နတ္ထိအနှစ်သာရနယ်မြေ
Vol. 54 Ch. 747
စုမင်က အဝေးသို့လျှောက်လာရင်း သူ့ခန္ဓာကိုယ်က နှင်းများဖြင့် တဖြည်းဖြည်း
ဖုံးလွှမ်းသွားသည်။ စုမင်က မျက်နှာဖုံးတပ်ထားစဉ်တွင် သူ့၏ကနဦးကျင့်ကြံစွမ်းအားက ချက်ချင်းမြင့်တက်လာပြီး အသက်လမ်းကံကြမ္မာနှောင်းပိုင်းအဆင့်မှ အောင်မြင်စွာပြီးမြောက်ခြင်းကို ရရှိခဲ့သည်။ သူ ခရီးဆက်နေရင်း သူ့ခန္ဓာကိုယ်က အသက်ဒုက္ခကျင့်စဉ်နှင့်ဆိုင်သော တည်ရှိမှုများဖြင့် ပြည့်နှက်လာသည်။
ထူထဲသောမရဏအငွေ့အသက်က သူ့ခန္ဓာကိုယ်အတွင်းထဲတွင် ကွင်းပုံစံအဖြစ်
ပြောင်းလဲသွားသည်။ စုမင်က အသက်ဒုက္ခကျင့်စဉ်တွင်ရှိနေသော်လည်း အဝေးသို့ အေးစက်စွာ ခရီးနှင်ခဲ့ပြန်သည်။
သူ လျှောက်လာစဉ် မာန်ပြည်ထောင်ရှိ
အပြာရောင်ကောင်းကင်မှာ ယင်မရဏဝဲဂယက်ကို ထုတ်ဖော်ရန် အလွှာတစ်ခုပြီးတစ်ခု ဆုတ်ခွာသွား၏။ ထိုဝဲဂယက်က ဖြည်းညင်းစွာ လှည့်ပတ်နေပြီး ကျယ်လောင်သောအသံများ ထွက်လာသည်။
ထိုအသံများက လေထဲတွင် တဟုန်ထိုး မြည်ဟည်းနေပြီး မည်သူမှ နားမလည်နိုင်သောကြွေးကြော်သံကို အော်ဟစ်နေသလို ခံစားရလေ၏။
မကြာခင်မှာပင် ကောင်းကင်ရှိ ဝဲဂယက် ပို၍လျင်မြန်စွာ လည်ပတ်လာသည်။ သူ့ပတ်ဝန်းကျင်ရှိကျဆင်းနေသော နှင်းများနှင့် လေဝဲဂယက်ကြားတွင် စုမင်က ခေါင်းမော့လိုက်သည်။ သူဝတ်ထားသည့် အနက်ရောင်မျက်နှာဖုံးက မယုံနိုင်လောက်အောင် အေးစက်နေပြီး သူ့အကြည့်များက သနားညှာတာစိတ်ကင်းမဲ့မှုနှင့် ပြည့်နှက်နေသည်။
သူက အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားလေသည်။ ထိုအခိုက်အတန့်တွင် သူထံမှ အေးစက်မှုအပြင် အသက်လမ်းကျင့်စဉ်စွမ်းအားကလည်း ပျံ့လွင့်လာသည်။ သူက ကောင်းကင်ရှိ ဝဲဂယက်ဆီသို့ ဖြည်းညှင်းစွာ ပျံတက်သွားလေသည်။
“ကြိုဆိုပါတယ်..ယင်မရဏတစ်ပိုင်းတစ်စလောကရဲ့ ပါရမီရှင်ကလေး.. ခုနစ်ရက်မပြည့်ခင် မျက်နှာဖုံးကို ၀တ်ထားမယ်လို့ မထင်ထားမိဘူး...”
“ဆူညံလိုက်တာ..”
