ယင်မရဏနယ်မြေရဲ့ပါရမီရှင်
Vol. 54 Ch. 744
စုမင်က သူ့မှာ ချို့တဲ့နေသောအရာများကို သိပြီးသားဖြစ်သောကြောင့် ထိုခြေတစ်လှမ်းက သူ့အတွက်မခက်ခဲပေ။ အသက်စွမ်းအားမှာ သူလိုအပ်နေသောအရာဖြစ်ကြောင်း နားလည်သိရှိခဲ့၏။ထိုစွမ်းအားက တောက်ပသောယန်မရဏနယ်မြေနှင့်ပတ်သတ်သောသူများ၏ အသက်စွမ်းအားကို ဆိုလိုလေသည်။
ထိုအခိုက်အတန့်၌ သူ့စိတ်ဝိညာဉ်ထဲတွင် သူနှင့်မရင်းနှီးသော်လည်း နွေးထွေးညင်သာသောလူတစ်ယောက်၏အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက လွန်စွာရှေးကျသောအသံမျိုးဖြစ်၏။
“အသူရာဖန်ဆင်းခြင်း..”
“အသူရာဖန်ဆင်းခြင်း..”
ဒုတိယရေရွတ်သံမှာ စုမင်ကိုယ်တိုင် တီးတိုးရွတ်နေခြင်း ဖြစ်သည်။
သူ့အသံက အပြင်ကို ပျံ့နှံ့သွားပြီး ကြယ်ရောင်အလင်းတန်းက သူ့ဆီသို့ ရောက်လာ၏။ ထိုစဉ် နဝမမြောက်
တောင်ထွဋ်နောက်မှ ကောင်းကင်နှင့်မြေကြီးကိုတုန်လှုပ်စေသောပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။
ထိုအသံများက လေထုထဲကို ပဲ့တင်ထပ်၍ထွက်ပေါ်လာသောအခါ လောကကြီးတစ်ခုလုံး ရပ်တန့်သွားသလိုဖြစ်သွားဧ။်။ စုမင်က အသူရာဖန်ဆင်းခြင်း၏အဓိပ္ပါယ်ကို နားလည်လာလျှင်တောင်မှ...သူက အသက်ကံကြမ္မာလမ်းစဉ်၏နှောင့်ပိုင်းအဆင့်ကို ရောက်လျှင်တောင်မှ...သူက ဆောင်းဦး၏လိုအင်ဆန္ဒကို အကောင်အထည်ဖော်လျှင်တောင်မှ...
သူ့ခန္ဓာကိုယ်ကတော့ တစ်စနှင့်တစ်စပြိုလဲပျက်စီးသွားခဲ့သည်။
သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေသဖြင့် အကြွင်းမဲ့စွမ်းအားကြီးသောရိုက်ချက်တစ်ချက်မျှပင် မခံနိုင်ပေ။ စုမင်က သူ့ပုံရိပ်ယောင်ကိုယ်ထည်ကို နဝမမြောက်တောင်ထွဋ်တွင် ထပ်ပံစုစည်းခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင် သူ၏ပုံရိပ်ခန္ဓာကိုယ်က မှိန်ဖျော့ပြီး လုံးဝနီးပါး ဖောက်ထွင်းမြင်နိုင်သည်။ မည်သူမဆို သူ့ကို သာမန်မျက်စိဖြင့် ရှာဖွေရန် ကြိုးစားပါက သူ့ကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်သလောက်ပင်...
