လက်ဆောင်
Vol. 54 Ch. 748
စုမင်က အဖိုးအိုကို အေးစက်စွာ ကြည့်နေသည်။ သို့သော် သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဘဲ ငြိမ်နေလေ၏။ မရဏအရှိန်အဝါကင်းမဲ့မှုကြောင့် သူက လူငယ်တစ်ယောက်လို မဟုတ်တော့ဘဲ အိုမင်းရင့်ရော်သောမျက်နှာနှင့် အဘိုးအိုတစ်ဦး ဖြစ်ခဲ့ရ၏။
သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများစွာကို ဖုံးလွှမ်းသွားသောအနာဖုကြီးများက သူ့ကို ကြောက်မက်ဖွယ်အသွင်ဖြစ်စေခဲ့သည်။
အကယ်၍ စုမင်ကို မည်သူမှ မနှောက်ယှက်ခဲ့လျှင် သူ့လက်ရှိအခြေအနေပေါ်မူတည်ပြီး ဤနေရာရှိရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်အောင် လှုပ်ရှားသွားလာနိုင်ရန် တစ်လခွဲလောက် လိုလိမ့်မည်။ ဆိုလိုတာက သူ့ခန္ဓာကိုယ်ထဲရှိမရဏအငွေ့အသက်လျော့နည်းခြင်းကြောင့် သူမသေနိုင်ပေ။
စုမင်၏လက်ရှိခန္ဓာကိုယ်က မရဏ အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသည်။ဤနေရာမှာ အမှန်တကယ်တည်ရှိနေသည့်အရာက သူ့ဝိညာဉ်သာဖြစ်ပြီး အဆိပ်သင့်သောလေထုက သူ့ဝိညာဉ်ကို မထိခိုက်စေနိုင်ပေ။ စုမင်၏ခန္ဓာကိုယ်အတွင်းရှိမရဏအငွေ့အသက်များနှင့် အဆိပ်ပြင်းလေထုထိတွေ့မိသောအခါ သူ့ခန္ဓာကိုယ်တွင် ဖောင်းကြွလာသောအနာဖုကြီးပေါ်ပေါက်လာသည်။
သူ့အတွက်အကြီးမားဆုံး ထိခိုက်မှုမှာ ဤနေရာ၌ ယင်မရဏအငွေ့အသက်အလွန်ပါးလွှာနေခြင်းဖြစ်သည်။
အဖိုးအို၏အသံက အဝေးရှိ လူခုနစ်ဦးထံ ရောက်သွားသည့်အခါ စုမင်အနားသို့ချက်ချင်းနီးကပ်လာ၏။သူတို့ လှမ်းလာခဲ့သည့် အရှိန်ကြောင့် စုမင်၏ မျက်လုံးများကို သိသိသာသာပင် ကျဉ်းမြောင်းသွားစေသည်။
လူခြောက်ယောက်၏ကျင့်ကြံဆင့်က စုမင်နှင့်တူညီလေသည်။
ခရမ်းရောင်ဝတ်ရုံနှင့်လူမှ ပျံ့နှံ့ထွက်လာသော ပြင်းထန်သောဖိအားကြောင့် ထိုသူက ဒုတိယအဆင့်၏ အထွတ်အထိပ်တွင် အစွမ်းထက်စစ်သည်တော်ဖြစ်ကြောင်း ထင်ရှား၏။ သူက လောကမှော်ယာဉ်ပျံအရှင်သခင်ဖြစ်ရန်ခြေတစ်လှမ်းသာကျန်တော့သည်။
ခရမ်းရောင်ဝတ်ရုံနှင့်လူက ဆောင့်ကြောင့်ထိုင်ကာ စုမင်၏နှလုံးသားအထက်နေရာကို စမ်းကြည့်ရန် လက်မြှောက်လိုက်သည်။ခဏအကြာတွင် သူ့လက်ကို ပြန်ရုတ်လိုက်သည်။
“အဆိပ်ပြင်းလေထုက သူ့ကို တိုက်ခိုက်ပြီး မရဏအငွေ့အသက်တွေက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားတယ်..ဒီလိုနာကျင်မှုမျိုးကို တခြားသူတွေ ခံနိုင်ရည်ရှိဖို့ ခက်ခဲတယ်...အနည်းဆုံးတော့ သူ့စိတ်ဆန္ဒက အစွမ်းထက်နေတယ်..ဒီဒဏ်ရာတွေကြားမှ သူတကယ်ပဲ အသက်ရှင်နေနိုင်ခဲ့တာပဲ... သူ့ရဲ့ခန္ဓာကိုယ်ထဲကို မရဏအငွေ့အသက်တွေဝင်ရုံနဲ့ ပြန်ကောင်းဖို့ဆိုတာ ခဲယဉ်းတယ်.. မဟုတ်ရင်တော့ သူက တကယ့်လူတော်ပဲဖြစ်ရမယ်...”
