မြင့်မြတ်တဲ့ကြယ်တာရာဝတ်ရုံ
Vol. 54 Ch. 739
စုမင်က ဖယောင်းနဂါးအသွင်ပြောင်းပြီး
တာအိုကျေးကျွန်၏ခန္ဓာကိုယ်ကိုဝါးမျိုတာက သူ့ကန့်သတ်ချက်ကိုရောက်ရှိနေပြီဖြစ်၏။ တာအိုကျေးကျွန် ၁၉ အပေါ် လှည့်စားမှုများစွာလုပ်ပြီးနောက် စုမင်က အခြေအနေကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။သူက တာအိုကျေးကျွန် ၁၉ ကို တိုက်ရိုက်မတိုက်ခိုက်ဘဲ တာအိုယွမ်၏လုံခြုံရေးကို အနှောင့်အယှက် ပေးရန် ရွေးချယ်ခဲ့သည်။ စုမင်က တာအိုယွမ်ကိုတိုက်ခိုက်ပြီး ခြိမ်းခြောက်ခြင်းအားဖြင့် တာအိုကျေးကျွန် ၁၉ ဧ။်ခြေလှမ်းများကို ပိတ်ပင်လိုက်၏။
တတိယအဆင့်ရှိစွမ်းအားမှာ စုမင် ခံနိုင်ရည်မရှိသောအရာဖြစ်သည်။ သူ၏ခန္ဓာကိုယ်က လွန်စွာ ကြံ့ခိုင်သော်လည်း သူတို့ကြားကျင့်ကြံခြင်းကွာခြားချက်မှာ ကြီးမားလှ၏။ ထို့ပြင် တာအိုကျေးကျွန် ၁၉ ၏မြင့်မြတ်သော စွမ်းရည်များအောက်တွင် စုမင်က ကြာရှည်စွာတောင့်မခံနိုင်ဘဲ ပြိုလဲခဲ့ရသည်။
ဤနေရာမှာ မာန်ပြည်ထောင်ဖြစ်၏။ထို့ပြင် တာအိုကျေးကျွန်များ၏စွမ်းအားအပေါ် ဖိနှိပ်ချုပ်ချယ်မှုက မပြင်းထန်သော်လည်း အနည်းနှင့်အများထိခိုက်မှုရှိခဲ့၏။ ပြင်ပလောကမှာ သူတို့၏စွမ်းရည်များကို လွတ်လွတ်လပ်လပ် သုံးခွင့်မရအောင် တားဆီးထားလေသည်။ သို့သော်လည်း စုမင်က သူ၏တိုက်ခိုက်မှုတိုင်းအတွက် ကြီးမားသောအဖိုးအခကိုပေးဆပ်ခဲ့ရသည်။
သို့ရာတွင် တာအိုယွမ်ကိုတော့ မသတ်ဖြတ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် စုမင်က နောက်သို့ လျင်မြန်စွာလဲကျသွားပြီး သူ့ပါးစပ်မှ သွေးများ ဆက်လက် စီးကျလာသည်။ သူက အဝေးတွင်ရူးသွပ်စွာအော်ဟစ်ဆဲဖြစ်သော တာအိုယွမ်ကို စိုက်ကြည့်ပြီးနောက် သူ့ဘက်သို့ အရှိန်တင်နေသော တာအို ကျေးကျွန် ၂၁ ကို စိုက်ကြည့်နေသည်။
ထိုကဲ့သို့အင်အားကြီးရန်သူများကို ခုခံတိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း စုမင် သိလေ၏။ သို့သော် သူက ဤလူများရှေ့တွင် ပုရွက်ဆိတ်ကဲ့သို့ အားနည်းနေသော်လည်း ၎င်းတို့ကို တိုက်ထုတ်ရန် သတ္တိရှိနေဆဲဖြစ်သည်။