သူ့စိတ်ဝိညာဉ်အောက်ခြေမှ ထွက်ပေါ်လာသောအားနည်းမှုလှိုင်းလုံးက စုမင်၏အသိစိတ်ကို ပြည့်နှက်စေခဲ့၏။ သူက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားပြီး တောင်ထိပ်ရှိ ဂူအပြင်ဘက်တွင် ရပ်နေလေသည်။ ယခုလိုအချိန်မှာတောင် သူက တောင်ထွဋ်ကို ကာကွယ်ချင်နေသေးသည်။
သူ့အသိစိတ်က လုံးဝကို လွင့်စင်လုနီးပါး ဖြစ်သွားပြီး သူ တကယ်သေတော့မည့်အချိန်တွင်ပင် သူ၏သစ္စာတရား၊ ကတိကို တည်မြဲအောင် ကြိုးစားနေလေသည။်
ကောင်းကင်ယံတွင် တအုန်းအုန်းပေါက်ကွဲသံများ ထွက်ပေါ်လာစဉ် တာအိုကျေးကျွန်များက တုန်လှုပ်ချောက်ချားဖွယ်အမူအရာများရှိနေသည့်အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့က အသံတစ်သံမထွက်ဘဲ ပင်လယ်ထဲသို့ ဗုန်းခနဲပြုတ်ကျသွားတော့သည်။
ထိုအချိန်တွင် လူငါးဆယ်ထက်မနည်း သေဆုံးခဲ့သည်။ သို့သော် အသေအပျောက်စာရင်းက အင်မော်တယ်စစ်တပ်ကို နည်းနည်းမှ ထိခိုက်ပျက်စီးစေခြင်း မရှိခဲ့ပေ။ ထို့နောက်ထိုထောင်ပေါင်းများစွာသော လူများ၏အမူအရာများက ချက်ချင်း လေးနက်သွားလေသည်။
ထို့ပြင် အသက်စွမ်းအားများဆုံးရှုံးသွားသူနှင့်လူ့သက်တမ်းနှစ်ပေါင်းများစွာလျော့သွားသူမှာ လူရာနှင့်ချီဖြစ်၏။ ဤအရာအားလုံးက စုမင်ကြောင့်ပင်ဖြစ်သည်။
“အဲ့ကောင်ကို သတ်လိုက်..သတ်ပစ်လိုက်စမ်း.. မင်းတို့အားလုံးပေါင်းပြီး အဲ့ခွေးကောင်ကို သတ်ပစ်လိုက်ကွာ..ဒီတောင်ကြီးကို ဖြိုချပစ်.. ကောင်စုတ်..ထွက်တောင်မပြေးဘူး.. ဒီတောင်ကြီးက သူ့အတွက်တော်တော်အရေးကြီးပုံပဲ.. ဒီတောင်ကို အမြစ်ပျက်ရှင်းမှရမယ်..တောင်ကြီးကိုဖြို.. ဒီကောင့်ကိုလည်း သတ်ပစ်...”
တာအိုယွမ်က တာအိုကျေးကျွန်များနောက်တွင် ပုန်းအောင်းနေပြီး အသံကောင်းဟစ်နေတော့သည်။
တာအိုကျေးကျွန်များ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေခဲ့သည်။ ယခုတစ်ကြိမ် သူတို့ရှေ့တိုးလာပြီး ဖြန့်ကျက်စွာ နေရာယူလိုက်သည်။ သူတို့က စွမ်းရည်တစ်ခုကိုအကောင်အထည်ဖော်ပြီးနောက် သူတို့၏
ခန္ဓာကိုယ်ကနေ လောကကြီးကိုဖျက်စီးနိုင်သောအဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားက လက်ရှိစုမင်နှင့်နဝမမြောက်တောင်ထွဋ်ကို ဖျက်ဆီးရန် လုံလောက်၏။ ၎င်းက စုမင်၏အစ်ကိုများအပြင် ချမ့်ချန်နှင့်ထိပ်ပြောင်ကြိုးကြားငှက်ကို ထာဝရအိပ်စက်စေမည်၊ အစ်ကိုကြီးကိုလည်း
နောက်တစ်ကြိမ် ပြန်လည်မနိုးထလာအောင် လုပ်နိုင်သည်။
ဤကဲ့သို့ကျဉ်းထဲကျပ်ထဲအခြေအနေတွင် စုမင်က ခေါင်းကို ခက်ခက်ခဲခဲမော့လိုက်သည်။ ထောင်ပေါင်းများစွာသောတာအိုကျေးကျွန်များ၏နောက်တွင် စိတ်လှုပ်ရှားနေသော တာအိုယွမ်ဆီကို အကြည့်ရောက်သွားခဲ့သည်။ စုမင်က တာအိုယွမ်ကို မြင်လိုက်ရစဉ် သူ့မျက်လုံးထဲတွင် အေးစက်မှုဖြင့် တောက်ပလာသည်။
“နဝမမြောက်တောင်ထွဋ်ကိုကာကွယ်ရင်းနဲ့ သေဆုံးရတာက ငါ့အတွက် နောင်တရစရာမရှိဘူး..ဒါပေမဲ့ ဒီတာအိုယွမ်ကို မသတ်နိုင်ရင်တော့ ရှက်စရာပဲ..ငရဲမှာ ငါ့အစ်ကိုတွေကိုတွေ့ရင် မျက်နှာပြရဲမှာမဟုတ်ဘူး..”