မျက်နှာဖုံးစွပ်ထားသောစုမင်က အေးစက်စွာ စကားဖြတ်ပြောလိုက်သည်။ သူ့စကားထဲရှိအေးစက်မှုများက ဝဲဂယက်များကို ခေတ္တရပ်တန့်သွားစေလေသည်။ သို့သော် သူ့လေသံမှာ ခံစားချက်မဲ့နေပြီး ခဏအကြာတွင် ကျယ်လောင်စွာ တဟားဟားရယ်မောလိုက်သည်။
“ ကောင်းတယ်..မျှော်လင့်ထားသလိုပဲ.. ယင်မရဏလောကရဲ့ပါရမီရှင်လေးက
ခံစားနိုင်စွမ်းနဲ့ နာကျင်မှုကင်းမဲ့သွားပြီ.. မင်းအတွက်လမ်းဖွင့်ပြီး နတ္ထိအနှစ်သာရနယ်မြေကို ပို့ပေးမယ်...ဒီမှော်အစီအရင်က ယင်မရဏတစ်ပိုင်းတစ်စလောကမှာ နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ စွမ်းအားတွေကိုသုံးရမှာ... မင်း အောင်မြင်အောင်လုပ်နိုင်မယ်လို့ထင်တယ်ကွာ...ဟားးး”
ထိုအသံအိုကြီး ရယ်မောလိုက်စဉ် ယင်မရဏဝဲဂယက်က ကောင်းကင်တွင် လျင်မြန်စွာ လှည့်ပတ်နေတော့သည်။
မကြာခင်မှာပဲ ဝဲဂယက်၏ အလယ်မှာ တွင်းနက်ကြီးတစ်ခု ပေါ်လာလေသည်။
ထိုတွင်းနက်ကြီးက အနက်ရောင်ဖြစ်ပြီး အတွင်းထဲတွင် ခရမ်းရောင်လျှပ်စီးကြောင်းများကူးလူးယှက်နွယ်နေလေ၏။စုမင်က ခရီးဝေးမသွားခင် သူ့အောက်ရှိ မာန်ပြည်ထောင်တစ်ခုလုံးကို ခြုံငုံကြည့်နေလေသည်။သူ့အကြည့်က အနောက်ဘက်မဟာမိတ်နယ်မြေကနေ တောင်ပိုင်းအရုဏ်ဦးနယ်မြေဆီသို့ ရောက်ရှိသွားလေသည်။ ထိုစဉ် သူ နဝမမြောက်တောင်ထွဋ်ကို ရေးရေး မြင်ရလေသည်။
ဒုတိယအစ်ကိုက ဂူထဲမှ ထွက်လာသည်ကိုမြင်လိုက်ရလေသည်။ ဟူကျီက သူ့နောက်တွင် ရှိနေပြီး အစ်ကိုကြီးလည်း ဆိုးရွားသောအခြေအနေမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သို့သော် စုမင်၏အကြည့်များက အေးစက်ခက်ထန်နေလေ၏။ ထို့ကြောင့် သူနှင့်ရင်းနှီးသူအားလုံးအတွက် သူစိမ်းဆန်သူတစ်ယောက်လိုဖြစ်လာလေသည်။ စုမင်က ခေါင်းပြန်လှည့်ပြီး မြေပြင်ကို မကြည့်တော့ပေ။သူက အလင်းတန်းရှည်အဖြစ်သို့ပြောင်းလဲကာ တွင်းနက်ထဲကို တစ်ဟုန်ထိုးပြေးဝင်သွားလေသည်။
သူ့နောက်မှ ကြိုးကြာငှက်က စူးစူးဝါးဝါးအော်သံကိုထုတ်လွှတ်ကာ တွင်းထဲသို့ လိုက်ပါလာလေသည်။
နတ္ထိအနှစ်သာရနယ်မြေက ကြီးမားကျယ်ပြန့်သောနဂါးငွေ့တန်းထဲတွင် တည်ရှိခဲ့သည်။ ထိုနေရာက ယင်မရဏနယ်မြေ၏အစိတ်အပိုင်း မဟုတ်ပေ။ ပို၍တိကျစွာပြောရလျှင် ၎င်းက စစ်မှန်သောလောကြီးလေးခုထဲတွင်တည်ရှိရာ တောက်ပသောယန်နယ်မြေနှင့် နဂါးငွေ့တန်းတူတူပင်ဖြစ်သည်။
