ကျွမ်းကျင်တဲ့ ကယ်တင်ရှင်
Vol. 48 Ch. 718
#ဘာသာပြန် = စနိုးဝှိုက်
ဟောင်ဂျင်..။
ရီကျန်းမင်..စိတ်သက်သာရာ ရသွားခဲ့တယ်..။သူ့မျက်နှာ ထက်မှာတော့ ထည်ငြိမ်မူတွေ ပေါ်လာခဲ့ပါပြီ..။
လက်ချောင်းလေးချောင် ..ပြတ်နေတဲ့ အို့ရှင်းယန် ..ဟာ သိချင်စွာ မေးလိုက်တယ်..။
"မာစတာလင်းက လာဖို့ သဘောတူခဲ့တာလား.."
ရီကျန်းမင် ခေါင်းညိမ့်လိုက်တယ်..။
"သူ သဘောတူခဲ့တယ်..မနက်ဖြန်ကျရင် လာမယ်တဲ့..။တကယ်လ်ို့ မာစတာလင်း တောင် ဘာမှ မလုပ်နိုင်ဘူးဆိုရင် ငါတို့ လုပ်နိုင်တာလည်း ဘာမှ မရှိတော့ဘူး.."
အို့ရှင်းယန် ခေါင်းညိမ့်လိုက်တယ်..။သူ့မျက်နှာမှာ အကူညီမဲ့မူ တွေ ပေါ်လာခဲ့ပါတယ်..။ဒီရက် အတော်အတွင်းက..အတော်ကို နိပ်စက်ခံနေရ တာပါ..။သူတို့ကို ဒီလူက နိုပ်စက်နေတာဖြစ်ပြီး..အလောင်းကောင်တောင် ဖြစ်ပါတော့မယ်..။
တကယ်လို့ တစ်ယောက်ယောက်..လိမ်ညာပြီ ဆိုရင် သူတို့ရဲ့ စူးရှပြီး အတွေ့အကြုံရင်းတဲ့..မျက်လုံးတွေကြောင့်..သူတို့ ကျော်ဖြတ်နိုင်ကြမှာ မဟုတ်ပေ..။
သိူ့ပေမယ့် သူတို့ဒီလူကို စောင့်ကြည့်နေတာ ရက်အနည်းငယ်လောက် ရှိပါပြီ..။သူတို့ အသေးစိတ် အချက်အလက်လေးတွေက အစ လိုက်ကြည့်နေပေမယ့် ဘာမှားနေတာလဲ..ဆိုတာကိုတော့..မတွေ့ခဲ့ပါဘူး..။သူတို့အတွက်ကတော့..ဒါက မဖြစ်နိုင်စရာပါ..။
တစ်ခုတည်းသော..ဖြစ်နိုင်ခြေကတော့ ဒီလူ မလိမ်ညာပဲ ဆော့နေတာပါပဲ..။
ဒါပေမဲ့ ဒါက ဖြစ်နိုင်လို့လား....
ဘယ်လို ဖြစ်ပြီး တစ်စုံတစ်ယောက်က ဒီလောက်အထိ ကံကောင်းနိုင်ရတာလဲ..။ဒီလူရဲ့ နည်းပညာက အတော်ကောင်းမွန်နေတာကြောင့်..သူတို့ မမြင်ရတာလဲ ဖြစ်နိုင်ပါတယ်..။
*ဖတ် ဖတ်*
ဝန်ထမ်းတစ်ယောက်ဟာ အထဲကို ဝင်လာခဲ့တယ်..။
"မစ္စတာ..ရီ..မစ္စတာ အို့..အဲ့လူက ရောက်နေပြန်ပြီ..."