စုမင်က တိုးတိုးလေးပြောလိုက်သည်။
တာအိုကျွန်များထောင်ပေါင်းများစွာ၏
စွမ်းရည်က သူ့အပေါ်နီးကပ်လာသောအခါ သူ့လူသတ်ဓါးကို ခေါင်းငုံ့ကြည့်လိုက်သည်။ ဓါးဖျားက တဝီဝီမြည်သံနှင့်အတူ တုန်ရီနေပြီး ဓါးဝိညာဉ်မှလာသောသတ်ဖြတ်လိုစိတ်ကို ကောင်းစွာ ခံစားမိသည်။
“ငါ့မှာ မြင့်မြတ်တဲ့စွမ်းရည်နှစ်ခုရှိတယ်...”
စုမင်က အားနည်းလွန်းသဖြင့် သူ့ကန့်သတ်ချက်ကို ရောက်နေပြီကို သိလေသည်။ သူ ပျောက်ကွယ်လုနီးပါးဖြစ်နေချိန် သူ့ဘယ်လက်ကိုမြှောက်ပြီး မြေပြင်သို့ရိုက်ချလိုက်သည်။
ထို့နောက် မြေပြင်က ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားဧ။။် နဝမမြောက်တောင်ထွဋ်နှင့်ပင်လယ်ပြင်အောက်မှ မြေစွမ်းအားအရှိန်အဝါတစ်ခုထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက စုမင်၏ဘယ်လက်မောင်းမှတစ်ဆင့် ပုံရိပ်ယောင်ခန္ဓာကိုယ်ထဲကို တိုးဝင်သွားကာ သူ့လက်ကို ချက်ချင်းညှိုးနွမ်းစေသည်။ ထိုအချိန်တွင် သူ့လက်မောင်းက ပိန်လှီသွားသလို ထင်ရပြီး အဖြူရောင်အလင်းတန်းများက လက်ကို ဝိုင်းရံထားဧ။။်
ဤသည်မှာ အနိုင်းမဲ့အလိုဆန္ဒရဲ့နတ်စွမ်းရည်ပင်ဖြစ်သည်။ ၎င်းက အရှေ့မြေရိုင်းမျှော်စင်ထဲတွင် စုမင် သင်ယူခဲ့သောစွမ်းရည်တစ်ခုဖြစ်သည်။ ယင်မရဏဝဲဂယက်ထဲရှိ ရှေးကျသောတည်ရှိမှုများက သူ့အား အာရုံစိုက်စေသည့် အကြောင်းရင်းလည်းဖြစ်သည်။ယင်မရဏဝဲဂယက်ရှိ လောကနှစ်ခုထဲရှိ အနိုင်းမဲ့စွမ်းအားနတ်စစ်သည်နှင့် နတ်ဆိုးဝိညာဉ်စစ်သည်တော် တစ်သိန်းကို နှိုးထစေနိုင်သော သော့ချက်လည်း ဖြစ်သည်။
ထိုစွမ်းရည်မှာ ဝိညာဉ်များကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်ခြင်းဖြစ်သည်။အသွေးအသားရှိသော ခန္ဓာကိုယ်ပင်လျှင် အသားနှင့်အသွေးကုန်ခမ်းသွားသည်ဟု ထင်ရစေသည်။ သို့သော် အသွေးအသားများစွာ ဆုံးရှုံးလိမ့်မည်မဟုတ်ပေ။ညှိုးနွမ်းနေသောအပိုင်းကို သူ့ခန္ဓာကိုယ်အတွင်းရှိ အခြားအစိတ်အပိုင်းများက စုပ်ယူလိုက်ရုံသာဖြစ်ဧ။်။ထိုစွမ်းရည်က သူ့ခန္ဓာကိုယ်အတွင်း ကွက်လပ်တစ်ခုရှိနေသကဲ့သို့ ပြီးပြည့်စုံမှုမရှိအောင် ဖြစ်သွားစေမည်။ ထိုမှသာ စွမ်းရည်က ညှိုးနွမ်းနေသော ဘယ်လက်ကို အသုံးပြု၍ တစ်ကိုယ်လုံး ပြန်လည်ကုစားရန် အခြားသူများ၏ အသွေးအသားကို စုပ်ယူနိုင်သည့် စွမ်းအားတစ်ခု ဖြစ်လာစေမည်။
