မျက်စိနဲ့ မြင်ရတာကိုပဲ ယုံမယ်
Vol. 48 Ch. 714
#ဘာသာပြန် = စနိုးဝှိုက်
"ဟုတ်တာ်..ငါတို့က ကန်းနေတာ..။ငါက..မာစတာလင်းက လူကောင်းတစ်ယောက်လို့ ပဲ ထင်ထားခဲ့တာ..။သူက အမှန်နဲ့အမှားကိုတောင် မခွဲခြားနိုင်တဲ့ လူတစ်ယောက်လို့ မထင်ထားဘူး..။သူတို့က ကလေးရဲ့ နောက်ဆုံး လက်ကျန် ဆွေမျိူးတွေလေ..။ဘာအတွက်ကြောင့် ကလေးကို ပြန်မထည့်ပေးနိုင်ရတာလဲ..."
"ဒါအမှန်ပဲ..ငါတို့က မျက်စိနဲ့ မြင်ရတာကိုပဲ ယုံကြည်နိုင်မယ်..။သူတို့က လိူအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကိုလည်း ပြနိုင်တယ်လေ..။သူတို့က အမှန်တကယ် ဆွေမျိုတော်စပ်တယ် ဆိုတာက ရှင်းလင်းနေတာပဲ..."
"အားလုံးပဲ..အတူ ပြောလိုက်ရအောင်..။သူတို့ကို ကလေး လွှတ်ပေးဖို့ တိုက်တွန်းလိုက်ရအောင်.."
"ကလေးကို ပြန်ပေး.."
"ကလေးကို ပြန်ပေး.."
အသံတွေဟာ..ထပ်ထပ်ပြီး..ကျယ်လောင်လာခဲ့ပါတယ်..။လူအုပ်ကြီးတစ်ခုလုံးဟာ..ဝမ်ချန်ရှန်းနဲ့ ချီယန်လန် ရဲ့ သနားစရာကောင်းတဲ့ သရုပ်ဆောင်မူတွေ အောက်မှာ အရူးလုပ်ခံနေကြရတယ်..။
လူအုပ်ကြီးကတော့ သူတို့ တရားမျှတမူ အတွက် တိုက်ခိုက်နေတယ်လို့ပဲ..ခံစားနေကြရတာပါ..။သူတိူ့ကသာ..အမှန်ဖြစ်ပြီး..ကျန်တဲ့လူတွေက..မကောင်းတဲ့ လူတွေလို့ ထင်နေခဲ့ကြပါတယ်..။
ဘေးနားက ဖြတ်သွားဖြတ်လာလူတွေဟာလည်း ဒီအသံတွေကို ကြားပြီး ခြေလှမ်းတွေကို ရပ်တန့်လိုက်ကြတယ်..။
"ဟိုမှာ ဘာတွေဖြစ်နေတာလဲ.."
"မသိဘူး..ဒါပေမဲ့ တစ်ခုခု ကြီးမားတာ ဖြစ်နေတယ် ထင်တယ်..။သွားကြည့်လိုက်ရအောင်.."
"သွားကြည့်ရအောင်..."
