← Chapters

အသားစ..သွေး...

Vol. 54 Ch. 749

အသားစ..သွေး...

Vol. 54 Ch. 749

ဤအခိုက်အတန့်တွင် မည်သည့်မတော်တဆများ မဖြစ်ခဲ့ပေ။ ရက်စက်ကြမ်းကြုတ်သော သားရဲသုံးကောင်က မီးတောင်သို့ ပြန်လာကြလေ၏။

စုမင်ကို ဝါးမျိုခဲ့သော သားရဲလေးက တုန်တုန်ယင်ယင်ဖြစ်လာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

ဟိန်းဟောက်သံက ရုတ်တရက် ထွက်ပေါ်လာသော် ထိုလူများက ထိတ်လန့်သွားလေသည်။ သို့သော် သူတို့က လူနုံလူအများမဟုတ်ပေ။ နတ္ထိအနှစ်သာရနယ်မြေတွေရှင်သန်နိုင်သူများက လိမ္မာပါးနပ်သူများဖြစ်၏။သူတို့က ခဏမျှသာ ထိတ်လန့်သွားကြသည်။ သူတို့၏စူးစမ်းလိုစိတ်ကို မျိုချပြီးနောက်လှည့်မကြည့်ဘဲ အရှိန်တင်လိုက်သည်။

စူးစမ်းလိုစိတ်က နတ္ထိအနှစ်သာရနယ်မြေတွင် လူတစ်ဦး၏အသက်နှင့် ပေးဆပ်ရမည့်အရာဖြစ်သည်။ ဤကျင့်ကြံခြင်းဂြိုဟ်က နတ္ထိအနှစ်သာရနယ်မြေ၏အလယ်ဗဟိုတွင် တည်ရှိသော်လည်း ဤနေရာရှိအန္တရာယ်အဆင့်မှာ မယုံနိုင်လောက်အောင် မြင့်မားနေဆဲဖြစ်သည်။

ကျယ်လောင်သောဟိန်းဟောက်သံများက အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လေထဲတွင် အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေလေ၏။

စုမင်က သားရဲငယ်လေး၏ဝါးမျိုခြင်းကို ခံလိုက်ရသည့်အချိန်တွင် ယင်မရဏဝဲဂယက်ရှိရှေးကျသောအသံက သူ့ကို ရွေးချယ်ရသည့်အကြောင်းရင်းကို ချက်ချင်း နားလည် လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ... သူ၏ခန္ဓာကိုယ်က မရဏအငွေ့အသက်ဖြင့်ဖွဲ့စည်းထားပြီး အဓိကက သူ့ဝိညာဉ်ဖြစ်သည်။ သူ့ဝိညာဉ်က အခြားသူများနှင့်မတူပေ။

သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ တစ်ခုပြီးတစ်ခုပြိုကွဲသွားသည့်အခါ အချိန်အတော်ကြာအောင် ချုပ်နှောင်ထားသည့် သံကြိုးများခံစားရသည်။ နောက်ဆုံး၌ သူ့နှလုံးသားထဲတွင် လွတ်လပ်သွားပြီး သူ့စိတ်ဝိညာဉ်ကို ထိခိုက်မှုတစ်စုံတစ်ရာမရှိသောခံစားချက်မျိုး တိုးဝင်လာသည်။

သူ့စိတ်ဝိညာဉ်က သားရဲ၏ပါးစပ်ထဲသို့ရောက်သွားသောအခါ သားရဲ၏

ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေတစ်သောင်းခုနစ်ထောင်ခန့်ရှည်လျားသည်ကို

သိလိုက်ရ၏။အထဲတွင် စုမင်၏ဝိညာဉ်ကို တွန်းလှန်ရန်ကြိုးစားနေသော ဝိညာဉ်တစ်ခုရှိနေကြောင်း ခံစားရလေသည်။

ဤဝိညာဉ်က စုမင်နှင့် ထိ တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် စူးရှသောအော်သံတစ်ခုထွက်လာသည်။ အလားတူ သားရဲထံမှ ကျယ်လောင်သောဟိန်းဟောက်သံကြီး ပဲ့တင်ထပ်သွားလေသည်။