သူတိူ့နှစ်ယောက် ..အကြည့်ချင်း ဖလှယ်လိုက်ကြတယ်..။သူတို့ လုပ်နိုင်တာကတော့..အောက်ကို ဆင်းပြီး အခြေအနေကို ကြည့်ဖို့ပါပဲ..။
ကာစီနိုထဲတွင်..။
သက်လတ်ပိုင်း အရွယ်လူကြီး တစ်ယောက်ဟာ အေးအေးဆေးဆေးပဲ..ထိုင်နေခဲ့ကြတယ်..။လူအုပ်တစ်ခုက စုဝေးနေကြပါပြီ..။ဒီရက်ပိုင်း အတောအတွင်းမှာ..ဒီလူက လောင်းကစား နတ်ဘုရား ဆိုတာကို လူတိုင်းက သိနေကြပါပြီ..။သူတို့ဒီလူနောက်ကို လိုက်နေသ၍ လုံးဝ ရှုံးကြမှာ မဟုတ်ပါဘူး..။
သိူ့ပေမယ့် ကာစီနိုက ..ဒီလူကို ဝင်ခွင့်မပေးလို့ မဖြစ်ပေ..။ဒီလိူသာ လုပ်လိုက်ရင် သူတို့က..အရှုံးမခံနိုင်တဲ့ လူတွေဖြစ်သွားတော့မှာပါ..။ဒါက စီးပွားရေး နဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်မှာ အသေအချာပါပဲ..။
ရီကျန်းမင် နဲ့ အို့ရှင်းယန် ရောက်လာခဲ့တယ်..။
ဖိအားတွေ အများကြီးရှိနေတဲ့..ဒိုင်ကတော့..ချွေးပျံနေခဲ့ပါတယ်.။သူ ချက်ချင်း ဘေးကို ဖယ်ပေးလိုက်တယ်..။ဒီ သက်လတ်ပိုင်း အရွယ်လူကြီးနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ချိန်ဆို ဖိအားတွေ အများကြီး ခံစားရပါတယ်..။သူ့ ရဲ့ လက်တွေတောင်မှ တုန်ရီနေခဲ့တာပါ..။
"မစ္စတာ ကျန်း..ခင်ဗျား ဒီရက်ပိုင်း အတွင်းမှာ တော်တော် များများ နိုင်ပြီးပြီလေ..။ခင်ဗျား ဘယ်လို တင်းတိမ်ရောင့်ရဲ ရမလဲ ဆိုတာကို သိသင့်တယ်နော်..."
ရီကျန်းမင် ပြောလိုက်တာပါ..။သို့ပေမယ့် သူ့ရဲ့ လေသံထဲမှာ တုန်လှုပ်မူ အချို့ဟာလည်း ပါဝင်နေခဲ့တယ်..။ဒီရက်အပိုင်းအတွင်းမှာ ဒီလူရဲ့ လွမ်းမိုးမူတွေ ခံထားရတယ် ဆိုတာ ဒါက ရှင်းလင်းပါတယ်..။
သူ့ရဲ့ အပိုင်းအစ ( ပိုက်ဆံ ) လေးတွေနဲ့ ဆော့ကစား နေတဲ့ သက်လတ်ပိုင်းအရွယ် လူကြီးဟာ..ဒါကိုကြားပြီး သဘောကျစွာ ရယ်မောလိုက်ပါတယ်..။
"ဖြစ်နိုင်တာက..မစ္စတာ ယွန် ရဲ့ ကာစီနို က..အရှုံးမခံနိုင်တာများ ဖြစ်နေမလား..။ဒီလို ဆိုရင်တော့ ဒါက ရှက်ရွံ့စရာပဲနော်..။မကြာခင်မှာ ပိတ်လိုက်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျုပ်ထင်တယ်..."-
ရီကျန်းမင် ..မျက်နှာထက်မှာ ဒေါသတွေ ပေါ်လာခဲ့တယ်..။ဒီမှာက..လူတွေ အများကြီး ရှိနေတဲ့ အတွက် သူ ဒီလူကို ဘာမှ သွားလုပ်လို့လည်း ရမှာ မဟုတ်ပါဘူး..။
ထပ်ပြောရရင်..ဒီကိုဟလာတဲ့ ဧည့်သည်တွေက ဒီလူကို အတော် သဘောကျကြပါတယ်..။အဲ့အချိန်မှာ တစ်ချို့ ဧည့်သည်တွေဟာ ဝင်ပြောလာခဲ့ကြတယ်..။
"ဟုတ်တယ်..မင်းတို့ အရှုံးမခံနိုင်ရင်..ဘာလို့ ကာစီနို ရုံဖွင့်ထားသေးတာလဲ.."
