← Chapters

လူ‌တွေစားတဲ့ဟာလား...

Vol. 54 Ch. 751

လူ‌တွေစားတဲ့ဟာလား...

Vol. 54 Ch. 751

အဘိုးအိုက အရိုအသေပေးသောလက်ဟန်နှင့် မေးလေသည်။

“သခင်လေးက… လောကမှော်ယာဉ်ပျံ အရှင်သခင်တွေအကြောင်း မေးနေတာလား”

အဘိုးအို၏ကနဦးကျင့်ကြံစွမ်းအားမှထွက်လာသောစွမ်းအားလှိုင်းများကိုကြည့်ခြင်းဖြင့် သူက အင်မော်တယ်များနှင့်ဆင်တူသောမျိုးနွယ်စုမှ ဆင်းသက်လာကြောင်း ပြောနိုင်သည်။ ထို့ပြင် သူက ဒုတိယအဆင့်၏အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူက ဂြိုလ်များအကြားသွားလာရာတွင် တတိယအဆင့်၏အမြန်နှုန်းကို စံတစ်ခုအဖြစ် အသုံးပြုခဲ့သည်။

သို့သော်နတ္ထိအနှစ်သာရနယ်မြေက မဟာလောကကြီးနှင့်လျှို့ဝှက်ဆန်းကြယ်သော ဂြိုလ်သားမျိုးနွယ်များရှိ ရာဇ၀တ်ကောင်များအတွက် နေရာတစ်ခုဖြစ်ဧ။်။ထို့ကြောင့် ကျင့်ကြံဆင့်များခွဲခြားရာတွင် အနည်းငယ်ရှုပ်ထွေးမှုရှိသော်လည်း ဤလူများက မဟာလောကကြီးလေးခုတွင် အသုံးပြုထားသည့် ကျင့်ကြံဆင့်နာမည်များကို ဆက်လက်အသုံးပြုနေခြင်းဖြစ်သည်။

“လောကမှော်ယာဉ်ပျံအရှင်သခင်...”

ဤသည်မှာ ကျင့်ကြံသူများအတွက်

စံတစ်ခုထားရ‌ သော နယ်ပယ်ဖြစ်သည်။ လောကမှော်ယာဉ်ပျံအရှင်သခင်တွင် ကနဦးအဆင့်၊ အလယ်လတ်အဆင့်၊ နှောင်ပိုင်းအဆင့်နှင့်အောင်မြင်စွာပြီးမြောက်မှုအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ ထိုအထက်တွင် ကနဦး ‌ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်နှင့်

စစ်မှန်သောမှော်စက်ဝန်းနယ်ပယ်တို့ ရှိ၏။

လောကမှော်ယာဉ်ပျံအရှင်သခင်အဆင့်သို့ ရောက်ရှိသူများ များပြားသောကြောင့် ကျင့်ကြံဆင့်များကို အမျိုးအစားခွဲခြင်းက ပို၍ပင် ရှုပ်ထွေးစေလေ၏။ တကယ်တော့ မျိုးနွယ်စုတစ်ခု၏ကျင့်ကြံလမ်းစဉ်က မတူညီပေ။ သို့သော် မရေမတွက်နိုင်သော နှစ်များတစ်လျှောက်

မဟာလောကကြီးလေးခုက ထိုကျင့်ကြံဆင့်စံနှုန်းကို တဖြည်းဖြည်း လက်ခံလာခဲ့ပြီး နတ္ထီအနှစ်သာရနယ်မြေအတွင်း ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။

လောကမှော်ယာဉ်ပျံအဆင့်မရောက် သေးသူအားလုံးကို ကောင်းကင်ဘုံ၊ မဟာမြေကြီးနှင့် လူသားကျင့်ကြံသူများအဖြစ် လူသိများသည်။ နတ္ထိအနှစ်သာရနယ်မြေရှိ အဘိုးအို၏ကျင့်ကြံဆင့်မှာ ဒုတိယအဆင့်၏အထွတ်အထိပ်သို့ ရောက်ရုံသာမက ကောင်းကင်ဘုံကျင့်ကြံဆင့်၏