လာစပ်စုတဲ့ မြို့သားတွေ အပါအဝင်..ဘေးနားမှာ ဝန်းရံနေကြတဲ့ လူတွေဟာ တဖြည်းဖြည်း များသထက် များလာခဲ့ကြတယ်..။
ဝမ်ချန်ရှန်းနဲ့ ချီယန်လန် တို့ဟာ ..ဒီအဖြစ်အပျက်ကို မြင်ပြီး..အကြည့်ချင်း ဖလှယ်လိုက်ကြပါတယ်..။သူတို့တောင်မှ ဒီလောက် လူအများကြီးကို ဆွဲဆောင် နိုင်မယ်လို့ မထင်ထားခဲ့ပါဘူး..။
လင်းဖန် အသက်ပြင်းပြင်းရူပြီး..ဒီလူတွေကို ကြည့်ကာ သက်ပြင်းချလိုက်တယ်..။
အဲ့အချိန်မှာပဲ.. ချီယန့်လန်ဟာ နေရာတစ်ခုလုံး ပေါက်ကွဲ ထွက်စေမယ့် အရာကို ရုတ်တရက် ထလုပ်လိုက်ပါတယ်..။
* ဒုတ် ဒုတ် *
ချီယန်လန် နန်ရှမ်း ဂေဟာ ရဲ့ ဝင်ပေါက်မှာ ဒူးထောက်ပြီး..ဝမ်းနည်းကြေကွဲနေတဲ့ အမူအရာနဲ့..နှာဖူးနဲ့ မြေကြီးကို တဒုတ်ဒုတ်ဆောင့်ကာ..အသံတွေ မြည်အောင် လုပ်နေခဲ့တယ်..။
"ငါတောင်းပန်ပါတယ်..ကလေးကို ငါတို့ဆိီ ပြန်ပေးပါ..။ငါတို့မှာက ကိုယ်ပိုင်သားသမီးလည်း မရှိတာကြောင့် ငါ့တူလေးကို ကောင်းကောင်း မွန်မွန် ပျိုးထောင်ပေးချင်တာလေ..။ငါ တောင်းပန်ပါတယ်...ကလေးကို ပြန်ပေးပါ..."
လာကြည့်နေတဲ့ လူတွေ အကုန်လုံးသူမ ကို သနားလောက်အောင်ကို သူမက ဒရမ်မာ ဆန်လွန်းနေခဲ့တာပါ..။
ဘေးနားက ကြည့်နေတဲ့လူတွေဟာ..ဒီမြင်ကွင်းကို မြင်ပြီး..ဒေါသမီးတွေ ပေါက်ကွဲထွက်လာခဲ့တယ်..။
"မအိမ်လုံးတွေ..မင်းတို့ ကလေးကို ပြန်ပေးမှာလား မပေးဘူးလား..."
"မင်းတို့ ဂေဟာက လူတွေက အတော် အကြင်နာမဲ့တာပဲ..။သူတို့က ဒီလောက်အထိ တောင်းပန်နေတာတောင်..ဘာလို့ ကလေးကို ပြန်မပေးတာလဲ.."
ဘေးနားမှာ ရပ်နေတဲ့ လူဝကြီးတစ်ယောက်ဟာ..ပြောလိုက်တယ်..။
"ဒီနေ့ ငါ ဒီလိုအဖြစ်အပျက်နဲ့ တွေ့ပြီ ဆိုမှတော့..လုံဝ လျစ်လျူရူဖို့ မဖြစ်နိုင်တော့ဘူး..။မင်းတို့ ကလေးကို မထုတ်ပေးဘူးဆိုရင်..ငါတို့ ကလေးကို ဝင်လုရလိမ့်မယ်..."
တစ်စုံတစ်ယောက် က ဦးဆောင်လိုက်တာကြောင့် ကျန်တဲ့လူတွေပါ..သတ္တိတွေ ရှိလာကြပြီး..လူဝကြီး နောက်ကနေ ဝန်းရံလိုက်ပါတယ်..။
…
ဒါရိုက်တာဟောင် ဒါကို မြင်တဲ့ အချိန်မှာ စိုးရိမ်သွားခဲ့တယ်..။
"မာစတာလင်း..ကျွန်မတို့ ဘာလူပ်ကြမလဲ.."
လင်းဖန်ကတော့..လူအုပ်ကြီးက ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သိူ့ပေမယ့် သူ ဂရုစိုက်နေမှာ မဟုတ်ပေ..။
"ဒါက ပြသနာ မဟုတ်ဘူး..။ကလေးကိုသာ ကြည့်ထားလိုက်.။ကျန်တာ ကျုပ်ဖြေရှင်းလိုက်မယ်.."
ယင်းနောက် သတင်းထောက်တွေ ရောက်လာခဲ့တယ်..။သူတိူ့ရှေ့က အခြေအနေတွေကို မြင်ပြီး သတင်းထောက်တွေတောင် ကြောင်အသွားခဲ့ပါတယ်..။အခြေအနေက ဒီအဆင့်အထိ ရောက်နေမယ်လို့ သူတို့လည်း မထင်ထားခဲ့ပါဘူး..။ဒါက တကယ်ကို လက်မခံနိုင်စရာပါ..။
ဘယ်အရာကများ ဒီလိုတွေ ဖြစ်လာစေတာလဲ...
