← Chapters

ဂေဟာနာမည်က ဘာလဲ..

Vol. 48 Ch. 712

ဂေဟာနာမည်က ဘာလဲ..

Vol. 48 Ch. 712

#ဘာသာပြန် = စနိုးဝှိုက်

ဒီဝှိုက်ဘိုပို့စ် တက်လာတဲ့နောက်မှာ..အတော်ဝေးဝေးက ဟော်တယ်မှာ ရှိနေတဲ့..ယန်ဂျင်ဟာ ဒေါသထွက်သွားခဲ့တယ်..။ဒီခွေးသားက..ဒီလောက်အထိ..အရှက်မဲ့လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

ဒေါ်လာ ၅၀၀ လား..။

ငါ နင့့်ရဲ့ လက်တွေကို ဖြတ်ပစ်မယ်..။

သို့ပေမယ့်..ရှက်ဖို့ကောင်းတာက..သူမ ဘယ်လောက်ပဲ ဒေါသ ထွက်ထွက် ဒါက အသုံးမဝင်ပါဘူး..။သူမ ဒေါသထွက်လို့ သေသွားရင်တောင်..လင်းဖန်အပေါ်ကို..အနည်းငယ် သက်ရောက်နိုင်မှာ မဟုတ်ပေ..။

တိမ်ဖြူလမ်း..။

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"အစ်ကိုလင်း..က ယန်ဂျင် ကို..လုံးဝ..ခေါင်းမထူနိုင်အောင် လုပ်နေတာပဲ..."

"ဟီးဟီး.."

လင်းဖန် ရယ်မောလိုက်တယ်...။

"သူမ ဒေါသထွက်ပြီး..သေသွားရင်တော့ အကောင်းဆုံးပဲ.။ဒါပေမဲ့ ဒိီမိန်းမရဲ့..အဆင့်အတန်းက..အနေအထားတစ်ခုမှာ ရှိတယ်..။အခုက စပြီး..ငါ သူမကို တွေ့တဲ့ အချိန်တိုင်း..ခြောက်လှန့်ရမယ်..."

လူလိမ်ထျန် ရယ်မောလိုက်ပြီး..

"မင်းက တကယ်ဆိုးတဲ့ ကောင်လေးပဲ..။မင်းနဲ့ ရန်သူ ဖြစ်တဲ့ လူတိုင်းက ခံစားကြရလိမ့်မယ်..။အရင်တစ်ချိန်တုန်းက ဆိုရင် မင်း သူမ ဆိီကို သွားပြီး သတ်ဖြတ်လိုက်ရုံပဲ..အခုချိန်မှာတော့..လူသတ်တာက တရားမဝင်တော့ဘူးလေ.."

"လူလိမ် ခင်ဗျား အတွေးတွေက နည်းနည်း အန္တရာယ် များနေသလိုပဲနော်..။တစ်စုံတစိယောက်က..နာကျင်အောင် လုပ်တာ..သတ်ဖြတ်တာ ဆိုတာက ကောင်းတဲ့အရာမဟုတ်ဘူး..။တစ်စုံတစ်ယောက်က..အသက်ရှင်နေသ၍ ဘဝ မှာ ဒီလို အရာလေးတွေက ကြုံရမှာပဲ..။ဒီလို အရာတွေ မရှ်ိရင် ဘဝကြီးက အဓိပ္ပါယ်မဲ့သလိုဖြစ်နေမှာလေ.."

သူ့လို.အကြင်နာ တရားရှိတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် တစ်စုံတစ်ယောက်ကို သတ်မှာလဲ..။

အဲ့အချိန်မှာ ပဲ လင်းဖန် သူ့ရဲ့ ရည်မှန်းချက် တစ်ခုကို ထပ်ရလိုက်တယ်..။ဒါက..ဒီခွေးမ သူ့ကို မြင်တဲ့ အချိန်တိုင်း ကြောက်ရွံ့နေအောင် လုပ်ဖို့ပါပဲ..။

ဝူယူလန် လင်းဖန် ရဲ့..ဘေးနားကို လာပြီး တီးတိုး ပြောလိုက်ပါတယ်..။

"ညီိမတောင် ရွှန်းယွဲ့ကို မနာလိုဖြစ်မိတယ်..."

