အခန်း (၇၁၃)
Vol. 48 Ch. 713
#ဘာသာပြန် = စနိုးဝှိုက်
"နာမည်က ဘယ်လိုခေါ်တာ..."
သတင်းထောက်ကျောင်းဟာ..ထူးဆန်းသွားတဲ့ အမူအရာနဲ့ နောက်တစ်ခါ ထပ်မေးလိုက်ပါတယ်..။ဒီ နှစ်ယောက်က..မှား ပြောနေကြတာလား..။ဘယ်လိုလုပ်ပြီး..မာစတာလင်း တာဝန်ယူထားတဲ့..နန်ရှမ်းဂေဟာ..မှာ ဒီလို ကိစ္စမျိုး ရှိမှာလဲ..။ထပ်ပြောရရင်. သိပ်မကြာခင်တုန်းကတောင်..မာစတာလင်း ဂေဟာ ရဲ့ ကလေးတွေက..လူငယ် အနုပညာဖလား ပြိုင်ပွဲမှာ ဆုတွေ ရခဲ့ပါသေးတယ်..။ဒါက..အရမ်းကြီး မသက်ရောက်ခဲ့ပေမယ်..သတင်းတွေပေါ်မှာ ဖော်ပြပြီး..ကလေးတွေကို ဂျီးနီးယပ်လေးတွေလို့တောင် နာမည် တပ်ပေးခဲ့ကြတာပါ..။
ဝမ်ချန်ရှန်းကတော့.. ကလေးကို သူနဲ့ အတူခေါ်သွားပြီး..ဆေးရုံးမှာ စစ်ဆေးချင်စိတ် များနေခဲ့တာပါ..။သူ ဘယ်လိူလုပ်ပြီး သတင်းထောက် ကျောင်းရဲ့ အမူအရာကို သတိထားနိုင်မှာလဲ..။
"နန်ရှမ်း မသန်စွမ်းဂေဟာလေ..။အဲက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က မျိုးရိုးနာမည် လင်း နဲ့..."
သတင်းထောက် ကျောင်းက..မယုံကြည်နိုင် ဖြစ်နေတုန်းပါပဲ..။
"သေချာ ရဲ့လား..."
ချီယန်လန် ပြောလိုက်တယ်..။
"ဒါပေါ့..ကျိန်းသေပါတယ်..။အစ်မ နာမည်ကို ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်..။ဘယ်လို လုပ်ပြီး နာမည်ကို အမှတ်မှားမှာလဲ..."
ရှောင်ကျောင်း ပြောလိုက်တယ်..။
"အစ်ကို ကျောင်း..ဒါက မာစတာလင်း ရဲ့ ဂေဟာ ဖြစ်နေရင်တောင် သူတို့ စည်းကျော်ပြီး လူပ်လို့ မရဘူးလေ..။ဒီလူတွေက ကလေးရဲ့ ဆွေမျိူးတွေပဲ..။ဘာကိစ္စ ဂေဟာက..သူတို့ကို ငြင်းပယ်လိုက်တာလဲ..."
ဝမ်ချန်ရှန်းနဲ့ ချီယန်လန် တို့ဟာ..သတင်းထောက် တွေ မာစတာလင်း..အကြောင်း ပြောတဲ့ အချိန်မှာ ဘာကို ..ဆိုလိုတာလဲ သဘောပေါက်ကြပါတယ်..။
သိူ့ပေမယ့် သူတို့ အများကြီး မတွေးတော့ပါဘူး..။သူတို့..လိုချင်တာက..ဒီကိစ္စကို..လူသိများအောင်လုပ်ပြီး..လီဖက်တီးကို ပြန်ခေါ်နိုင်ဖို့ အတွက်ပါပဲ..။
အကြီးအကဲ အယ်ဒီတာ ရဲ့ ရုံးခန်းတွင်..။
သတင်းထောက် ကျောင်း..ဘာလုပ်ရမလဲ မသိတော့ပေ..။ဒီကိစ္စကို..အကြီးအကဲ အယ်ဒီတာ..ဆီမှာ တင်ပြပြီး..အဖြေထုတ်ဖို့သာ သူဆုံးဖြတ်လိုက်ပါတယ်..။
"အကြီးအကဲ အယ်ဒီတာ..လင်မယားနှစ်ယောက် ဒီကို ရောက်လာပြီး..အချို့ကိစ္စလေးတွေ ..လာပြောနေတယ်..."