ဒီမတော်တဆ မူက ဖြစ်နေတုန်း ဆိုပေမယ့်..သတင်းတွေမှာက..တက်နေပြီးပါပြီ..။
"ချီးပဲ..မာစတာလင်းက ဒီတစ်ကြိမ်တော့ ..ပြသနာပဲ..။လူတွေ အများကြီးက ဂေဟာကို ဝန်ရံပြီး မာ၀တာလင်း ကို ကလေးထုတ်ပေးဖို့တောင်းဆိုနေကြတယ်..။မဟုတ်ရင် ကလေးကို ဝင်လုရလိမ့်မယ်တဲ့.."
"မဖြစ်နိုင်တာ..."
"ဘာလို့ မဖြစ်နိုင်ရမှာလဲ..။ငါ အခု အဲ့နေရာမှာ ရှိနေတာ..။ငါ မာစတာလင်းကို အမြဲတမ်း ယုံကြည်ခဲ့ပေမယ့်..အခုတော့..ဘာမှ မပြောရဲသေးဘူး..။ငါ သာ အခုချိန် မာစတာလင်း ကောင်းကြောင်း ပြောရင် ဝိုင်းရိုက်တာ ခံရမှာ ်သေအချာပဲ.."
"ဘာလို့..ရဲတွေ မလာသေးတာလဲ.."
"ငါ ရဲကို ခေါ်ထားပြီးသွားပြီ..သူတို့က လမ်းမှာပဲ ရှိကြဦးမှာ..။သတင်းထောက်တွေတောင် ရောက်နေကြပြီလေ.."
"ညီအစ်ကိုတို့..ငါက အခု ရှန်ဟိုင်းမှာ မဟုတ်ဘူး..။ငါသာ..ရှန်ဟိုင်းမှာ ဆိုရင် ငါ့ညီအစ်ကို တွေ ခေါ်ပြီး မမှန်ကန်တဲ့ ဘက်ကို ဆွမ်းကြီး ဝိုင်းလောင်းမိမှာ.."
…
သတင်းထောက်ကျောင်း ဝင်ပေါက်ကို လျောက်သွားလိုက်ပြီး..
"မာစတာလင်း..ကျွန်တော်က ချင်ကျောင်း သတင်းအေဂျင်စီ က..လီကျောင်းပါ..။မေးခွန်းနည်းနည်းေလာက်မေးလို့ ရမလား..."
"မာစတာလင်း..ကျွန်တော်က..လူထု သတင်း အေဂျင်စီကပါ..။ဒီအခြေအနေ အပေါ် တစ်ခုခု ပြောပေးပါလား.."
သတင်းထောက်တွေဟာ..ဝင်ပေါက်မှာ ရပ်ပြီး မေးခွန်းမေးနေခဲ့တယ်..။သူတို့ အမှန်တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သိချင်နေကြပါတယ်..။မာစတာလင်းက တကယ်ပဲ ဒီလို အရာမျိုး လုပ်ခဲ့တာလား..။သို့ပေမယ့် ဒီလို အခြေအနေကို ရောက်တာတောင်..မာစတာလင်းက ကလေးကို ပြန်မပေးတာဟာ နည်းနည်းတော့ သံသယဖြစ်စရာ ကောင်းပါတယ်..။
ဘာလို့ မာစတာလင်းက..ကလေးကို ပြန်မလွှတ်ပေးတာလဲ..။
ကလေးက တကယ်ပဲ..အရေးကြီးလို့လား...
တကယ်လို့..ဒီမှာ သမာသမတ် မကျတဲ့ အရာတွေ ရှိနေရင် ဘာလို့ ကလေးတစ်ယောက် အတွက်နဲ့ လူတွေရဲ့ အာရုံစိုက်တာကို ခံချင်ရတာလဲ .။
လင်းဖန် သတင်းထောက်တွေကို ကြည့်လိုက်တယ်။ခနလောက် တွေးလိုက်ပြီး နောက်မှ သူ ပြောလိုက်ပါတယ်..။
"သူတို့နှစ်ယောက်က ဘာလို့..ကလေးကို ခေါ်သွားဖို့ အရမ်းအလျင်လိုနေတာလဲ ဆိုတာကို ခင်ဗျားတို့ သွားမေးကြည့်လို့ရတယ်.."