အထွတ်အထိပ်ကို ရောက်နေလေသည်။

နတ္ထိအနှစ်သာရနယ်မြေရှိအဆင့်အရ

စုမင်က မဟာမြေကြီးကနဦးကျင့်ကြံဆင့်သို့ ရောက်ရှိသူဖြစ်သည်။အကယ်၍ သူက အသက်ဒုက္ခကျင့်စဉ်ကို ဖြတ်ကျော်ပြီး အသက်နန်းတော်ကျင့်စဉ်သို့ ဝင်ရောက်နိုင်ခဲ့လျှင် ကောင်းကင်းဘုံကျင့်ကြံသူဖြစ်လာမည်။

အကယ်၍ သူက အသက်နန်းတော်ကျင့်စဉ်ကို ဖြတ်ကျော်ပြီး လောကအသက်ကျင့်စဉ်ကို ဝင်ရောက်နိုင်ခဲ့လျှင် ကောင်းကင်ဘုံကျင့်ကြံခြင်း၏အထွဋ်အထိပ်သို့ ရောက်ရှိပြီး လောကမှော်ယာဉ်ပျံအရှင်သခင်ဖြစ်လာရန် ကြိုးပမ်းနိုင်မည်ဖြစ်၏။

သို့သော် မျိုးနွယ်စုများကြားကွဲပြားမှုများကြောင့် ကျင့်ကြံဆင့်များကြား

တူညီသောနယ်ပယ်တစ်ခုကသာလျှင် မည်သူကစွမ်းအားကြီးသူ ၊ အားနည်းသူဟူ၍ ခွဲခြားပေးမည်ဖြစ်၏။ ထို့ပြင် နတ္ထိအနှစ်သာရနယ်မြေတွင် အရင်းအမြစ်များမရှိခြင်းနှင့် ဝိညာဉ်ရေးရာစွမ်းအင်များ နည်းပါးခြင်းကြောင့် ကျင့်ကြံစွမ်းအားကွာဟချက်က ကြီးမားလာ၏။

လူသားကျင့်ကြံဆင့်အောက်တွင် ရှိနေကြသူများကို ပေးစရာကျင့်ကြံဆင့်နာမည်မရှိပေ။နတ္ထိအနှစ်သာရနယ်မြေတွင် ဤလူများက ပုရွက်ဆိတ်သာသာဖြစ်ဧ။်

စုမင်က အဘိုးအို၏စကားသံကို ကြားလိုက်သည်နှင့် သူ့မျက်လုံးထဲတွင် ဖျတ်ခနဲလင်းလက်လာသည်။ သူက ခေါင်းတညိတ်ညိတ်လုပ်နေလေ၏။ သူ့ပတ်ဝန်းကျင်ရှိ လူခုနစ်ဆယ့်ရှစ်ဆယ်တွင် ထူးကဲသော စွမ်းအားများ ရှိကောင်းရှိနိုင်သည်။သို့သော်လည်း စုမင်က အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်

ကောင်းသော မီးတောင်မှ ထွက်လာသည်ကို သိရှိပြီး သူ့အောက်ရှိ ဖီးနစ်သားရဲက ထိုလူများကို ကြောက်ရွံ့ထိတ်လန့်စေသည့်အရှိန်အဝါကို ထုတ်လွှတ်ပေးနေ၏။ထို့ကြောင့် လူအားလုံးက စုမင်ကို အပြင်လောကမှလာသော လောကမှော်ယာဉ်ပျံအရှင်သခင်ဟု အထင်မှားခဲ့ကြသည်။

ထိုအရာက စုမင် မမျှော်လင့်ထားသော အရာတစ်ခုပင်ဖြစ်သည်။ သူက မူလက ရက်စက်ကြမ်းကြုတ်သော သားရဲ၏ စွမ်းအားကို အသုံးပြုပြီး ဤနယ်မြေရှိ အရာအချို့ကို မေးမြန်းရန် ရည်ရွယ်ထားသည်။ ထို့ပြင် ဤနေရာတွင် အသက်ရှင်ရန် ပိုမိုကောင်းမွန်သော အခွင့်အလမ်းကို ရရှိစေခဲ့သည်။

‘ဒီကလူအများစုရဲ့စွမ်းအားဟာ ချိပ်ပိတ်ခံထားရလို့လား... မဟုတ်ရင် အဘိုးကြီးက ဒီလို နားလည်မှုလွဲမှာ မဟုတ်ပါဘူး..ပြောရရင် သူက ငါ့ကျင့်ကြံဆင့်ကို သေချာမြင်နိုင်တယ်..”

