← Chapters

ကျုပ်လည်း မသိဘူးလေ..

Vol. 48 Ch. 720

ကျုပ်လည်း မသိဘူးလေ..

Vol. 48 Ch. 720

#ဘာသာပြန် = စနိုးဝှိုက်

ကျန်းယွန် အလျင်အမြန်ထွက်ခွာသွားခဲ့တယ်..။သူ ထွက်ခွာ မသွာခင်မှာတော့..လင်းဖန် ကို မုန်းတီးတဲ့ အကြည့်တွေနဲ့ ကြည့်သွားခဲ့ပါသေးတယ်..။သူ့ရဲ့..လုပ်ဆောင်ချက်တွေကို..လာပြီးဖျက်ဆီးသွားခဲ့တဲ့လူကို..မှတ်ဥာဏ်ထဲကနေ ထုတ်ပစ်လို့ရမှာ မဟုတ်ပါဘူး..။သို့ပေမယ့် သူ..ဆန္ဒရှိမယ် ဆိုရင်တောင် ဟောင်ဂျင်ကို နောက်တစ်ခါ ပြန်လာလို့ ရမှာ မဟုတ်တော့ပေ..။

ယွန်ယွဲ့ယောင်ဟာ..သူ့မ ဘေးလူ တစ်ယောက်ကို ညွှန်ကြားပြီး..ရဲဌာနကကို အကြောင်းကြားကာ..ကျန်းယွမ်ကို မသမာသူ စာရင်းသွင်းပြီး ဟောင်းဂျင်ကို နောက်တစ်ခါ မလာနိုင်အောင် စီစဥ်ဖို့ ပြောလိုက်ပါတယ်..။

ဟောင်ဂျင်မှာ လိမ်ညာတယ် ဆိုတာက ပြစ်မူမြောက်ကါတယ်..။သူတို့ ကျန်းယွန်ကို ထောင်မချဘူး ဆိုတာကလည်း သူ ဘယ်လိုလိမ်ညာလဲ ဆိုတာကို မဖော်ထုတ်နိုင်ခဲ့လို့ပါ..။ယွန် မိသားစုက..ဟောင်ဂျင် မှာ အတော် လွမ်းမိုးနိုင်စွမ်းရှိတာကြောင့်..ကျန်းယွမ်ကို..ဘမ်း ဖို့ ဆိုတာက ပြသနာ တစ်ခု မဟုတ်ပေ..။

အဲ့အချိန်မှာပ​ဲ..ယွမ်ယွဲ့ယောင် သူမ ရဲ့ အကြည့်တွေကို လင်းဖန် ဘက်ကို လှည့်လိုက်တယ်..။သူမ..မျက်လုံးထဲမှာတော့ ပုံမှန်မဟုတ်တဲ့..စူးစမ်းမူတွေ ရှ်ိနေခဲ့ပါတယ်..။သူ ဒီလူကို အတော် စိတ်ဝင်စားမိပါတယ်..။ဒီလူ..ကတ်ကို ဘယ်လိုမျိုး ဆန်ကျယ်စွာ ပြောင်းလဲ လိုက်တာလဲ ဆိုတာကို သူမ ပဟေဠိဖြစ်မိပါတယ်..။

ရီကျန်းမင် ရှေ့ကို ချက်ချင်း တက်လာခဲ့ပြီး..

"မိန်းကလေး ယွန်..ဒါက ရှန်ဟိုင်းက ဆရာလင်းလေ..။သူက..ကျွန်တော်တို့ကို ကူညီဖို့

ရှန်ဟိုင်းကနေ တကူးတက လာခဲ့ရတာ..."

ယွန်ယွဲ့ယောင် ပြုံးပြီး လက်ဆန့်တန်းကာ ပြောလိုက်တယ်..။

"ဆရာလင်း..အခုလို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..."