"သူက လိမ်နေတာမှ မဟုတ်တာ..။ဘာလဲ သူက အနိုင်ရလို့ မရဘူးလား..။မင်းတို့ကပဲ..နိုင်ချင်နေတာလား.."
အဲ့အချိန်မှာပဲ..စူးရှတဲ့ အသံတစ်ခုဟာ ထွက်လာခဲ့တယ်..။
"ယွန် ကာစီနိုက..အရှုံးမခံနိုင်ဘူးလို့ ဘယ်သူပြောတာလဲ.."
လူတိုင်း ကြည့်လိုက်တဲ့ အချိန်မှာ အကူညီမဲ့စွာပဲ..မှင်သက်သွားခဲ့တယ်..။
ဘယ်လောက်တောင် လှလိုက်တဲ့ မိန်းကလေး လဲ..
ဒါက..ဆီရင် ..နီးပါးပါပဲ.. ( ဂရိ နတ်သမီး )
"မိန်ကလေး ယွန် "
"မိန်းကလေး ယွန်ကို နှုတ်ဆက်ပါတယ်.."
သူမ ရောက်လာတာမြင်တဲ့ အချိန်မှာ ဝန်ထမ်းတွေ အကုန်လုံးဟာ ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ကြပါတယ်..။
ဒါက ယွန်မိသားစု ရဲ့ သခင်မလေး ဖြစ်ပြီး..သူတို့ရဲ့ အောင်မြင်နေတဲ့ ကာစီနိုရဲ့ တာဝန်ရှိတဲ့ လူပါ..။သူက အသက် ၂၁ နှစ်သာ ရှိသေးပေမယ့်လည်း ငယ်ငယ်ကတည်းက အတော်ထူးချွန်ပြီး ဘွဲ့တွေ များစွာ လည်း ယူပြီးထားပါပြီ..။
သူမ ပြန်ရောက်လာတဲ့ အချိန်မှာ..သူမ ကာစိီနို စီးပွားရေးကို ကိုင်တွယ်ခဲ့ပါတယ်..။လူတိုင်းကို အံ့ဩသင့်စေတာက မိန်းကလေးယွန် ရဲ့ လောင်းကစား ကျွမ်းကျင်မူတွေက..ကောင်းမွန်လွန်းနေတာ ပါပဲ..။
သိူ့ပေမယ့် သေချာ တွေးကြည့်ရင်တော့ ဒါက နားလည်နိုင်ပါတယ်..။ယွန်မိသားစုက ဟောင်ဂျင် မှာ..ကာစီနိုဖွင့်ထားပြီး သူ့လက်အောက်မှာ ကျွမ်းကျင်သူတွေ ရှိပါတယ်..။ပုံမှန်အားဖြင့် မိန်းကလေး ယွန် ဒီကာစီနိုကို ကောင်းကောင်း ထိန်းချုပ်ဖို့ ဆိုတာက ပြသနာ တစ်ခု မဟုတ်ပါဘူး..။
သူမက အရပ် 1.75 စင်တီမီတာ ရှည်ပြီး ဒေါက်မြင့် ဖိနပ်ကို ဝတ်ထားတာကြောင့်..တစ်ချို့ ယောက်ျားလေးတွေ ထက်တောင် အရပ်ရှည်နေခဲ့ပါတယ်..။
ရီကျန်းမင်..လျောက်လာခဲ့ပြီး..
"မိန်းကလေး ယွန် ..ဒီလူက..."
ယွန်ယွဲ့ယောင်..လက်ကို မြောက်ပြီး တားလိုက်တယ်..။ယင်းနောက်..သူမ လူတွေကို ကြည့်လိုက်ပြီး..
"ယွန်မိသားစုက..လူတိူင်းကို ..ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားခွင့်ရအောင် ခွင့်ပြုပေးထားတယ်..။အရှုံးနဲ့ အနိုင် ဆိုတာက ဥပဒေပဲ..။နိုင်တယ် ဆိုရင် စွမ်းဆောင် မူ ရှိလို့ပဲ..။ရှုံးတယ် ဆိုတာက ကံဆိုးသွားလို့ပဲ..။အခု..ဒီ မစ္စတာက အများကြီး နိုင်ထားတယ် ဆိုတော့ ဒါက သူ စွမ်းဆောင်နိုင်စွမ်း ရှိတယ်လို့ ဆိုလိုတာပဲလေ.."