ထို့နောက် သားရဲငယ်လေး၏ခန္ဓာကိုယ်က မီးတောင်ထဲသို့ ပြန်ကျသွားခဲ့သည်။ကျောက်ရည်ပူများက သားရဲငယ်၏ကိုယ်ကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် ၎င်းဘေးနားရှိ ရက်စက်ကြမ်းကြုတ်သော သားရဲနှစ်ကောင်က ဟိန်းဟောက်ကာ ဝိုင်းရံကူးခတ်နေကြသည်။ ၎င်းတို့၏မျက်လုံးများရှိ ရှုပ်ထွေးမှုများက သားရဲ‌ငယ်လေး ကြုံတွေ့ရသောအခြေအနေကို သူတို့မသိကြောင်း ရှင်းလင်းစေသည်။

အမွှေးတစ်တိုင်စာကြာပြီးနောက် သားရဲငယ်၏ကျယ်လောင်စွာဟောက်သံက တဖြည်းဖြည်း အားနည်းလာသည်။ ၎င်း၏ဝိညာဉ်က စုမင်၏ဝိညာဉ်ကို တစ်ချက်မျှ ခုခံနိုင်စွမ်းမရှိသောကြောင့် ကွဲအက်သွားလေသည်။

၎င်း၏ခန္ဓာကိုယ်က ကျောက်ရည်ပူထဲတွင် ဖြည်းညှင်းစွာ ကွဲအက်သွားခဲ့သည်။ ၎င်းထံမှ သွေးအမြောက်အမြား ပန်းထွက်လာပြီး အကြေးခွံများ ကွာကျလာသည်။ ၎င်း၏ခန္ဓာကိုယ်က ညှိုးနွမ်းသွားသကဲ့သို့ လျင်မြန်စွာ ကျုံ့သွားသည်။

ရက်စက်ကြမ်းကြုတ်သော သားရဲနှစ်ကောင်က သားရဲငယ်လေးကိုကြည့်ရင်း အဆက်မပြတ် ကူးခတ်နေလေသည်။

ထို့နောက် သွေးထွက်နေသောသားရဲငယ်၏နောက်ကျောမှ လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာသည်။ ထိုလက်က အားနည်းသောအရိုးသာဖြစ်ပြီး

လက်တောင်မြှောက်နိုင်ပုံမရ‌ပေ။ သားရဲငယ်၏ခန္ဓာကိုယ်က ယခင်ပေတစ်သောင်းခုနစ်ထောင်နှင့် နှိုင်းယှဉ်ပါက ပေငါးထောင်အောက် လျော့နည်းသွားသည်။ ၎င်း၏နောက်ကျောမှ ဆန့်ထွတ်လိုက်သော လက်က အားပြည့်လာပြီး လက်တစ်ချောင်းလုံးပေါ်လာသည်။

မကြာခင်မှာပဲ အခြားလက်တစ်ဖက် ပေါ်လာပြီး…စုမင်၏ခေါင်းနှင့်ခန္ဓာကိုယ်က တိုးထွက်လာသည်။ သူ့ မျက်လုံးများ မှိတ်ထားဆဲပင်ဖြစ်၏။ သူ့ခန္ဓာကိုယ် စုစည်းသွားသည်နှင့်အမျှ သားရဲငယ်လေး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာသည်။ စုမင်က ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်ရရှိရန် သားရဲ၏အသွေးအသားကို စုပ်ယူနေပါသည်။

သားရဲ၏ခန္ဓာကိုယ်က ပေတစ်ထောင်ထိ

ကျုံသွားသောအခါ စုမင်၏ခန္ဓာကိုယ်က သားရဲ၏နောက်ကျောမှ ထွက်လာသည်။ ထိုစဉ် သားရဲ၏ခန္ဓာကိုယ်က တောင့်တင်းလာပြီး ကျောက်ရည်ပူထဲတွင် နစ်မြုပ်သွားလေသည်။

စုမင်၏ခန္ဓာကိုယ်ပေါ်တွင် သွေးစသွေးနများ မတွေ့ရတော့ပေ။ ယင်းအစားသော လန်းဆန်းသောရနံ့က သူ့ခန္ဓာကိုယ်ကနေ ပျံ့လွင့်လာသည်။ သူ့ခန္ဓာကိုယ်က ကျောက်ရည်ပူထဲမှာ နစ်မြုပ်နေသောကြောင့် မျက်လုံးများကို မှိတ်ထားလေသည်။ သို့သော်လည်း အပူရှိန်က သူ့ကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ပေ။

