အခန်း (၇၁၆)
Vol. 48 Ch. 716
#ဘာသာပြန် = စနိုးဝှိုက်
ဒီအဖြစ်အပျက် ပြီးသွားတဲ့ နောက်မှာတောင် ဒါရိုက်တာဟောင် ဆီမှာ ဒေါသစိတ်တွေ ကျန်နေတုန်းပါပဲ..။သူမ နန်ရှမ်းဂေဟာမှာ လုပ်နေတုန်း ကိစ္စတွေ တော်တော်များများ..ကို တွေ့ကြုံရဖူးပေမယ့်..ဒီလို ကိစ္စမျိုးကတော့ အတော်ကို ရှားပါးပါတယ်..။
လီဖက်တီးက အသက်ငယ်သေးပေမယ့်လည်း သူ့ရဲ့ ဆွေမျိုးတွေ ဘာတွေ ပြောခဲ့တာလဲ ဆိုတာကို နားလည်ပါတယ်..။ဒါက..သူ့ရဲ့ ငယ်ရွယ်တဲ့ ဘဝအတွက်တော့ ရိုက်ချက်ကြီးပါပဲ..။သူရဲ့ သေးငယ်တဲ့ လက်ကလေးတွေနဲ့..ဒါရိုက်တာ ဟောင်ရဲ့ အင်္ကျီ ကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး..ဝမ်းနည်းစွာနဲ့ ခေါင်းငုံ့နေခဲ့ပါတယ်..။
လင်းဖန် သက်ပြင်းချပြီး..သူ့ဟာသူ ပြောလိုက်တယ်..။
"ချီးပဲ..နောက်တစ်ခါ ဒါမျိုးကိစ္စကြုံရရင် ကြမ်းကြမ်းတမ်းတမ်း နည်းလမ်းကိုပဲ..သုံတော့မယ်.။ကလေးတွေက နဂိုကတည်းက သနားစရာ ကောင်းနေခဲ့ပါပြီ..။သူတိူ့က ထပ်ပြီး မနာကျင်ကြသင့်တော့ပါဘူး.."
လင်းဖန် ထူထောက်လိုက်ကာ..လီဖက်တီးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး...
"လီဖက်တီး ဘာဖြစ်လိူ့လဲ..။အခု က စပြီး အန်က
ယ်လင်း တို့က မင်းရဲ့ မိသားစုဝငိတွေပဲ..။အန်ကယ်လင်းကတော့ အရင်ကလိူ..ချစ်ဖို့ကောင်းပြီး ပျော်ပျော်နေတတ်တဲ့ လီဖက်တီးကိုပဲ သဘောကျတယ်.."
လီဖက်တီး ကြည့်လိုက်ပြီး ငိုတော့မယ့်ပုံပေါက်နေခဲ့တယ်..။
"အန်ကယ်လင်း.. အန်တီဟောင်..အန်ကယ် ဟန်လု.. နဲ့ အားလုံးက သားရဲ့ မိသားစု ဝင်တွေပါ.."
လင်းဖန် ပြုံးပြီး ဒါရိုက်တာ ဟောင်ကို ကြည့်လိုက်တယ်..။
"ဒီကိစ္စက ဖြေရှင်းပြီးသွားပြီ..။တကယ်လို့ အနာဂတ်မှာ ဒါမျိုးကြုံလာရင်လည်း ကျွန်တော်ကို အသိပေးပါ.."