စုမင်က ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။ သူက လူ‌များ၏အမူအရာပေါ်အခြေခံ၍ ဖြစ်ပျက်နေသောအရာများကို ရိပ်စားမိလေသည်။

“ကြက်သွေးရောင်မီးလျှံဂြိုလ်က နတ္ထိအနှစ်သာရနယ်မြေရဲ့ အလယ်ဗဟိုနဲ့ဝေးကွာပြီး စစ်မှန်တဲ့နဂါးငွေ့တန်းနဲ့ ပိုနီးတယ်.. စစ်မှန်တဲ့နဂါးငွေ့တန်းမှ ကင်းလှည့်နေတဲ့အစောင့်တွေက ဒီနေရာကို မကြာခဏစစ်ဆေးလေ့ရှိတယ်..ပြီး‌တော့ ဒီနေရာမှာ အသူရာနတ်ဘုရားနှစ် ယောက်ရှိတယ် တစ်ယောက်က အရှေ့ဘက်မှာရှိပြီး ကျန်တစ်ယောက်က အနောက်ဘက်မှာရှိတယ်... အချိန်အများစုမှာ သူတို့က ဂူပိတ်ကျင့်ကြံ‌နေပြီး လောကကြီးက ဘာဖြစ်နေနေ စိတ်မဝင်စားကြဘူး..”

“ဒီနှစ်ယောက်ကလွဲရင် ကြက်သွေးရောင်မီးလျှံဂြိုဟ်မှာ ဘယ်သူ့မှ မရှိဘူး”

ဟု အဘိုးအို လက်သီးကို လက်ဝါးဖြင့် ပတ်ထားရင်း ပြောခဲ့သည်။

“ဒီနေရာကကြက်သွေးရောင်မီးလျှံဂြိုလ်ရဲ့မြောက်ပိုင်းဒေသပါ... လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာလောက်က အသူရာနတ်ဘုရားရှိခဲ့ပေမဲ့ အစောင့်တွေကင်းလှည့်တဲ့အချိန်မှာ မထီမဲ့မြင်လုပ်လို့ သတ်ခံလိုက်ရတယ်...”

“လောကမှော်ယာဉ်ပျံအရှင်သခင်တွေရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ကြက်သွေးရောင်မီးလျှံဂြိုလ်မှာလည်း ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေနဲ့ နတ်ဝိညာဉ်တွေ အများကြီးရှိတယ်”

ယွဲ့ဟုန်ပန့်က စုမင်ကို တလေးတစား ပြောလိုက်သည်။ သူစကားပြောနေစဉ်တွင် မီးလျှံဂြိုလ်ကို တစ်ချက်ကြည့်လိုက်သည်။ သူက စုမင်နှင့် သူ၏ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန် ကြံရွယ်ထားသည်။ ထို့ကြောင့် အဘိုးအို မပြောခဲ့သော အရာများကို ပြောပြခဲ့သည်။

“အခုကစပြီး လာယဇ်ပူဇော်တဲ့အခါ ဒီနေရာရဲ့ ထူးခြားတဲ့ ပစ္စည်းအချို့ကိုလည်း ပူဇော်ရမယ်.. ငါ့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်သွားရင် မင်းတို့ကိုဆုချမယ်..”

စုမင်က အေးဆေးတည်ငြိမ်စွာ ပြောခဲ့သည်။

ထို့နောက် သူ၏အကြည့်များက ယွဲ့ဟုန်ပန့် ဆီသို့ ရောက်သွားခဲ့သည်။

“မင်းတို့အားလုံး အခုသွားလို့ရပြီ..ဒါပေမဲ့ မင်းနေခဲ့.. ငါ နောက်ထပ်တောင်းဆိုစရာရှိသေးတယ်”

ယွဲ့ဟုန်ပန့်၏နှလုံးသား ပေါက်ထွက်မတတ်တုန်လှုပ်သွား၏။သူ့ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းများ ပျံ့နှံ့သွားသောကြောင့် သူ၏နောက်လိုက်များ၏မျက်နှာများတွင် သတိထားနေသည့်အမူအရာပေါ်လာသည်။

သူတို့နှလုံးသားထဲမှာ ဝမ်းနည်းပူဆွေးမှုများက ပေါက်ဖွားလာသည်။ ယွဲ့ဟုန်ပန့်က သူတို့ကို နှစ်တွေကြာအောင် ပြုစုစောင့်ရှောက်ခဲ့တာကို သတိရလာ၏။သူတို့ ဤ ငရဲလိုဘဝမျိုးကို မမက်မောပေ။