ထိုအချိန်တွင် ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများက ဟိန်းဟောက်ရင်း စုမင်နားသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ သူ့ပတ်ပတ်လည်မှာ ကူးခတ်ရင်း ဟိန်းဟောက်သံများ ရပ်သွားလေ၏။ သူတို့၏အာရုံထဲတွင် စုမင်က သူတို့၏သားရဲငယ်ဟု ထင်နေလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကြာသွား၏။ ထိုအချိန်တစ်လျှောက်လုံး စုမင်က ကျောက်ရည်ပူထဲတွင် မလှုပ်မယှက်ဘဲ နစ်မြုပ်နေခဲ့သည်။ လဝက်ကြာပြီးနောက်နေ့မှာ သူ့မျက်တောင်လေးများ တဖျပ်ဖျပ်ဖျပ်ခတ်ပြီး မျက်လုံးများက တဖြည်းဖြည်းပွင့်လာခဲ့သည်။

သူ့မျက်လုံးထဲ၌ တောက်ပသော အလင်းတန်းတစ်ခု ထွန်းတောက်လာ၏။ စုမင်၏ မျက်လုံးများရှ် ယခင်အလင်းတန်းနှင့် အနည်းငယ် ကွာခြား၏။ မည်သူမှ အနီးကပ် မကြည့်လျှင် စုမင်နှင့်ပတ်သတ်၍ လွဲမှားနေသော အရာတစ်ခုကို ရှာတွေ့ဖို့ ခက်လိမ့်မည်။ သို့ပေမဲ့ စုမင်ကိုယ်တိုင်တော့ သူ့အကြောင်းသူ သိလေ၏။

စုမင်ဧ။်ခန္ဓာကိုယ်က တိုက်ပွဲများအတွင်း အကြိမ်များစွာ ပြိုကွဲခဲ့သည်။ သူ၏ယခင်ခန္ဓာကိုယ်က မရဏအငွေ့အသက်များမှ ဖြစ်ပေါ်လာသည်။ ထိုကိုယ်ထည်က အစစ်အမှန်ဟုထင်ရသော်လည်း ပုံရိပ်ယောင်သာဖြစ်၏။ သူ့နှင့်ပတ်သက်သည့် အရာအားလုံးကို သူ့စိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသည်။

သို့သော်လည်း သူ၏လက်ရှိခန္ဓာကိုယ်က မရဏအငွေ့အသက် ကင်းမဲ့နေပြီး ပုံရိပ်ယောင် မဟုတ်တော့ပေ။ ယခု သူ့တွင် အသွေးအသားဖြင့် ပြုလုပ်ထားသော

တကယ့်ကိုယ်ခန္ဓာတစ်ခု ရှိနေပြီဖြစ်သည်။ သူက ရက်စက်ကြမ်းကြုတ်သောသားရဲကို အာဟာရအဖြစ် အသုံးပြုပြီး သားရဲ၏ဝိညာဉ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် သူကိုယ်တိုင်ခန္ဓာကိုယ်တစ်ခုရအောင် အသွင်ပြောင်းနိုင်ခဲ့သည်။

“အသူရာဖန်ဆင်းခြင်း...”

စုမင်က တိုးတိုးလေးပြောလိုက်သည်။ယင်မရဏဒေသရှိ ဝိညာဉ်သုံးခုကို လွှတ်ပေးလိုက်ပြီးနောက် သူ့ဝိညာဉ်က ပြည့်စုံလာခဲ့သည်။ ထိုစဉ် သူ ရင်းနှီးသောတီးတိုးစကားသံများကို ကြားလိုက်ရသည်။

စုမင်က အေးစက်သောအမူအရာဖြင့် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ သူ့ညာလက်ကို ဖြည်းညှင်းစွာမြှောက်ပြီး လက်သီးဆုပ်လိုက်သောအခါ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုအရာက သူတစ်ခါမှ မခံစားမိဖူးသော ထူးခြားသည့်ချီစွမ်းအားတစ်မျိုးဖြစ်သည်။