ခရမ်းရောင်ဝတ်ရုံနှင့်လူက စကားစပြောလိုက်သည်။ ထို့နောက် သူ ထရပ်ပြီး စုမင်၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“သူ့ကိုယ်ပေါ်မှာ သိုလှောင်အိတ်လည်း ရှာမတွေ့ဘူး...”
စုမင်၏ သိုလှောင်အိတ်က သူ့ခန္ဓာကိုယ်ပေါ်တွင် အမှန်တကယ်မရှိပေ။ ထိပ်ပြောင်ကြိုးကြာငှက်က ကျောက်တုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားစဉ်
စုမင်၏ သိုလှောင်အိတ်ကို သွက်လက်စွာယူထားခဲ့သည်။ ငှက်က ကျောက်တုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသဖြင့် မည်သူမျှ မမြင်နိုင်ပေ။
“ငါတို့နတ်ဘုရားက ဒီလက်ဆောင်ကိုကြိုက်လောက်တယ်...”
ခရမ်းရောင်ဝတ်ရုံနှင့်လူက အဝေးသို့ လှမ်းကြည့်လိုက်သည်။ ပိန်ပိန်ပါးပါးအဘိုးကြီးက တခစ်ခစ်ရယ်ပြီး စုမင်ကို
သူ့ပုခုံးပေါ်တင်လိုက်လေသည်။ စောစောက သူ မြေပြင်ပေါ်မှာ ချထားသော အလောင်းကို ညာလက်နှင့် ဖမ်းဆွဲပြီး ပြေးသွားလေသည်။
သူတို့နောက်ရှိ ကျောက်တုံးပုံစံပြောင်းထားသောငှက်က ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် ၎င်းက ဂရုတစိုက်လှုပ်ရှားကာ သူတို့နောက်သို့ လျင်မြန်စွာ ခိုးလိုက်လာသည်။
လူအုပ်စုက အမှောင်ထုကိုဖြတ်၍ ခရီးနှင်ကြလေသည်။ လမ်းတွင် မည်သူမျှ စကားမပြောကြဘဲ ပတ်ဝန်းကျင်ကို ရံဖန်ရံခါ သတိဖြင့် ကြည့်နေကြသည်။
ညအချိန်၌ စွန့်ပစ်ကျင့်ကြံခြင်းဂြိုဟ်ရှိမီးတောင်ပေါက်ကွဲမှုများမှာ နေ့ဘက်အချိန်ထက် အားနည်းလေ၏။ လရောင်အောက်တွင် အဆိပ်ရှိသောလေထုက အနည်းငယ်ပြန့်ကျဲသွားပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေသောမြူအလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ခရမ်းရောင်၀တ်ရုံနှင့်လူ၏ ဦးဆောင်မှုအောက်တွင် လူအုပ်စုက နာရီပေါင်းများစွာ မရပ်မနား ခရီးနှင်ခဲ့သည်။ ညသန်းခေါင်ကျော်ခါနီးတွင် မီးတောင်ကြီးတစ်ခု၏ခြေရင်းသို့ ရောက်ရှိလာကြ၏။
၎င်းက ပေသန်းပေါင်းများစွာ အရွယ်အစားရှိ မီးတောင်ဖြစ်ပြီး
မိုးတိမ်ထိ ထိုးထွက်နေလေသည်။ ထို့ပြင် မီးတောင်ထိပ်ဝကိုလည်း မထင်ရှားစွာ မြင်ရလေဧ။။် ထိုအချိန်တွင် ကောင်းကင်သို့ မီးခိုးမည်းများ တငွေ့ငွေ့တက်သွားပြီး ရက်စက်ကြမ်းကြုတ်သောသားရဲများ၏ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ခြေလှမ်းများက ရပ်တန့်သွားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့မျက်နှာက သတိကြီးကြီးထားနေဟန် ပိုပေါ်လာ၏။ သူ့နောက်ရှိလူများကလည်း အန္တရာယ်ကြီးတစ်ခုကိုတွေ့လိုက်ရသကဲ့သို့ တူညီသောအမူအရာရှိတကြသည်။
စုမင်၏မျက်နှာက တည်ငြိမ်နေ၏။ သူက မျက်လုံးကို ဖွင့်ပြီး မီးတောင်ကို ကြည့်လိုက်သည်။ သူ့အလောင်းကို မီးတောင်၏အဝဆီသို့ အရှိန်တင် နေသော ပိန်ပိန်ပါးပါးအဘိုးအိုက သယ်ဆောင်သွားခဲ့သည်။
ကြီးမားလှသောမီးတောင်အဝနားသို့ ရောက်သောအခါတွင် အော်သံတစ်ခု ချက်ချင်းထွက်လာသည်။
“ဘယ်သူလဲ..’
