ကျုပ် လှန်လိုက်မယ်..
Vol. 48 Ch. 719
#ဘာသာပြန် = စနိုးဝှိုက်
မစ္စတာ ယွန် ရဲ့ ကာစီနို..။
ရီကျန်းမင် ပြောလိုက်တယ်..။
"မာစတာလင်း..ကျွန်တော်တို့ ရောက်ပြီ..."
လင်းဖန် ခေါင်းညိမ့်ပြလိုက်ပြီး..ရီကျန်းမင် နောက်ကနေ လိုက်သွားခဲ့ပါတယ်..။
…
အဆောက်အဦး ထိပ်မှ သီးသန့် အခန်းထဲတွင်..။
ကျန်းယွန် အေးဆေးသက်သာတဲ့ အကြည့်နဲ့ ပြုံးလိုက်တယ်..။သူ နောက်ဆုံးကတ်ကို လှန်လိုက်ပြီး..
"တောင်းပန်ပါတယ် မိန်းကလေး ယွန်..။ဒီတစ်ခေါက်လည်း ကျွန်တော် နိုင်ပြန်ပြီ..."
ယွန်ယွဲ့ယောင် ရဲ့ အမူအရာဟာ တည်ငြိမ်နေခဲ့တယ်..။သူမ ဝမ်းနည်းတဲ့ ပုံပေါက်မနေသလို..ပျော်ရွှင်တဲ့ အမူအရာလည်း မရှိပါဘူး..။
"ရှင့် ကတ်တွေက အတော်ကို ကြီးတာပဲ..မစ္စတာ ကျန်း..."
သူမရဲ့..အဝိုင်းပြား (ပိုက်ဆံ) တွေက အကုန် ရှုံးသွားခဲ့ပါပြီ..။အဲဒီအချိန်မှာတော့ ကျန်းယွန်ရဲ့ဘက်မှာ..အဝိုင်းပြားတွေမှ အများကြီးပါပဲ..။
အို့ရှင်းယန် ကတော့ ဘေးနားမှာ ရပ်နေပြီး ချွေးတွေထွက်ကာ စိုးရိမ်နေခဲ့တယ်..။သူ ဘေးနားကနေ အနီးကပ် ကြည့်နေပေမယ့်လည်း ဘာ ပြသနာတစ်ခုမှ ရှာမတွေ့ခဲ့ပေ..။ဒီအခန်းထဲမှာလည်း စောင့်ကြည့်ရေး ကင်မရာတွေ အများကြီး ထားထားပြီး..ထိန်းသိမ်းခန်းထဲကနေ ကြည့်နေကြပါသေးတယ်..။သို့ပေမယ့် အခြေအနေကတော့ အတူတူပါပဲ..။သူတို့ ဘာပြသနာ တစ်ခုမှ ရှာမတွေ့ခဲ့ပေ..။
ယွန်ရှောင်ယွဲ့..အို့ယန်ရှင်းကို လှမ်းကြည့်လိုက်ပေမယ့်..သူ ခေါင်းခါယမ်းတာကိုပဲ..ပြန်ရလိုက်ပါတယ်..။
တစ်ချိန်တည်းမှာပဲ..ထိန်းသိမ်းခန်းက လူတွေဟာ..လည်း ဘာပြသနာမှ မတွေ့ဖူးလို့ နားကြပ်တွေကနေ တဆင့် လှမ်းပြောနေခဲ့ကြတယ်..။
"ဘယ်လ်ိုလဲ မိန်းကလေး ယွန်.. မင်းရဲ့ အဝိုင်းပြားတွေလဲ..အကုန် ရှုံးသွားပြီ..။ဒီတော့..ဆက်ကစားဦးမှာလား..မကစားဘူးလား..."
ကျန်းယွန် အပြုံးတစ်ခုနဲ့ ပြောလိုက်တာပါ..။သူ့ရဲ့ ..လက်မ ဟာ..လက်ချောင်းတစ်ခုနဲ့ ပွတ်နေခဲ့ပြီး. မိန်းကလေးကို.ချောင်ပိတ် မိနေတဲ့ အကြည့်နဲ့ ကြည့်နေခဲ့ပါတယ်..။
"ကျွန်မ ဆက်ကစားမယ်..."