သူတို့စွမ်းအားများကို ချက်ချင်း ဖြန့်ထုတ်လိုက်ကြစဉ် စုမင်အောက်ရှိ ဖီးနစ်သားရဲက သူတို့ဘက်ကို အေးစက်စွာ ကြည့်နေခဲ့သည်။ သားရဲက ခပ်အုပ်အုပ်ဟိန်းဟောက်လိုက်ပြီး ၎င်း၏ကိုယ်မှ လောကမှော်ယာဉ်ပျံအရှင်သခင်‌ထက်မလျော့သောစွမ်းအားလှိုင်းများ ဖြာထွက်လာသည်။

ယွဲ့ဟုန်ပန့်၏ဆံပင်များက သံချောင်းကဲ့သို့ထောင်မတ်လာလေသည်။ ထိုနေရာရှိ အခြားသူများက ယွဲ့ဟုန်ပန်၏သေရေးရှင်ရေးကို ဂရုမစိုက်ဘဲ ပြန်ဆုတ်သွားကြသည်။

ပိန်လှီးသောအဘိုးကြီးတောင် အရိုအသေပေးဟန်လုပ်ကာ ချက်ချင်း ပြန်ဆုတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ နေရာတစ်ဝိုက်ရှိ လူ ခုနစ်ဆယ့်ရှစ်ယောက်တို့က နေရာမှ လျင်မြန်စွာ ထွက်ခွာသွားသော အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွား၏။

“နောက်ပြန်ဆုတ်ကြ.. ငါ့ကိုအပြင်မှာစောင့်နေ...”

ယွဲ့ဟုန်ပန့်က တခဏမျှ တုံ့ဆိုင်းသွားပြီး အံတကြိတ်ကြိတ်နှင့် စကားပြောလိုက်သည်။ သူ၏အလားအလာရှိမှုက ကောင်းကင်ဘုံကျင့်ကြံမှုနယ်ပယ်သို့ ရောက်ရသည့် တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်ပေ။ သူ့ဧ။်ပါးနပ်‌သောဥာဏ်ရည်ကြောင့်လည်း ဖြစ်သည်။ သူစိမ်းတစ်ယောက်က သူ့ကို တကယ်သတ်ချင်နေလျှင် ထိုသို့ဒုက္ခပေးစရာ မလိုပေ။ သူက ယွဲ့ဟုန်ပန့်ကိုဤနေရာမှာနေခဲ့ရန် တောင်းဆိုခဲ့သည်။ထိုအရာက... အခွင့်အရေးတစ်ခု ဖြစ်နိုင်၏။

သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာလေသည်။

သူ့နောက်ရှိလူများက ခဏတာတုံ့ဆိုင်းသွားသော်လည်း ယွဲ့ဟုန်ပန့်၏မျက်နှာပေါ်ရှိ ပြတ်သားသောအကြည့်ကြောင့် တိတ်ဆိတ်စွာအဝေးဆီသို့ ဆုတ်ခွာသွားကြသည်။

ထိုအချိန်တွင် မီးတောင်ပေါက်ဝတွင် သားရဲကြီးများအပြင် စုမင်နှင့်ယွဲ့ဟုန်ပန့်သာ ကျန်ရှိတော့သည်။

စုမင်က ယွဲ့ဟုန်ပန့်ကိုကြည့်လိုက်ပြီး ခဏအကြာတွင် မေးခွန်းစမေးလိုက်သည်။

“နတ္ထိအနှစ်သာရနယ်မြေမှာ ကျင့်ကြံဆင့်တွေကို ဘယ်လိုခွဲခြားထားလဲ...”

ယွဲ့ဟုန်ပန့်၏အမူအရာမှာ တည်ငြိမ်နေ ၏။ သို့သော်လည်း စုမင်၏မေးခွန်းကို ကြားလိုက်ရစဉ် သူ့နှလုံးသားက ရင်ဖိုသွားလေသည်။ သူ့ယခင်ယူဆချက်သည် မှားယွင်းနေကြောင်း ရုတ်တရက် သဘောပေါက်လာ၏။ သူ့ရှေ့ကလူက နတ္ထိအနှစ်သာရနယ်မြေအတွင်းပိုင်းမှ ဆင်းသက်လာသော တန်ခိုးကြီး စစ်သည်တော်မဟုတ်ပေ...

