အခန်း (၇၁၁)
Vol. 48 Ch. 711
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း..။
လင်းဖန် အနည်းငယ် သံသယဖြစ်နေခဲ့တယ်..။ရဲတွေကရော..။ဘာလို့..သူတို့က..လာပြီး မေးခွန်းမထုတ်ကြသေးတာလဲ..။ယန်ဂျင်က မတိုင်ကြားထားလို့လား..။
ဒါက လုံးဝကို နည်းလမ်း မကျပါဘူး..။
သိူ့ပေမယ့်..အနည်းငယ် တွေးကြည့်ပြီး နောက်မှာ လင်းဖန် သဘောပေါက်လိုက်တယ်.။မနေ့က သူ ရိုက်ခဲ့တဲ့ ရိုက်ချက်တွေက..နာကျင်ရတယ် ဆိုပေမယ့်..အမာရွတ် တွေတော့ ထင်ကျန်ခဲ့တာ မရှိအောင် လင်းဖန် အထူးနည်းလမ်း တစ်ခုကို သုံးခဲ့ပါတယ်..။ဒီတော့..ရဲဌာနတွေ အနေနဲ့ ဒဏ်ရာကို စစ်ဆေးချင်တယ် ဆိုရင် ပြသနာ ရှိပါ အမှန်ပါပဲ..။
ဒါက လင်းဖန် အပေါ် စုံစမ်း စစ်ဆေးမူ အနည်းငယ် လုပ်ပြီး ဒဏ်ကြေးရိုက်ရုံနဲ့ပဲ ..ပြီးဆုံးလောက်မှာပါ..။
ဝိုက်ဘိုတွေ..။
ဆယ်လီတွေ အများကြီးဟာ အံ့ဩနေကြပေမယ့်..ဘယ်သူမှတော့ ပါးစပ်မဟ ရဲ့ကြပေ..။
အရက်တုန်းက မာစတာလင်း ဆိုရင်တော့ တစ်ခြား ဆယ်လီတွေဟာ..ပို့စ်တွေတင်ကြပြီး..ယန်ဂျင်ဘက်က ရပ်တည်ကာ သစ္စာရှိကြောင်း ပြကြမှာပါ..။
သို့ပေမယ့် ဒီနေ့ မာစတာလင်းက တော့..မတူတော့ပါဘူး..။သူက..အတော်ကို ကျော်ကြားနေပြီး..ရှုပ်ချင်တိုင်း သွားရှုပ်လို့ ရတဲ့လူလဲ မဟုတ်ပေ..။
ထပ်ပြောရရင် မာစတာလင်းရဲ့ ပရိတ်သတ်တွေ..က..အတော်ကို ဆိုးရွားပြီး ကြောက်ဖို့ ကောင်းကြပါတယ်..။ပြီးခဲ့တဲ့ မတော်တဆ မူတုန်းကလည်း..ဝူရွှန်းယွဲ့ဟာ..သရီးဆမ်း ကိစ္စကြောင့် ဘဝအဆုံးသတ်ခါနီးပါးပါပဲ..။သို့ပေမယ့်..မာစတာလင်း..ဝန်ခံလိုက်တဲ့ အချိန်မှာ အခြေအနေက လုံဝကို ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်..။
ဒါက ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေတဲ့ ဆယ်လီတွေကို အံ့ဩသင့်စေပြီး တစ်ချိန်တည်းမှာပဲ..မနာလိုဖြစ်စေပါတယ်..။
သူတို့မှာကျတော့..ဘာလို့ဒီလို သန်မာတဲ့ ပရိတ်သတ် မရှိရတာလဲ..။
အဲ့အချိန်မှာပဲ..
"လူသားတွေရဲ့ အမှန်တရားကို ရှာဖွေရမယ်..။မနေ့ညက ဖြစ်ပျက်ခဲ့တဲ့..ကိစ္စက ကျွန်မကို ဘယ်လောက်တောင် ထိခိုက်သလဲ ဆိုတာကို ရှင်းပြပါရစေ..။ကျွန်မကို ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့က အဆိုပြိုင်ပွဲ တစ်ခုမှာ ဒိုင်အဖြစ်..ဖိတ်ခေါ်ခဲ့ပေမယ့် ဒီကိစ္စကြောင့် မလုပ်နိုင်တော့ပါဘူး..။ဒီ ကိစ္စမှာ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာမှာ အများကြီး နစ်နာခဲ့ရပါတယ်..။ဒါကြောင့် ကျွန်မရဲ့..ပုဂ္ဂိုလ်ရေး ဆိုင်ရာ နစ်နာမူအတွက် အကောင်းဆုံး တုန့်ပြန်သွားမှာပါ..@မာစတာလင်း@ ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့..."
