← Chapters

ဆောင်းဦးရဲ့လိုအင်ဆန္ဒ

Vol. 54 Ch. 743

ဆောင်းဦးရဲ့လိုအင်ဆန္ဒ

Vol. 54 Ch. 743

ထိုပုံရိပ်ယောင်ပိုးဖလံများက ကောင်းကင်သို့ ပျောက်ကွယ်သွားသောအခါ စုမင်က ခေါင်းမော့ကြည့်လိုက်သည်။ ကောင်းကင်ပေါ်၌ ကြယ်အလင်းတန်းများက လည်ပတ်နေသည့်အပြင် ရှည်လျားသောမှော်စီးယာဉ်များက အရှိန်တင်လာသည်ကို သူမြင်လိုက်ရ၏။ မှော်စီးယာဉ်ရှည်များမှာ အနက်ရောင်ဖြစ်ပြီး ကြယ်တာရာဝတ်ရုံဝတ်ဆင်ထားသူများက ထိုယာဉ်ပေါ်၌ မတ်တပ်‌ရပ်နေလေသည်။

တာအိုယွမ်က အဝေးမှပင်လယ်ပြင်ကိုကြည့်ရင်း မောက်မာစွာ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မြင့်မြတ်သော ကြယ်တာရာဝတ်ရုံက နက်မှောင်သောအလင်းတန်းဖြင့် တောက်ပနေလေသည်။ ၎င်းက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျစ်လစ်သိပ်သည်းသော အကာအကွယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင်က တာအိုယွမ်ဆီက အကြည့်လွှဲလိုက်ကာ ယွီရွှမ် ထွက်ခွာသွားသည့်နေရာကို ကြည့်လိုက်သည်။ ထို့နောက် ပိုင်စုပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်သည်။ သူက နဝမမြောက်တောင်ထွဋ်နှင့် သူ၏အပိုင်းပိုင်းပြတ်ထွက်သွားသောခြေလက်အင်္ဂါများ ပင်လယ်မျက်နှာပြင်ပေါ်တွင် လွင့်မျောနေသည်ကို ကြည့်ရှုခဲ့သည်။

“အားလုံးသေကုန်ပြီ…”

စုမင် တိုးတိုးလေးပြောသည်။

သူ့ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍန်မဟုတ်တော့ဘဲ ဖောက်ထွင်းမြင်ရသောပုံ‌ရိပ်ယောင်ပုံစံမျိုး ဖြစ်နေလေ၏။ သူ့မျက်နှာမှာ ဝမ်းနည်းနေသောအမူအရာပေါ်လာသည်။ ထိုအချိန်တွင် သူက တာအိုယွမ် သို့မဟုတ် ကောင်းကင်မှ ဆင်းသက်လာသော မှော်စီးယာဉ်ရှည်များကို အာရုံမစိုက်တော့ပေ။ သူ့ခြေ ထောက်ကို မြှောက်ပြီး နဝမမြောက်တောင်ထွဋ်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

ပင်ပန်းနွမ်းနယ်မှု၊ စိတ်ပျက်မှုနှင့် ဝမ်းနည်းပူဆွေးမှုများက စုမင်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ပြည့်စေခဲ့၏။ သူက နဝမမြောက်တောင်ထွဋ်ကို ပြန်သွားကာ ဆရာကြီး၏ ဂူအပြင်ဘက်တွင် ရပ်လိုက်သည်။

ထိုအချိန်တွင် စုမင်က နဝမမြောက်တောင်ထွဋ်ကို ကာကွယ်ပေးသော တံတိုင်းကြီးအဖြစ် ရပ်တည်လိုက်သည်။

သူ၏ပုံ‌ရိပ်ယောင်လက်ဖြင့် လူသတ်ဓါးကို ထောင့်ဖြတ်ပုံစံဆုပ်ကိုင်ထားသည်။ဓါးထိပ်ဖျားကို သူ၏ညာခြေအောက်ဘက်သို့ ဦးတည်ထားသည်။ ဓါးက တည်ငြိမ်သော်လည်း ဓားဖျားက တက်ကြွမှုကြောင့် တဝီဝီတုန်ခါနေလေသည်။ ၎င်းက သွေးဆာလောင်နေပြီး သတ်ဖြတ်ရန် စောင့်ဆိုင်းနေလေသည်။

