မွှေနှောက်ဖျက်ဆီးခြင်း
Vol. 54 Ch. 740
တာအိုကျေးကျွန် ၂၁ ကအေးစက်စွာနှာမှုတ်ထုတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။နောက်တစ်ကြိမ် ထိုးနှက်လိုက်လျှင် ဤလူနှစ်ဦးကို အသေသတ်နိုင်မည်ဟု သူယုံကြည်ခဲ့သည်။
သူ ရှေ့သို့ တိုးလာခါနီးတွင် သူ့နောက်မှ တာအိုယွမ်က စုမင်ဆီသို့ ဦးတည်သွားလေသည်။
“တာအိုကျေးကျွန်..မင်း နောက်ပြန်ဆုတ်စမ်း.. ဒီကောင့်ကို ငါကိုယ်တိုင် သတ်မယ်..အခု မင်း
ငါ့ကို မသတ်ချင်ဘူးလား ခွေးကောင်.. မင်းရှေ့မှာ မင်းရဲ့မိန်းမကို မြည်းစမ်းကြည့်မယ်.. မင်းသေချာကြည့်ထား..”
တာအိုယွမ်က ရူးသွပ်စွာ ရယ်မောရင်း နှစ်ယောက်သား နားနီးကပ်လာသည်။ စုမင်နှင့် ယွီရွှမ်တို့က နဝမမြောက်တောင်
ထွဋ်၏မှော်အစီအရင်နှင့် နီးကပ်လာပြီဖြစ်သည်။
တာအိုကျေးကျွန် ၂၁ က သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး သူ့သခင်လေးကို စုမင်နှင့် ယွီရွှမ်ဆီသို့ ပျံသန်းစေခဲ့သည်။ ထိုအချိန်တွင် တာအိုယွမ်က ယွီရွှမ်ကို သိမ်းပိုက်ရန် သူ၏ညာလက်ကို မြှောက်လိုက်၏။ ထိုစဉ် အင်မတန်စွမ်းအားကြီးမားသောတည်ရှိမှုက ရုတ်တရက် ထွက်ပေါ်လာပြီး လူအားလုံးဧ။်စိတ်ကို တုန်လှုပ်ချောက်ချားမှုနှင့် ပြည့်နှက်စေလေသည်။
ထိုတည်ရှိမှု၏စွမ်းအားက အလွန်ကြီးမားသောကြောင့် လောကကြီးကို တုန်လှုပ်သွားစေပြီး ပင်လယ်ထဲတွင် အဆုံးမဲ့ရေဝဲများ ပေါ်လာခဲ့သည်။ထို့ပြင် အဝါရောင်နဂါးကြီးကို တွန်းလှန်တိုက်ခိုက်နေသော တာအိုကျေးကျွန်သုံးယောက်၏ နှလုံးသားများ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
“ဒါက မင်းအဘိုးကြိုးကြာ ရဲ့ ပိုင်နက်ပဲ.. ငါဒီမှာ တစ်ရေးတစ်မော အိပ်နေတာ.. မင်း ငါ့ကို စော်ကားဝံ့သလား...”
ကြီးမားသောဖိအားများနှင့် ပြည့်နှက်နေသည့် အသံတစ်ခုက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည့် ပြင်းထန်မှုနှင့်အတူ တောင်ထွဋ်မှ ထွက်ပေါ်လာ၏။
ဤစွမ်းအာကြီးသောတည်ရှိမှုက တာအိုကျေးကျွန်သုံးယောက်၏ နှလုံးသားများကို ချက်ချင်းပင် တုန်လှုပ်သွားစေသည်။ ထိုမျှသာမက စုမင်ကို သတ်ရန်လုပ်နေသော တာအိုကျေးကျွန် ၂၁ နှင့်တာအိုယွမ်ကိုလည်း ထိတ်လန့်စေခဲ့သည်။
“ဒါ... ဒါက ကံကြမ္မာစက်ဝန်းနယ်ပယ်မှာရှိတဲ့တည်ရှိမှုပဲ....”
