← Chapters

ချိပ်တံဆိပ်သုံးခု

Vol. 54 Ch. 741

ချိပ်တံဆိပ်သုံးခု

Vol. 54 Ch. 741

လူသုံးယောက်က စုမင်နှင့်ယွီရွှမ်တို့ကို နဝမမြောက်တောင်ထွဋ်ကိုပြန်ပို့ပြီးနောက် သူတို့က တာအိုကျေးကျွန် ၂၁ ဆီသို့ ဒုန်းစိုင်းပြေးသွားလေ၏။ သေဆုံးခြင်းကိုရည်ညွှန်းသောပေါက်ကွဲသံများကြားတွင် စုမင်က နားကွဲမတတ် စူးစူးဝါးဝါးအော်သံကို ထုတ်လွှတ်လိုက်၏။

ထို့နောက် တာအိုကျေးကျွန် ၂၁ က သွေးသံယိုရဲနေသောအသားစများကြားထဲမှ ထွက်ပေါ်လာသည်။ တာအိုယွမ်က သူ့နောက်မှလိုက်လာရင်း စိတ်လှုပ်ရှားနေလေသည်။

ထိုအချိန်တွင် စုမင်နှင့်ယွီရွှမ်တို့က နဝမမြောက်တောင်ထွဋ်နှင့် ခြေလှမ်းငါးထောင်သာလိုတော့၏။ သို့သော်လည်း ထိုကြိုးစားမှုက အသုံးမဝင်တော့ပေ။ အကယ်၍ သူတို့ နဝမမြောက်တောင်ထွဋ်ကိုရောက်ခဲ့လျှင်တောင် အချည်းနှီးပင်ဖြစ်၏။ ယွီရွှမ်၏နားထဲမှာ သူ့မေမေ၏အသံက ပဲ့တင်ထပ်လာပြန်သည်။ ထိုအသံကြားနေရစဉ် ယွီရွှမ်က သတိလစ်နေသောအခြေအနေမှ နိူးထလာသည်။ ထို့နောက် သူမက စုမင်ကို ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။

“ဘာလို့ ငါ့နာမည်ကို ယွီရွှမ်လို့ ပေးထားတာလဲ...သိလား ရွှမ်ဆိုတာက လီလီပန်း...အဲဒီပန်း‌လေးက ဝမ်းနည်းမှုတွေကိုမေ့ပြီး အမြဲတမ်းပျော်ရွှင်နေတဲ့ပန်းကလေး ..ငါက မိုးထဲမှာ ဖူးပွင့်နေတဲ့လီလီပန်းလေး..ဒါ ငါ့အမေပေးခဲ့တဲ့ပန်းနာမည်ပဲ..ငါ့အမေက ငါ့ကိုခေါ်နေပြီ.. ငါ့အမေနဲ့ပြန်ဆုံဖို့ ငါထွက်သွားရတော့မယ်.. ငါ မသွားခင် နင့်ကို လက်ဆောင်တစ်ခုပေးခဲ့မယ်...”

သူမ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ ထိုအပြုံးက နှစ်လိုဖွယ်ကောင်းပြီး လှပလေသည်။ သူမက စုမင်ကို လွမ်းဆွတ်စွာကြည့်ရင်း စုမင်၏သွေးစွန်းနေသောနှုတ်ခမ်းကို နမ်းလိုက်သည်။

ထိုစဉ် သူမ၏နှုတ်ခမ်းမှ မရဏအသူရာအရှိန်အဝါ ထွက်လာပြီး စုမင်၏ခန္ဓာကိုယ်ထဲသို့ ရွေ့လျားသွားကာ စုမင်၏စိတ်ဝိညာဉ်နှင့်ပေါင်းစပ်သွားသည်။ ထိုအရှိန်အဝါက စုမင်ထဲသို့ တစ်ဟုန်ထိုးဝင်သွားပြီး စုမင်၏စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်လာလေသည်။

ယွီရွှမ်၏နှုတ်ခမ်းများက တဖြည်းဖြည်းအေးစက်လာပြီး သူမ၏မျက်လုံးထဲရှိ တောက်ပမှုက လုံးဝပျောက်ကွယ်သွားသည်။ယင်းအစား သူမ၏မျက်လုံးက အသိစိတ်လွတ်သွားသကဲသို့ မှိန်ဖျော့သွားလေသည်။

