အခန်း (၇၁၀)
Vol. 48 Ch. 710
#ဘာသာပြန် = စနိုးဝှိုက်
နယ်မြို့လေး တစ်မြို့တွင်..။
သာမန်အိမ်လေး တစ်အိမ်ထဲ၌..။
ချန်းယူအန်းက..အသက် နှစ်ဆယ့် သုံးနှစ် ရှိပါပြီ.။အရင်တုန်းက..သူဟာ သွက်သွက်လက်လက်..နဲ့ လူမူဆက်ဆံရေး ကောင်းပြီး ဂီတကိုလည်း ခံစားနိုင်စွမ်းရှိပါတယ်..။သို့ပေမယ့် အခုတော့..သူဟာ..တသီးတသန့် နေတတ်တဲ့ လူတစ်ယောက် ဖြစ်သွားပြီး..ဘယ်သူနဲ့ မှ စကားမပြောတော့ပါဘူး..။ဒီတစ်လလုံး ဆိုရင် သူဟာ..အိမ်အပြင်ကို ထွက်တာ တစ်ကြိမ်ပဲ ရှိပါသေးတယ်..။
သူ့ရဲ့..အခြေအနေက ..သူ့မိဘတွေကို စိတ်ပူစေပြီး တစ်ချိန်တည်းမှာပဲ..ဒီလို အခြေအနေကို..ဖြစ်အောင်လုပ်ခဲ့တဲ့ အရာတွေကို ဒေါသ ထွက်ကြရပါတယ်..။
"သား..အမေ ပြောတာ နားထောင်.။အပြင်သွားပြီး လမ်းလျောက်ကြရအောငိ..ဒီလိုမျိူး တစ်ယောက်တည်း အခန်းထဲမှာ နေမနေနဲ့.."
အမေ ချန်း ပြောလိုက်တာပါ..။သို့ပေမယ့် သူမ ပြန်ရတာ ဆိုလို့ တိတ်ဆိတ်မူပါပဲ..။
ဟင်း...
လွန်ခဲ့တဲ့..နှစ်နှစ်က သူ့သား ဟာ သီချင်းဆိုပြိုင်ပွဲ တစ်ခုကို သွားပြိုင်ခဲ့ပြီး..သူ့ရဲ့ အသံက အတောိကောင်းတာကြောင့်..မိသားစုဝင်တွေက.ဆုရမယ် ဆို့တောင် မျှော်လင့်ထားခဲ့ကြပါတယ်..။သိူ့ပေမယ့်..ဖိုင်နယ် မှာ...တစ်ခုခု ဖြစ်ပျက်သွားခဲ့တယ်..။
သူ့သားက.ကိုယ်ပိုင်သီချင်း တစ်ပုဒ်ကို ရေးထားပြီး ပုံမှန်အားဖြင့်..သူက ဒါကို ဗိုလ်လုပွဲရောက်မှ လျို့ဝှက်လက်နက် အဖြစ်သုံးချင်ခဲ့တာပါ..။သိူ့ပေမယ့်..တစ်ခုခု မမျှော်လင့်တာ ဖြစ်သွားခဲ့တယ်..။သူ့ရဲ့ ပြိုင်ဘက်က သူရေးထားတဲ့ တူညီတဲ့ သီချင်း တစ်ပုဒ်ထဲကို ဆိုသွားခဲ့တာပါပဲ..။
သူ့ရဲ့သားက..ပြိုက်ဘက်ဟာ..သူ့ရဲ့ .သီချင်းကို ခိုးယူပါတယ် လို့ ပြောတဲ့ အချိန်မှာ ထပ်ပြီး မထင်မှတ်ထားတာ ဖြစ်လာခဲ့တယ်.။ဒိုင်တွေနေရာမှာ ရှိနေတဲ့ ယန်ဂျင်က..တည်တည်ငြိမ်ငြိမ်နဲ့ ဒီသီချင်းက.သူ့သားဟာ မဟုတ်ဘူး..ပြိုင်ဘက်ရဲ့ဟာလို့ ပြောခဲ့တာပါ..။
ပြီးတော့.ဒီသီချင်းက သူမရဲ့သား ပိုင်တယ် ဆိုတာကို သိတဲ့ တစိယောက်တည်းသော သူကလည်း ယန်ဂျင်ပါပဲ..။
ဒီလို အခြေအနေမှာ..ဂီတလောကရဲ့..ဘုရင်မဖြစ်တဲ့.ယန်းဂျင်ကို ဘယ်သူမှ မေးခွန်း မထုတ်ရဲကြပေ..။သူ့သား.ဘယ်လောက်ပဲ..သက်သေပြဖို့ ကြိုးစား ကြိုးစား ဘယ်သူမှ မယုံကြည့်ကြပါဘူး..။အဲဲဒီအစား သူ့သားက မဟုတ်မမှန်တာ ပြောဆိုကာ လိမ်လည်ဖို့ ကြံတယ် ဆိုပြီး အစော်ကားခံခဲ့ရပါတယ်..။
