← Chapters

ကြက်သွေးရောင်မီးလျှံဂြိုဟ်

Vol. 54 Ch. 750

ကြက်သွေးရောင်မီးလျှံဂြိုဟ်

Vol. 54 Ch. 750

ထိုအချိန်တွင် မီးတောင်ပေါက်ဝတွင် လူတစ်ခန့် စုဝေးနေကြမည်ဖြစ်သော်လည်း လူခုနစ်ဆယ် ရှစ်ဆယ်ခန့်သာ ရှိသေး၏။ သူတို့၏ မျက်နှာများက ဖြူဖျော့နေပြီး လူအများစု၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေကြသည်။

ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့်

ယွဲ့ဟုန်ပန့်က မီးတောင်ပေါက်ဝတွင် ရပ်နေ၏။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ချောင်းဆိုးသံက ရံဖန်ရံခါ လေထုထဲသို့ ပျံ့လွင့်သွားလေသည်။ သူ့နောက်လိုက် ခုနစ်ယောက်တွင် လေးဦးသာ ကျန်တော့ပြီး ပိန်ပိန်ပါးပါး အဘိုးအိုမှာ ၎င်းတို့ထဲမှ တစ်ဦးဖြစ်၏။

လွန်ခဲ့သော သုံးလခန့်က အဘိုးအိုမှာ ယဇ်ပူဇော်ရာတွင် စကားပြောနေသူတစ်ဦးဖြစ်၏။ သူ့နောက်တွင် လူဆယ်ယောက်သာ ကျန်တော့သည်။ သူတို့အားလုံးက အလောင်းများကို ပခုံးပေါ်တင်ထားကြ၏။ ဤအလောင်းများထဲမှ အချို့မှာ သူတို့၏မိတ်‌ဆွေများဖြစ်ပြီး အချို့မှာ သူစိမ်းများဖြစ်သည်။

အဘိုးအို၏အသံက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် မီးတောင်တွင်းမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ အနံပေတစ်ရာရှိသော ဖီးနစ်ခေါင်းပါရှိသောသားရဲက ၎င်းပတ်ပတ်လည်ရှိ ကျင့်ကြံသူများအား အေးစက်စွာကြည့်နေသည်။

အဘိုးအိုက အလောင်းကို လေးလေးစားစား ယဇ်ပူ‌‌ဇော်လိုက်သောအခါတွင် ဖီးနစ်ခေါင်းပါသော သားရဲများက ပုံမှန်အတိုင်း စွမ်းအားများကို စားသုံးလိုက်သည်။

အလောင်းကောင်လေးဆယ်နီးပါးကို ယဇ်ပူဇော်ပြီးသောအခါ သားရဲငယ်လေးက ဟိန်းဟောက်လိုက်ပြီး မီးတောင်ထဲကို ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လှုပ်လာလေသည်။

အလားတူ ၎င်းဘေးရှိသားရဲကြီးကလည်း အောက်ကို ငုံ့ကြည့်နေလေသည်။

ထိုဟိန်းဟောက်သံအတွင်း၌ မကောင်းသောရည်ရွယ်ချက်မပါဝင်ပေ။ယင်းအစား တစ်စုံတစ်ဦးကို အပေါ်တက်လာရန် တွန်းအားပေးသည့် အသံတစ်ခုဖြစ်၏။

ဤမြင်ကွင်းက မီးတောင်ပတ်ပတ်လည်ရှိ လူအားလုံးကို အံ့အားသင့်သွားစေခဲ့ပြီး အလောင်းများကို ယဇ်ပူဇော်မည့်ကျင့်ကြံသူများကို ခဏတာ အေးခဲသွားခဲ့သည်။

ထို့နောက် မီးတောင်ဝနားရှိရက်စက်ကြမ်းကြုတ်သော သားရဲနှစ်ကောင်နှင့် လူ ခုနစ်ဆယ့်ရှစ်ဆယ်တို့ကို မျှော်လင့်စောင့်စားနေသည့် အကြည့်များရှေ့တွင် စုမင်က လေထဲတွင် တဖြည်းဖြည်းပေါ်လာလေသည်။ သူ့မျက်နှာက တည်ငြိမ်နေပြီး သူ့လှုပ်ရှားမှုများက မမြန်ပေ။ သို့သော် သူပေါ်လာသည်နှင့် လူခုနစ်ဆယ့်ရှစ်ဆယ်ဧ။်ပါးစပ်ကနေ တီးတိုးပြောဆိုသံများ ချက်ချင်းထွက်လာသည်။

“ဒါ...ဒါဘယ်သူလဲ...”