အခြေအနေ အကုန်လုံးကို ရှင်းပြပြီးကာမှ သတင်းထောက် ကျောင်းက မေးလိုက်တယ်..။
"အကြီးအကဲ အယ်ဒီတာ..ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ.."
အကြီးအကဲ အယ်ဒီတာဟာ စကားမပြောခင် တိတ်ဆိတ် နေပြီးကာမှ..
"ငါတို့က သတင်းသမားတွေဖြစ်ပြီး..သတင်းတွေနဲ့ပဲ အသက်မွေးနေကြတာလေ..။ဒါပေမဲ့ မင်း နန်ရှမ်းဂေဟာကို..သွားပြီး အခြေအနေကို တစ်ချက် စုံစမ်းသင့်တယ်..။တကယ်လို့ ဒါက အမှန်ဆိုရင်..သတင်းခေါင်းစဥ် တပ်ပြီး ရေးလို့ရတယ်..ဒါပေမဲ့ ကိုယ်ပိုင် အမြင်တွေတော့ တစ်ခုမှ မပါစေနဲ့ဦး.."
သတင်းထောက် ကျောင်း ခေါင်းညိမ့်လိုက်ပြီး..
"နားလည်ပါပြီ..အကြီးအကဲ အယ်ဒီတာ..."
မာစတာလင်းက..လူသိများပြီး..သတင်းထောက်တွေ ချစ်ခင်ကြပေမယ့်..သူတို့ သတင်းအမှန်ကို သိရဖို့ လိုအပ်ပါသေးတယ်..။သို့ပေမယ့် သူတို့ အမှန်အတိုင်းသာ သတင်းတင်ပြမှာ ဖြစ်ပြီး..ကိုယ်ပိုင် ထင်မြင်ချက်ကို ဘာတစ်ခုမှ ထည့်မှာ မဟုတ်ပေ..။
ဒီလောက်အထိ လုပ်တာကတောငိ..အတော်ကို ကောင်းမွန်နေပါပြီ..။
ဘာပဲဖြစ်ဖြစ် တစ်ချို့ သတင်းထောက်တွေဆိုရင် သတင်းအကြောင်းအရာတွေမှာ သူတို့ရဲ့ ထင်မြင်ချက်ကိုတောင် ရေးလေ့ရှိကြတာပါ..။တစ်ခါတစ်လေဆိုရင် သူတို့ရဲ့ ထင်မြင်ချက်တွေကြောင့် ပြသနာတွေက ပိုကြီးလာတာတောင် ရှိပါတယိ..။
နောက်တစ်ရက်..။
ဖုန်းခေါ်သံမြည်လာတာကြောင့်..လင်းဖန် အိပ်ယာကနေ နိုးသွားခဲ့တယ်..။ဖုန်းခေါ်တဲ့ လူကတော့ ဟန်လုပါ..။
"ဘာဖြစ်လို့လဲ..."
ဖုန်းထဲကနေ..ထိပ်ထိပ်ပျာပျာ အသံတစ်ခုဟာ ထွက်လာခဲ့ပါတယ်..။
"မာစတာလင်း..တစ်ခုခု ဖြစ်နေပြီ..။လီဖက်တီးရဲ့ အန်ကယ်နဲ့ အန်တီက..ကျွန်တော်တို့ရဲ့..ဂေဟာ အကြောင်းကို သတင်းမှာ ဖော်ပြပြီး..အခုလည်းသူတို့က ဂေဟာ ဝင်ပေါက်မှာ..နှာဖူးစည်း စာတန်းတွေကို ကိုင်ပြီး ..လီဖက်တီးကို လွှတ်ပေးဖို့ ပြောနေကြတယ်..."
လင်းဖန် မျက်မှောင်ကျုတ်လိုက်တယ်..။
"ဒါအမှန်ပဲလား..."
"အင်း..သတင်းကို ကြည့်လိုက်ဦး..။ဝေဖန်သူတွေကလည်း တဖြည်းဖြည်း မြင့်တက်လာနေတယ်.."
