← Chapters

တာအိုယွမ်၏သေဆုံးမှု

Vol. 54 Ch. 745

တာအိုယွမ်၏သေဆုံးမှု

Vol. 54 Ch. 745

“မင်းက ယင်မရဏလောကရဲ့ပါရမီရှင်ဖြစ်လာရင် နဝမမြောက်တောင်ထွဋ်ကို ကာကွယ်နိုင်လိမ့်မယ်.. မာန်ပြည်ထောင်က နောက်ပြန်လှည့်လို့မရတဲ့ယင်မရဏ လောကရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာမှာပဲ..အဲဒီအချိန်ကစပြီး အင်မော်တယ်တွေက မင်းတို့ရဲ့ပြည်ထောင်ကို ခြေတစ်လှမ်းတောင် လှမ်းရဲမှာ မဟုတ်ဘူး..”

“မင်းသာ ယင်မရဏလောကရဲ့ပါရမီရှင်ကလေးဖြစ်လာရင် မင်းရဲ့အစ်ကိုတွေ ဒီကပ်ဘေးကို ခံစားရမှာမဟုတ်ဘူး..ပြီးတော့ မင်းအစ်ကိုကြီးရဲ့ဒဏ်ရာကို ငါ ချက်ချင်း ကုသပေးနိုင်တယ်...”

“မင်းငြင်းခဲ့ရင်... နဝမအကြိမ်မြောက်တောင်ထွဋ်ဆိုတာ ရှိမှာ မဟုတ်တော့ဘူး..မင်းရဲ့အစ်ကိုကြီးတွေလည်းသေမယ်..မာန်ပြည်ထောင်ကလည်း ယင်မရဏနယ်မြေနဲ့ကွဲကွာနေလိမ့်မယ်..”

“ဒါကို ဝတ်လိုက်...ဝတ်ပြီးရင် မင်းက ယင်မရဏ‌လောကရဲ့ပါရမီရှင်ကလေးဖြစ်သွားလိမ့်မယ်..ပြီး‌တော့ မင်းက နတ္ထိအနှစ်သာရနယ်မြေကို စေလွှတ်ခြင်းခံရမယ်...အဲဒီ့နေရာက ယင်မရဏနယ်မြေနဲ့ မဆက်နွယ်ဘူး..လောကကြီးရဲ့အပြင်ဘက်မှာရှိပြီး ဒီနေရာနဲ့တော်တော်ဝေးတယ်..”

“အဲဒီနေရာကိုသွားပြီး ယင်မရဏတစ်ပိုင်းတစ်စလောကရဲ့အရှင်ဘုရင်ကိုရှာပါ.. ငါးခုမြောက်စစ်မှန်တဲ့မဟာလောကကြီးဆီ ဦးတည်တဲ့ဝင်ပေါက်တစ်ခုရှိလိမ့်မယ်..အဲဒီ့ဝင်ပေါက်ကိုရှာပါ...”

“ဒါကိုဝတ်ပြီးရင် မင်းလွတ်လပ်မှုမရှိတော့ဘူး.. မင်းဒါကိုဝတ်ပြီးရင် မင်းရဲ့အချစ်ကို ဆုံးရှုံးသွားလိမ့်မယ်... မင်းကအေးစက်ပြီး နှလုံးသားမဲ့သွားလိမ့်မယ်.. နာကျင်မှုတွေအကုန်ပျောက်သွားလိမ့်မယ်...နာကျင်မှုက ဘာလဲဆိုတာတောင် မင်းသိမှာ မဟုတ်တော့ဘူး..”

“မင်း...ယင်မရဏတစ်ပိုင်းတစ်စ လောကရဲ့ပါရမီရှင်ကလေးဖြစ်လာလိမ့်မယ်.. “

လောကကြီးက တိတ်ဆိတ်ငြိမ်သက်နေပြီး အဆုံးမဲ့တောက်ပကြည်လင်သောအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းများက စုစည်းသွားပြီး စုမင်၏ထိုးဖောက်မြင်နိုင်သောခန္ဓာကိုယ်ရှေ့မှာ ပေါ်ထွက်လာသည်။

ထိုအရာက အနက်ရောင်စတီးနှင့်လုပ်ထားသော မျက်နှာဖုံးတစ်ခုဖြစ်၏။

“မင်းဒါကို ဝတ်လိုက်ရင် မင်းက မင်းမဟုတ်တော့ဘူး...”

