← Chapters

အခန်း (၇၁၅)

Vol. 48 Ch. 715

အခန်း (၇၁၅)

Vol. 48 Ch. 715

#ဘာသာပြန် = စနိုးဝှိုက်

"ရဲတွေ ရောက်လာပြီ.."

လူအုပ်ထဲက တစ်စုံတစ်ယောက်ဟာ အော်လိုက်တာပါ..။

"ရဲအရာရှိကြီးတို့..ဒီ ဂေဟာကို ကလေးကို ပြန်ပေးဖိူ့ ပြောကြားပေးကြပါဦး.."

"ဟုတ်တယ်..သူ့ကို ပြန်လွတ်ပေး..."

လူအုပ်ကြီးဟာ..ရဲတွေ ရောက်လာတာနဲ့..ငြိမ်သက်မသွားခဲ့ကြပါဘူး..။သူတို့က..သင့်တော်တဲ့..ရလာဒ်နဲ့ ကျေနပ်စရာကောင်းတဲ့ အဖြေကို သာ လိုချင်နေခဲ့ကြပါတယ်..။

တကယ်လို့ ဒီကိစ္စကို မဖြေရှင်းရရင် သူတို့လည်း ဒီကနေ ပြန်မယ့် ပုံစံမရှိပေ..။

လီရှောင်ရှမ်း ရဲ့ ဦးနှောက်ဟာ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေခဲ့တယ်..။ဒါက ရှန်ဟိုင်းဖြစ်ပြီး တစ်ခြား မြို့တွေနဲ့ လုံးဝ မတူညီပါဘူး..။ဒီလိူ အရာမျိုး..ဖြစ်လာတယ် ဆိုတာက..မြို့ရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်..။

"မာစတာလင်း..ဘာတွေ ဖြစ်နေတာလဲ.."

လီရှောင်ရှမ်း ကျန်တဲ့ ရဲတွေကို အပြင်က အခြေအနေ တွေကို ထိန်းခိုင်းထားပြီး..သူကတော့ ဂေဟာထဲကို အလျင်အမြန် ဝင်သွားခဲ့ပါတယ်..။သူတို့ ဘာမှ ဆိုးဝါးတာ အဖြစ်မခံနိင်ပါဘူး..။

လင်းဖန် ပြုံးလိုက်ပြီး..

"စစ်ဆေးရေးမှူး လီ ကြည့်ရတာ..အတော် ကြောက်နေတဲ့ ပုံပဲ.."

"မာစတာလင်း..ဒီလိုတွေ ဖြစ်နေတာတောင် ပြုံးနိုင်သေးတာလား..။ဘာတွေ ဖြစ်နေတာလဲ..အမြန် ပြောပြပါဦး..။ငါတို့ ဘာပြသနာမှ အဖြစ်ခံလို့ မရဘူး.."

လီရှောင်ရှမ်း ဖိအားကို ခံစားနေခဲ့ရတယ်..။လူတွေ အများကြီးက..တစ်နေရာတည်းမှာ လာစုဝေးနေမယ်လို့ သူ မထင်ထားခဲ့ပါဘူး..။တကယ်လို့ ..တစ်ခုခု ဖြစ်သွားခဲ့ရင် ဆိုးရွားကုန်တော့မှာပါ..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး လီဖက်တီး လေးကို ခေါ်လိုက်တယ်..။ယင်းနောက် သူ လီဖက်တီးကို ညွှန်ပြလိုက်ပြီး..

"လီဖက်တီးရဲ့ ဆွေမျိုတွေက ပြန်လာခေါ်နေကြတာ..။ကျုပ်က သဘောမတူနိုင်ဘူးဆိုတော့..ဒီလိုတွေ ဖြစ်လာတော့တာပဲလေ..."

လီရှောင်ရှမ်း လီဖက်တီးကို ကြည့်လိုက်ပြီး..