ကျန်းယွမ် ပြုံးလိုက်ပြီး..
"လူတွေက..ရင်းသားကြီးတဲ့ မိန်းကလေးတွေက..ဦးနှောက် မရှ်ိဘူးလို့ ပြောကြတယ်..။ဒီထဲမှာတော့ မိန်းကလေး ယွန် မပါတဲ့..ပုံပဲ..။မိန်းကလေး ယွန်ကိုယ်တိုင် လာတယ် ဆိုမှတော့ ကျုပ် ဒီနေ့ လောင်းကစား မလုပ်တော့ဘူး..။မနက်ဖြန် ကျရင်တော့..ဒီနေရာမှာပဲ..မိန်ကလေး ယွန် နဲ့ အတူ ဆော့ရဖို့ မျော်လင့် မိပါတယ်..."
ရီကျန်းမင် မျက်မှောင် ကျုတ်လိုက်ပြီး..
"မိန်းကလေး ယွန် ဒါက..."
ယွန်ယွဲ့ယောင် အများကြီး မပြောခဲ့ပေ..။သူမ ညှင်သာစွာပဲ ပြောလိုက်တယ်..။
"ကောင်းပြီလေ..ကျွန်မ ဧည့်ခံပေးပါ့မယ်.."
ကျန်းယွမ် ထရပ်ပြီး ထွက်သွားဖို့ လုပ်လိုက်တယ်..။
"ကောင်းပြီလေ..မနက်ကျမှ..ယွန်မိသားစုရဲ့ ဂျီးနီးယပ်လေး နဲ့ ကစားရတော့မှာပေါ့..။ဒါပေမဲ့..တစ်ခုခု စိုးရိမ်စရာ ဖြစ်လာမလားတော့ သိချင်မိတယ်.."
ရီကျန်းမင် ဒေါသထွက်သွားပြီး..
"မစ္စတာ ကျန်း..စည်းမကျော်ပါနဲ့.."
"ဟားဟား.."
ကျန်းယွမ် ရယ်မောလိုက်တယ်..။
"ဒါက အဆင်ပြေပါတယ်..။မိန်းကလေး ယွန် ကြည့်ရတာ သူရှုံးမှာကို ကြိုသိနေသလိုပဲ..။မေ့လိုက်တော့..မေ့လိုက်တော့..မနက်ကျမှပဲ ကျုပ်ပြန်လာတော့မယ်..."
တစ်ခြား လောင်းကစားသမား တွေဟာ..ဂုရုကြီး ထွက်သွားတာကို မြင်ပြီး စိတ်ပျက်သွားခဲ့ကြတယ်..။သူတို့က ဂုရုနောက်ကနေ လိုက်ပြီး ပိုက်ဆံတွေ အနိုင်ရချင်ခဲ့တာပါ..။သို့ပေမယ့် အခု ဂုရုက ပြန်သွားပြီ ဆိုတော့ သူတို့ ဒီလိုလုပ်လို့ မရတော့ပါဘူး..။ယင်းနောက်..သူတို့ လောင်းကစား စားပွဲတွေကို အသီးသီး သွားပြီး ဆော့ကစား လိုက်ကြပါတယ်..။
ငယ်ရွယ်ပြီး လှပတဲ့ မိန်ကလေး ယွန် နဲ့ တွေ့တံ့ အချိန်မှာ ရီကျန်းမင် လည်း အနည်းငယ် စိတ်ပူနေခဲ့ပါတယ်..။သို့ပေမယ့် သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး...
"မိန်းကလေး ယွန် သူ ပြောတာကို သဘောမတူသင့်ဘူး..။သူ့ရဲ့ ကျွမ်းကျုင်မူတွေက တကယ် ထိပ်တန်းမှာ ရှိတယ်..."