“ဒီလူက ဖီးနစ်သားရဲတွေရှိတဲ့ကြက်သွေးရောင်မီးတောင်မှာ တကယ်ပဲ နေနိုင်တာလား...”

“ပုံမှန်ဆိုရင် အဲဒီ့သားရဲတွေက သူစိမ်းတွေကို အရမ်းမုန်းကြတယ်.. ခါးခါးသီးသီးကိုမုန်းကြတာ... ဒါ့ကြောင့်

လူတစ်ယောက်ကို သူတို့ရဲ့ ဂူထဲမှာ နေထိုင်ခွင့် ပေးပါ့မလား...”

ကျယ်လောင်သော အသံများက လေထဲတွင် တဟုန်ထိုး တုန်ခါသွားသည် ။ လူ ခုနစ်ဆယ့်ရှစ်ဆယ်တို့က မဆိုင်းမတွ နောက်သို့ ဆုတ်သွားကြသည်။ယွဲ့ဟုန်ပန့်က မီးတောင်ထဲမှပျံသန်းလာသောစုမင်ကို ကြည့်ကာ မျက်လုံးအပြူးသားဖြစ်သွားသည်။ စုမင်၏ခန္ဓာကိုယ်က မရဏအငွေ့အသက်မှဖြစ်ပေါ်လာသောပုံရိပ်ယောင်မှ အသွေးအသားပိုင်ဆိုင်သောခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွား၏။ သို့သော် သူ၏အသွင်အပြင်က ယခင်အတိုင်းပင်ဖြစ်၏။ယွဲ့ဟုန်ပန့်က လွန်ခဲ့သော သုံးလက သူယူလာခဲ့သည့် လူဖြစ်သည်ကို ချက်ချင်း မှတ်မိလေသည်။

ထိုအချိန်တွင် သူ၏တုန်လှုပ်ချောက်ချားမှုက ရှိနေသူအားလုံးထဲတွင် အကြီးကျယ်ဆုံးဟု ဆိုနိုင်သည်။သူ့မျက်နှာတွင် မယုံကြည်မှုများ ပေါ်လာပြီး ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် သူ့ဘေးက ပိန်ပိန်ပါးပါး အဖိုးအိုကို ကြည့်လိုက်သည်။

လွန်ခဲ့သောသုံးလက အဘိုးအိုမှာ မသေသေးသောစုမင်ကို ဤနေရာသို့ ကိုယ်တိုင်ခေါ်ဆောင်သွားပြီး မီးတောင်ထဲသို့ ပစ်ချခဲ့သည်။ ယခုအချိန်တွင် ပိန်လှီးသော အဘိုးအို၏ မျက်လုံးများ ကျွတ်ကျလုနီးပါး ဖြစ်နေလေ၏။ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုတို့က သူ့မျက်နှာတွင် ပေါ်လွင်နေပြီး အသက်ရှုပင် ခဏရပ်သွားသယောင် ခံစားလိုက်ရသည်။

လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်စွာ ဆုတ်ခွာသွားသောအခါ သားရဲကြီးက ပါးစပ်ကို ကျယ်ကျယ်ဟကာ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ထိုစဉ် လူတို့၏ ခြေရာများ ရပ်တန့်သွားသည်။ သို့သော်လည်း သူတို့ မည်မျှပင် ကြိုးစားနေပါစေ သူတို့၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုကို ဖုံးကွယ်ထား၍ မရပေ။

ဖြစ်ပျက်နေသောအရာများက သူတို့၏ စိတ်ကူးထားသည်ထက် ကျော်လွန်သွား၏။

စုမင်၏အမူအရာမှာ တည်ငြိမ်သွားသည်။ သူ လေထဲသို့ ခုန်တက်ပြီးသည်နှင့် အလွန်ကြီးမားသော ကြက်သွေးရောင် ဖီးနစ်သားရဲ ဆီသို့ လျှောက်သွားသည်။ ထို့နောက်သူ ခေါင်းငုံ့ပြီး သူ့အောက်က လူအုပ်ကြီးကို အေးစက်စွာ ကြည့်နေသည် ။

ကြီးမားသောသားရဲကြီးက စုမင်ကို

မရှောင်ဘဲ သူ့ခေါင်းပေါ် မတ်တတ်ရပ်ခွင့်ပြု၏။ စုမင်၏ တည်ရှိမှုက ၎င်းအတွက် ရင်သွေးလေးတစ်ယောက်ကဲ့သို့ပင် ခံစားရ၏။