ဤနေရာတွင် မဟာလောကကြီးလေးခုထဲရှိရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ကျူးလွန်သော်လည်း သတ်ဖြတ်ရန် ခက်ခဲလွန်းသော အသူရာနတ်ဘုရားများကို ထားရှိရာနေရာဖြစ်သည်။ ထိုနေရာတွင် ရက်စက်လွန်းသောမိစ္ဆာကြီးများရှိလေသည်။မဟာလောကကြီးလေးခုမှ အနှစ်ငါးထောင်လျှင် တစ်ကြိမ် အလှည့်ကျဖြင့် နတ္တအနှစ်သာရနယ်မြေကို တိုက်ခိုက်နှိမ်နင်းရလေသည်။
ထိုစစ်တပ်က အသူရာနတ်ဘုရားများ လောကကြီးလေးခုသို့ပြန်မလာနိုင်စေရန်သာမက နတ္ထိအနှစ်သာရနယ်မြေမှ ဂြိုဟ်သားမျိုးနွယ်စုများဝင်ရောက်မလာစေရန် ကြိုးပမ်းခဲ့ကြသည်။
နတ္ထိအနှစ်သာရနယ်မြေရှိ နဂါးငွေ့တန်းအတွင်း စွန့်ပစ်ထားသောကျင့်ကြံခြင်း
ဂြိုဟ်များစွာ တည်ရှိလေသည်။ ပြင်းထန်သောအဆိပ်ငွေ့များက နဂါးငွေ့တန်းတစ်ခုလုံးတွင် ပြည့်နှက်နေလေ၏။အဆိပ်၏ အစွမ်းအာနိသင်က အားနည်းသော သူများကို ပုပ်ပွ၍ သေစေရန်လုံလောက်သည်။
နတ္ထိအနှစ်သာရနယ်မြေက မယုံနိုင်လောက်အောင် ကြီးမားကျယ်ပြန့်၏။သို့သော် ထိုနယ်မြေ ကျယ်ပြန့်ပုံကို သိသူနည်းပါးလေသည်။ တစ်ချိန်က အဆီအနှစ်ပြည့်ဝသောမြေဆီလွှာရှိခဲ့သော်လည်း မဟာလောကကြီးလေးခုနှင့် ဂြိုဟ်သားမျိုးနွယ်စုတို့ကြား စစ်ပွဲကြောင့် ကျက်တီးမြေလုံးလုံးဖြစ်ခဲ့ရသည်။
နတ္ထိအနှစ်သာရနယ်မြေသို့သွားသည့်
ဝင်ပေါက်များစွာရှိသော်လည်း ထွက်ပေါက်တစ်ခုသာ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုထွက်ပေါက်တွင် မဟာလောကြီးလေးခုမှဖန်တီးထားသော ချိပ်တံဆိပ်တစ်ခုရှိလေသည်။ ထိုချိိပ်တံဆိပ်က မဟာလောကကြီးလေးခုမှ အင်အားကြီးစစ်သူရဲများ စုဝေးရာနေရာဖြစ်၏။
ထိုနေရာက လျှိုမြောင်တစ်ခုလိုဖြစ်ပြီး နတ္ထိအနှစ်သာရနယ်မြေမှ ရောက်လာသော တိုက်ခိုက်မှုများစွာကို ခံနိုင်ရည်ရှိသည်။
၎င်းက ကျင့်ကြံခြင်းဂြိုဟ်ပေါင်းထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော လျှိုမြောင်တစ်ခုဖြစ်၏။
စစ်သူရဲများက နတ္တိအနှစ်သာရနယ်မြေကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားနိုင်သော မှော်အစီအရင်ကြီးကို ဖွဲ့စည်းခဲ့လေသည်။
တကယ်တော့ ထွက်ပေါက်တွင် အစွမ်းထက်ဖိနှိမ်နိုင်သောစွမ်းရည်တစ်ခုရှိခဲ့၏။ နတ္ထိအနှစ်သာရနယ်မြေမှဂြိုဟ်သားမျိုးနွယ်စုများကို ခုခံရန် အသုံးပြုသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။
မဟာလောကကြီးလေးခုမှ ပြင်းထန်သောရာဇ၀တ်မှုများကျူးလွန်ခဲ့သော အသူရာနတ်ဘုရားများ၊ ရာဇဝတ်သားများက ပြစ်ဒါဏ်အနေဖြင့်နတ္ထိအနှစ်သာရနယ်မြေမှဂြိုဟ်သားမျိုးနွယ်စုများကို တိုက်ခိုက်ရန် ဤနေရာသို့ နှင်ထုတ်ခံခဲ့ရသည်။ ထိုသူများက နတ္ထိအနှစ်သာရနယ်မြေမှမျိုးနွယ်ဝင်နှင့်အပြိုင် စွမ်းအားအရင်းအမြစ်များကို ရှာဖွေရ၏။ အသက်ရှင်သန်နိုင်အောင် ကြိုးစားနေထိုင်ကြရသည်။