ယွန်ယွဲ့ယောင် ပြောလိုက်တယ်.။
"ကျွန်မသိပါတယ်..ဒါပေမဲ့ မျက်နှာပျက်ရတာထက်စာရင် ပိုက်ဆံ ရှုံးတယ် ဆိုတာက ပိုကောင်းသေးတယ်..။စုံစမ်း စစ်းဆေးတာရော ဘယ်လိုနေလဲ..။ပြသနာ တစ်ခုခု တွေ့ပြီလား..."
ရီကျန်းမင် ခေါင်းခါယမ်းလိုက်ပြီး..
"ဟင့်အင်..ဘာတစ်ခုမှ မတွေ့သေးဘူး..။ဒါပေမဲ့ ကျွန်တော် .ပညာရှင် တစ်ယောက်ကို ခေါ်ထားတယ်..။မနက်ဖြန် သူ ဘယ်လိုလိမ်လဲ ဆိုတာ ကျိန်းသေ မိမှာပဲ.."
ယွန်ယွဲ့ယောင်..ပညာရှင် အကြောင်းကို သိပ်ပြီး မစဥ်းစားပေ..။
"တစ်စုံတစ်ယောက်က တစ်ခြားလူထက်စာရင် ကိုယ့်ကိုကိုပဲ မှီခိုသင့်တယ်..။မနက်ဖြန် ကျွန်မ လောင်ကစား လုပ်မယ်..။ရှင်တို့က အနီးကပ်ကြည့်နေကြ..။တစ်ခုခု မူမမှန်တာ တွေ့တာနဲ့ ေဖာ်ထုတ်ရမယ်..."
"နားလည်ပါပြီ.."
ရိီကျန်းမင် ခေါင်းညိမ့်လိုက်တယ်..။
ဟောင်ဂျင်က လောင်းကစား သမားတွေရဲ့ နတ်ပြည်ပါ..။တစ်ကမ္ဘာလုံးက ကျွမ်းကျင်သူတွေတောင် ပိုက်ဆံလိူချင်လို့ ဒီမှာ လာကစားကြပါတယ်..။သိူ့ပေမယ့် ဒီက..စစ်ဆေးမူတွေက အရမ်းကောင်းတာကြောင့်..လိမ်ကစားတဲ့လူတွေကတော့ ဖမ်းမိတာချည်းပါပဲ..။
အဲလိုဆိုရင်တော့ လိမ်ဆော့တဲ့လူတွေက ရဲလက်ကို အပ်ပါတယ်..။ဒီမှာက လိမ်ညာတာက ဥပဒေကို ဆန့်ကျင်တာဖြစ်ပြီး လိမ်ညာတဲ့လူကတော့ အပြစ်ပေးခံရမှာပါ..။
နောက်တစ်ရက်..။
လင်းဖန် အများကြီး မယူခဲ့ပေ..။သူကျောပိုးအိတ်တစ်လုံးထဲကို အဝတ်အစား အနည်းငယ်သာ ထည့်လာခဲ့ပါတယ်..။
လူလိမ်ထျန်ကတော့ မနေ့ကတည်းက လင်းဖန် ဟောင်ဂျင်သွားမယ် ဆိုတာကို သိထားပြီးးပါ..။ပုံမှန်အတိုင်းပဲ..သူ့ ဘော့စ်ကို သူ့ကိုပါ ခေါ်သွားပေးဖို့ တောင်းပန်ခဲ့ပါတယ်..။
သိူ့ပေမယ့် လင်းဖန် ရဲ့ချက်ချင်း ငြင်းပယ်တာကို ခံလိုက်ရတယ်..။လင်းဖန်က ပျော်ပါးရအောင် သွားတာ မဟုတ်ပဲ..တစ်ရက် နှစ်ရက်နေရင် ပြန်လာမှာပါ..။သူ လူလိမ်ထျန်ကို ခေါ်သွားရင် ဘာတွေ ဖြစ်လာမလဲ မသိတာကြောင့် မခေါ်သွားတော့ပါဘူး..။
လေဆိပ်တွင်..။
သူ လေယာဥ်ပေါ်တက်လိုက်တယ်..။
ဒါက လင်းဖန် ဟောင်ဂျင်ကို ပထမဆုံး အကြိမ်သွားတာ ပါပဲ..။သူ ရီကျန်းမင် ကို ကူညီဖို့ သွားတယ် ဆိုပေမယ့် ခရီးတစ်ခုလို့ပဲ မြင်ပါတယ်..။
ယင်းနောက်..လေယာဥ်ပေါ်ကနေ ဟောင်ဂျင်ကို ရောက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထွက်လာခဲ့တယ်..။
လင်းဖန် လေဆိပ်ကနေ ထွကိပေါက် အတိုင်း ထွက်လာခဲ့ပါတယ်..။သူ ရီကျန်းမင်ကို ဖုန်းခေါ်လိုက်တယ်..။သူ တည်နေရာကို အတည်ပြုပြီးတာနဲ့ ထပ်လျောက်လိုက်ပါတယ်.။
လေဆိပ်အပြင်ဘက်မှာတော့.ရီကျန်းမင် လင်းဖန်ကို လက်ဝေ့ယမ်းပြလိုက်ပြီး..