တာအိုကျေးကျွန် ၂၁ ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ့မှာ စဉ်းစားရန် အချိန်မရှိပေ။ ကြောက်ရွံ့ထိတ်လန့်နေသော တာအိုယွမ်ကို လှမ်းဖမ်းလိုက်သည်။
တာအိုယွမ်က သွေးရူးသွေးတန်း အော်ဟစ်နေလေသည်။ သူက သွေးပျက်မတတ် ထိတ်လန့်တုန်လှုပ်နေလေ၏။
“ကံကြမ္မာစက်ဝန်းနယ်ပယ်ရဲ့တည်ရှိမှု.. ဒါကို သံသယဖြစ်စရာတောင်မလိုဘူး.. သူက ကံကြမ္မာစက်ဝန်းနယ်ပယ်ကိုရောက်သွားတဲ့ကျင့်ကြံသူပဲ..သူက ကံကြမ္မာစက်ဝန်းမှော်ယာဉ်ပျံနယ်ပယ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်”
တာအိုကျေးကျွန် ၂၁ ၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့သွားလေသည်။ သူ့စိတ်က ရှုပ်ထွေးနေလေသည်။သူတို့ မာန်ပြည်ထောင်တွင် ဤမျှ အန္တရာယ်ရှိသော အခြေအနေနှင့်တွေ့ကြုံရမည်ဟု မမျှော်လင့်ထားပေ။
သို့သော် ထိုအချိန်တွင် သူ့စိတ်ထဲတွင် သံသယစိတ် တဖွားဖွားဝင်လာသည်။ သူ့ ညာလက်ကို ချက်ချင်းပင် မြှောက်လိုက်ပြီး သူ့မျက်နှာတွင် ပြတ်သားသော အကြည့်တစ်ခု ပေါ်လာသည်။ သူ့လက်ဝါးပေါ်မှာ ပစ္စည်းတစ်ခုပေါ်လာပြီး ချွေမွပစ်လိုက်၏။
၎င်းက အစိမ်းရောင်ဆေးဖက်ဝင်အပင် ဖြစ်သည်။ တာအိုကျေးကျွန်က ချက်ချင်းပင် အပင်ကို ချေမွလိုက်စဉ် ချောက်ချားဖွယ်ကောင်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ထိုအသံက လောကကြီးကို ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားစေသည်။ လှိုင်းဂယက်များက နေရာအနှံ့ပျံ့နှံ့သွားသော်လည်း ထိုလှိုင်းလုံးများအတွင်း သေစေသော စွမ်းအား ပမာဏများစွာ မရှိပေ။ ယင်းအစား၊ အတွင်းမှ တောက်ပသော အစိမ်းရောင်အလင်းတန်းက ရိုးရှင်းစွာ ပျံ့နှံ့သွားပြီး ရာနှင့်ချီသော လီဧရိယာကို ဖုံးလွှမ်းသွားသည်။
တာအိုကျေးကျွန် ၂၁ က ရာနှင့်ချီသောနယ်မြေကိုဖုံးလွှမ်းထားသော မီးစိမ်းရောင်များကို စိုက်ကြည့်နေလေသည်။ ဒေါသနှင့် ရောထွေးနေသော ထူးဆန်းသော ခံစားချက်တစ်ခုက သူ့ကို မလွှမ်းမိုးမီ သူ့မျက်နှာက ခဏတာမျှ မပြောင်းလဲဘဲ ရှိနေသည်။
“ခင်ဗျားက ကံကြမ္မာစက်ဝန်းနယ်ပယ်ကျင့်ကြံသူမဟုတ်ဘူး..ဒီမှာ အဲ့လိုကျင့်ကြံသူမျိုး မရှိဘူး.. ဒါက တာအိုပုံရိပ်ယောင်စွမ်းရည်တစ်ခုပဲ...”