ဝူယူလန် ရဲ့ အမူအရာကို ကြည့်ပြီး လင်းဖန် ပြောလိုက်တယ်..။

"ဘာများ မနာလိုစရာ ရှိလိူ့လဲ..တကယ်လို့ မင်း အနိုင်ကျင့်ခံရရင်လဲ..မင်းရဲ့ အစ်ကိုလင်းက..သူတို့ အကုန်လုံးကို ဆန့်ကျင်တိုက်ခိုက်ပေးမှာပဲလေ..."

ဝူယူလန် ..ရယ်မောလိုက်တယ်..။

"ညီမက အစ်ကိုလင်း..ကို တစ်ခြားလူတွေ နဲ့ ရန်မဖြစ်ချင်ပါဘူး..။ညီမက ရွှန်းယွဲ့လိူပဲ ဖြစ်ချင်တာ..."

ဒါက်ို ပြောပြီးတဲ့ နောက်မှာ သူမ ရဲ့ ခံစားချက်က အတော်ကို ကောင်းမွန်လာခဲ့ပါတယ်..။

"ကောင်းပြီလေ..ဒါဆိုလည်း..တို့တွေ သူတို့ကို အတူတူ မုန်းကြတာပေါ့.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

ဒါက ဘဝပါပဲ..။ဒါက အတော်ကို တောက်ပနေခဲ့ပါတယိ..။သို့ပေမယ့် အခုချိန်မှာ လင်းဖန် အတွက် တွေးစရာလေး ရှိနေခဲ့တယ်..။

"ကျုပ် ..အဲ့ကိုသွားပြီး ဒိုင်တစ်ယောက် လုပ်သင့်တယ်လိူ့ ခင်ဗျားတို့ထင်လား..။ဘာလိူ့ ကျုပ်ကို ဒိုင်အဖြစ် ခန့်ချင်နေကြတာလဲ.."

လင်းဖန် မေးလိုက်တာပါ..။သူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်..။သူ..ကြည့်ရူသူနှုန်း အရမ်းများတဲ့..ရှန်ဟိုင်း TV ရှိုး တစ်ခုမှာ ဘယ်တုန်းကမှ မပါဖူးပါဘူး..။

သူ ရုတ်တရက် အရမ်းကျော်ကြားသွားရင် ..လူတွေက သူ အပြင်ထွက်ရင်တောင် ဓာတ်ပုံ ဝိုင်းရိုက်ကြမှာလား..။

ဝူယူလန် မျက်လုံးတောက်ပသွားခဲ့ပြီး..။

"အစ်ကိုလင်း..ပါသင့်တယ်.နော်..။တကယ်လို့ အစ်ကိုလင်း ဒိုင်ဖြစ်လာရင် ဒါက တကယ်ကို အံ့ဩဖို့ကောင်းမှာ.."

လူလိမ် ထျန်ဟာ..လင်းဖန် ကို ကြမ်းတမ်းတဲ့ ရုပ်နဲ့လှမ်းတို့လိုက်ပြီး ပြုံးကာ ပြောလိုက်တယ်..။

"ညီအစ်ကို..ရှိုးပွဲကို သွားလိုက်တော့..။တကယ်လို့ မင်းအဲ့မှာ..တပည့်မ ချောချောလေးတွေ တွေ့ရင် ငါနဲ့ မိတ်ဆက်ပေးလို့ရတယ်လေ..။ဘာပဲဖြစ်ဖြစ် မင်းနဲ့ ငါနဲ့က သိလာတာ အတော်ကြာပြီ ဆိုတော့ ငါ့အတွက်လည်း တွေးပေးသင့်တယ်လေ..ဟုတ်တယ်မလား..."

လင်းဖန် သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး...

"မေ့လိုက်တော့..တကယ်လိူ့ သင့်တော်တဲ့ တစ်ယောက် ရှိရင်တောင် ကျုပ်ကတော့ ကောင်လေး ကျောက်ကိုပဲ..မိတ်ဆက်ပေးမှာ..."

ကျောက်ကျန်းယန် ဒါကိုကြားတဲ့ အချိန်မှာ ပြုံးလိုက်တယ်..။သူ ယုံကြည်မူ ရှိရှိ မတ်တတ်ရပ်လိုက်ပြီး..ဂုဏ်ယူစွာ ပြောလိုက်ပါတယ်..။

"လူလိမ်..အစ်ကိုလင်း ပြောတာ မှန်တယ်..။ခင်ဗျား..မေ့ထားလိုက်တော့..။ဒီလို အရာမျိုးဆိုတာက လူငယ်တွေ အတွက် အသင့်တော်ဆုံးပဲ.."