“ငါ့ ဘဝမှာ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး သေခြင်းကနေ အကြိမ်များစွာ လွတ်မြောက်ခဲ့ဖူးတယ်..ဒီနေ့ ဒီကပ်ဘေးက တိထျန်းဆင်းသက်ချိန်ကထက် ပိုခက်ခဲတယ်... ဒါပေမဲ့ နဝမမြောက်တောင်ထွဋ်အတွက် အသက်ပေးရတာက ဘာမှပြောပလောက်တဲ့ကိစ္စ မဟုတ်ဘူး”
စုမင်က ကောင်းကင်ဆီသို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤကဲ့သို့ အကျပ်အတည်းကာလမှာ သူ့ကိုယ်သူနှင့် အရာအားလုံးကို စွန့်လွှတ်နိုင်စွမ်းရှိလာသည်။ သူ နောက်ပြန်ဆုတ်ကာ သူ့ဘယ်ဘက်လက်ဖမိုးကို အထက်သို့ ထားလိုက်ပြီး ညာလက်ဖဝါးကို အောက်ဘက်သို့ လှည့်လိုက်သည်။ သူက ကံကြမ္မာ၏
စွမ်းအားအပြည့်အဝကို ယူဆောင်ပြီး သူ့လက်ကို မျက်ခုံးအလယ်တည့်တည့်မှာ ဖိချလိုက်သည်။
သူ၏ လက်ရှိအသွင်အပြင်က ဆယ်ကျော်သက်အရွယ်မဟုတ်သော လူငယ်တစ်ဦးဖြစ်လာ၏။ ဤသည်မှာ သူအသက်လမ်းကျင့်စဉ်ထဲသို့ဝင်ရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သော ပြောင်းလဲမှုတစ်ခုဖြစ်သည်။
ထိုအချိန်တွင် သူ့ဘယ်ဘက်လက်ကို မျက်ခုံးအလယ်ဗဟိုသို့ ဖိလိုက်သောအခါ ကံကြမ္မာ၏စွမ်းအားက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။ မွေးကင်းစကလေး၏ ပုံရိပ်များနှင့် ခရမ်းရောင်ဆံပင်ရှိသော အမျိုးသားတစ်ဦးက စုမင်နောက်တွင် ပေါ်လာသည်။ ဤပုံရိပ်နှစ်ခုက စုမင်၏ခန္ဓာကိုယ်နှင့် ချက်ချင်းထပ်သွားတော့သည်။ သို့သော် တာအိုကျေးကျွန် ၂၁ က ခြေတစ်လှမ်းချင်းဖြင့် သူ့နားကို နီးကပ်လာလေ၏။
မာန်ပြည်ထောင်မှာတောင် တတိယအဆင့်၏စွမ်းအားကို ထုတ်သုံးနိုင်ဆဲဖြစ်သော ဤတာအိုကျေးကျွန်၏စွမ်းအားက
အချုပ်အခြာအာဏာပိုင်သုံးယောက်နှင့် ဧကရာဇ်ငါးပါးနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ ကျေးကျွန်များကတတိယအဆင့်ရှိလောကမှော်ယာဉ်ပျံများ၏အရှင်သခင် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း တတိယနှောင်းပိုင်းအဆင့်ရှိသူများနှင့် ကျင့်ကြံဆင့်တူညီနေလိမ့်မည်။ပြောရလျှင် သူတို့မှာ တူညီသောအဆင့်ရှိသော်လည်း စွမ်းအားများမှာမတူညီပေ။