တာအိုကျေးကျွန် ၂၁ က ထိုစကားများကို
ပြောပြီး ရှေ့တိုးလာခဲ့သည်။ သူက စုမင်နှင့်ယွီရွှမ်ရှိရာကို ထပ်မံအရှိန်တင်ခဲ့သည်။ သူ့ဘေးနားရှိ တာအိုယွမ်က ခဏတာ အံ့အားသင့်သွားသည်။ တာအိုကျေးကျွန်အသုံးပြုခဲ့သော ဆေးဖက်ဝင်အပင်မှာ ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ကို ရှာဖွေသောဆေးအမြုတေဖြစ်ကြောင်း သူသိသည်။ ထိုအမြုတေက ပြည်ထောင်တစ်ခုအတွင် ကံကြမ္မာစက်ဝန်းမှော်ယာဉ်ပျံစွမ်းအား ရှိ မရှိကို ရှာဖွေပေး၏။ ထို့အပြင် လောကမှော်ယာဉ်ပျံနယ်ပယ်သို့
ရောက်ရှိသူ မည်သူမျှ ရှိမရှိကိုလည်း သိရှိနိုင်သည်။
အမြုတေ၏အရောင်ပြောင်းသွားပါက ပတ်ဝန်းကျင်တွင် ကံကြမ္မာစက်ဝန်းနယ်ပယ်စွမ်းအားရှိသူတစ်ဦးရှိနေသည်ဟု ဆိုလိုခြင်း သို့မဟုတ် ထိုနယ်မြေတွင် ကံကြမ္မာစက်ဝန်းမှော်ယာဉ်ပျံစွမ်းအားအချို့ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ ယခုအချိန်တွင် ဆေးအမြုတေက ရာနှင့်ချီသောနယ်မြေသို့ ပြန့်နှံ့သွားသော်လည်း အရောင်မပြောင်းလဲပေ။ အဓိပ္ပါယ်မှာ...ဤနေရာ၌ ကံကြမ္မာစက်ဝန်းမှော်ယာဉ်ပျံနယ်ပယ် စွမ်းအားရှိသူ တစ်ယောက်မျှ မရှိခြင်းကို ဆိုလိုသည်။ ထိုအရာက အမှန်တရားပင်ဖြစ်၏။
တာအိုယွမ်က ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်လာပြီး စုမင်နှင့်ယွီရွှမ်ဆီသို့ အရှိန်တင်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ မြန်မြန်ရောက်လာပြီး သူတို့ကို အော်ငေါက်လိုက်သည်။
“မင်းငါ့ကိုလိမ်ရဲတယ်ပေါ့.. ငါ့လက်တစ်ဖက်တည်းနဲ့ မင်းတို့အားလုံးကို သတ်ပစ်လို့ရတယ်.. တာအိုကျေးကျွန် ၂၁.. ငါ့ကိုကာကွယ်ပေး.. ငါ သူတို့အရိုးတွေကိုချိူးပြီး ပြာလုပ်ပစ်တာကို ကြည့်နေ”
တာအိုယွမ်က ရှေ့သို့တိုးလာလေသည်။ သူက သူ့ညာလက်ကိုမြှောက်ကာ စုမင်ကို ဖမ်းဆုပ်ရန် ကြံနေစဉ် ဒေါသတကြီးဟိန်းဟောက်သံများက လီတစ်ရာဧရိယာအတွင်းမှ ထွက်ပေါ်လာသည်။
ထိုအသံနောက်တွင် လူရာပေါင်းများစွာ ပျံသန်းရင်း ထွက်ပေါ်လာခဲ့သည်။
ထိုလူများက နဝမမြောက်တောင်ထွဋ်မှာ နေထိုင်ကြသူများဖြစ်သည်။ သူတို့က နဝမမြောက်တောင်ထွဋ်ကိုကာကွယ်ရန်နှင့် စုမင်အတွက်အသေခံရန် ရွေးချယ်ခဲ့ကြသည်။
ထိုကဲ့သို့အကျပ်အတည်းဖြစ်နေချိန် သူတို့က မဆိုင်းမတွ ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီးထဲမှ အဘိုးကြီးတစ်ယောက် ရှေ့ထွက်လာလေသည်။ သူက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနေသော်လည်း သူ့ကျင့်ကြံဆင့် အရမ်းမမြင့်မားပေ။ တာအိုယွမ်က စုမင်နှင့်ယွီရွှမ်ကို ကာကွယ်ရန် သူက တာအိုယွမ်ဆီသို့ သတ္တိရှိစွာ ပြေးသွားလေသည်။
“ခင်ဗျားး သေချင်နေတာပဲ..”
တာအိုယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူက ညာလက်ကို မြှောက်ပြီး အဘိုးအိုကို ထိပ်တိုက် တွေ့ရန်ပြင်နေစဉ် အဘိုးအို၏မျက်နှာပေါ်တွင် ထူးထူးဆန်းဆန်း အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် အဘိုးအို၏ခန္ဓာကိုယ် ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။
အဘိုးအို ပေါက်ကွဲသွားသောအခါ သူ့ကနဦးကျင့်ကြံစွမ်းအား ပေါက်ကွဲသွားသည်။ စွမ်းအားလှိုင်းများက တာအိုယွမ်ဆီသို့ တဟုန်ထိုး ဦးတည်သွားလေသည်။
သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာပြီး နေရာအနှံ့သွေးစွန်းသွားလေသည်။အထူးသဖြင့် စုမင်နှင့်ယွီရွှမ်၏ကိုယ်ပေါ်တွင် သွေးများ စိုရွှဲနေလေသည်။ စုမင်က ဒါဏ်ရာများကြောင့် အသိစိတ်လုံးဝပျောက်ကွယ်သွားတော့မည့်အချိန်တွင် သူ့ခန္ဓာကိုယ်ပေါ် သွေးများကျလာသည်ကို ခံစားမိလိုက်ရသည်။ ထို့နောက် ထူထဲသောသတ်ဖြတ်လိုစိတ်များက သူ့မျက်လုံးများတွင် ချက်ချင်း ပေါ်လာသည်။
ထို့နောက် စုမင် သတိပြန်ဝင်သွားလေသည်။ သူ တုန်လှုပ်သွားပြီး သူ့နားထဲတွင် အဘိုးအို၏ ရယ်မောသံကို ကြားလိုက်ရသည်။
“သခင်လေးစုမင်..ကျုပ် နဝမမြောက်တောင်ထွဋ်ရဲ့စောင့်ရှောက်မှူအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးပြီ..အခု မင်းရဲ့ကြင်နာမှုကို ကျုပ်အသက်နဲ့ ပေးဆပ်ပါရစေ...”
အဘိုးအိုသေဆုံးသွားသည်နှင့်အမျှ လူတစ်ဦးပြီးတစ်ဦး မှော်အစီအရင်ထဲမှ ထွက်လာခဲ့သည်။ တစ်ချို့က စုမင်နှင့်
ယွီရွှမ်ကို မှော်အစီအရင်ထဲကို ပြန်သယ်ကြလေသည်။
အချို့လူများက ကိုယ်တိုင်ဖျက်ဆီးခြင်းကိုလုပ်ဆောင်ပြီး တာအိုယွမ်ကို ထိခိုက်စေလေသည်။ လေထုထဲတွင် ပေါက်ကွဲသံများ တဗုန်းဗုန်းထွက်ပေါ်လာပြီး ထိုပေါက်ကွဲမှုများမှ ကြွေးကြော်သံများ ဆက်လက်ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း လူဆယ်ဦးကျော်က မိမိကိုယ်တိုင် ဖျက်ဆီးရန် ရွေးချယ်ခဲ့ကြသည်။
“သခင်လေးစုမင်..ချန်ဆိုတဲ့ငါက မင်းရဲ့ ကြင်နာမှုကို ပြန်ဆပ်ဖို့ ဒီကို ရောက်နေပြီ”
“သခင်လေးစုမင်.ကျုပ် ရှုအာ..မင်းရဲ့ကြင်နာမှုကို ငါ့အသက်နဲ့ပြန်ပေးဆပ်မယ်...”