မြို့သားတွေဟာ..ယန်ဂျင် ရဲ့ ပို့စ်ကို မြင်ပြီး အပြစ်တင်လိုက်ကြတယ်..။
ဒါက မြို့သားတွေမှာ သနားဂရုဏာ မရှိကြလို့ မဟုတ်ပါဘူး..။လက်ရှိပုဂ္ဂိုလ်က ယန်ဂျင်ဖြစ်နေတာကြောင့် သူတို့ သနားဂရုဏာ တရားကို မပေးနိုင်ကြတာပါ..။ဒီကိစ္စမှာ..ဘယ်သူက အမှန်တရားလဲ..ဆိုတာကို သူတို့ ဂရုမစိုက်ကြပေ..။သူတို့အတွက် အမှန်တရားဆိုတာကတော့..ယန်ဂျင်ကို ဝိုင်းပြီး အပြစ်တင်ကြတာပါပဲ..။
ထပ်ပြောရရင်..လင်းဖန် ယန်ဂျင်ကို ရိုက်နှက်နေတဲ့ ဗီဒိီယို ကို ကြည့်ပြီး လူတွေ အများကြီးက သူတို့..လက်စားချေနိုင်လိုက်သလိုတောင် ခံစားနေကြရပါတယ်..။
ဘယ်သူ သိမှာလဲ..။တစ်ချို့ ဂျုနီယာ..ဆယ်လီ လေးတွေတောငိ..ဒီကိစ္စအပေါ်ကို တိတ်တဆိတ် ရယ်မောနေကြလောက်ပါတယ်..။
လင်းဖန် ဝိုက်ဘိုပေါ်က ပိုစ့်ကို မြင်ပြီး တုန့်ပြန်လိုက်တယ်..။
"ခွေးမ..ကျုပ်အခု ပြောစရာ ရှိတာကို ပြောရတော့မယ်..။ခင်ဗျား ဘယ်သူလဲ ကျုပ် ဂရုမစိုက်ဘူး..ကမ္ဘာပေါ်ပဲ နေနေ ..မားစ်ဂြိုလ် မှာပဲ နေတေ..။ဒါပေမဲ့ အနာဂတ်မှာ ဝူရွှန်းယွဲ့..ကို အနိုင်ကျင့်ရဲရင်တော့..သေအောင် ရိုက်နှက်ပြမယ်..။ခင်ဗျား ယုံယုံ မယုံယုံ ကိစ္စမရှိဘူး ဒါပေမဲ့ စိတ်ထဲမှာတော့ မှတ်ထားလိုက်.@ ယန်ဂျင်.."
လင်းဖန် ရဲ့ ဝိုက်ဘို ပိုစ့်ကို မြင်ပြီး မြို့သားတွေဟာ တုန့်ပြန်လာခဲ့ကြတယ်..။
အထူးသဖြင့်..လင်းဖန်ကို အိုင်ဒေါအဖြစ် သဘောကျနေကြတဲ့ မိန်းကလေးတွေပါ..။
"အရမ်း မိုက်တယ်..အရမ်း ယောက်ျား ဆန်တာပဲ..။ငါ မာစတာလင်းရဲ့ ကာကွယ်ပေးမူခံရတဲ့ ဝူရွှန်းယွဲ့ကိုတောင် မနာလိုဖြစ်လာပြီ..."
"ယန်ဂျင်ကတော့ အတော် ဒေါသထွက်နေလောက်ပြီ..။အခု သူမကို မာစတာလင်းက တွေဝေခြင်းမရှိ ထပ်ပြီး အရှက်ခွဲလိုက်ပြန်ပြီလေ.."