“ဒီတစ်ခါတော့ ငါ့အတွက် ဆုံးရှုံးမှုကြီးကို ခံစားရတယ်...ဒါပေမဲ့ နင်နဲ့ သိခွင့်ရတာပျော်တယ်”

ယွီရွှမ်က၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ တဖြည်းဖြည်း လဲကျသွား၏။

စုမင်၏စိတ်က ပူလောင်နေသလို ခံစားရသည်။ နာကျင်မှုလှိုင်းလုံးများက သူ့အပေါ်ကို လွှမ်းခြုံသွားသော်လည်း သူ့စိတ်ဝိညာဉ်က ရူးသွပ်စွာ တက်ကြွလာကြောင်း ခံစားမိသည်။ ထိုခံစားချက်က သူ့ကို ရူးသွပ်သွားစေလောက်အောင်ပင်ဖြစ်သည်။ သူအသွေးအသားထဲမှ တစ်စုံတစ်ခုနိုးထလာသလိုဖြစ်ပြီး သူ့ဝိညာဉ်က အသွင်ပြောင်းသွားသလိုပင် ခံစားရ၏။ ထိုအချိန် သူ့ကိုယ်ထဲတွင် နာကျင်မှုနှင့်အတူ ခွန်အားတစ်ခု တိုးလာကာ ရူးသွပ်သောအရှိန်ဖြင့် ရှေ့တိုးလာသည်။

ယွီရွှမ်က သူ့ကိုပေးလိုက်သောအရာကို သေချာမသိသော်လည်း ထိုခံစားချက်က သူ့စိတ်ဝိညာဉ်ထဲတွင် ချို့တဲ့နေသောအရာအချို့ကို သိလာစေသည်။ သူက ထိုခံစားချက်ကို ရင်းနှီးနေပုံပြီး သူ့စိတ်ဝိညာဉ်က ပြီးပြည့်စုံသွားသလို ခံစားရလေသည်။

စုမင်၏ဝိညာဉ်ထဲတွင် အသူရာနိူးထခြင်းနယ်ပယ်စွမ်းအား ဝုန်းခနဲထွက်ပေါ်လာပြီး

ပြင်းထန်သောနာကျင်မှုက သူ့စိတ်ထဲတွင် နစ်မြုပ်သွားခဲ့သည်။သူက မဆိုင်းမတွဘဲ လက်ကို ဆန့်ထုတ်လိုက်ပြီး သတိလစ်နေသောယွီရွှမ်၏လက်ကိုကိုင်လိုက်သည်။စုမင်က ယွီရွှမ်၏လက်ကိုကိုင်တာ

မြေပြင်ပေါ်သို့ မကျသွားစေရန် ပွေ့လိုက်သည်။

သို့ပေမဲ့ တာအိုကျေးကျွန် ၂၁ က သူ့ဆီသို့ရွေ့လျားလာသည်။ သူ့ညာလက်က ကြယ်ရောင်အလင်းတန်းများဖြင့် တောက်ပနေလေသည်။ထိုအလင်းတန်းများက စုမင်ပေါ် ကျရောက်တော့မည့်အချိန်တွင် စုမင်၏အနောက်

ပေငါးထောင်အကွာအဝေးကနေ လူတစ်ယောက်ထွက်လာခဲ့သည်။ ထိုလူက ပိုင်စုပင်ဖြစ်သည်။

သူမက အဖြူရောင်ကို ၀တ်ဆင်ထားပြီး အလွန်လှပသည်။ သူ့မျက်နှာမှာ အပြုံးတစ်ခု ရှိနေပြီး သူမ၏ အပြုံးထဲမှာ အရိုင်းဆန်မှုများ ရှိနေလေသည်။ သူမက မီးထဲသို့တိုးဝင်သည့်ပိုးဖလံလိုမျိုး တာအိုကျေးကျွန် ၂၁ ဆီသို့ တိုးဝင်သွားခဲ့သည်။

ထိုအချိန်တွင် ကိုယ်တိုင်ဖျက်ဆီးခြင်းအငွေ့အသက်များက သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ ထိုတည်ရှိမှုက ကောင်းကင်ရှိမြစ်မှရေကဲ့သို့ မြေပြင်ပေါ်သို့ စီးကျလာသကဲ့သို့ပင်ဖြစ်သည်။

“ငါလည်း ဒါပဲတတ်နိုင်တယ်...”