“ငါ့သေခြင်းနဲ့ မင်းရဲ့ကျေးဇူးကို ငါဆပ်ပါ့မယ်..သခင်လေးစုမင်.. ငါတို့ လူဝင်စားပြီး နောက်ဘဝတွေမှာ ပြန်ဆုံကြရအောင်”
ထိုလူများမသေမီ လေထဲတွင်ရှည်လျားစွာ ရယ်မောသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ပြေးထွက်လာသောလူတွေက ပိုများလာကာ တာအိုယွမ်ကို နှောင့်ယှက်ပြီး စုမင်ကို ကယ်တင်ရန် ကိုယ်တိုင်ဖျက်ဆီးခြင်းကို ရွေးချယ်ခဲ့သည်။ ထိုအရာအားလုံးက စုမင်၏အသိစိတ်ကို ပြန်လည်ရရှိစေခဲ့သည်။ သူ အသိစိတ်ပြန်ဝင်လာသော်လည်း စွမ်းအားနည်းနည်းမှ ထုတ်မသုံးနိုင်ပေ။ သူ့ဒါဏ်များကြောင့် သေမင်းတံခါးဝမှာ ရှိနေလေ၏။
သူ့မျက်လုံးတွေ နီရဲလာသည်။ သူက ဤလူများသေခြင်းကိုသာ ကြည့်ရုံကြည့်နိုင်သည်။ သူ၏ကျေးဇူးကိုဆပ်ရန် ပြန်ဆပ်လိုသည့်စကားသံများကို ကြားနေရသည်။ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်နှင့်အမျှ ကျယ်လောင်သောဟိန်းဟောက်သံ ထွက်လာသည်။
လူများစွာက စုမင်နောက်မှ ထွက်ပေါ်လာလေသည်။ ထိုထဲမှာ သက်ကြီးရွယ်အိုနှင့်ငယ်ရွယ်သူများ ပါလေသည်။ သူတို့က နဝမမြောက်တောင်ထွဋ်တွင်နေထိုင်ခဲ့ကြသော လူများဖြစ်သည်။ ထို့ကြောင့် သူတို့၏ကတိများကို တည်ရန် ကိုယ်တိုင်ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
ယွီရွှမ်၏ မျက်လုံးများမှ မျက်ရည်များ ကျလာ၏။ သူမက ဤလူများသေဆုံးသွားသည်ကို မင်သက်စွာ စိုက်ကြည့်နေသည်။ သူတို့၏ဟိန်းဟောက်သံများအပြင် စုမင်၏အသံကိုပါ ကြားနေရသည်။ သူမ မျက်လုံးများမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလာသည်။
တာအိုယွမ်က ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားသည်။ အခြားလူများက စုမင်နှင့်ယွီရွှမ်ကို မှော်အစီအရင်ထဲသို့ ဆွဲခေါ်သွားသည်ကို နှမြောတသစွာကြည့်နေရသည်။ တာအိုကျေးကျွန် ၂၁ က သူ့ညာလက်ကို မြှောက်လိုက်ပြီး ဒေါသကြီးစွာ လွှဲယမ်းလိုက်သည်။ထိုစဉ် မှော်အစီအရင်မှ ပြေးထွက်လာသောလူများက ကိုယ်တိုင်ဖျက်ဆီးခြင်းမလုပ်ရသေးခင် အရင်လဲကျသွားသည်။
ထို့ပြင် မှော်အစီအရင်ပတ်လည်လီတစ်ရာဧရိယာက ပြင်းထန်စွာ တုန်လှုပ်နေ၏။ တာအိုကျေးကျွန် ၂၁ က ထိုအစီအရင်နား နီးကပ်လာပြီး သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူလက်မှ ဖြာထွက်လာသောကြယ်အလင်းတန်းက မှော်အစီအရင်ကို တစ်ဖန်ပြိုကျစေခဲ့သည်။