"မာစတာလင်းရဲ့ ပရိတ်သတ်တွေ ဒီမှာဟအကုန်ရောက်နေပြီ.."
"မာစတာလင်း မင်းဂရုစိုက်သင့်တယ်..။ဒီ မြေခွေးမက အတော် တွက်ချက်တတ်ပြီး မင်းနဲ့ နစ်ဝါ့ အဖွဲ့အစည်းကို တိုက်ပေးနေတာနော်..."
"မင်းတို့က မာစတာလင်းကို အရူးထင်နေတာလား..။လျော်ကြေးဟုတ်လား..။သူက တစ်ပြားမှတောင် ပေးမှာ မဟုတ်ဘူး..."
"တကယ်လို့ ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့က..မာစတာလင်းကို လျော်ကြေးတောင်းမယ် ဆိုရင် ငါသူတို့ အစီအစဥ်က ဘယ်တော့မှ မကြည့်တော့ဘူး..။
"ဒါအမှန်ပဲ..."
ဝူရျွန်းယွဲ့ရဲ့..ဝိုက်ဘို အကောင့်တွင်..။
"အိုင်ဒေါ..မင်းနဲ့ မာစတာလင်းက..ဘယ်လိုဆက်ဆံရေးမျိုးလဲ..။အခုပဲ..မာစတာလင်းက မင်းကို ကာကွယ်ပေးမယ်လို့ ပြောနေတယိ...!
"ဝူရွှန်းယွဲ့ မင်းက ငါ့ရဲ့ နတ်သမီးလေးပဲ..။မင်းကို ဘယ်ယောကျ်ားကမှ ပိုင်ဆိုင်သွားတာ မမြင်ချင်ဘူး..။ဒါပေမဲ့ မာစတာလင်း နဲ့ဆိုရင်တော့..ငါခွင့်လွှတ်ပေးမှာပါ.."
"အပေါ်ကကောင် မင်း အိပ်မက်မက် နေတာလား..."
"ငါတို့ရဲ့ ရွှန်းယွဲ့..က သတ္တိကောင်းတယ်နော်..။ယန်ဂျင်ကို တောငိ ပြန်သွားရိုက်လိုကိသေးတယ်..."
လင်းဖန် ရဲ့ ပိုစ့်ကြောင့် ဝူရွှန်းယွဲ့လည်း နွေးထွေးသလို ခံစားလိုက်ရပါတယ်..။လင်းဖန် က သူမကို အင်တာနက်ပေါ်မှာပါ ဒီလို လိုက်ကာကွယ်ပေးပြီး ချိုမြိန်တဲ့ ခံစားချက်တွေ ပေးမယ်လို့ မထင်ထားခဲ့ပါဘူး..။
ဝိုက်ဘိုတွင်..။
ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့ဟာ..တိတ်ဆိတ်မူကို ဖြိုခွဲလာခဲ့တယ်..။
ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့..
"ကျွန်တော်တို့ရဲ့..TV အစီအစဥ်က ထုတ်လွင့်ဖို့..လအနည်းငယ်လိုသေးပြီး..ဒိုင်တွေ ဆရာတွေကိုလည်း ရွေးချယ်နေကြတုန်းပါပဲ..။စာရင်းကိုတော့ အခုထိ အတည်တကျ မသတ်မှတ်ရသေးပါဘူး..။ယန်ဂျင် ရဲ့ ကိစ္စအတွက် ကျွန်တော် တို့ အထူးကို တောင်းပန်အပ်ပါတယ်..။တစ်ချိန်တည်းမှာပဲ.မာစတာလင်းရဲ့..တေးသီချင်းတွေက အရမ်းကို လေးစားဖို့ကောင်းတာကြောင့်..ကျွန်တော်တို့ မာစတာလင်း နဲ့ အတူ အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်..."
"ဟားဟား..နောက်ထပ် ရိုက်ချက်တစ်ခု..။ဒီ နှစ်တွေ အတွင်းမှာ ရှန်ဟိုင်း ဂြိုလ်တု နစ်ဝါ့က အတော်ကို ကောင်းကောင်း လုပ်ခဲ့တာပဲ.."