တာအိုကျေးကျွန်ငါးယောက်က တတိယစွမ်းအား၏ကနဦးအဆင့်သို့ ရောက်ရှိနေလေပြီ။ မာန်ပြည်ထောင်၌ သူတို့၏စွမ်းအားများက အနည်းငယ်သာ ဖိနှိပ်ခံရပြီး ဒုတိယအဆင့်နှင့် တတိယအဆင့်ကြားရှိ စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်။
ဤသည်မှာ သူတို့ဝတ်ဆင်ထားသော ကြယ်တာရာဝတ်စုံကြောင့်ပင်ဖြစ်သည်။အလားတူ အင်မော်တယ်ပြည်၏နဂါးငွေ့တန်းအတွင်း၌ ရပ်နေသောမှော်စီးယာဉ်ထဲရှိ လူတိုင်း
ထိုကြယ်တာရာဝတ်စုံကို ဝတ်ဆင်ထားကြသည်။
အကြမ်းဖျင်းအားဖြင့် ဤကြယ်တာရာဝတ်ရုံများက မာန်ပြည်ထောင်ရှိဥပဒေသများကို တွန်းလှန်နိုင်သည့် စွမ်းအားရှိပြီး ကျင့်ကြံဆင့်ကန့်သတ်ချက်များကို သိပ်မခံစားရစေပေ။ ထို့ကြောင့်အင်မော်တယ်များအနေဖြင့် ထိုဝတ်ရုံများကို ရရှိအောင် ကြိုးစားကြသည်။ သို့သော် အင်မော်တယ်အရေအတွက်များပြားမှုကြောင့် မနက်ခင်းတာအိုဂိုဏ်းတပည့်များသာ ဝတ်ရုံကို ရရှိခဲ့သည်။
အင်မော်တယ်များက မနက်ခင်းတာအိုဂိုဏ်း၏လက်အောက်ခံများသာဖြစ်၏။ ၎င်းမှာ သူတို့ ကြယ်တာရာဝတ်ရုံများ မရရှိခဲ့သည့်အကြောင်းရင်းဖြစ်သည်။ နောက်တစ်ခုကတော့ ကြယ်တာရာဝတ်ရုံများ အကူအထောက်အပံ့သဘောမျိုးသာဖြစ်သည်။
ထိုဝတ်စုံများတွင် မြင့်မြတ်သောစွမ်းရည်များ မပိုင်ဆိုင်သည့်အပြင် မာန်ပြည်ထောင်ရှိဥပဒေများ၏ကန့်သတ်မှုကို မခံရတာမျိုး မဟုတ်ပေ။ အကူအထောက်အပံ့ဖြစ်သည့်ဝတ်ရုံများ စွမ်းအားရှိနေခြင်းမှာ တာအိုယွမ်၏ကိုယ်ပေါ်ရှိ ရွေ့လျားနေသည့် မြင့်မြတ်သောကြယ်တာရာများကြောင့် ဖြစ်သည်။
အကူအထောက်အပံ့ဖြစ်သည့်ဝတ်ရုံများ၀တ်ထားသူအားလုံးက မြင့်မြတ်သောကြယ်တာရာဝတ်ရုံဝတ်ဆင်ထားသူ၏ အမိန့်ကို နားထောင်ရသည်။ သူတို့က ထိုအမိန့်ကို မလွန်ဆန်နိုင်ပေ။ ထိုပုံစံက ထိန်းချုပ်သည့်ပုံစံနှင့် ဆင်တူသော်လည်း အကူဝတ်ရုံဝတ်ဆင်သူ၏ဉာဏ်ရည်ဉာဏ်သွေးနှင့် စိတ်
ဝိညာဥ်ကို ထိခိုက်မည်မဟုတ်ပေ။ ယခု သူတို့ အတွေးထဲမှာ သခင်တစ်ယောက်သာရှိလေ၏။
ဤသခင်က မြင့်မြတ်သောကြယ်တာရာ ဝတ်ရုံကို ၀တ်ဆင်ထားသူဖြစ်ပြီး သူတို့ဝတ်ထားသည့် ကြယ်တာရာ၀တ်ရုံများအားလုံးကို ပိုင်ဆိုင်သည်။
အကူဝတ်ရုံများက မြင့်မြတ်သောကြယ်တာရာဝတ်ရုံကြောင့် မာန်ပြည်ထောင်ဥပဒေဿများ၏ပိတ်ဆို့မှု
ဒါဏ်ကို မခံစားရပေ။