ထိုအချိန်အတွင်းမှာပင် ယွဲ့ဟုန်ပန့်၏ အသက်ရှူသံ မြန်ဆန်လာသည်။ သူက ခေါင်းကိုမော့ပြီး စုမင်ကိုကြည့်လိုက်သည်။ စုမင်လူကို ပထမဆုံးမြင်လိုက်ရချိန်ကို ပြန်သတိရသော် သူ့မှန်းဆချက်က ပိုသေချာလာ၏။ သူက ချက်ချင်း လက်သီးကိုလက်ဝါးဖြင့်ပတ်ကာ ကောင်းကင်ဘုံ၊ မဟာမြေကြီး၊ လူသားကျင့်ကြံဆင့်သုံးဆင့်အပြင် လောကမှော်ယာဉ်ပျံအရှင်ခင်နှင့်ဆက်စပ်နေသောအဆင့်အကြောင်း အကုန်ပြောပြလေ၏။

“စစ်မှန်တဲ့လောကရဲ့နဂါးငွေ့တန်းက မဟာလောကကြီးလေးခု ချိတ်ဆက်ထားတဲ့နေရာတစ်ခုပဲ...အဲဒီနေရာက နတ္ထိအနှစ်သာရနယ်မြေကို ဖိနှိပ်တဲ့နေရာဖြစ်ပြီး ဒီနေရာရဲ့ တစ်ခုတည်းသောထွက်ပေါက်လည်းဖြစ်တယ်...”

“မဟာလောကကြီးလေးခုက စစ်မှန်တဲ့လောကရဲ့နဂါးငွေ့တန်းကို ကင်းလှည့်ဖို့ အစွမ်းထက်စစ်သည်တော်တွေကို မကြာခဏစေလွှတ်လေ့ရှိတယ်..နတ္ထိအနှစ်သာရနယ်မြေအတွင်းပိုင်းကို အရမ်းနီးနီးကပ်ကပ်မလာပေမဲ့ အစွန်းအဖျားမှာရှိတဲ့ ကျင့်ကြံဂြိုလ်တွေကို ကင်းလှည့်ကြတယ်...”

“လွှတ်လိုက်တဲ့သူတွေက စစ်မှန်တဲ့ လောကရဲ့အစောင့်တွေပဲ..’

“ချွီယန်ရှန့်က နတ္ထိအနှစ်သာရနယ်မြေရဲ့ မင်နက်ရောင်ကျင့်ကြံဂြိုလ်အကြောင်းပြောခဲ့တယ်.. အဲ့ဒီဂြိုလ်က ဒီလောကမှာ ကြီးမားတဲ့ဂုဏ်သတင်းရှိပြီး မှတ်ကျောက်တင်ရလောက်တယ်.. အဲ့ဒီဂြိုလ်က လုံးဝစွန့်ပစ်ထားခံထားရတဲ့ဂြိုလ်မဟုတ်ဘူး.. ဘာလို့ဆို ဝိညာဉ်စွမ်းအားတွေကို ပိုင်ဆိုင်ထားဆဲမလို့..”

“ချွီယန်ရှန့်က မင်းအခုစကားပြောနေတဲ့ ပိန်လှီးနေတဲ့အဘိုးကြီးပဲ..သူက မင်းကိုမင်နက်ရောင်ဂြိုလ်က စွမ်းအားကြီးစစ်သည်လို့ထင်နေတာ... အကြောင်းကတော့ ရံဖန်ရံခါမှာ World Paragons တွေက သူတို့ဘဝတွေကို ဂရုမစိုက်ဘဲ နတ္ထိအနှစ်သာရနယ်မြေထဲက နဂါးငွေ့တန်းကိုဖြတ်ပြီး တခြားဂြိုလ်‌တွေဆီ သွားလေ့ရှိတယ်..ပြီးတော့ သူတို့ဘဝမှာလိုအပ်တဲ့အရာတွေကို ရှာဖွေကြတယ်..”

“ဒါဆို ခင်ဗျားရောဘယ်လိုထင်လဲ”

စုမင်က ပြတ်ပြတ်သားသား မေးလိုက်သည်။

“သခင်လေးက မင်နက်ရောင်ဂြိုလ်ကမဟုတ်ဘူးလို့ထင်တယ်...ဒါပေမဲ့စစ်မှန်တဲ့ မဟာလောကကြီးလေးခုကနေ နတ္ထိအနှစ်သာရနယ်မြေကိုပို့လိုက်တဲ့ ပထမမျိုးဆက် အသူရာမျိုးနွယ်ဖြစ်ရမယ်...”

