← Chapters

ဂြိုဟ်သားမျိုးနွယ်စုရဲ့ရက်စက်ကြမ်းကြုတ်သောအသူရာနတ်ဘုရားများ

Vol. 54 Ch. 752

ဂြိုဟ်သားမျိုးနွယ်စုရဲ့ရက်စက်ကြမ်းကြုတ်သောအသူရာနတ်ဘုရားများ

Vol. 54 Ch. 752

ကြက်သွေးရောင်ဖီးနစ်သားရဲက အလောင်းများမှ အစိမ်းရောင်အရှိန်အဝါကို စုပ်ယူရသည့်အကြောင်းရင်းကို စုမင်နားမလည်ခဲ့ပေ။ သားရဲများက စုပ်ယူသည်ကို တစ်နှစ်ကျော်ကြာ ကြည့်ရှု့ခဲ့သော်လည်း စုမင်မှာ တစ်နည်းနည်းမျှပင် မစုပ်ယူနိုင်ခဲ့ပေ။

သူ တိတ်ဆိတ်နေပြီး မျက်လုံးမှိတ်ထားလိုက်သည်။ သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အကြား သဟဇာတဖြစ်အောင် ကနဦးစွမ်းအားများကို စတင်ဖြန့်ကျက်ခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာ မီးတောက်ပူများနှင့် ပြည့်နေပြီး သူ့နှာခေါင်းက လေပူလှိုင်းတွေ ရှူရှိုက်ရလေ၏။

သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် တွန့်လိမ်ပုံပျက်နေသောအလွှာတစ်ခုပေါ်လာသည်။ ထိုအလွှာက သူ့အား လှည့်ပတ်နေသောစီးဆင်းနေသော ရေလှိုင်းများကဲ့သို့ပင် ဖြစ်၏။ ဤသည်မှာ စုမင်၏ ခန္ဓာကိုယ်မှ ပေါက်ဖွားလာသော မွေးရာပါ ပင်ကိုယ်စွမ်းရည်ဖြစ်ပြီး ၎င်းက ပစ္စည်းများကို ခွဲထုတ်နိုင်စေသည့် လျှို့ဝှက်ဆန်းကြယ်သောနတ်စွမ်းရည်တစ်ခုဖြစ်၏။

သူ့ဘေးရှိသားရဲငယ်လေးက ထိပ်ပြောင်ကြိုးကြာငှက်ကို စိုက်ကြည့်နေလေသည်။ သူတို့အချင်းချင်း မျက်စိစပါးမွေးစူးနေလေ၏။ သားရဲလေးက ငှက်ကို ခပ်အုပ်အုပ်ဟိန်းဟောက်လိုက်သည်။ ထိုအချိန်တွင် ငှက်က ကျောက်တုံးပေါ်တွင်လဲလျောင်းနေသော‌နီညိုရောင်ခွေးကြီးအဖြစ်ပြောင်းလဲခဲ့သည်။

၎င်းမှာ ငှက်၏အမှတ်တရများအတွင်း အပြင်းထန်ဆုံးရက်စက်ကြမ်းကြုတ်သော သားရဲ၏အသွင်အပြင်ဖြစ်၏။ ငှက်က ခွေးကြီးအသွင်ပြောင်းလိုက်ပြီး သားရဲကို မာန်ဖီပြလေသည်။

လွန်ခဲ့သောနာရီ‌ပေါင်းများစွာက လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားနှင့် ညီမျှသော သားရဲကြီးမှာ အိပ်စက်ရန် ကျောက်ရည်ပူထဲသို့ ဝင်သွားခဲ့သည်။

သားရဲငယ်လေးမှာ ကြိုးကြာငှက်က ခွေးကြီးအဖြစ်ပြောင်းလဲသွားသည်ကို မြင်လိုက်ရသော် ၎င်း၏မျက်လုံး အပြူးသားဖြစ်သွားလေသည်။ ၎င်းအနေဖြင့် ထိုကဲ့သို့ရက်စက်ကြမ်းကြုတ်သောသားရဲမျိုး တစ်ခါမှ မတွေ့ဖူးသည်မှာ ထင်ရှား၏။တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စုမင်ဘေးနားရှိလှိုင်းများနှင့်ဆင်တူသောလှိုင်းများက ၎င်းကို ပတ်လည်ဝန်းရံထားလေသည်။