"နောက်တစ်ခါကြရင် ရှန်ဟိုင်း ဂြိုလ်တု TV က ထုတ်လွင့်တဲ့ဟာတွေ ပဲကြည့်တော့မယ်..,"
"ယန်ဂျင် နင့်အဖေက နာလားလိူ့ မေးနေတယ်.."
"မာစတာလင်းရဲ့ ဂီတ ဘက်က အရည်အချင်းက တကယ် အမေးဇင်းပဲ..။မာစတာလင်းက..ယန်ဂျင်ထက် အများကြီးသာတယ်.."
"မာစတာလင်းကို ဒိုင်အဖြစ် ထောက်ခံပါတယ်.."
“+1”
….
တစ်ခြားနေရာ တစ်ခုတွင်..။
ယန်ဂျင် သတင်းကို ဖတ်ပြီး ဒေါသထွက်သွားခဲ့တယ်..။
"ဘယ်လိုဖြစ်နိုင်မှာလဲ..။သူတို့က ဘယ်လိုဖြစ်ပြီးဘဒီလို လုပ်နိုင်တာလဲ..။ငါ အောက်ဆုံးမှာ ကျနေရင်တောင် သူတို့ ဒီလိူ လုပ်လို့မရဘူး.."
ယန်ဂျင် ဒီလို အရာဖြစ်လာတာကို လုံးဝ မယုံနိုင်တော့ပါဘူး..။ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့က ဘယ်လိုဖြစ်ပြီး ဒီလိုအရာကို လုပ်နိုင်ရတာလဲ..။
သူမ ရဲ့ မန်နေဂျာ လည်း ဝိုက်ဘို ပိုစ့်ကို ဖတ်ပြီး ကြောင်အနေခဲ့ပါတယ်..။ဘယ်လိုဖြစ်နိုင်မှာလဲ..။သူတို့ စာချုပ်မချုပ်သေးပေမယ့် ဘယ်သူတွေကို ဒိုင်အဖြစ်ရွေးမှာလဲ ဆိုတာက သတ်မှတ်ထားပြီးသားပါ..။ဘယ်လိုလုပ် နောက်ဆုံး မိနစ်မှ ပြောင်းလဲ သွားတာလဲ..။
ဒါက...
ယန်ဂျင် ဖုန်းကို ထုတ်ပြီး လှမ်းခေါ်လိုက်တယ်..။သူမ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိချင်နေခဲ့တာပါ..။
"အဲ့ ပို့စ်ရဲ့ ရည်ရွယ်ချက်က ဘာသဘောပဲ.."
ယန်ဂျင် အတော်ကို ဒေါသထွက်နေခဲ့ပြီး..မှ ထိန်းချုပ်မထားတော့ပဲ မေးလိုက်တယ်..။
သူမ ရဲ့ ဖုန်းထဲက လေသံကို..ကြားပြီး ဒုတိယ ဥက္ကဌဟာ အဆင်မပြေစွာ မျက်မှောင်ကျုတ်လိုက်ပါတယ်..။သူ ပြန်ပြောလိုက်တယ်..
"ယန်ဂျင်..ဘာများ ထပ်ဖြစ်နိုင်မှာ မို့လို့လဲ..။ငါတို့က စာချုပ်မှာ လက်မှတ်မထိုးရသေးဘူး ဆိုတော့..အကုန်လုံးက အတည်တကျ မဖြစ်သေးဘူးလေ..။အခု ဒီလိုဖြစ်သွားတော့..ငါတို့ မင်းကို ရှိုးပွဲမှာ မသုံနိုင်တော့ဘူး..။ငါတို့ တကယ် စိတ်မကောင်းပါဘူး.."
"စိတ်မကောင်းဘူးပေါ့..ဒါဆို..ဘာလို့ အဲဒီ လင်း ငနဲ ကို ဒိုင်အဖြစ်ဖိတ်ခဲ့တာလဲ..။ဒါက ကျွန်မ မျက်နှာကို တည့်တည့် ဖြတ်ရိုက်လိုက်တာ မဟုတ်ဘူးလား.."