စုမင်၏နှလုံးသား တုန်လှုပ်သွားသည်။ သူက မျက်နှာဖုံးကို တွေဝေစွာ စိုက်ကြည့်နေလေသည်။ ယင်မရဏဝဲဂယက်မှထွက်လာသော ရှေးစကားသံကြောင့် သူ့နှလုံးသားထဲတွင် တုန်ခါသွားလေသည် ။

ဒေါသနှင့်စိတ်ဆန္ဒမပါသောအမူအရာက သူ့မျက်နှာပေါ်တွင် တဖြည်းဖြည်း ပေါ်လာ၏။ထို့နောက်တွင် သူ့စိတ်ထဲတွင် စကားတစ်ခွန်းက တစ်ဟုန်ထိုးထွက်ပေါ်လာသည်။

“မင်းဘယ်သူလဲဆိုတာ မင်းသိလာတဲ့အခါ မင်းဟာ မင်းမဟုတ်တော့ဘူး.. မင်းဘယ်သူလဲဆိုတာ မင်းမသိတော့တဲ့အခါ မင်းဟာ မင်းပဲဖြစ်လိမ့်မယ်..”

စုမင်က တိတ်ဆိတ်နေခဲ့သည်။

“မင်း ဒါကိုဝတ်ဆင်ပြီး နတ္ထိအနှစ်သာရနယ်မြေကိုသွားပါ..အဲဒီနေရာက စစ်မှန်တဲ့မဟာလောကကြီးလေးခုရဲ့ချိတ်ပိတ်တာကိုခံခဲ့ရတယ်..ပြီးတော့ အဲ့ဒီနေရာဝန်းကျင်မှာ လောကကြီးလေးခုရဲ့အစွမ်းထက်စစ်သည်တော်တွေ စောင့်ကြပ်နေ‌တယ်..”

“အဲဒီနေရာက လူသူခေါင်းပါးတဲ့ အရိုင်းဆန်တဲ့နယ်မြေ..အဲဒီနေရာက ငါးခုမြောက်စစ်မှန်တဲ့မဟာလောကကြီးကို ချိတ်ပိတ်ထားခဲ့တယ်...ဒါ့ကြောင့် စစ်မှန်တဲ့မဟာလောကကြီးလေးခုက အဲဒီနေရာကို ပြန်ချိတ်ပိတ်ခဲ့တာ..စစ်မှန်တဲ့မဟာလောကကြီးလေးခုက ရာဇဝတ်ကောင်တွေကို ချုပ်ထားတဲ့နေရာလည်း ဖြစ်တယ်..တန်ခိုးကြီးတဲ့စစ်သူရဲတွေ စုဝေးရာ နေရာလည်း ဖြစ်တယ်...”

“အဲဒီနေရာက လျှို့ဝှက်ဆန်းကြယ်ပြီး အဲဒီမှာ အဆုံးမဲ့ဖြစ်နိုင်ခြေတွေရှိတယ်...ယင်မရဏလောကရဲ့ပါရမီရှင်ကလေး.. မင်း မျက်နှာဖုံးကို ဝတ်လိုက်ရင် ငါ မာန်ပြည်ထောင်ကို ကာကွယ်ပေးမယ်လို့ ကတိပေးတယ်..မင်း တိုက်ပွဲမှာ မသေမချင်း မင်းအတွက် စိုးရိမ်စရာမရှိဘူးလို့ ငါကတိပေးတယ်...”

“ယင်မရဏတစ်ပိုင်းတစ်စလောကရဲ့ အရှင်သခင်ကိုရှာပါ..ဒါမှမဟုတ် ငါးခုမြောက်စစ်မှန်တဲ့မဟာလောကကြီးရဲ့ဝင်ပေါက်ကို ရှာပါ..”