"မာစတာလင်း ဒီဘက်မှာ..."
လင်းဖန် အသံကြားရာကို လှမ်းကြည့်လိုက်တယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..
"ဟောင်ဂျင်က တကယ်ကို လှပတာပဲ.."
ရိီကျန်းမင် ရယ်မောလိုက်တယ်..။
"ဆရာ..လင်း လူအများစုက ဒီကိုလာပြီ ဆိုရင် လောင်းကစား လုပ်ဖို့ပဲလေ..။ဒါပေမဲ့ ပတ်ဝန်းကျင်ကတော့ အတော်ကို ကောင်းတယ်..။ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ.."
ကားထဲတွင်
လင်းဖန် အပြင်ဘက် မြင်ကွင်းကို ကြည့်နေခဲ့ပြီး..
"ဆရာ ရီ..ခင်ဗျား ဟောင်ဂျင်ကို ဘယ်တုန်းက ရောက်တာလဲ.."
ရီကျန်းမင် ပြောလိုက်တယ်..။
"ကျွန်တော်လည်း မကြာသေးဘုး..။ကျွန်တော် လေလွင့်နေပြီး ဘာ တိုးတက်အောင်မှ..မလုပ်နိုင်ခဲ့ဘူးလေ..။ဒီကိစ္စပြီးမှ..စိတ်လွတ်လပ်တော့မှာ.."
"မာစတာလင်း ဒီကိစ္စပ အရေးပေါ်ပဲ..။ယွန်မိသားစုက မိန်းကလေးက အဲ့လူနဲ့..တစ်ယောက်ချင်း ကစားတော့မှာ..။ကျွန်တော်တော့ အမြန်သွားပြီး မဖြစ်သင့်တာတွေ မဖြစ်အောင် တားဆီးမှ ရမယ်..."
"ယွန်မိသားစုလား..။ကျုပ်သတင်းထဲတွေမှာဖတ်ဖူးတယ်..။သူတို့က ဟောင်ဂျင်ရဲ့ အင်အားကြီး မိသားစု တစ်ခုပဲ.."
လင်းဖန် ဗဟုသုတ အများကြီး မရှိပေမယ့် သတင်းမကြာခန ဖတ်လို့ ဒီအကြောင်းတော့ သိပါသေးတယ်.။
ရီကျန်းမင် ခေါင်းညိမ့်လိုက်တယ်..။
"အင်း..ယွန်မိသားစုက ဟောင်ဂျင်မှာ အတော် အင်အားကြိီးတယ်..။ဒီ မိန်းကလေးက..ယွန်မိသားစုက အငယ်ဆုံး သခင်မလေး ဖြစ်ပြီး အတော်လည်း ထက်မြက်တယ်လေ..။ကျွန်တော် လုပ်နေတဲ့ ကာစိီနိုကို သူပဲ စီမံခန့်ခွဲနေတာ..."
"အို့း.."
လင်းဖန် ခေါင်းသာညိမ့်လိုက်ပြိီး ဘာမှ ထပ်မမေးတော့ပေ..။မေးခွန်းတွေ အများကြီး မေးနေလို့ဘာမှ ထူးမှာ မဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ် ဒီကိစ္စက သူနဲ့ ဘာမှမဆိုငိပေ..။