စုမင်က တိတ်ဆိတ်စွာ ရပ်လိုက်သည်။ သူ့ဆံပင်များက ဘယ်တော့မှ မငြိမ်းနိုင်သော မီးလုံးလေးလို တဖျပ်ဖျပ်မလွင့်ဘဲ တည်ငြိမ်စွာ ရှိနေလေသည်။ ထို့နောက် သူက မတ်တပ်ရပ်ရင်း သူ့စိတ်ဝိညာဉ်ကို ဖြေလျော့နေလေသည။သူက နဝမမြောက်တောင်ထွဋ်နှင့် အမှန်တကယ် တစ်သားတည်းဖြစ်လာပုံရသည်။

လူတစ်ယောက်.. ဓားတစ်ချောင်း... အကာအကွယ်တစ်ခု..

သူ့ခန္ဓာကိုယ်က ဖောက်ထွင်းမြင်ရသောပုံရိပ်ယောင်ကဲ့သို့ ဖြစ်သည်။ သူ့အထဲမှာ စွမ်းအားလှိုင်းဂယက်များ မရှိတော့ပေ။ တစ်ခုတည်းကျန်ရှိသောအရာမှာ သူ၏ ဝိညာဉ်စွမ်းအားဖြစ်သည်။ သူဧ။်စိတ်ဝိညာဉ်က နတ်ဘုရားအာရုံပုံစံတစ်မျိုးဖြစ်ပြီး မသေနိုင်၊ မပျက်စီးနိုင်သောလောကထဲမှ စိတ်ဆန္ဒတစ်ခုလည်းဖြစ်သည်။ စုမင်က သူ့ခန္ဓာကိုယ်နှင့် အရာအားလုံးကိုဆုံးရှုံးခဲ့ရပြီး ထိုစိတ်ဝိညာဉ်က

သူ့တွင်ကျန်ရှိနေသော တစ်ခုတည်းသောအရာဖြစ်၏။

သူ ကောင်းကင်ကို မော့ကြည့်လိုက်သော် သူ့နှုတ်ခမ်းမှာ အပြုံးလေးတစ်ခု ပေါ်လာသည်။ သို့သော် သူ့၏အပြုံးမှာ ပူပန်ကြောင့်ကြမှုကင်းသောအပြုံး မဟုတ်ခဲ့ပေ။ ယင်းအစား ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေလေသည်။

ချမ့်ချန်က သူ့တစ်ကိုယ်လုံး တုန်ရီနေသော်လည်း စုမင်၏ဘေးနားသို့ အံကြိတ်ကာ သွားခဲ့သည်။ သူ့ရင်ခွင်ထဲက အနက်ရောင်ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ သူက လွန်စွာကြောက်လန့်နေသောကြောင့် သူ့ခန္ဓာကိုယ်က တသိမ့်

သိမ့်တုန်ရီနေ၏။ သူ့ခန္ဓာကိုယ်မှ ချွေးများ တရစပ် စီးကျလာသည်…သို့ပေမဲ့ လူတစ်ယောက်က အန္တရာယ်တွင်းထဲသို့ကျရောက်သောအခါ စစ်မှန်သောသတ္တိရှိမှုက ရဲရင့်ခြင်းလည်းဖြစ်၏။ လူတစ်ယောက်ကြောက်လန့်နေသည့်တိုင် ‌