ထိုစကားများက ပိုင်စုကိုယ်တိုင်ဖျက်ဆီးခြင်းမလုပ်ဆောင်မီ ပြောခဲ့သောစကားများဖြစ်သည်။ သူမ စကားပြောနေစဉ် စုမင်ရှေ့တွင် ကြီးမားသောစွမ်းအားလှိုင်းကြီး ထွက်ပေါ်လာသည်။

ပေါက်ကွဲသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။ စုမင်က ပိုင်စုပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရူးသွပ်သွားခဲ့သည်။

ထိုပေါက်ကွဲသံများမှ အဖြူရောင်ပိတ်စများက စုမင်ဘေးနားသို့ လွင့်ပျံလာသည်။ သို့သော် သူ ဖမ်းဆုပ်မထားနိုင်ဘဲ ကြည့်ရုံသာကြည့်နေခဲ့ရသည်။ သူဖမ်းဆုပ်လိုက်လျှင် ယွီရွှမ်၏လက်ကို လွှတ်လိုက်ရမည်။

သူဖမ်းဆုပ်ထားချင်သော်လည်း အဖြူရောင်ပိတ်စက ဝေးသထက်ဝေးကွာသွားခဲ့သည်။ ယွီရွှမ်ကိုကိုင်ထားသော စုမင်၏လက်များမှာ အားလျော့သွားပြီး သူ့စိတ်ထဲတွင် မခံမရပ်နိုင်အောင် နာကျင်လာသည်။ သူ့ဝိညာဉ်က ပေါက်ကွဲထွက်တော့မည့်ခံစားချက်ကို ခံစားရလေသည်။

စုမင်၏စွမ်းအားများဆုံးရှုံးသွားသောကြောင့် ယွီရွှမ်က မြေပြင်ပေါ်သို့ တဖြည်းဖြည်း ကျဆင်းသွားသည်။ သူမ၏မျက်လုံးများက မှိတ်သွားလေသည်။ စုမင်က အရူးတစ်ပိုင်းဖြစ်သွားကာ သူ့မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာသည်။

သူက နီရဲသော မျက်လုံးများကို ဖုံးကွယ်မထားဘဲ သူ့လက်နှင့်ခေါင်းကို ဖိကာ စိတ်ပျက်အားငယ်စွာ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ခဲ့သည်။ ထိုအချိန်တွင်ပင် ကောင်းကင်၌ အဝါရောင် နဂါးကြီးက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည် ။ ထို့နောက် မြေပြင်သို့ ဆင်းသက်လာခဲ့သည်။ ထိုအချိန်တွင် နဂါးကြီးက တာအိုကျေးကျွန်သုံးယောက်ကို စိတ်ထဲမထားတော့ပေ။ သူ့ခေါင်းထဲမှာ ယွီရွှမ်ကို ဖမ်းဆုပ်ရန် အတွေးတစ်ခုပဲကျန်တော့သည်။

ယွီရွှမ်က မြေပြင်ကို ကျဆင်းသွားချိန်တွင် နဂါးကြီးက သူမကို ကျောပေါ်တင်လိုက်သည်။ ၎င်း၏ ပါးစပ်မှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှ မရဏအသူရာအငွေ့အသက်များစွာ ထွက်ပေါ်လာပြီး ယွီရွှမ်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ တစ်ချိန်တည်းမှာပင် လောကကူးပြောင်းအသူရာနဂါးကြီး၏မွေးရာပါစွမ်းရည်ကြောင့် အခြားလောကသို့ဝင်ပေါက်

အားတွန်းဖွင့်သလို တွန့်လိမ်ပုံပျက်နေသောအလွှာတစ်ခု ပေါ်လာသည်။

၎င်းက ယွီရွှမ်ကိုခေါ်ကာ ထိုနေရာမှ ထွက်သွားချင်ခဲ့သည်။ ၎င်း၏မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုတွေ ပြည့်နှက်နေသည်။ မရဏအသူရာအငွေ့အသက်များ သူမကိုယ်ထဲသို့ မည်မျှပင်ဝင်ရောက်နေပါစေ၊ သူမက သေခြင်းတရားဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားနေဆဲပင်ဖြစ်သည်။