လင်းဖန် ယွန်ယွဲ့ယောင် နဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်..။သူမ ..ရဲ့ အသားအရေက ချောမွေ့နေပြီး လက်ချောင်းလေးတွေက..သေးသွယ်လှပါတယ်..။ဒါက အတော်ကို ခံစားလို့ကောင်းတာပါ..။

"ဒါက ကိစ္စသေးသေး..လေးပါ..။အခု ဒီက ကိစ္စတွေလည်း ပြေလည် သွားပြီ ဆိုတော့ ကျွန်တော်လည်း ပြန်လိုက်တော့မယ်လေ.."

ဒီကိစ္စက ဒီလောက် မြန်မြန် ပြီးသွားလိမ့်မယ်လို့ သူကိုယ်တိုင်လည်း မထင်ထားခဲ့ပေ..။သူက..အခုမှ ရောက်တာဖြစ်ပြီး..အခုပဲ ပြန်ရပါတော့မယ်..။ဘာပဲဖြစ်ဖြစ်..သူက..ဒီကလူတွေနဲ့..မရင်းနှီးတာကြောင့်..ဒီမှာနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး..။

ဆရာလင်း ပြန်တော့မယ် လိူ့ ပြောလာတဲ့ အချိန်မှာတော့ ရီကျန်းမင် ရပ်ကြည့်မနေနိုင်တော့ပါဘူး..။သူ့ နယ်ပယ်က လူတွေသာ..ဒီအကြောင်းကို သိသွားရင် ဝိုင်းပြီး အပြစ်တင်ကြတော့မှာပါ..။

"ဆရာလင်း..အခုမှ ရောက်မှာကို ဘာလို့ ပြန်မှာလဲ..။ကျွန်တော် အခုထိ ဘာမှတောင် ဧည့်မခံရသေးဘူး..။ဒါကြောင့် နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေပါဦး.."

"ဟုတ်တယ် ဆရာလင်းက..ဒီကိစ္စကြီးကို ဖြေရှင်းပေးခဲ့တာလေ..။ကျွန်မတို့..သင့်တော်တဲ့ ကျေးဇူးတင်မူမျိုးတွေ လုပ်မှာပါ..။ကျေးဇူးပြုပြီး ရက်နည်းနည်းလောက် ထပ်နေပါဦး.."

ယွန်ယွဲ့ယောင်က..ဒေါက် အမြင့်ကို ဝတ်ဆင်ထားတာကြောင့်..လင်းဖန်နဲ့ အရပ်တူတူ လောက်ပါပဲ..။သူမက မိန်းကလေးတွေ ထဲမှာတောင် အတော်စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ တစ်ယောက်လို့ ပြောလို့ရပါတယ်..။

လင်းဖန် ညှင်သာစွာ ရယ်မောလိုက်တယ်..။ဒီမိန်းကလေးက ရိုးရှင်းပုံ မရပဲ..သူ့ကိုပဲ ဆက်တိုက် စိုက်ကြည့်နေခဲ့ပါတယ်..။ထပ်ပြောရရင် သူမ ရဲ့ မျက်လုံးတွေက အတော်ကို ထူးခြားတာပါ..။သူမရဲ့အလှကလည်း ကြောက်စရာပါပဲ..။သူမ ရဲ့ ဖြူဖွေးတဲ့ အသားအရည်..အနီရောင် နှုတ်ခမ်း..ရှည်လျားတဲ့ ဆံပင်တွေက..သူမကို ဆွဲဆောင်မူ ရှိစေပါတယ်..။

သိူ့ပေမယ့်..လင်းဖန်က..မိန်းကလေး တစ်ယောက်နဲ့ တွေ့ရင် ရှက်ရွံ့ပြီး ခေါင်းငုံ့တတ်တဲ့လူတစ်ယောက် မဟုတ်ပေ..။သူက..စိန်ခေါ်တဲ့ အနေနဲ့ သူမ ရဲ့ မျက်လုံးကို တည့်တည့်ပြန်စိုက်ကြည့်လိုက်ပါတယ်..။ထပ်ပြောရရင် အရင်ဆုံး အကြည့်လွဲတဲ့လူက ရှုံးတဲ့ လူပါပဲ..။