ထူးဆန်းသောဥပဒေဿအငွေ့အသက်များက သားရဲလေး၏ဘေးနားတွင် ပေါ်လာပြီး ကြိုးကြာငှက်ကို စူးစူးရဲရဲစိုက်ကြည့်နေလေသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ဖီးနစ်သားရဲနှင့်ငှက်တို့က တစ်ချိန်လုံး ရန်လိုမုန်းတီးမှုများဖြင့် တစ်ယောက်နှင့်တစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေကြသော်လည်း အမှန်တကယ် တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ ထိုအချိန်တွင် သူတို့အချင်းချင်း အော်ဟစ်ကြွေးကြော်နေကြစဉ် သားရဲလေးက ရုတ်တရက် တုန်လှုပ်သွားပြီး ကျောက်ရည်ပူထဲသို့ ထိုးဆင်းသွားသည်။

ထိုလုပ်ရပ်က ပြောင်ကြိုးကြာငှက်ကို အံ့အားသင့်စေခဲ့သည်။သို့သော် ငှက်က ဖီးနစ်သားရဲကို အားရပါးရလှောင်ပြောင်နေ၏။ထိုစဉ် ၎င်း၏တစ်ကိုယ်လုံး ကြက်သီးဖြန်းခနဲထသွားလေသည်။ ပြင်းထန်သောဖိအားတစ်ခုက မီးတောင်ဝမှတစ်ဆင့် ပေါက်ကွဲသွားပြီး လေထုထဲတွင် ပေါက်ကွဲသံများနှင့် ပြည့်နှက်သွား၏။ ထိုစဥ် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသူတစ်ဦးက မြေတပြင်လုံးကို ဖြတ်ကျော်ရန် ကြီးမားသောဖိအားများပါရှိသည့်နတ်ဘုရားအာရုံကို အသုံးပြုနေပုံပေါ်၏။

ငှက်က အန္တရာယ်အငွေ့အသက်ကို ရလိုက်ပြီး နယ်မြေတစ်ခုလုံးပျံ့နှံ့သွားသည့်နတ်ဘုရားအာရုံ၏သက်ရောက်မှုကို မြင်တွေ့ဖူးသားဖြစ်သည်။

၎င်းက ငယ်သံပါအောင်အော်ဟစ်လိုက်သည်။ ထို့နောက် အပူဒါဏ်မခံနိုင်သော်လည်း ကြောက်အားလန့်အားဖြင့် ကျောက်ရည်ပူထဲသို့ အတင်းတိုးဝင်သွားလေသည်။

လွန်ခဲ့သောအချိန်က ကျောက်ရည်ပူ၏နက်နဲရာတွင် အိပ်ပျော်နေသောသားရဲကြီးက မျက်လုံးပွင့်လာလေသည်။ ၎င်း၏မျက်လုံးများတွင် ထိတ်လန့်မှုရှိနေပြီး ကျောက်ရည်ပူများထဲမှ မီးတောင်ဝထိပျံ့နှံ့အောင် ဟိန်းဟောက်လိုက်သည်။

ဤဟိန်းဟောက်သံတွင် ကြောက်ရွံ့မှုပါသော်လည်း တစ်ဖက်တွင် ၎င်း၏ပိုင်နက်ဟု ကြေညာနေလေသည်။

စုမင်လည်း မျက်လုံးဖွင့်လိုက်သည် ။ သူက မီးတောင်ဝမှ ကောင်းကင်ကို မော့ကြည့်နေပြီး သူ၏အမူအရာက တည် ငြိမ်သက်နေလေသည်။ သို့သော် သူ မျက်မှောင်ကြုတ်သွားလေ၏။

ထိုအချိန်တွင် ဂြိုလ်အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်ရှိလူအားလုံး၏ အမူအရာများ ရုတ်ချည်းပြောင်းလဲသွားလေသည်။ ထို့နောက်သူတို့လုပ်နေသမျှကို ချက်ချင်းရပ်လိုက်ကြသည်။

ရန်ဖြစ်နေသောလူများပင် ရပ်တန့်လိုက်ကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

သူတို့ တစ်ခုခုလှုပ်ရှားလိုက်လျှင် မှန်းဆ၍မရသောပျက်စီးဆုံးရှုံးမှုကို ခံရမှာကို စိုးရိမ်နေပုံပေါ်၏။