“အလောင်းတွေကို ပစ်ချ”

စုမင်က ပြတ်ပြတ်သားသားပြောလိုက်သည်။ ထိုစဉ် လူခုနှစ်ဆယ်ရှစ်ဆယ်ခန့်က ချက်ချင်း ငြိမ်ကျသွားလေ၏။ သူတို့၏မျက်လုံးများက တောက်ပနေသော်လည်း သူတို့၏အကြည့်များတွင်ထိတ်လန့်မှုများနှင့် ပြည့်နှက်နေဧ။။်

ဤမြင်ကွင်းက သူတို့အတွက် အစိမ်းသက်သက်ဖြစ်နေပြီး သူတို့ တွေးဆ၍မရသော အရာတစ်ခုလည်းဖြစ်၏။ ထိုအချိန်တွင် လူအများစု၏ ခေါင်းထဲတွင် တူညီလုနီးပါး အတွေးတစ်ခု ပေါ်လာသည်။

သို့သော် သူတို့ထဲမှ မည်သူမှ အသံမထွက်ပေ။ အလောင်းကိုပစ်ချတော့မည့် ကျင့်ကြံသူက အံကြိတ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးသွားခဲ့သည်။

အလောင်းကောင်က ရှည်လျားသောအလင်းတန်းအဖြစ် လေထဲသို့ ဖြတ်သွားကာ စုမင်ဆီသို့ ဦးတည်သွားလေသည်။ စုမင်၏မျက်လုံးထဲတွင် ဖျတ်ခနဲလင်းလက်လာပြီး အလောင်းကို လက်သီးဖြင့်ထိုးလိုက်သည်။

စုမင်၏မျက်လုံးများတွင် နားလည်မှု ပေါ်လာ၏။။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသော်လည်း အလောင်းမှာ သွေးမရှိသလို အသားအပိုင်းအစများအဖြစ် ပျက်စီးမသွားပေ။ ယင်းအစား အလောင်းက အက်ကွဲစပြုလာပြီး အစိမ်းရောင်အရှိန်အဝါများအဖြစ်ပြောင်းလဲသွား၏။

အစိမ်းဖျော့ဖျော့ရောင်ဝါများ ပျံ့နှံ့သွားသော်လည်း စုမင်က ၎င်းကို မစုပ်ယူနိုင်ပေ။ သူ့ဘေးနားရှိ ကြက်သွေးရောင်ဖီးနစ်သားရဲက မျက်တောင်ခတ်ပြီး အစိမ်းရောင်အရှိန်အဝါကိုစုပ်ယူရန် ပါးစပ်ဟလိုက်သည်။

စုမင်က ခေါင်းငုံ့ပြီး သူ့လက်သီးကို စိုက်ကြည့်သည်။ ယခင်က သူ့ခန္ဓာကိုယ်မှ ထွက်လာသော ထူးဆန်းသော နိယာမ သဘောတရားအား သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့၏။ ထိုအရာက ပစ္စည်းအားလုံးကို ကောင်းစွာ ခွဲထုတ်နိုင်သည့် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုဖြစ်သည်။

“နတ္ထိအနှစ်သာရနယ်မြေမှာရှိတဲ့ ဒီနေရာက ဘာလဲ...”

စုမင်က သားရဲကြီး၏ခေါင်းပေါ်တွင်ရပ်နေရင်း အေးစက်စွာ မေးလိုက်သည်။ သူ့စကားထဲတွင် စိတ်ခံစားချက်မဲ့နေပြီး အေးစက်သောလေသံကြောင့် နေရာတစ်ဝိုက်ရှိအပူချိန်ကို အလွန်ကျဆင်းသွားစေ၏။

ကျယ်လောင်သော ဤအသံက မီးတောင်၏တစ်ဝိုက်ရှိ လူများကို ပို၍ပင် ကြောက်လန့်စေခဲ့သည်။ ထိုအချိန်မှာ သူတို့ခေါင်းထဲရှိအတွေးများကို ပို၍သေချာလာစေခဲ့သည်။

ယွဲ့ဟုန်ပန့်၏နှလုံးသားလည်း တသိမ့်သိမ့်တုန်လှုပ်သွားသည်။ လွန်ခဲ့တဲ့ သုံးလလောက်က စုမင်မှာ မရဏအငွေ့အသက်များ ကိုယ်ထဲဝင်သွားလျှင်တောင် ရှင်သန်နိုင်ချေမရှိကြောင်း သတိရသွားလေသည်။ စုမင်အကြည့်က သူ့နှလုံးသားကို ခါးသီးမှုများနှင့် ချက်ချင်းပြည့်နှက်သွားစေလေသည်။