ယွန်ယွဲ့ယောင် အေးစက်စွာ ပြောလိုက်တာပါ..။သူမ ရဲ့ ခေါင်းမာတဲ့ နှလုံးသားက..ပေါက်ကွဲထွက်လာတော့ မလိုပါပဲ..။
ဘေးနားမှာ ရပ်နေတဲ့ အို့ယန်ရှင်းကတော့..သူမကို..သတိပေးချင်နေခဲ့တယ်..။သို့ပေမယ့်..သူ မပြောရသေးခင်မှာပဲ..မိန်းကလေး ယွန်က ပြောလိုက်တယ်..။
"အဝိုင်းပြားတွေ ယူခဲ့..."
ကျန်းယွန် ပြုံးလိုက်ပြီး..
"မိန်းကလေး ယွန် ဒီလိုဆိုရင်ရော ဘယ်လိုလဲ..။ဒီသန်းတစ်ရာက..မိန်းကလေး ယွန် ရဲ့ ကာစီနိုကနေ နိုင်ထားတဲ့ ပိုက်ဆံပဲ..။မင်းတို့ရဲ့ မစ္စတာ ယွန် ကာစီနိုက..အတော်ကို သဘောကောင်းပြီး..ငါ့ကို ဒီလောက်အထိ နိုင်ဖို့ ခွင့်ပြုပေးခဲ့တာပဲ..။မင်းတို့က အတော် အရှုံးခံနိုင်တယ်လို့ ပြောလို့ရတယ်..။ကျုပ်သာ နောက်ထပ် ဒေါ်လာ သန်း ၁၀၀ ထပ်ထည့်မယ် ဆိုရင်ရော..မိန်းကလေး ယွန် ကျုပ်နဲ့ လောင်းကစား လုပ်နိုင်ဦးမလား.."
အဲ့အချိန်မှာပဲ..အခန်းထဲက လေထုဟာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့တယ်..။
ယွန်ယွဲ့ယောင် ရဲ့ နှလုံးသားထဲမှာတော့ အရှုံးပေးချင်နေပါပြီ..။ပြိုက်ဘက်က ဒီလောက်အထိ လက်ဆ ကြီးနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။
အို့ရှင်းယန် ရဲ့ အမူအရာဟာ ပြောင်းလဲ သွားခဲ့တယ်..။
"ဒီလို လုပ်လို့ မရဘူး မိန်းကလေးယွန်..."
သူမ တကယ် လုပ်လို့ မရပါဘူး..။ပြိုင်ဘက်ရဲ့ ကျွမ်းကျင်မူတွေက..သူမထက် ပိုကောင်းတယ် ဆိုတာကို ဒီမှာ ရှိတဲ့ လူတိုင်း မြင်နိုင်ပါတယ်..။တကယ်လို့ သူမ ဆက်ပြီး ကစားမယ် ဆိုရင်လည်း ရှုံးမှာ ကျိန်းသေပါပဲ..။
ထပ်ပြောရရင် ဒေါ်လာ သန်း ၂၀၀ ဆိုတာက နည်းပါးတဲ့ ပမာဏ မဟုတ်ပေ..။တကယ်လို့ သူမ ရှုံးနိမ့်သွားမယ် ဆိုရင် ပြသနာ တက်သွားနိုင်ပါတယ်..။
ကျန်းယွန် မျက်ခုံးပင့်လိုက်ပြီး..
"တကယ်လို့ မိန်းကလေး ယွန် မလောင်းရဲဘူးဆိုရင်လည်း ထားလိုက်ပါ..။ဒါမှ မဟုတ် မင်းက ..အဝိုင်းပြားတွေ အများကြီး မတတ်နိုင်လို့ ဆိုရင်တော့ တစ်ခြား အခြေအနေ တစ်ခု ညှိလို့ရတယ်လေ..."
"ဘာ အခြေအနေလဲ.."