နောက်ဆုံးတော့ အခုလိုပဲ..သူမ သားရဲ့ အမူအကျင့်တွေက ပြောင်းလဲ ခဲ့ပါတယ်..။သူတို့ ပြန်ရောက်တာနဲ့ သူမသားက အခန်းထဲမှာ တစ်ချိန်လုံးနေနေတော့တာပါပဲ..။
အခန်းထဲတွင်..။
ချန်းယူအန်းဟာ.အိပ်ယာပေါ်မှာ လူသေ တစ်ကောင်လို ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့တယ်.။သူ့ မျက်လုံးတွေက..မျက်နှာကျတ်ကို ကြောင်တောင်တောင် ကြည့်နေပြီး..သူ့စိတ်တွေကတော့ လွန်ခဲ့တဲ့ နှစ်နှစ်က. အဖြစ်အပျက်မှာ ရှိနေတုန်းပါပဲ..။
ကလင် ကလင်.
သူ့ ဖုန်းမြည်လာခဲ့တယ်..။
သူ့မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက..သူငယ်ချင်း တစ်ယောက်သာ..ရှိပြီး ဒီသူငယ်ချင်းကပဲ..ဒီတစ်လျောက်လုံး သူ့ကို ဆက်သွယ်ပြီး စကားပြောပေးခဲ့တာပါ..။
သို့ပေမယ့် ချန်းယူအန်း ပုံစံက ဘယ်သူနဲ့မှ စကားပြောချင်တဲ့ ပုံစံ မရှိပါဘူး..။သူ ဖုန်းကို ကိုင်လိုက်ရင်တောင် စကား တစ်ခွန်းမှ ပြောလေ့ မရှိပေ..။
ဒီနေ့ ချန်းယူအန်း ဖုန်းကို ကောက်ကိုင်လိုက်တယ်..။
"ယူအန်း..သတင်းကို အမြန်ကြည့်လိုက်.။မင်း မြင်ပြီး သွားရင် တကယ် ပျော်သွားလိမ့်မယ်.."
"ယူအန်း ငါပြောတာ ကြားလား..။မင်း အဲ့တုန်းက မတရား ခံခဲ့ရတယ်..ငါသိပါတယ်..။ဒီတစ်ကြိမ်တော့ အဲ့ခွေးမ ယန်ဂျင် ကံဆိုးပြီး..။တစ်စုံတစယောက်က မင်းအတွက် လက်စားချေပေးလိုက်တယ်..။
ယန်ဂျင်ရဲ့..နာမည်ကို ကြားတဲ့ အချိန်မှာ ချန်းယူအန်း အမူအယာ အပြင်းအထန် ပြောင်းလဲသွားခဲ့တယိ..။ဒါက တစ်စုံတစ်ယောက် သူ့ခေါင်းထဲမှာ ဗုံးတစ်လုံး လာ ဖောက်ခွဲလိုက်သလိုပါပဲ..။
"အမြန်ကြည့်လိုက်ဦး.။ယန်ဂျင်က လမ်းဘေးမှာ သေအောင် ရိုက်ခံရတာ..။ဒါက အတော် ရက်စက်တာပဲ.."
ခံစားချက် မဲ့နေတဲ့ ချန်းယူအန်း ဒီစကားတွေကို ကြားတဲ့ အချိန်မှာ ချက်ချင်းထထိုင်လိုက်တယ်..။သူ့ရဲ့ နှစ်နှစ်လုံးလုံး အသက်မဲ့နေတဲ့ မျက်လုံးတွေဟာ ပထမဆုံး အကြိမ် စတင် လှုပ်ခတ်လာခဲ့ပြီး..မသုံးတာ အတော်ကြာပြီဖြစ်တဲ့..ကွန်ပြူတာ ရှေ့ကို ပြေးသွားခဲ့ပါတယ်..။
သတင်းခေါင်းစဥ်ကို ဖတ်လိုက်တဲ့ အချိန်မှာ ချန်းယူအန်း စတင်ပြီး တုန်ရီလာခဲ့ပါပြီ..။
သူ ဗီဒီယို ဖွင့်တဲ့ ခလုတ်ကို နိိပ်လိုက်တယ်..။
ဗီဒီယို ထဲမှာတော့ ယန်ဂျင်ဟာ ဆက်တိုက် အရိုက်ခံနေရတယ်..။ချန်းယူအန်းရဲ့ မျက်နှာဟာ ရုတ်တရက် နီရဲလာခဲ့ပြီး..ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာခဲ့ပါတယ်..။
"ကောင်းတယ်..သူမကို ရိုက်...သူမကို ရိုက်ပစ်လိုက်.."