သူတို့၏ဆန္ဒမှာ နတ္ထိအနှစ်သာရနယ်မြေတွင် အသက်ရှင်နိုင်ခြင်းဖြစ်သည်။သူတို့ အသက်ရှင်နိုင်မှသာလျှင် အဆုံးမဲ့အခွင့်အရေးများ ရှိလိမ့်မည်။ သို့သော် စွမ်းအားအရင်းအမြစ်များမရှိခြင်း၊ အစားအစာမရှိခြင်းနှင့် ဝိညာဉ်ရေးစွမ်းအားများ မငြိမ်မသက်မှုများကြောင့် ဆိုးရွားသောတိုက်ပွဲများ မကြာခဏဖြစ်လာသည်။
ထိုပုံစံမျိူးကို မဟာလောကကြီးလေးခုက မြင်ချင်ပြီး တကယ်ဖြစ်လာလျှင်လည်း
အလွန်ဝမ်းသာကြလိမ့်မည်။ သူတို့အထင်တော့ ထွက်ပေါက်ကို ချိတ်ပိတ်ပြီး ရာဇ၀တ်ကောင်များကို မကြာခဏ စေလွှတ်နေသရွေ့ ဤနေရာက တဖြည်းဖြည်း ပျက်စီးသွားလိမ့်မည်ဟု ထင်ခဲ့ကြ၏။
ဤအစီအစဥ်က ထွက်ပေါက်မရှိဟုထင်ရပြီး မဟာလောကကြီးလေးခုက မရေမတွက်နိုင်သောနှစ်များစွာ စောင့်ကြည့်နေခဲ့ကြသည်။ သို့သော် လွတ်ပေါက်များက နည်းမျိုးစုံဖြင့် တဖြည်းဖြည်းပြည့်လာခဲ့ပြီး ဤနေရာကို ငရဲတစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤနေရာက တကယ်ငရဲဧကန်ပင်... လူတစ်ဦးကို နတ်ဘုရားဖြစ်လာအောင် ကူညီပေးမည့် အရင်းအမြစ်များ ရှားပါးသောလှောင်အိမ်တစ်ခုဖြစ်သည်။မရေမတွက်နိုင်သောနှစ်များအတွင်း စစ်မှန်သောလောကကြီးလေးခုနှင့်ဂြိုဟ်သားမျိုးနွယ်များစုကြား တိုက်ပွဲနှင့် သေဆုံးမှုများက ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် နတ္ထိအနှစ်သာရနယ်မြေကို အကန့်အသတ်မဲ့မရဏအရှိန်အဝါများဖြင့် ပြည့်နှက်စေခဲ့၏။ ဤနေရာရှိ သိပ်သည်းဆက ယင်မရဏနယ်မြေနှင့်မတူညီသော်လည်း ကွာခြားချက်မှာ ကြီးကြီးမားမားမဟုတ်ပေ။
ဤနေရာရှိမရဏအရှိန်အဝါက ယင်မရဏနယ်မြေထက် ပို၍ထူထဲသော နေရာအချို့ရှိသည်။ အလားတူပင် မရဏ အရှိန်အဝါ ပါးလွှာသောနေရာအချို့လည်း ရှိ၏။
စုမင်က သွေးနီရောင်ရှိသောမြေပြင်ပေါ်တွင် လှဲနေလိုက်သည်။ ညှိစော်နံသော်သွေးနံ့နှင့် မည်သူမဆို မအီမသာဖြစ်စေမည့်အပူရှိန်က လေထုထဲတွင် ပူပြင်းစွာ ပြည့် နေလေသည်။ ဤသည်မှာ မီးတောင်များဖြင့်ပြည့်နေသော စွန့်ပစ်ကျင့်ကြံခြင်းဂြိုဟ်ကြီးပင်ဖြစ်သည်။ထို့ပြင် ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေသောကြောင့် တစ်စုံတစ်ယောက်က အသက်ရှုရှိုက်လိုက်ရုံဖြင့် ခန္ဓာကိုယ်ပါမီးလောင်ပြာကျသွားမည့်အခြေအနေမျိုးဖြစ်သည်။