ယွဲ့ဟုန်ပန့်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်ပြီး သူ့မျက်နှာမှာ စိတ်အားထက်သန်မှုတောင် ရှိနေလေသည်။

“ပြင်ပလောကက အမှတ်တရတွေ ကျန်ရှိနေသေးပြီး ဒီနေရာကို ပထမဆုံးအကြိမ် စေလွှတ်ခံရသူတွေ အားလုံးဟာ ပထမမျိုးဆက် အသူရာမျိုးနွယ်တွေပဲ.. သူတို့ရဲ့သားမြစ်တွေကို ဒီနေရာမှာပဲ မွေးဖွားစေတယ်..ပြောရရင် ကျုပ်ကလည်း အဲ့လိုမွေးဖွားလာခဲ့တာ..ကျုပ်တို့မွေးဖွားလာချိန်ကစပြီး ‌နောက်ဆုံးထွက်သက်ထိ ဒီနေရာမှာပဲ ခေါင်းချရမှာ...”

ယွဲ့ဟုန်ပန့်က အသက်ပြင်းပြင်းရှူပြီး မေးလိုက်သည်။

“သခင်လေးကရော.. စစ်မှန်တဲ့လောကလေးခုထဲက ဘယ်တစ်ခုလဲ.. “

စုမင်၏အကြည့်များက အေးစက်သွားသည်။ သူက ယွဲ့ဟုန်ပန်၏မေးခွန်းကို မဖြေရန် ရွေးချယ်ခဲ့၏။ ယင်းအစား သူ့အောက်ရှိသားရဲကို လက်ဖြင့်ပုတ်လိုက်သည်။ ထို့နောက် သားရဲမှ ဟိန်းဟောက်သံထွက် ပေါ်လာပြီး စုမင်ကို သယ်ဆောင်ကာ မီးတောင်ထဲသို့ ပြန်ဆင်းသွားလေသည်။ စုမင်နှင့်သားရဲများက ယွဲ့ဟုန်ပန့်၏ အကြည့်မှ ပျောက်ကွယ်သွားကြသည်။

ယွဲ့ဟုန်ပန့်က ထိုနေရာတွင် ရပ်နေပြီး သူ့အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။ ခဏအကြာတွင် သူက မီးတောင်ဝသို့ လေးလေးနက်နက် ဦးညွှတ်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူ့ရင်ထဲမှာ သံသယစိတ်များ တဖွားဖွားပေါ်ပေါက်လာပြီး အတွေးရေယာဉ်ထဲ နစ်မြောနေလေ၏။

‘ဒီလူက ငါ့ကို အတွေးများအောင်လုပ်နေတာလား...”

ယွဲ့ဟုန်ပန့်၏စိတ်ထဲရှိမေးခွန်းအတွက် အဖြေမရှိခဲ့ပေ။ စုမင်၏အေးစက်သောအကြည့်များက သူ့မှတ်ဉာဏ်ဧ။်အနက်ရှိုင်းဆုံးနေရာတွင် ချန်ထားခဲ့ကြောင်း ခံစားလိုက်ရသည်။ စုမင်၏ခံစားချက်ကင်းမဲ့သော အကြည့်များက အရာအားလုံးကို လျစ်လျူရှုထားသကဲ့သို့ပင်ဖြစ်၏။

‘သူဘယ်ကလာတယ်ဆိုတာ အရေးမကြီးပါဘူး.. ငါသူ့ဒေါသကိုမထိန်းနိုင်သလို ငါ့အတွေးတွေကို ဘယ်သူမှ မပြောပြဘူး..”

ယွဲ့ဟုန်ပန့်က သူ့စိတ်ထဲကနေ ဆုံးဖြတ်လိုက်ပြီး အဝေးကို တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဤသို့ဖြင့် စုမင်က နတ္ထိအနှစ်သာရနယ်မြေတွင် အချိန် ကုန်ဆုံးခဲ့သည်။ မီးတောင်အတွင်း၌ သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို ကျောက်ရည်ပူထဲတွင် နှစ်မြှုပ်နေခဲ့သည်။ သူ မီးတောင်ထိပ်သို့ ပထမဆုံးထွက်ခဲ့သည်မှာ အချိန်တစ်နှစ်ကြာခဲ့လေပြီ။ယွဲ့ဟုန်ပန့်နှင့်အခြားသူများက လွန်ခဲ့သည့်နှစ်အတွင်း လေးကြိမ်တိုင်တိုင် လာခဲ့ကြသည်။ နောက်ဆုံးအကြိမ်တွင် လူရှစ်အရေအတွက်က ငါးဆယ်လောက်ထိ လျော့နည်းသွားခဲ့သည်။