"ဟမျ့.."

လူလိမ် ထျန်ဟာ အထင်သေးစွာ တစ်ကြည့်လိုက်ပြီး..ဝင်ပေါက်ကို သွားကာ..စီးကရက် ထိုင်သောကိနေခဲ့ပါတယ်..။နာကျင်မူတွေကတော့..သူ့ရဲ့ မျက်နှာမှာ လုံးဝ အထင်းသား ပါပဲ..။

သူက အသက်ကြီးလာလေလေ ..ပိုပြီး ဆွဲဆောင်မူ ရှိလာလေလေ ဆိုတဲ့ လူမျိုးပါ..။ဘာလို့..ဘယ်သူမှ လာမကြိုက်ကြတာလဲ..။ဒါက မဖြစ်နိုင်ပါဘူး..။

လင်းဖန် ပြုံးလိုက်ပြီး..

"ကောင်းပြီလေ..ဒါဆိုလည်း..ကျုပ်သူတို့ကို ပအခုပဲ ပြန်ပြောလိုက်တော့မယ်..။ဒိုင်တစ်ယောက် ဖြစ်လာတာကလည်း သိပ်တော့ ဆိုးတဲ့ အရာမဟုတ်ပါဘူး.."

ဝိုက်ဘို.. " ကျေးဇူးပါ..ရှန်ဟိုင်း TV.ကျွန်တော်လည်း ဒိုင်အဖြစ် လုပ်ဖို့ သင့်တော်တယ်လို့ ခံစားရပါတယ်..။ဘယ်သူကမှ ကျွန်တော့်လောက် သင့်တော် နိုင်မှာ မဟုတ်ပါဘူး..။

*ဟီးဟီး*

"အားလုံးပဲ..ပြေးကြ..မာစတာလင်းက သူ့ကိုသူ မြှောက်နေပြန်ပြီ..."

"ငါ မာစတာလင်းကို ဒိုင်တစ်ယောက် အဖြစ်ထောက်ခံတယ်..။သူသာ ဒိုင်ဖြစ်လာရင် ..ငါ..အပိူင်းတိုင်းကို မလွတ်တမ်းကြည့်ဖြစ်မှာပဲ..."

"ငါရောပဲ..မာစတာလင်း ဒိုင်တစ်ယောက်ဖြစ် လာရင် ဘယ်လိုတွေ လူပ်မလဲ မသိဘူး.."

အင်တာနက် ရဲ့ တုန့်ပြန်မူတွေကြောင့် ရှန်ဟိုင်း TV ကလည်း အလျင် အမြန် တုန့်ပြန်လာခဲ့ပါတယ်..။ဒါပေါ့.သူတို့က..ပိုပြီးတောင် ကြိုဆိုကြပါသေးတယ်..။သူတို့..ပိုက်ဆံ အကြောင်း မဆွေးနွေးရသေးပေမယ့်..ပြိုင်ပွဲကျင်းပ ဖို့က တစ်လလောက် လိုသေးတာ ဆိုတော့ အလျင် လို ဖို့ မလိုအပ်ပါဘူး..။

နယ်မြို့လေးတွင်..။

ချန်းယူအန်း ဝိုက်ဘိုပေါ်က..သတင်းတွေကို ဖတ်ပြီး..ခွန်အားတွေ ပြန်ပြည့်လာခဲ့ပါတယ်..။သူ အခန်းတံခါးကို ဖွင့်လိုက်တယ်..။

"အမေ..သား..ရှန်ဟိုင်း TV ရဲ့ သီချင်းဆို ပြိုင်ပွဲမှာ ဝင်ပြိုင်မယ်..။သား ကိုယ့်ကိုကို သက်သေပြချင်တယ်..။

နှစ်နှစ်လောက် ..သည်းခံပြီး စောင့်ဆိုင်းနေတဲ့ အမေချန်းဟာ..သူမရဲ့သား ဒီစကားပြောတာကို ကြားတဲ့ အချိန်မှာ မျက်ရည်တွေ..အဆက်မပြတ်စီးကျလာခဲ့ပါတယ်..။သူမသားသာ ပြန်ကောင်းလာမယ် ဆိုရင်..ဘယ်လို ကိစ္စပဲ ဖြစ်ဖြစ် သူမ ကျိန်းသေ ထောက်ပံ့ပေးမှာပါ..။