ရှေးကျသော အသံတစ်ခုက လေထဲတွင် တဟုန်ထိုး ပျံ့လွင့်ကာ ငြိမ်သက်နေသော ကမ္ဘာကြီးကို အချိန်အကြာကြီး ပဲ့တင်ထပ်သွားစေသည်။

“မင်း မငြင်းနိုင်ပါဘူး...”

ထိုစကားမှာ ရှေးကျသောအသံ၏ နောက်ဆုံးစကားဖြစ်၏။ ထိုအသံတွင် ရက်စက်ကြမ်းကြုတ်သောလေသံရှိသော်လည်း မည်သည့်ခြိမ်းခြောက်မှုမျှ မပါပေ။ သို့သော် စုမင်ရှေ့ကအရာအားလုံးက သူ့နှလုံးသားကို ကွဲကြေသွားစေမည့်အချွန်ဆုံးဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နဝမမြောက်တောင်ထွဋ်၏ဖျက်ဆီးခံရမှုကလည်း ရပ်တန့်သွားခဲ့သည်။ဆရာကြီး၏ဂူလည်း ဆက်လက် မပြိုကျတော့ပေ။

“ဘာလို့လဲ...” စုမင်က ခေတ္တတိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

သို့သော် သူ့မေးခွန်းအတွက် အဖြေမရရှိခဲ့ပေ။

သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ထိုရှေးခေတ်အသံဧ။်ကမ်းလှမ်းမှုကို မငြင်းနိုင်ကြောင်း သူသိလေသည်။

သူ မျက်နှာဖုံးကို ကိုင်လိုက်သောအခါ

ထိုထဲရှိယင်မရဏအရှိန်အဝါက ထူထဲစွာ ပျံ့နှံ့သွားသည်။ ထိုအရှိန်အဝါက စုမင်၏ ခန္ဓာကိုယ်နှင့် ချက်ချင်း ရောနှောသွားပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန် လျင်မြန်စွာ ရရှိစေခဲ့သည်။ မျက်လုံးတစ်မှိတ်အတွင်း ဒဏ်ရာအားလုံး ပျောက်ကင်းသွားသည် ။ သူ၏ ခြေထောက်များ၊ လက်များ၊ ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့က ပြီးပြည့်စုံသောပုံစံဖြင့် ပေါ်လာ၏။

စုမင်က မျက်နှာဖုံးကို ချက်ချင်းမတပ်ခဲ့ပေ။ သူ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့လက်က အနည်းငယ်တုန်ယင်နေသည်ကို မြင်နိုင်သည် ။ သူ ကောင်းကင်ကြီးကို ခေါင်းမော့ကြည့်လိုက်သည်။

“ငါ့အစ်ကိုကြီးရဲ့ ဒဏ်ရာတွေ...”

စုမင်က တိုးညှင်းသောအသံဖြင့်ပြောသည်။

“မင်းမျက်နှာဖုံးဝတ်လိုက်ရင် သူနိုးထလာလိမ့်မယ်” ဟု ရှေးဟောင်းအသံကဝင်ပြောလိုက်သည်။

စုမင်က ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီးမှ ပြန်ဖြေလိုက်သည်။

“ကျုပ် အချိန်ခုနစ်ရက်လိုတယ်...”

“ကောင်းပြီ..ခုနစ်ရက်ကြာတဲ့အခါ မင်း အဲဒီမျက်နှာဖုံးကို ဝတ်ချင်တဲ့စိတ်ရှိလာရင် ငါ မင်းကို လာလက်ခံပေးမယ်...”

ရှေးကျသောအသံ၏ကရုဏာမဲ့သောအငွေ့အသက်က တစ်ပြည်လုံးကို ပျံ့နှံ့သွားခဲ့သည်။

စုမင်က ရပ်တန့်နေသောတာအိုကျေးကျွန်များကို ကြည့်ရင်း ‌စကားပြောလိုက်သည်။ ထိုစဉ်သူ့အသံမှာ မာကြောခက်ထန်နေလေသည်။

“ဒီထောင်နဲ့ချီတဲ့ တာအိုကျေးကျွန်တွေအားလုံးကို သေစေချင်တယ်”

“ကောင်းပြီ...”