ကောင်းကင်ရှိတာအိုကျေးကျွန်သုံးယောက်က နဂါးကြီးဆီကို အရှိန်တင်လိုက်သောကြောင့် တာအိုယွမ်မှာ ပို၍မောက်မာပြီး ထောင်လွှားနေလေသည်။ တာအိုကျေးကျွန် ၂၁ က အေးစက်စွာနှာမှုတ်ထုတ်လိုက်ပြီး ပိုင်စုပေါက်ကွဲသွားသောနေရာကို ဖြတ်ကျော်သွားသည်။ သူဧ။်ခက်ထန်သောမျက်နှာဖြင့် စုမင်ကို လက်ဖြင့် ချိန်ရွယ်လိုက်သည်။ သူ့လက်ကနေ ကြယ်ရောင်အလင်းတန်း ချက်ချင်းထွက်ပေါ်လာလေသည်။ ထိုကြယ်ရောင်အလင်းတန်းက စုမင်၏ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားသည်။

စုမင်က ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တစ်စစီဆုတ်ဖြဲခံလိုက်ရလေသည်။ထို့ပြင် သူ့ညာလက်တစ်ဖက်သာ ကျန်ခဲ့လေသည်။ ကိုယ်တိုင်ဖျက်ဆီးခြင်းစွမ်းအား၏သက်ရောက်မှုကြောင့် သူ့လက်က လွင့်ပျံသွားပြီး အဝေးတွင် မျောလွင့်သွားသောအဖြူရောင်ပိတ်စလေးကို လှမ်းဖမ်းခဲ့သည်။ နောက်ဆုံးတော့ ပိုင်စု၏နောက်ဆုံးအငွေ့အသက်လေးကို လက်ဝယ်ရရှိခဲ့သည်။

သူ့ဘယ်ဘက်လက်မောင်းမှ လက်တစ်ချောင်းသာကျန်တော့သည်။ ထိုလက်ချောင်းက ယွီရွှမ်ကိုကျောပေါ်တင်သွားသော နဂါးကြီးကိုယ်ပေါ်သို့ကျရောက်သွားသည်။

သူက နဝမမြောက်တောင်ထွဋ်ရှိ ဆရာကြီး၏ဂူထဲ၌ အစ်ကိုကြီး၏ရုပ်တုကိုလည်း တွေ့မြင်ရသည်။ သူ့ဒုတိယအစ်ကိုက တရားထိုင်နေပြီး ဟူကျီဧ။်တခေါခေါဟောက်သံကို ကြားရသည်။ ဤအရာအားလုံးကို သူမြင်နိုင်သည်။

တာအိုကျေးကျွန်လေးယောက်နှင့်တာအိုယွမ်ကိုလည်း သူမြင်နိုင်သည်။ သူတို့၏‌တည်ရှိမှုကိုလည်း ကောင်းစွာခံစားနိုင်သည်။

သူက ထိုအရာများကိုမြင်ရသည့်အပြင်၊ သူ့ကိုယ်တွင်းရှိ စိတ်ဝိညာဉ်နှင့် ကွဲပြားနေသောအမည်းစက်သုံးစက်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားမိသည်။ အနက်ရောင်အစက်အပြောက်သုံးခုမှ မတူညီသော အသိစိတ်လှိုင်းသုံးခု ပျံ့နှံ့သွားသည်။ သူ့စိတ်ထဲမှာ အခြားလူ၏ ဝိညာဉ်သုံးခု ရှိလေသည်။

လူသုံးယောက်၏ ဝိညာဉ်များက သူ့စိတ်ဝိညာဉ်နှင့် ရောနှောသွားသလိုပင် ခံစားရသည်။ နောက်ဆုံး ထိုဝိညာဉ်များက ချိပ်တံဆိပ်သုံးခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤချိပ်တံဆိပ်သုံးခုနှင့် သူ၏စိတ်ဝိညာဉ်ကြားတွင် ခြားနားမှုမရှိခဲ့ပေ။ သာမာန်အခြေအနေအောက်မှာ သူတို့ကို ခွဲထုတ်ရခက်လိမ့်မည်… ဒါပေမဲ့ ယွီရွှမ်ပေးလိုက်သော မရဏအသူအရှိန်အဝါများကြောင့် အချို့အရာများက ပြောင်းလဲသွားလေသည်။