"ဒါက..သူ့ရဲ့..ဆွေမျ်ိုးတွေ ဆိုရင်..ဘာလို့ ပြန်ထည့်မပေးလိုက်တာလဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ဒီ ဆွေမျိုးတွေက လီဖက်တီး အတွက် ကောင်းဖို့ ရောက်လာကြတယိ ဆိုရင် ကျုပ် ကျိန်းသေပေါက်..ခွင့်ပြုပေးမှာပါ..။ဒါပေမဲ့ သူတို့မှာ အဲလို ရည်ရွယ်ချက် မရှိတာက ရှက်စရာပဲ..။ကျုပ် အမြင်အရဆိုရင် ဒီလူက..အရိုးကင်ဆာ..အစောပိုင်း အဆင့်ကို ရောက်နေပြီး ရိုးတွင်းခြင်ဆီ လွှဲပြောင်းဖို့ လိုအပ်နေတယ်..။ဒါကြောင့် သူက သူ့တူကိုတွေးမိသွားတာပဲ..။ဘာပဲဖြစ်ဖြစ် ဆွေမျိုးတွေက..ပိုပြီး သင့်တော်တယ်လေ..."

လီရှောင်ရှမ်း ကြောင်အသွားပြီး မယုံကြည်နိုင် ဖြစ်သွာခဲ့တယ်..။

"ဒါအမှန်ပဲလား..."

လင်းဖန် ပြုံးလိုက်တယ်..။

"ခင်ဗျား ကျုပ်ကို သိလာတာ ကြာပြီးလေ..။ကျုပ်က ဘယ်တုန်းက မဟုတ်မမှန်တာ ပြောဖူးလိူ့လဲ.."

"ဒါအမှန်ပဲ.."

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်..။

"ဒီလို သာ ဆိုရင်တော့.ဒီလူတွေက အတော်ကို ရက်စက်တဲ့လူတွေပဲ..။ဒါပေမဲ့..ငါက ယုံကြည်တယ် ဆိုရင်တောင် အပြင်က လူတွေက ယုံကြည်နိုင်ကြမှာ မဟုတ်ဘူးလေ..။ထပ်ပြောရရင် ဒီလူကလည်း ဝန်ခံမှာ မဟုတ်ဘူး.."

လင်းဖန် ယုံကြည်မူ ရှိစွာ ပြောလိုက်တယ်..။

"ဒီကိစ္စကို ပူမနေနဲ့..ကျုပ်မှာ အစီစဥ် ရှိတယ်..။ဒါပေမဲ့ လိူရမယ်ရ ဒီလိူ ကိစ္စတွေ အတွက် ကျုပ်မှာ မေးခွန်းရှိတယ်..။တကယ်လို့ ကျုပ် ဒီကလေးတွေ ကို ပျိူးထောင်ပြီး ဂျီးနီးယပ်လေးတွေ ဖြစ်လာတဲ့ အချိန်မှ သူ့မိဘတွေက ပြန်လာခေါ်ကြရင် ကျုပ်ဘာလုပ်ရမလဲ.."

လီရှောင်ရှမ်း တိတ်ဆိတ်နေခဲ့တယ်..။သူဘယ်လို ပြန်ဖြေရမလဲ မသိတော့ပါဘူး..။

"ဒီနေ့ခေတ်မှာက..မျှတတဲ့ ကိစ္စတွေ အများကြီးပဲ..ဒါပေမဲ့..တရားဝင်ဝင် မဝင်ဝင်..အကြောင်းအကျိူး ဆီလျော်ဖို့ လိုတယ်လေ..။တကယ်လို့ သူတို့ရဲ့..ကိုယ်ပိုင် မိဘတွေ လာမယ် ဆိုရင် ဥပဒေ အရတော့ ကလေးတွေကို ပြန်ပေးရမှာပဲ..။ဒါပေမဲ့..ဒီကလေးတွေ ထဲမှာမှ တော်တော်များများကို..မိဘတွေကိုယ်တောင် ရောင်းစားခဲ့တာတွေလည်း ရှိခဲ့သေးတယ်လေ.."

လင်းဖန် အများကြီး ထပ်မပြောတော့ပေ..။သူ လီရှောင်ရှမ်း ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက််တယ်..။

"ကောင်းပြီ လေ..အများကြီး တွေးနေဖို့ မလိုပါဘူး..။အခု ပြသနာကို ဖြေရှင်းရမယ့် အချိန်ပဲ.."