…

မျက်စိ တစ်မှိတ် အတွင်းမှာပဲ..ရက်အနည်းငယ် ကုန်သွားခဲ့တယ်..။

ယန်ဂျင်ကတော့..ဝိုက်ဘိုမှာတောငိ ပေါ်မလာတော့ပဲ..လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်..။သို့ပေမယ့်..လင်းဖန်ကတော့ ဒါကို လုံးဝ စိတ်မပူမိပါဘူး..။ဒါက ကိစ္စသေးသေးလေးပါ..။

သတင်း အေဂျင်စီ တစ်ခုတွင်..။

သက်လတ်ပိုင်း အရွယ်စုံတွဲဟာ ဝင်ပေါက်မှာ ပေါ်လာခဲ့တယ်..။သူတို့က လီဖက်တီးလေး ရဲ့ အန်ကယ် နဲ့ အန်တီပါ..။

ဒီရက်ပိုင်း အတွင်းမှာ သူတို့ သတင်းအေဂျင်စီ တွေ အများကြီး ဆီသွားကြပေမယ့်..ဘယ်သူကမှ မကြိုဆိုကြပါဘူး..။ကြည့်ရတာ သူတို့က ကိစ္စတစ်ခုခု ကြောင့် အလုပ်ရှုပ်နေကြတဲ့ ပုံပါပဲ..။

ယန်ဂျင် နဲ့ မာစတာလင်းတို့ရဲ့ သတင်းက သတင်းဌာနတွေ အများကြီးကို အလုပ်ရှုပ်စေခဲ့ပါတယ်..။သူတို့တွေက..ဘာအတွက်ကြောင့် ရောက်လာမှန်း မသိတဲ့ ဒီစုံတွဲ အတွက် အချိန်မပေးနိုင်တာက ပုံမှန်ပါပဲ..။ဒါကြောင့် သတင်း အေဂျင်စီတွေက..သူတို့ရဲ့ ဖုန်းနံပါတ် တွေသာ..ပေးလိုက်ပြီး ရက်အနည်းငယ် နေမှ ပြန်လာကြဖို့ ပြောလိုက်ကြပါတယ်..။

ဒီနေ့မှာတော့..ဝမ်ချန်ရှမ်း နဲ့ ချီယူလန် တ်ို့ဟာ ရှန်ဟိုင်း သတင်းဌာန တစ်ခုရဲ့..ဝင်ပေါက်မှာ ပေါ်လာခဲ့ပြီး..နန်ရှမ်းဂေဟာက လီဖက်တီးလေးကို လက်လွှတ်မပေးတဲ့ ကိစ္စကို ဖော်ထုတ်ချင်နေခဲ့ကြတယ်..။

ဝမ်ချန်ရှန်း ထပ်ပြီး မစောင့်ချင်တော့ပါဘူး..။အချိန်တွေ ကြာလာလေလေ..သူ့ရဲ့ အတွေးတွေ ရှုပ်ထွေးလာလေလေ ပါပဲ..။သူ့ ခန္တာကိုယ်က တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာနေပြီး ..သူ နေမကောင်းတာက အစောပိုင်း အဆင့်ကနေ..အလယ်ပိုင်း အဆင့်ကို ရောက်လာတာတောင် ဖြစ်နိုင်ပါတယ်..။

သတင်းဌာန ထဲတွင်.။

သတင်းထောက်တစိယောက်ဟာ သူတို့နှစ်ယောက်ကို မြင်ပြီး ပရိုဖက်ရှင်နယ် ပီသ တဲ့ကြိုဆိုလိုက်တယ်..။

"ဘယ်လို သတင်းကို အကြောင်းကြားပေးချင်တာလဲ သိလို့ရမလား..."