ခရမ်းရောင်ဝတ်ရုံနှင့်လူက လက်သီးကို လက်ဖဝါးနှင့် ပတ်ပြီး ရိုသေစွာပြန်ဖြေလေ၏။
“ယွဲ့ဟုန်ပန့်ပါ အရှင်...”
ထိုစကားကိုပြောပြီးနောက် ခရမ်းရောင်ဝတ်ရုံနှင့်လူက မီးတောင်အဝဆီသို့ ဦးတည်သွားခဲ့သည်။ သူ့နောက်က လူခုနစ်ယောက်က ချက်ချင်းနောက်ကလိုက်လာ၏။ သူတို့ နီးကပ်လာသောအခါ မီးတောင်အဝနားတွင် လူတစ်ရာနီးပါး ရှိနေသည်ကို စုမင်မြင်လိုက်ရသည်။
လူအများစုဟာ ပိန်ချုံးချည့်နဲ့နေသော်လည်း သူတို့၏မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။ ထူးဆန်းတာက ဤလူအားလုံးက အလောင်းကို ပုခုံးပေါ်မှာ ထမ်းထားလေဧ။။် ထို့ပြင် ပခုံးပေါ်မှာ အလောင်းလေးငါး လောင်းလောက် ထမ်းလာသူများတောင်ရှိသေး၏။
ယွဲ့ဟုန်ပန့် ရောက်ရှိလာခြင်းမှာ လူအများအာရုံစိုက်ခြင်းကို ခံခဲ့ရသော်လည်း သူ၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ သူက သူ့နောက်ကလူများကို နောက်သို့နည်းနည်းဆုတ်ခိုင်းလေသည်။ သူ့မျက်လုံးက ဖျတ်ခနဲတောက်ပလာပြီး သူ့ဘက်သို့ လှည့်ကြည့်နေသော လူများကို အေးစက်စွာ ကြည့်လိုက်၏။
စုမင်၏မျက်လုံးများတွင်လည်း အလင်းရောင်တစ်ခု လင်းလက်လာသည်။ ဤနေရာရှိ လူတစ်ရာနီးပါးက အားမနည်းကြပေ။ သူတို့အထဲမှာ အားအနည်းဆုံးတောင်မှ ဒုတိယအဆင့်၏ ကနဦးအဆင့်မှာ ရှိနေ၏။သူတို့ထဲကတစ်ယောက်မှ ဒုတိယအဆင့်အောက်တွင်
မရောက်ခဲ့ပေ။
တကယ်တော့ စုမင်က ခရမ်းရောင်ဝတ်ရုံနှင့်လူကဲ့သို့ ဒုတိယအဆင့် အထွတ်အထိပ်သို့ရောက်နေသော
လူခုနစ်ဦးခန့်ကို တွေ့လိုက်ရသည်။
ထိုလူများ ဤနေရာတွင် ရှိနေရသည့်အကြောင်းရင်းကို မသိသော်လည်း သူ့အကြည့်က မီးတောင်ဝနားတွင် တဝဲဝဲလည်လည်ဖြစ်နေလေသည်။
မီးတောင်အတွင်းက ဘာမှမမြင်ရအောင် ပိန်းမှောင်နေလေသည်။ အနက်ရောင် မီးခိုးငွေ့များသာ ကောင်းကင်သို့ တလိပ်လိပ်တက်လာခဲ့၏။သို့သော် ရံဖန်ရံခါ သားရဲဟိန်းဟောက်သံများကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ထိုအသံမှ နှလုံးသားကို ကြောက်ရွံ့ထိတ်လန့်စေမည့် ပြင်းထန်သော ဖိအားကို ထုတ်လွှတ်လေဧ။။်
“ကောင်းပြီ၊ အချိန်စေ့ပြီ.. ဒီမှာရှိသင့်တဲ့သူတွေလည်း ရောက်ကုန်ကြပြီ.. ဒီမှာမရှိတဲ့သူတွေကတော့ ကိစ္စတစ်ခုခုနဲ့ကြုံနေတာဖြစ်မယ်...”