သို့သော် ထိုအချိန်တွင် စုမင်က ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် မပိုင်ဆိုင်ထားပေ။ထို့ ကြောင့် ညှိုးနွမ်းနေပုံရသော အစိတ်အပိုင်းက သူ့ဝိညာဉ်သာဖြစ်၏။ သူ့ဘယ်ဘက်လက်ညှိုးနွမ်းလာသည်နှင့်အမျှ သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်တစ်ခုလုံးက တဖြည်းဖြည်းညှိုးနွမ်းလာသည်။ ထို့ပြင် လူသတ်ဓါးကို ကိုင်ဆောင်ထားသည့်ညာလက်က သူ့စိတ်ဝိညာဉ်ကို ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်ရရှိအောင်
ကြိုးစားနေလေ၏။
သူ့ညာလက်က လျင်မြန်စွာ ပျံသန်းလာပြီး လက်ချောင်းများက လူသတ်ဓါးနှင့်လိုအင်ဆန္ဒကို ဖမ်းဆုပ်ထား၏။ တာအိုကျေးကျွန်များက စုမင်အနားကပ်လာသော် သူ့ညာလက်က အလင်းတန်းရှည်ပုံစံဖြင့် တာအိုယွမ်ဆီသို့ လျင်မြန်စွာ ဦးတည်သွားလေသည်။ ထိုလက်က ဟင်းလင်းပြင်ကိုအက်ကွဲသွားစေသောအရှိန်ဖြင့် ရှေ့သို့ တိုးဝင်သွားသည်။
ဓါးက အလွန်လျင်မြန်စွာ ခရီးဆက်သွားသဖြင့် မျက်စိတစ်မှိတ်အတွင်း ပေတစ်ထောင်အောက် အကွာအဝေးကို နီးကပ်လာသည်။လမ်းတွင် တာအိုကျေးကျွန်များ မည်မျှပင်ရှိနေပါစေ၊ ဓါးသွားရာလမ်းကြောင်းကို မည်သူမျှ ပိတ်ဆို့နိုင်ခြင်းမရှိပေ။ ဤသည်မှာ စုမင်၏နောက်ဆုံးတိုက်ခိုက်မှုပင်ဖြစ်သည်။
စုမင်က ဓါးကိုအသက်သွင်းပြီး မကြာခင်တွင် သူ့အခြေတည်ဝိညာဉ်က အရှေ့မြေရိုင်းမျှော်စင်မှာ သင်ယူခဲ့ရသောစွမ်းရည်တစ်ခုကိုအသက်သွင်းလိုက်သည်။ ၎င်းက နတ်ဆိုးဝိညာဉ်စွမ်းရည်ပင်ဖြစ်သည်။ စုမင်၏ ညာဘက်လက်မှ အနက်ရောင်အခိုးအငွေ့ အများအပြား ထွက်ပေါ်လာသည်။ အနက်ရောင်မီးခိုးများက ညာဖက်လက်ကို ဖုံးလွှမ်းသွားတော့ ထင်ရှားစွာ မမြင်နိုင်တော့ပေ။