ထိုအရာက စုမင်၏စိတ်ဝိညာဉ်အား ချိပ်တံဆိပ်သုံးခုကို ခံစားနိုင်စေခဲ့သည်။ စုမင်က ထိုချိပ်တံဆိပ်သုံးခုကို တွေ့လိုက်သောအခါတွင် သူ့စိတ်ထဲတွင် အိုဟောင်းသောအသံသုံးသံထွက်ပေါ်လာသည်။

“မင်း ငါတို့ကို ဘယ်တော့မှ အာရုံမခံနိုင်လောက်ဘူးထင်ခဲ့တာ.. မင်း ဟုန်လော့ကို အာရုံခံမိတာက မတော်တဆတွေ့ရုံသက်သက်ပဲ..”

“မင်းရဲ့အသိစိတ်တွေ ပြန့်ကျဲသွားပစေ..ဒါမှ ငါတို့ထွက်သွားလို့ရမှာ.. ဒါဆိုရင် ငါတို့က မင်းရဲ့ချိပ်တံဆိပ်တွေမဟုတ်တော့ဘူး... မင်းက ငါတို့ကို ချိပ်ပိတ်ထားတဲ့ လှောင်အိမ်မဟုတ်တော့ဘူး...”

“ငါတို့သုံးယောက် ထွက်လာနိုင်ရင် မင်းကို ဒီကပ်ဆိုးကြီးမှာ အသက်ရှင်ဖို့ ကူညီပေးမယ်.. ငါတို့ သုံးယောက် ထွက်နိုင်ရင် မင်းလည်း ချိပ်တံဆိပ်မပိတ်ခံရအောင် ကူညီပေးမယ်...”

“မင်းရဲ့အသိစိတ်တွေ လွင့်မျောသွားပစေ.. မင်း လက်စားမချေချင်ဘူးလား.. ဒီလူတွေကို မင်းကိုယ်တိုင် မသတ်ချင်ဘူးလား.. မင်းရဲ့နဝမမြောက်တောင်ထွဋ်ကို မကာကွယ်ချင်ဘူးလား...”

“မင်းရဲ့စိတ်တွေ လွှတ်ထားလိုက်..ငါတို့သုံးယောက်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်...”

“ပိုင်စုလို့ခေါ်တဲ့ မိန်းကလေး သေသွားပြီ.. ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ထူးခြားတယ်.. သူမက မာန်ကျင့်ကြံသူတစ်ယောက်မဟုတ်ဘူး..သူမရဲ့ဝိညာဉ်ကစိတ်ကူးယဉ်သက်သက်ပဲ.. အခု မင်းရဲ့အသိစိတ်တွေလွှတ်ထားလိုက်ရင်.. သူမရဲ့ခန္ဓာကိုယ်အစစ်အမှန်ကို မြင်ခွင့်ပေးမယ်...”

“မင်းစိတ်တွေ လွှတ်ထားလိုက်.. မင်းအတွက် ငါတို့အတွက်ပေါ့ကွာ.. ငါတို့လည်း ချိပ်ပိတ်ခံရတာ ကြာပြီ.. မင်းလည်း ချိပ်ပိတ်ခံရတာကြာပြီပဲ..ငါတို့က အဖြစ်တူတွေ.. ဘာလို့ ခွဲခြားနေမှာလဲ..”

အိုဟောင်းသောအသံသုံးခုက စုမင်၏ အသိစိတ်ထဲတွင် တဂျီဂျီတိုက်တွန်းပြီး နောက် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။

တစ်ချိန်တည်းမှာပင် ထိုဟောက်သံများကြားတွင် နဝမမြောက်တောင်ထွဋ်တစ်ဝိုက်ရှိ ပေးငါးထောင်မြင့်သော မှော်အစီအရင်က ဝုန်းခနဲပြိုကျသွားလေသည်။ ထို့နောက် လူငါးယောက်ရှေ့တွင် နဝမမြောက်တောင်ထွဋ်က ထင်းပေါ်လာလေသည်။

ထိုအချိန်တွင် တုန်ယင်‌နေသောချမ့်ချန်နှင့် ထိပ်ပြောင်ကြိုးကြာငှက်သာ တောင်ပေါ်တွင် ကျန်ရှိနေခဲ့သည်။