နောက်မဆုတ်သောအပြုအမူက သတ္တိရှိခြင်းဖြစ်၏။

ကြိုးကြာငှက်က မဲ့ပြုံးပြုံးကာ လွတ်မြောက်လိုသည့်အတွေးကို ဖျောက်ပစ်လိုက်သည်။ သူ့စိတ်နှလုံးထဲမှာ သက်ပြင်းရှည်ကြီး ချပြီး စုမင်ဘေးသို့ ပျံသန်းသွားလေသည်။ ထို့နောက် ၎င်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ၎င်းဧ။်မျက်နှာပေါ်တွင် တင်းမာမှုနှင့် ရူးသွပ်မှုတစ်ခု၊ ယခင်က မမြင်ဖူးသော အရာတစ်ခု ရှိနေသည်။

“စိတ်မကောင်းပါဘူး.. မင်းကိုမာန်ပြည်ထောင်ကနေ ခေါ်ထုတ်သွားမယ်လို့ ကတိပေးခဲ့တယ်..ဒါပေမဲ့ ငါ အချိန်မီ မလုပ်လိုက်နိုင်ဘူး”

စုမင်က ကောင်းကင်ကို မော့ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။

ချမ့်ချန်က တုန်လှုပ်နေရင်း ခေါင်းခါလိုက်သည်။ သို့သော် သူ စကားတစ်ခွန်းမှမပြောပေ။

ထိုအချိန် ကြယ်တာရာစုံလင်သော ကောင်းကင်ရှိ မှော်စီးယာဉ်များမှ စူးစူးဝါးဝါးမြည်းဟည်းသံများကို ထုတ်လွှတ်နေလေ၏။ ၎င်းတို့က မြေပြင်ဆီသို့ ဦးတည်နေသောအနက်ရောင်အလင်းတန်းများအဖြစ် ဦးတည်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နဝမမြောက် တောင်ထိပ်အနီးရှိလေထုထဲတွင် ရှည်လျားသော‌ မှော်စီးယာဉ်အစင်းတစ်ထောင်ဖြင့် ပြည့်နှက်လာ၏။ ကြယ်တာရာဝတ်ရုံကိုဝတ်ဆင်ထားသော တာအိုကျေးကျွန် ထောင်ပေါင်းများစွာမှ မဖော်ပြနိုင်သောစွမ်းအားလှိုင်းများ ထွက်ပေါ်လာလေသည်။

သူတို့ထဲတွင် တတိယအဆင့်ရှိတာအိုကျေးကျွန်များ မရှိပေ။ သို့သော် ဒုတိယအဆင့်ရှိတာအိုကျေးကျွန်များ၏ဖျက်စီးလိုသောအရှိန်အဝါများက တတိယအဆင့်ရှိတာအိုကျေးကျွန်ငါးယောက်ထက်သာလွန်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

သူတို့၏ခက်ထန်သောအကြည့်များနှင့်တာအိုယွမ်၏ရူးသွပ်သောအမိန့်ပေးသံများက ဤဘေးဆိုးကြီးကို အပြင်းထန်ဆုံး အခြေအနေသို့ ယူဆောင်လာခဲ့သည်။

“အဲ့ခွေးကောင်ကိုသတ်လိုက်.. ဒီတောင်ကြီးကို ဖြိချပစ်လိုက်...ဒီမှာ မြက်ပင်တစ်ပင်မှ မကျန်စေနဲ့.. ချီးးး..ဒီကောင်စုတ် ငါ့ကိုသတ်တော့မလို့ကွ..”

တာအိုယွမ်၏ မျက်လုံးများ နီရဲ နေလေသည်။ မကြာသေးမီကပင် သူက သေမင်းခံတွင်းဝသို့ ရောက်ရှိခဲ့ရသည်။ သူ့စိတ်ထဲတွင် ထိုဖြစ်ရပ်မှာ ကြောက်ရွံ့မှု အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ယခုတွင် သူက စိုးရိမ်ကြောင့်ကြမှုကင်းသော ခံစားချက်ဖြင့် ပြည့်နှက်နေသဖြင့် သူ၏ကြောက်ရွံ့မှုက ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။