စုမင်၏ညာလက်က ချက်ချင်းပျောက်ကွယ်သွားပြီး အနက်ရောင်မီးခိုးများက လူသတ်ဓါးတစ်ဝိုက်ကို လွှမ်းခြုံထားသည့်ရက်စက်ကြမ်းကြုတ်သောတစ္ဆေမျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုတစ္ဆေက စူးရှသောဟိန်းဟောက်သံနှင့်အတူ လူသတ်ဓါးကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။
ဤဟိန်းဟောက်သံက လေထုထဲတွင် တဟုန်ထိုးမြည်လာကာ လောကကြီးထဲရှိအရာအားလုံးကို ရပ်တန့်သွားစေ၏။ ထို့အပြင် တာအိုကျေးကျွန်တစ်ရာနီးပါးလည်း တစ်ပြိုင်တည်း ရပ်တန့်သွားခဲ့သည်။ သူတို့ အကောင်အထည်ဖော်လိုက်သောစွမ်းရည်များက ရပ်တန့်သွားပြီး ထိုတစ္ဆေမျက်နှာကို သူတိုအား ကျော်ဖြတ်ရန် ခွင့်ပြုလိုက်ရသည် ။
ဓါးက ငယ်သံပါအောင်အော်ပြီး ကြောက်လန့်နေသောတာအိုယွမ်၏ရှေ့တွင် ပေါ်လာသည်။
ထောင်ပေါင်းများစွာသောတာအို ကျေးကျွန်များက သူ့ကို ကယ်တင်ရန် အချိန်မရှိခဲ့ပေ။စုမင်၏လူသတ်ဓါးက လျင်မြန်လွန်းပြီး ရက်စက်ကြမ်းကြုတ်သောတစ္ဆေမျက်နှာက လောကကြီးပေါ်ရှိ လည်ပတ်မှုအားလုံးကို ရပ်တန့်စေသောကြောင့် ကျေးကျွန်များက ဖြစ်ပျက်ခဲ့သည်များကိုသာ ထိုင်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။
စုမင်၏အသက်နှင့်သူ့အတွင်းရှိ စွမ်းအားအားလုံးကိုပါဝင်သည့် ဓါးက တာအိုယွမ်၏မျက်ခုံးအလယ်ဗဟိုသို့ ချက်ချင်း ရောက်လာသည်။
ဓါးက သူ့အား ထိုးဖောက်ခါနီးတွင် တာအိုယွမ်၏ခန္ဓာကိုယ်ပေါ်ရှိ ကြယ်တာရာဝတ်ရုံမှ ကြယ်များက လျင်မြန်စွာ လှည့်ပတ်လာကြသည်။ကြယ်တာရာအလင်းတန်းများ လှည့်ပတ်လာသောအခါ ဓါးဘေးရှိရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာက ကျယ်လောင်စွာအော်သံကို ထုတ်လွှတ်ကာ ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း တာအိုယွမ်၏ပါးစပ်မှ နာကျင်စွာအော်သံ ထွက်ပေါ်လာသည်။ အစပိုင်းတွင် သူ၏ကြယ်တာရာဝတ်ရုံက သူ့ခန္ဓာကိုယ်နှင့်ရက်စက်ကြမ်းကြုတ်သောတစ္ဆေမျက်နှာကို ခုခံကာကွယ်ခဲ့သည် ။ သို့သော်လည်း ဓါးထဲတွင် အနိုင်းမဲ့လိုအင်ဆန္ဒ၏ နတ်စွမ်းရည်နှင့် စုမင်၏အသက်စွမ်းအားများ ပေါင်းစပ်ထားသောကြောင့် ထိုစွမ်းရည်၏စုပ်ယူမှုစွမ်းအားက သူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုကို အပြင်းအထန် စုပ်ယူသွားခဲ့သည်။
