← Chapters

အံ့ဩမူ..

Vol. 48 Ch. 709

အံ့ဩမူ..

Vol. 48 Ch. 709

#ဘာသာပြန် = စနိုးဝှိုက်

ညအချိန်..။

သတင်းဌာနက..လူတွေကတော့..သူတို့ ဒီည မအိပ်နိုင်ခဲ့ပါဘူး..။

သူတို့ ညစာစားပြီး..အိမ်ပြန် အနားယူဖို့ ပြင်ဆင်နေကြတဲ့ အချိန်မှာပဲ..ဖုန်းသံမြည်လာခဲ့ပါတယ်..။အစကတော့..သူတို့ကြားရတာ​တောင် သူတို့ မယုံကြည်ခဲ့ပါဘူး..။သို့ပေမယ့်..ဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာ..သူတို့ အကုန်လုံး ကြောင်အသွားခဲ့ပါတယ်..။

ချီးပဲ..ဒီလို သတင်းဖြစ်လာဖို့က..မဖြစ်နိုင်သလောက်ပါပဲ..။

ယင်းနောက်..သတင်းဌာနက လူတွေဟာ..ဒီသတင်းကို ခေါင်းကြီးပိုင်းမှာတင်ပြီး..လူတိုင်းရဲ့..စိတ်ထဲကို ရိုက်ထည့်ပေးဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

နောက်တစ်ရက်..။

မြို့သားတစ်ချို့ဟာ..အစော နိုးလားခဲ့တယ်..။သူတို့ အများစု နိုးလာတဲ့ အချိန်မှာ ပထမဆုံး လုပ်လာတဲ့ အလုပ်က..ဖုန်းကို ထုတ်ပြီး သတင်းအသစ်တွေကို စစ်ဆေးကြည့်ဖို့ပါ..။

လူတွေဟာ..သတင်းတွေကို မြင်တဲ့အချိန်မှာ..အစားအသောက်တွေ...ပြန်ထွက်ကုန်ပြီး..ဗီဒီယိို ကို မယုံကြည်နိုင်ဖြစ်သွားခဲ့ကြတယ်..။

"ချီးပဲ..မနက်အစောကြီး ဘယ်လို သတင်းတွေ တက်လာတာလဲ..။သူတို့က ငါ့ကို ကြောက်နေကြတာလား.."

"ငါ မနက်စာစားပြီးလို့..နို့သောက်နေယုံပဲ ရှိသေးတယ်..ဒိီ သတင်းကို မြင်ပြီး..အကုန်ပြန်အန် ထွက်ကုန်ပြီ.."

"ချီးပဲ..ဒါ တကယ်ကြီးလား..။ဒါ သတင်းအတုများ ဖြစ်နိုင်မလား.."

"ငါ့ ဖင်ကြီးကို အတုပါလား..။ဗီဒီယိုတောင် ရှိနေတယ်လေ..။ယန်ဂျင်ကို ရိုက်နှက်ခဲ့တာက မာစတာလင်းပဲ..."

"မာစတာလင်းက အနည်းငယ် အလျင်လိုတယ်လို့ မထင်ဘူးလား..။သူက ယန်ဂျင်ကို တိုက်ခိုက်ခဲ့တာ..ယန်ဂျင်က ဂီတလောကရဲ့..အဓိကပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူးလား..."

"အရင်တစ်ခေါက်က ယန်ဂျင် ဒေါသ ထွက်တာကို ပြန်မြင်ယောင်တာ..ရယ်တောင် ရယ်ချင်လာပြီ..."

မိီးရထား ဘူတာတွင်..။

အလုပ်သမားတွေ အများကြီးဟာ..ရထား ဘူတာကို ရောက်လာတဲ့ အချိန်မှာ..သူတို့ရဲ့ ဖုန်းတွေကို ထုတ်ပြီး..သတင်းတွေ ဖတ်လိုက်ကြပါတယ်..။

ရုတ်တရက်..ဘူတာတစ်ခုလုံးမှာ..ဆူဆူညံညံ အသံတွေ ထွက်လာခဲ့ကြတယ်..။

"ချီးပဲ..ယန်ဂျင် အရိုက်ခံလိုက်ရတယ်.."

