← Chapters

လီလီပန်းကလေး

Vol. 54 Ch. 742

လီလီပန်းကလေး

Vol. 54 Ch. 742

စုမင်က သူ့ခေါင်းကိုမော့ပြီး ပြုံးနေသယောင် ထင်ရဧ။်။သို့သော်လည်း မည်သူမဆို အနီးကပ်ကြည့်လျှင် ပြုံးနေသောသူက သူမဟုတ်ကြောင်း သိနိုင်သည်။ ထိုပုံရိပ်က အဘိုးကြီး၏ပုံရိပ် ဖြစ်ပြီး စုမင်၏ပုံရိပ်နှင့် ရောထွေးနေလေသည်။

ထိုစဉ် စုမင်က တာအိုကျေးကျွန် ၂၁ ကိုဖမ်းရန် သူ့ညာလက်ကိုမြှောက်လိုက်သည်။ ကျေးကျွန် ‌၂၁ ၏အမူအရာက ပြောင်းလဲသွားပြီး သူ့လက်တစ်ချက်လှုပ်လိုက်ရုံဖြင့် ကြယ်ရောင်အလင်းတန်းများက ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ကို ဝန်းရံသွား၏။ ထို့နောက် တတိယအဆင့်တွင်ရှိသော စွမ်းအားများ ထွက်ပေါ်လာသည်။

အဆုံးမဲ့ ကြယ်အလင်းတန်းက စုမင်

၏ ခန္ဓာကိုယ်အနှံ့ ရွေ့လျားသွားသည်။ သို့သော် စုမင်၏ညာလက်က မရပ်တန့်ဘဲ တာအိုကျေးကျွန် ၂၁ ကို ဖမ်း‌ဆုပ်လိုက်သည်။

ကျေးကျွန် ၂၁ က ထိတ်လန့်စွာဖြင့် နောက်သို့ပြန်ဆုတ်သွားလေသည်။ စုမင်က ထူးထူးဆန်းဆန်းပြုံးကာ လှုပ်လှုပ်ရွရွ

ပြောနေလေသည်။

“သွေးဆာနေတဲ့နေ...”

စုမင် ထိုစကားကိုပြောပြီးနောက် တာအိုကျေးကျွန် ၂၁ ၏ခန္ဓာကိုယ်က ချက်ချင်းနီရဲလာသည်။ သူ့ပတ်ဝန်းကျင်မှာ ပုံရိပ်ယောင်ဖြစ်သော သွေးနီရောင်နေလုံးကြီး ပေါ်လာလေ၏။ထို့နောက် တာအိုကျေးကျွန် ၂၁ က သွေးတစ်လုတ်ကြီးအန်လိုက်ရသည်။ ထို့ပြင် သူ့အတွက် နောက်ပြန်ဆုတ်ရန်ခက်ခဲကြောင်း သတိပြုမိသွားသည်။ သူက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး သူ့ခန္ဓာကိုယ်က စုမင်ဆီသို့တွန်းပို့ခံလိုက်ရသည်။ စုမင်က ညာလက်ဖြင့် သူ့လည်ပင်းကို ဖျစ်ညှစ်လိုက်လေသည်။

“ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ကို ခြေတစ်ဝက်လှမ်းနေပြီကွ...”

တာအိုကျေးကျွန် ၂၁ ကကြောက်လန့်တကြား အော်ဟစ်လိုက်သော်လည်း ထိုအသံက လျင်မြန်စွာ တိတ်ဆိတ်သွားသည်။ စုမင်က သူ့လည်ပင်းကို ထပ်ညှစ်လိုက်စဉ် သူ့ခန္ဓာကိုယ်က ချက်ချင်းနီရဲလာသည်။ အသက်တစ်ရှိုက်စာအတွင်းမှာ သူ့ခန္ဓာကိုယ်မှ သွေးများစွာ စီးကျလာသည်။

ခဏအကြာတွင် စုမင်လက်ထဲရှိ တာအိုကျေးကျွန် ၂၁ က သွေးမဲ့ပြီး ခြောက်သွေ့နေသောအလောင်းကောင်အဖြစ် ပြောင်းလဲသွားသည်။