မှော်စီးယာဉ်ပေါ်ရှိထောင်နှင့်ချီသောတာအိုကျေးကျွန်များ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေသော်လည်း အမိန့်မရဘဲ တိုက်ခိုက်ခြင်းမပြုခဲ့ကြပေ။ အကယ်၍ အခြေအနေက လုံးဝအရေးမကြီးလျှင် သို့မဟုတ် အတင်းအကျပ်ခိုင်းစေခြင်း မရှိလျှင် မနက်ခင်းတာအိုဂိုဏ်းဝင်များက ကိုယ်တိုင်တိုက်ခိုက်မည်မဟုတ်ပေ။ သို့သော် တာအိုယွမ်၏အမိန့်ပေးသံကြောင့် ထောင်နှင့်ချီသော လူများက အတူတကွ ပြေးထွက်သွားပြီး နဝမမြောက်တောင်ထွဋ်ဆီသို့ ဦးတည်သွားကြသည်။

သူတို့၏တည်ရှိမှုက ထိတ်လန့်ဖွယ်ကောင်းပြီး တတိယအဆင့်ရှိတာအိုကျေးကျွန်ငါးယောက်၏ ပြင်းထန်သောဖိအားကိုပင် ကျော်လွန်သွားခဲ့သည်။ ထို့ပြင် သူတို့က ဖိနှိပ်ပြီး အသက်ရှုကျပ်ဖွယ်ကောင်းသောလေထုကို သယ်ဆောင်လာခဲ့သည်။

ချမ့်ချန်၏မျက်လုံးများက နီရဲလာသည်။ သူက စူးရှသောဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး လေထုထဲသို့ ခြေလှမ်းလိုက်သည်။ ထိုအချိန်တွင် စုမင်က သူ့ဘယ်လက်ကို ချမ့်ချန်၏ပခုံးပေါ်လက်တင်လိုက်သည်။ စုမင်၏အခြေတည်စိတ်ဝိညာဉ်စွမ်းအားက ချမ့်ချန်၏စိတ်နှင့် ဝိညာဉ်ထဲသို့ ဝင်ရောက်သွားပြီး အသံတစ်ခုထွက်ပေါ်လာ၏။ ချမ့်ချန်က အကြောဆွဲသလို တုန်တုန်ယင်ယင်ဖြစ်ပြီး မေ့မြောသွားခဲ့သည်။

စုမင်က သူ့ကို နောက်သို့ ညင်သာစွာ တွန်းထုတ်လိုက်သည်။ ချမ့်ချန်ဧ။်ခန္ဓာကိုယ်က နဝမမြောက်တောင်ထိပ်၏ လှိုဏ်ဂူဆီသို့ ပျံသန်းသွားခဲ့သည်။

“ငါတို့လူ တော်တော်များများ သေကုန်ကြပြီ..ငါတို့အပြင် နောက်ထပ် သေစရာလူမရှိတော့ဘူး...”

စုမင်က တိုးတိုးလေးပြောသည်။ သူ့စိတ်ဝိညာဉ်ကိုဖြန့်ကျက်လိုက်သောအခါ စွမ်းအားလှိုင်းတစ်ခုက မင်သက်နေသောကြိုးကြာကို ‌‌ဂူထဲသို့ဆွဲခေါ်သွားလိုက်သည်။ ကြိုးကြာငှက်က ဖြစ်ပျက်နေသည့်အရာကို မှတ်တမ်းတင်ခဲ့သည်။ ၎င်းက စုမင်ကို မင်သက်နေသောအမူအရာဖြင့် ကြည့်နေစဉ် ၎င်း၏ခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့သည်။

ထိုအချိန်၌ ငှက်က စုမင်အကြောင်းကို အမှန်တကယ် သိသွားပုံရသည်။ ငှက်က သူ့ကိုယ်သူ နှလုံးသားမဲ့သည်ဟု ဟန်ဆောင်ချင်သော်လည်း မျက်ရည်များ စီးကျလာခဲ့သည်။

“ငါ့အစ်ကိုတွေကို ဂရုစိုက်ပေးပါ့လား…”