သတငိးထောက်တွေဟာ..မာစတာလင်း..ပြောတာကိုကြားပြီး အံ့ဩသင့်သွားခဲ့ကြတယ်..။သို့ပေမယ့် အခြေအနေကို ကြည့်ရသလောက်တော့..သူတို့ မာစတာလင်းဆီကနေ ဘာအသုံးဝင်တဲ့ သတင်းမှ မရလောက်တော့ပါဘူး..။
သို့ပေမယ့်..အဲ့အချိန်မှာပဲ..လူငယ် မိန်းကလေး သတင်းထောက်ဖြစ်တဲ့ ရှောင်ကျောင်းက ဒေါသထွက်စွာ ပြောလိုက်ပါတယ်..။
"ရှင်က ဘာလို့ ကလေးကို ပြန်မပေးချင်ရတာလဲ..။ရှင့်လိုလူက အတော် ခေါင်းမာတာပဲ.."
သတင်းထောက် ကျောင်းဟာ သူ့ရဲ့ ညီမက မာစတာလင်းကို ဒီလိုပြောနေတာ မြင်ပြီး..ထိပ်ထိပ်ပြာပြာ ဖြစ်သွားခဲ့ပါတယ်..။
"ရှောင်ကျောင်း..နင် မာစတာလင်းကို ဘယ်လို ပြောနေတာလဲ..။ကိစ္စတစ်ခုကို သေချာ မသိသေးခင်မှာ..ခံစားချက်နောက်ကိုလိုက်ပြီး လျောက်ပြောလို့ မရဘူးလိူ့ ငါ ပြောမထားဘူးလား..။နင် သတင်းထောက် တစိယောက် အနေနဲ့..ပရိုဖက်ရှင်နယ် ဆန်တဲ့ အခြေခံ အချက်လေးတောင် မထိန်းနိုင်ဘူးလား..."
ရှောင်ကျောင်း ဟာ သတင်းထောက် ကျောင်း ဆွဲထားတဲ့ လက်ကနေ ရုန်းထွက်လိုက်ပြီး..
"ညီမက ကိုယ့်မျက်လုံးနဲ့ မြင်နေရတာကိုပဲ ယုံကြည်တယ်..။တကယ်လို့ ဒီလူက သူ့အကျိုး အတွက် မဟုတ်ဘူးဆိုရင် ဘာလိူ့ ..ကလေးကို ပြန်မပေးတာလဲ.."
သတင်းထောက်ကျောင်း တောင်းပန်စွာ ပြောလိုက်ပါတယ်..။
"ကျွန်တော် တောင်းပန်ပါတယ် မာစတာလင်း..။သူမက အခုမှ အသစ်ဖြစ်ပြီး ငယ်လည်း ငယ်သေးတယ်လေ..."
လင်းဖန် လက်ဝေ့ယမ်း လိုက်တယ်..။
"မကြာခင်မှာ အမှန်တရား ပေါ်လာလိမ့်မယ်.."