ဖုန်းချပြီးနောက်မှာ..လင်းဖန်..ဖုန်းကို ဖွင့်လိုက်ပါတယ်..။အမှန်တကယ်ပဲ..သတင်းခေါင်းစဥ် တစ်ခုက ပေါ်လာခဲ့တယိ..။
"ဆွေးမျိုးတွေက..သူ့တူကို ပြန်ခေါ်ချင်နေပေမယ့်..နန်ရှမ်းဂေဟာက ကလေးကို ထုတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်..။
တစ်ချက်ဖတ်လိုက်တာနဲ့..ဒီသတင်းခေါင်းစဥ်က ဘယ်ဘက်ကိုမှ မလိုက်ထားဘူးဆိူတာကို လင်းဖန် ပြောနိုင်ပါတယ်..။အဲ့ဒီအစား သူတို့က...မတော်တဆမူကို စုံစမ်းနေပြီး..မျှမျှတတနဲ့ ဘက်မလိုက်ပဲ ဆောင်ရွက်ချင်နေကြတာပါ..။
အဲ့အချိန်မှာပဲ..အောက်က မှတ်ချက်တွေကတော့ တဖြည်းဖြည်း မြင့်တက်လာနေခဲ့တယ်..။
"ကလေးရဲ့..ဆွေမျိုးတွေ လာကြတာလေ..။ဘာလို့ နန်ရှမ်းဂေဟာက..ကလေးကို ပြန်မပေးချင်တာလဲ..."
"ဒီနေ့ခေတ် ဂေဟာ တွေက ဘာဖြစ်နေတာလဲ..။ကလေးတွေ အပေါ်..မတရား ဆက်ဆံတာတွေလည်း အများကြီးပဲ.."
"ဒီလိူ စောက်သုံးမကျတဲ့ ဂေဟာ..။ကလေးရဲ့ ဆွေမျိုးတွေက..လာကြတာလေ..သူတို့က ..ဘာအတွက် ပြန်ထည့်မပေးချင်တာလဲ..။ကလေးတွေ ပညာရေး ကောင်းစားဖို့က သူ့ရဲ့ ဆွေမျိုးတွေပဲ တတ်နိုင်မှာပေါ့..။
"နန်ရှမ်းဂေဟာရဲ့..တာဝန်ရှိ ပုဂ္ဂိုလ်က မာစတာလင်းပဲ..။မာစတာလင်းက ဘာလို့ ဒါမျိုးကို လုပ်လဲ ငါ နားမလည်တော့ဘူး.."
"ငါ သိသလောက်တော့..မာစတာလင်းက..နန်ရှမ်းဂေဟာကို နှလုံးသားနဲ့ ရင်းပြီး ကိုင်တွယ်တာဖြစ်ပြီး..အဲ့က ကလေးတွေကလည်း အရမ်းကို..ကံကောင်းကြတယ်..။ဒါပေမဲ့..ကလေးရဲ့ ဆွေမျိုးတွေလာကြတယ် ဆိုရင်တော့ ပြန်ပေးသင့်တယ်လေ..။မာစတာလင်း..ဒီကိစ္စကို..ကောင်းကောင်း..မကိုင်တွယ်နိုင်ဘူးလို့ သါတော့ ခံစားရတယ်..."
"ဒါ အဓိပ္ပါယ် ရှိတယ်..."
"ငါကတော့..မာစတာလင်း ဆက်ပြီး စောင့်ရှောက်ထားသင့်တယ်လို့ ထင်တာပဲ.."
"ဆွေမျိုးတွေ ဆိုတာက..မိဘတွေ မဟုတ်ဘူးလေ..။ဘာလို့ ကလေးတွေကို သူတို့နဲ့ ထည့်ပေးလိုက်ရမှာလေ..။ကလေးတွေ သူတို့ဘာသာပဲ..ဆုံးဖြတ်သင့်တယ်လေ..."
"ချီးပဲ..မာစတာလင်း အကြောင်းပဲ..သတင်း တင်စရာ ရှိတာလား..။အချိန် ခနလေး အတွင်းမှာတင်.မာစတာလင်းက..ပါလာပြန်ပြီ.."
"ဟားဟား.."