ယွန်ယွဲ့ဟောင် သူမ ရဲ့ ခေါင်းကို မော့ကြည့်ပြီး မေးလိုက်တယ်..။သူမ က တည်ငြိမ်ချင်ယောင် ဆောင်နေပေမယ့်လည်း..သူမ ရဲ့ နှာဖူးမှာတော့ ချွေးအနည်းငယ် ဖြစ်ပေါ်နေခဲ့ပါပြီ..။
"ကျုပ် မိန်းကလေး ယွန် ရဲ့ ခန္တာကိုယ် အတွက် ဒီ ဒေါ်လာ သန်း ၂၀၀ အပြင် ကျုပ်လက်တစ်ဖက်ကို လောင်းမယ်.."
ကျန်းယွမ် ပြောလိုက်တာပါ..။
"ဒါ မဖြစ်နိုင်ဘူး.."
ယွန်ယွဲ့ယောင် ဘာမှ ..မပြောခင်မှာပဲ..အို့ရှင်းယန် ပြောလိုက်တယ်..။
"မလွန်လာနဲ့..။ မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ ဆိုတာကိုရော သိရဲ့လား..။မင်း နိုင်မယ် ဆိုရင်တောင် ဟောင်ဂျင်က..ထွက်သွားလို့ရမယ် ထင်နေတာလား.."
ကျန်းယွမ် ပြုံးလိုက်ပြီး...
"ကောင်းပြီလေ..မတတ်နိုင်တော့ဘူးဆိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့..။ယွန် မိသားစု စွမ်းဆောင်နိုင်တာက ဒါအကုန်ပဲ ထင်တယ်..။မိန်းကလေး ယွန် ရဲ့ အဖိုး ငယ်ငယ်တုန်းက ဆိုရငိ..လောင်းကစား လုပ်တဲ့ နေရာမှာ အနိုင်အခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ရှ်ိတယ်..။ယွန် မိသားစု ရဲ့ နောက်မျိုက်ဆက်တွေက..သူ့ရဲ့ သွေးတွေ ပါမလာတာကတော့ တကယ်ရှက်ရွံ့စရာပဲ.."
ဒါကို ပြောပြီး နောက်မှာ သူ ထပြန်ဖို့ လုပ်လိုက်ပါတယ်..။
အို့ရှင်းယန် ရဲ့ကတော့..ဒေါသကြောင့် တုန်ရီနေခဲ့တယ်..။တစ်ဖက်လူက..ဒီလောက် အထိ ဆိုးရွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒီ ကျန်းယွမ်က.. လူငယ်တစ်ယောက် အပေါ်မှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ တိုက်ခိုက် နေတယ် ဆိုတာက ထင်ရှားပါတယ်..။
"ခနလေး..."
အချိန်တစ်ခုအထိ တိတ်ဆိတ်အပြီးမှာ..ယွန်ယွဲ့ယောင် ဒေါသထွက်စွာ ပြောလိုက်တယ်..။
"ကျွန်မလည်း ဒေါ်လာ သန်း ၂၀၀ နဲ့ လက်တစ်ဖက်ကို လောင်းကြေးထပ်မယ်..."
"ကောင်းပြီလေ.."
ကျန်းယွမ် နှစ်ခေါက်တောင် ပြန်မစဥ်းစားပဲ သဘောတူလိုက်ပါတယ်..။
"ကျုပ်တို့..ကတ်တွေကို ချက်ချင်းလှန်ပြီးပဲ.နှိုင်းယှဥ်လိုက်ကြရအောင်..."
အို့ရှင်ယန် ဒါကို မြင်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့ပါတယ်..။ယင်းနောက် သူ ချက်ချင်း ဘေးနားက ဝန်ထမ်းတစ်ယောက် ဆီသွားပြီး တီးတိုးပြောလိုက်တယ်..။
"အမြန် မစ္စတာ ယွန် ကို ဆက်သွယ်ပြီး ဒီမှာ ပြသနာ တစ်ခု ဖြစ်နေတယ်လို့ အကြောင်းကြားလိုက်..."