ဒီစကားကို ကြားတဲ့ အချိန်မှာ..ကြောင်အသွားကြတယ်..။သူတို့ တစ်ယောက်နဲ့ တစ်ယောက် မသိရင်တောင်..စတင်ပြီး စကားပြောဆိုလိုက်ကြပါတယ်..။

"ဒါက မဟုတ်သေးဘူးနော်..။ယန်ဂျင်က အဓိက ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ဘူးလား..။ဘယ်သူက သူ့ကို ရိုက်ရဲမှာလဲ.."

"ကိုယ့်ဟာကို..ကြည့်လိုက်ကြ..။အင်တာနက်မှာက..အများကြီး ရှိတယ်..."

ယင်းနောက် အကုန်လုံးဟာ ဖုန်းတွေကို ထုတ်ပြီး သတင်းဝက်ဆိုဒ်တွေ ဖတ်လိုက်ကြတယ်..။သူတို့ အကုန်လုံး..သတင်းခေါင်းစဥ်တွေကို ကြည့်ပြီး ကြောင်အသွားခဲ့ကြပါတယ်..။

"စူပါစတား..ယန်ဂျင် လမ်းဘေးမှာ အရိုက်ခံရခြင်း..."

"အဆိုတော့ ဝူရွှန်းယွဲ့ဟာ..ဂီတလောကရဲ့ အထင်ကရ..ယန်ဂျင်ကို ရိုက်နှက်ခဲ့.."

"ဝူရွှန်းယွဲ့ အရိုက်ခံခဲ့ရတာကြောင့် သူမကောင်လေး မာစတာလင်းဟာ..ယန်ဂျင်ကို..လက်စားချေခဲ့..."

"သတင်းထူး..လူတစ်ယောက်က..ယန်ဂျင် ကို လမ်းဘေးတွင် ရိုက်နှက်ခဲ့..."

…

သတင်းခေါင်းကြီးပိုင်းတွေဟာ..လူတိုင်းကို ဆွဲဆောင်နေပြီး..သူတို့ ဖတ်ကြည့်လိုက်တဲ့ အချိန်မှာ မယုံကြည်နိုင် ဖြစ်သွားခဲ့ကြပါတယ်..။

တိမ်ဖြူလမ်း..။

သတင်းထောက်တွေ အများကြီးဟာ..ဒီမှာရောက်နေကြပြီး..မနက်အစောမှာပဲ..မာစတာလင်းကို..အင်တာဗျူးကာ..ဘာတွေဖြစ်နေလဲ သိချင်နေခဲ့ပါတယ်..။

လင်းဖန် မနေ့က ဖြစ်ခဲ့တာတွေကို ..မေ့တောင် မေ့ထားခဲ့ပေမယ့် ဆိုင်ကို ရောက်လာတဲ့ အချိန်မှာတော့..သတင်းထောက်တွေရဲ့ ဝန်းရံမူကို ခံလိုက်ရပါတယ်..။

"မာစတာလင်း..မနေ့က အဖြစ်အပျက်ကို မသေးစိတ် မေးလို့ရမလား.."

"မာစတာလင်း..မနေ့က ယန်ဂျင်ကို ရိုက်နှက် အပြီးမှာ ဘာတွေ ဆက်ဖြစ်မယ်လို့ ထင်လဲ.."