မှတ်ချက်တွေမှာတော့ ဆွေးနွေးနေကြပြီး..ဘယ်သူကမှ တော့ အလွန်အကျွံ မပြုမူကြပါဘူး..။တစ်ချို့ မြို့သားတွေ အတွက်ကတော့..ဒီကိစ္စက..ဆွေးနွေးစရာ ကိစ္စကြီးဖြစ်ပြီး..သူတို့ရဲ့ ထင်မြင်ချက်တွေကို ဖော်ပြနေခဲ့ကြပါတယ်..။
နန်ရှမ်းဂေဟာ ၏ ဝင်ပေါက်တွင်..။
လင်းဖန် ကားကို ရပ်ပြီး ..အဝေးကို လှမ်းကြည့်လိုက်တယ်..။နန်ရှမ်းဂေဟာ ရဲ့ ဝင်ပေါက်မှာတော့..လူအုပ်တစ်စုဟာ..ရပ်နေကြပါတယ်..။ကြည့်ရတာ ..အသံတွေလည်း ဆူညံနေတဲ့ ပုံပါပဲ..။
အဲ့အချိန်မှာတော့ ဒါရိုက်တာဟောင်ဟာ..ရှေ့မှာထွက်နေပြီး..တစ်ခြားလူတွေကို..တစ်ခုခု ရှင်းပြနေပုံပေါ်ပါတယ်..။
ဝမ်ချန်ရှန်း နဲ့ ချီယန်လန်..တို့ဟာ..သူတိူ့ရဲ့..နှာဖူးစည်း စာတန်းတွေကို ကိုင်မြောက်ထားခဲ့ကြတယ်..။သူတို့ လင်းဖန်ကို မြင်တဲ့ အချိန်မှာ..အော်ဟစ်လိုက်ပြီး...
"သူက ဒိိီမှာပဲ..အဲ့ငနဲပဲ..။ကျုပ် တူလေးကို ပြန်မထည့်ပေးနိုင်ဘူးလို့ ပြောတာ သူပဲ..."
"ငါတို့က ကလေးရဲ့ ဆွေမျိုးတွေပဲ..။ငါတို့ လုပ်သင့် လုပ်ထိုက်တာတွေကိုလည်း လုပ်ပြီးသွားပြီလေ..။ဘာလို့..သူက..ပြန်မပေးချင်ရတာလဲ.."
"ကြည့်..အဲ့တစ်ယောက်က..ကျုပ်တူကို.နန်ရှမ်းဂေဟာမှာ ချုပ်နှောင်ထားတဲ့ လူပဲ..။ကျုပ်ရဲ့တူ ဘယ်လောက်တောင် ခံစားနေရမလဲ မသိဘူး.."
လူအုပ်ကြီးဟာ..လင်းဖန်ကို ကြည့်လိုက်တယ်..။ပုံမှန်အားဖြင့် သူတို့ လင်းဖန်ကို မှတ်မိကြပါတယ်..။ဘာပဲဖြစ်ဖြစ် သူတိူ့က ရှန်ဟိုင်းက ဖြစ်တာကြောင့် လင်းဖန်ကို မသိတဲ့လူဆိုတာ မရှိကြပါဘူး..။သူတို့က ကိုယ်တိုင် မမြင်ဖူးရင်တောင်..ကြားတော့ ကြားဖူးကြပါတယ်..။
ဝင်ပေါက်ကို ရောက်တဲ့ အချိန်မှာ လင်းဖန် တစ်ခြား လူတွေကို တစ်ချက်တောင် လှည့်မကြည့်ပဲ..ဂေဟာထဲကို တန်းဝင်သွားခဲ့ပါတယ်..။
ဒါရိုက်တာဟောင်..နောက်က တိတ်တဆိတ်လိုက်လာခဲ့ပြီး..
"မာစတာလင်း ကျွန်မတို့ ဘာလုပ်သင့်လဲ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"သူတို့ကို ဂရုစိုက်ဖို့ မလိုဘူး..။ဒီတိုင်းထားလိုက်.."
လီဖက်တီးကတော့ ယန်လုရဲ့ နောက်မှာ ပုန်းနေခဲ့တယ်..။သူ အပြင်က အခြေအနေကို မြင်ပြီး အတော် ကြောက်ရွံ့နေခဲ့တာပါ...။
လင်းဖန် လီဖက်တီး ဆီကို သွားကာ ခေါင်းကို ပုတ်လိုက်ပြီး..
"မကြောက်နဲ့..အန်ကယ်လင်းက..မင်းကို သူတို့နဲ့ ထည့်ပေးလိုက်မှာ မဟုတ်ဘူး.."