စုမင်က ဤခံစားချက်အပြင် သူ့လက်သီးအတွင်း၌ပါ၀င်သော ဥပဒေတစ်ခု၏စွမ်းအားကို နားမလည်နိုင်ပေ။ ထိုတရား၏စွမ်းအားက မွေးရာပါစွမ်းရည်တစ်မျိုးနှင့် တူသည်။ ၎င်းက သားရဲမှ အစပြုသော အသွေးအသားနှင့် သက်ဆိုင်သည်။

‘အဲဒါဆိုရင် ယင်မရဏနယ်မြေက ငါ့ခန္ဓာကိုယ်က အစစ်လို့ ခံစားမိပေမဲ့ တကယ်တမ်းကျတော့ အတုပဲ.. ငါ့အရိုးတွေအားလုံးကို သန့်စင်ပြီးတာတောင်မှ ပြောင်းလဲသွားတဲ့အရာက ငါ့ရဲ့ပုံရိပ်ယောင်ခန္ဓာကိုယ်မဟုတ်ဘဲ ငါ့ဝိညာဉ်ပဲ..”

“ယင်မရဏနယ်မြေတုန်းကငါဆိုတဲ့ဖြစ်တည်မှုက ခန္ဓာကိုယ်နဲ့တူတဲ့စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့တာပဲ...”

စုမင်က ဖြည်းညှင်းစွာ မတ်တပ်ထရပ်ကာ ကျောက်ရည်ပူပေါ်သို့ တက်လိုက်သည်။ သူက ကျောက်ရည်ပူ၏အပူဒဏ်ကို အရိပ်အမြွက်မျှ မခံစားခဲ့ရပေ။သူ၏နာကျင်ခံစားနိုင်စွမ်းပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်၏။ ယင်းနောက်ကွယ်တွင် အခြားသော အကြောင်းအရင်းများလည်း ရှိခဲ့သည်။

“ငါရဲ့တည်ရှိမှုဖြစ်ပေါ်လာစေတဲ့အရာအားလုံးကြောင့် အခု ငါ ဆိုတာဖြစ်လာတာပဲ...”

စုမင် နိူးထလာပြီးနောက် ကျောက်ရည်ပူများ ချက်ချင်း ဘောင်ဘင်ခတ်လာသည်။ သားရဲက တွားသွားကာ စုမင်နားသို့ ချဉ်းကပ်လာသည်။ ၎င်းက စုမင်ကို ပွတ်သီးပွတ်သပ်လုပ်ပြီး ဝမ်းသာအားရ ဟိန်းဟောက်လိုက်သည် ။

စုမင်၏တည်ရှိမှုက ၎င်းကို ရင်းနှီးမှုခံစားရစေသည်။ စုမင်၏အသွင်အပြင်က သားရဲနှင့်မတူညီလျှင်တောင် သူတို့၏တည်ရှိမှုက အတူတူပင်ဖြစ်သည်။

စုမင်က သားရဲကိုကြည့်ကာ အချိန်အတော်ကြာပြီးနောက် သူ၏ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။သူက သားရဲ၏ဦးခေါင်းကို လက်ဖြင့် ပုတ်လိုက်ရာ သားရဲက မီးတောင်အဝဆီသို့ တည့်တည့် ဦးတည်သွားသည်။ ခဏအကြာ၌ လေထဲတွင် ကူပါ ကယ်ပါ တဆာဆာအော်ဟစ်သံများထွက်ပေါ်လာသည်။ ထို့နောက် သားရဲ၏ပါးစပ်တွင် ငှက်တစ်ကောင်ကို ကိုက်ကာအောက်သို့ပြန်ဆင်းလာလေသည်။

လွန်ခဲ့သည့်လဝက်အတွင်း၌ ကြိုးကြာငှက်က မီးတောင်အဝနားတွင်နေကာ သတိကြီးစွာ စောင့်နေခဲ့သည်။ ၎င်းက ကြိမ်ဖန်များစွာ ဝင်ကြည့်ချင်ခဲ့သည်။ သို့သော်လည်း မီးတောင်မှ ထွက်လာသော ပြင်းထန်သောဖိအားများကြောင့် ၎င်း၏သတ္တိကို ပျောက်ဆုံးသွားစေခဲ့၏။