သူအတော်ကို စိတ်ပူနေခဲ့ပါပြီ..။ဘာလို့ မာစတာလင်းက ရောက်မလာသေးတာလဲ..။
တကယ်လို့ မာစတာလင်းသာ ရောက်လာရင် ဘာမှ မှားယွင်းတာ ရှိမှာ မဟုတ်ပါဘူး..။
ကတ်တွေကို ကုလားဖန် ထိုးလိုက်တယ်..။
တစ်ကတ်ချင်းစိပဲ..လေးချပ် အထိ လှန်လိုက်ပါတယ်..။
ယွန်ယွဲ့ယောင် : A , 9 , 5 , 6
ကျန်းယွန် ; A , K ., 10 , 9
ဒီကတ်လေးကတ်နဲ့တင် ယွန်ယွဲ့ယောင် က ရှုံးနိမ့်နေခဲ့ပါပြီ..။ဒီမှာ အစုံတစ်ခု ရမယ်ဆိုရင် တောင် ဒါက တစ်စုံပဲ ရမှာပါ..။
ကျန်းယွန် အတွက်တော့ သူ့ရဲ့ တစ်ကတ်ချင်းစီတိုင်းက..ယွန်ယွဲ့ယောင် ရဲ့ ကတ်တွေ ထက်ကြီးပါတယ်..။ဒါကြောင့်..ယွန်ယွဲ့ယောင် အနိုင်ရမယ့် အခွင့်အရေးက အတော်ကို နိမ့်ကျနေခဲ့တာပါ..။
အဲ့အချိန်မှာပဲ..ကျန်းယွမ်ဟာ ပြုံးလိုက်ပြီး..
"မိန်းကလေး ယွန်..မင်းရဲ့ ကတ်တွေက..သိပ်လည်း မကောင်းပါလား.."
ယင်းနောက် သူ နောက်ဆုံးတစ်ကတ်ကို လှန်လိုက်တယ်.။
"နောက်ထပ် 10 ကတ် တစ်ကတ်..။ကျုပ်မှာ တစ်စုံရှိသွားပြီ..။မိန်းကလေး ယွန်ရဲ့ ကတ်ကို ကြည့်ရမယ့် အလှည့်ပဲ.."
အို့ရှင်းယန် မျက်မှောင်ကျုတ်လိုက်တယ်..။သူတို့ အနိူင်ရနိုင်မယ့် အခွင့်အရေးက အရမ်းကို သေးငယ်နေခဲ့တာပါ..။
အခုချိန်ထိလည်း တစ်ဖက်က..ဘယ်လိူ လိမ်ညာ ကစားနေလဲ ဆိုတာကို သူတို့မ ပြောနိုင်သေးပါဘူး..။ဒါကြောင့်..ကတ်တွေက..သူတို့အတွက် ဘာမှန်း မသိနိုင်ပေ..။
ယွန်ယွဲ့ယောင်..တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့ပေမယ့်..သူမရဲ့ နှလုံးခုန်သံတွေကတော့ အတော်ကို မြန်နေခဲ့ပါတယ်..။သူမ ကတ်ကို မလှန်သေးပဲ အသာချောင်းကြည့်လိုက်တဲ့အချိန်မှာ..မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်..။
ဒါက နံပါတ် 9 ပါ..။
ပြီးသွားပြီ..ဒါက ပြီးသွားပြီ..။
သူမက ခံစားချက်မဲ့နေပေမယ့်လည်း..သူမရဲ့ တပည့်တွေကတော့ ကြောက်ရွံ့နေခဲ့ပါတယ်..။
ကျန်းယွန် ယုံကြည်မူရှိစွာ ပြုံးလိုက်ပြီး..
"မိန်းကလေး ယွန်ရဲ့ ကျွမ်းကျင်မူတွေက တကယ် မကောင်းဘူးပဲ..။ကျုပ် ခန့်မှန်းကြည့်ရမယ် ဆိုရင် အဲ့ကတ်က ၉ ဖြစ်လောက်မယ်..။မင်း ရှုံးတော့မယ် ဆိုတာက ကျိန်းသေပဲ..။ဒါပေမဲ့ မင်းလို မိန်းမလှလေးက လက်တစ်ဖက် ပြတ်နေမယ် ဆိုရင် ဆွဲဆောင်မူ မရှိတော့ဘူးနော်..။ကျုပ် ရွေးချယ်စရာ တစ်ခု ပေးရင်ရော ဘယ်လိုလဲ..။လက်ကို ဖြတ်မလား..ခန္တာကိုယ်ကို ပေးမလား.."
အို့ရှင်းယန် ဒေါသထွက်သွားခဲ့ပြီး..