အကယ်၍ အင်မော်တယ်များက အကူကြယ်တာရာဝတ်ရုံများကို ရယူလိုပါက သူတို့က တစ်စုံတစ်ဦး၏ ကျေးကျွန်များ ဖြစ်လာရပေလိမ့်မည်။ အကယ်၍ သူတို့ကိုယ်တိုင် ကြယ်တာရာဝတ်ရုံကို သိမ်းပိုက်ရန်ကြိုးစားပါက ၎င်းတို့၏ မျိုးနွယ် တစ်ခုလုံး ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
တာအိုယွမ်၏ကိုယ်ရည်ကိုယ်သွေးနှင့်ကျင့်ကြံဆင့်အရ သူ ဖွဲ့စည်းခဲ့သောအဖွဲ့မှာ မနက်ခင်းတာအိုဂိုဏ်းလက်အောက်တွင်ရှိနေခဲ့သည်။ သူမှာ လက်ပါးစေ ကျင့်ကြံသူထောင်ပေါင်များစွာရှိ၏။ သို့ရာတွင် တတိယအဆင့်စွမ်းအားရှိသူများမှာ တာအိုကျေးကျွန် ၁၉၊၂၁၊ ၃၁၊ ၄၁ နှင့် ၅၁ တို့ဖြစ်သည်။
အခြားသူများ၏ကျင့်ကြံအဆင့်များမှာ ရောထွေးနေလေသည်။ ဤလူငါးဦးအပြင် စွမ်းအားအကြီးဆုံးသူမှာ ဒုတိယအဆင့်တွင်အောင်မြင်စွာ ပြီးဆုံးသွားခဲ့၏။
ထို့ကြောင့် တာအိုယွမ်က တာအိုဂိုဏ်းလက်အောက်ခံအင်မော်တယ်များထက် အခွင့်ထူး စံစားရလေ၏။ တိထျန်းကဲ့သို့လူနှင့် အချုပ်အခြာအာဏာပိုင်သုံးယောက်ကဲ့သို့ လူများတောင် တာအိုယွမ်ကို အနှောင့်အယှက်မပေးရဲပေ။ သူက မနက်ခင်းတာအိုဂိုဏ်း၏သခင်လေးများစွာထဲမှ တစ်ဦးဖြစ်၏။
တတိယအဆင့်ရှိတာအိုကျေးကျွန်ငါးယောက်တို့က အကူကြယ်တာရာဝတ်ရုံများကြောင့် မာန်ပြည်ထောင်တွင် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။ ထိုအရာက စုမင်အတွက် ဤမျှ ကြီးမားသော ဘေးဒုက္ခကြီး ဖြစ်လာရခြင်း အကြောင်းရင်းဖြစ်သည်။
ထိုအချိန်တွင် စုမင်က ကံကြမ္မာ၏စွမ်းအားကို အသက်သွင်းစဉ် တာအိုကျေးကျွန် ၂၁ ၏မျက်နှာက နက်မှောင်သွားသည်။ သူက တာအိုယွမ်၏အမိန့်ကိုနာခံကာ စုမင်ကိုသတ်ဖြတ်မည်ဖြစ်သည်။ သူ့မျက်လုံးထဲတွင် စုမင်က ဉာဏ်နီဉာဏ်နက်များပြီးလှည့်ကွက်များကိုသာ သုံးသော စက်ဆုပ်ရွံရှာဖွယ် အရှက်မရှိသူဖြစ်သည်။ အကယ်၍ သူတို့နှစ်ဦးထိပ်တိုက်ရင်ဆိုင်ပါက တာအိုကျေးကျွန် ၂၁ က သူ့ကို တစ်ချက်တည်း သတ်နိုင်မည်ဟု ယုံကြည်ထားသည်။
သူက စုမင်နားကို ချက်ချင်း ကပ်လာစဉ်
