောင်းဘူး..။

ဝူရွှန်းယွဲ့ အစ်ကိုလင်းရဲ့ အမူအရာ အနည်းငယ် ပြောင်းလဲ သွားတာကို သတိထားမိလိုက်တယ်..။လင်းဖန် ဘာတွေးနေလဲ ဆိုတာကို သူမ ခန့်မှန်းမိပေမယ့်..ထုတ်မပြောခဲ့ပေ..။

သို့ပေမယ့်လည်း အစ်ကိုလင်း သူမကို ပြန်ကြိုက်အောင်..ဖြည်းဖြည်းချင်း ကြိုးစားမယ်လို့သာ တိတ်တဆိတ် ဆုံးဖြတ်လိုက်ပါတယ်..။

မွချိ...

လင်းဖန် အတွေးနက်နေတုန်းမှာပဲ သူ့ပါးကို နွေးထွေးတဲ့ ခံစားချက်တစ်ခု..ရလာတာကို ခံစားလိုက်ရတယ်..။

"အစ်ကိုလင်း ဂရုစိုက်သွားနော်.ညီမ အပေါ်ကို သွားတော့မယ်..."

ဝူရွှန်းယွဲ့ ကားပေါ်က ပြုံးရွှင်စွာ ဆင်းသွားလိုက်ပါတယ်..။ယင်းနောက် သူမ အပေါ်ကို ပြေးတက်သွားခဲ့တယ်..။

လင်းဖန် ဝူရွှန်းယွဲ့ရဲ့..အခန်းတံခါး မီးလင်းသွားတဲ့ အချိန် မှ..ထွက်သွားခဲ့ပါတယ်..။

ဝမ်မင်ယန် ကုမ္ပဏီရဲ့ အိမ်ခြံရာက..ဒီလောက်အထိ..ကောင်းနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ကြည့်ရတာ သူလည်း ဝမ်မင်ယန်ကို နားပူနားဆာလုပ်ပြီး ဒီမှာ တိုက်ခန်းတစ်ခုလောက် တောင်းရမယ့် ပုံပါပဲ..။

အပေါ်ထပ်မှာတော့ ဝူရွှန်းယွဲ့ ပြတင်းပေါက်နေပြီး အဝေးကို ထွက်သွားတဲ့ ကားလေးကို ကြည့်နေခဲ့တယ်..။

သူမ လက်သီးကို ဆုပ်ထားခဲ့ပါတယ်..။

ဆက်ကြိုးစား...ဆက်ကြိုးစားထားပါ...

သူမသာ ဂီတလောက ရဲ့ အထင်ကရ တစ်ယောက်ဖြစ်လာရင်..အစ်ကိုလင်းလည်း..သူမကို အရှုံးပေးပြီး..ပြန်သဘောကျလာရမှာပါ..။

All Chapters