သူ၏နောက်ဆုံးဝင်သက်ကို ရှုရှိုက်လိုက်ပြီးနောက် မရှုမလှသေဆုံးခဲ့ရသည်။ ပထမတော့ သူက စုမင်ကိုကြွက်ကလေးလိုသဘောထားကာ ဆော့ကစားနေလေသည်။ ယခုတော့ သူခင်းသောလမ်း သူပြန်လျှောက်ရပြီး သေပွဲဝင်ခဲ့ရရှာပြီ။

စုမင်က သူ့လက်ကို ဖြေလျှော့ပြီး သူ့လက်မောင်းကို အပြင်ကို လွှဲယမ်းလိုက်သည်။ တာအိုကျေးကျွန် ၂၁ အန်လိုက်ရသောသွေးများက စုမင်ရှေ့တွင် သွေးနီရောင်မှန်တစ်ချပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

မှန်၏မျက်နှာပြင်က ပုံပျက်သွားပြီးနဂါးငွေ့တန်းတစ်ခုနှင့် ကျင့်ကြံခြင်းဂြိုဟ်ကြီးတစ်လုံး ပေါ်လာသည်။ ထိုမျှော်စင်အတွင်းတွင် အဖြူဝတ် အမျိုးသမီးတစ်ဦးရှိသည်။သူမက ငေးကြောင်ကြောင်

အမူအရာဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။ သူမ၏မျက်နှာက ခံစားချက်ကင်းမဲ့နေပုံရသည်။

သူမဧ။်မျက်နှာက ပိုင်စုနှင့်တူ၏။

“ငါ့ကတိကို ငါတည်တယ်နော်..”

ထိုစကားများက စုမင်၏ပါးစပ်မှထွက်လာခဲ့သည်။ ထိုစဉ် သွေးနီရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး သွေးဆာနေသောနေလုံးအဖြစ် ပြောင်းလဲသွားသည်။

အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ တာအိုကျေးကျွန် ၂၁ အလောင်းကောင်ဖြစ်သွားချိန်မှ တာအိုယွမ်နှင့်ကျေးကျွန်သုံးယောက်က တုံ့ပြန်ရကောင်းမှန်းသိကြသည်။

တာအိုယွမ်က မျက်လုံးအပြူးသားဖြစ်နေလေသည်။ သူက ထိတ်လန့်တကြားအော်သံကို ထုတ်လိုက်ပြီး လျှင်မြန်စွာ နောက်ပြန်ဆုတ်သွားသည်။ တာအိုကျေးကျွန်သုံးယောက်က နဝမမြောက်တောင်ထွဋ်ကိုမသွားတော့ဘဲ စုမင်ထံ တရှိန်ထိုး ပြေးဝင်သွားကြသည်။

ထိုအချိန်တွင် အဘိုးအိုတစ်‌ယောက်၏ပုံရိပ်က စုမင်နှင့်ပုံရိပ်များထဲမှ ခွဲထွက်လာသည်။လေထဲ၌ စုမင် တစ်ဦးတည်းကျန်နေခဲ့သည်။ တာအိုကျေးကျွန်သုံးယောက်က သူ့ဆီ ပြေးလာတာကို စိတ်မ၀င်စားဘဲ ခေါင်းကိုလှည့်ပြီး ပင်လယ်မျက်နှာပြင်ကို ကြည့်လိုက်သည်။ ထိုစဥ် အက်ကွဲကြောင်းကြီး ပွင့်လာပြီး အသူရာနဂါးကြီးက ယွီရွှမ်ကိုသယ်ဆောင်ရင်း ထိုအက်ကွဲကြောင်းထဲသို့ ဝင်သွားလေသည်။

ယွီရွှမ်၏ မျက်လုံးများက မှိတ်ထားဆဲဖြစ်ပြီး၊ သူမက အသူရာနဂါးကြီး၏ နောက်ကျောတွင် မလှုပ်မယှက် အိပ်နေလေသည်။ စုမင်က သူမ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ကြေကွဲစွာ ရယ်မောလိုက်သည်။ ထို့နောက် သူ့ခေါင်းထဲတွင် သူ့ကို အရူးလေးစုမင်ဟုခေါ်သော မိန်းကလေး၏ပုံရိပ် ပေါ်လာလေသည်။

“အရူးကြီး စု...”