စုမင်၏မျက်လုံးထဲမှာ အလင်းတန်းတစ်ခု လင်းလက်လာသည်။ မွေးကင်းစကလေး၏ပုံရိပ်နှင့်ခရမ်းရောင်ဆံပင်ရှိသည့် လူ၏ပုံရိပ်က သူ့ပတ်ဝန်းကျင်တွင် လျင်မြန်စွာ ရောယှက်နေသည်။ ထိုအချိန်တွင် စုမင်နှင့်ဆင်တူသောမရဏအသူရာစွမ်းအားအငွေ့အသက်များက သူ့နောက်မှ ထွက်ပေါ်လာသည်။
ယွီရွှမ်က အလောင်းကောင်ကဲ့သို့ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် စုမင်၏ နောက်မှ ထွက် ပေါ်လာသည်။ သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တာအိုကျေးကျွန် ၂၁ ဆီသို့ လက်ဝါးဖြင့် တွန်းလိုက်သည်။
ထိုစဉ် အားပြင်းသောမရဏအသူရာအရှိန်အဝါက သူမ၏ခန္ဓာကိုယ်မှထွက်ရှိလာပြီး တာအိုကျေးကျွန် ၂၁ ဆီကို ပေါက်ကွဲသံနှင့်အတူ ရောက်ရှိသွားသည်။
“မင်း သေချင်နေတာလား..”
တာအိုကျေးကျွန် ၂၁ က အေးစက်စွာနှာမှုတ်ထုတ်လိုက်ပြီး မရှောင်တိမ်းခဲ့ပေ။ သူက ယွီရွှမ်၏လက်ဝါးကို ထိရုံသာ ချိန်ရွယ်ခဲ့သည်။ သူ့လက်ချောင်းပေါ်ရှိ ကြယ်တစ်ပွင့်တွင် စွမ်းအားများ စုရုံးနေပြီး စူးရှသောအလင်းရောင်ကို ထုတ်လွှတ်နေလေသည်။ ထိုစွမ်းအားက ယွီရွှမ်၏လက်ဝါးထဲကို တိုးဝင်လာပြီး ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် ယွီရွှမ်က သွေးချောင်းဆိုးလိုက်ရပြီး နောက်သို့လွင့်စင်သွားလေသည်။ သို့သော် သူမ၏ မျက်လုံးများပင်လျှင် ပုံမှန်အတိုင်း လင်းလက်တောက်ပနေခဲ့သည်။
ထိုအချိန်တွင် ကလေးငယ်၏ ပုံရိပ်များနှင့် ခရမ်းရောင်ဆံပင်ရှိသောလူ၏ပုံရိပ်များက စုမင်၏ပတ်ပတ်လည်တွင် ရောထွေးနေသည်။ သူ့ဆံပင်များ ချက်ချင်းဖြူလာပြီး သူ့ခန္ဓာကိုယ်က ခုနစ်နှစ် ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်လို ဖြစ်သွား၏။ စုမင်၏ ခန္ဓာကိုယ်မှ ယွီရွှမ် နှင့်ဆင်တူသော မရဏအရှိန်အဝါများ ထူထဲစွာ ထွက်ပေါ်လာသည်။
သူ့မျက်နှာက ဖြူဖျော့သွားပြီး လူသေ ကောင်ကဲ့သို့ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် စုမင်က ဘေးနားရှိယွီရွှမ်နှင့် အလွန်ဆင်တူသည်။သူတို့က ဆင်တူဝမ်းဆက်ကိုဝတ်ထားသလိုမျိုးပင် တူညီလေသည်။