ဒါရိုက်တာ ဟောင် ခေါင်းညိမ့်လိုက်တယ်..။မာစတာလင်း ကြောင့်သာ မဟုတ်ရင် အခြေအနေ အတော် ဆိုးရွားသွားတော့မှာပါ..။ကံကောင်းချင်တော့..ဒီဂေဟာမှာ မာစတာလင်း ရှိနေခဲ့ပါတယ်..။
ယင်းနောက် သူတို့ နှစ်ယောက် ခနလောက် လမ်းလျောက် ပြီး စကားပြောခဲ့ကြတယ်..။စာသင်ဖို့ အတွက် အဆောက်အဦးတွေ အတွက်ကတော့ လင်းဖန်..အလျင်လိူဖို့ မတောင်းဆိုပေမယ့် အရည်အသွေးကောင်းမွန်ဖို့ကိုတော့ တောင်းဆိုထားပါတယိ..။သူ အရည်အသွေးနိမ့်တဲ့..အဆောက်အဦးတွေကို ဆောက်ပြီး ကလေးတွေကို..အန္တရာယ် မဖြစ်စေချင်ပါဘူး..။
နောက်တစ်ရက်..။
အရင်နေ့က..နန်ရှမ်းဂေဟာ မှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းက အမှန်တရား ထွက်ပေါ်လာခဲ့ပါပြီ..။
လူတိုင်းဟာ သတင်းကို မြင်ပြီး အံ့ဩနေခဲ့ကြတယ်..။
ပြီးတဲ့နောက်မှာ မြို့သားတွေဟာ..သတင်းကို ဖတ်ပြီး ဒေါသကို မထိန်းနိုင်ကြတော့ပါဘူး..။မရေမတွက်နိုင်တဲ့ ညစ်ပတ်တဲ့ စကားလုံးတွေဟာ..ဝမ်ချန်ရှန်း နဲ့ ချီယန်လန် ဆီကို ရောက်လာခဲ့ကြတယ်..။
"ဟားဟား..စောက်ရူးတွေ..။မာစတာလင်းကို ဘယ်သူထင်နေလို့လဲ..။မင်းတို့က များ မာစတာလင်းကို..ကျိန်ဆဲနေကြသေးတယ်..။အခု မင်းတို့ ဘဝအတွက် သင်ခန်းစာ ရသွားကြပြီ မလား.."
"မနေ့က ပြသနာ စကတည်းက..ငါ မာစတာလင်းရဲ့ ဘက်မှာ..မျက်စိစုံမှိတ်ပြီး ရပ်နေတာ..။ဘာပဲဖြစ်ဖြစ် ငါ မာစတာလင်းကို ယုံကြည်တယ်.."
လင်းဖန် ဒီကိစ္စကို သိပ်ပြီး ဂရုမစိုက်ပေ..။မြို့သားတွေဟာ..သူတို့က အမှန်တရား ဘက်တော်သားတွေ အဖြစ် သက်သေပြချင်ခဲ့ပေမယ့်လည်း အလိမ်ညာခံခဲ့ကြပါတယ်..။
သိူ့ပေမယ့် ဒါကလည်း အဆင်ပြေပါတယ်...။လင်းဖန်တောင် စွယ်စုံကျမ်း မရှိဘူးဆိုရင်..ဒီလင်မယား ကြံစည်းနေတာတွေကို သိနိုင်မှာ မဟုတ်ပါဘူး..။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စက မြို့သားတွေ ရဲ့ မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားတာကြောင့် အတော် နာကျင်ရမှာပါ..။
တိမ်ဖြူလမ်း..။
လင်းဖန် အတွက် မနေ့က အဖြစ်အပျက်က..သက်ရောက်မူ မရှိပေ..။သူက လုပ်သင့်တာကိုပဲ..ဆက်လုပ်နေခဲ့တယ်..။သူ နေ့လည်ဘက်တွေဆိုရင် ဂေဟာကို သွားပြီး..ကလေးတွေ နဲ့ အတူ အပင်စိုက်ကာ..အသိပညာတွေ မျှဝေနေခဲ့ပါတယ်..။ဒီ အသိပညာက အနည်းငယ် ခက်တယ် လို့ ပြောလို့ရပေမယ့် ကလေးတွေဟာ..သေချာ သင်ယူကြတာကြောင့် အဆင်ပြေပါတယ်..။
ဒီရက်ပိုင်း အတွက်မှာတောင်..ဒီအသိပညာအခန်းကို နားလည်တဲ့ ကလေးက သုံးယောက်လောက် ရှိနေခဲ့ပါပြီ..။
တိုးတက်တဲ့ နှုန်းကလည်း အတော်ကို ကောင်းမွန်ခဲ့တယ်..။ကလေး ဆယ်ယောက် နားလည် ဖို့ ဆိုတာက သိပ်ပြီးတော့ကြာမှာ မဟုတ်ပါဘူး..။
အဲ့အချိန်မှာပဲ..လီရှောင်ရှမ်း ဖုန်းခေါ်လာခဲ့တယ်..။
"စစ်ဆေးရေးမှုး လီ ..ဘာဖြစ်လို့လဲ.."