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်..။ဒီ ဂေဟာရဲ့ ကလေးတွေထဲမှာ သူတို့မိဘတွေ အသက်ရှင်လျက် ရှိသေးတဲ့လူတွေ အများကြီးရှိပြီး သူတို့ကိုလည်း ဆက်သွယ်ထားပြီးသားပါ..။သို့ပေမယ့် ဒီ မိဘတွေက ကလေးတွေကို ပြန်မလိုချင်တော့ပါဘူး..။ဥပဒေ အရဆိုရင်တော့..အသက် ၁၄ နှစ်အောက်ရှိပြီး မိဘတွေ မရှိတော့တဲ့ ကလေး..

မသန်စွမ်း ဖြစ်လာတဲ့ ကလေး..မိဘတွေကို ရှာလို့မရတဲ့ ကလေး နဲ့..မိဘတွေက အခက်ခဲ ရှိတဲ့ ကလေးတွေကို ပျိုးထောင်ပေးရတာပါ..။

ပြန်ပေးဆွဲ ခံရတဲ့ ကလေးနဲ့..မိဘတွေ ရောင်းစားလိုက်တဲ့ ကလေးတွေက..စွန့်ပစ်ကလေး ဒါမှ မဟုတ် မသန်စွမ်းကလေးလို့ အမည်တပ်လို့ မရပါဘူး..။ဒါကြောင့်..သူတို့ကို အပြီးယူထားလို့ မရပေ..။

အပြင်ဘက်က အခြေအနေက ထိန်းချုပ်ရခက်လာခဲ့တယ်..။ဒီကိစ္စကို အခု မဖြေရှင်းရင်..အရှုပ်အထွေးက ကျိန်းသေဖြစ်လာတော့မှာပါ..။ဒီလိုဖြစ်လို့ ထိခိုက်ကြရင် တကယ်မကောင်းနိုင်ပါဘူး..။

"ဒါရိုက်ျာဟောင် နဲ့ ဟန်လုက ကလေးတွေကို ကြည့်ထားလိုက်..။စစ်ဆေးရေးမှုးလီ နဲ့ ကျုပ်က သွားဖြေရှင်းကြမယ်.."

လင်းဖန် ပြောလိုက်တာပါ..။

ဒါရိုက်တာဟောင် ခေါင်းညိမ့်လိုက်တယ်..။ဒီကိစ္စကို မာစတာလင်း တစ်ယောက်တည်းကပဲ..ဖြေရှင်းနိုင်မှာပါ..။သူတို့ကတော့ ဘာလုပ်ရမလဲ တောင် မသိတော့ပါဘူး..။

သူ ဂိတ်တံခါးကို တွန်းဖွင့်လိုက်တယ်..။

လူအုပ်ကြိီးဟာ..လင်းဖန် ထွက်လာတာကိုမြင်ပြီး ခံစားချက်တွေ ပေါက်ကွဲလာခဲ့ကြတယ်..။

"သူ ထွက်လာပြီ..။အမြန် ကလေးကို ပြန်ပေး.."

"မင်းက ဘာလို့ မမျှမတ လုပ်တာလဲ.."

လီရှောင်ရှမ်း အသံကို မြင့်ပြီး ပြောလိုက်တယ်..။

"အားလုံးပဲ ညိမ်ညိမ်လေး နေပြီး မာစတာလင်း ပြောတာကို နားထောင်ကြပါ.."

လင်းဖန် လူအုပ်ကြီးကို ကြည့်လိုက်ပြီး..ဝမ်ချန်ရှန်း နဲ့..ချီယန်လန် ကြည့်ကာ ပြောလိုက်တယ်..။

"ဥပဒေ အရတော့..ခင်ဗျားတို့က..လီဖက်တီးရဲ့ မိဘ အရင်းတွေ မဟုတ်တော့ သူ့ကို မွေးစားခွင့်မရှိဘူး..။ဒါပေမဲ့..သူ့ရဲ့ ဦးလေး နဲ့ အန်ကယ် ဖြစ်နေတဲ့..အချက်ကြောင့်..အကျုံးဝင်တယ်လို့ ပြောလို့ရတယ်..."

လင်းဖန် မဆုံးခင်မှာပဲ..ချီယန်လန်ဟာ ဒူးထောက်ချလိုက်ပြီး..ခံစားချက်တွေ အပြည့်နဲ့ သရုပ်ဆောင်လိုက်တယ်..။

"မာစတာလင်း ကျွန်မတောင်းပန်ပါတယ်..ကလေးကို ပြန်ပေးပါ..ကျွန်မတောင်းပန်ပါတယ်..."