စုမင်က ထိုနေရာကို ပထမဆုံးရောက်ဖူးပြီး သုံးရက်ကြာလဲလျောင်းနေခဲ့သည်။ နတ္ထိအနှစ်သာရနယ်မြေတွင် အဆိပ်ပြင်းသောလေထုနှင့် ပါးလွှာသောမရဏအငွေ့အသက်များရှိခြင်းကြောင့် နေထိုင်ရန်မသင့်တော်ပေ။ သို့သော် လူနေထိုင်နိုင်သည့်နေရာတစ်ခုအဖြစ် အနည်းငယ် လက်ခံနိုင်သေးသည်။
သို့သော် ပါးလွှာသောမရဏအငွေ့အသက်ကြောင့် စုမင်က သူ့ခန္ဓာကိုယ် အရည်ပျော်သွားသလို ခံစားလိုက်ရပြီး သူ့ထံမှ အနက်ရောင်အရှိန်အဝါများစွာ စိမ့်ထွက်လာသည်။ဤနေရာရှိ မရဏအရှိန်အဝါသိပ်သည်းဆသည် မထူမပါးဖြစ်နေသောကြောင့် ယင်မရဏနယ်မြေမှ ဆင်းသက်လာသော သူ့ခန္ဓာကိုယ်က ထိုအခြေအနေကို ကျင့်သားမရသေးပေ။ သူ့တွင်ဖြစ်ပေါ်လာသောအရာက အိုမင်းရင့်ရော်ခြင်းဖြစ်သည်။
ထိုစဉ် နာကျင်မှုက စုမင်၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားပြီး သူ့ကို ဒီရေလှိုင်းများကဲ့သို့ နစ်မြုပ်သွားအောင်လုပ်နေလေ၏။သူက တိမ်ထူသောကောင်းကင်ကို ငြိမ်သက်စွာ ကြည့်နေသည်။ ထို့ပြင် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုကို မခံစားတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့၏နာကျင်ခံစားနိုင်စွမ်းက ပျောက်ဆုံးသွားသောကြောင့်ဖြစ်၏။
ဤနေရာရှိကောင်းကင်ကြီးက ရှင်းလင်းမနေဘဲ စုမင် တခါမှ မခံစားဖူးသော စစ်မှန်သောခံစားချက်ကို ပေးစွမ်းသည်။ ထိုအရာက ကြယ်များဖြင့်ပြည့်နေသောကောင်းကင်ကြီးဖြစ်ပြီး မာန်ပြည်ထောင်အထက်ယင်မရဏဝဲဂယက်၌ပုံဖော်ထားသော ကောင်းကင်ကြီးမဟုတ်ပေ။
စုမင်၏ခန္ဓာကိုယ်အိုမင်းရင့်ရော်ခြင်းနှင့်အရည်ပျော်ခြင်းတို့က သုံးရက်ကြာခဲ့သည်။ ထိုနေရာရှိ အဆိပ်ပြင်းသောလေထုက စုမင်၏အဝတ်အစားများကို စုတ်ပြဲသွားစေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာစဉ်
ကြောက်စရာကောင်းသောအနာဖုကြီးများ တဖြည်းဖြည်း ပေါ်လာသည်။
သို့သော် စုမင်က ထိုအရာကို လုံးဝသတိမထားမိပုံရသည်။ သူက ကောင်းကင်ကို မော့ကြည့်ရင်း ဆက်လဲလျောင်းနေခဲ့သည်။ သူ့အတွေးများကို မည်သူမျှ မသိနိုင်ခဲ့ပေ။ သူ့မျက်နှာပေါ်ရှိမျက်နှာဖုံးကသူ၏ အရေပြားထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပြီး သူနှင့်တစ်သားတည်းဖြစ်သွားလေဧ။။် ထိုမျက်နှာဖုံးက ပျောက်သွားသယောင်ထင်ရသော်လည်း စုမင်၎င်း၏တည်ရှိမှုကို ခံစားနိုင်သည်။ ထို့နောက် စုမင်၏ဖြူဖျော့ဖျော့မျက်နှာ ပေါ်လာသည်။