တာအိုကျေးကျွန် ၂၁ က ဆက်လက်တိုက်ခိုက်လာသောအခါ မှော်အစီအရင်က လီရှစ်ဆယ်..လီခြောက်ဆယ်.. လီလေးဆယ်ထိ ကာကွယ်နိုင်စွမ်းလျော့ကျလာ၏။ တာအိုကျေးကျွန် ၂၁ ၏
အမူအရာမှာ အေးစက်ပြီး ခက်ထန်နေလေသည်။ သူက မှော်အစီအရင်ကို ဆက်လက်ဖျက်ဆီးကာ နဝမမြောက်တောင်ထွဋ်မှ ထွက်ခွာလာသော လူအားလုံးကို သတ်ပစ်လိုက်သည်။
တာအိုယွမ်က သူ့နောက်မှာ ရှိနေလေသည်။ သူက သွေးဆာနေသောအကြည့်ဖြင့် ရှေ့သို့ တိုးလာသည်။
မာန်ကျင့်ကြံသူလေးယောက်က
စုမင်နှင့်ယွီရွှမ်တို့ကို တွဲထူကာ မှော်အစီအရင်အတွင်းသို့ ဝင်သွားကြလေသည်။ ထိုစဉ် ကျယ်လောင်သောပေါက်ကွဲသံများကို ကြားနေရသောကြောင့်
သူတို့လေးယောက်မှာ မျက်ရည်များစီးကျလာလေသည်။ သူတို့က ထိုအသံများ၏နောက်ကွယ်ကပေးဆပ်မှုကို သိလေသည်။ မှော်အစီအရင်က တဖြည်းဖြည်း ပြိုကျလာပြီး သူတို့၏အဖွဲ့ဝင်များစွာ သေဆုံးခဲ့ရသည်။
မှော်အစီအရင်က ဆယ်လီမျှသာ ကာကွယ်နိုင်သည့်အချိန်တွင် စုမင်တို့နားရှိ လူလေးယောက်က တညီတညွတ်တည်း ကြွေးကြော်ကာ ကိုယ်တိုင်ဖျက်ဆီးခြင်းကို ရွေးချယ်ခဲ့သည်။ သူတို့၏လုပ်ရပ်များအတွက် တုံ့ဆိုင်းခြင်း အလျင်းမရှိပေ။ သူတို့လေးယောက်က တစ်ချိန်တည်း ပေါက်ကွဲသွားသောအခါ ပေါက်ကွဲသံများနှင့်စွမ်းအားလှိုင်းများက တာအိုကျေးကျွန် ၂၁ ဆီသို့ ဦးတည်သွားလေသည်။
တာအိုကျေးကျွန် ၂၁ အတွက်တော့ ဤလူလေးယောက်၏ ပေါက်ကွဲမှုက ဘာမှမဖြစ်ပေ။ သူက ကြွက်ကလေးများကို ကစားနေသောကြောင်တစ်ကောင်ကဲ့သို့ စုမင်နှင့်ယွီရွှမ်တို့၏ခန္ဓာကိုယ်ဆီ လက်ကို ဆန့်တန်းလိုက်သည်။
တာအိုကျေးကျွန်က သူတို့နှစ်ယောက်နောက်မှ လူတစ်ရာကျော်ပြေးထွက်လာကြသည်။ သူတို့က တာအိုကျေးကျွန် ၂၁ ၏ရှေ့သွားမည့်လမ်းကို ပိတ်ဆို့လိုက်ကြပြီး ကျန်သုံးယောက်က စုမင်နှင့်ယွီရွှမ်တို့ကို လျင်မြန်စွာဆွဲထူရင်း နောက်ဆုတ်ကြလေသည်။
စုမင်၏နှလုံးက တဒုန်းဒုန်းခုန်နေလေသည်။ သူ၏အက်ကွဲကွဲဟိန်းဟောက်သံများက လေထုထဲတွင် တစ်ဟုန်ထိုး ပျံ့လွင့်သွားလေသည်။ သို့သော် သူ့ကနဦးကျင့်ကြံစွမ်းအားကို နည်းနည်းမှထွက်လာအောင်မလုပ်နိုင်တော့ပေ။ သူဒါဏ်ရာများက ပြင်းထန်လွန်းလှသည်။အကယ်၍ သူသာ အသက်လမ်းကျင့်စဉ်နယ်ပယ်မရောက်ခဲ့လျှင် သေဆုံးသွားလိမ့်မည်။