ယွဲ့ဟုန်ပန့် နှင့်ဂြိုဟ်ရှိကျင့်ကြံသူများက အလားတူတုံ့ပြန်ခဲ့ကြသည်။ သူတို့က တုန်တုန်ယင်ယင်ဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း သူတို့၏မျက်နှာများက ဖြူဖျော့သွားကြ၏။ သူတို့၏အကြည့်များတွင် အကူအညီမဲ့မှုနှင့် ထိတ်လန့်မှုတို့က ထင်ရှားစွာ ပေါ်လွင်နေသည်။

ဂြိုဟ်၏အရှေ့ဘက်ရှိ မြင့်မားသော တောင်ပေါ်တွင် ကျောက်တုံးအိမ်ကြီးတစ်လုံးတည်ရှိ၏။ ဆံပင်ရှုပ်ပွနေသော အဘွားကြီးတစ်ဦးက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်ကာ အိမ်ခေါင်မိုးကို စူးစူးစိုက်စိုက်ကြည့်နေ‌လေ၏။ထိုစဉ် သူ့အပေါ်မှ ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို မြင်လိုက်ရသည်။

သူမအနားတွင် လောကမှော်ယာဉ်ပျံအရှင်သခင်ပိုင်‌ဆိုင်သောစွမ်းအားလှိုင်းများကို တွေ့ရသော်လည်း သူမစွမ်းအားလှိုင်းများကို မပြန့်အောင်ချုပ်တည်းထားလေသည်။ အမှန်မှာ မကြာမီက သူမ၏ မျက်လုံးများတွင် နှိမ့်ချမှုနှင့်အတူ အရှက်တရားပေါ်လာပြီး တင်ပျဉ်ခွေထိုင်မည့်အစား ဝပ်တွားရန် ရွေးချယ်ခဲ့သည်။

စိမ်းလန်းသောအပင်များရှိရာတောအုပ်အတွင်း လူလတ်ပိုင်းလူရွယ်တစ်ဦး လမ်းလျှောက်လာသည်။ ဤနေရာက မီးလျှံဂြိုဟ်၏အနောက်ဘက်တွင် တည်ရှိ၏။ သစ်တောထဲရှိ သစ်ရွက်စိမ်းများက သူ့အတိတ်၏ လှပသော အခိုက်အတန့်တွေကို ပြန်ယူဆောင်လာသလိုပင် ခံစားရ၏။ သူက သစ်ရွက်များကို ညင်သာစွာ ထိတွေ့လိုက်သောအခါ ပြင်းထန်သော ဖိအားများအပြင် မြင့်မြတ်သော နတ်ဘုရားအာရုံက လောကကြီးကို လွှမ်းခြုံသွားလေ၏။သူက ကောင်းကင်ကို မော့ကြည့်ရင်း သူ့မျက်နှာမှာ ဒေါသူပုန်ထလာလေသည်။

သို့သော် သူက မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ ဝပ်တွားလိုက်၏။

မီးလျှံဂြိုဟ်ရှိ ငြိမ်သက်နေသောကျင့်ကြံသူများနှင့်မတူသောရက်စက်ကြမ်းကြုတ်သော သားရဲများစွာ ရှိလေသည်။ ၎င်းတို့က ၎င်းတို့၏ နယ်မြေများကို ကြေညာရန် ဟိန်းဟောက်ကြသည်။

စုမင်က မျက်မှောင်ကြုတ်မိသွားလေသည်။ လောကကြီးထဲရှိ အားကြီးသောဖိအားနှင့် နတ်ဘုရာအာရုံ၏အရင်းအမြစ်က မီးလျှံဂြိုဟ်ထက်မှ လာသည်ကို သူ နားမလည်နိုင်ပေ။

လွန်ခဲ့သည့်တစ်နှစ်က ယွဲ့ဟုန်ပန့် ပြောခဲ့သည့်စကားတစ်ခွန်း သူ့ခေါင်းထဲတွင် ပေါ်လာသည်။

“စစ်မှန်တဲ့လောကရဲ့အစောင့်တွေ..”