၎င်းက မီးတောင်ထဲမှာ ဘာတွေရှိလဲဆိုတာသိချင်သောကြောင့် မီးတောင်အဝနားမှ ချောင်းကြည့်ခဲ့သည်။ ထိုစဉ် အပူလှိုင်းတစ်ခု ဝင်လာတာကို ချက်ချင်း သတိထားမိလိုက်၏။၎င်းက အခြေအနေကို မတုံ့ပြန်နိုင်ခင် သားရဲက သူ့ကိုကိုက်ချီကာ မီးတောင်ထဲသို့ သယ်ဆောင်သွားခဲ့သည်။

ထိပ်ပြောင်ကြိုးကြာငှက်က စူးစူးဝါးဝါးအော်ဟစ်လိုက်ရင်း စုမင်က ကျောက်ရည်ပူပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ ငှက်၏အော်သံများပျောက်ကွယ်သွားကာ အံ့သြပျော်ရွှင်မှုဖြင့် အစားထိုးလာ၏။

“ ဒါဆို မင်းမသေသေးဘူးပေါ့ စုမင်လေး.. ဒီကြိုးကြာအိုကြီးက မင်းကို သေသွားပြီလို့ ထင်ခဲ့တာ...”

ထိပ်ပြောင်ကြိုးကြာငှက်က အတောင်ပံခတ်ကာ တောက်လောင်နေသော ကြက်သွေးရောင်ကျောက်တုံးဆီသို့ ဂရုတစိုက် ပျံသန်းသွားသည်။ ၎င်းက အပူဒါဏ်ကို ခံရင်း စုမင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

စုမင်၏ အမူအရာမှာ အေးစက်ပြီး ခက်ထန်နေလေသည်။ သူက ငှက်ကို တစ်ချက်ကြည့်ရင်း သူ့လက်ကို ဆန့်လိုက်သည်။

ငှက်က စုမင်၏ခက်ထန်သောအကြည့်များကို မြင်ရပြီးနောက် ကြက်သေသေမိသွားသည်။၎င်းက ချက်ချင်း အတောင်ပံခတ်လိုက်စဉ် သိုလှောင်အိတ်တစ်ခုက စုမင်ဆီသို့ ချက်ချင်း ပြေးထွက်လာသည်။

စုမင်က ထိုအိတ်ကို ဖမ်းယူပြီး အထဲမှ ဝတ်ရုံရှည်တစ်ထည်ကို ချက်ချင်းထုတ်လိုက်သည်။ မီးတောင်ထဲတွင် ကြယ်အလင်းတန်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်လာပြီး ၎င်းက တာအိုယွမ်၏ ကြယ်တာယာဝတ်ရုံဖြစ်ကြောင်း သိရှိနိုင်၏။

စုမင်က ထိုဝတ်ရုံကိုဝတ်လိုက်သော် သူ့အသွင်အပြင်က ပြောင်းလဲသွားလေသည်။ သို့သော် သူ့ဝတ်ရုံပေါ်ရှိကြယ်များက သေဆုံးသွားသကဲ့သို့ မလှုပ်ရှားပေ။

“ငါသိပြီ..မျိုးရိုးနာမည်က တာအိုမဟုတ်လို့ ဒီဝတ်ရုံပေါ်ကကြယ်တွေရဲ့စွမ်းအားကို ထုတ်သုံးဖို့ ခက်တယ်...”

စုမင်က ကြယ်တာရာဝတ်ရုံကို တစ်ချက်ကြည့်လိုက်ပြီး အသက်ဒုက္ခကျင့်စဉ်ရှိ အခြေတည်ဝိညာဉ်ကို အပြင်သို့ ဖြန့်လိုက်သည်။ ထို့နောက် သူ့ဝိညာဉ်ကို ကြယ်တာရာဝတ်ရုံနှင့်ပေါင်းစပ်လိုက်၏။

ခဏကြာသော် စုမင်က သူ့ဝိညာဉ်ကို ပြန်ယူလိုက်သော် ဝတ်ရုံ၏အရောင်က ပြောင်းလဲသွား၏။ ထို့ပြင် အလွန်ရိုးရှင်းသော အနက်ရောင် ၀တ်ရုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