အနီးနားတစ်ဝိုက်ရှိ လူများက တိတ်ဆိတ်နေချိန်တွင် အနက်ရောင်ဝတ်ရုံကို၀တ်ဆင်ထားသောဆံဖြူအဘိုးကြီးတစ်ဦးက စကားစပြောလေ၏။
သူ့နောက်ရှိ လူအရေအတွက်က အများဆုံးပင်ဖြစ်၏။ သူ့နောက်ရှိ လူအယောက်နှစ်ဆယ်လောက်က သတိရှင်ရှင်ထားပြီး ရပ်နေလေသည်။သူတို့အားလုံးမှာ တောက်ပသော မျက်လုံးများရှိပြီး ထူးခြားသောစွမ်းအားများ ပိုင်ဆိုင်ကြသည်။
“ကျုပ်တို့ရဲ့နတ်ဘုရားကို ပူဇော်ပသတဲ့ထုံးတမ်းအစဉ်အလာတွေကို ဆက်လက်ဆောင်ရွက်မယ်... ပထမဆုံး ကျုပ်ကနေ အရင်စပူဇော်မယ်.. ပြီးတော့ ကျုပ်ဘယ်ဘက်ကနေစပြီး မင်းတို့ အစဉ်လိုက်ပူဇော်မယ်...ကျုပ်ညာဘက်ပြန်ရောက်ရင် လက်ဆောင်( အလောင်း)တွေလည်း ကုန်ပြီးသားဖြစ်လိမ့်မယ်..ပြီးတာနဲ့ ကျုပ်တို့ တစ်ပြိုင်တည်း ထွက်ခွာမယ်..ဒါပေမဲ့ တူညီတဲ့လမ်းကြောင်းအတိုင်း သွားလာခွင့်မရှိဘူး..”
“အခု ကျုပ်တို့နတ်ဘုရားကို ပူဇော်ကြမယ်...အိုး နတ်ဘုရားအရှင်...”
အဘိုးအို၏အသံက လေထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် သူ့ဘေးတွင်ထားရှိသည့်အလောင်းသုံးလောင်းက တစ်ပြိုင်နက်တည်း ပျံထွက်သွားပြီး
မီးတောင်ထဲသို့ တည့်တည့်ကျသွား၏။
ထိုနေရာရှိလူများ၏ နှလုံးသားကို တုန်လှုပ်သွားစေသည့်ဟိန်းဟောက်သံတစ်ခုက မီးတောင်အတွင်းမှ အလိုလိုထွက်ပေါ်လာသည်။ ထိုလူများက ထိုအသံကြောင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်အထိပင်....