ထိပ်ပြောင်ကြိုးကြာငှက်က အနီရောင် ကျောက်တုံးပုံစံဖြင့် ဘေးတွင် လဲလျောင်းနေ၏။ထိုကျောက်တုံးကြီးပေါ်တွင် စုမင်ကို စိုးရိမ်တကြီးစိုက်ကြည့်နေသော မျက်လုံးတစ်စုံရှိသည်။ ဤနေရာရှိ အဆိပ်ပြင်းသောလေထုက ထိပ်ပြောင်သောကြိုးကြာငှက်ကို အလွန်အမင်း စိတ်မသက်မသာဖြစ်စေသော်လည်း စုမင်ကဲ့သို့ အရည်ပျော်ပြီး အိုမင်းရင့်ရော်ခြင်းမခံစားခဲ့ရပေ။
သို့သော် ငှက်က ကျောက်တုံးပုံစံပျောက်ခဲ့သောကြောင့် ဤနေရာနှင့် အလွန်ရင်းနှီးသည်ဟု ခံစားရလေ၏။တစ်စုံတစ်ယောက်က သူ့ပုံစံကိုသတိပြုမိပါက အလွန်ဆိုးဝါးသောအဆုံးသတ်သွားမည်ဖြစ်သည်။
ထို့ကြောင့် သူက စုမင်အနားတွင် ဤပုံစံဖြင့်နေရန် အလိုလိုရွေးချယ်ခဲ့သည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး သုံးရက်မြောက်ညနေစောင်းသို့ရောက်ရှိလာ၏။ လောကကြီး၏အပူရှိန်နှင့်အဆိပ်ပြင်းလေထုက အနည်းငယ်လျော့ကျသွားသောအခါ စုမင်၏မျက်လုံးထဲတွင် ဖျတ်ခနဲလင်းလက်လာသည်။ သူက အဝေးက ကောင်းကင်ကို အေးစက်စွာ မော့ကြည့်လိုက်သော် ကျောက်တုံးပေါ်ရှိငှက်မျက်လုံးများက လျင်မြန်စွာ ပြန်ပိတ်သွားလေ၏။
မကြာမီ အဝေးမှ လျင်မြန်သော ခြေသံများ ထွက်ပေါ်လာသည်။ ပိန်ပိန်ပါးပါး လူရှစ်ယောက် လှုပ်ရှားနေပုံရ၏။ ထိုလူများက သူတို့ကိုယ်သူတို့ ထုတ်ဖော်လိုက်သောအခါတွင် သူတို့၏ပခုံးထက်တွင်အလောင်းများကို တင်ဆောင်လာသည်ကို စုမင် မြင်လိုက်ရလေ၏။
အုပ်စုခေါင်းဆောင်ဖြစ်သော လူလတ်ပိုင်းအရွယ်က အရိုးပေါ်အရေတင်ခန္ဓာကိုယ်ရှိသော်လည်း ပုပ်ပွနေသောအလောင်းကောင်ကို ထမ်းလာလေသည်။ ထိုစဉ် သူ့မျက်လုံးများက ဖျတ်ခနဲလင်းလက်လာပြီး တုံ့ခနဲ ရပ်တန့်သွားသည်။ ထို့ကြောင့် သူ့နောက်မှ လူခုနစ်ယောက်လည်း ရပ်တန့်သွားသည်။
လူလတ်ပိုင်းအရွယ်အမျိုးသားက ခရမ်းရောင်၀တ်ရုံရှည်ကို ၀တ်ဆင်ထား၏။ ထိုဝတ်ရုံပေါ်တွင် အနာအဆာများစွာရှိပြီး နဂိုကတည်းက ထိုလူ၏ပိုင်ဆိုင်မှုမဟုတ်သည်မှာ ထင်ရှားလေ၏။
သူက သွားလာနေတာကို ရပ်လိုက်ပြီး အဝေးက လဲလျောင်းနေတဲ့ စုမင် ကို လှမ်းကြည့်လိုက်သည်။ ထိုစဉ် သူ့နောက်ကလူက အလောင်းကိုပစ်ချရင်း စုမင်ဆီသို့ အရှိန်တင်လိုက်လေသည်။
သူက အလွန်လျင်မြန်သောကြောင့် ပေထောင်ပေါင်းများစွာ အကွာအဝေးကို ချက်ချင်းနီးကပ်လာသည်။ စုမင်ထက်မနိမ့်သော စွမ်းအားလှိုင်းများက သူ့ပတ်ဝန်းကျင်မှာ လှည့်ပတ်နေလေသည်။
ထိုလူက ပိန်ပါးပြီး ကျောဘုပါသောအဘိုးအိုဖြစ်ပြီး စုမင်ကို ကြည့်ပြီး ရုတ်တရက် ရယ်မောမိတော့သည်။
“ခေါင်းဆောင်...ဒီမှာ ကျုပ်တို့နတ်ဘုရားကို ဆက်သလို့ရနိုင်လက်ဆောင်တစ်ခုရှိနေတယ်..သူက သေတောင်မသေသေးဘူး...”