ယွန်ယွဲ့ယောင် အစကတော့ သိပ်မတွေးထားပေမယ့်လည်း လင်းဖန်က သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေတာ သတိထားမိလိုက်တယ်..။သူမ လည်း မတတ်နိုင်စွာနဲ့ အရှုံးမပေးပဲ..ပြန်စိုက်ကြည့်နေခဲ့ပါတယ်..။

ရီကျန်းမင် နဲ့ အို့ရှင်းယန် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်တယ်..။ဒီက လေထုက နည်းနည်း ထူးဆန်းလာတာကို သူတို့ သတိပြုမိပါတယ်..။

ဆရာလင်းနဲ့ မိန်းကလေး ယွန်တို့ ဘာလို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတာလဲ သူတို့ မတွေးတတ်တော့ပေ..။သို့ပေမယ့် သူတို့ ဘာမှ ဝင် မပြောခဲ့ပါဘူး..။ဘာပဲဖြစ်ဖြစ် မိန်းကလေး ယွန်က အတော်လှပပြီး..မာစတာလင်းကလည်း ငယ်ရွယ်ပြီး စွမ်းဆောင်နိုင်စွမ်းတွေ ရှိပါတယ်..။သူတို့ စိတ်ထဲကနေ ပြုံးလိုက်တယ်..။သူတို့ မျက်လုံးကနေ တဆင့် ဆက်သွယ်နေကြတာများ ဖြစ်နိုင်မလား..။

"မစ္စတာ ယွန်.."

တစ်စုံတစ်ယောက်က..အပြင်ဘက်ကနေ သီးသန့်ခန်း တံခါးကို တွန်းဖွင့်လိုက်တယ်..။လူအိုကြီး တစ်ယောက်က..သက်တော်စောင့်တွေနဲ့ အထဲကို ဝင်လာခဲ့ပါတယ်..။

ရီကျန်းမင် နဲ့ အို့ရှင်းယန် တို့..သူ့ကို မြင်တဲ့ အချိန်မှာ လေးစားစွာ ခေါင်းငုံ့လိုက်ပြီး..

"မစ္စတာ ယွန်ကို နှုတ်ဆက်ပါတယ်..."

"အင်း.."

ယွန်တိုင်နီယန် ခေါင်းညိမ့်လိုက်တယ်..။

သူက ဒီနှစ်ဆိုရင် အသက် ၈၀ ပြည့်ပြီ ဆိုပေမယ့် နှလုံးသားထဲမှာတော့ နုပျိုနေတုန်းပါပဲ..။သူ ငယ်ငယ်တုန်းက ဆိုရင် သူ့ကို လက်မရွံ့ ယွန်..ပြီးတော့ အစ်ကို ယွန်..အကြိီးအကဲ ယွန် ဆိုပြီး ခေါ်ကြပါတယ်.။အဆုံးမှာတော့ အခု လူတွေက သူ့ကို မစ္စတာ ယွန်လို့ ခေါ်နေကြပါပြီ..။

မစ္စတာ ယွန်က ငယ်ငယ်တုန်းက ကျောင်းမနေခဲ့ရတာကြောင့်..သူ့ရဲ့ အိပ်မက်တွေက..အသိပညာတွေရှိတဲ့..ပညာတတ်တစ်ယောက် ဖြစ်ဖို့ပါ..။သို့ပေမယ့် အရာရာတိုင်းက သူ့ဆန္ဒအတိုင်းဖြစ်မလာပဲ..အစောပိုင်းနှစ်တွေမှာ ပိုက်ဆံရှာခဲ့ရတယ်..။မိုးတွေ..ရေတွေ ကြားထဲမှာ..သူ ခက်ခဲ ကြမ်းတမ်းစွာ ဖြတ်သန်းရင်း..သက်လတ်ပိုင်း အရွယ်လောက် ရောက်မှသာ အခြေကျ ခဲ့ပါတယ်..။

ယွန်ယွဲ့ယောင် ရဲ့ မျက်နှာဟာ နီရဲနေခဲ့ပြီး လင်းဖန် ဆီကနေ အကြည့်လွှဲကာ လူအိုကြီးကို ကြည့်လိုက်တယ်..။

"အဖိုး..."