လူအုပ်ကြီးဟာ..ခံစားချက်တွေ ထိန်းမရဖြစ်လာခဲ့တယ်..။သူတို့ ထဲက လူတစ်ချို့ဟာ လှုပ်လှုပ်ရှားရှားတောင် ဖြစ်လာပြီး တစ်ခုခု လုပ်ချင်နေတဲ့ ပုံပါပဲ..။

လင်းဖန် သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မူတွေကို ကြည့်ပြီးဟအကူညီမဲ့စွာ ရယ်မောလိုက်တယ်..။

"ကောင်းပြီ..ခင်ဗျားတို့ နှစ်ယောက်က တကယ် သရုပ်ဆောင် ကောင်းတာပဲ..။ဝမ်ချန်ရှန်းဟုတ်တယ်နော်..။ကျုပ် ခင်ဗျားကို မေးပါရစေ..ခင်ဗျားမှာ အစောပိုင်းအဆင့် အရိုးကင်ဆာ ရှိနေတယ် မလား..."

လူအုပ်ကြီးယာ..လင်းဖန်ရဲ့မေးခွန်းကို ကြားပြီး ကြောင်အသွားခဲ့တယ်..။မာစတာလင်း ဘာလို့ ဒီလို မေးတာလဲ သူတို့ နားမလည်ပါဘူး..။

"ဟင့်အင်.."

ဝမ်ချန်ရှန်း ခနလောက်တွေး ပြီးမှ လေးနက်စွာ ပြန်ဖြေလိုက်ပါတယ်..။

လင်းဖန် ရယ်မောလိုက်ပြီး..

"ခင်ဗျားမှာ မရှိဘူးပေါ့..။ဘေးနားကို လှည့်ပြီး ကျုပ် ဘယ်သူလဲ ဆိုတာကို မေးကြည့်လိုက်ဦး.."

အစတုန်းက..မာစတာလင်း ကို စိတ်ဆိုးနေတဲ့လူတွေဟာ ငြိမ်သက်သွားခဲ့ကြတယ်..။သူတို့ အကုန်လုံး မာစတာလင်းက နတ်ဆေးဆရာလေး ဆိုတာကို သိထားကြပါတယ်..။ပြီးတော့ နတ်ဆေးဆရာလေးတင် မဟုတ်ပါဘူး..။

သူ ဘယ်သူလဲ ဆိုတာက လျို့ဝှက်ချက် မဟုတ်ပေ.။ဒါက အင်တာနက်မှာ ရှာလိုက်တာနဲ့ ချက်ချင်း သိနိုင်တဲ့ အရာကါ..။

သတင်းထောက်တွေဟာ..စတင်ပြီး တီးတိုး ပြောလိုက်ကြတယ်..။

"ဟုတ်တယ် မာစတာလင်းက..နတ်ဆေးဆရာပဲ..။သူက လူနာတစ်ယောက်ကို ကြည့်ရင် ဘယ်တော့မှ မှားနိုင်မှာ မဟုတ်ဘူး..။တ်ဘို​ြ သူက ဒီလူ နေမကောင်းဘူးလိူ့ ပြောရင် ကျိန်းသေ နေမကောင်းဖြစ်နေတာပဲ..။ဒါပေမဲ့ဟဘာလိူ့ ဒီလူက ဝန်မခံတာလဲ.."

ဝမ်ချန်ရှန်း ပြောလိုက်တယ်..။

"ငါတို့ ဒီကိုလာတာက ငါတို့ တူလေးကို ပြန်လာခေါ်တာပဲ..။ဘာလို့ ဒီမေးခွန်းတွေ မေးနေရတာလဲ.."

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"စစ်ဆေးရေးမှုး လီ..လွန်ခဲ့တဲ့လအနည်းငယ်က..ကလေးတွေကို ပြန်ကယ်ပြီးတော့..မိသားစုဝင်တွေကို လာခေါ်ဖို့ အကြောင်းကြားထားတယ်နော်..."