သူတို့ ဤနေရာကို စတုတ္ထအကြိမ်ရောက်သောအခါတွင် လိုအပ်သည့်အလောင်းများကို ယူဆောင်လာရုံသာမက မီးလျှံဂြိုလ်ဝန်းကျင်မှ ပစ္စည်းအချို့ကိုလည်း ယူဆောင်လာခဲ့သည်။ ၎င်းတို့ထဲမှ တစ်ခုမှာ စုမင်ရှေ့တွင်ပျံ့လွင့်လာသော အပြာရောင်သလင်းကျောက်တစ်ခုဖြစ်သည်။သ‌လင်းကျောက်တွင် ကြွက်သားများနှင့်တူသောအညစ်အကြေးများ အများအပြားရှိသော်လည်း ဝိညာဉ်စွမ်းအင် အရိပ်အမြွက်မျှ မတွေ့ရပေ။

ထိုကျောက်တုံးက စုမင်၏ အာရုံကို ဖမ်းစားသွားလေသည်။

စုမင်က သလင်းကျောက်ကို ခဏလောက်ကြည့်ပြီးနောက် သူ့ညာလက်ကို မြှောက်လိုက်ရာ သူ့လက်က လျင်မြန်စွာ ညှိုးနွမ်းလာသည်။ သူ၏ညာလက်မောင်းက အရေခွံနှင့် အရိုးများအထိရှုံ့တွသွားလေသည်။

ကျောက်တုံးကြီးမှ အပြာရောင်အလင်းတန်းများ တောက်ပလာသောအခါ စုမင်၏လက်ထဲတွင် ကျောက်တုံးက ဖုန်မှုန့်များအဖြစ်သို့ လျင်မြန်စွာ ကျုံ့သွားတော့သည်။ထို့နောက် သူ့လက်က အသွေးအသားနှင့်ပြည့်လာပြီး ပိန်လှီးသောအခြေအနေမှ အနည်းငယ် ပြန်လည်ကောင်းမွန်လာသည်။

“ငါ့ကျင့်ကြံဆင့်ကို သူတို့နဲ့နှိုင်းယှဉ်လိုက်လျှင် ငါ ဒီက လူအများကြီးကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ ဒီနေရာမှာအနှိုင်းမဲ့လိုအင်ဆန္ဒရဲ့နတ်စွမ်းရည်ကို ကျင့်ကြံနိုင်မဲ့ပစ္စည်းတွေရှိလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့ဘူး...”

သူ့ညာလက်ကို စိုက်ကြည့်ရင်း စုမင်၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ပေါ်လာသည်။

“ဒီနတ္ထိအနှစ်သာရနယ်မြေက တကယ့်ကိုလျှို့ဝှက်ဆန်းကြယ်လှတယ်...ဒီမီးလျှံ

ဂြိုဟ်က အသွေးအသားကိုပိုင်ဆိုင်တဲ့အသုံးမဝင်တဲ့သလင်းကျောက်ကို ထုတ်ပေးတယ်...”

စုမင်က သူ့ဘေးနားရှိ‌ ကျောက်ရည်ပူအထက်ရှိ လေထုကို ဆုပ်ကိုင်လိုက်သည်။ ထိုစဉ် သူ့လက်သီးအရွယ်ရှိ နောက်ထပ် အပြာရောင်ကျောက်တုံးကြီးက သူ့လက်ထဲသို့ ချက်ချင်း ပျံတက်လာသည်။ စုမင်ကသလင်းကျောက်အတွင်းရှိ ကြွက်သားများ၏ အညစ်အကြေးများကို ကြည့်ပြီး မျက်လုံးများကို မှိတ်ထားသည်။

‘ဒီကြက်သွေးရောင်မီးလျှံဂြိုဟ်က လူတွေကို ကိုက်စားတာလား.. မဟုတ်ရင် ကျောက်တုံးတွေမှာ ဘာလို့ အသွေးအသားတွေ ရှိနေရတာလဲ...”

All Chapters