စုမင်က တိုးတိုးလေးရေရွတ်မိသည်။

ထိုအချိန်တွင် မီးလျှံဂြိုဟ်ကိုကျော်လွန်၍ နဂါးငွေ့တန်းအတွင်း ကြီးမားသောရှေးခေတ်ကြေးဝါဓားတစ်စင်း ပျံဝဲနေလေ၏။စုမင်ထိုရှေးခေတ်ကြေးဝါဓားကိုမြင်လျှင် သေချာပေါက် သိလိမ့်မည်။ ၎င်းက ယင်မရဏဒေသတွင် ရှိနေစဉ် ကိုးရင်ကမ္ဘာတွင် သူမြင်ဖူးသော ထူးဆန်းသောရတနာနှင့် ဆင်တူ၏။ထိုဓါးက ယင်ကိုးပါးလောက၏ဝိညာဉ်များက နဂါးငွေ့တန်းများတစ်လျှောက် ရွေ့လျားနိုင်စေသည့်အစွမ်းရှိသည်။

ရှေးခေတ်ဓားရှည်က ပေတစ်သိန်းရှည်လျားပြီး လူခုနစ်ဦးက ဓါးပေါ်တွင်မတ်တပ်လိုက်ပါလာ၏။ ဤလူခုနစ်ယောက်တို့က ကြီးမားသော ၀တ်ရုံကို ဝတ်ဆင်ထားပြီး သူတို့၏မျက်နှာများက မာကြောခက်ထန်နေလေသည်။ ထို့ပြင် လောကမှော်ယာဉ်ပျံအရှင်သခင်များပိုင်ဆိုင်သောအရှိန်အဝါများက သူတို့၏ကိုယ်ခန္ဓာမှ ပျံ့နှံ့လာသည်။

သူတို့နောက်မှာ တင်ပျဥ်ခွေထိုင်ပြီး ကျင့်ကြံအားထုတ်သူ သုံးထောင်ရှိလေသည်။ ထိုလူသုံးထောင်၏ကျင့်ကြံဆင့်များက သွေးဆာလောင်မှုနှင့်သတ်ဖြတ်လိုစိတ်များနှင့်နှိုင်းယှဉ်ရင် အရေးမကြီးပေ။ ထို့ပြင်သွေးပင်လယ်ကြီးက လူ‌တိုင်းဆီရောက်လာသည်ဟူသောခံစားချက်ကို ပေးစွမ်းနေလေ၏။

ထိုအရာတင်မကပေ။ ရှေးခေတ်ကြေးဝါဓားမှ ပိုမိုပြင်းထန်သောစွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားလှိုင်း၏အင်အားက အလွန်ကြီးမားလှသဖြင့် ကျင့်ကြံခြင်းဂြိုဟ်ကြီးတစ်ခုအား

အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ လောကနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသော လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုလည်း အလွယ်တကူ ကွဲအက်သွားစေနိုင်သည်။

“စစ်မှန်တဲ့လောကရဲ့ အစောင့်တွေ..”

ဤနေရာကို စောင့်ကြပ်နေသော အင်အားကြီးစစ်သည်တော်များက ဖွဲ့စည်းထားသည့် ကင်းလှည့်အဖွဲ့ဖြစ်သည်။ သူတို့က နတ္ထိအနှစ်သာရနယ်မြေတွင် လူများစွာအတွက် အန္တရာယ်ဖြစ်စေသည့်စွမ်းအားနှင့် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။ ထိုအချိန်တွင် ရှေးကြေးဝါဓားက ကြက်သွေးရောင်မီးလျှံဂြိုလ်ပတ်ဝန်းကျင်ကို ကင်းလှည့်နေလေသည်။ ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံထားသည့်နတ်ဘုရားအာရုံနှင့် ပြင်းထန်သောဖိအားများက စစ်မှန်သောလောကအစောင့်များအားလုံး၏ခန္ဓာကိုယ်များမှ အလိုအလျောက် ထွက်ပေါ်လာသည်။

ဓားဖျား၌ ရပ်နေသော လူခုနစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ရယ်မောရင်း စကားတွေပြောနေခဲ့ကြသည်။ ခဏအကြာတွင် အစိမ်းရောင်အလင်းတန်းတစ်ခုက ပေတစ်ထောင်ရှိရှေးဟောင်းကြေးဝါဓားမှ ထွက်ပေါ်လာပြီး

မီးလျှံဂြိုဟ်ဆီသို့ ပေါက်ကွဲသံနှင့်အတူ ဦးတည်သွားလေသည်။

ထို့နောက် လူခုနစ်ယောက်ရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာသည်။

ပေတစ်ထောင်မျှသာ အရွယ်အစားအထိ အကြိမ်များစွာ ကျုံ့သွားသည့် ကျင့်ကြံခြင်းဂြိုဟ်ကြီးတစ်ခု ပေါ်လာလေသည်။ ထိုပုံရိပ်ယောင်ဂြိုဟ်တွင် အလင်းအစက် အပြောက်များကျိုးတို့ကျဲတဲဖြစ်နေသော်လည်း အများစုမှာ မှောင်နေလေသည်။

လူခုနစ်ယောက်က ပုံရိပ်ယောင်ကျင့်ကြံခြင်းဂြိုဟ်ကို ကြည့်ကာအချင်းချင်း စကားစပြောကြသည်။

“ကောင်းကင်ဘုံကျင့်ကြံဆင့်အထွတ်အထိပ်မှာရှိနေတဲ့လူအရေအတွက်က တော်တော်နည်းသွားတယ်..”