ဒီသတင်းက အတော်ထူးခြားတာကြောင့်..သတင်းထောက်တွေဟာ..အသေးစိတ်ကျကျ သိချင်နေခဲ့ကြပါတယ်..။

လူလိမ် ထျန်ကတော့ ဘာတွေ ဖြစ်နေမှန်း မသိသေးပါဘူး..။သို့ပေမယ့် သတင်းထောက် တွေကို မြင်တဲ့ အချိန်မှာ..သူ သိချင်သွားခဲ့တယ်..။သူ ကျောက်ကျန်းယန် ကို လှည့်ကြည့်လိုက်ပြီး..

"ဘာတွေဖြစ်နေတာလဲ...။ဒီငနဲက ဘာလို့ ပါလာပြန်ရတာလဲ..."

ကျောက်ကျန်းယန်..ကတော့..လင်းဖန်ကို အတော်လေးစားနေခဲ့ပါတယ်..။တကယ်လို့ ဖြစ်နိုင်ရင် လင်းဖန်ကို သူ့အဖေ အဖြစ်တောင် တော်ချင်နေခဲ့တယ်..။

"ခင်ဗျား မသိခဲ့ဘူးလား..။အစ်ကိုလင်းက ယန်ဂျင်ရဲ့ မျက်နှာကို ရိုက်ခဲ့တာလေ.."

"ယန်ဂျင်က ဘယ်သူလဲ..။သူမက ဒီလောက် ကျော်ကြားတာလား.."

လူလိမ် ထျန် မေးလိုက်တာပါ..။

ကျောက်ကျန်းယန် အကူညီမဲ့သွားခဲ့တယ်..

"ချီးပဲ ခင်ဗျား တကယ်ပြောနေတာလား..။ခင်ဗျား ယန်ဂျင်ကို မသိဘူးလား..။သူမက..ဂီတလောကရဲ့ အစ်မကြီး တစ်ယောက်ဖြစ်ပြီး ထိပ်ဆုံးမှာ ရှိနေတာလေ..."

လူလိမ်ထျန်..ကတော့ စိတ်ဝင်စားတဲ့ ပုံစံ မပြပေ..။

"အာ..သူမကို ဟိုငနဲက ရိုက်လိုက်နာလား..။ဘာပဲဖြစ်ဖြစ်.ငါ သတင်းထောက်တွေ နားကို ခနသွားလိုက်ဦးမယ်..။ဘယ်သူသိမှာလဲ..သတင်းထောက်မလေး ချောချောလေး..တစ်ယောက်..က ငါ့ကို မြင်ပြီး ​​ကြိုက်သွားနိုင်တယ်လေ..။ဒါက အတော်ကောင်းတယ်..."

ကျောက်ကျန်းယန် ..ပြောစရာ စကားကင်းမဲ့သွားခဲ့တယ်..။ဒီမနက် သတင်းကို ဖတ်ပြီးနောက်မှာ သူလည်း အံ့ဩသွားခဲ့ကြပါတယ်..။

ဒီအစ်ကိုလင်းက..စည်းမျဥ်းတွေ အကုန်လုံးကို ချိုးဖောက်နေသလိုပါပဲ..။

ယန်ဂျင်ကို ရိုက်တာက..ထိုက်တန်လို့လား...

ယန်ဂျင်က..ဂီတလောကမှာ..အတော်ကို နက်ရှိုင်းပြီး . အပေါင်းအသင်းများတဲ့ လူတစ်ယောက်ပါ..။အခု သူမ ဒီလိုဖြစ်ပြီ ဆိုမှ တော့..သူမ လက်စားချေမှာ ကျိန်းသေပါပဲ..။

ဝူယူလန် လင်းဖန်ကို ကြည့်လိုက်တယ်..။တစ်ညအတွင်းမှာ ဒီလို ကိစ္စကြီး တွေဖြစ်သွားခဲ့မယ်လို့ သူမ မထင်ထားခဲ့ပေ..။

ဆိုင်ပိုင်ရှင်တွေဟာလည်း ရောက်လာခဲ့တယိ..။သူတို့ သတင်းကို မြင်တဲ့ အချိန်မှာ ..ယုံတောင် မယုံနိုင်ခဲ့ပါဘူး..။