သူ့ကိုယ်သူ သက်သေပြဖို့ကို လင်းဖန် အလျင်မလိုပါဘူး..။လူ ဘယ်နှစ်ယောက်လောက် လှည့်ဖျားခံရမလဲ ဆိုတာကို သူစောင့်ကြည့်ချင်ပါသေးတယ်.။တစ်ခါတစိလေမှာ လူတွေက သူတို့အမှန်တရားကို လုပ်ဆောင်နေကြတယိလို့ ယုံကြည်ထားကြပေမယ့်...မှားယွင်းတဲ့ ဘက်မှာ ရပ်နေမိတာလည်း ဖြစ်နိုင်ပါတယိ..။
သို့ပေမယ့် လင်းဖန် ဒီလူတွေ အပေါ်ကို အပြစ်မတင်ပေ..။သူ က ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ရရင်..ဘယ်သူက ပိုသနားဖို့ကောင်းလဲ ဆိုတာကိုပဲ မကြည့်ရဘူးဆိုတာ သူတို့ရဲ့ မှတ်ဥာဏ်ထဲအထိရောက်သွားအောင် သင်ခန်းစာ ပေးချင်နေခဲ့တာပါ..။တစ်ခါတစ်လေ..သနားစရာကောင်းတဲ့ လူတွေက..ပိုပြီး ယုတ်မာ တတ်ကြပါတယ်..။
သတင်းထောက်တွေဟာ..ဝမ်ချန်းရှန်းနဲ့..ချီယန်လန် တို့ကို..ဝန်းရံပြီး မေးခွန်းထုတ်လိုက်တယ်..။ဒီစုံတွဲက ဘာပြောရမလဲ ဆိုတာကို အစောကတည်းက တွေးထားပြီးသားပါ..။သတင်းထောက်တွေ ရှေ့မှာ သူတို့က ပိုသနားစရာကောင်းအောင်လုပ်ပြနေပြီး..သူတို့ တူလေးကို ပြန်ရအောင် တောင်းပန်နေသလိုပါပဲ..။
တစ်ချို့ သတင်းထောက်တွေဟာ..ဒါကိုကြားပြီး တုန်လှုပ်သွားခဲ့တယိ.။သူတို့က မှန်ပြီး မာစတာလင်းက မှားနေတာများ ဖြစ်နိုင်မလား..။
သို့ပေမယ့် သူတို့ သိထားတဲ့ အချက်အလက် တွေ အရဆိုရင် မာစတာလင်းက ဒီလိုလူမျိုး မဟုတ်ပါဘူး..။
အဲ့အချိန်မှာပဲ.သတင်းထောက်တွေဟာ..စတင်တွေဝေ လာကြပြီး ဘယ်သူ့ကို ယုံကြည်ရမလဲ မသိတော့ပေ.။
တကယ်လို့ သူတို့ရွေးချယ်ရမယ် ဆိုရင် မာစတာလင်းကို ပဲ ရွေးချယ်ကြမှာပါ..။သို့ပေမယ့် မာစတာလင်း ဘာစကားတစ်ခွန်းမှ မပြောခဲ့ပါဘူး..။တစ်ဖက်မှာတော့ ဒီစုံတွဲက အမှန်အတိုင်း ပြောနေပုံရပြီး သနားဖို့လည်း အတော်ကောင်းပါတယ်..။
မိန်းမငယ်လေး တစ်ယောက် အနေနဲ့ ရှောင်ကျောင်းဟာ ခံစားချက်ကို မထိန်းနိုင်ခဲ့ပေ..။ဒီစုံတွဲ ရဲ့ သနားစရာ ပုံစံကြောင့်..သူမ အကောင်းမွန်ဆုံး နှစ်သိမ့်ပေးနေခဲ့ပါတယ်..။
လီကျောင်း ခေါင်းခါယမ်းလိုက်တယ်..။ရှောင်ကျောင်းက အရမ်းငယ်သေးပြီး..သေချာမလေ့ကျင့်ရသေးဘူးလို့ သူ ခံစားလိုက်ရပါတယ်..။သူမက ခံစားချက်ကို အရမ်းအသားပေးလွန်း နေခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် နောက်ဆုံးအချိန်ကျမှ ..အဖြေက ပြောင်းပြန် ဖြစ်သွားတဲ့ အခြေအနေတွေ အများကြီးပါပဲ..။
ရဲကား ရောက်လာခဲ့တယ်..။
လီရှောင်ရှမ်း သူ့အဖွဲ့အကုန်လုံးကို ခေါ်လာခဲ့ပါတယိ..။နန်ရှမ်းဂေဟာ ရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်လို့ သတင်းရတဲ့ အချိန်မှာ သူ နှစ်ခါတောင် မစဥ်းစားပဲ..လူကုန် ထုတ်လာခဲ့တာပါ..။
သိူ့ပေမယ့် သူဒီကို ရောက်လို့ မြင်ကွင်းကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။
ဘာတွေဖြစ်နေတာလဲ....ဘာလို့..လူတွေ အများကြီးက ဒီမှာ လာစုနေကြတာလဲ.....
အဓိကရုဏ်း ဖြစ်နေတာလား...