ယန်ဂျင် မေးခွန်းထုတ်လိုက်ပါတယ်..။
ဒုတိယ ဥက္ကဌ ဟာ ဒီတစ်ကြိမ်မှာ..သူကိုယ်တိုင် မဖြေတော့ပဲ..မန်နေဂျာကိုသာ ဖုန်းလွှဲပေးလိုက်ပါတော့တယ်..။
လက်ထောက် မန်နေဂျာ..." ကျွန်တော်တို့ တောင်းပန်ပါတယ်..ဒါပေမဲ့ အထက်လူကြီးတွေက ဆုံးဖြတ်ပြီးပြီလေ..။တကယ်လို့ ပြောစရာ မရှိတော့ရင် ဖုန်းချလိုက်တော့တယ်..။အနားဂတ်မှာ အခွင့်အရေးရှိသေးရင် အတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်မိပါတယ်..."
"ငါ့ ဖင်ကြီးကို တူတူ အလုပ်လုပ်ပါလား..."
ယန်ဂျင် အော်ဟစ်လိုက်ပြီးကာမှ ဖုန်းချလိုက်ပါတယ်..။သူမ ဒေါသထွက်လွန်း ခန္တာကိုယ်ဟာ တုန်ရီနေခဲ့တယ်..။ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့က သူမကို နောက်ကျောက ဓားနဲ့ ထိုးမယ်လို့ မထင်ထားခဲ့ပါဘူး..။
"ချီးပဲ..ငါ ယန်ဂျင်က ဘယ်တုန်းက ဒီလိူ စော်ကားဖို့ လွယ်ကူသွားတာလဲ..။ဒါက မပြီးသေးဘူး.."
ယန်ဂျင်ရဲ့ နှလုံးသားက ဒေါသတွေနဲ့သာ ပြည့်နှက်နေခဲ့ပါပြီ..။
အဲ့အချိန်မှာတော့..ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့က လက်ထောက် မန်နေဂျာဟာ..မျက်မှောင်ကျုတ်ပြီး ပြောလိုက်တယ်...။
"သူ့ကိုယ်သူ ဘာထင်နေတာလဲ.."
သူက ယန်ဂျင် ရဲ့ နောက်ခံကြောင့် ပေါ်တင်တော့ ဆန့်ကျင်ရဲမှာ မဟုတ်ပါဘူး..။သို့ပေမယ့် ဒါက အဓိက မဟုတ်ပေ..။
သူမ ရှန်ဟိုင်း ဂြိုလ်တု TV နစ်ဝါ့ကို ဆန့်ကျင်ရဲလို့လား...။
တိမ်ဖြူလမ်း..။
လင်းဖန် ဝိုက်ဘိုကို ကြည့်နေခဲ့တယ်..။ရှန်းဟိုင်း ဂြိုလ်တု TV နစ်ဝါ့က သူနဲ့ ငြိမ်းချမ်းရေး လိုချင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒါက တကယ်ကို အံ့ဩပြီး ကျေနပ်ဖို့ ကောင်းတာပါ..။
သူ့ကို ဆရာအဖြစ် ဖိတ်ခေါ်တာ..။
ယင်းနောက် လင်းဖန် သူ့မေးစေ့ကို ပွတ်နေခဲ့ပြီး..နောက်ထပ် ဝိုက်ဘို ပိုစ့်တစ်ခုတင်လိုက်ပါတယ်..။
လင်းဖန် ..";ဆရာမ ယန်ဂျင် ..ကျုပ် ခင်ဗျားကို မနေ့က ရိုက်ခဲ့မိတာ အတွက် တကယ် စိတ်မကောင်းပါဘူး..။ကျုပ်တောင်းပန် တဲ့ အနေနဲ့ ခင်ဗျားကို ဒေါ်လာ ငါးရား လွှဲပေးလိုက်မယ် ဘဏ်အကောင့်လေး ပေးပါလား..။ဒါဆိုရင် ခင်ဗျား ဆေးကုသဖို့ သုံးလိူ့ရတယ်လေ..။နောက်တစ်ခါ တွေ့ကြရင်..ကိုယ့်ဟာကို နေတော့နော်..."
ဟင်...
မြို့သားတွေဟာ..လင်းဖန် ရဲ့ ပိုစ့်ကြောင့်..တွေဝေသွားခဲ့ကြတယ်..။
ဒါက နည်းနည်း..ဘဝင်မြင့်နေတာ မဟုတ်ဘူးလား..