ဖုန်းထဲက သူငယ်ချင်းကတော့ ချန်းယူအန်း ရဲ့ အသံကိုကြားမှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။ဒေါက်တာ ပြောဆိုချက်အရတော့ ချန်ယူအန်း ခံစားနေရတဲ့ စိတ်ကျရောဂါက ဆေးဝေါးတွေနဲ့ ကုသလို့ မရပါဘူး..။
သူ လုပ်ဖို့လိုနေတာက..သူ မြင်ချင်တဲ့ အရာကို မြင်တွေ့ရပြီး..သူ့ရဲ့..လွန်ခဲ့တဲ့ နှစ်နှစ်က တရား မမျှတမူအတွက် ဒေါသ တွေ တစ်ခါတည်း ပွင့်ထွက်သွားဖို့ပါ..။
ချန်းယူအန်း အမြင်ချင်ရဆုံး အရာက..ယန်းဂျင် သင်ခန်းစာ အပေးခံရဖို့ပါပဲ..။ပြသနာက..သာမန်လူတွေက သူမကို ထိတောင် မထိရဲကြပေ..။
ကံကောင်စွာပဲ..ဒီထဲမှာ မာစတာလင်း မပါခဲ့ပါဘူး..။
ရှန်ဟိုင်း ဂြိုလ်တု.. TV ..နစ်ဝါ့ တွင်..။
ဒါရိုက်တာ တွေ အုပ်စုဟာ..အစည်းအဝေး ခန်းထဲမှာ ထိုင်ပြီး အရေးပေါ် အစည်းအဝေး လုပ်နေခဲ့ကြပါတယ်..။
"ငါ တို့ ဘာဆက်လုပ်ကြမလဲ..။ယန်ဂျင်ကို ဒိုင်အဖြစ် ဆက်ပြီး ခန့်အပ်ဦးမှာလား..."
ဒါရိုက်တာ တစ်ယောက်က မေးလိုက်တာပါ..။
"ငါကတော့..ယန်ဂျင်က ဒီအလုပ်နဲ့ သိပ်မသင့်တော်ဘူး ထင်တာပဲ..။မနေ့ညက ကိစ္စအပြီးမှာ သူမရဲ့ ပုံရိပ်က အကြီးကြီး သက်ရောက်သွားပြီလေ.."
"အမှန်ပဲ..ငါတို့..နောက်တစ်ယောက်နဲ့..အစားထိုးသင့်တယ် ထင်တယ်.."
နစ်ဝါ့ ရဲ့ ဥက္ကဌ က တိတ်ဆိတ်နေရာမှ ပြောလိုက်တာပါ..။
နစ်ဝါ့ရဲ့ ဒုတိယ ဥက္ကဌဟာ ပြန်ပြောလိုက်တယ်..။
"ယန်ဂျင်က အခုနကပဲ..ကျုပ်ကို ဖုန်းခေါ်ပြီး..မာစတာလင်းကို တရားစွဲဆို ဖို့ ပြောနေတယ်..။ကျုပ်ကတော့ အခုထိ သူ့သဘောထားကို သဘောမတူရသေးဘူး..ဒါကြောင့်..ဒီမှာအကုန်လုံးရဲ့ ထင်မြင်ချက်ကို လိုချင်တယ်..."
"ဘာလို့ ကျုပိတို့က..တရားစွဲရမှာလဲ..။ဒီကိစ္စက..သူမ နဲ့ မာစတာလင်းရဲ့ ပြသနာပဲ..။ကျုပ်တို့ ဝင်မပါသင့်ဘူး.."
ဒုတိယ ဥက္ကဌ ရဲ့မျက်နှာဟာ လေးနက်သွားခဲ့ပြီး..