စစ်ဆေးရေးမှုး လီ လည်ချောင်းရှင်းပြီး ပြောလိုက်တယ်..။

"ဟုတ်တယ်..ကျုပ်တို့ ကလေးတေရဲ့ နောက်ခံတွေကို သိရဖို့ အတော်ကြိုးစားခဲ့တယ်လေ..။ဝမ်ယန်ယန် ရဲ့အဖေက သေသွားပြီ သူ့အမေက နောက်အိမ်ထောင် ပြုထားတယ်.။သူ့အမေ နဲ့ သွားတွေ့တော့..သူ့အမေက ကလေးကို ပြန်ယူဖို့ ငြင်းခဲ့ကြတယ်လေ..။အဲတာနဲ့ ဦးလေးနဲ့ အဒေါ်ဖြစ်တဲ့ ခင်ဗျားတို့ကို အကြောင်းကြားတော့လည်း လက်မခံနိုင်ဘူးဆိုပြီး ​ ပြန်​အကြောင်းကြားခဲ့ကြတယ်လေ...။အခု လအနည်းငယ် ကြာတော့ ခင်ဗျားတို့ ရောက်လာကြပြန်ပြီ..။ဒီမှာ တစ်ခုခု ဖုံးကွယ်ထားတာ ရှိရမယ်.."

လုအုပ်ကြီးက ငတုံးတွေ မဟုတ်ကြပါဘူး..။သူတို့ ဒါကို ကြားတဲ့ အချိန်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး..သူတို့ မသိသေးတာ ရှိနေသေးတယ်လို့ ခံစားလိုက်ရတယ်..။

ဝမ်ချန်ရှန်း နဲ့ ချီယန်လန် တို့ရဲ့ မျက်နှာဟာ ဖြူဖျော့နေခဲ့တယ်..။ယင်းနောက် သူတို့ ဒေါသထွက်စွာ ငြင်းလိုက်ပါတယ်..။

"မင်း ဘာအဓိပ္ပါယ် မရှိတာတွေ ပြောနေတာလဲ..။ငါတို့ ဘာ အသိပေးစာမှ မရခဲ့ဘူး..။ငါလည်း ဝမ်ယန်ယန် ဒီမှာ ရှိနေတယ် ဆိုတာကို သူ့အမေ နဲ့ တွေ့မှ သိခဲ့ရတာ..။ဒါကြောင့် ညတွင်းချင်းပဲ..ငါ ရောက်လာခဲ့တာလေ.."

လင်းဖန် ဘေးနားမှာ ရပ်နေပြီး ပြောလိုက်တယ်.။

"ကောင်းပြီ...ကျုပ်ပေးပါရစေဦး..။ခင်ဗျားမှာ အရိုးကင်ဆာ ရှိနေတာကို..သိနေပြီး သင့်တော်တဲ့ ရိုးတွင်းခြင်ဆီ အလှူရှင်ကို..မတွေ့တဲ့ အချိန်မှာ ခင်ဗျားရဲ့..တူ ကို သတိရမိတယ်မလား..။ခင်ဗျာ ဒီလို အလျင်လိုနေတယ် ဆိုတာက..ဆေးရုံကို အမြန်သွားပြီး..သူက သင့်တော်လား မသင့်တော်လား ဆိုတာကို စစ်ဆေးပြီးတာနဲ့..ခင်ဗျားဆီကို ရိုးတွင်းခြင်ဆီ လွှဲပြောင်းချင်နေတာလေ..။ဟုတ်တယ်မလား..."

အဲ့အချိန်မှာပဲ..အကုန် တိတ်ဆိတ်သွားခဲ့တယ်..။

လူတိုင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်..။ဒါ အမှန်မဟုတ်လောက်ပါဘူးနော်..ဟုတ်တာ်မလား...။

တကယ်လို့ ဒါသာ အမှန်ဆိုရင် သူတို့ အကြင်နာတရားမဲ့တဲ့ တိရစ္ဆာန် နှစ်ယောက် ဘက်မှာ ရပ်တည်ပြီး မာစတာလင်းကို ကျိန်ဆဲ မိနေခဲ့တာပါ..။

ဝမ်ချန်ရှန်းရဲ့ နှလုံးခုန်သံတွေဟာ မြန်နေခဲ့တယ်..။ယင်းနောက် သူ အသံကို မြင့်လိုက်ပြီး...