ရှေးကျသောအသံက ထိုစကားလုံးနှစ်လုံးကို ပြောပြီးနောက် လေထဲမှာ ရပ်တန့်နေသည့် တာအိုကျေးကျွန်ထောင်ပေါင်းများစွာ၏မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်ကနေ ချက်ချင်း သွေးစိမ်းရှင်ရှင်ထွက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များက

ပေါက်ကွဲထွက်လာသည်။ သူတို့၏ ကြယ်တာရာဝတ်ရုံများပင်လျှင်

ဤအဖျက်စွမ်းအားကို မရပ်တန့်နိုင်ပေ။ ထို့နောက် သူတို့၏ အသွေးအသားများက နေရာအနှံ့ လွင့်စင်သွားလေသည်။

ထိုခဏတွင် ထောင်ပေါင်းများစွာသော တာအိုကျေးကျွန်များ အားလုံး သေဆုံးသွားကြသည်။

သူတို့တွင် နာကျင်စွာအော်ဟစ်သံ၊ ရုန်းကန်မှု မရှိခဲ့ပေ။

စုမင်က ခေါင်းမော့ပြီး ဟားတိုက်လိုက်သည်။ ထိုရယ်မောခြင်း၌ ရူးသွပ်မှုတစ်ခုရှိ၍ သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ထောင်ပေါင်းများစွာသော တာအိုကျေးကျွန်များက အလွန်အစွမ်းထက်သည်။ သို့သော်လည်း အမှန်တကယ်တန်ခိုးကြီးသူများ၏အမြင်တွင် အားနည်းလွန်းသဖြင့် စကားလုံးနှစ်လုံးတည်းဖြင့် ကွဲကြေပျက်စီးသွားခဲ့သည်။

ထိုအချိန်တွင် စုမင်၏စိတ်ထဲမှာ အမှန်တကယ်ပြင်းပြသောဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သွေးထွက်သံယို အမှတ်တရတစ်ခု၊ သူ့အရိုးများထဲ နက်နက်ရှိုင်းရှိုင်း ရေးထွင်းထားသော အရာတစ်ခုနှင့် သူဘယ်တော့မှ မမေ့နိုင်သော အရာတစ်ခုပင် ဖြစ်သည်။

“သူ့ကြယ်တာရာဝတ်ရုံက သူ့ကို ကာကွယ်ပေးတာမျိုး မလိုချင်ဘူး... ကျုပ်ကိုယ်တိုင် သူ့အရိုးတွေကိုချိုး.. နှိပ်စက်ပြီး သူ့ပြာတွေကို လေထဲကို လွင့်ပစ်ချင်တယ်”

ထိုအချိန်တွင် စုမင်၏ ငိုနေသော မျက်လုံးများသည် နီရဲနေပြီး တာအိုယွမ် ကို စူးစိုက်ကြည့်လာသည်။

“ကောင်းပြီ...”

ရှေးကျသော အသံက နှလုံးသားကင်းမဲ့သောအသံဖြင့် ဖြေလေသည်။ တာအိုယွမ်၏ခန္ဓာကိုယ်ပေါ်ရှိ ကြယ်တာရာဝတ်ရုံမှ ကြယ်များက ဖြည်းညှင်းစွာလည်ပတ်ပြီး ရပ်တန့်သွားသည်။

“ခုနစ်ရက်ကြာရင် မင်း ခေါ်တာကို ငါစောင့်နေမယ်..”