စုမင်၏ မျက်လုံးများတွင် မီးခိုးရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ ယွီရွှမ်က နောက်ပြန်ဆုတ်သွားသော် စုမင်က တာအိုကျေးကျွန် ၂၁ ဆီကို ပြေးဝင်သွားလေသည်။ သူ့ညာလက်ကို မြှောက်ပြီး လွှဲယမ်းလိုက်သောအခါ လောကကြီးက ချက်ချင်း တုန်လှုပ်သွားလေသည်။ အချိန်က ပြောင်းပြန်စီးဆင်းသွားကာ တာအိုကျေးကျွန် ၂၁ ၏ခန္ဓာကိုယ်ကို ခဏမျှသာ ရပ်သွားခဲ့သည်။
ထိုအချိန်က စုမင်က သူ၏ညာလက်မှ လူသတ်ဓားကို လျင်မြန်စွာ မြှောက်ကာ ဓါးလွယ်ခုတ်ထစ်ရန် လုံလောက်၏။ စုမင်၏ဓါးက လျှပ်စီးလက်သလို လင်းလက်သွားသောအခါ ယွီရွှမ်က အံ့ကြိတ်ရင်း တာအိုကျေးကျွန် ၂၁ဆီကို တိုက်ခိုက်ရန် တစ်ဖန် ပြေးသွားလေသည်။
ကျယ်လောင်သောတဘုန်းဘုန်းအသံများက ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ စုမင်က နောက်တစ်ကြိမ် လွင့်စင်သွားပြီး သွေးအန်လိုက်ရသည်။ ယွီရွှမ်လည်း စုမင်နှင့်အတူ လွင့်စင်လာခဲ့သည်။ သူတို့နှစ်ယောက် အတူတူ တိုက်ခိုက်လျှင်တောင် တာအိုကျေးကျွန် ၂၁ ကို နည်းနည်းလေးတုန်လှုပ်သွားအောင်သာ လုပ်နိုင်၏။
မကြာမီတွင် စွမ်းအားကြီးသောကြယ်အလင်းတန်းများက တာအိုကျေးကျွန် ၂၁၏ ပတ်ပတ်လည်နေရာကို လွှမ်းခြုံသွားသည်။ ထို့နောက် ၎င်းတို့က စုမင်နှင့်ယွီရွှမ်ရှိရာသို့ ပြေးဝင်သွားလေသည်။
“မင်းတို့ နှစ်ယောက်စလုံး..သေစမ်း..”
တာအိုကျေးကျွန်၏မျက်နှာက ရက်စက်ကြမ်းကြုတ်မှုနှင့်ပြည့်နှက်နေ၏။ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်စဉ် ပို၍ပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ စုမင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြိုးပျက်သွားသော စွန်ကဲ့သို့ ပြန်လဲကျသွားသည် ။ သူ သွေးတစ်လုတ်ကြီး အန်လိုက်ရကာ သေလုနီးပါး ဒါဏ်ရာရသွားလေသည်။ ယွီရွှမ်လည်း အလားတူ ဒါဏ်ရာရခဲ့သည်။ သူမ နာကျင်စွာနှင့် အဝေးက လျှောက်လာသော တာအိုကျေးကျွန် ၂၁ ကို လှမ်းကြည့်လိုက်ပြီး စုမင်ကိုကြည့်လိုက်သည်။
ထိုအချိန်တွင် တာအိုယွမ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ဟားးဟားး.. မင်း ဟိုကောင့်ကိုပဲသတ်လိုက်..မိန်းမလှလေးကို လွှတ်ပေးလိုက်.. ငါ သေချာပေါက် သူ့အရိုးတွေကို ချိုးပြီး အရေခွံခွာပစ်မယ်..သူ နောင်တရရင်း သေသွားစေရမယ်..”