"ဘယ်လို ဖြစ်နိုင်မှာလဲ..။ငါတို့ ဒီလို ကိစ္စကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး..။ငါတို့ ဝမ်ယန်ယန်ကို ခေါ်သွားလို့ မရအောင် ဒီလို လုပ်ကြံဇာတ်လမ်းတွေ ပြောနေလို့ ရမယ် ထင်နေတာလား..။မင်းက လူရော ဟုတ်ရဲ့လား..."

သူတို့ ငြင်းပယ် ရမယ်..။

သူတို့ သေအောင် အရိုက်ခံရမယ် ဆိုရင်တောင်..သူတို့ ဝန်ခံကြမှာ မဟုတ်ပေ..။

လူတိုင်းဟာ ကြောင်အနေပြီး စိတ်တွေ ရှုပ်ထွေးနေခဲ့ကြတယ်..။သူတို့ ဘယ်သူ့ကို ယုံကြည်ရမလဲ မသိတော့ပါဘူး.။သူတို့ရဲ့ နှလုံးသားထဲမှာတော့..မာစတာလင်း မှားပါစေ လို့ပဲ မျှော်လင့်နေခဲ့ကြပါတယ်..။ဘာပဲဖြစ်ဖြစ်..ဒါမှ သူတို့ အမှန်တရားဘက်က ရပ်တည်နေတဲ့ လူတွေ ဖြစ်မှာပါ..။

လင်းဖန် ဒီကိစ္စကို ဆက်ပြီး မဆွဲဆန့်ချင်တော့ပေ..။ဒါက..လုံးဝကို အချိန်ဖြုန်းတီးတာပါပဲ..။သူ စွယ်စုံကျမ်း စတိုးကို ဖွင့်လိုက်တယ်..။

အမှန်တရားရဲ့ အလင်းရောင် : စွယ်စုံအမှတ် ၅၀။

ကြာချိန် : ၁၀ မိနစ်..။

လဲလှယ်ခြင်း..။

သူ ဝမ်ချန်ရှန်းကို. ချိန်ပြီး အသုံးပြုလိုက်တယ်..။

မမြင်ရတဲ့..အလင်းရောင် တစ်ခုဟာ..ဝမ်ချန်ရှန်း ရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်တို့ကို အမှန်အတိုင်းပြော..။ခင်ဗျားတူ ရဲ့..ရိုးတွင်းခြင်ဆီ ကို ခင်ဗျား လိုချင်နေတာ လား..."

"ဟုတ်တယ်..မင်းမှန်တယ်..။ငါ အရိုးကင်ဆာ အစောပိုင်းကို ခံစားနေရတာ..ဒါကြောင့် သူ့ရဲ့ ရိုးတွင်းခြင်ဆီ နဲ့ ကယ်ခိုင်းမလို့ပဲ.."

ဝမ်ချန်ရှန်း သူ့ကိုသူ အမှန်တွေ ပြောနေတာကနေ မထိန်းချုပ်နိုင်ခဲ့ပါဘူး..။

အဲ့အချိန်မှာပဲ..လုံးဝ တိတ်ဆိတ်သွားခဲ့တယ်..။

ချီယန်လန် သူမရဲ့ ယောက်ျားကို တုံးအစွာ ကြည့်လိုက်တယ်..။

"ရှင် ရူးသွားပြီလား..။ရှင်ဘာတွေ ပြောနေလဲ ဆိုတာရော သိရဲ့လား..."

ဝမ်ချန်ရှန်း ..ပြောလိုက်တယ်..။

"ငါက သူ့ရဲ့..တစ်ဦးတည်းသော အန်ကယ်ပဲလေ..။ငါက အခု..အရိုးကင်ဆာ အစောပိုင်း အဆင့်..ကိုခံစားနေရတယ်..။ငါ့ရဲ့ တူတစ်ယောက် အနေနဲ့..သူက ငါ့ကို ကယ်တင်ရမှာပဲ..။ဟုတ်တယ် မင်းမှန်တယ် အစက ငါသူ့ကို တာဝန်မယူချင်ဘူး..ဒါပေမဲ့..အခုတော့..ငါသူ့ကို လိုအပ်လာတဲ့ အတွက် ပြန်ခေါ်သွားရမယ်..။မင်း သူ့ကို အရမ်းချစ်နေတယ် ဆိုရင် ငါ ..လုပ်စရာတွေ ရှိတာပြီးတာနဲ့..မင်းဆီကို ပြန်ပို့ပေးမယ်..."