“ပြန်မဖြေသေးဘူးပေါ့... ကောင်းပြီ၊ ငါ နောက်ထပ် ဆေးအမြုတေ လျှော့လိုက်မယ်...”

“အဘိုးကြီး စု...”

“အိုး.. ဒါဆို အဘိုးကြီးစုလို့ ခေါ်ခံရတာကို ကြိုက်တာလား”

“အရူးလေးစုမင်.. ဒီငါးကြီးတွေက အရမ်းလှတာပဲ..ငါ့အတွက် တစ်ကောင်ဖမ်းပေးပါ့လား..”

“စုမင်.. နင် ငါ့ကိုမမလို့ ခေါ်ကြည့်ပါ့လား..”

“စုစု...မရဏပင်လယ်ဘီလူးကြီးတွေက ငါ့ကို စိုက်ကြည့်နေတယ်..နင် သွားရိုက်ပေး....”

“အရူး..အရူး...အရူး.. စုစု.. အဲဒီနေရောင်က ပြင်းလွန်းတယ်..ငါ့အတွက် ထီးဆောင်းပေး...”

စုမင်က ငေးမောနေစဉ် သူ့ခန္ဓာကိုယ်မှ အချင်းချင်းရောယှက်နေသောပုံရိပ်များ ထွက်ပေါ်လာပြန်၏။ ယခုတစ်ခါတော့ အရင်အဘိုးကြီးမဟုတ်ဘဲ ထိပ်ပြောင်နေသောအဘိုးအိုပင်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က တောင့်တင်းခိုင်မာပြီး

အရပ်ရှည်လေသည်။ သူ့ပုံရိပ်က စုမင်နှင့်ထပ်တူကျနေရင်း တာအိုကျေးကျွန်သုံးယောက်ကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေလေသည်။

စုမင်က ပင်လယ်ရှိအက်ကွဲကြောင်းပျောက်ကွယ်သွားသည်အထိ ငေးမောကြည့်နေလေသည်။ ထို့ပြင် အသူရာနဂါးကြီး၏ဝမ်းနည်းဖွယ်ဟိန်းဟောက်သံကိုလည်း နားထောင်ခဲ့သည်။

“ဘာလို့ ငါ့နာမည်ကို ယွီရွှမ်လို့ ပေးထားတာလဲ...သိလား ရွှမ်ဆိုတာက “လီလီပန်း...အဲဒီပန်း‌လေးက ဝမ်းနည်းမှုတွေကိုမေ့ပြီး အမြဲတမ်းပျော်ရွှင်နေတဲ့ပန်းကလေး ..ငါက မိုးထဲမှာ ဖူးပွင့်နေတဲ့လီလီပန်းလေး..ဒါ ငါ့အမေပေးခဲ့တဲ့ပန်းနာမည်ပဲ..ငါ့ဘဝရဲ့ ဝမ်းနည်းမှုတွေကို မေ့ထားပြီး ထာဝရပျော်ရွှင်စေချင်တယ်..”

“ငါ့အမေက ငါ့ကိုခေါ်နေပြီ.. ငါ့အမေနဲ့ပြန်ဆုံဖို့ ငါထွက်သွားရတော့မယ်.. ငါ မသွားခင် နင့်ကို လက်ဆောင်တစ်ခုပေးခဲ့မယ်...”

စုမင်၏ မျက်လုံးများ စိုစွတ်လာသော်လည်း သူက စိတ်ဝိညာဉ်သာ ဖြစ်သည်။ သူ့မှာ… ခန္ဓာကိုယ် မရှိပေ။

“မင်း ထွက်သွားပြီပေါ့..”