တာအိုယွမ်၏ နာကျင်စွာ အော်ဟစ်သံများက လေထဲတွင် တဟုန်ထိုး တုန်ခါသွားသည် ။ သူ၏ဝိညာဉ်က အရှိန်အဟုန်ဖြင့် ဝါးမြိုခံနေရပြီး သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ခါကာ ညှိုးနွမ်းလာတော့သည်။ ဤသည်မှာ အသွေးအသားနှင့် အနှစ်သာရကို စုပ်ယူခံနေရသော လူတစ်ယောက်၏မြင်ကွင်းဖြစ်သည်။ ထိုဝေဒနာက ဓါးဒဏ်ရာတစ်ထောင်ဖြင့် ထိုးနှက်သေဆုံးခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။
သို့သော် မြင့်မြတ်သောကြယ်တာရာဝတ်ရုံက မနက်ခင်းတာအိုဂိုဏ်း၏တိုက်ရိုက်ဆင်းသက်လာသူများသာ ရရှိနိုင်သည့် ရတနာတစ်ခုဖြစ်သည်။ တာအိုယွမ်က ဝတ်ရုံ၏စွမ်းအားအစစ်အမှန်ကို မထုတ်ပြနိုင်ခဲ့ပေ။ သို့သော် ဝတ်ရုံကိုအားကောင်းစေသည့် အချို့သော အသွင်အပြင်များ ရှိနေသေးသည်။
၎င်းက တာအိုယွမ်၏ ဝိညာဉ်ကို ချက်မချင်းသေစေရန် အတင်းအကျပ် ထိန်းသိမ်းထားသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က အရိုးနှင့် အရေခွံများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ပတ်ဝန်းကျင်တွင် ထိုင်းမှိုင်းသောလေထုရှိနေလျှင်ပင်... သူအသက်ရှင််နိုင်သေးသည်။
သို့သော် သူအသက်ရှင်နေလျှင်ပင် သေခြင်းထက် ပိုဆိုးသော ဝေဒနာကို ခံစားနေရ၏။ သူ၏ စူးစူးဝါးဝါး နာကျင်စွာအော်ဟစ်သံများက ပွက်လောရိုက်လာပြီး သူ ခြေကုန်လက်ပန်းကျသွားလေသည်။ ကြယ်တာရာဝတ်ရုံက သူ့ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲမှာပိတ်မထားခဲ့လျှင် သူသေတာကြာလောက်ပြီ။ သို့သော် ထိုချိတ်ပိတ်မှုနှင့်စုမင်၏စွမ်းရည်က လွှနှင့်တူသောကြောင့် အသိစိတ်ကို ကွဲကြေစေမည့် ပြင်းထန်သောနာကျင်မှုကို ခံစားစေသည်။
သို့သော် စုမင်က ဤအခြေအနေတွင် ကြာရှည်နေရန် ခက်ခဲသည်။ သူ၏လူသတ်ဓါးက တဖြည်းဖြည်း စုပ်ယူနိုင်စွမ်း ဆုံးရှုံးသွား၏။ ရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာကလည်း လေထဲ၌ ပျောက်ကွယ်သွားသည်။စုမင်၏တစ်စိတ်တစ်ပိုင်းဖြစ်သော အရာအားလုံးက ပတ်ဝန်းကျင်မှာ မရှိတော့ပေ။ ယခုအခါ လူသတ်ဓါးပေါ်တွင် စုဆောင်းထားသော သူ့အသိစိတ်သည်ပင် လင်းလက်တောက်ပသော အလင်းရောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။