"ဒါက ထုတ်ပြောစရာလိုသေး လို့လား..."
ကျန်းယွန် ပုခုံးတွန့်လိုက်တယ်..။
"မိန်းကလေး ယွန်က မစ္စတာ ယွန် ရဲ့ အဖိုးတန် မြေးမလေးလေ..။တကယ်လို့ သူမ မရှုံးချင်ဘူးလို့ ဆုံးဖြတ်လိုက်ရင်..ကျုပ်လို သာမန်လူတစ်ယောက်က ဘာမှ လုပ်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး..."
"မလိုဘူး..ကျွန်မ အရှုံးကို လက်ခံနိုင်တယ်.."
ယွန်ယွဲ့ယောင် အံကိုကြိတ်ပြီး ပြောလိုက်တာပါ..။ယင်းနောက် သူမ ကတ်ကို ကိုင်ပြီး လှန်ဖို့ လုပ်လိုက်တယိ..။
"မလုပ်နဲ့.."
အို့ရှင်းယန် သတိပေးလိုက်တယ်..။သူ မိန်းကလေး ယွန် ကတ်ကို လှန်တာကနေ တားဆီးချင်နေခဲ့ပါတယ်..။တကယ်လို့ သူမ လှန်လိုက်မယ် ဆိုရင် အကုန်လုံးက နောက်ပြန်ဆုတ်လို့ ရတော့မှာ မဟုတ်ပါဘူး..။
ပြီးတော့ တစ်ဖက်လူကလည်း မိန်းကလေး ယွန်ရဲ့..လက်ကို ဖြတ်စေချင်မှာ မဟုတ်ပေ..။တကယ်လို့ မာစတာ ယွန် ရောက်လာရင် သူတို့ ညှိနှိုင်းလို့ ရပါတယ်..။
မစ္စတာ ယွန်က..ငယ်ငယ်လေး ကတည်းက..ကိုယ့်စကားကို တည်ပြီး..ရှုံးနိမ့်တာ မှန်သမျှကို အပြည့်အဝ ပေးတတ်တဲ့လူဆိုတာ..ကျန်းယွမ်းက သိထားပြီးသား ဖြစ်နိုင်ပါတယ်..။
ဒီမှာ ဆော့နေတာက မိန်းကလေး ယွန် ဖြစ်နေရင်တောင် သူမ အရှုံးကို ဝန်ခံဖို့လိုပါတယ်..။ဒီကိစ္စကို ဖြေရှင်းဖို့ဆိုရင် သင့်တော်တဲ့ အရာတစ်ခုကို ပြန်ပေးရတော့မှာပါ..။
အဲ့အချိန်မှာပဲ..ယွန်ယွဲ့ယောင်ဟာ သူမရဲ့ လက်ကို တစ်စုံတစ်ယောက်က..အပေါ်ကနေ လာပြီးဆုပ်ကိုင်ထားတယ် ဆိုတာ နားလည်လိုက်တယ်..။
အစကတော့..သူမ လက်ကို ဆွဲထုတ်လိုက်ဖို့ လုပ်လိုက်ပေမယ့်..သူမကြည့်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။သူမရဲ့..အရင် စိုးရိမ်နေတဲ့ မျက်နှာက..နီရဲ သွားခဲ့တယ်..။
သူတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပါတယ်.။ဒီ အမည်မသိတဲ့လူက သူမကို ပြုံးပြနေတာကို နားလည်လိုက်တယ်..။ယင်းနောက် စကားတစ်ခွန်းကို သူမ ကြားလိုက်ရပါတယ်..။
"ကျွန်တော် ဖွင့်ပါရစေ..."
*ဖတ်*
ဒီကတ်ရဲ့ မျက်နှာက..ပေါ်လာခဲ့တယ်..။
ယွန်ယွဲ့ယောင် ရဲ့ အံ့ဩနေမူ နဲ့အတူပဲ..မူလက..9 ဖြစ်နေတဲ့ ကတ်ဟာ..A အဖြစ်ကို ပြောင်းလဲ သွားခဲ့တယ်..။
ဒါ...ဒါက...