စုမင်က တိုးတိုးလေးပြောနေစဉ် သူ့မျက်လုံးထဲမှာ ပိုင်စု၏အပြုံးကို မြင်ယောင်လာလေသည်။ ထိုအပြုံးသည် အင်မတန် လှပနေပြီး သူမက လမ်းခွဲရန် တွန့်ဆုတ်ဟန်ဖြင့် အဝေးသို့ တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် စုမင်၏ကိုယ်ပေါ် ဖုံးလွှမ်းနေသော ပုံရိပ်က လှုပ်ရှားသွားကာ တာအိုကျေးကျွန်သုံးယောက်ရှေ့တွင် ပေါ်လာသည်။ သူ့ ညာလက်ကို မြှောက်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က အစိမ်းရောင်နေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လောကကြီး၏အခြားအရောင်များအားလုံးကို ဆုံးရှုံးစေခဲ့သည်။ ထိုအချိန်တွင် တာအိုကျေးကျွန်သုံးယောက်ဧ။်ပါးစပ်မှ နာကျင်စွာရှိုက်သံများ ထွက်ပေါ်လာသည်။

ပေါက်ကွဲသံနှစ်ခုက လေထဲတွင် ဆက်တိုက်တဟုန်ထိုးမြည်လာသောအခါ တာအိုကျေးကျွန် ၃၁ နှင့် ၄၁ က ချက်ချင်း အရည်ပျော်သွားပြီး ပြာဖြစ်သွားသည်။ သူတို့၏ခန္ဓာကိုယ်နှင့်ပတ်သက်သည့်အရာအားလုံးက အစိမ်းရောင်နေရောင်အောက်တွင် လောင်ကျွမ်းသွားခဲ့ပြီဖြစ်သည်။

နောက်ဆုံးကျွန် တာအိုကျေးကျွန် ၅၁ က ရူးသွပ်သွားသလို လျင်မြန်စွာဆုတ်ခွာသွားတော့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာပြီး

သူ့ဆီမှ အစိမ်းရောင် မီးခိုးငွေ့များ ပျံ့နှံ့သွားသည်။ သူ့တစ်ကိုယ်လုံးမှာ မရဏအငွေ့အသက်များ ထွက်ပေါ်လာလေသည်။

သူက တာအိုယွမ်ဘက်သို့ ပြန်ဆုတ်သွားပြီး ထိတ်လန့်နေသောသခင်လေးကို ဆွဲကိုင်ကာ အဝေးသို့ ပြေးသွားခဲ့သည်။

စုမင်နှင့်ထပ်နေသော လူကြီး၏ပုံရိပ်က

အစိမ်းရောင်မီးခိုးငွေ့များအဖြစ် ပြောင်းသွားပြီး အစိမ်းရောင်နေလုံးကြီးနှင့်ပေါင်းစပ်သွားလေသည်။ သူက ခေါင်းလှည့်ပြီး စုမင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ကျယ်လောင်သော ရယ်မောရင်း နည်းလမ်းတစ်ခုကို အသုံးပြုကာ ပျောက်ကွယ်သွားခဲ့သည်။

“နောက်ဆုံးက ငါ့အလှည့်ပဲ...”

စုမင်၏ပုံရိပ်ယောင်ခန္ဓာကိုယ်အတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ဆံပင်ဖြူနှင့် လူလတ်ပိုင်းအရွယ်ပုံရိပ်က ညာလက်ကိုမြှောက်ကာ တာအိုယွမ်နှင့် တာအိုကျေးကျွန် ၅၁ ကိုရိုက်လိုက်သည်။

တာအိုကျေးကျွန် ၅၁ က နာကျင်လွန်းသောကြောင့် စူးစူးဝါးဝါးအော်ဟစ်ခဲ့သည်။ ပိုးဖလံများက သူ့ခန္ဓာကိုယ်ကနေ တွားသွားထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တာအိုကျေးကျွန် ၅၁

၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော ပိုးဖလံကောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုပိုးဖလံများက ၎င်းတို့၏တောင်ပံကို

တဖျတ်ဖျတ်ခတ်ရင်း နေနှင်ထူသော ဘောလုံးလေးဖြစ်သွားသည်။ ထို့‌နောက် ဆံဖြူပုံရိပ်က တာအိုယွမ်ဆီသို့ အရှိန်တင်ခဲ့သည်။

မာနထောင်လွှားခဲ့သောသခင်လေးက ပြားပြားဝပ်ပြီး ထိတ်လန့်‌နေခဲ့သည်။ စိတ်ပျက်အားငယ်မှုက သူ့မျက်နှာမှာ ပေါ်လာသော်လည်း သူ့ညာလက်ကိုမြှောက်ကာ ကောင်းကင်ကိုချိန်ရွယ်လိုက်၏။

“ ငါ...တာအိုယွမ်..အမိန့်ပေးတယ်.. ငါ့ရဲ့ မြင့်မြတ်တဲ့ ကြယ်တာရာဝတ်ရုံကို လမ်းပြအနေနဲ့ ...”

သူစကားမဆုံးခင်မှာ ပိုးဖလံများကြောင့်ဖြစ်ပေါ်လာသောနေလုံးကြီးက သူ့အပေါ်နီးကပ်လာလေသည်။ ယင်မရဏအရှိန်အဝါက ကောင်းကင်ကနေ ဆင်းသက်လာပြီး ပိုးဖလံနှင့်တူသောနေလုံးကြီးကို ဖယ်ရှားလိုက်သည်။

ထို့ကြောင့် တာအိုယွမ်က အနှောင့်အယှက်မရှိဘဲ အမိန့်ပေးနိုင်ခဲ့သည်။

“ငါ့ရဲ့လက်အောက်ခံ...အကူကြယ်တာရာဝတ်ရုံကိုဝတ်ဆင်ထားသူတွေ..မာန်ပြည်ထောင်ကို ဆင်း‌သက်လော့..”

ထိုစဉ် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြယ်တာရာဝတ်ရုံက လင်းလက်လာပြီး ကောင်းကင်ကို ကြယ်များဖြင့် ပြည့်နှက်လာစေသည်။ ထို့နောက် ကြယ်အလင်းတန်းများက လျင်မြန်စွာ လည်ပတ်ရင်း ကြီးမားသောနဂါးငွေ့တန်းဝဲဂယက်ကို ပေါ်လာစေသည်။ ထို့နောက် မှော်စီးယာဉ်များ၏မှိန်ပျသောအစွန်းများက မာန်ပြည်ထောင်သို့ ဆင်းသက်လာပုံရသည်။

“ငါကတိမတည်တာမဟုတ်ဘူး.. မင်းကို

မကူညီခိုင်းတဲ့သူရှိတယ်..သူကအဲဒီလူတွေကိုဆင်းသက်စေချင်တယ်..ပြီးတော့သူတို့အတွက်လမ်းဖွင့်ပေးတယ်.. ဒီလူရဲ့ကျင့်ကြံဆင့်က ငါ့ထက်အများကြီးမြင့်တယ်... သူ့မှာရှေးကျတဲ့အရှိန်အဝါရှိတယ်...”

ဆံဖြူနှင့်လူက ပိုးဖလံတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ စုမင်၏ခန္ဓာကိုယ်မှ ထွက်ခွာကာ ကောင်းကင်သို့ ပျောက်ကွယ်သွားလေသည်။

“မင်းကိုပေးထားတဲ့ကတိကို ငါမတည်နိုင်ခဲ့ဘူး..ဒါပေမဲ့ မင်း ဒီနေရာက ထွက်သွားပြီး မင်းရဲ့ဝိညာဉ်ကို မင်းခန္ဓာကိုယ်ဆီ ပြန်အသက်သွင်းတဲ့အခါကျရင် ငါမင်းကို နောက်တစ်ကြိမ်ကူညီမယ်...”

All Chapters