"ယန်ဂျင်နဲ့ ကျုပ်တို့က..လက်တွဲလာတာ နှစ်တွေ အများကြီး ကြာနေပြီလေ..။သူမ ဘယ်ကလာတာလဲ ဆိုတာ ကျုပ်သိတယ်..ဒါကြောင့် အကြံပြုချင်တာက..လူထုကို ..ကြေညာချက် ထုတ်ပြန်ပြီး..မာစတာလင်းကြောင့်..ယနိဂျင်က ဒိုင်အဖြစ် ဆက်မလုပ်နိုင်တော့ဘူးလို့ ပြောစေချင်တယ်..။ဒါဆိုရင် ကိစ္စအားလုံးကို မာစတာလင်း အပေါ်မှာပဲ အပြစ်တင်လိုက်လိူ့ရပြီ..."
"ကျုပ်လည်း ယန်ဂျင် နဲ့ အတူ ရပ်တည်သင့်တယ်လို့ ထင်တယ်..။ဒီပြသနာက ကျုပ်တိုြ အပေါ် သက်ရောက်မူ အတော်ကြီးမားတယ်လေ.."
အဖွဲ့ဝင် တစ်ယောကိက ပြောလိူက်တာပါ..။
"အင်း..ငါ သဘောတူတယ်..။ငါ တို့ ရိုးရိုးသားသား ရှင်းပြလိုက်ရင်.ယန်ဂျင်ကို ငှားရမ်းမယ့် ကုန်ကျစရိတ်လည်း လျော့ချပြီးသား ဖြစ်သွားလိမ့်မယ်လေ.."
"ငါ သဘောမတူဘူး.."
ရုတ်တရက် ဥက္ကဌဟာ ဝင်ပြောလိုက်တယ်..။
"ဥက္ကဌ လီ..ဒါက ဘာကို ဆိုလိုတာလဲ..။ကျုပ်တို့ ယန်ဂျင်ရဲ့ ဘက်မှာ ရပ်မယ် ဆိုရင် ပိုပြီး အကျိုးရှိတယ်နော်..."
အဖွဲ့ဝင်တစ်ယောက်က..နားမလည်နိုင်စွာ ပြောလိုက်တာပါ..။
"ရှန်ဟိုင်းက မာစတာလင်း ဆိုတာ ဘယ်သူလဲ..မင်းတို့ မေ့နေပြီလား.."
ဥက္ကဌ လီ မေးလိုက်တယ်။
ဥက္ကဌ လီ ရဲ့ နှုတ်က..မာစတာလင်း ဆိုတဲ့ စကားကို ကြားလိုက်တဲ့ အချိန်မှ..အကုန်လုံး..အံ့ဩသင့်သွားပြီး အသိစိတ်ပြန်ဝင်သွားခဲ့ကြပါတယ်..။
"ဟုတ်တယ် ..မာစတာလင်းက တကယ်ကို ရှုပ်ထွေးတဲ့..ကာရိုက်တာ ရှိတဲ့ လူတစ်ယောက်ပဲ.."
"ဝိတ်ကျ ရောဂါကို ရအောင် ကုသပေးသးခဲ့တဲ့ နတ်ဆေးဆရာလေး..တရုတ် ဆေးပညာ အခြေခံသင်ရိုးကို ရေးသားခဲ့တဲ့လူ..တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်..ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ ..."
"ပိုပြီး အရေးကြီးတာက..သူ နိုင်ငံတကာ အနုပညာ ပြပွဲ အတွက် ရေးဆွဲထားတဲ့..ပန်းချီကား ဆယ်ချပ်က..နိုင်ငံရဲ့ အနုပညာ..ပြတိုက် ထဲကို ရောက်နေပြီဆလ..။နိုင်ငံရဲ့ ယဥိကျေးမူ ဌာနက သူ့ကိုဆိုရင် အတော်ကို အလေးထားတာ..။တကယ်လို့..ငါတို့ ယန်ဂျင်ဘက်မှာ ရပ်တည်လိုက်ရင် အပြစ်ပြုမိနိုင်တဲ့ လူတွေက အများကြီးပဲ..."
"ဥက္ကဌ..တကယ်လိူ့ ကျွန်တော် တို့ ဒီကိစ္စအပေါ် မှာ ထင်မြင်ချက် မှ မပေးပဲ ဒီတိုင်းထားလိုက်တာက..ယန်ဂျင်ကို စော်ကားတာ မဟုတ်ဘူးလား.."