ထိုအသံ အဝေးသို့ တဖြည်းဖြည်း မှိန်း ဖျော့ ပျောက်ကွယ်လွင့်သွားသည်။ ထို့နောက် လောကကြီးက ပုံမှန်အတိုင်းလည်ပတ်နေပြီး နဝမမြောက်တောင်ထွဋ်၏ပျက်ဆီးမှုမှာ ဆက်လက်မဖြစ်ပွားတော့ပေ။ တာအိုကျေးကျွန်ထောင်ပေါင်းများစွာလည်း သေဆုံးပြီးကတည်းက သူတို့၏မြင့်မြတ်သောစွမ်းရည်များလည်း ပျောက်ကွယ်သွားခဲ့သည်။

နဝမမြောက်တောင်ထွဋ်မှာ အနည်းငယ် ပျက်စီးသွားသော်လည်း မြင့်မားစွာတည်ရှိနေဆဲဖြစ်သည်။

ပင်လယ်ပြင်က စတင်ရွေ့လျားပြီး လှိုင်းလုံးတွေက ကမ်းစပ်ကို တဝုန်းဝုန်းရိုက်ခတ်နေလေသည်။ အေးခဲရပ်တန့်နေသောအခြေအနေကို ဖြတ်သန်းပြီး‌နောက် ပင်လယ်လေညှင်း တဖြူးဖြူးတိုက်ခတ်လာလေသည်။ တာအိုကျေးကျွန်ထောင်ပေါင်းများစွာ၏စုတ်ပြဲနေသောအသားအပိုင်းအစများက ပင်လယ်မျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ပင်လယ်လေက ပြင်းထန်သောကြောင့် သွေးနံ့များပျောက်သွားသော်လည်း ရေပြင်တွင် သွေးနီရောင်သမ်းနေလေ၏။

ကြယ်တာရာဝတ်ရုံရှိ ကြယ်များက

မရွေ့လျားတော့ပေ။သို့သော် လောကကြီးက ပုံမှန်အတိုင်း ပြန်လည်ပတ်လာသည်။ တာအိုယွမ်ဆီမှ ကျယ်လောင်စွာ အော်သံထွက်လာပြီး သူ၏ ပိန်ပိန်ပါးပါးက ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့သည်။ သူက ကောင်းကင်၌ သေဆုံးနေသော

တာအိုကျေးကျွန်များကို ကြည့်ရင်း သူ့ခန္ဓာကိုယ်က ဒေါသတကြီး တုန်ခါလာသည်။

တာအိုကျေးကျွန်အားလုံးက သူ၏အရာရာဖြစ်သည်။မနက်ခင်းတာအိုဂိုဏ်းတွင် တာအိုကျေးကျွန်များက သူ၏အခြေခံအုတ်မြစ်ဖြစ်သည်။ သူက ထိုတာအိုကျေးကျွန်များအတွက် ကြီးမားသောအဖိုးအခကိုပေးဆပ်ခဲ့ရသည်။ ယခုတော့ သူတို့အားလုံးသေဆုံးသွားခဲ့သည်။

တာအိုယွမ်က ထိုအကျိုးဆက်ကို လက်မခံနိုင်ပေ။ ထိုလူများ၏သေခြင်းတရားက သူ့အတွက် နာကျင်ခြင်းအဖြစ်သို့ ပြောင်းလဲသွားကာ သွေးချောင်းဆိုးလိုက်ရ၏။ မကြာခင်မှာပင် သူ့တစ်ကိုယ်လုံးက တသိမ့်သိမ့် တုန်လှုပ်သွားသည်။ သူ့စိတ်ထဲတွင်အလွန်အမင်း ထိတ်လန့်မှုအပြည့် ရှိနေပြီး စုမင်က သူ့ကို သွေးဆာနေသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။

တာအိုယွမ်က ကြောက်လန့်စွာ အော်ဟစ်ရင်း နောက်ပြန်ဆုတ်သွားသော်လည်း ဒေါသူပုန်ထနေသောစုမင်က သူ့ရှေ့တည့်တည့်ပဲ ပေါ်လာသည်။

သူ၏ရက်စက်ခက်ထန်သော

အမူအရာ၊ ကြက်သွေးရောင်မျက်လုံးများနှင့် အမုန်းတရားများ ပြည့်နှက်နေသောမျက်နှာက တာအိုယွမ်၏ ထိတ်လန့်မှုကို အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။ တာအိုယွမ်က သူ၏မြင့်မြတ်သောကြယ်တာရာဝတ်ရုံကိုအရူးအမူး အသက်သွင်းခဲ့သော်လည်း အလုပ်မဖြစ်ပေ။ သူ့ဝတ်ရုံက စွမ်းအားမရှိသော သာမန်ဝတ်ရုံနှင့်တူသွားလေသည်။