ယွန်ယွဲ့ယောင် ဒီလူကို အံ့ဩသင့်စွာကြည့်လိုက်တယ်..။ဒါက ဘယ်လိူလုပ် ပြီး ဒီလိုဖြစ်နိုင်သွားတာလဲ ဆိုတာကို သူမ မယုံကြည်နိုင်တော့ပေ..။
"မာစတာလင်း ရောက်လာပြီလား.."
ပထမက စိုးရိမ်နေတဲ့ အို့ယန်ရှင်းဟာ..ပျော်ရွင်သွားခဲ့တယ်..။
လင်းဖန် ပြုံးလိုက်ပြီး..
"ကျွန်တော် ဒီကို ရောက်နေတာ မိနစ် အနည်းငယ် ရှိပြီ..ဒါပေမဲ့ ဘေးနားကနေပဲ..ကြည့်နေခဲ့တာ.."
ရီကျန်းမင် စိတ်သက်သာရာ ရသွားခဲ့တယ်..။မဟုတ်ရင် အခြေအနေတွေက..ကြောက်ဖို့ ကောင်းသွားမှာပါ..။
ယွန်ယွဲ့ယောင် ရဲ့ အကြည့်ဟာ..လင်းဖန် အပေါ်မှာသာ ရှိနေခဲ့တယ်..။ဒီကတ်က ဘယ်လိုပြောင်းသွားတာလဲ သူမ နားမလည်တော့ပါဘူး..။ဒါက ဖြစ်နိုင်လို့လား..။
"ဒါ မဖြစ်နိုင်ဘူး.."
အဲ့အချိန်မှာပဲ..ကျန်းယွမ် မတ်တတ်ထရပ်လိုက်တယ်..။အံ့ဩနေတဲ့ အကြည့်နဲ့ သူ ကြည့်လိုက်ပြိီး..
"မင်း လိမ်ညာလိုက်တာပဲ..။သူမ ရဲ့ ကတ်က A မဟုတ်ဘူး.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဒါက နဂိုကတည်းက A ပဲလေ..။ကျုပ်က ဘာလို့ လိမ်ညာရမှာလဲ.."
"ဒါ မဖြစ်နိုင်ဘူး..။ဒါမဖြစ်နိုင်ဘူး..မင်း ကတ်ကို ပြောင်းလိုက်တာပဲဖြစ်ရမယ်..။ဖဲထုတ်ထဲမှာ နောက်ထပ် တစ်ကတ်က ရှ်ိကို ရှိနေလိမ့်မယ်.."
ကျန်းယွမ် ဆက်ပြီး မတည်ငြိမ်နိုင်တော့ပေ..။သူ ချက်ချင်း ဘောက်ကို ဖွင့်လိုက်ပြီး နောက်ထပ် A တစ်ကတ်ကို ရှာလိုက်ပါတယ်..။
အဲ့အချိန်မှာတော့ အို့ယန်ရှင်း ဒီလူကို တားဖို့ လုပ်လိုက်တယ်..။ဘာပဲဖြစ်ဖြစ်..မာစတာလင်း လိမ်ညာလိုက်တယ် ဆိုတာကို သူသိထားပါတယ်..။ဘာလိူ့လဲ ဆိုတာက..မိန်းကလေး ယွန် ရဲ့ ကတ်က အစောနက အထိ ..9 ပဲ ဖြစ်နေသေးလို့ပါ.။တကယ်လို့ ကျန်းယွမ် ဖဲထုတ်ထဲမှာ ရှာမယ် ဆိုရင် တူညီတဲ့ A ကတ်က ရှိနေမှာ အသေအချာပါပဲ..။
သိူ့ပေမယ့် လင်းဖန် အို့ရှင်းယန် ကို တားဆီး လိုက်တယ်..။ကျန်းယွမ်းကို သူ့သဘော အတိုင်း ဆက်ပြီး ရှာခိုင်းထားလိုက်တာပါ..။
ဖဲထုတ်တစ်ခုလုံးကို ရှာပြီးတဲ့ နောက်မှာ ကျန်းယွမ်ရဲ့ မျက်နှာမှာ အံ့ဩမူတွေ ပေါ်လာခဲ့တယ်..။ပြီးတော့ အံ့ဩတာက သူ တစ်ယောက်တည်းမဟုတ်ပါဘူး..။အို့ယန်ရှင်း နဲ့ ယွန်ယောင်ယွဲ့တောင်မှ အံ့ဩနေခဲ့တာပါ..။
တူညီတဲ့ ကတ်က ရှာမတွေ့ခဲ့ပေ..။ထပ်ပြောရရင် အစောက..သူတို့လက်ထဲမှာ ရှိနေတဲ့ 9 ကတ်ကတောင် အထုတ်ထဲမှာတောင် ရောက်နေခဲ့ပါသေးတယ်..။
"ဒါက မဖြစ်နိုင်ဘူး..."