ဝမ်ချန်ရှမ်း အနည်းငယ် စိုးရိမ်နေခဲ့တယ်..။ယင်းနောက် သူ အလျင်အမြန်ပဲ ပြောလိုက်ပါတယ်..။

"အခြေအနေက ဒီလိုပါ..။လွန်ခဲ့တဲ့..နှစ်အနည်းငယ်က..ကျုပ်ရဲ့ ညီအစ်ကိုက ကားမတော်တဆမူကြောင့် ဆုံးသွားပြီး သူ့မှာလည်းကလေးတစ်ယောက် ကျန်ခဲ့တယ်..။ပြီးတော့ ကလေးက ကံမကောင်စွာနဲ့ လူကုန်ကူးသမားတွေ ရဲ့ ဖမ်းခံခြင်းကို ခံလိုက်ရတယ်လေ..။ဒါကြောင့်ပဲ..ကလေးရဲ့ အမေက နောက်အိမ်ထောင် ထပ်ပြုလိုက်တယ်...။အခု ကလေးကို ပြန်တွေ့ပြီလေ..။ဒါကြောင့် ကလေးရဲ့ အန်ကယ် နဲ့ အန်တီ ဖြစ်တဲ့ အတွက် ကလေး..ကို ပြန်ခေါ်ပြီး ..သေသေချာချာ ပြုစု ပျိုးထောင် ပေးချင်နေတာ.။ဒါပေမဲ့.. မသန်စွမ်းဂေဟာက ..ကလေးကို လက်မလွတ်ပဲ..အစ်ကိုတို့ လက်ထဲကို ပြန်ထည့်မပေးဘူး..။ဒါကြောင့်ပဲ ဒီကို လာပြီး အကူညိီတောင်းတာလေ..။သူက အစ်ကို့ညီရဲ့ တစ်ဥိီးတည်းသော သားလေးလေ.။ဒီတော့..ဒီကလေး..မသန်စွမ်းဂေဟာ..မှာ ချို့ချို့တဲ့တဲ့ နေနေရတာကို.. ဘယ်လိုလုပ်ပြီး ကြည်နေနိုင်မှာလဲ.."

ချီယန်လန် မျက်ရည်တွေနဲ့ ထပ်ပြောလိုက်တယ်..။

"ဟုတ်တယ်..အဲ့သနားစရာ ကလေးလေးက..မိဘဆိုတာဘာမှန်းတောင် မသိခဲ့ရဘူး..။အခု..အစ်မတို့ သူ့ကို ပြန် ခေါ်ချင်ပေမယ့်..ဂေဟာက ပြန်မပေးချင်ဘူး ဖြစ်နေတယ်လေ..။ကြည့်ရတာ ဂေဟာက အပေးအယူတစ်ခုခု လုပ်ထားတာပဲဖြစ်ရမယ်..."

သတင်းထောက်ဟာ..ကြောင်အသွားခဲ့တယ်..။သူ ဒါကို ယုံတောင် မယုံကြည်ရဲခဲ့ပါဘူး..

"ဒီလို အရာမျိုး ဖြစ်သွားတာလား..။ရဲကို မတိုင်ကြဘူးလား.."

သတင်းထောက်ဟာ..ဒါကို မကြားလိုက်ဘူး ဆိုရင် ကိစ္စမရှိပါဘူး..။သို့ပေမယ့် သူသိသွားပြီ ဆိုမှတော့..စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ပါပြီ..။

ဝမ်ချန်ရှမ်း ဒေါသထွက်စွာ ပြောလိုက်တယ်..။

"အစ်ကို ထင်တာတော့ ရဲတွေလည်း အဲ့ဂေဟာ နဲ့ တစ်ဖွဲ့တည်းပဲဖြစ်မယ်..။အစ်ကိုတို့ အဲ့ကို ရောက်တော့ ရဲက ဘာတစ်ခွန်းမှ ဝင်မပြောပေးဘူးလေ..။အဲ့နေရာက တာဝန်ရှိတဲ့လူက ကလေးကို မထည့်ပေးချင်တာကို ရဲအရာ ရှိက တစ်ခွန်းမှ ဝင်မပြောဘူး..။အစ်ကို့က လုပ်ရိုး လုပ်စဥ် အတိုင်း လုပ်ထားတဲ့ လူတွေဖြစ်ပြီး..ကလေးရဲ့ အန်ကယ်နဲ့ အန်တီ ဆိုရင်လည်း ဟုတ်တယ်..။သူတို့က ဘာအတွက် ကလေးကို ပြန်မပေးချင်ရတာလဲ..နားမလည်တော့ဘူး.."