လင်းဖန် သူ့ဆီကို ဒီလို သတင်းထောက်တွေ အများကြီးလာတာနဲ့ အသားကျနေခဲ့ပါပြီ..။တစ်ခါတစ်လေမှာ..သူတို့က စိတ်အနှောက်အယှက်ဖြစ်ရပေမယ့်.. သူ့ရဲ့ အနုပညာကို ကြော်ငြာတဲ့ အချိန်ဆိုရင်..အတော် အထောက်အကူ ဖြစ်တာပါ...။

"ချစ်လှစွာသော ဂျာနယ်လစ်တို့..ခနလောက် တိတ်ဆိတ်ပေးလို့ရမလား..။ကျုပ်မနေ့က ယန်ဂျင်ကို ရိုက်နှက်ခဲ့ပါတယ်..။သူ့ကို ဘယ်နှစ်ကြိမ်ရိုက်ခဲ့လဲ ဆိုတာတော့ သေချာ မရေတွက်ခဲ့ပါဘူး..ဒါပေမဲ့ ခန့်မှန်းခြေ ပြောရမယ် ဆိုရင်တော့..အချက် ၃၀ လောက် ရှိမှာပါ.."

"ဒါက ဘယ်လိုကနေ စဖြစ်တာလဲ မေးကြတယ်မလား..။ယန်ဂျင်က ..ဒီလောကရဲ့ စီနီယာတစ်ယောက်ဖြစ်ပြီး.အကုန်လုံးရဲ့..အစ်မကြီးလို့တောင် ပြောလို့ရတယ်လေ..။သူမက ..အပြစ်ကင်းတဲ့ ဝူရွှန်းယွဲ့ကို ရိုက်နှက်ခဲ့ကြတယ်..။ဝူရွှန်းယွဲ့ ရဲ့ ပရိုဂျုဆာ တစ်ယောက် အနေနဲ့ ကျုပ်ဒါကို သည်းမခံနိုင်ခဲ့ဘူး..။တကယ်လို့ သည်းခံခဲ့ရင်..ကျုပ် ယောက်ျားတစ်ယောက် မဟုတ်တော့ဘူးလေ..။ဒါကြောင့်..ကျွန်တော် ဒီအသိတရား မရှိတဲ့ ယန်ဂျင်ကို အသိတရားရအောင် ကူညိပေးခဲ့တာပါ.."

"ဒါက မနေ့က ဖြစ်ခဲ့တာပဲ..။ဒီတော့ ဘာမှ ထပ်မရှိတော့ရင် ကျွန်တော် အလုပ်လုပ်တော့မယ်.."

ဂျာနယ်လစ်တွေဟာ လင်းဖန်ကို ကြောင်အစွာ ကြည့်လိုက်ကြတယ်..။ဒီလို ဖြစ်ပြီးတာ​တောင် သူက ဘယ်လိုဖြစ်ပြီး.. စီးပွားရေး လုပ်နိုင်သေးတာလဲ..။

တစ်ကယ်လို့ တစ်ခြားတစ်ယောက်ယောကိသာ ဒီလို ဖြစ်မယ်ဆိုရင် အိမ်ထဲမှာပဲ..ပုန်းနေပြီး အပြင်ကို ထွက်လာတော့မှာ မဟုတ်ပါဘူး..။

အဲ့အချိန်မှာပဲ..ဂျာနယ်လစ် တစ်ယောက်ဟာ အော်လိုက်တယ်..။

"မာစတာလင်း ယန်ဂျင်ကို ရိုက်ပြီးတဲ့ နောက်မှာဘာဆက်ဖြစ်မယ်ထင်လဲ..."

လင်းဖန် ခနလောက် ရပ်သွားပြီးမှ..ရယ်မောလိုက်ကာ..