ကျန်းယွမ် မကျေနပ်စွာ ပြောလိုက်တယ်..။
"ငါ မင်းနဲ့ နောက်ထပ် တစ်ပွဲ ဆက်ကစားမယ်.."
အစကတော့ လင်းဖန် ကျန်းယွမ် ဘယ်လို လိမ်ညာလဲ ဆိုတာကို လာကြည့်တာပါ..။သို့ပေမယ့် အခုတော့ ဒီလိုလုပ်ဖို့ မလိုတော့ပါဘူး..။ကျန်းယွမ်က အရာရာတိုင်းကို ရှုံးနိမ့်နေပြီးပါပြီ..။တကယ်လိူ့ သူ လိမ်ညာခဲ့တာ ဒီလူသိတယ် ဆိုရင်တောင် ဘာမှ တတ်နိုင်မှာ မဟုတ်ပေ..။
ဘာလို့လဲ ဆိုတော့ ကျန်းယွမ်က..သူ့ရဲ့ လက်တစ်ဖက်ကို ပါ လောင်းထားလို့ပါ..။ဒါက တကယ်ကို မထင််မှတ်ထားစရာပါပဲ..။
အခု အဖြေက ထွက်လာပြီ ဆိုရင်တော့..သူနောက်တစ်ပွဲကစား ချင်တယ် ဆိုရင် သူ့ရဲ့လက်ကို အရင်ဖြတ်ဖို့ လိုအပ်ပါတယ်..။
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်...
"ခင်ဗျားက အားနည်းလွန်းတယ်..။ခင်ဗျား ရှုံးပြီးနေပြီလေ..။အရင်ဆုံး..ဘယ်ဘက်လက်ကို ဖြတ်ရင် ကောင်းမလဲ ဆိုတာသာ စဥ်းစားထား.."
ဒီစကားတွေကို ကြားပြီး နောက်မှာ ကျန်းယွမ်ရဲ့ မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။
ယွမ်ယွဲ့ယောင်ကတော့.သူမရဲ့ အသိစိတ်ကို ပြန်ရလာခဲ့ပါပြီ..။သူမ တည်ငြိမ်တဲ့ အမူအရာနဲ့.. ပြောလိုက်တယ်..။
"ကျွန်မ အခု..ရွေးချယ်စရာ နှစ်ခုပေးမယ်..။ပထမ တစ်ခုက ..ရှင့်ရဲ့ လက်ကို ဖြတ်ဖို့ပဲ..။ဒုတိယ တစ်ခုက. ရှင် လိမ်ညာခဲ့တယ် ဆိုတာကို ဝန်ခံလိုက်..ပြီးရင် .ဟောင်ဂျင်ကနေ..ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာနဲ့တော့..။ရှင်ကိုယ်တိုင်ပဲ ရွေးချယ်ပါ.."
အဲ့အချိန်မှာတော့ ကျန်းယွမ် ကြောက်လန့်နေခဲ့တယ်..။သူ့ရဲ့ နှလုံးသားက အရှုံးကို လက်မခံနိုင်ပေမယ့် သူတတ်နိုင်တာလည်း ဘာမှ မရှိပါဘူး..။
"ဒုတိယ တစ်ခုကို ရွေးမယိ..."
ဒါက လုံးဝ သူလိုချင်တာ မဟုတ်ပါဘူး..။သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဖြစ်လာဖို့က အရမ်းကို နီးကပ် သွားခဲ့တာပါ..။
ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ...
ယွန်ယောင်ယွဲ့ဟာ..အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ပြီး..တစ်ခွန်းချင်း ပြောလိုက်တယ်..။
"ထွက်သွားတော့..."