လင်းဖန် မေးလိုက်တာပါ..။
လီရှောင်ရှမ်း ပြောလိုက်တယ်..။
"မာစတာလင်း..ဒီလင်မယား နှစ်ယောက်က ကျုပ်ရှေ့မှာ..ဒူးထောက်နေကြပြီး မာစတာလင်းသူ့ရဲ့ ရောဂါကို ကုပေးနိုင်မလား..မေးပေးခိုင်းနေတယ်.."
လင်းဖန် တွေဝေမနေပဲ ပြန်ဖြေလိုက်တယ်..။
"ကျုပ် ကုမှာ မဟုတ်ဘူး..။ကုသ ချင်စိတ်လည်း မရှိဘူး.."
"ကောင်းပြီလေ..သိပါပြီ.."
လီရှောင်ရှမ်း ဘာအဓိပ္ပါယ် မရှိတဲ့ စကားမှ ထပ်မပြောခဲ့ပေ..။တကယ်လို့ သူ ဆိုရင်လည်း ဒီလူကို ကုပေးမှာ မဟုတ်ပါဘူး..။မာစတာလင်း သူ့ကို မကုပေးဘူးဆိုတာက ပြောစရာတောင် မလိုတော့ပေ..။
ဆိုင်ထဲတွင်..။
ဝူယူလန် ဒေါသထွက်စွာ ပြောလိုက်တယ်..။
"ဒိီစုံတွဲက အတော်ကို ယုတ်မာတာပဲ..။သူတို့ ကောင်းကျိုး အတွက်နဲ့ ဒီလို အလုပ်တွေ လုပ်ရဲတယ်.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"ဒါကို ပြောဖို့မလိုတော့ပါဘူး..။ဒီကိစ္စက ပြီးပြီးသွားပြီလေ..."
လူလိမ်ထျန် စီးကရက်ကို ဇိမ်ကျကျ သောက်နေပြီး..မုတ်ဆိတ်မွေးကို သနေခဲ့တယ်..။
"ဒီလို ကိစ္စမျိုးဆိုတာက ရှားပါးတယ်..။ဒီလိုဟာကို နှစ်ခါ သုံးခါ ကြုံပြီးရင်တော့..အသားကျသွားလိမ့်မယ်..။ဒါပေမဲ့ သူ့ကို အမှန်အတိုင်းပြောအောင် မင်းဘာလုပ်လိုက်တာလဲ ကောင်လေး..။ဒါက နည်းနည်းတော့ ထူးဆန်းတယ်..."
လင်းဖန် လူလိမ်ထျန်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"မင်းက တစ်ယောက်တည်းသော..ထူးဆန်းတဲ့လူပဲ..။ဘယ်သူသိမှာလဲ..။ကာစတန်မာတွေ တန်းစီနေကြပြီ..အမြန် နံပါတ်တွေ ဝေလိုက်တော့.."
"ဟီးဟီး.."
လူလိမ်ထျန် ရယ်မောပြီး ဘာမှ ထပ်မပြောတော့ပေ..။ယင်းနောက် သူ နံပါတ် တွေကို ယူပြီး အော်လိုကိတယိ..။
"အေးအေးဆေးဆေး တန်းစီကြမယ်..။ကျုပ် အခု နံပါတ် တွေကို ဝေတော့မလို့..."