အဖွဲ့ဝင်တစ်ယောက်က..မေးလိုက်တာပါ..။
ဥက္ကဌဟာ ခေါင်းညိမ့်လိုက်တယ်..။
"ငါတို့ ဘာလုပ်နိုင်မှာ မို့လို့လဲ..။ဒါက..ဆယ်လီတစ်ယောက်ကို စော်ကားမှာလား..ဒါမှမဟုတ် နိုင်ငံရဲ့..ဂုဏ်ကျတ်သရေ ဆောင်ကိုလား ဆိုတာရွေးချယ်ရမယ့် အရာလေ..။နိုင်ငံရဲ့ ယဥ်ကျေးမူ ဌာနက ငါတို့ တံခါးကို လာခေါက်ရုံတင် မကဘူး..အင်တာနက် တစ်ခုလုံးကပါ..ငါတို့ကို သေလောက်အောင် ဝေဖန်ကြမှာ..."
"ငါတို့ တစ်စုံတစ်ယောက်ကို အပြစ်တင်မယ် ဆိုရင်လည်း..ယန်ဂျင် ကိုပဲ. အပြစ်တင်သင့်တယ်လေ..။သူမ ဂုဏ်သတင်း ကျော်ကြားတော့ရော ဘာဖြစ်လဲ..။မင်းတို့ အင်တာနက်က ဆွေးနွေးမူတွေကို ဖတ်ပြီးပြီလား..။လူတိုင်းက မာစတာလင်း လုပ်ရပ်ကိုတောင် သဘောကျနေကြတာ.."
"ဥက္ကဌ ပြောတာ အဓိပ္ပါယ်ရှိတယ်..။ကျုပ်လည်း ဒီကိစ္စကို တိတ်တိတ်ပဲ နေဖို့ အဆိုပြုချင်တယ်..။ဒိုင်အဖြစ် ရွေးချယ်ဖို့ကိုတော့ ကျုပ်တို့ မာစတာလင်းကိုပဲ ပြန်ဖိတ်လိုက်ရင် ဘယ်လိူလဲ..။ခင်ဗျားတို့ မမေ့သေးဘူးဆိုရင် ဝူရွှန်းယွဲ့ ရဲ့ သီချင်းတွေကို ရေးထားတာ မာစတာလင်းနော်..။ကျုပ် ဒီလောက်နှစ်တွေမှာ..မာစတာလင်းလောက် အရည်အချင်းရှိတဲ့လူကို မမြင်ဖူးသေးဘူး.."
နစ်ဝါ..ရဲ့ ဒုတိယဥက္ကဌ က ပြောလိုက်တာပါ..။
အဲအချိန်မှာပဲ..အစည်းအဝေး အခန်းဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်..။
"ဟုတ်တယ်..ဟုတ်တယ်..။ဒုတိယ ဥက္ကဌ ပြောတာ အဓိပ္ပါယ်ရှိတယ်နော်..။မာစတာလင်းက ဆယ်လီ တစ်ယောက် မဟုတ်ပေမယ့် ကျော်ကြားတယ်လေ..။ထပ်ပြောရရင် သူရေးတဲ့ သီချင်းတွေကလည်း အဆင့်အတန်း မြင့်တွေချည်းပဲ..။တကယ်လို့ သူသာ ဒိုင်တစ်ယောက် ဖြစ်လာမယ်ဆိုရင်..ကျုပ်တို့ တစ်ခြားလူကို စဥ်းစား နေစရာတောင် မလိုတော့ဘူး..."
"အဓိပ္ပါယ်ရှိတယ်..။ငါတို့က နိုင်ငံရဲ့ အဖွဲ့အစည်းဆိုတော့..တစ်ခြားလူတွေ ကိစ္စမှာ ဝင်မပါသင့်ဘူး..."
"မာစတာလင်းဆိုတာက ရှန်ဟိုင်းရဲ့..ဂုဏ်ဆောင် ပဲလေ..။ငါ့အိမ်က ..သားသမီး တွေဆို..သူ့ကို သူရဲကောင်းတစ်ယောက်လိုပဲ သဘောထားကြတယ်..။တကယ်လို့..ကလေးတွေ သာ..ငါ မာစတာလင်းနဲ့ အလုပ်တွဲလုပ်နေမှန်းသိရင်..ကလေးတွေ ရှေ့မှာ..ငါ မာစတာလင်းကို မရှုံးနိမ့်ချင်ဘူး.."
"ဟားဟား.."
အဲ့အချိန်မှာပဲ..အခန်းတစ်ခုလုံး ရယ်မောသံတွေ ပြည့်နှက်သွားခဲ့ပါတယ်..။