တစ်ချိန်တည်းမှာပင် ကြက်သွေးရောင် ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်နေချိန်တွင် အလောင်းသုံးလောင်း ပြုတ်ကျပြီး ချက်ချင်း ကွဲအက်သွားသည်။ အလောင်းများက စုတ်ပြဲနေသော အသားအပိုင်းအစများအဖြစ်သို့ မပြောင်းလဲဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ပြာမှုန်များထဲမှ အစိမ်းရောင်အရှိန်အဝါများ ပြန့်ကျဲလာပြီး အနီရောင်ပုံရိပ်က စုပ်ယူသွားသည်။
ကြက်သွေးရောင်ပုံရိပ်က ကြည်လင်ပြတ်သားလာသောအခါ
မြွေကိုယ်ထည်နှင့်ဖီးနစ်ငှက်ခေါင်းပါသောရက်စက်ကြမ်းကြုတ်သော သားရဲကြီးနှစ် ကောင်နှင့်သားရဲငယ်တစ်ကောင်အဖြစ် ပေါ်လာ၏။ မီးတောင်၏ဝင်ပေါက်နှင့် ချိတ်ဆက်ထားသည့်၎င်းတို့၏ကိုယ်ထည်က အနံပေတစ်ရာရှိကာ အလျားကန့်သတ်ချက်မရှိပေ။
အကယ်၍ တစ်စုံတစ်ယောက်က သားရဲ၏ခန္ဓာကိုယ်ကို ဂရုစိုက်မကြည့်ပါက ၎င်းက မီးတောင်ရှိနတ်ဖီးနစ်ငှက်များဟု ထင်ရလိမ့်မည်။
သားရဲနှင့်အကြည့်ချင်းဆုံသူများက
အလိုလို ခေါင်းငုံ့သွားကြသည်။
စုမင်က ထူးဆန်းပြီးရက်စက်ကြမ်းကြုတ်သော သားရဲကြီးများကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်မိသွားသည်။ သူ ထိုကဲ့သို့သားရဲမျိုးကို တစ်ခါမှမတွေ့ဖူးပေ။ စွမ်းအားကြီးသောသားရဲများမှ ပြင်းထန်သော ဖိအားတစ်ခု ပျံ့နှံ့သွားပြီး ဧရိယာအတွင်း အပူချိန် မြင့်တက်လာကာ ပူပြင်းလောင်မြိုက်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
အလောင်း ၃ လောင်းကို ပစ်ချခဲ့သော အဘိုးအိုက လက်သီးနှင့်လက်ဝါးရစ်ပတ်ကာ သားရဲများကို အရိုအသေပေးလေသည်။ သူနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည့်အခါ
သူ့နောက်လိုက်များက ချက်ချင်းရှေ့ကို တိုးသွားပြီး သူတို့ယူလာသော အလောင်းများကို ပစ်ချလိုက်သည်။
အလောင်းများ စုစုပေါင်းသုံးဆယ့်နှစ် လောင်းရှိ၏။အလောင်းများက ဖီးနစ်ခေါင်းပါသောသားရဲများနှင့်တိုက်မိ၍ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။သားရဲများက ထိုပြာများမှ ပြန့်ကျဲ့လာသော စိမ်းလန်းသောရောင်ဝါကို စုပ်ယူရင်း နားကွဲမတတ်ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် သားရဲကြီးတစ်ကောင်၏ပါးစပ်မှ မီးလုံးသုံးဆယ့်နှစ်လုံးကို မှုတ်ထုတ်လေ၏။ မသန့်စင်မှုများနှင့် ပြည့်နေသော မီးလုံးများက အဘိုးကြီးဆီ ပျံသန်းသွားပြီး သလင်းကျောက်သုံးဆယ်နှစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
အဘိုးအို၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု ပေါ်လာသည်။ထို့နောက် သူ့လက်မောင်းကို လွှဲယမ်းလိုက်သဖြင့် သလင်းကျောက်များက ချက်ချင်းပင် သူ့ဆီသို့ လွင့်ပျံလာသည်။ထို့နောက် သူက သားရဲကို အရိုအသေပေးရင်း သူ့နောက်လိုက်များနှင့်အတူ နောက်သို့ဆယ်လှမ်းလောက် ဆုတ်ခွာသွားလေ၏။
စုမင်က ထိုမြင်ကွင်းကို ကြည့်ရင်း တဖြည်းဖြည်းနားလည်လာ၏။ဤနေရာက စွမ်းအားအရင်းအမြစ်များ ရှားပါးသောနေရာဖြစ်သည်။ ထိုလူများက ကျင့်ကြံသူများဖြစ်သောကြောင့် အစားအသောက်မှာ သူတို့အတွက် အရေးမကြီးပေ။ သို့သော်လည်း လောကကြီး၏စွမ်းအားမရှိခြင်းက ကြီးမားသော ထိုးနှက်ချက်ဖြစ်လိမ့်မည်။ ထို့ပြင် သလင်းကျောက်များက သူတို့အတွက် အရေးအကြီးဆုံးအရာဖြစ်သည်။
သလင်းကျောက်များ မရှိပါက သူတို့၏ကနဦးကျင့်ကြံစွမ်းအား မတိုးတက်ဘဲ တဖြည်းဖြည်း ပြန်လည်ဆုတ်ယုတ်လာမည်။ ထို့ပြင် သူတို့က နတ္ထိအနှစ်သာရနယ်မြေတွင် သေဆုံးသွားကြလိမ့်မည်။
‘ဒီသားရဲတွေကို အစားကျွေးလိုက်ရုံနဲ့ သူတို့က သားရဲရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သလင်းကျောက်တွေကို ရတာပေါ့..သူတို့ ဒီနေရာကို နည်းလမ်းတစ်ခုခုနဲ့ရောက်လာတာဖြစ်ရမယ်..”