ယွန်တိုင်နီယန်..သူ့မြေးမလေးကို ကြည့်လိုက်ပြီး..

"နောက်ဆိုရင် အရမ်းမစွန့်စား ချင်နဲ့.."

"ဟုတ်ကဲ့ပါ..အဖိုး..."

ယွန်ယွဲ့ယောင်..ခေါင်းညိမ့်လိုက်တယ်..။ပြန်တွေးကြည့်ရင် သူမက အတော်ကို စွန့်စားခံတာပါ..။ဆရာလင်းကြောင့်သာ မဟုတ်ရင် သူမ ရှုံးမယ် ဆိုတာ အသေအချာပါပဲ..။

ယွန်တိုင်နီယန်ကတော့ အခြေအနေတွေ အကုန်လုံးကို..သိထားပြီးသားပါ..။သူ.ဒီလူငယ်လေးရဲ့..နည်းစနစ်တွေကို တကယ် အံ့ဩရပါတယ်..။သူ့တစ်ဘဝလုံးက ကာစိီနိုထဲမှာ ကျင်လည် ခဲ့တယ်လို့..ပြောလို့ရတော့..ကျွမ်းကျင်သူတွေ အများကြီးကို မြင်ဖူးပါတယ်..။

တစ်ချ်ိုလူတွေက..အံစာတုံး အသံကို နားထောင်ကာ အပွင့်တွေကို သိကြပြီး..တစ်ချို့လူတွေက တာ့ ကတ်တွေကို ​ပြောင်းလဲကြ..ဝှတ်ထားကြပါတယ်..။

သို့ပေမယ့် တစ်စုံတစ်ယောက်က လျှပ်တပြတ်အတွင်းမှာတင် ကတ်ကို ပြောင်းလဲပစ်လိုက်တာတော့ မတွေ့ခဲ့ဖူးပေ..။ထပ်ပြောရရင် အစောက ကတ်က..ဖဲထုတ်ထဲကိုတောင် ပြန်ရောက်နေခဲ့တာပါ..။ဒါက အတော်ကို အဆင်မပြေလှပါဘူး..။

လင်းဖန်..သူ့ရှေ့က..လူအိုကြီးကို ကြည့်ပြီး အံ့ဩသင့်သွားခဲ့တယ်..။ဒီလူကြီးရဲ့ ကံတရားက နည်းနည်းတော့ ထူးဆန်းပါတယ်..။သူ ဒိီလောက်အထိ..မြင့်တက်လာတာက အကြောင်းအရင်းမဲ့တော့ မဟုတ်ပါဘူး..။

"မစ္စတာ ယွန်..ကျွန်တော် ဒီနာမည်ကို ကြားပြီး တွေ့ချင်နေခဲ့တာပါ.."

လင်းဖန် ပြောလိုက်တယ်..။

ယွန်တိုင်နီယန် ပြုံးလိုက်ပြီး..

"မာစတာလင်းရဲ့..နာမည်က တကယ်ကို ကျော်ကြားလှပါတယ်..။နိုင်ငံရဲ့ ပြတိုက်မှာ ထားထားတဲ့..ပန်းချီကား ဆယ်ချပ် ဆိုရင် တကယ်ကို အံ့ဩစရာပဲ.."