"ဘာဖြစ်မှာ မို့လို့လဲ..။ကျုပ်က တစ်ခုခု မလုပ်ခင်တိုင်းမှာ ဖြစ်နိုင်ခြေတွေကို ကြိုတွေးတယ်လေ..။ဒါကြောင့် ဘယ်လို ကိစ္စပဲ ဖြစ်လာဖြစ်လာ ..ပြသနာ မရှိဘူး..."

"မာစတာလင်း..ထောင်ထဲသွားရမှာ မကြောက်ဘူးလား..။တစ်စုံတစ်ယောက်ကို ရိုက်တာက ပြစ်မူကြီးတယ်လို့ မဆိုနိုင်ပေမယ့် နစ်နာသူက တိုင်ကြားရင်တော့ ထောင်ကျနိုင်တယ်လေ..."

"ကျုပ်ထောင်ထဲသွားရမှာ ကြောက်တယ်လို့ ခင်ဗျားက ထင်လို့လား.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။

ဂျာနယ်လစ်တွေဟာ လင်းဖန်ကို ကြည့်ပြီး ဘာပြောရမှန်း မသိတော့ပါဘူး..။

လင်းဖန်ပုံက ထောင်ထဲသွားရမှာကို အမှန်တကယ် ကြောက်ရွံ့တဲ့ ပုံမရှိပေ..။

ပြီးတော့..ဒါက သူ ထောင်ထဲသွားရတဲ့ ပထမဆုံးအ ကြိမ် မဟုတ်ပါဘူး..။ထောင်ထဲသွားရတာထက်စာရင် ယန်ဂျင် ဆုံးရှုံးတာက ပိုပြီး များပါတယ်..။

"ကောင်းပြီး ကောင်းပြီ..။နောက်ထပ် မရှိတော့ဘူးဆိုရင် သွားကြပါတော့..ကျုပ် အလုပ်လုပ်တော့မယ်..."

သူ ယန်ဂျင်ကို ရိုက်ပြီးသွားပြီ ဆိုမှ တော့ အခုမှ နောင်တရနေ့လို့လည်း နောက်ကျသွားပါပြီ..။

…

အထက်တန်း ဟော်တယ် တစ်ခုတွင်..။

ယန်ဂျင်ဟာ စိတ်လွတ်နေပြီး မြင်မြင်သမျှ ဖျက်ဆိီးနေတဲ့ အချိန်မှာ..သူမရဲ့ မန်နေဂျာကတော့ ထောင်နားမှာ ရပ်နေခဲ့ပါတယ်..။

"ယန်ဂျင် ..ငါတို့ သူ့ကို တရားစွဲမှ ရမယ်.."

မန်နေဂျာက ပြောလိုက်တာပါ..။

ရုတ်တရက် ယန်ဂျင် ရဲ့ မျက်လုံးတွေ ဒေါသကြောင့် တုန်ရီလာတာကို သူမ တွေ့လိုက်တယ်..။ဒါက တကယ် ကြောက်စရာပါပဲ..။

ဒီ ပြသနာက ယန်ဂျင် အပေါ်မှာ အများကြီး သက်ရောက်နေခဲ့ပါတယ်..။ရဲတိုင်တာကလွဲလို့ သူမတို့ လုပ်နိုင်တာက ဘာမှ ရှိမနေခဲ့ပါဘူး..။

အဲ့အချိန်မှာ..ပဲ ယန်ဂျင်ရဲ့ မျက်နှာဟာ ပြောင်းသွားပြီး..သူမရဲ့ ပါးစပ်မှာ အပြုံးတစ်ခု ပေါ်လာတာကို သူမ မြင်လိုက်ရပါတယ်..။တစ်ခုခု ကြောက်လန့်စရာကောင်းတာကတော့..အမှန်တကယ်ပဲ ဖြစ်လာတော့မှာပါ...။

All Chapters