“ဒီမှာ ဘာပစ္စည်းကောင်းတွေ ဝှက်ထားလဲလို့ တွေးမိသေးတယ်.. အမှိုက်တစ်စနဲ့ ထိပ်ပြောင်ကြိုးကြာငှက်တစ်ကောင်ပဲ ရှိပေါ့ရော.. တာအိုကျေးကျွန် ၃၁ ၄၁ ၅၁ ချက်ချင်းသွားပြီး ဒီတောင်ကြီးကို ပိပြားနေအောင်လုပ်လိုက်.. တောင်ထိပ်မှာ လှိုဏ်ဂူတစ်ခုရှိတယ်.. ဖွင့်ကြည့်လိုက်.. အထဲမှာ ဘယ်လို ရတနာတွေ ရှိလဲ.. တာအိုကျေးကျွန် ၂၁ အောက်ဆင်းပြီး ဟိုမိန်းကလေးကို ငါ့ဆီခေါ်လာခဲ့.. သူမက သေလုနီးပါးဖြစ်နေရင်တောင် ငါမြည်းစမ်းကြည့်ရမယ်.. သူတို့ကို မလွတ်စေနဲ့...”

တာအိုယွမ်က ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။ ထို့နောက် တာအိုကျေးကျွန်သုံးယောက်က တောင်ထိပ်ဆီသို့ ဦးတည်သွားသောအလင်းတန်းရှည်သုံးခုအဖြစ် ပြောင်းလဲသွားသည်။

တာအိုကျေးကျွန် ၂၁ က ယွီရွှမ်ကိုကွယ်တင်နေသောအသူရာနဂါးကြီးဆီသို့ အရှိန်တင်ခဲ့သည်။

အသူရာနဂါးကြီး၏ရှေ့ရှိဟင်းလင်းပြင်က တွန့်လိမ်ပုံပျက်သွားပြီး အက်ကွဲကြောင်းကြီးတစ်ခုကို ပုံဖော်လိုက်သည်။

သို့သော် တာအိုကျေးကျွန် ၂၁ က အရှိန်အဟုန်ဖြင့် လျင်မြန်စွာ သွားနေသဖြင့် နဂါးကြီး အက်ကွဲကြောင်းထဲသို့

မဝင်အောင် ရပ်တန့်နိုင်ခဲ့သည်။

ထိုစဉ် လောကကြီး၏ အရပ်ရပ်မှ စုစည်းလာသည့် ပြင်းထန်သောဖိအားတစ်ခု လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုဖိအားများက လွန်စွာပြင်းထန်သောကြောင့် တာအိုကျေးကျွန်လေးယောက်၏အမူအရာများ သိသိသာသာပြောင်းလဲသွားလေသည်။ ထိုအချိန်တွင် တာအိုကျေးကျွန် ၂၁ ရှေ့ရှိနေရာက တွန့်လိမ်ပုံပျက်နေပြီး ပုံရိပ်တစ်ခုပေါ်လာသည်။

ထိုပုံရိပ်က မထင်မရှားဖြစ်နေလေသည်။ ထိုပုံရိပ်က အဘိုးကြီးတစ်ယောက်လို ထင်ရသော်လည်း မည်သူမဆို အနီးကပ်ကြည့်လျှင် ထိုသူက လူငယ်ဖြစ်သည်ကို တွေ့လိမ့်မည်။ ဤပုံရိပ်နှစ်ခုက အချင်းချင်းရောယှက်နေကာ ထူးထူးဆန်းဆန်း ခံစားချက်ကို ပေးစွမ်းသည်။

“မင်း မသေသေးဘူးလား”

တာအိုကျေးကျွန် ၂၁၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လူငယ်လေး၏ ပုံရိပ်သည် မကြာသေးမီကပင် သူသတ်ခဲ့သောစုမင်နှင့် တစ်ထေရာတည်းဖြစ်သည်။

တာအိုကျေးကျွန် ၂၁ က ချက်ချင်းပင် စုမင်ကို မြင်လိုက်ရပြီး သူ့အမူအရာ ပြောင်းလဲသွားရုံသာမက သူ့နှလုံးသားလည်း ထိတ်လန့်သွား၏။ ထိုအချိန်တွင် စုမင်၏ ခန္ဓာကိုယ်မှ ထွက်လာသော ပြင်းထန်သော ဖိအားများက သူ့အား ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။

All Chapters