လူသတ်ဓါးက ဝမ်းနည်းစရာကောင်းသော ဝီစီသံကို ထုတ်လွှတ်သည်။ ၎င်းက စုမင်နှင့် မတွေ့ရတာ ကြာပြီ ဖြစ်သော်လည် အချိန်တိုလေးအတွင်း စုမင်က ဓါးကို အသုံးပြုနိုင်မည့် နည်းလမ်းအမှန်ကို ရှာတွေ့ခဲ့သည်။
၎င်းက ဤခံစားချက်ကို စွဲလန်းသွားပြီး
စုမင်၏အသိစိတ်များ အရပ်ရပ်သို့ ပြန့်ကျဲနေသည်ကို သတိပြုမိလိုက်သည်နှင့် ဓါးဝီစီသံကို ဝမ်းနည်းစွာထုတ်လွှတ်လိုက်သည်။
အဝေးရှိ ထောင်ပေါင်းများစွာသောတာအိုကျေးကျွန်များက စွမ်းရည်များကို အသက်သွင်းပြီး နဝမမြောက်တောင်ထွဋ်ကိုဖြိုချရန် လုပ်ဆောင်နေလေသည်။ တောင်ဖြိုချခြင်းဖြစ်စဉ်က သိပ်အချိန်ယူစရာမလိုပေ။
ယခုဖြစ်နေသောမြင်ကွင်းကို ပြောင်းလဲနိုင်သော မည်သည့်အရာမှ မရှိတော့ပေ။
စုမင်၏ခန္ဓာကိုယ်ရှိနောက်ဆုံးဝိညာဉ်က ပိုးဖလံများအဖြစ်သို့ ပြောင်းလဲသွားသော ဆံဖြူလူကြီး၏ နောက်ဆုံးဝိညာဉ်ဖြစ်၏။ သို့သော် သူ့ကို အောင်မြင်အောင် ခွင့်မပြုလိုသော တစ်စုံတစ်ယောက် ရှိခဲ့သည်။ ထိုလူက မှော်စီးယာဉ်များကို မာန်ပြည်ထောင်ထဲသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့သူဖြစ်သည်။
သို့သော် စုမင်ကို သေစေလိုစိတ်မရှိသော တည်ရှိမှုတစ်ခုလည်း ရှိခဲ့ပြီး ရှေးခေတ်အသံတစ်ခုထွက်ပေါ်လာသည်။
“စုမင်.. ယင်မရဏလောကရဲ့ ပါရမီရှင်
ဖြစ်လာဖို့ ဆန္ဒရှိလား...ယင်မရဏတစ်ပိုင်းတစ်လောကအတွက်ပေါ့..”
ထိုအချိန်တွင် ကောင်းကင်မှ ရှေးကျသော အသံတစ်ခုက စုမင်ကို လေးနက်စွာ မေးခွန်းထုတ်လိုက်သည်။
ထိုအသံကြားလိုက်သည်နှင့် တစ်လောကလုံး အေးခဲရပ်တန့်သွားသည်။ ထောင်ပေါင်းများစွာသောတာအိုကျေးကျွန်များက လေထဲ၌ မလှုပ်မယှက် ငြိမ်သက်သွားကြသည်။ သူတို့၏ မြင့်မြတ်သောစွမ်းရည်များ ရပ်တန့်သွားပြီး နဝမမြောက်တောင်ထွဋ်ကိုဖျက်ဆီးခြင်းလည်း ရပ်တန့်သွားခဲ့သည်။
ပင်လယ်၏ ရေလှိုင်းလှုပ်ရှားမှု၊ တဝှီးဝှီးလေတိုက်ခတ်သံနှင့် အခြားအရာအားလုံး များလည်း ခေတ္တ ရပ်တန့်သွားလေသည် ။