စုမင်က တိုးတိုးလေးပြောလိုက်သည် ။ ထို့နောက် ဒုတိယအဆင့်ရှိတာအိုကျေးကျွန်များစွာက ဓါးကိုကိုင်ရင်း ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

ထောင်ပေါင်းများစွာသောတာအို ကျေးကျွန်များအများစုက စုမင်ထက် အစွမ်းထက်၏။ထိုတိုက်ပွဲ၏ ရလဒ်က ရှင်းလင်းပြီး သည်းမခံနိုင်လောက်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုဖြစ်လာလိမ့်မည်။ ထို့ပြင် စုမင်သာ ထိုလူထောင်ပေါင်းများစွာကို ဆန့်ကျင်တိုက်ခိုက်နေသူတစ်ယောက်ဖြစ်သည်။

တုန်လှုပ်ချောက်ချားဖွယ်ဟိန်းဟောက်သံများက လေထုထဲတွင် တဟုန်ထိုး မြည်ဟည်းသွားလေသည်။ ရှေ့တန်းရှိ တာအိုကျေးကျွန်များက သူတို့၏ညာလက်ဖြင့် စွမ်းရည်တစ်ခုတည်းကို အသက်သွင်းလိုက်သည်။ထိုစွမ်းရည်က စုမင်၏ပုံရိပ်ယောင်ခန္ဓာကိုယ်ထဲကကို ထိုးဖောက်သွားသော အဆုံးမဲ့ကြယ်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် စုမင်ကို ကာကွယ်ပေးမည့် စိတ်ဝိညာဉ်သုံးခုလည်း မရှိတော့ပေ။ ကြယ်အလင်းတန်းများက စုမင်၏ခန္ဓာကိုယ်ကို ထိုးစိုက်တော့မည့် အဆုံးမဲ့အပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုစဉ် စုမင်က တလက်လက်တောက်ပနေသောမီးတောာက်လေးများအဖြစ်သို့ ပြောင်းလဲသွားသည်။ အများစုမှာ ကွယ်ပျောက်သွားပြီး ကျန်မီးတောက်များမှာ စုဝေးပြီး နောက်သို့လွင့်စင်သွားသည်။

ထို့နောက် ထိုမီးတောက်လေးများက စုမင်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ စုမင်ဧ။်ပုံရိပ်က ယခင်ကထက် ပို၍ဖောက်ထွင်းမြင်နိုင်လေသည်။ သူက လေတိုက်တိုင်းလွင့်မျောသွားတော့မည့်သယောင်ထင်ရသည်။

သို့သော် စုမင် ပြိုလဲသွားချိန် သူ့လက်ကဓါးဖြင့် တစ်ချက်ခုတ်ပိုင်းလိုက်သည်။ ထိုဓါးချက်က သူ့စိတ်ဝိညာဉ်ပြည့်စုံပြီးနောက် ခုတ်ပိုင်းလိုက်သော စွမ်းအားရှိသည့်တိုက်ခိုက်မှုဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် သူ့စိတ်ဝိညာဉ်နှင့်အသူရာနိူးထခြင်းစွမ်းအားများ ပါရှိသည်။

၎င်းတွင်... သူ၏မူလနိူးထခြင်းစွမ်းရည်ပါရှိသည်။

ထိုဓါးချက်မှာ သူ့ရှေ့ရှိလူများကို ဖြတ်ကျော်သွားသော်လည်း မည်သည့် အဖျက်စွမ်းအားမျှ မပါဝင်ဘဲ လေပြည်လေညှင်းတိုက်ခတ်သလို ခံစားရစေသည်။

ခဏကြာသော် သူရှေ့ရှိလူများက ရုတ်တရက် အသက်ကြီးလာလေတော့သည်။

သူတို့အတွက် အချိန်က အရမ်းမြန်ဆန်သွားသလို ခံစားခဲ့ရ၏။ထို့ပြင် သူတို့၏ လုပ်ဆောင်ချက်များက အဆမတန် မြန်ဆန်လာကာ သူတို့၏ မျက်နှာများက နှစ်များစွာ အိုမင်းလာခဲ့သည်။ ပုပ်ပွနေသော လေလှိုင်းများကလည်း သူတို့၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာခဲ့သည်။