“လောကမှော်ယာဉ်ပျံအရှင်သခင်အဆင့်ရှိတဲ့ အသူရာနတ်ဘုရားနှစ်ယောက်ပဲ ရှိတယ်..”

ပုံရိပ်ယောင်ဂြိုဟ်တွင် တောက်ပနေသော အနီရောင်အစက်နှစ်စက်ရှိလေ၏။ တစ်ခုမှာ အရှေ့ဘက်တွင်ရှိပြီး နောက်တစ်ခုက အနောက်ဘက်ရှိသည်။ထိုအလင်းစက်လေးများမှ ရိုသေလေးစားဖွယ်ကောင်းသောအရှိန်အဝါများ ပျံ့နှံ့နေလေသည်။

“ဂြိုဟ်သားမျိုးနွယ်ချန်ရစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထာဝရ ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့ ကြီးထွားမှုနှုန်းဟာ အလွန်ကို တုန်လှုပ်စရာ ကောင်းနေဆဲပဲ...”

လူခုနစ်ဦး၏အသံများ လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် ခရမ်းရောင်အလင်းအစက်အပြောက်များစွာက ပုံရိပ်ယောင်ဂြိုဟ်၏ မြင်ကွင်းထဲတွင် ချက်ချင်းပေါ်လာသည်။

ဤတောက်ပသောအလင်းအစက်အပြောက်များက မတူညီသောနယ်မြေခုနစ်ခုတွင် ပြန့်ကျဲနေသည်။ အချို့သောအစက်များက သီးသန့်တည်ရှိနေပြီး အချို့မှာ နှစ်စက် သို့မဟုတ် သုံးစက်စုဝေးနေကြ၏။ ထိုထဲက နယ်မြေတစ်ခုက ကြက်သွေးရောင်မီးလျှံဂြိုဟ်၏ မြောက်ဘက်တွင်ရှိသော မီးတောင်နှင့်တူလေ၏။ ထိုနေရာတွင် တောက်ပသောခရမ်းရောင်အလင်းအစက်လေးနှစ်ခုနှင့်အလင်းအစက်ကြီးတစ်ခုရှိလေသည်။

“ကောင်းပြီ..အပြင်ဘက်မှာရှိတဲ့ အရာအားလုံးက ပုံမှန်ပဲ.. အတွင်းပိုင်းကို စစ်ဆေးကြည့်ရအောင်.. ဒါ ဒီနေရာရဲ့ အချက်အချာပဲ”

လူခုနစ်ယောက်ထဲမှ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် အခြားခြောက်ယောက်က ချက်ချင်း ရယ်မော စကားစမြည်ပြောခြင်းများကို ရပ်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ ချက်ချင်းပင် လေးနက်လာခဲ့သည်။

၎င်းတို့နောက်ရှိကျင့်ကြံသူသုံးထောင်၏သတ်ဖြတတ်လိုစိတ်အငွေ့အသက်များပင် ပိုမိုထူထပ်လာ၏။

တစ်ချိန်တည်းတွင် လူခုနစ်ဦးက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ ပုံရိပ်ယောင်မီးလျှံဂြိုဟ်ပေါ်လာအောင်လုပ်ခဲ့သည်။ စွမ်းအားလှိုင်းများက ပုံရိပ်ယောင်ဂြိုဟ်၏တစ်လွှာချင်းကို စီစစ်နေပြီး

ဂြိုဟ်၏အတွင်းပိုင်း ပေါ်လာသည်။

ထိုအရာက… ကြက်သွေးရောင်ဖုံးလွှမ်းနေသောအလွှာတစ်ခုဖြစ်သည်။လူခုနစ်ယောက်က ဤအလွှာကို မြင်လိုက်သောအခါတွင် သူတို့၏အမူအရာက ပို၍ပို၍ လေးနက်လာ၏။သူတို့မျက်နှာပေါ်တွင် သတိကြီးသောအကြည့်နှင့် ကြောက်ရွံ့မှုတို့ ရှိနေ၏။