“သူက ကြက်သွေးရောင်ဖီးနစ်သားရဲကြီးကိုတောင် ကျွန်ပြုနိုင်စွမ်းရှိတယ်..သူအကြည့်ရတာတော့သူက ဒီနေရာကလူမဟုတ်ဘူး..သူ့စိတ်ဝိညာဉ်က ထွက်လာတဲ့ သနားညှာတာမှုကင်းမဲ့ပြီးအေးစက်တဲ့လေသံကိုကြားရတာ ဒီလူက လူရောဟုတ်ရဲ့လား....”

ပိန်လှီးသောအဘိုးအိုက တဆတ်ဆတ်တုန်ယင်နေလေ၏။တကယ်တော့ သူက ကြောက်စရာကောင်းသော အရာတစ်ခုခုကို တွေးတောနေခဲ့သည်။

‘အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့လူတွေရဲ့စကားသံက ခံစားချက်ကင်းမဲ့ပြီး ရေခဲလိုအေးစက်နေတတ်တယ်..အဲ့လိုလူတွေက သာမန်လူတွေနဲ့ကွဲထွက်နေတယ်..ပြီးတော့ မတူညီတဲ့နဂါးငွေ့တန်းရောက်တာတောင်မှ လုံးဝအကြောက်အလန့်မရှိဘူး.. ကြက်သွေးရောင်ဖီးနစ်သားရဲကိုတောင် နှိမ်နင်းနိုင်တယ်...

ဆံဖြူအဘိုးကြီးက ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရလေသည်။အစပိုင်းတွင် သူက သံသယစိတ်များနေသော်လည်း ကြက်သွေးရောင်သားရဲ၏အကြည့်အောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူက အသက်ပြင်းပြင်းရှူပြီး စုမင်ကို အရိုအသေပေးလိုက်သည်။

“ဒါကကြက်သွေးရောင်မီးလျှံဂြိုဟ်ပါ သခင်လေး..ဒီနေရာက နတ္ထိအနှစ်သာရနယ်မြေရဲ့အစွန်းမှာ တည်ရှိပါတယ်..တကယ်လို့ တတိယအဆင့်စွမ်းအားရှိတဲ့လူတစ်ယောက်က ဒီနေရာကနေ စစ်မှန်တဲ့ လောကကြီးရဲ့နဂါးငွေ့တန်းဆီကို ခရီးထွက်မယ်ဆိုရင် အဲဒီနေရာကို ရောက်ဖို့ အနှစ်သုံးဆယ်လောက် အချိန်ယူရပါလိမ့်မယ်..မင်နက် ရောင်ကျင့်ကြံဂြိုလ်ကိုသွားချင်ရင်တော့

အနှစ်နှစ်ရာလောက် လိုအပ်ပါလိမ့်မယ်...”

“သခင်လေးက... အပြင်လောကက လာတာလား...”

အဘိုးအို၏ အမူအရာမှာ ရိုကျိုးနေလေသည်။ စုမင်က နတ္ထိအနှစ်သာရနယ်မြေတွင် သူ့စွမ်းအားများကို ဖြန့်ကျက်မထားရုံသာမက အလဟဿမဖြစ်အောင် ချွေတာနေလေသည်။ထို့ကြောင့် လူအများအမြင်တွင် သူက အရမ်းအစွမ်းထက်ပုံမပေါ်ပေ။

ထိုအခိုက်အတန့်တွင် စုမင်က တိတ်ဆိတ်ငြိမ်သက်သွား၏။ ထို့နောက် အဘိုးအိုကို မေးခွန်းပြန်မေးလိုက်သည်။

“ကြက်သွေးရောင်မီးလျှံဂြိုဟ်မှာ ပေါများကြွယ်ဝနေတဲ့အရင်းအမြစ်တွေ ရှိသလား...”

“မီးလျံဂြိုဟ်မှာ ပေါက်တဲ့ ကြက်သွေးရောင် မြက်တွေကလွဲလို့ ဒီမှာ ဘာမှ မဖြစ်ထွန်းပါဘူး သခင်လေး...”

အဘိုးအိုက ခပ်မြန်မြန် ပြန်ဖြေသည်။

“တတိယအဆင့်ရှိအစွမ်းထက်တဲ့ကျင့်ကြံသူ ဘယ်နှစ်ယောက်ရှိလဲ”

စုမင်က ရုတ်တရက် မေးလိုက်သည်။

All Chapters