လီဖက်တီး ခေါင်းညိမ့်လိုက်တယ်..။သို့ပေမယ့် ဒီကိစ္စက သူ့အပေါ် သက်ရောက်မူ ကြီးမားတယ် ဆိုတာကတော့..သိသာပါတယ်..။
အပြင်ဘက်..။
ဝမ်ချန်ရှန်းနဲ့ ချီယန်လန် တို့ယာ..လင်းဖန် သူတို့ကို ဂရုမစိုက်တာ မြင်ပြီး စိတ်ပူသွားခဲ့တယ်..။ချီယန်လန် မြေကြီးပေါ် ထိုင်ချလိုက်ပြီး ..ငိုကြွေးလိုက်တယ်..။
"ငါတောင်းပန်ပါတယ်..ငါတို့ တူလေးကို ပြန်ပေးပါ..။ငါ နင်တို့..လိူချင်တာ မှန်သမျှကို ပေးပါ့မယ်..။ငါ့တူလေးကို ပဲ ပြန်ပေးပါဟာ.."
"ငါ့တူလေးရဲ့ အဖေက..သေသွားပြီး..သူ့ အမေက နောက်အိမ်ထောင်ပြုသွားပြီလေ..။ငါတို့က သူ့ရဲ့ နောက်ဆုံးကျန်တဲ့ ဆွေမျိုးတွေပဲ..။နင်တို့ ဘယ်လိုလုပ်ပြီး အကြင်နာတရား မဲ့ရတာလဲ.."
တစ်ချို့..စိတ်မခိုင်တဲ့..သက်လတ်ပိုင်း လူကြီးတွေ မိန်းမကြီးတွေဟာ..မျက်ရည်တွေတောင် ကျလာခဲ့ပါတယ်..။သူတို့ ဒေါသထွက်စွာလိုက်ပြီး အော်ဟစ်လိုကိတယ်..။
"မင်း ဘယ်လိုဖြစ်ပြီး ဒီလို လုပ်နိုင်ရတာလဲ.."
"မင်းက..မတရား ပြုမူနေတာပဲ..။အမြန် ကလေးကို ပြန်ပေးလိုက်..."
"ကလေးကို အမြန်ပြန်ပေး..။သူ့ဆွေမျိုးတွေကို အမြန် ပြန်ပေးလိုက်..။နင်တို့က..ဘာလို့ ကလေးကို..မပေးရတာလဲ.."
"အစ်မကြီး မပူနဲ့..သူတို့ကလေးကို ပြန်မပေးရင် ကျွန်တော်တို့ အထဲ အထိဝင်လုပေးမယ်..."
"ဒါအမှန်ပဲ..။ငြိမ်းချမ်းတဲ့ နေရာမှာ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ရှိလာရတာလဲ..။ရဲတွေ ဘာလုပ်နေတာလဲ.."
လူအုပ်ကြီးက..စိတ်ပျော့ကြပါတယ်..။သူတို့ရဲ့ အမြင်မှာတော့.. ဝမ်ချန်ရှန်း နဲ့ ချီယူလန်က အားနည်းတဲ့လူတွေ ဖြစ်တာကြောင့်..သူတို့ဘက်ကနေ ရပ်တည်ပေးကြတာပါ..။
မဟုတ်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး..။အစကတော့ ဒါက ကိစ္စ သေးသေးလေး ဆိုပေမယ့်..အခုတော့..လူအုပ်ကြီးက ဒေါသ ထွက်လာခဲ့ကြပါတယ်..။
အပြင်ဘက်က အသံတွေကို ကြားတဲ့ အချိန်မှာ..လင်းဖန် မျက်မှောင်ကျုတ်ပြီး..ဝင်ပေါက်ကို သွားရပ်လိုက်တယ်..။
"အကုန် ပါးစပ် ပိတ်ထားကြ..။ခင်ဗျားတို့က..ဘာမှ မသိပဲနဲ့ မျက်လုံးမှိတ်ပြီး စွတ်အော်နေကြတာလား..."
သိူ့ပေမယ့် အော်သံတွေကတော့ ရပ်တန့်မသွားခဲ့ပေ..။အဲဲဒီအစား ပိုပိုပြီးတောငိ ဆိုးလာပါသေးတယ်..။