“အဲ့ဒီဝတ်ရုံက လူတစ်ယောက် မည်သူမည်ဝါဆိုတာကို စစ်ဆေးဖို့ မှော်အစီအရင်တစ်ရာ့ရှစ်ခုပါရှိတယ်..တာအိုမျိုးနွယ်စုရဲ့သွေးသားကပဲ ဝတ်ရုံရဲ့စွမ်းအားတွေကို ထုတ်သုံးနိုင်မယ်... အပြင်လူတွေက နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားရင်တောင် ရိုးရိုးဝတ်ရုံတစ်ခုလိုပဲ သုံးနိုင်လိမ့်မယ်...”

စုမင်၏ မျက်လုံးများက ဖျတ်ခနဲ လင်းလက်လာလေသည်။ သူက ထိုကိစ္စကိုစိတ်မ၀င်စားတော့ဘဲ ကျောက်ရည်ပူပေါ်မှာ ထိုင်ရန် ရွေးချယ်လိုက်လေသည်။ သူ မျက်လုံးမှိတ်ထားပြီး တရားထိုင်နေလေသည်။ သူ ယင်မရဏနယ်မြေမှာရှိစဉ်တုန်းက ထိုကဲ့သို့ ကျင့်ကြံမှုမျိုး ကျင့်ခဲ့သည်။ ယခု သူ့ခန္ဓာအစစ်အမှန်နှင့် ကျင့်ကြံသောအခါ သိပ်မရင်းနှီးသလို ခံစားခဲ့ရ၏။ ထိုစဉ် ကျောက်ရည်ပူများမှ လွန်ကဲသောအပူဒါဏ် ထွက်ပေါ်လာပြီး

သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် စုရုံးလာသည်။

မျက်စိတစ်မှိတ်အတွင်း သုံးလကြာသွား လေ၏။ ဤအချိန်အတောအတွင်း စုမင်ပ မီးတောင်ကနေ တစ်ဖဝါးမှထွက်ခွာမသွားဘဲ မီးတောက်များ၏ ပူပြင်းသော စွမ်းအားကို စုပ်ယူခဲ့သည်။ သူ့ဆံပင်များက အနီရောင်ပြောင်းသွားခဲ့၏။ သူ၏ခန္ဓာကိုယ်ကလည်း စိတ်ဝိညာဉ်နှင့် စုံလင်စွာ ရောနှောကာ အသက်ဒုက္ခကျင့်စဉ်၏ပြီးပြည့်စုံသော စွမ်းအားကို ထုတ်လွှတ်နိုင်ပြီဖြစ်သည်။

သုံးလပြည့်သောနေ့၌ ထိပ်ပြောင်ကြိုးကြာငှက်က ကျောက်တုံးပေါ်မှာထိုင်နေရင်း ပျင်းရိစွာ သမ်းဝေလာလေ၏။စုမင်နားရှိ ကျောက်ရည်ပူများက ရုတ်တရက် ပွက်ပွက်ဆူပွက်နေလေသည်။ ငှက်က မီးတောင်အပြင်ဘက်ထွက်ကာ လမ်းလျှောက်ရမလားဆိုတာကို တွေးနေလေသည်။ တစ်ချိန်တည်းမှာပင် အနံပေတစ်ရာခန့်ရှိ ဖီးနစ်ဦးခေါင်းနှင့် ရက်စက်ကြမ်းကြုတ်သောသားရဲကြီးက

နိုးထလာပြီး ကျောက်ရည်ပူထဲမှ ပြေးထွက်လာကာ မီးတောင်၏အဝင်ဝဆီသို့ ပျံတက်သွားလေ၏။

ထိုအချိန် မီးတောင်အနောက်ဘက်ရှိ အသံတစ်သံက စုမင်နားသို့ တိုးဝင်လာပြီးနောက် စုမင်၏မျက်လုံးများ တလက်လက် တောက်ပလာလေသည်။

“အခု ငါတို့နတ်ဘုရားကို ပူဇော်ကြမယ်... အို နတ်ဘုရားရှင်....”

All Chapters