သူတို့၏ဆံပင်များက နှင်းကဲ့သို့ ဖြူဖျော့သွားကြသည်။သူတို့ မျက်နှာပေါ်တွင် အစက်အပြောက် နှင့်အရေးအကြောင်းများ ပေါ်လာသည်။ သူတို့၏အသက်စွမ်းအားက ဟင်းလင်းပြင်၏ဝါးမြိုခြင်းခံရပုံပေါ်ပြီး အသက်စွမ်းအားအများစုမှာ တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။

တကယ်တော့ ကျင့်ကြံဆင့်မမြင့်မားသောကျေးကျွန်နှင့်နှစ်အနည်းငယ်သာရှင်သန်နိုင်သောကျေးကျွန်များ၏ခန္ဓာကိုယ်က ညှိုးနွမ်းပြီး အလောင်းကောင်ကဲ့သို့ အိုမင်းခြောက်သွေးသွားလေသည်။ သူတို့၏ အခြေတည် နတ်ဘုရားများပင်လျှင် သူတို့ခန္ဓာကိုယ်မှ လွတ်မြောက်ရန် ခက်ခဲသည်။ လူများစွာက နေလောင်သောပန်းကဲ့သို့ ညှိုးနွမ်း၍ သေဆုံးကြလေသည်။

တစ်ချိန်တည်းမှာပင် ဒါဇင်နှင့်ချီသောလူအချို့သေဆုံးပြီးနောက် အသက်စွမ်းအားများစွာနှင့် လူတစ်ရာနီးပါးက ထပ်မံကွယ်ပျောက်သွားခဲ့သည်။ အဖြူရောင်မီးခိုးလုံးများက သူတို့ခန္ဓာကိုယ်မှ ထွက်သွားပြီး စုမင်ဆီသို့ အရှိန်တင်လေသည်။ ထိုမီးခိုးလုံးများက သူနှင့် ချက်ချင်း ပေါင်းစပ်သွားပြီး သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်က အနည်းငယ် ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍန်ရရှိလာသည်။

“ဒါဟာ ငါ့ဝိညာဉ် ပြီးမြောက်ပြီးတဲ့ နောက်မှာ နိုးကြားလာတဲ့မူလနိူးထခြင်းစွမ်းရည်လား..”

စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုမီးခိုးဖြူများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သူ၏စိတ်ဝိညာဉ်က ရူးသွပ်သော အရှိန်အဟုန်ဖြင့် အားကောင်းလာသည်ကို သူ ခံစားသိရှိနိုင်သည်။ သူစုပ်ယူလိုက်သော အသက်စွမ်းအားက သူလိုအပ်သောအရာဖြစ်ကြောင်း သိရှိလာသည်။ ထိုအချိန်က သူက ခြောက်သွေ့နေသောဖော့တုံးလို အခြားသူများ၏ အသက်စွမ်းအားနှင့်အသက်ပေါင်းစွာကို အဆက်မပြတ်စုပ်ယူနေခဲ့သည်။

သို့သော် ဤနှိုးထမှုက စုမင်အတွက် အနည်းငယ်နောက်ကျသွားခဲ့သသည်။ အကြောင်းမှာ ထိုဓါးချက်က သူ့အား အသက်စွမ်းအင် ပမာဏများစွာ စုပ်ယူနိုင်စေခဲ့သော်ငြား သူနှင့်တာအိုကျေးကျွန်များကြားရှိ စွမ်းအားကွာခြားမှုကို မဖြည့်စွမ်းနိုင်ပေ။