"ငါ လုပ်စရာတွေ ပြီးသွားရင် မင်းဆီ ပြန်ပို့ပေးမယ်..."

ဒိီ စကားကြောင့် လူတိုင်းရဲ့ နှလုံးသားတွေဟာ ပေါက်ကွဲထွက်သွားခဲ့တယ်..။

"ချီးပဲ ငါတို့ အရူးလုပ်ခံရပြီ..."

"ဘယ်လိုဖြစ်နိုင်မှာလဲ..။သူ ဘယ်လိုပြောရတာလဲ..။ဒါက ငါတို့ ဆိုးရွားတဲ့ လူတွေကို ကူညီနေတာ မဟုတ်ဘူးလား..။တကယ်လို့ ကလေးသာ ခေါ်သွားခဲ့ရရင် ဘယ်လိုဖြစ်လာမှာလဲ..."

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..။သူတို့ ဘယ်လိုလုပ်နိုင်ရမှာလဲ..။ငါတို့ မာစတာလင်းကို ကျိန်ဆဲ နေမိတာပဲ.."

အဲ့အချိန်မှာတော့..နောင်တ နဲ့..ရှက်ရွံ့မူတွေ သူတို့ရဲ့ ရင်ထဲကို ဝင်ရောက်လာခဲ့ပါပြီ..။

သတင်းထောက် ရှောင်ကျောင်းဟာလည်း ရှက်ရွံ့နေခဲ့တယ်..။သူမ မျက်နှာမှာ မယုံကြည်နိုင်ဖြစ်နေခဲ့တယ်..။သူမမာစတာလင်းကို ရန်တွေ့ခဲ့တာကို ပြန်တွေးမိရင် သူမက အရူးတစ်ယောက်လိုပါပဲ..။

ရုတ်တရက် ဒေါသ သံတွေဟာ ထွက်ပေါ်လာခဲ့တယ်..။

"မအိမ်လုံး..မင်းက ငါတို့ကို လိမ်ရဲတယ်လား...။တိရစ္ဆာန်ကောင်တွေ..."

"သူတို့ကို သေအောင် ရိုက်..."

လူအုပ်ကြီးဟာ ရူးသွပ်သွားခဲ့တယ်..။သူတိူ့က အမှန်တရားကို မြတ်နိုးပြီး ကြင်နာတတ်တဲ့လူတွေလို့ ထင်ထားခဲ့ကြပေမယ့် မာစတာလင်းကို ကျိန်ဆဲဖို့ အသုံးချခံရလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။

ရဲအရာရှိတွေဟာလည်း ဒေါသထွက်နေကြပေမယ့်..ဒီစုံတွဲကိုလူအုပ်က ရိုက်နှက်နေတာကို ရပ်ကြည့်နေလို့ မရပါဘူး..။ဒါကြောင့်..သူတို့ ဒီစုံတွဲကို ကာကွယ်ဖို့သာ တတိနိုင်ကြပါတယ်..။သို့ပေမယ့်. ဒါတောင်မှ ဒီစုံတွဲက အကြိမ်အနည်းငယ်လောက် အရိုက်ခံရပါသေးတယ်။

လင်းဖန် လီရှောင်ရှမ်း ကို ကြည့်လိုက်ပြီး..

"အမှန်တရားကတော့ ထွက်လာခဲ့ပြီ..။လူအုပ်ကို ကူရှင်းပေးပါဦး..။ဒါက နန်ရှမ်းဂေဟာပဲ..။တိတ်တိတ်ဆိတ်ဆိတ် ရှိနေတာက ပိုကောင်းတယ်လေ.."

လီရှောင်ရှမ်းကတော့ ကြောင်အနေတုန်းပါပဲ..။ဒီလူက ဘယ်လိူလုပ်ပြီး ရုတ်တရက်ကြီး..အမှန်တရားကို လာပြောနေတာလဲ..။ဒီ အပြောင်းအလဲက အရမ်း မြန်လွန်းလှပါတယ်..။သို့ပေမယ့် သူ ခေါင်းညိမ့်လိုက်ပါသေးတယ်။

"တောင်းပန်ပါတယ် မာစတာလင်း.."