စုမင်က ညာလက်ကို မြှောက်လိုက်သည် ။ သူက တာအိုယွမ်၏ ညာလက်ညိုးကို ‌ဆုပ်ကိုင်ခဲ့သည်။ တစ်ချိန်က မာနကြီးသောသခင်လေးက ထိတ်လန့်စွာ အော်ဟစ်ခဲ့သည်။ စုမင်က သူ့လက်ကို ညင်သာစွာ ညှစ်လိုက်ပြီး အရိုးကွဲအက်သံလေးတစ်ခု ထွက်ပေါ်လာသည်။ သူက တာအိုယွမ်၏ ညာလက်ညိုးကို ချိုးလိုက်သည် ။

ပြင်းထန်သော နာကျင်မှုများဖြင့် ပြည့်နှက်နေသော တာအိုယွမ်၏ အော်သံက ပို၍ပင် ကျယ်လောင်လာသည်။

“ငါ့ကိုမသတ်နဲ့..ငါ့ကိုမသတ်ပါနဲ့.. ငါက မနက်ခင်းတာအိုဂိုဏ်းရဲ့ တိုက်ရိုက်ဆင်းသက်လာသူပဲ...”

တာအိုယွမ်၏အော်သံမဆုံးခင်မှာ စုမင်က နောက်ထပ်လက်ချောင်းပြီးတစ်ချောင်း ချိုးလိုက်သည်။ တာအိုယွမ်၏ လက်ချောင်းများအားလုံး ကြေမွသွားပြီး ငယ်သံပါအောင် ငိုယိုနေလေသည်။ နောက်ပိုင်းတွင် သူ့အသံက တဖြည်းဖြည်း အားနည်းသွားသည် ။

သို့သော် စုမင်၏ရက်စက်ကြမ်းကြုတ်သောမျက်လုံးများတွင် နတ်‌ဆိုးအငွေ့အသက်များဖြင့် တောက်ပလာသည်။

“မင်းငါ့ကိုသတ်ရင် မင်းလည်း ခံစားရပြီးသေလိမ့်မယ်..မနက်ခင်းတာအိုဂိုဏ်းက ငါ့အတွက် သေချာပေါက် လက်စားချေလိမ့်မယ်.. မင်းရဲ့လူတွေကို သုတ်သင်ပစ်မယ်..မင်းလည်း သေလိမ့်မယ်...”

စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး တာအိုယွမ်၏ညာလက်မောင်းကို တစ်လက်မချင်းစီ ဖိချေလိုက်သည်။ တာအိုယွမ်၏ညာလက်မောင်းရှိ အရိုးများအားလုံးကို ကြေမွသွားသောအခါ ကွဲအက်နေသောအရိုးများက သူ့အရေပြားမှ ငေါ့ထွက်လာသည်။ တာအိုယွမ်က လွန်စွာဝေဒနာကြီးစွာ ခံစားနေရလေသည်။

တာအိုယွမ်၏အော်သံများက ပို၍ ကျယ်လောင်လာသည်။ နာကျင်မှုက သူ့ဒေါသနှင့် သူ့ကျိန်စာအားလုံးကို မေ့လျော့သွားစေခဲ့သည်။ သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး အသက်ချမ်းသာပေးရန် တဆာဆာတောင်းဆို‌နေလေသည်။

“ငါ…သွားပါရစေ...”