သူ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာရင်တောင်မှ ပြန်လည်ကောင်းမွန်လာမှုနှုန်းဟာ ပျက်စီးသွားသောနှုန်းနှင့် မယှဉ်နိုင်ပေ။ ထိုအချိန်တွင်၊ ကြယ်အလင်းတန်းများက သူ၏အသက်လမ်းကျင့်စဉ်အငွေ့အသက်အားလုံးကို အဆက်မပြတ် ဖျက်ဆီးနေသည်။
သူ့ဒဏ်ရာများမှ သွေးများ ဆက်လက်ထွက်နေသည်။
ယွီရွှမ်လည်း သူ့လိုပင် ခံစားရလေသည်။ သူမမျက်နှာတွင် မျက်ရည်များအပြင် စိတ်ပျက်အားငယ်မှုများသာ ကျန်ရှိတော့သည် ။
စုမင်က သူ့ကို ကာကွယ်ပေးပြီး တာအိုကျေးကျွန် ၂၁၏လမ်းကို ပိတ်ဆို့နေသောသူများကို ကြည့်ရုံသာကြည့်နေနိုင်ခဲ့သည်။ ထိုနေရာတွင် စူးစူးဝါးဝါးအော်သံများနှင့် တအုန်းအုန်းပေါက်ကွဲသံများကို မကြားရတော့ပေ။ ကြယ်အလင်းရောင်မှိန်ဖျော့သွားသည်နှင့် လေထဲတွင် သွေးနှင့် အသားများသာ ပျံဝဲနေတော့သည်။
အားလုံးသေကုန်ပြီ…
စုမင်က ထိုလူများနှင့် သိပ်မရင်းနှီးပေ။ လွန်ခဲ့သောနှစ်များက သူက စစ်မာရှင်း ကို သတ်ပြီး သူတို့ကို ကယ်တင် ခဲ့သည်။ ထို့နောက် စုမင်က သူတို့ကို နဝမြောက်တောင်ထွဋ်ဆီသို့ခေါ်လာပြီးသူတို့၏ အိမ် အဖြစ် သတ်မှတ်ပေးခဲ့ သည်။ ယခုအခါ စုမင်၏ကြင်နာမှုအတွက် သူတို့၏အသက်များဖြင့် ပေးဆပ်ခဲ့ကြသည်။
သို့သော် စုမင်ပြသခဲ့သော ကြင်နာမှုဟုခေါ်သောအရာက စုမင်အတွက် ဘာမှမဟုတ်ပေ၊ သူတို့လုပ်ခဲ့သော ပေးဆပ်မှုများက ကြီးမားလွန်းလှသည်။
စုမင်နှင့်ယွီရွှမ်တို့ကို တွဲထူထားသည့် လူသုံးဦးက ပြေးလွှားရင်း ငိုကြွေးနေကြသည်။သူတို့က နဝမမြောက်တောင်ထွဋ်နှင့်ပေတစ်ရာအောက် နီးကပ်နေလေသည်။ ထို့နောက် သူတို့ ဘာဆက်လုပ်နိုင်မည်နည်း။ တာအိုကျေးကျွန် ၂၁ ၏မြင့်မြတ်သောစွမ်းရည်များအောက်တွင် စုမင်က အသက်ဆုံးရှုံးနိုင်သည်။ အရာအားလုံးက ပုံသေတွက်၍ရပြီး သူတို့က စဉ်းနှီးတုံးပေါ်လည်စင်းခံနေသောသမင်ငယ်လေးများကဲ့သို့ အခြေအနေမျိုးရောက်နေလေသည်။
သို့သော်လည်း ပြောင်းလဲ၍မရတော့သော ဤအခြေအနေတွင် စုမင်က လူတို့၏ ကြင်နာမှုက မည်မျှအရေးကြီးသည်ကို မြင်လိုက်ရသည်။ သူတို့၏လုပ်ဆောင်မှုများက အသုံးမဝင်မှန်းသိသော်လည်း စုမင်အတွက် ကျားကုတ်ကျားခဲကြိုးစားနေသေးသည်။
ထိုမြင်ကွင်းကြောင့် စုမင်၏ မျက်လုံးများမှ သွေးများ စီးကျလာသည်။
Note...
ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်: နာမည်အပြည့်အစုံမှာ ကံကြမ္မာမှော်ယာဉ်ပျံရဲ့ယန် ဖြစ်တယ်.. လောကမှော်ယာဉ်ပျံပြီးတဲ့နောက်မှာ လာတဲ့ကျင့်ကြံဆင့်