လူအုပ်ကြီးဟာ ရိုးသားစွာ တောင်းပန်လိုက်ကြပါတယ်..။

လင်းဖန် သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး ခံစားခက်မဲ့စွာ ပြောလိုက်တယ်..။

"နောက်တစ်ခါ ဒါမျ်ိုးကြုံလာရင်သာ..ကျေးဇူးပြုပြီး ဦးနှောက်လေး သုံးပေးကြပါ..။သနားစရာကောင်းတဲ့လူတိုင်းမှန်တယ် ထင်မနေနဲ့..။အခုချိန်မှာတော့ ကျုပ်က သနားစရာအကောင်းဆုံးပဲ..။အစောတုန်းက..ကျုပ်ကို.ကျိန်ဆဲနေကြတာ..ခင်ဗျားတို့ရဲ့..ကောင်းမွန်စေလိုတဲ့ စိတ်ထားကြောင့်သာ မဟုတ်ရင် ကျုပ် ရိုက်နှက်ပြီးနေလောက်ပြီ..။ကောင်းပြီ..လူစုခွဲလိုက်ကြတော့."

သူ ဘာမှ ထပ်မ​ပြောချင်တော့ပါဘူး.။ဒါက တကယ်ကို အချိန်ဖြုန်းတာပါ..။

သတင်းထောက် ရှောင်ကျောင်း..ရှက်ရွံ့စွာ ပြောလိုက်တယ်..။

"မာစတာလင်း..ညီမ တောင်းပန်ပါတယ်..။ညီမ နားလည်မူ လွဲသွားတာ..."

လင်းဖန် သူမကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ ဘာစကားမှ မပြောတော့ပဲ..နန်ရှမ်းဂေဟာကို..ပြန်ဝင်သွားခဲ့ပါတယ်..။

အဲ့အချိန်မှာတော့ ရှောင်ကျောင်းဟာ မျက်ရည်တောင် ကျပါတော့မယ်..။သူမက ငတုံးတစ်ယောက် ဆိုတာကို နားလည်လိုက်ပါပြီ...။

လင်းဖန် အတွက်ကတော့ ဒီလူတွေ အတွက် စွယ်စုံအမှတ် ၅၀ သုံးလိုက်ရတာက တကယ်ကို ဖြုန်းတီးတာပါပဲ..။ဒီအမှတ်တွေသုံးပြီး ဝက်တွေကို အစာ​ကျွေးလိုက်တာကမှ ပိုပြီး ကောင်းမွန်ဦးမှာပါ..။

သိူ့ပေမယ့် စွယ်စုံ စတိုးထဲက..ပစ္စည်းတွေက တကယ် မဆ်ိုးပေ..။သူတိူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းက အတော် ကောင်းမွန်လှပါတယ်.။

လူအုပ်ကြီးဟာ..သူတိူ့အပေါ် မာစတာလင်း ခွင့်မလွတ်မှာကို ကြောက်နေခဲ့တယ်..။သူတို့ ဘာလို့ ဒီလောက်အထိ တုံးအကြတာလဲ..။ဒါကို ပြန်တွေးကြည့်ရင်တောင်..သူတို့ရဲ့ မျက်နှာတွေက နီရဲပြီး ရှက်ရွံ့လာကြပါတယ်..။

တကယ်လို့ တစ်ခြားလူတွေက်ို ပြန်ပြောကြရင် သူတို့ လှောင်ရယ်ကြမှာ ကျိန်းသေပါပဲ..။

လူအုပ်ကြီး ရှက်ရွံ့နေကြတုန်းမှာပဲ..လင်းဖန် သူ့ခြေလှမ်းတွေကို ရပ်တန့်ပြီး ​ လင်မယားဘက်ကို လှည့်ကာ ပြောလိုက်တယ်..။

"အိုး ဟုတ်သားပဲ..။ကျုပ် ခင်ဗျားရဲ့ ရောဂါကို ကုသနိုင်တယ်..။ဒါပေမဲ့ ကုသ ပေးမှာ မဟုတ်ဘူး..."

လူတိုင်း "....."

လီရှောင်ရှမ်း ခါးသက်စွာ ရယ်မောပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။မာစတာလင်းကတော့ မပြောင်းလဲ ပါဘူး..။သူက လူတွေကို ရန်စရတာကို တကယ် သဘောကျတာပါ..။

All Chapters