သတင်းထောက်လည်း ရှုပ်ထွေးသးခဲ့ပါတယ်..။ဘယ်လိုလုပ် ဒီလို အရာမျိုး ဖြစ်သွားရတာလဲ..။

ရှန်ဟိုင်းမှာက ဂေဟာ တွေ အများကြီး ရှိပြီး ကလေးတွေကလည် အများကြီးပါပဲ..။တစ်ချို့ ဂေဟာတွေ ဆိုရင် ဖိအားတွေ အများကြီး ရှိနေတာကြောင့်..ကလေးတစ်ယောက် လျော့သွားလေ သူတို့အတွက် သက်သာလေပါ..။သို့ပေမယ့် ကလေးကို မွေးစားခွင့်ပေးဖို့..ငြင်းပယ်တာကိုတော့ သူမကြားဖူးပါဘူး..။ဒါက နည်းနည်းတော့ ထူးဆန်းပါတယ်..။ဒီမှာ တစ်ချို့ ထုတ်ပြောလို့မရတဲ့ လျို့ဝှက်ချက်တွေ တကယ်ရှိနေတာလား..။

ချီယန်လန် နာကျင်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။

"သတင်းထောက်ကြီးတို့ မသိပါဘူး..။ဒီလို ဂေဟာမှာက..ကလေးတွေကို သေချာ ဂရုစိုက်နိုင်တာ မဟုတ်ဘူးလေ..။အစ်မတို့က ကလေးကို အသက်ရှင်လျက် ပြန်တွေ့ရတဲ့ အချိန်မှာ အရမ်းဝမ်းသာနေခဲ့ကြတာ..။ဒါပေမဲ့ ဒီလိုတွေဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူးလေ..။ထပ်ပြောရရင် အဲ့က တာဝန်ရှိတဲ့ လူဆိုရင်..ကလေးရဲ့ မိဘတွေ ကိုယ်တိုင်လာရင်တောင် ပြန်မပေးနိုင်ဘူးလို့ မောက်မောက်မာမာ ပြောခဲ့သေးတယ်လေ..."

သတင်းထောက်ဟာ..မတော်တဆမူတွေ အများကြီးကို တွေ့ဖူးပေမယ့်..ဒီလိုမျိုးကိုတော့ မတွေ့ဖူးပါဘူး..။သူ ခံစားချက်တွေကို အတော် ထိန်းချုပ်ထားရပါတယ်..။

သိူ့ပေမယ့်..ဒီသတင်းထောက် အပြင် ဘေးနားမှာ အမျိုးသမီး သတင်းထောက် တစ်ယောက် ရှိနေပြီး..သူမကတော့ ဒေါသကို မထိန်းနိုင်ခဲပေ..။သူမ မတ်တတ်ထရပ်လိုက်ပြီး ဒေါသထွက်စွာ ပြောလိုက်ပါတယိ..။

"မသန်စွမ်း ဂေဟာမှာ ဘယ်လိုဖြစ်ပြီး ဒီလို အရာမျိုး ရှိနေရတာလဲ..။သူတို့နှစ်ယောက်စလုံးက ကလေးရဲ့ ဆွေမျိုးတွေဖြစ်ပြီး ကလေးကိုလည်း ခေါ်သွားချင်ကြတယ်လေ..။သူတို့က ဘာကိစ္စ တားဆီး နေကြတာလဲ..။ဒီကိစ္စက ကျိန်းသေ ဖော်ထုတ်မှ ရမယ်.."

"အစ်ကို ကျောင်း ညီမတို့ ဒီကိစ္စကို အောက်ခြေအထိ ဖော်ထုတ်ရမယ်..."

မိန်းကလေး သတင်းထောက်က ပြောလိုက်တာပါ..။

အစ်ကိုကျောင်း ပြောလိုက်တယ်..။

"စိတ်ခံစားချက်နောက်ကို လိုက်ပြီး အလျင်စလို မလုပ်နဲ့..။ငါတို့ အခြေအနေကို အရင် ရှင်းလင်းအောင် လုပ်မှ ရမယ်.."

ယင်းနောက် သူ စုံတွဲ ဘက်ကို လှည့်ပြီး ​မေးလိုက်ပါတယ်..။

"ဂေဟာ ရဲ့ နာမည်က ဘာလဲ ပြောလို့ရမလား.."

ဝမ်ချန်ရှန်း ဒေါသထွက်စွာ ပြောလိုက်တယ်..။

"နန်ရှမ်း မသန်စွမ်း ကလေးများ ဂေဟာ.."

အစ်ကို ကျောင်း "....."

ဒါက..မာစတာလင်း တာဝန် ယူထားတဲ့ ဂေဟာ မဟုတ်ဘူးလား...။

All Chapters