ယွန်တိုင်နီယန် ဟာ.ဒီကို လာနေတဲ့ လမ်းမှာကတည်းက လင်းဖန်ရဲ့ အကြောင်းကို လေ့လာခဲ့တာပါ..။ယင်းနောက် သူ လင်းဖန် ရဲ့.နောက်ကြောင်းတွေကို သိလိုက်ရတဲ့ အချိန်မှာ အံ့ဩသွားခဲ့ပါတယ်..။ဒီလိူ လူငယ်လေး တစ်ယောက်က ဒီလောက်အထိ စွမ်းဆောင်နိုင်စွမ်းတွေ မြင့်နေမယ်လို့ သူ မထင်ထားခဲ့ပါဘူး..။

အဲ့အချိန်မှာတော့ ယွန်တိုင်နီယန်ဟာ..လင်းဖန်ကို သူ့ဘက်ပါအောင် ဆွဲခေါ်ချင်နေခဲ့တယ်..။

"ဒါက မာစတာလင်း ဟောင်ဂျင်ကို လာတာ ပထမဆုံး အကြိမ်မလား..။ကျွန်တော်တို့ရဲ့ ယွန်မိသားစုက..ပုံမှန်အားဖြင့်..နွေးနွေးထွေးထွေး ကြိုဆိုရမှာပေါ့..။မာစနာလင်းသာ..ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့ အိမ်လေးကို လာလည်ရင် တကယ်ကို ဂုဏ်ယူရမှာပါ.."

သူတို့..တန်းတူပဲ..ဆက်ဆံနေခဲ့တယ်..။ယွန်တိုင်နီယန်ဟာ..သူ့ရဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားမူတွေကြောင့်...လင်းဖန် အပေါ်မှာ..အကြီးအကဲ တစ်ယောက်လို မပြုမူပါဘူး..။

တကယ်လ်ို့..သူ မောက်မာနေမယ် ဆိုရင်လည်း လင်းဖန်က လုံးဝ မျက်နှာသာ ပေးမယ့်လူမျိုး မဟုတ်ပေ..။သူ ဒီတိုင်းပဲ ထွက်လာခဲ့မှာပါ..။

သူတို့နှစ်ယောက် အတော်ကြာအောင် စကားတွေ ပြောကာ ရယ်မောနေခဲ့ကြတယ်..။

ဘေးနားက လူတွေဟာ ဘာမှ ဝင်မပြောကြပါဘူး..။သိူ့ပေမယ့်..သူတို့ထဲက အချို့ကတော့ လင်းဖန်က်ို သိချင်နေခဲ့ပါတယ်..။မစ္စတာ ယွန်က လူငယ်တစ်ယောက် နဲ့ ဒီလောက်အထိ ကြာအောင် စကားပြောတာ သူတို့ မမြင်ဖူးကြပေ။။

မစ္စတာ ယွန်က ဟောင်ဂျင်က..အရည်အချင်း ရှိတဲ့ သခင်လေးတွေကိုတောင် ဒီလိူ မဆက်ဆံပါဘူး..။

"ယွဲ့ယောင်..ဒီအတော်အတွင်းမှာ မာစတာလင်းကို ဟောင်ဂျင် အနှံ့လိုက်ပြလိုက်ဦး..။မင်း နည်းနည်းလေးတောင် ဧည့်ဝတ်မကျေလို့ မရဘူးနော်.."

ယွန်တိုင်နီယန် ပြောလိုက်တာပါ..။

"သိပါပြီ..အဖိုး.."

ယွန်ယွဲ့ယောင်..ခေါင်းညိမ့်လိုက်တယ်..။သူမ..မိသားစုရဲ့ ကာစီနို စီးပွားရေးကို ယူပြီးကတည်းက သိပ်ပြီး အနားယူရတယ်လို့ မရှိပါဘူး..။အခု သူမ မာစတာလင်းကို ဧည့်ခံရမယ် ဆိုတာက..အလုပ်တွေကနေ ခနနားရမှာ ဖြစ်တာကြောင့် သူမ တကယ်ကို သဘောကျပါတယ်..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"အဲ့လောက်အထိ အလုပ်ရှုပ်ခံဖို့ မလိုပါဘူး..။ကျွန်တော် ကိုယ့်ဟာကို လျောက်ကြည့်လိုက်ပါ့မယ်.."