တာအိုကျေးကျွန် ၂၁ ကနာခံစွာ ခေါင်းညိတ်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပေတစ်ရာအောက်သာဝေးသော စုမင်နှင့်ယွီရွှမ်နားကို နီးကပ်လာသည်။ တာအိုကျေးကျွန်က ရက်စက်ကြမ်းကြုတ်ပုံရပြီး သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေလေသည်။ သူ့ပတ်ဝန်းကျင်ရှိ ကြယ်ရောင်များက စူးရှထက်မြက်သော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားဧ။်။သူက ထိုအလင်းတန်းများကို ညာလက်ကိုစုရုံးစေသည်။ ထို့နောက် ချွန်ထက်သော အပ်များက ဗုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။
ထိုစဉ် စုမင်က သူ့လျှာဖျားကို ကိုက်လိုက်သော ဒါဏ်ရာများကြောင့် ဝေဝါးနေသောအသိစိတ်က အနည်းငယ် ကြည်လင်လာသည်။သူ့မျက်လုံးထဲတွင် စိတ်ပျက်အားငယ်ခြင်းမရှိ၊ ငြိမ်သက်ခြင်းသာရှိသည်။ သူ့ပုံစံက သေခြင်းတရားကို
မကြောက်ရွံ့သောပုံစံ ဖြစ်နေသည်။
တာအိုကျေးကျွန် ၂၁ နီးကပ်လာချိန်တွင် စုမင်က ယွီရွှမ်ကို သူ့ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်က သူမလက်ကို ပထမဆုံးအကြိမ် ကိုင်လိုက်ခြင်းဖြစ်ပြီး သူမက အလောင်းတစ်လောင်းလို အေးခဲနေကြောင်း သိလိုက်ရသည်။
“မင်း ကြောက်နေတာလား” စုမင်က ပြုံးကာ မေးလိုက်သည်။
“မကြောက်ပါဘူး”
ယွီရွှမ်က ခေါင်းခါရင်း လှပသော အပြုံးတစ်ခု ပြုံးလိုက်သည်။
စုမင်က သူမကို မဆိုင်းမတွ နောက်ကို တွန်းပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဘယ်လက်ကို မြှောက်ကာ လေထုထဲသို့ လွှဲယမ်းပစ်လိုက်သည်။ လောကကြီးက တသိမ့်သိမ့် တုန်လှုပ်သွားပြီး လေထုကလည်း တွန့်လိမ်ပုံပျက်လာ၏။ ထိုကြားထဲတွင် မာန်နတ်ဘုရားရုပ်တုကြီး ပေါ်လာပြီး တာအိုကျေးကျွန် ၂၁ ၏ကြယ်တာရာစွမ်းအားကို ကာကွယ်လိုက်သည်။
တာအိုကျေးကျွန် ၂၁ က အေးစက်စွာ လှောင်ပြောင်သရော်လိုက်သည်။ သူက သူ၏စွမ်းအားအားလုံးကို အသုံးချပြီး စုမင်၏မာန်နတ်ဘုရားရုပ်တုဆီကို တွန်းပို့လိုက်သည်။ ကျယ်လောင်သော တဘုန်းဘုန်းပေါက်ကွဲသံများက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပြီး လေထဲတွင် တဟုန်ထိုး တုန်ခါသွားသည်။ လက်ဝါးတစ်ချက်တည်းဖြင့် စုမင်၏ရုပ်တုကြီးက အက်ကွဲကြောင်းများ ပေါ်လာ၏။
ထို့နောက် ကြယ်ရောင်က ဖြာကျလာသောအခါ စုမင် သွေးအန်လိုက်ရသည်။သူ့ခန္ဓာကိုယ်အနှံ့ ရှိ ဒါဏ်ရာများက က ပွင့်ထွက်သွားပြီး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူ့အသိစိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ယွီရွှမ်ကမူ အနည်းငယ် အခြေအနေကောင်းနေသေးသည်။ သူမလည်း သွေးအန်လိုက်ရပြီး သူမနှင့်အတူစုမင်ကို တရွတ်တိုက် ဆွဲခေါ်သွားလေသည်။ ထို့နောက် သူမ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ပေါ်လာ၏။