ဒါက လူလိမ်ထျန် အတွက် အာဏာအမြင့်ဆုံး ရှိတဲ့ အချိန်ပါပဲ..။ကာစတန်မာ တွေက..ချမ်းသာ တဲ့လူပဲ ဖြစ်ဖြစ်..အောင်မြင်နေတဲ့ လူပဲဖြစ်ဖြစ် ..သူတို့ ပန်ကိတ်ကို လိုချင်တယ် ဆိုရင်တော့..တန်းစီကြရမှာပါ..။
နေ့လည်ဘက်..။
လင်းဖန်ကတော့ ဂေဟာကို သွားပြီး ကလေးတွေ နဲ့ အတူ ပန်းပွင့်တွေ အပင်တွေ စိုက်ပျိူးနေခဲ့တယ်..။ကလေးတွေကတော့ အတော်ကို တက်ကြွနေကြပါတယ်..။အရင်နေ့က ဖြစ်ပျက်ခဲ့တာတွေ အတွက်ကတော့ သူတို့ မေ့တောင် မေ့နေကြပါပြီ..။
စွယ်စုံအမှတ် + 1
ဒါက..တစ်ခြား ကလေးတစ်ယောက်က နားလည် သွားပြီလို့ ဆိုလိုတာပါပဲ..။အမှန်တကယ်ပဲ..ဥာဏ်ကောင်းစေသော ဆေးလုံးက အတော်ကို အသုံးဝင်တာပါ..။သူတို့က ခနလေး သင်လိုက်တာနဲ့ ချက်ချင်း နားလည်ကြပါတယ်..။
ကလင် ကလင်
လင်းဖန် ကလေးတွေကို ရှင်းပြနေတုန်းမှာပဲ..အမည်မသိ နာမည်တစ်ခုဟာ ဝင်လာခဲ့တယ်..။
သူ ဖုန်းကို ဖြေလိုက်တယ်..။
"ဘယ်သူလဲ.."
လင်းဖန် မေးလိုက်တာပါ..။
နက်ရှိုင်းတဲ့ ယောက်ျားအသံတစ်ခုဟာ..ဖုန်းထဲကနေ ထွက်လာခဲ့တယ်..။
"မင်းက မာစတာလင်းလား..။မင်းယန်ဂျင်ကို ဝိုက်ဘိုပေါ်မှာ..တောင်းပန်ဖို့ ငါ ပြောချင်တယ်..။မင်း အပြစ်မပြုသင့်တဲ့ လူကို အပြစ်မပြုမိစေနဲ့..။ငါ ပြောတာကို နားလည်လား..."
လင်းဖန် အစကတော့ စိတ်မဝင်စားပါဘူး..သို့ပေမယ့် ဒီစကားတွေကို ကြားပြီး ရယ်မောလိုကိတယ်..။
"အိူး..မင်းကဘယ်သူလဲ..။မင်း ပြောတာကို နားထောင်ရသလောက်တော့ အံ့ဩစရာပဲ.."
လင်းဖန် ပြောလိုက်တာပါ..။
"မင်း မှတ်ထားရမှာက..ငါက မင်း လာရှုပ်လို့ မရတဲ့လူပဲ..။ဝိုက်ဘိုမှာ သွားတောင်းပန်လိုက်..ဒါဆို ဒီကိစ္စက ပြီးသွားပြီ..."
အချိန်ခနကြာအပြီးမှာ လင်းဖန်က ယန်ဂျင်နဲ့ မတော်တဆမူကို မေ့တောင် မေ့နေခဲ့ပါပြီ..။ယန်ဂျင်က သူ့ အရှုံးကို လက်ခံ သွားပြီလို့တောင် သူထင်ထားတာပါ..။တစ်ယောက်ယောက်က သူ့ကို လာပြီး ချိန်းခြောက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒါက တကယ်ကို မထင်မှတ်ထားတာပါ..။
အဲ့အချိန်မှာပဲ..လင်းဖန် အသက်ကို ပြင်းပြင်းရူလိုက်ပြီး..အဝေးကို လျောက်သွားခဲ့တယ်..။သူ အပြစ်ကင်းစင်တဲ့ ကလေးတွေကို ညစ်ညမ်းတဲ့ စကားတွေ မပြောချင်ကြပါဘူး..။
"မအိမ်လုံး..ငါ မင်းမျက်နှာကို တံတွေးနဲ့ ထွေးလိုက်မယ်..။မင်း သတ္တိရှ်ိရင် တိမ်ဖြူလမ်းကို လာလိုက်..။လာ မကစားနေနဲ့..."