တာအိုယွမ်က စူးရှစွာအော်ဟစ်လိုက်သော် တာအိုကျေးကျွန်များက စုမင်နားသို့ နီးကပ်လာသည်။ ထို့နောက် သူတို့ဧ။်စွမ်းရည်များကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ကြသည်။ ထို့နောက် သူတို့အသက်သွင်းလိုက်သောစွမ်းရည်မှ ကြယ်ရောင်အလင်းတန်းက လောကကြီးထဲကို အစားထိုးဝင်ရောက်သွားလေသည်။ ထိုအလင်းရောင်များက စုမင်ကို ကိုက်စားနေသောရှေးသားရဲတစ်ကောင်နှင့်တူလေ၏။

ထိုအလင်းတန်းများက စုမင်ကို ဝါးမျိုလိုက်စဉ် စုမင်မှာ ကောင်းချီးတစ်ခု ရုတ်တရက်ရသွားလေသည်။ သူနားလည်လာခဲ့သည့်အရာမှာ သူ၏မူလနိူးထခြင်းစွမ်းရည်ဖြစ်သည်။တစ်နည်းအားဖြင့် ဆောင်းဉီး၏အလိုဆန္ဒလည်းဖြစ်သည်။

သူစုပ်ယူလိုက်သောအသက်စွမ်းအားက သူ့ခန္ဓာကိုယ်ထဲက ဆောင်းဦးကဲ့သို့ပင်ဖြစ်သည်။ သေခြင်းနှင့်ရှင်သန်ခြင်းကြားထဲက က ပေါင်းစပ်မှုတစ်ခုပင်ဖြစ်သည်။

“ဆောင်းဦး…”

စုမင်က ထိုစကားလုံးကို ရေရွတ်နေချိန် သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်က အနီရောင်အလင်းတန်းများဖြင့် ချက်ချင်း တောက်ပနေလေသည်။ အဆုံးမဲ့ နှင်းပမာဏကလည်း သူ့ပတ်ဝန်းကျင်မှ

တဖွဲဖွဲ ထွက်ပေါ်လာသည်။ နှင်းများကျလာစဉ် နှင်းများက ဆောင်းဦးရွက်‌ကြွေများကဲ့သို့ လျင်မြန်စွာညှိနွမ်းသွားသည်။တစ်စုံတစ်ယောက်က အဝေးကနေ လှမ်းကြည့်လိုက်လျှင် နှင်းများကိုမြင်ရသည်။ သို့သော် မျက်တောင်တစ်ချက်ခတ်လိုက်လျှင် ကြွေကျနေသော သစ်ရွက်ခြောက်များဟု ထင်မြင်လိမ့်မည်။

စုမင်၏စွမ်းအားက သူ့၏ကောင်းချီးကြောင့် ပေါက်ကွဲထွက်လာ၏။ သူ၏အသက်လမ်းကံကြမ္မာကနဦးအဆင့်ကနေ အလယ်လတ်အဆင့်သို့ ရွေ့လျားသွားသည်။ သူ့ပတ်ဝန်းကျင်မှာ နှင်းများနှင့်သစ်ရွက်ခြောက်များက အချင်းချင်းဝေ့ဝဲရောယှက်နေလေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆောင်းဦးဧ။်အရောင်ကို ပိုထင်းပေါ်လာသလို ခံစားရစေသည်။

ထိုခဏတွင် ဒုတိယအသုတ်ရှိတာအိုကျေးကျွန်များက စွမ်းရည်တစ်ခုကို အသက်သွင်းလိုက်ပြီး ကြယ်ရောင်အလင်းတန်းများ စူးရှစွာထွက်ပေါ်လာသည်။ စုမင်၏မျက်လုံးများတွင် တစ်စုံတစ်ခုကိုနားလည်သွားသည့်ပုံစံမျိုး ဖြစ်လာ၏။ ထို့နောက် သူ့ကျင့်ကြံဆင့်မှာ အသက်လမ်းကံကြမ္မာအလယ်လတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။

နောက်ထပ် ခြေတစ်လှမ်းဆိုလျှင် သူက အသက်လမ်းကျင့်စဉ်၏ဒုတိယအဆင့် အသက်ဒုက္ခကျင့်စဉ်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။

All Chapters