စုမင် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
အဘိုးကြီး နောက်ဆုတ်သွားပြီးနောက် သူ့ဘယ်ဘက်ခြမ်းမှလူက အလားတူ အလောင်းများကို လွှင့်ပစ်လိုက်သည်။ ထို့နောက်ဒုတိယသားရဲကြီးက အလောင်းများမှ အစိမ်းရောင်အရှိန်အဝါများကို စုပ်ယူလိုက်သည်။ ထိုအလောင်းများနှင့် ညီမျှသောပမာဏရှိသော သလင်းကျောက်များ ထိုသားရဲကြီးထံမှ ထွက်လာသည်။
ခရမ်းရောင်ဝတ်ရုံနှင့်လူ၏အလှည့်မရောက်ခင် သားရဲငယ်က အလောင်းနှစ်လောင်းကို ဝါးမြိုလိုက်သည်။
သိပ်မကြာခင်မှာပင် ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ အလှည့်ရောက်လာသည်။ သူ့ပခုံးပေါ်တင်ထားသော အလောင်းကို ချက်ချင်းပစ်ချလိုက်ပြီး သူ့နောက်ရှိ လူခုနစ်ယောက်ကလည်း ထိုကဲ့သို့ လုပ်လိုက်သည်။ စုမင်က မျက်လုံးများကို ဖွင့်ထားသော်လည်း မလှုပ်ရှားနိုင်ပေ။ ထို့နောက် သားရဲငယ်၏ဦးခေါင်းက သူ့ခန္ဓာကိုယ်ကိုထိရန် ချက်ချင်းပင် ပျံသန်းလာသည်။ စုမင်က သူ့ခန္ဓာကိုယ်ထဲသို့ ကြီးမားသော စွမ်းအားတစ်ခု ရောက်ရှိလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ထိုစွမ်းအားတွင် လူတစ်ဦး၏ ခန္ဓာကိုယ်၊ သွေး၊ အသား၊ အရိုးတို့ကို စုံလင်စွာ ခွဲထုတ်နိုင်သည့် ဥပဒေသပုံအချို့ ပါဝင်နေပုံရသည်။ ထို့နောက် စုမင်က ပြိုကွဲသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားဧ။။်
သို့သော် သူ့ခန္ဓာကိုယ်က ပြာအဖြစ်သို့
ပြောင်းလဲသွားသော်လည်း အစိမ်းရောင်အရှိန်အဝါများ ထွက်လာခြင်းမရှိပေ။ သားရဲငယ်က ခဏတာ အံ့အားသင့်သွားသော်လည်း ၎င်း၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားဆဲဖြစ်သည်။ စုမင်၏ ရုပ်ခန္ဓာက မရှိတော့သော်လည်း သူ့ဝိညာဉ်က အနီးအနားတွင်ရှိနေဆဲဖြစ်၏။သားရဲငယ်က စုပ်ယူလိုက်သော်ကြောင့် စုမင်၏ဝိညာဉ်က ၎င်း၏ပါးစပ်ထဲရှိ ချက်ချင်းရောက်ရှိသွားသည်။
ခဏအကြာတွင် မီးတောင်အဝင်ဝရှိ လူအုပ်ကြီးက သူတို့ယူဆောင်လာသော အလောင်းအားလုံးကို လွှင့်ပစ်ပြီး ညီမျှသော သလင်းကျောက်တုံးများနှင့် လဲလှယ်ခဲ့ကြသည်။ ထို့နောက် သူတို့က မတူညီသောလမ်းကြောင်းအမျိုးမျိုးသို့ ပြန်လည်ထွက်ခွာသွားကြ၏။