တီ..
သူဖုန်းချလိုက်တယ်..။
တစ်ဖက်လူက ဘယ်လိုနောက်ခံပဲဖြစ်ဖြစ် ..သူ မျက်နှာသာ မပေးပါဘူး..။ဒီလူက လာပြီး ချိန်းခြောက်ချင်နေခဲ့တာပါ..။လင်းဖန် ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲ ဆိုတာ ဒီလူ သိရပါတော့မယ်..။
တစ်ဖက်လူဟာ ဒီစကားတွေကို ဖုန်းထဲက ကြားတဲ့ အချိန်မှာ ဒေါသကြောင့် မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။တစ်ဖက်က ဖုန်းချသွားတာကြောင့်..သူ့ရဲ့ အမူအရာက ပိုဆိုးသွားခဲ့ပါတယ်..။ဒါက သူ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ..။
ကလင် ကလင်..
လူကြီး ဒေါသ ထွက်နေတုန်းမှာပဲ..အစောက မာစတာလင်းက ဖုန်းပြန်ခေါ်လာခဲ့ပါတယ်..။ယင်းနောက် သူ အေးစက်စွာ ပြုံးလိုက်ပြီး ဖုန်းကို ကိုင်လိုက်တယ်..။
အစကတော့ မာစတာလင်းက အမှားကို သိပြီး တောငိးပန်ချင်ိလိူ့ ခေါ်တယ်လိူ့ ထင်ထားခဲ့တာပါ..။သို့ပေမယ့် သူ ဖုန်းကိုင်လိုက်တဲ့ အချိန်မှာ..ထွက်လာတဲ့ ကြမ်းတမ်းတဲ့ စကားလုံးကြောင့် လုံးဝကို ဒေါသထွက်သွားခဲ့ပါတယ်..။
လင်းဖန် : မအိမ်လုံး..#$%&&
ဒီလို ကျိန်ဆဲပြီးတာတောင် လင်းဖန် မကျေနပ်သေးပေ..။သူ ဒေါသကို ဖွင့်မထုတ်ရဘူးဆိုရင် သည်းခံနိုင်မှာတောင် မဟုတ်ပါဘူး..။ယင်းနောက် သူ ဝိုက်ဘိုကို ဖွင့်လိုက်ပါတယ်..ဟ
"ယန်ဂျင်..မင်းရဲ့ ချစ်သူကို လွတ်ပြီး ငါ့ကို ချိန်းခြောက်ခိုင်းမနေနဲ့..။ သတ္တိရှိရင် တိတ်ဖြူလမ်းကိုသာ လာခဲ့လိုက်..။အဲ့လူရဲ့ ဖုန်းနံပါတ်က 13584xxxx..။အားလုံးပဲ..အားတဲ့ အချိန်ကြရင် အဲ့ဖုန်းနံပါတ်က်ို ဆက်ပြီး ဆဲလို့ ရတယ်နော်..။ခင်ဗျားတို့ ညဘက်နောက်ကျ ပြီးမှ ဖုန်းခေါ်ရင်တော့ အကောင်းဆုံးပဲ.."
ဒီ ပို့စ်တက်လာတာကြောင့် အကုန်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်..။
သို့ပေမဲ့ အဲ့အချိန်မှာတော့ လင်းဖန် အပင်နဲ့ ပန်းပွင့်တွေ ပြန်စိုက်ကာ..ကလေးတွေကို ရှင်းပြခဲ့ပါတယ်..။
တစ်ဖက် ယန်ဂျင် နဲ့ ဖုန်းခေါ်တဲ့လူ..ဘယ်လိုတွေ ဖြစ်နေမလဲ ဆိုတာကတော့ လင်းဖန် လုံးဝ ဂရုမစိုက်ပါဘူး..။