သို့သော် သူအသနားခံခြင်းမပြီးသေးခင် စုမင်က သူ၏ဘယ်ဘက်လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး အရိုးများကို ယခင်ပုံစံအတိုင်း‌ ချေမွခဲ့သည်။

စုမင်က သူ့ကို ချက်ချင်းမသတ်ခဲ့ပေ။ ယင်းအစား သူက တာအိုယွမ်၏ ကြယ်တာရာဝတ်ရုံကို မချွတ်သေးဘဲ တာအိုယွမ်၏ ခြေထောက်များနှင့်ခေါင်းကို နှိပ်စက်ခဲ့သည်။ စုမင်က တာအိုယွမ်၏ကြယ်တာရာဝတ်ရုံကို ချွတ်လိုက်သည်။ ထို့နောက် တာအိုယွမ်၏ ဒဏ်ရာများကို ပျောက်ကင်းစေရန် ဆေးလုံးတစ်လုံးကို ထုတ်၍ အားပျော့ပြီး ကြောက်လန့်နေသောတာအိုယွမ် ၏ပါးစပ်ထဲသို့ ပစ်ချလိုက်သည်။

ထိုဆေးလုံးက တာအိုယွမ်၏ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။၎င်းက သူ့အား အားအင်များပြည့်စေကာ သတိလစ်မေ့မျောခြင်းကို တားဆီးပေးသည်။ ထို့နောက် တာအိုယွမ်က သူ့ခန္ဓာကိုယ်မှ အရိုးများကျိုးပဲ့သောဝေဒနာကို ထပ်မံခံစားရပြီး ထိုအရိုးများက သူ့‌အရေပြားမှ ဖောက်ထွက်လာသည်။

သူ၏ ရှိုက်သံနှင့် ကျယ်လောင်သော အော်သံများက လေထဲတွင် တစ်ဖန် ထွက်ပေါ်လာပြန်သည်။ စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တုန်ရီနေသော သူ့ ခန္ဓာကိုယ်ရှေ့တွင် ရပ်လိုက်သည်။သူက တာအိုယွမ်၏ခန္ဓာကိုယ်ကို အေးခဲရပ်တန့်သွားစေပြီး တာအိုယွမ်၏ ကျောရိုးအထက်နေရာကို လှီးဖြတ်လိုက်သည်။

ဒဏ်ရာအမြောင်းလိုက်ကြီး ချက်ချင်းပေါ်လာသည်။စုမင်က တာအိုယွမ်ကို မုန်းတီးမှုကြောင့် ဒဏ်ရာကို လက်နှစ်ဘက်ဖြင့် ဆွဲဖွင့်လိုက်သည်။ စုမင် ထိုသို့လုပ်လိုက်သည်နှင့် တာအိုယွမ်က ကူပါကယ်ပါတဆာဆာအော်ဟစ်နေတော့သည်။ ပွင့်နေသောအသားအောက်တွင် သူ၏ကျောရိုးနှင့် နံရိုးနှစ်တန်းတို့က ထင်ရှားနေပြီး ကျုံ့လိုက် ချဲ့လိုက် တလှည့်စီ ဖြစ်နေသော သူ၏ နှလုံးနှင့် အဆုတ်များ မြင်တွေ့ရသည်။

စုမင်က တည်ငြိမ်သောအမူအရာဖြင့် တာအိုယွမ်၏ အဆုတ်များကို လျင်မြန်စွာ ဖျစ်ညှစ်လိုက်သည်။ ထို့နောက် အဆုတ်တစ်ခုကို လျင်မြန်စွာ ဆောင့်ဆွဲလိုက်သည်။တာအိုယွမ်၏ ရှိုက်ကြီးတငင်အော်သံများက အမြင့်ဆုံးသို့ရောက်ရှိသွားသည်။ တာအိုယွမ်က အသက်ရှူသွင်းလိုက်သည့်အခါ သူ့မျက်လုံးများ ပြူးထွက်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး ဆန့်တစ်ငင်ငင်ဖြစ်ပြီး သေဆုံးသွားခဲ့သည်။

ထို့အချိန်တွင် တာအိုယွမ်၏သိုလှောင်အိတ်က လေထဲသို့ ပျံတက်လာပြီး စုမင်က ထိုအိတ်ကိုဖမ်းယူလိုက်သည်။ထိုစဉ် စုမင်က မျက်လုံးများကို မှိတ်လိုက်ပြီးနောက် မျက်ရည်နှစ်စက်က သူ့ပါးပြင်ပေါ်သို့ စီးကျလာသည်။

All Chapters