ယွန်တိုင်နီယန် ပြုံးပြီး ပြောလိုက်တယ်..။

"ဘယ်လိုလုပ် ဒီလို လက်ခံနိုင်မှာလဲ..။မာစတာလင်းက ယွဲ့ယောင်ကို..ကယ်ခဲ့တာလေ..။သူမ က ဧည့်ခံပေးတယ် ဆိုတာက မှန်ကန်တဲ့ လုပ်ရပ်ပဲ.."

ယွန်တိုင်နီယန် ဒီလောက်အထိ ပြောနေမှတော့ လင်းဖန် ထပ်ပြီး မငြင်းခုန်တော့ပေ..။

ဒါကလည်း အဆင်ပြေပါတယ်..။ဟောင်ဂျင် အနှံ့လည်ပတ် တယ် ဆိုတာကလည်း ကောင်းမွန်တဲ့ လုပ်ရပ်ပါပဲ..။

ယွန်တိုင်နီယန် ပြန်သွားခဲ့တယ်..။

ရီကျန်းမင် ရှေ့ကို တက်လာခဲ့ပြီး..

"ဆရာလင်း..ကျန်းယွမ် ဘယ်လိုလိမ်ညာတာလဲ ဆိုတာကို သတိထားမိခဲ့လား..."

ယွန်ယွဲ့ယောင် နဲ့ ကျန်တဲ့လူတွေဟာလည်း သိချင်နေခဲ့ကြတယ်..။သူတို့..အမှန်တကယ် ဘယ်လိုဖြစ်လဲ ဆိုတာကို သိချင်နေပြီး..တစ်ခြားတစ်ဖက်က ဘယ်လိုလိမ်ညာခဲ့လဲဆိုတာကို သိချငိနေခဲ့ကြပါတယ်..။

လင်းဖန် ပုခုံးတွန့်ကာ ပြုံးလိုက်ပြီး..

"သူ ဘယ်လိုလိမ်ညာခဲ့တာလဲ..ဆိုတာတော့

ကျုပ််လည်း မမြင်ခဲ့ဘူး..။ဒါပေမဲ့ ကျုပ် လိမ်ညာ ခဲ့တယ်လေ..။ဒီတော့..ကျုပ်လိမ်ညာလိုက်တာကိုလည်း..သူ မမြင်နိုင်ခဲ့ဘူးမလား.."

ရီကျန်းမင် ဒါက အဓိပ္ပါယ်ရှိတယ်လို့ တွေးမိလိုက်တယ်..။သူ နဲ့ ဆရာလင်းတို့ ရောက်လာတဲ့ အချိန်မှာ ကျန်းယွမ်က ကတ်ကို လှန်ပြီးသွားပါပြီ..။ကျန်းယွမ်ရဲ့ လိမ်ညာတဲ့ နည်းလမ်းကို သူ မြင်ဖို့ဆိုတာက မဖြစ်နိုင်တော့ပါဘူး..။

သူတို့ ကျန်းယွမ် ဘယ်လိုလိမ်ညာလဲ ဆိုတာကို သိချင်ပေမယ့်..အခြေအနေ က ခွင့်မပြုပေးခဲ့ပေ..။ကျန်းယွမ်က သူတိူ့ကို ဒီလို လုပ်ဖို့ အခွင့်မပေးခဲ့ပါဘူး..။ဒါအပြင် ဆရာလင်းကလည်း ကျန်းယွမ်ကို လုံးဝ အခွင့်အရေး မပေးပဲ..တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးခဲ့ပါ..။ဆရာလင်း ဘယ်လို လိမ်ညာခဲ့တာလဲ ဆိုတာကိုတော့ သူ မေးမှာ မဟုတ်ပေ..။

ဒါက လျို့ဝှက်ချက် တစ်ခုပါ..။တကယ်လို့ သူတို့ အရမ်းရင်းနှီးကြတယ် ဆိုရင်တောင် ဒါကို မေးမှာ မဟုတ်ပါဘူး..။

ဒီလျို့ဝှက်ချက်က..သူ့ နှလုံးသားထဲမှာပဲ..သိမ်းထားသင့်တဲ့ အရာပါ..။

All Chapters