သူတို့ပို့လွှတ်သော စွမ်းအားလှိုင်းများက တစ်လွှာချင်းစီ စစ်ဆေးနေစဉ်

ဂြိုဟ်၏နက်နဲရာ၌ မျက်စိစူးမတတ်တောက်ပနေသောအနီရောင်အလင်းတန်းကို တွေ့မြင်လိုက်ရ၏။ မည်သူမဆို အချိန်အကြာကြီး ကြည့်နေပါက ၎င်းအထဲမှ အနက်ရောင် အရိပ်ဖျော့ဖျော့များ ရှိနေသည်ကို တွေ့ရလိမ့်မည်။

ထိုနေရာတစ်ဝိုက်တွင်ကြက်သွေးရောင်ဖုံးလွှမ်းနေသည်မှာ ထိုအလင်းတန်းဖြာထွက်လာခြင်းကြောင့်ဖြစ်၏။

ထို့နောက် သေးငယ်သော အဖြူရောင် ချည်မျှင်များက ပေါ်လာကာ တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ် ဆက်နွယ်နေကြသည်။ ထို့ပြင် တောက်ပသောအလင်းအစက်အပြောက်များက အဖြူရောင်ချည်မျှင်များ၏အလယ်ဗဟိုတွင်ရှိသည်ကို အလွယ်တကူမြင်နိုင်၏။

လူခုနစ်ယောက်က ထိုအရာကိုမြင်သောအခါ စိတ်သက်သာရာရသွားလေသည်။

“ငါတို့လုပ်ထားတဲ့ချိပ်တံဆိပ် မကျိုးပဲ့သေးဘူး..ဒီမှာ ဖမ်းဆီးထားတဲ့ ဂြိုလ်သားမျိုးနွယ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့အသူရာနတ်ဘုရားဟာ အိပ်ပျော်နေတုန်းပဲ..”

“နတ္ထိအနှစ်သာရနယ်မြေမှာရှိတဲ့ကျင့်ကြံခြင်းဂြိုဟ်တိုင်းမှာ ဂြိုဟ်သားမျိုးနွယ်စုရဲ့ အသူရာနတ်ဘုရားကို ဖိနှိမ်ထားတယ်.. အထူးသဖြင့် နတ္ထိအနှစ်သာရနယ်မြေရဲ့အလယ်ဗဟိုမှာ ကြောက်စရာကောင်းတဲ့ ဂြိုဟ်သားမျိုးနွယ်တွေ ရှိနေတယ်လို့ ပြောလို့ရတယ်...ဟိုအရင်တုန်းကတော့ ကျင့်ကြံသူတစ်ယောက်က ပြောဖူးတယ်..အဲဒီမျိုးနွယ်စုကရှင်သန်မနေထိုင်သင့်ဘူးတဲ့.. လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က မင်နက်ရောင်ဂြိုဟ်ရဲ့ မူမမှန်တဲ့ ပုံစံက ‌အကောင်းဆုံးဥပမာပဲ...”

“ဂြိုဟ်သားမျိုးနွယ်တွေရဲ့ဒီရာဇ၀တ်ကောင်တွေကို သတ်ဖို့ မယုံနိုင်လောက်အောင် ခက်ခဲတယ်ဆိုတာ မင်းတို့မသိတာတော့ မဟုတ်ပါဘူးနော်...”

“ဒါပေမဲ့ အဲဒါက နောင်လာနောက်သားငါတို့အတွက် အနှောင့်အယှက်ဖြစ်စေတယ်.. ငါတို့က သီးခြားနယ်မြေတွေမှာ ကင်းလှည့်ပြီး ကောင်းကောင်းရှိနေတာပဲ ကျေးဇူးတင်ရမယ်...”

လူခုနစ်ယောက်အချင်းချင်း စကားပြောနေစဉ်တွင် ပုံရိပ်ယောင်ဂြိုဟ်ကြီးက ကွယ်ပျောက်သွား၏။ကြက်သွေးရောင်မီးလျှံဂြိုဟ်တွင် အပြာရောင်အလင်းတန်းများ ပြန့်ကျဲသွားသည်။ ရှေးခေတ်ကြေးဝါဓားရှည်က ဖြည်းညှင်းစွာ လှည့်၍ အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ယံရှိကြီးမားသော ဖိအားများနှင့် နတ်ဘုရားအာရုံများက လောကကြီးပေါ်တွင် ပျောက်ကွယ်သွားခဲ့သည်။

All Chapters